တိုက်ပွဲမဖြစ်မီ ငြိမ်းချမ်းရေး (၁)
Vol. 18 Ch. 273
လင်းရှန်က အနည်းငယ် အံ့သြသွားပြီး ချက်ချင်းပင် စိတ်ဝင်စားလာသည်။
"ရွှမ်တု တိုကင်ကို အရောင်းအဝယ်လုပ်လို့ရလို့လား?"
လျန်ရှီက အံ့သြသွားပြီး လင်းရှန်က ဒီလိုမေးခွန်းမျိုးမေးဖို့ မျှော်လင့်မထားပေ။
သို့သော် သူက ချက်ချင်းပင် ဝမ်းသာသွားသည်။ ဤလူငယ်သည် ရွှမ်တုအစည်းအဝေးနှင့် သိပ်မရင်းနှီးခဲ့ပုံရသည်။ ဒါဟာ သူ့ရဲ့ပထမဆုံးအကြိမ် ပါဝင်ခြင်းလည်း ဖြစ်နိုင်သည် ။အဲ့တာက သူ့ကိုဒီလိုထိန်းချုပ်ရတာ ပိုလွယ်လိမ့်မည်ပင်။
ထိုလူက ပျော်ရွှင်မှုကို နှိမ့်ချကာ ပြုံးပြီး ပြောသည် ။
"ဟုတ်တယ်။ ရွှမ်တုအစည်းအဝေးက အသုံးပြုသူမဟုတ်ဘဲ တိုကင်တွေကိုပဲ အသိအမှတ်ပြုတာ။ နတ်ဝိဇ္ဇာဂိုဏ်းက ပါဝင်သူတွေ သီးသန့်ရောင်းဝယ် ဖောက်ကားတာကို အထူးတလည်တားမြစ်ထားတာ မရှိဘူး ။ ဒိဌိဂိုဏ်းကလူတွေ ဒီကိုလာရင်တောင် သူတို့မှာ ရွှမ်တုတိုကင်တွေရှိနေသရွေ့ နတ်ဝိဇ္ဇာဂိုဏ်းက သူတို့ကို တားမှာမဟုတ်ဘူး။”
လင်းရှန်သည် နားလည်သွားခဲ့သည်။
ချွီခယ်ရော၊ ရှန်ကျီနင်ကပါ စောစောက စကားစမြည်ပြောတုန်းက ထိုအကြောင်းကို မပြောခဲ့ကြပေ။
သူတို့အနေနဲ့ တကယ် မသိတာလား ဒါမှမဟုတ် ဒါတွေကို ပြောစရာမလိုဘူးလို့ ထင်နေတာလား ဆိုတာကို လင်းရှန် တွေးနေမိသည်။
"သူငယ်ချင်း ဘယ်လိုလဲ ။ မင်း ငါတို့ကို ရွှမ်တု တိုကင်ကို ရောင်းပေးနိုင်မလား?"လျန်ရှီ က အလျင်စလို မေးပြန်သည်။
လင်းရှန်က မဖြေပေ။ အဲဒီအစား သူက "ကျွန်တော်မှာ ရွှမ်တုတိုကင်ရှိတယ်ဆိုတာ မင်းဘယ်လိုသိတာလဲ"
လျန်ရှီသည် အနည်းငယ်စိတ်မရှည်သော်လည်း ရွှမ်တုတိုကင်အတွက်ကြောင့် လင်းရှန်အား ဆက်လက်ဖြေကြားခဲ့သည်။
"ရွှမ်တု တိုကင်ကိုကိုင်ဆောင်ထားတဲ့ ကျင့်ကြံသူတွေကို နတ်ဝိဇ္ဇာဂိုဏ်းက တပည့်တွေက ဒီနေရာကို ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးကြတယ်။ မင်းနဲ့ မင်းရဲ့အဖော်တွေကို အခုလေးတင် ခေါ်ဆောင်လာတဲ့ နတ်ဝိဇ္ဇာဂိုဏ်းရဲ့ တပည့်နှစ်ယောက်ကို ငါတွေ့လိုက်ရတယ်၊ ဒါကြောင့် မင်းမှာ ရွှမ်တု တိုကင်ရှိရမယ်ဆိုတာကို ငါသိသွားတာ”
၎င်းကိုရှင်းပြပြီးနောက် လျန်ရှီသည် သဘောတူညီချက်နှင့်ပတ်သက်၍ စိတ်လှုပ်ရှားစွာ မေးမြန်းခဲ့သည်။
"ရွှမ်တု တိုကင်အတွက် ဘာလဲလှယ်ဖို့ စီစဉ်ထားလဲ။"
လင်းရှန် သွေးဆောင်ခံရသည်ကို မြင်လိုက်ရသဖြင့် လျန်ရှီသည် အလွန်ဝမ်းသာသွားသည်။ သူက လက်ညှိုးကို မြှောက်လိုက်ပြီး သူ့မျက်လုံးများက ဝိုင်းစက်သွားသည်။
"အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ဆယ်လုံးဆို ဘယ်လိုလဲ။"
လင်းရှန်သည် မျက်လုံးကို မှိတ်လိုက်ပြီး တံခါးကို ပိတ်တော့မည်ပင်။
တကယ်တော့ သူက ထိုလူနှစ်ယောက်ကို တမင်တကာ နောက်ပြောင်နေတာ မဟုတ်ပေ။
အကယ်၍ သူတို့သည် အမှန်တကယ် တတ်နိုင်လျှင် လင်းရှန်အနေနဲ့ ရွှမ်တုတိုကင်ကို စွန့်လွှတ်ပေးနိုင်သည်။
ဥပမာအားဖြင့် သူသည် မှော်အဆီအနှစ်အရည် အစက်၂၀ မှ ၃၀အထိ လဲလှယ်နိုင်လျှင် ရွှမ်တုအစည်းအဝေးတွင် မပါဝင်တာက ပိုကောင်းသည်။ အဲ့တာက အချိန် တစ်လတောင် သက်သာစေသည်။
သို့သော် ဤလူနှစ်ဦးသည် ရိုးသားမှု မရှိသည်မှာ သိသာသည်။
ဝိညာဉ်ကျောက်တုံးဆယ်လုံးသည် အများဆုံး မှော်အဆီအနှစ်အရည် အစက်နှစ်စက်ဖြင့်သာ လဲလှယ်နိုင်သည်။
၎င်းတို့သည် ရွှမ်တုတိုကင်အတွက် လင်းရှန်နှင့် လဲလှယ်လိုကြသည်။ လှည့်စားရလွယ်တဲ့ အရူးတစ်ယောက်အနေနဲ့ သူ့ကို ဆက်ဆံကြသည်။
လင်းရှန် တံခါးပိတ်တော့မည်ကို မြင်လိုက်ရသဖြင့် လျန်ရှီက သူ့ကို တားရန် အလျင်စလို လှမ်းပြောလေ၏ “ခဏနေပါဦး။ ငါတို့ကို မပိတ်ပစ်ပါနဲ့ဦး။ စျေးနှုန်းက အရမ်းနည်းတယ်ထင်ရင် ညှိနှိုင်းလို့ရပါတယ်။ ဝိညာဉ်ကျောက်ဆယ့်ငါးတုံးဆိုရော ဘယ်လိုလဲ”
လင်းရှန်က ခေါင်းခါလိုက်သည်။
သူသည် ကျင့်ကြံသူသခင် မဖြစ်သေးတာကြောင့် ဝိညာဉ်ကျောက်တုံးများသည် သူ့အတွက် အသုံးမဝင်လှပေ။
ယခု အရေးကြီးဆုံးအချက်မှာ သူ၏ကိုယ်ပွားကို ကျင့်ကြံသူ သခင်ဖြစ်လာစေရန် နှင့် ပိတ်ဆို့မှုများကို ဖြတ်ကျော်နိုင်စေရန် ဝိညာဉ်မဏ္ဍိုင်သွေးကြောများကို ပိုမိုစုစည်းဖို့ ဖြစ်သည်။
ထို့ကြောင့် ၎င်းသည် မှော်အဆီအနှစ်အရည် မဟုတ်ပါက သူ့ရှေ့တွင် ဝိညာဉ်ကျောက်တုံး ဒါဇင်များစွာကို ချထားလျှင်ပင် သူသည် မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ် လုပ်နေမည်မဟုတ်ပေ။
လင်းရှန် စိတ်မဝင်စားသည်ကို မြင်လိုက်ရသဖြင့် လျန်ရှီက သူ့သွားများကို အံကြိတ်ကာ “လိုချင်တာ ပြော။”
လင်းရှန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး "မှော်အဆီအနှစ်အရည် အစက်သုံးဆယ်" ဟု တည်ငြိမ်စွာပြောသည်။
“အစက်သုံးဆယ်…”
လျန်ရှီ၏အမူအရာပြောင်းသွားပြီး ကျိန်ဆဲလုနီးပါးပင်။
အကယ်၍ သူ့မှာသာ မှော်အဆီအနှစ်အရည် အစက် ၃၀ရှိပါက ရွှမ်တုတိုကင်ကို ရဖို့ အလွန်အားထုတ်ရန် လိုအပ်ပါ့မလား။
ဤကောင်လေးသည် ရွှမ်တုတိုကင်ကို မရောင်းချင်ကြောင်း လျန်ရှီက ရှင်းရှင်းလင်းလင်း နားလည်ခဲ့သည်။
လျန်ရှီ၏ မျက်နှာပေါ်ရှိ အပြုံးသည် ပျောက်ကွယ်သွားပြီး သူ့အမူအရာက အနည်းငယ် မှုန်မှိုင်းလာသည်။
သူက လင်းရှန်ကို ငုံ့ကြည့်ကာ အပြုံးအတုဖြင့် ပြောသည် ။
“မိတ်ဆွေ ၊ မင်းအသက်အရွယ်အရ မင်းက ဝိညာဉ်မဏ္ဍိုင်သွေးကြော တစ်ခုကိုပဲ ပုံဖော်ရသေးတာမလား “
“အခု ရွှမ်တုတောင်တဝိုက်မှာ လူတွေ အမျိုးမျိုးရှိနေပြီ။ မရေမတွက်နိုင်တဲ့ လူတွေက ရွှမ်တုတိုကင်ကို လျှို့ဝှက်တပ်မက်နေကြတာ။ နေ့စဉ်နဲ့အမျှ တစ်စုံတစ်ယောက်က တိုက်ခိုက်ခံနေရတယ်။ အဲ့ကျ ရွှမ်တုတိုကင်ကို လုယူသွားခံရရုံတင်မဟုတ်ဖူး ။ ဒဏ်ရာအပြင်းအထန်ရကြတယ်။ အဲ့တာက ကြေကွဲစရာမြင်ကွင်းတစ်ခုပဲ”
"မင်းရဲ့ခွန်အားနဲ့ ရွှမ်တုတိုကင်ကို ကာကွယ်ဖို့ မလွယ်မှာကို စိုးရိမ်မိတယ်။ ငါ့အမြင်အရ မင်းငါတို့ဆီ ရွှမ်တုတိုကင်ကို ရောင်းပြီး အနှစ်သာရကျောက်တုံးတချို့နဲ့
လဲလှယ်သင့်တယ်။ အနည်းဆုံးတော့ မင်းဘာမှ ဆုံးရှုံးမှာမဟုတ်ဘူး”
အဆုံးတွင် လျန်ရှီ၏ လေသံသည် အေးစက်စက် အရိပ်အယောင်ကို သယ်ဆောင်လာသည်။
သူ့ဘေးနားရှိ လောသန်းကလည်း အေးစက်စွာ အသက်ရှုလိုက်ပြီး ဖော်ရွေမှုမရှိသော အကြည့်ကို ထုတ်ဖော်လိုက်သည်။
လင်းရှန်က ရယ်လေ၏ ။ သူ့ကိုအတင်းအကြပ်မခိုင်းခင်မှာ ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံခဲ့ကြသည်။
သူက အပြုံးနဲ့ပြောလေ၏" ရွှမ်တုတိုကင်ကို ကျွန်တော်မပေးရင် နောက်ကျ ကျွန်တော်ဆီက လုကြမှာလား"
လျန်ရှီနဲ့လောသန်းတို့သည် ထိုစကားကိုကြားသောအခါ ထိတ်လန့်သွားကြသည်။
လင်းရှန်သည် သူတို့ပြောသည်ကိုကြားပြီးနောက် ကြောက်ရွံ့သွားမည် သို့မဟုတ် ဒေါသဖြစ်လိမ့်မည်ဟု ထင်ခဲ့ကြသည်။ သို့သော် သူသည် ကြောက်ရွံ့ခြင်း သို့မဟုတ် ဒေါသထွက်ခြင်း လုံးဝမရှိခဲ့ရုံသာမက သူတို့၏ အစီအစဉ်များကိုပင် အပြုံးနဲ့ ညွှန်ပြခဲ့သည်။
ဒီကောင်လေးက ဘာလို့ စည်းကမ်းတွေကို နားမလည်ရတာလဲ။
လျန်ရှီသည် မည်သို့တုံ့ပြန်ရမည်ကို မသိချေ။
သူ့မှာ အဲဒီလို အတွေးမျိုး ရှိနေရင်တောင်မှ ဒီအချက်တွေကို ပွင့်ပွင့်လင်းလင်း မပြောသင့်ပေ ။ သူ့ကို လုယက်ချင်လို့ ပစ်မှတ်ထားသူတွေရှေ့မှာ ဒီစကားကို ဘယ်လိုတောင်ပြောတာလဲ။
"အစ်ကိုရှီ” လောသန်းသည် လျန်ရှီမှင်သက်သွားသည်ကို မြင်လိုက်ရသဖြင့် သူ့ပခုံးကို တွန်းတင်လိုက်သည်။
လျန်ရှီသည် အိပ်မက်မှ နိုးလာပုံရသည်။ သူ့လည်ချောင်းကို ရှင်းထုတ်ပြီး ပြုံးပြလိုက်သည်။
“မိတ်ဆွေ၊ မင်း နောက်နေတာ ဖြစ်ရမယ်။ ငါတို့က လူကောင်းတွေပါ။ နောက်ကွယ်မှာ လူတွေကို နာကျင်စေမယ့်အရာတွေကို ငါတို့ဘယ်လိုလုပ်မလဲ။ ဒီအတိုင်း စေတနာနဲ့ သတိပေးတာပါ"
လင်းရှန်က သူ့ကိုအကြာကြီးကြည့်ကာ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ "စိတ်ပူနေစရာ မလိုပါဘူး။ အခြားတစ်ခုခုရှိသေးလား။ တခြားဘာမှ မရှိဘူးဆိုရင်တော့ ပြန်ပါတော့။ ကျွန်တော် အနားယူတော့မယ်”
လျန်ရှီ၏ အပြုံးသည် အေးစက်သွားပြီး ဘာစကားမှ မပြောနိုင်တော့ပေ။
ဒါကိုမြင်တော့ လင်းရှန်က စကားတစ်ခွန်းမှ မပြောဘဲ တံခါးကို ပိတ်လိုက်သည်။
လျန်ရှီနဲ့ လောသန်းသည် နေရာတွင်ပင် အံ့အားသင့်သွားခဲ့သည်။
“အစ်ကို…”
လောသန်းက သူ့ပါးစပ်ကို ဟလိုက်သော်လည်းလျန်ရှီ၏ အကြည့်ကြောင့် ရပ်တန့်သွားသည်။
နှစ်ယောက်သား အိမ်မှထွက်ကာ ဆိတ်ငြိမ်ရာသို့ လျှောက်သွားကြသည်။ ထိုအချိန်တွင် လျန်ရှီသည် သူ့ဘေးနားက ကျောက်တုံးကို သူ့လက်ဖဝါးနဲ့ ရိုက်ချလိုက်ပြီး သူ့မျက်နှာမှာ ဒေါသတွေနဲ့ ပြည့်နှက်နေခဲ့သည်။
"အဲ့ကောင်လေး၊ သူက ငါ့နဲ့ ကစားဖို့ ဘယ်လိုတောင် သတ္တိရှိတာလဲ"
လောသန်းက အခြေအနေကို နားလည်ပြီး တိုးတိုးလေးပြော၏ “ အစ်ကိုရှီ၊ သူ့ကို ဖယ်ထုတ်လိုက်ရမလား"