← Chapters

အတိုက်ပွဲမဖြစ်မီ ငြိမ်းချမ်းရေး (၂)

Vol. 18 Ch. 274

အတိုက်ပွဲမဖြစ်မီ ငြိမ်းချမ်းရေး (၂)

Vol. 18 Ch. 274

လျန်ရှီသည် တခဏမျှ တုံ့ဆိုင်းသွားပြီး ခေါင်းယမ်းလိုက်သည်။ “အဲဒီကောင်က အဖော်နှစ်ယောက်ရှိသေးတယ်။ သူတို့ သုံးယောက် ပေါင်းလိုက်ရင် သူတို့အားလုံးကို အနိုင်ယူဖို့က လွယ်မှာ မဟုတ်ဘူး”

"ဒီကလေးကို စောင့်ကြည့်ဖို့ တစ်ယောက်ယောက်ကို ထားလိုက် ။ သူတစ်ယောက်တည်းရှိတဲ့အခါ  ငါ့ကို စော်ကားတဲ့အကျိုးဆက်တွေကို သူခံစားရဖို့ ချက်ချင်းသတ်ပစ်မယ်”

လျန်ရှီက ရယ်မောလိုက်သည်။

သူ စောစောက ချဲ့ကားပြောတာ မဟုတ်ပေ။

ရွှမ်တုတောင်တဝိုက်မှာ ကိစ္စတွေ အများကြီးရှိခဲ့သည်။

ရွှမ်တုတိုကင်တွေနဲ့အတူ တိုကင်လိုချင်သူများ နှင့် အခြား ရည်ရွယ်ချက်ရှိသူများသည် ဤနေရာတွင် စုရုံးနေကြချေပြီ ။

နေ့စဉ်နဲ့အမျှ ပဋိပက္ခတွေ အများကြီးဖြစ်နေ၏

ညနက်မှာ ပိုအဖြစ်များသည်။

သို့သော် နတ်ဝိဇ္ဇာဂိုဏ်းက ၎င်းတို့ကို လုံးဝလျစ်လျူရှုခဲ့ပြီး ကျင့်ကြံသူများကို အချင်းချင်း တိုက်ခိုက်ရန် ခွင့်ပြုခဲ့သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ရုန်းကန်မှု သို့မဟုတ် ခိုးဝင်တိုက်ခိုက်မှုများကြောင့် လူမည်မျှသေဆုံးခဲ့သည်ကို မသိရသေးပေ။

ဂိုဏ်းကြီးများ၏ တပည့်များပင်လျှင် ဤနေရာ၌ လှည့်ပတ်ကျင့်ကြံသူများနှင့် မခြားပေ။

တစ်ယောက်ယောက်က သတ်ပြီး သူတို့အလောင်းကို တောနက်ကြီးထဲ ပစ်ချခံရရင်လည်း  ဘယ်သူသိမလဲ။

အိမ်သို့ပြန်ရောက်ပြီးနောက် လင်းရှန်သည် ဆက်လက်အနားယူနေခဲ့သည်။

လင်းရှန်အတွက်တော့ လျန်ရှီနဲ့လောသန်းတို့သည် လူရွှင်တော်များသာဖြစ်သည်။ သူတို့ကို စိတ်ထဲ လုံးဝမထည့်ထားပေ။

သူတို့ နှစ်ယောက်က သူ့ကို မတိုက်ခိုက်ရင်ကောင်းမည်။  ဒါပေမယ့် တိုက်ခိုက်လာရင်လည်း လေ့ကျင့်ခန်းတစ်ခုအနေနဲ့ သူတိူ့ကို ဖယ်ထုတ်ပစ်ရမည်။

နောက်ရက်အနည်းငယ်တွင် လင်းရှန်သည် အိမ်၌သာ အများစုနေခဲ့သည်။ ရံဖန်ရံခါတွင် သူသည် ချွီခယ်နှင့် ရှန်ကျီနင်တို့ဆီအလည်အပတ်သွားလေ့ရှိသည်။ ဒါက အတော်လေး နားနားနေနေ ဖြစ်ခဲ့သည်။

ရွှမ်တုအစည်းအဝေးရက် နီးလာသည်နှင့်အမျှ၊ ကျင့်ကြံသူများသည် ရွှမ်တုတောင်တွင်  ပိုများလာသည်။

လူပိုများလာတာနဲ့အမျှ ပဋိပက္ခတွေ ပိုများလာသည်။

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း လင်းရွှမ်သည် ပဋိပက္ခ ဆယ်ခုကျော်ကို သူ့မျက်လုံးများနှင့် မြင်တွေ့ခဲ့ရသည်။

နှစ်ဦးနှစ်ဖက် ဒဏ်ရာများဖြင့် ထွက်ခွာသွားသောအခါ ခိုးကြောင်ခိုးဝှက် အများအပြားက ၎င်းတို့နောက်မှ လိုက်သွားကြသည်ကို တွေ့တာ ကအကြိမ်တော်တော်များများ ရှိချေပြီ။

ဒဏ်ရာရသူတွေကလည်း ဒါနဲ့အဆုံးမသတ်ပေ။

ကံကောင်းထောက်မစွာ သေးငယ်သော ပဋိပက္ခများ အမြဲရှိခဲ့သော်လည်း ကြီးကြီးမားမား ပဋိပက္ခများ မရှိခဲ့ပေ။

ရွှမ်တုအစည်းအဝေးနေ့တွင် ရွှမ်တုတိုကင်ကိုင်ထားသူတိုင်းသည် တောင်ခြေရင်းတွင် စုရုံးကြပြီး ခင်းကျင်းမှုစတင်ရန် စောင့်ဆိုင်းနေကြသည်။

လင်းရှန်သည်  ကုန်းစောင်းပြေပြေလေးပေါ်တွင် ရပ်ကာ ပတ်ပတ်လည်ကို လှမ်းကြည့်နေသည်။ တောင်များနှင့် လွင်ပြင်များတွင် အစွမ်းထက်သော အရောင်အဝါများရှိသော ကျင့်ကြံသူများနှင့် ပြည့်နေသည်။ အဲ့တာက  လူ ၂,၀၀၀ ထက်မနည်းရှိခဲ့သည်။

ကျင့်ကြံသူအများအပြား၏ အငွေ့အသက်များသည် စုစည်းနေကာ ကောင်းကင်သို့ ပစ်လွှတ်လိုက်သော လေတိုင်တစ်ခုအဖြစ် စုစည်းသွားပြီး  တိမ်များကို လွင့်စင်သွားစေသည်။ ကီလိုမီတာများစွာသော အချင်းဝက်အတွင်း ကောင်းကင်သည် ကြည်လင်နေသည်။

ချွီခယ်နှင့်ရှန်ကျီနင်သည်  လင်းရှန်အနားတွင် ရပ်နေပြီး ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အံ့သြသွားခဲ့သည်။

“နတ်ဝိဇ္ဇာဂိုဏ်းက တကယ်ပဲ အရှေ့ပင်လယ်လမ်းကြောင်းမှာ ကြီးမားတဲ့ဂိုဏ်းအနည်းငယ်ထဲကတစ်ခုပဲ။ ရွှမ်တုအစည်းအဝေး တစ်ခုတည်းမှာတောင် တောက်ပသောဝင်ပေါက်နဝမအဆင့် ကျင့်ကြံသူတွေကို စုစည်းထားနိုင်တယ် ။"ချွီခယ်က  သက်ပြင်းချလိုက်သည်။

ရှန်ကျီနင်က ပြုံးပြီးပြောသည်  "မှော်အဆီအနှစ်အရည်က အရမ်းဆွဲဆောင်မှုရှိတယ်။ တစ်ဦးချင်း ကျင့်ကြံသူမပြောနဲ့။ မင်းနဲ့ငါလို ဂိုဏ်းကြီးတွေရဲ့ တပည့်တွေတောင်မှ တတိယတန်း ဒါမှမဟုတ် စတုတ္ထတန်း ဝိဉာဉ်မဏ္ဍိုင်သွေးကြောကို လိုချင်သရွေ့ ရွှမ်တုအစည်းအဝေးမှာ အခွင့်အရေး ယူချင်ကြမှာပဲ”

ချွီခယ်က သဘောတူကြောင်း ခေါင်းညိတ်သည်။

ဝိညာဉ်ပုံဖော်ခြင်းဆေးသည် ဝိညာဉ်မဏ္ဍိုင်သွေးကြောများကို စုစည်းနိုင်

သော်လည်း  ၎င်းသည် ပထမ ဝိညာဉ်မဏ္ဍိုင်သွေးကြောအနည်းငယ်အတွက်သာ ကောင်းစွာအလုပ်လုပ်သည်။

ဝိညာဉ်မဏ္ဍိုင်သွေးကြောအရေအတွက် ကိုးခုထက်ကျော်လွန်သောအခါ အသစ်တစ်ခု ပေါင်းစည်းရန် ဝိညာဉ်ပုံဖော်ခြင်းဆေးဒါဇင်များစွာ လိုအပ်မည်ဖြစ်သည်။

ဂိုဏ်းကြီးများ၏ တပည့်များပင်လျှင် ဝန်ထုပ်ဝန်ပိုးကို ထမ်းရွက်ရန် ခက်ခဲသည်။

ရွှမ်တုအစည်းအဝေးမှာတော့ ကြိုးစားလို့ရသည်။  အကယ်၍ လူတစ်ဦးသည် မှော်အဆီအနှစ်အရည် သုံးစက်မှ လေးစက်အထိ ရရှိရန် ကံကောင်းပါက စတုတ္ထတန်း ဝိညာဉ်

မဏ္ဍိုင်သွေးကြောကို ပုံဖော်ရန် လုံလောက်သည်ထက် ပိုနေပေလိမ့်မည်။

ထို့ကြောင့် ကျင့်ကြံသူအများအပြားသည် ရွှမ်တုအစည်းအဝေးသို့ လာရောက်ခဲ့ကြသည်။

ရွှမ်တုတိုကင်ရယူရန် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အရာများကို ပြုလုပ်ခဲ့ကြသည့် ကျင့်ကြံသူအချို့ပင် ရှိခဲ့သည်။

လင်းရှန်သည် အခြားလူနှစ်ယောက်၏ ပြောဆိုမှုကို ရုတ်တရက် ကြားလိုက်သောအခါတွင် နားထောင်နေ၏

"အရင်နှစ်တွေထက် ယခုနှစ်မှာ ရွှမ်တုအစည်းအဝေးမှာ ပါဝင်သူ ပိုများလာတယ်”

“ လူတွေ အများကြီးပဲ။ သစ်သားဝိညာဉ်ကို ငါကတွေ့ရှိခဲ့ရင်တောင်မှ အဲဒါကိုယူဖို့ ငါ့အလှည့်ရောက်မှာမဟုတ်ဘူး။”

"ရွှမ်တု အစည်းအဝေးတောင် မစသေးဘူး၊ မင်းဘာလို့ စိတ်ပျက်နေတာလဲ။ မင်းဒီကိုရောက်နေပြီဆိုတော့ မင်းအကောင်းဆုံးကြိုးစားရမယ်။"

"ချိုင်ပြောတာမှန်တယ်ထင်တယ်။ ဒီနှစ် ပါဝင်သူတွေထဲမှာ ကျွမ်းကျင်သူများစွာရှိတယ်  ။ ငါတို့က သူတို့ပြိုင်ဘက်မဖြစ်နိုင်မှာကို စိတ်ပူရတယ် ။”

လင်းရှန်သည် အသံများဆီသို့ လှမ်းကြည့်လိုက်ရာ အဘိုးကြီးတစ်ယောက်နှင့် လူငယ်နှစ်ယောက်ဖြစ်ကြောင်း သိလိုက်ရသည်။

လူငယ်နှစ်ဦးသည် အသက် ၂၀ နှောင်းပိုင်းများဖြစ်သည်။ ၎င်းတို့၏ ၀တ်စားဆင်ယင်မှုများအရ ၎င်းတို့သည် နယ်လှည့်လည်သွားသူများ ဖြစ်ပုံရသည်။

အဘိုးအိုသည် ဆံပင်ဖြူသော်လည်း သူ့မျက်နှာမှာ ပန်းနုရောင်ရှိပြီး အသားအရေက တင်းမာနေသည်။ သူသည် ပညာရှိတစ်ယောက်လိုပင်။

အဘိုးအို၏ စကားကိုကြားတော့ လင်းရှန်၏ အမူအရာက ပြောင်းသွားပြီး သူက အနားကိုလျှောက်သွားလိုက်သည်။

လင်းရှန်ချဉ်းကပ်လာသည်ကို သိလိုက်သောအခါ လူငယ်နှစ်ဦးသည် ချက်ချင်းသတိဖြင့် ကြည့်ကာ မသိစိတ်က တင်းမာလာသည်။

သို့သော် အဘိုးကြီးသည် လုံးဝ မထိတ်လန့်ပေ။ သူသည် လူနှစ်ယောက်ကို စိတ်တည်ငြိမ်စေရန် တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် လင်းရှန်ကို နွေးထွေးစွာ ပြုံးပြလိုက်သည်။

လင်းရှန်က စိတ်မ၀င်စားပေ။ သူသည် အဘိုးကြီးထံသို့ တည့်တည့် လျှောက်သွားပြီး ပြုံးပြလိုက်သည်။

“မင်္ဂလာပါ။ ကျွန်တော်က လင်းရှန်ပါ။ ခင်ဗျားတို့သုံးယောက် စကားပြောနေတာကို မတော်တဆ ကြားလိုက်ရလို့  ပြောတဲ့စကားတွေအရ အကိုက ဒီကလူတွေနဲ့ တော်တော်ရင်းနှီးပုံရတယ်။"

“သူတို့နဲ့ ရင်းနှီးတယ်လို့တော့ မပြောနိုင်ပါဘူး။ ငါက အနီးနားက မြို့ကြီးတွေကြား အပြန်ပြန်အလှန်လှန် သွားလာနေခဲ့တာ။အဲ့တော့  ငါလူတွေအများကြီးတွေ့ဖူးတယ်လေ။ ဒါကြောင့် တခြားသူတွေထက်တော့ ပိုသိနေတာ” အဘိုးကြီးက ရယ်မောလိုက်သည်။

"အကို့ နာမည်လေးတစ်ချက်လောက်ပြောပါလား “

"ငါ့နာမည်က လောင်ဝေ့"

သူစကားပြောတာကို မစောင့်ဘဲ လောင်ဝေ့က အစပြုပြီး ပြောလိုက်သည် ။

"တကယ်လို့  တာအိုသခင်က ဒီကလူတွေကို စိတ်ဝင်စားတယ်ဆိုရင်  သူတို့အကြောင်း ပြောပြပေးရမလား”

လောင်ဝေ့အရမ်းစိတ်အားထက်သန်နေတဲ့အတွက်  လင်းရှန်က အနည်းငယ် အံ့ဩသွားခဲ့သော်လည်း သူ့က ဒီအကြောင်းပြောဖို့လာတာဖြစ်သည့်အတွက် ဝမ်းသာအားရ ခေါင်းညိတ်ပြခဲ့သည်။

"ကျေးဇူးတင်ပါတယ်ဆရာ။"

လောင်ဝေ့က ပြုံးပြီး လူအုပ်ကို ကြည့်လိုက်လိုက်သည်။ ရုတ်တရက် သူက နေရာတစ်ခုကို ညွှန်ပြလိုက်သည်။

"တာအိုသခင်လင်း ၊ ဟိုမှာကြည့်။"

သူညွှန်ပြနေသည့် လမ်းကြောင်းကို လင်းရှန်ကြည့်လိုက်တော့ ကုန်းမြင့်မြင့်တစ်ခုပေါ်

တွင် ကျင့်ကြံသူ သခင်လူငယ်သုံးယောက်ကို တွေ့လိုက်ရသည် ။

All Chapters