← Chapters

တိုက်ပွဲမဖြစ်မီ ငြိမ်းချမ်းရေး (၃)

Vol. 18 Ch. 275

တိုက်ပွဲမဖြစ်မီ ငြိမ်းချမ်းရေး (၃)

Vol. 18 Ch. 275

သုံးယောက်စလုံးက အနက်ရောင် ၀တ်စုံကို ၀တ်ဆင်ထားသည်။ သူတို့မျက်လုံးတွေက နက်ပြီး  မျက်နှာတွေက သွေးမရှိသလို ဖြူဖျော့နေ၏ ။ သူတို့၏ ခန္ဓာကိုယ် တစ်ခုလုံး အေးစက်ပြီး အုံ့မှိုင်းသော အငွေ့အသက်များ ထွက်နေသည်။ 

သူတို့ သုံးယောက်နားက ဖြတ်သွားသော ကျင့်ကြံသူများသည် သတိနှင့် ကြည့်နေကြပြီး ၎င်းတို့ သုံးဦးသည် ရက်စက်ပြီး ကြောက်မက်ဖွယ်ကောင်းသော ဘီလူးများကဲ့သို့ အဝေးကနေ ခွါသွားကြသည်။

လောင်ဝေ့က တိုးတိုးလေးပြောပြီး " တာအိုသခင်လင်း  ၊ အဲဒါကို မင်းမြင်လား။ သူတို့သုံးယောက်က အလောင်းကောင်ဂိုဏ်းရဲ့ တပည့်တွေပဲ”

အလောင်းကောင်ဂိုဏ်း

လင်းရှန်က မျက်ခုံးပင့်လိုက်သည်။

ထုံးစံအတိုင်း ဒီဂိုဏ်းအကြောင်း သူသိသည်။

ဒါမှမဟုတ် အရှေ့ပင်လယ်လမ်းမှာ နှစ်အနည်းငယ်ကြာကြာနေသရွေ့ အဲဒီဂိုဏ်းအကြောင်း သူတို့သိမှာပင်။

သွေးပင်လယ်ဂိုဏ်းကဲ့သို့ပင် အလောင်းကောင်ဂိုဏ်းသည် အရှေ့ပင်လယ် လမ်းကြောင်း၏ ကျော်ကြားသော ဒိဌိဂိုဏ်းတစ်ခုလည်းဖြစ်သည်။ ၎င်းတို့သည် အဖြူရောင်မီးစုန်းမြို့ကို အုပ်စိုးပြီး ၎င်းတို့၏ ဆိုးရွားသော ရုပ်အလောင်းများ သန့်စင်ခြင်းနည်းစနစ်များကြောင့် ကျော်ကြားခဲ့သည်။

အရှေ့ပင်လယ်လမ်းကြောင်းတွင် အဖြူရောင် မီးစုန်းမြို့၏ ပျံသန်းနေသောနတ်ဆိုးများနှင့် မသေနိုင်သောအရိုးများသည် ကလေးငယ်များ ညအချိန်တွင် ငိုခြင်းမှ ရပ်တန့်လုနီးပါးဖြစ်စေသည်။

မရေမတွက်နိုင်သော ကျင့်ကြံသူများသည်အလောင်းကောင်ဂိုဏ်း၏ ယုတ်မာသော အလောင်းများလက်တွင် သေဆုံးခဲ့ကြရသည်။

ဤအခိုက်အတန့်တွင် လူအများအပြားသည် အလောင်းကောင်ဂိုဏ်း၏ အဖွဲ့ဝင်သုံးဦးအပေါ် မကျေမနပ်အကြည့်များဖြင့် ကြည့်နေကြသည်။

အကြည့်ဖြင့် သတ်နိုင်လျှင် သူတို့ သုံးယောက် သေသွားပေလိမ့်မည်။

သို့သော်လည်း အလောင်းကောင်ဂိုဏ်း၏ တပည့် သုံးဦးတို့သည် ရန်လိုသော အကြည့်များကို မမြင်ရသလို ပြုမူကြသည်။ သူတို့သည် တည်ငြိမ်

အေးဆေးနေတာကြောင့် သူတို့၏ခွန်အားကို အလွန်ယုံကြည်ကြောင်း ထင်ရှားသည်။

လောင်ဝေ့က သူ့အကြည့်ကို အလောင်းကောင်ဂိုဏ်းမှ ပြန်ရုတ်လိုက်ပြီး အခြားတစ်နေရာကို ညွှန်ပြလေ၏  “တာအိုလင်း ၊ ဟိုမှာကြည့်။ သူတို့က မိုးတိမ်တောင်ဂိုဏ်းရဲ့တပည့်တွေ”

လင်းရှန်သည် သူ့အကြည့်ကို လှည့်လိုက်ပြန်သည်။

အလောင်းကောင်ဂိုဏ်း အဖွဲ့ဝင်များကို ဆက်ဆံပုံနှင့် နှိုင်းယှဉ်ပါက  မိုးတိမ်တောင်ဂိုဏ်းရှိတပည့်များသည် ပို၍နာမည်ကြီးသည်။

နယ်လှည့်ကျင့်ကြံသူ နှစ်ဒါဇင်ကျော်သည် ဝတ်ကောင်းစားလှများနဲ့ မိုးတိမ်တောင်ဂိုဏ်းတပည့်သုံးယောက်ကို ကြယ်များကဲ့သို့ ဝိုင်းရံထားသည်။ သူတို့အားလုံးက ပြုံးပြုံးရွှင်ရွှင်နဲ့ပင်။

အဝေးကပင် အဆုံးမရှိ မြှောက်ပင့်ပေးသံကို ကြားရသည်။

မိုးတိမ်တောင်ဂိုဏ်း၏ တပည့်သုံးယောက်က အစမှအဆုံးထိ အပြုံးမပျက် မာနတစ်ခွဲသား ဖြစ်နေ၏

မိုးတိမ်တောင်ဂိုဏ်းတည်ရှိရာ ယွမ်လင်းမြို့သည် အရှေ့ပင်လယ်လမ်းကြောင်းရှိ အကောင်းဆုံး ဒုတိယမြောက်မြို့များထဲမှ တစ်ခုအဖြစ် သတ်မှတ်နိုင်သည်။ 

နဂါးမြို့တော်၊ ပင်လယ်ပြင်စောင့်ကြည့်ခြင်းမြို့နှင့်အဖြူရောင်မီးစုန်း ကဲ့သို့သော မြို့ကြီးများထက် သာလွန်သည်။

မိုးတိမ်တောင်ဂိုဏ်းသည် ယွမ်လင်းမြို့တစ်ခုလုံးတွင် တစ်ခုတည်းသောဂိုဏ်း

ဖြစ်သည်။

မြို့တစ်မြို့၏ခွန်အားနဲ့ဆို မိုးတိမ်တောင်ဂိုဏ်း၏ အလုံးစုံ အင်အားသည် နေကိုးစင်းဂိုဏ်း၊ မြစိမ်းရောင်ဆီးနှင်းဂိုဏ်းနှင့် ပြင်းထန်သောရေလှိုင်းဂိုဏ်းတို့ထက် မနိမ့်ကျပေ။

နယ်လှည့်ကျင့်ကြံသူများသည် ကျင့်ကြံရာတွင် အခက်တွေ့ကြပြီး မြို့တွင်း ဂိုဏ်းခွဲကြီးများတွင် အချိန်တိုင်းပါဝင်လိုကြသည်။

ထိပ်တန်းဂိုဏ်းများသည် ၎င်းတို့ကို နှိမ့်ချတာကြောင့် လိုက်လျောညီထွေမဖြစ်နိုင်ဟု ယူဆကြသည်။ ထို့ကြောင့် မိုးတိမ်တောင်ကဲ့သို့သော ဂိုဏ်းများသည် ၎င်းတို့၏ ပထမဆုံး ရွေးချယ်မှု ဖြစ်လာခဲ့သည်။

တိုက်ဆိုင်စွာပင် မိုးတိမ်တောင်ဂိုဏ်းသည် နယ်လှည့်ကျင့်ကြံသူများကို လက်ခံလိုသော ဂိုဏ်းအနည်းငယ်ထဲမှ တစ်ခုဖြစ်သည်။

ထို့ကြောင့် မိုးတိမ်တောင်ဂိုဏ်းမှ တပည့်များသည် သွားလေရာရာ၌ နယ်လှည့်ကျင့်ကြံသူများ၏ ဆည်းကပ်မှုကို ခံရတတ်သည်။

ထို့နောက် လောင်ဝေ့က နောက်ထပ်ဂိုဏ်းဆရာအချို့ကို ထောက်ပြသည်။

အဲဒီအထဲမှာ သွေးပင်လယ်ဂိုဏ်းက လူတွေလည်း ပါသည်။

"တာအိုသခင်လင်း ၊ အဲဒါကို မင်းမြင်လား။ အခုနှစ် ရွှမ်တု အစည်းအဝေးမှာ ဂိုဏ်းပေါင်းစုံက တပည့်တစ်ရာနီးပါးရှိတယ်။  သူတို့ရဲ့ ကျင့်ကြံမှုတွေ ၊ ကိုယ်ခံပညာနည်းစနစ်တွေ ၊ ဓမ္မ ရတနာတွေ၊ အဆောင်တွေနဲ့ဆို ဒီတပည့် တွေကဂိုဏ်းငယ်တွေရဲ့ တပည့်တွေနဲ့ နယ်လှည့်ကျင့်ကြံသူတွေထက် အများကြီး ခွန်အားကြီတယ် ။  မှော်အဆီအနှစ် သစ်သားဝိညာဉ်အတွက် သူတို့နဲ့ ယှဉ်ပြိုင်ဖို့ ငါတိုဘာကို အသုံးပြုနိုင်ပါ့မလဲ”

"အခြားသူတွေ လွဲချော်ခဲ့တဲ့ အရာကို ကောက်ယူနိုင်တဲ့အထိ ကံကောင်းဖို့ပဲ မျှော်လင့်ပါတယ်”

လောင်ဝေ့က သက်ပြင်းချလိုက်သည်။

သူ့ဘေးနားက လူငယ်နှစ်ယောက်က သူတို့၏စိတ်ပျက်လက်ပျက် အမူအရာတွေကို ဖုံးကွယ်ထားလို့ မရပေ။

အစောပိုင်းက သူတို့မှာ ယုံကြည်မှုတွေ ရှိနေရင်တောင် လောင်ဝေ့က ဂိုဏ်းကြီးတွေ၏တပည့်တွေကို တစ်ယောက်ပြီးတစ်ယောက် ညွှန်ပြလိုက်တဲ့အခါ သူတို့ယုံကြည်မှုတွေ ပျောက်ကွယ်သွားခဲ့တာ ကြာချေပြီ။

ဂိုဏ်းကြီးများ၏ တပည့်များနှင့် နှိုင်းယှဉ်လျှင် ဂိုဏ်းငယ်များနှင့်  နယ်လှည့် ကျင့်ကြံသူများသည် အားနည်းပြီး ၎င်းတို့နှင့် မယှဉ်နိုင်ပေ။

လင်းရှန်က ခဏလောက် စဉ်းစားပြီး ပြောသည် " နယ်လှည့်ကျင့်ကြံသူတွေထဲမှာ တန်ခိုးကြီးတဲ့သူတွေ အများကြီး ရှိတယ်လို့ ကျွန်တော်ကြားတယ်။ ဒီနေရာမှာ ပါဝင်သူတွေထဲမှာ အဲ့လိုလူတွေ ရှိလား”

လောင်ဝေ့က သူ့ကိုကြည့်ကာ ရယ်မောလိုက်သည်။ “တာအိုလင်း ပြောတာ အမှန်ပဲ။ အနည်းဆုံးတော့ ဒီမှာ နာမည်ကြီးပြီး အစွမ်းထက်တဲ့ ကျင့်ကြံသူ သုံးယောက်ကိုတော့ သိတယ်”

ထို့နောက် လောင်ဝေ့သည် အနီးနားရှိ လူအုပ်ကို ကြည့်ရှုကာ လူသုံးဦးကို အဆက်မပြတ် ညွှန်ပြသည်။

လင်းရှန်၏အကြည့်သည် သူညွှန်ပြနေသည့် ဦးတည်ရာဆီသို့ ရွေ့သွားကာ ၎င်းတို့ သုံးဦးသည် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း တွေ့လိုက်ရသည်။

သူတို့ထဲက တစ်ယောက်က မီးခိုးရောင်တာအို ၀တ်စုံနဲ့ ဖြစ်သည်  ။ ထိုသူသည် အရပ်ရှည်ပြီး ပိန်ကာ မျက်နှာက ဖြောင့်စင်းတဲ့အပြင်မုတ်ဆိတ်မွေးလည်း မရှိချေ။  သူက အသက်၄၀လောက်ရှိပြီဖြစ်ပြီး မျက်နှာက အမူအရာကင်းမဲ့နေ၏  သူ့ဆီမှ လုံးဝလက်လှမ်းမမီနိုင်သော အရောင်အဝါတစ်ခု ထွက်ပေါ်နေသည်။

နောက်တစ်ယောက်ကတော့ အသက်သုံးဆယ်ကျော်လောက်ရှိသည့် ဝဝနဲ့လူပင်။ ထိုသူက ဝတုတ်နေပြီး အဝေးက ကြည့်ရတာတော့ အသားလုံးဝိုင်းပုံပင်။

သို့သော် သူ့အမူအရာက ချစ်စရာကောင်းပြီး ပြုံးနေခဲ့သည်။

နောက်ဆုံးတစ်ယောက်က အသက်သုံးဆယ်လောက်ရှိသော အမျိုးသမီးငယ်

တစ်ဦးပင်။  သူမသည် လှပသော မျက်နှာနှင့် နှင်းလို ဖြူဖွေးဖွေး အသားအရေကို ပိုင်ဆိုင်ထားသည်။ သူမက အစိမ်းဖျော့ဖျော့ဝတ်စုံကို ၀တ်ဆင်ထားပြီး  မြူဆွယ် တတ်သည့် အသွင်အပြင်ကို ပိုင်ဆိုင်ထားသူပင်။

ထိုကဲ့သို့ လှပသောလူသည် အခြားသူများ၏ အာရုံကို ဖမ်းစားပြီး ဆွဲဆောင်မှု ရှိသင့်သည်။

ဤအမျိုးသမီးငယ်သည် များစွာသောအကြည့်များကို စွဲဆောင်ခဲ့သည်မှာ အမှန်ပင်ဖြစ်သော်လည်း အများစုမှာ ကြောက်ရွံ့ထိတ်လန့်မှုများနှင့် ပြည့်နှက်နေသည်။ လူအနည်းစုကသာ သူမကို နှစ်သက်ကြသည်။

လောင်ဝေ့၏ ပြောအြချက်အရ ထိုသူတို့သည်  ရင်ရှန်းပင်း ၊ ကွမ်ကျိုးနှင့်

ရီစုဖုန်တို့ ဖြစ်ကြောင်း လင်းရှန်သိရှိရသည်။

"သူတို့ ၃ ယောက်လုံးမှာ ဝိညာဉ်မဏ္ဍိုင်သွေးကြော ဆယ်ခုကျော်ရှိပြီး ဂိုဏ်းကြီးတွေရဲ့ တပည့်တွေလောက်တော့ အစွမ်းမထက်ဘူး ။ဒါပေမဲ့  သူတိူ့က နှစ်ပေါင်းများစွာ ကိုယ်တိုင် လေ့ကျင့်သင်ကြားခဲ့ကြတဲ့ နယ်လှည့်ကျင့်ကြံသူတွေလေ။ သူတို့အားလုံးမှာ အစွမ်းထက်တဲ့ အသက်ကယ်နည်းတွေ ရှိကြတယ်။ တကယ့်

ရှင်သန်ခြင်းနှင့် သေခြင်းတိုက်ပွဲမှာ ဂိုဏ်းကြီးတွေရဲ့ တပည့်များစွာက သူတို့နဲ့ မယှဉ်နိုင်ဘူး”

လောင်ဝေ့၏ လေသံမှာ ကြောက်ရွံ့မှုများနှင့် ပြည့်နေသည်။

လင်းရှန်သည် အနည်းငယ် လေးလေးနက်နက် စဉ်းစားကာ ခေါင်းညိတ်လိုက်သည်။

နယ်လှည့်ကျင့်ကြံသူများသည် အရင်းအမြစ်များ နည်းပါးသောကြောင့် ၎င်းတို့၏ ကျင့်ကြံခြင်းသည် ဂိုဏ်းခွဲတပည့်များထက် များစွာ နိမ့်ကျနေသည်။

ဥပမာအားဖြင့် နေကိုးစင်းဂိုဏ်းတွင် တပည့်၏အရည်အချင်းသည် မဆိုးသရွေ့ ၎င်းတို့သည် အသက်(၃၀) မတိုင်မီ တောက်ပသောဝင်ပေါက်  နဝမအဆင့်သို့ ရောက်ရှိပြီး ၎င်းတို့၏ ဝိညာဉ်မဏ္ဍိုင်သွေးကြောများကို စတင်စုစည်းနိုင်မည် ဖြစ်သည်။

ရှန်ကျီနင်ကဲ့သို့ အရည်အချင်းရှိသူ တစ်စုံတစ်ယောက်သည် အသက်(၂၅) နှစ်မတိုင်မီ ဤအဆင့်ကို လှမ်းနိုင်ခဲ့သည်။

နယ်လှည့်ကျင့်ကြံသူများသည် ထူးချွန်ထက်မြက်သည့် အလားအလာရှိလျှင်ပင် ၎င်းတို့သည် အသက် (၃၀) နှစ်မတိုင်မီတွင် ဝိညာဉ်မဏ္ဍိုင်သွေးကြောများကို စုစည်းနိုင်ဖို့ ခဲယဉ်းသည်။

ဥပမာအားဖြင့် ရင်ရှန်းပင်း ၊ ကွမ်ကျိုးနှင့်ရီစုဖုန်တို့တို့သည် နယ်လှည့်ကျင့်ကြံသူများတွင် ထူးချွန်သူများအဖြစ် သတ်မှတ်ခံရသော်လည်း ၎င်းတို့သည် ဝိဉာဉ်မဏ္ဍိုင်သွေးကြော ဆယ်ခုကိုသာ ပုံဖော်နိုင်ခဲ့သည်။

သူတို့က နှစ်အတော်ကြာ ကျင့်ကြံခဲ့ရသည် ။ သိူ့သော် ဂိုဏ်းဆရာအများစုသည် ၎င်းတို့ကိုအနိုင်ယူရန် ယုံကြည်မှုမရှိကြပေ။

လောင်ဝေ့စကားကို ကြားပြီးနောက် လင်းရှန်သည် ဤနေရာရှိ ကျင့်ကြံများ၏ အစွမ်းသတ္တိကို သိထားပြီးဖြစ်သည်။

လောင်ဝေ့အား စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်ကြောင်းပြောပြီးနောက် လင်းရှန်သည် ချွီခယ်နှင့် ရှန်ကျီနင်ထံသို့ ပြန်သွားခဲ့သည်။

သူထွက်သွားပြီးနောက် လူငယ်နှစ်ယောက်ထဲက တစ်ယောက်က “ဦးလေးလောင် ဒီကလေးအပေါ် အတော်လေး စိတ်အားထက်သန်နေတာ မဟုတ်ဘူးလား”  တိုးတိုးလေးပြောလိုက်သည်။

လောင်ဝေ့က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးကာ ပြောသည်  "ငါက ဂိုဏ်းကြီးတစ်ခုရဲ့ တပည့်တစ်ဦးကို သေးသေးလေးပဲ ကျေးဇူးပြုခဲ့တာ။ အဲ့တာက ငါတို့အတွက် အကျိုးရှိမှာပဲလေ ။ ဘာလို့မဖြစ်ရမှာလဲ?"

ထိုလူငယ်က အံ့အားသင့်ပြီး “အဲဒီလူက ဂိုဏ်းကြီးတစ်ခုရဲ့ တပည့်ပဲလား။ သူက ဘယ်ဂိုဏ်းကလဲ။”

"နေကိုးစင်းဂိုဏ်း" လောင်ဝေ့က ပြုံးလိုက်သည်။

လူငယ်သည် နားလည်သွားပြီး လောင်ဝေ့၏ စကားကို မမေးတော့ချေ။

ဦးလေးလောင်သည် မတူညီသော ကျင့်ကြံနည်းစနစ်များ၏ အရောင်အဝါကို ခွဲခြားသိမြင်နိုင်စေသည့် အမြင်နည်းစနစ်ကို ကျင့်ကြံခဲ့ကြောင်း သူသိသည်။ ဤအချက်ကြောင့် သူသည် ကျင့်ကြံသူများ၏ ဂိုဏ်းခွဲများကို ဆုံးဖြတ်နိုင်သည်။

ဤအချက်ကြောင့်ပင် နေရာတိုင်းတွင် ခရီးသွားခြင်းဖြင့် ရရှိလာသော ဗဟုသုတများအပြင် ဦးလေးလောင်သည် သူ့လက်ဖဝါးကဲ့သို့ပင် ကျင့်ကြံသူအများအပြား၏ နောက်ခံသမိုင်းကြောင်းကို သိရှိနိုင်ခဲ့သည်။

All Chapters