← Chapters

ငါ့ကိုရှာနေတာလား။ (၁)

Vol. 18 Ch. 276

ငါ့ကိုရှာနေတာလား။ (၁)

Vol. 18 Ch. 276

“ညီလေးလင်း၊ အဲဒါ…”

ချွီခယ်နှင့် ရှန်ကျီနင်သည် လင်းရှန်နဲ့လောင်ဝေ့ စကားပြောဆိုနေတာကို သတိပြုမိခဲ့သည်မှာ ကြာချေပြီ။ သူပြန်လာတာကိုတွေ့တော့ သိချင်စိတ်နဲ့ မေးကြည့်ကြ၏

လင်းရှန်သည်  ကြားလာခဲ့သမျှကို ချန်လှပ်မထားဘဲ လောင်ဝေ့ပြောခဲ့သည့်စကားကို ပြန်ပြောပြသည်။

ထိုစကားကိုကြားသောအခါ ချွီခယ်နှင့် ရှန်ကျီနင်တို့သည် တစ်ယောက်ကိုတစ်ယောက် အံ့သြစွာကြည့်နေကြသည်။

လောင်ဝေ့၏ အသိပညာနှင့် အတွေ့အကြုံကြောင့် အံ့သြသွားကြသည်။

ရွှမ်တုအစည်းအဝေးတွင် အစွမ်းထက်သော ကျင့်ကြံသူ အများအပြား ပါဝင်ကြသည့်အတွက်လည်း အံ့အားသင့်ခဲ့ကြသည်။

"ရွှမ်တုအစည်းအဝေးမှာ ငါတို့သတိထားရမဲ့ပုံပဲ” ချွီခယ်က လေးနက်သော မျက်နှာဖြင့် ပြောသည်။

လင်းရှန်နဲ့ ရှန်ကျီနင်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

အစည်းအဝေး မစသေးပေမဲ့ သွေးထွက်သံယို ဖြစ်နေချေပြီ။ ရွှမ်တုတောင်သို့ဝင်ရောက်ပြီးနောက် သစ်သားဝိညာဉ်အတွက် လူမည်မျှ တိုက်ပွဲဝင်မည်ကို တွေးကြည့်နိုင်သည်။

ရွှမ်တု၏ တကယ့်အခက်အခဲမှာ  မှော်အဆီအနှစ်သစ်သားဝိညာဉ်ကို မည်သို့ရှာဖွေရမည်က အဓိကမဟုတ်ဘဲ ရတနာကိုရှာဖွေပြီးနောက် အခြားသူများ၏တပ်မက်သောမျက်လုံးများထံမှ မည်သို့ကာကွယ်ရမည်ဆိုတာပင်။

ရွှမ်တုတောင်ထဲကို ဝင်ပြီးတာနဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေ အများကြီး ကြုံတွေ့ရမည်ပင်။

ပါဝင်သူ အနည်းငယ်သည် တစ်ကိုယ်တော်သမားများဖြစ်သည်။

ထို့ကြောင့် သူတို့က နှစ်ယောက် သုံးယောက် အုပ်စုဖွဲ့ ခရီးသွားပြီး တစ်ယောက်ကို တစ်ယောက် ဂရုစိုက်ကာ ခြုံခိုတိုက်ခိုက်တာမျိုး မဖြစ်ရအောင် တားဆီးပေးသည်။

သို့သော် ထိုအရာသည် လင်းရှန်၏ အစီအစဉ်မဟုတ်ပေ။

သူက မျက်လုံးတွေ မှိတ်တုတ်မှိတ်တုတ် နဲ့ ရုတ်တရက် ပြောလေ၏  “အစ်ကိုတို့၊ အကြံတစ်ခု ရှိတယ်။ ရွှမ်တုတောင်ကိုရောက်ရင် ဘာလို့  အုပ်စုနှစ်စုခွဲပြီး မသွားရမှာလဲ။ အကိုတို့နှစ်ယောက် ခရီးအတူတူသွားလို့ရတယ်။ ဒါဆို ကျွန်တော်တို့ သစ်သားဝိညာဉ်ကိုရှာဖွေတဲ့အခါ ပိုမိုထိရောက်နိုင်တယ်”

ချွီခယ်နှင့် ရှန်ကျီနင်က အံ့ဩသွားကြသည်။ သို့သော်လည်း ဒုတိယအတွေးအရ လင်းရှန်၏ အကြံပြုချက်သည် အဓိပ္ပာယ်ရှိလှသည်။

အတူနေတာ လုံခြုံသော်လည်း လူခွဲပြီး ရှာဖွေခြင်းလောက် ထိရောက်မည်မဟုတ်ပေ။

လုံခြုံရေးအရတော့ သူတို့ နှစ်ယောက် တွဲလို့ရသည်။  အလောင်းကောင်ဂိုဏ်း၏ တပည့် သုံးယောက်နှင့် တွေ့လျှင်ပင် ၎င်းတို့ကို အနိုင်မယူနိုင်သော်လည်း ထွက်သွားဖို့က ပြဿနာမရှိပေ။

လင်းရှန် အတွက်တော့ ပြသနာက နည်းနည်းပဲ ရှိသည်။

လင်းရှန်နှင့်တွေ့ဆုံရာတွင် မည်သည့်ပါဝင်သူဖြစ်ပါစေ ၊ ၎င်းတို့အတွက် ပထမဆုံးစိုးရိမ်ရမည့်အချက်မှာ ၎င်းတို့၏လုံခြုံရေးပင်ဖြစ်သည်။

ဒါကိုစဉ်းစားပြီး  ချွီခယ်နဲ့ ရှန်ကျီနင်က လင်းရှန်အကြံပြုချက်ကို သဘောတူခဲ့သည်။

လင်းရှန်သည် ပို၍ စိတ်သက်သာရာ ရလာသည်။

ရှာဖွေရာတွင် ကူညီရန် သူ၏ကိုယ်ပွားများကို ဆင့်ခေါ်နိုင်သည်။ တစ်ယောက်တည်း လုပ်ရတာက သူ့အတွက် အကျိုးကျေးဇူး အရှိဆုံးပင်။

ချွီခယ်၊ ရှန်ကျီနင်တို့နဲ့ အတူတူခရီးသွားခြင်းက သူအလိုရှိသည့်အချိန်တိုင်း

ကိုယ်ပွားများကို ခေါ်ယူနိုင်မည်မဟုတ်ပေ။

လင်းရှန်နှင့် အခြားနှစ်ယောက် စကားပြောနေကြစဉ် မီတာသုံးရာအကျော် လျှောစောက်မှာတော့ သွေးပင်လယ်ဂိုဏ်းမှ တပည့်သုံးယောက်က သူတို့ကို အေးစက်စွာ စိုက်ကြည့်နေကြသည်။

"ရှန်ပိုင် သူတို့က နေကိုးစင်းဂိုဏ်းက လာတာ သေချာလား"

"သေချာတယ်။ ချွီခယ်ကို ငါသိတယ်။ သူက နေကိုးစင်းဂိုဏ်းရဲ့ အတွင်းဂိုဏ်းဝင် တပည့်လေ။  ငါအရင်က သူ့ကို တိုက်ခဲ့ဖူးတယ်”

"အဲဒါကောင်းတယ်။ ငါတို့ ရွှမ်တုတောင်ကို ရောက်သွားရင် သူတို့ သုံးယောက်လုံးကို သတ်ဖို့ အခွင့်အရေး ရလိမ့်မယ်”

“ဟုတ်တယ်။  နေကိုးစင်းဂိုဏ်းက  ဝိညာဉ်လှိုဏ်ဂူထဲမှာ   ငါတို့ တပည့်များစွာကို သတ်ပစ်ခဲ့တာ။ အကြီးအကဲဝူနဲ့ အကိုမင်တောင် သေသွားတယ်။ အဲ့တော့ ငါတို့ လက်စားချေရမယ်။  သူတို့သုံးယောက်ကို ယဇ်ပူဇော်ခြင်းအဖြစ် သုံးရမယ်။ မှော်အဆီအနှစ်အရည်ကိုရလို့ ငါတို့ကျင့်ကြံသူဖြစ်လာတဲ့အခါ ဝိဥာဉ်ဂူကို ပြန်သွားပြီး နေကိုးစင်းဂိုဏ်းက လူတိုင်းကို သတ်ပစ်ရမယ်”

သွေးပင်လယ်ဂိုဏ်းရှိ တပည့်သုံးယောက်၏ မျက်လုံးများတွင် ပြင်းထန်သော အကြည့်များ တောက်ပလာသည်။

ဝိဥာဉ်ဂူအတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာသည်နှင့်အမျှ ဂိုဏ်းနှစ်ခုလုံး၏ တပည့်များစွာသည် တိုက်ပွဲတွင် ကျဆုံးခဲ့သည်။

မူလရန်သူဖြစ်ခဲ့သည့် ဂိုဏ်းနှစ်ဂိုဏ်းသည် ယခုအခါတွင် အချင်းချင်း ရန်ငြိုးထားမှုများ ပိုမိုရှိလာခဲ့သည်။

သွေးပင်လယ်ဂိုဏ်း၏ တပည့်သုံးယောက်အနေနဲ့ နေကိုးစင်းဂိုဏ်းမှ တပည့်များကို သတ်ရန် အခွင့်အရေးကို လက်လွတ်မခံချင်ကြပေ။

တစ်ချိန်တည်းမှာပဲ

လူအုပ်၏ထောင့်တွင် လျန်ရှီသည် လင်းရှန်အား မှောင်ကုပ်ကုပ်အမူအရာဖြင့် စိုက်ကြည့်နေပြီး မျက်လုံးများ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေ၏

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း လင်းရှန်သည် သူ၏အပေါင်းအဖော်များနှင့် ခွဲ

မထွက်သောကြောင့် လင်းရှန်ကို တိုက်ခိုက်ရန် အခွင့်အရေး မရှာနိုင်ခဲ့ပေ။

ကံကောင်းထောက်မစွာ သူတို့သည် အခြားသူများထံမှ ရွှမ်တူတိုကင်အနည်းငယ်ကို ရနိုင်လောက်အောင် ကံကောင်းခဲ့သည်။ ဤအရာကြောင့် လူအနည်းငယ်တောင် ဆုံးရှုံးခဲ့ကြရသည်။

လျန်ရှီသည် ထို ဆုံးရှုံးမှုကို လင်းရှန်အပေါ် ပုံချလိုက်သည် ။

သူ့တောင်းဆိုချက်ကို လင်းရှန်သာ နာခံမှုရှိရှိ သဘောတူခဲ့လျှင် နောက်ဆုံးတိုကင်အတွက်  ၎င်းတို့ အဖော်သုံးယောက်ကို ဆုံးရှုံးစေသည့် ထူးကဲသော ခွန်အားနဲ့ နယ်လှည့်ကျင့်ကြံသူတစ်ဦးကို  တိုက်ခိုက်ရမည်မဟုတ်ပေ။

ဒါက ထိုကလေး၏ အပြစ်ပင်။

"မင်းကို ရွှမ်တုတောင်မှာ တစ်ယောက်တည်း မတွေ့စေနဲ့ ဒါမှမဟုတ်ရင် မင်းသေလိမ့်

မယ်”

လျန်ရှီက တွေးလိုက်မိသည်။

ထိုအချိန်တွင် ရွှမ်တုတောင်ပေါ်တွင် ခေါင်းလောင်းသံ ရုတ်တရက် ထွက်ပေါ်လာသည်။

ပတ်ဝန်းကျင်သည် ချက်ချင်းငြိမ်သွားသည်။ အားလုံးက ရွှမ်တုတောင်ကို တခဲနက်ကြည့်ကြသည်။

လူတိုင်း၏ အံ့အားသင့်သော အကြည့်များအောက်တွင် အစိမ်းရောင် အလင်းတန်းများက ကောင်းကင်မှ ရုတ်တရက် ဆင်းသက်လာပုံရသည်။ ၎င်းက တောင်ထိပ်မှ တောင်ခြေရင်းအထိ ရွှမ်တုတောင်တစ်ခုလုံးကို ဖြည်းညှင်းစွာ ဖုံးအုပ်ထားသည်။ ထို့နောက် ရုတ်တရက် ထောင့်တစ်ခု ပွင့်လာသည်။

တခဏချင်းမှာပဲ အရင်ကနဲ့ လုံးဝမတူသည့် တောင်ပေါ်ရှုခင်းတွေ ပေါ်လာပြီး မြင်ကွင်းက အဆုံးမရှိ ပြန့်ပြူးသွားသလိုပင်။

ထို့အပြင် တောင်ထိပ်များနှင့် ဆက်သွယ်ထားသည့် ချောင်းများနှင့် ချိုင့်ဝှမ်းများရှိသည်။ အဝေးမှ စိမ်းလန်းသော စပျစ်နွယ်ပင်များသည် ကောင်းကင်ရှိ တိမ်တိုက်များနှင့် ချိတ်ဆက်နေပုံရသည်။ ဒါက အလွန်လှပခဲ့သည်။

လူအုပ်ထဲမှာ အာမေဋိတ်သံတွေ ထွက်လာသည်။

ဤမြင်ကွင်းကို ပထမဆုံးအကြိမ် မြင်လိုက်ရသော ကျင့်ကြံသူအများအပြားက အံ့အားသင့်ခဲ့ကြသည်။

လင်းရှန်လည်း ထပ်တူထပ်မျှ အံ့သြသွားသည်။

သူတို့  ယုခုမြင်ရသည့် ရွှမ်တုတောင်၏ ရှုခင်းသည် တောင်ကို ကာကွယ်သည့် ခင်းကျင်းမှုကနေ ဖန်တီးထားသော ပုံရိပ်ယောင် ဖြစ်သွားသည်။ သူတို့ရှေ့က မြင်ကွင်းကမှ ရွှမ်တုတောင် အစစ်အမှန်ပင်။

တကယ့်တောင်ကြီးက ထိုထက် ပိုကျယ်သည်။

ထိုအချိန်တွင် အသံတိုးတိုးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ အဖြူရောင်အရိုးတွေနဲ့ ပြုလုပ်ထားသည့် ထူးဆန်းသော သားရဲတစ်ကောင်က လူအုပ်ထဲကနေ ရုတ်တရက် ပြေးလာပြီး ရွှမ်တုတောင်ဆီကို ပျံသန်းသွားသည်။

အဲဒါ အလောင်းကောင်ဂိုဏ်း၏ တပည့်သုံးယောက်ပင်။

သူတို့ သုံးယောက်သည် အရိုးပေါ်မှ သားရဲနောက်သို့ ပြေးသွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် ထိုနေရာသို့ ပြေးဝင်ကာ ပျောက်ကွယ်သွားကြသည်။

ဤလုပ်ဆောင်ချက်သည် ခလုတ်တစ်ခုကို အစပျိုးလိုက်ပုံရသည်။ တခဏအတွင်းမှာပင် မရေမတွက်နိုင်သော လူများက လူအုပ်ကြီးထဲက ပြေးထွက်လာသည်။ သူတို့သည် လေထဲတွင် ပျံသန်းကြသည် သို့မဟုတ် ထူးဆန်းသော သားရဲများကို စီးကြသည်။ သူတို့သည် အခြားသူများနောက်သို့ ခြေတစ်လှမ်းနောက်ကျမည်ကို ကြောက်၍ ရွှမ်တုတောင်ပေါ်သို့ အလျင်စလို ပြေးသွားကြသည်။

All Chapters