← Chapters

ငါ့ကိုရှာနေတာလား။ (၂)

Vol. 18 Ch. 277

ငါ့ကိုရှာနေတာလား။ (၂)

Vol. 18 Ch. 277

"ညီလေးတို့ ငါတို့လည်း သွားကြရအောင်။"ချွီခယ်က  ပြုံးလိုက်သည်။

လင်းရှန်နဲ့ ရှန်ကျီနင်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူတို့သုံးဦးသည် လေဟုန်စီးခြင်းကိုအသုံးပြုကာ လေပြင်းများကဲ့သို့ ထိုနေရာသို့ ရုတ်တရက် ဝင်ရောက်သွားကြသည်။

အမြင်အာရုံတွေ မှုန်ဝါးလာပြီး ပုံမှန်ပြန်ဖြစ်စ်လာတဲ့အခါ လင်းရှန်သည်  ချိုင့်ဝှမ်းတစ်ခုထဲ ရောက်နေပြီဆိုတာ သိလိုက်ရသည်။

မနီးမဝေးတွင် ကျောက်စရစ်ခဲများဖြင့် ဖုံးလွှမ်းနေသော ကြည်လင်သည့် စမ်းချောင်းတစ်ခုရှိသည်။ ပတ်ဝန်းကျင်ရှိ ရှေးဟောင်းသစ်ပင်များသည် တိတ်ဆိတ်နေပြီး မျောက်ဝံများ၏ အော်ဟစ်သံကို အဝေးကပင် ကြားနေရသည်။

လင်းရှန်က အသက်ပြင်းပြင်းရှူပြီး သူ့တစ်ကိုယ်လုံး သန့်စင်သွားသလို ခံစားလိုက်ရသည်။

“ဘယ်လောက်များပြားတဲ့ ဝိညာဉ်ရေးရာအနှစ်သာရလဲ။”

ရွှမ်တုတောင်သို့ဝင်ရောက်ပြီးနောက် ဤနေရာရှိ ဝိညာဉ်စွမ်းအားသည် သူယခင်ခံစားခဲ့ဖူးသည့် အရာထက် များစွာမြင့်မားကြောင်း သဘောပေါက်လိုက်သည်။

၎င်းသည် လေ့ကျင့်ရေးအခန်းအဆင့် လှိုဏ်ဂူတစ်ခုနှင့် ယှဉ်လုနီးပါးဖြစ်သည်။

လေ့ကျင့်ရေးအခန်း၏အဆင့်သည် မမြင့်မားသော်လည်း ရွှမ်တုတောင်သည် ကျယ်ပြောလှသည်။ ကျယ်ပြောလှသော လေ့ကျင့်ရေးအခန်းအဆင့် လှိုဏ်ဂူကြီးသည်  နိုင်ယန်းကျောင်း၏အောက်အိမ်တော် တပည့်များ ဝင်ခွင့်ရမည့် အရာမဟုတ်ပေ။

သူ့နောက်မှာတော့ ဆင်းသက်လာသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ အဲ့တာက ချွီခယ်နှင့် ရှန်ကျီနင်တို့ပင်။ 

သူတို့နှစ်ဦးသည် ဤနေရာရှိ ကြွယ်ဝသော ဝိညာဉ်ရေးရာအနှစ်သာရကြောင့် အံ့သြသွားကြသည်။

ချွီခယ်၏ မျက်လုံးများက မှိတ်တုတ်မှိတ်တုတ်ဖြစ်ကာ  "ရွှမ်တုတောင်ရဲ့ ကမ္ဘာမြေကြောတွေကို ခင်းကျင်းဖွဲ့စည်းပုံတွေက နှစ်ထောင်ချီကြာအောင် လည်ပတ်နေတယ်လို့ ပြောကြတယ်။ အဲ့တော့ ဝိညာဉ်အနှစ်သာရက ပျောက်ကွယ်သွားရုံသာမကပဲ ဂူဗိမာန်အဖြစ်သို့ ပေါင်းစပ်သွားတယ်တဲ့ ။ ဒါ အမှန်ဖြစ်ပုံရတယ်”

ရှန်ကျီနင်က ခေါင်းညိတ်သဘောတူသည်။ “ဝိညာဉ်ရေးရာအနှစ်သာရရဲ့ သိပ်သည်းဆကို သုံးသပ်ကြည့်ရင် အနှစ်တစ်ရာအတွင်း လေ့ကျင့်ရေးခန်းအဆင့်ကို ရောက်ရှိနိုင်တယ် ။ တကယ်လို့ တပည့်တွေက ကျင့်ကြံဖို့ ဒီနေရာကို အသုံးပြုရင် နတ်ဝိဇ္ဇာဂိုဏ်းက ဆယ်နှစ်မပြည့်မီမှာ  အစွန်းနှစ်ဖက်ဂိုဏ်းကို ကျော်သွားတော့မှာ ”

အစွန်းနှစ်ဖက်ဂိုဏ်းသည်  နွေဦးပျော်ရွှင်ခြင်းမြို့ကို အုပ်စိုးသော အဓိက ဂိုဏ်းများထဲမှ တစ်ခု ဖြစ်ပြီး ၎င်း၏ စွမ်းအားသည် နတ်ဝိဇ္ဇာဂိုဏ်းနှင့် ဆင်တူသည်။

ဂိုဏ်းနှစ်ခုတည်ရှိရာမြို့များသည် ကီလိုမီတာ ၅၀ ထက်မနည်း ကွာဝေးသည်။ အရင်တုန်းကတော့  ပဋိပက္ခတွေ အများကြီးရှိခဲ့သည်။

အနှစ်တစ်ထောင်ကျော်ကြာပြီးနောက် သူတို့သည် ဒေါသအမြောက်အမြားကို စုဆောင်းမိကြသည်။

ခဏအကြာ စကားစမြည်ပြောပြီး သုံးယောက်သား လမ်းခွဲလိုက်ကြသည်။ ချွီခယ်နှင့် ရှန်ကျီနင်တို့သည် အနောက်ဘက်သို့ တည့တည့်သွားကြသည်။ လင်းရှန်သည် ခဏလောက် စဉ်းစားပြီး  တိမ်တိုက်နဂါးစည်းချက်ကို အသက်မသွင်းမီ ကျပန်းဦးတည်ချက်တစ်ခုကို ရွေးချယ်ခဲ့သည်။

သူတို့နဲ့ မီတာတစ်ရာကျော်အနောက်မှာတော့ လျန်ရှီ၏မျက်လုံးများက သုံးယောက်ကို သီးခြားစီမြင်လိုက်သောအခါတွင် တောက်ပလာသည်။

"ဒီကလေးက သူ့အဖော်တွေနဲ့ ကွဲနေတယ်”

"ဟားဟား၊ ကောင်းကင်က ငါ့ကို တကယ်ပဲ ကူညီပေးတယ်။ အခု ငါ့လက်ကနေ မလွတ်မြောက်နိုင်တော့ဘူး”

လျန်ရှီသည် ပြုံးလိုက်ပကီး ချက်ချင်းပင် သူ့စိတ်ထဲ တစ်စုံတစ်ခု ပေါ်လာသည်။

"လာ၊ ဒီကောင်ကို ဖမ်းပြီး အရင်သတ်လိုက်ရအောင်”

လောသန်းသည် ကြမ်းတမ်းသောအသွင်အပြင်ရှိသော်လည်း စေ့စပ်သေချာသောစိတ် ရှိသည်။ သူ့အနေနဲ့ တစ်ခုခုမှားနေပြီဟု ယောင်ဝါးဝါးခံစားမိသည်။

"အစ်ကိုရှီ၊ ကလေးက သူ့အဖော်တွေနဲ့ ရုတ်တရက် ခွဲသွားတာ နည်းနည်းတော့ ထူးဆန်းတယ်မဟုတ်လား"

လျန်ရှီက အနည်းငယ် အံ့သြသွားသည်။ ထို့နောက် တစ်ခုခုကို တွေးနေသကဲ့သို့ပင် ရယ်မောလိုက်သည်။

“မှော်အဆီအနှစ်အရည်ကို သီးခြားရှာဖွေတာက ပိုထိရောက်တယ်လို့ သူထင်တာဖြစ်မှာပေါ့ ။ သူ့ယုံကြည်မှုက ဘယ်ကရလဲတော့ မသိဘူး။ ယခု ရွှမ်တုတောင်ရဲ့နေရာတိုင်းမှာသန်မာသူတွေချည်းပဲ၊တကယ်လို့  သူတစ်ယောက်တည်း ပြုမူဝံ့လို့ မှော်အဆီအနှစ်သစ်သားဝိညာဉ်ကိုတွေ့ရင်တောင် အခြားသူတွေက အဲ့တာကို သိမ်းသွားမှာပဲ”

လောသန်းက တုံ့ဆိုင်းသွားသည်။ “ဒါတောင် ဒီလူမှာ အရည်အချင်းမရှိဘူးဆိုရင် တစ်ယောက်တည်း သွားရဲပါ့မလား ”

"ဘာဖြစ်တာလဲ? အဲ့ဒီကလေးက အသက်နှစ်ဆယ်ကျော်လောက်ပဲ ရှိသေးတာ ။ အဲ့ဒီ အသက်အရွယ်မှာ ဝိညာဉ်မဏ္ဍိုင်သွေးကြောကို စုစည်းနိုင် ကတည်းက  အရည်အချင်းပြည့်မီတယ်လို့  ယူဆလို့ရပြီးသား။ သူ့မှာအလွန်ဆုံး ဝိဉာဉ် မဏ္ဍိုင်သွေးကြော သုံးလေးခု ရှိတယ် ။ ငါတို့နှစ်ယောက်စလုံးမှာ ဝိဉာဉ် မဏ္ဍိုင်သွေးကြော ဆယ်ခုရှိတယ်။ ဝိဉာဉ် မဏ္ဍိုင်သွေးကြော သုံး၊ လေးခုရှိတဲ့ ဂျူနီယာကို ဘာလို့ကြောက်ရမှာလဲ”

ထိုအချိန်တွင်  လျန်ရှီသည် မျက်မှောင်ကြုတ်ပြီး လောသန်းကို စိုက်ကြည့်နေသည်။

"ဘာလို့ ပိုပိုပြီး ​ကြောက်​​နေတာလဲ။ မင်းကိုငါ ပြောပါအုံးမယ်။  ဒီတခေါက် ရွှမ်တုတိုကင်ရဖို့ ငါတို့ အများကြီး ပေးဆပ်ခဲ့ရတယ်။ ငါတို့ လောက်လောက်ငှငှ မရရင် အကြီးအကဲတွေဆီကို ပြန်သွားတဲ့အခါ ဘယ်လိုရှင်းပြရမလဲ”

“ပြီးတော့ ဒီကလေးက ဂိုဏ်းကြီးတစ်ခုက ဖြစ်နိုင်တယ်။ သူ့မှာ ကောင်းတဲ့ ပစ္စည်းတွေအများကြီးရှိရမယ်။ ငါတို့ သူကိုရနိုင်ရင် ဒီခရီးစဉ်မှာ မှော်အဆီအနှစ်အရည်ကို ရှာမတွေ့ခဲ့ရင်တောင် ငါ့ရဲ့ဆုံးရှုံးမှုအချို့အတွက် ဖြည့်ဆည်းပေးနိုင်မှာ”

"ဒီကလေးဆီမှာ ထိပ်တန်းအဆင့် မှော်လက်နက်နှစ်ခုကို ငါရှာတွေ့ခဲ့ရင်..."

လျန်ရှီစကားကို နားထောင်ရင်း လောသန်း၏ မျက်လုံးများ တောက်ပလာသည်။ သူပါ သွေးဆောင်ခံရတာ သိသာသည်။

ဂိုဏ်းငယ်များ၏ တပည့်များအနေနှင့် ၎င်းတို့တွင် သာလွန်အဆင့်ရှိ မှော်လက်နက်များ တစ်မျိုး သို့မဟုတ် နှစ်ခုသာ ရှိသည်။ အကယ်၍ သူတို့သည် ထိပ်တန်းအဆင့် မှော်လက်နက်ကိရိယာကို ရရှိနိုင်ပါက အိပ်မက်ထဲတွင်ပင် ရယ်မောကြလိမ့်မည်။

ဒါကိုတွေးပြီး လောသန်းက တုံ့ဆိုင်းမနေတော့ပေ။ သူက အံကြိတ်ကာ ခေါင်းညိတ်သည်။

"လုပ်လိုက်ကြရအောင်”

နောက်ဆုံးတော့ အဲဒီကလေးက ငယ်သေးသည်။  သူ့မှာ အင်အားနည်းနည်း ရှိရင်တောင် အလောင်းဂိုဏ်းရဲ့တပည့်သုံးယောက် ဒါမှမဟုတ် ရင်ရှန်ပင်းနဲ့ ကွမ်ကျိုးတို့လို လူတွေနဲ့ ယှဉ်လို့မရပေ။

သူတို့မှာ ဝှက်ဖဲ မရှိတာမျိုး မဟုတ်ပေ။ ဒီကလေးကို ဖြုတ်ချဖို့ မခက်ပေ။

သဘောတူညီမှုရပြီးနောက် သူတို့နှစ်ဦးသည် လင်းရှန်၏နောက်သို့ ချက်ချင်း လိုက်သွားကြသည်။

အချိန်အတော်ကြာ ပျံသန်းပြီးနောက် လင်းရှန်သည် တိတ်ဆိတ်သောနေရာကို ရှာတွေ့ခဲ့ပြီး ကမ္ဘာကိုအံ့ဩစေခြင်း ကိုယ်ပွါးမှလွဲ၍ သူ၏ကိုယ်ပွားအားလုံးကို ခေါ်ယူခဲ့သည်။ ထို့နောက် သူတို့က ဖြန့်ကျက်ပြီး မှော်အဆီအနှစ်သစ်သား  ဝိညာဉ်ကို ရှာဖွေကြသည်။

သူသည် နဂါးအစွယ် ပျံသန်းခြင်းသင်္ဘောမှာရှိတုန်းက  မှော် အဆီအနှစ်သစ်သား  ဝိညာဉ်ကိုဘယ်လိုဖမ်းယူရမလဲဆိုတာ  ချွီခယ်ကို မေးထားပြီးသားပင်။

မှော်အဆီအနှစ်သစ်သား  ဝိညာဉ်သည် သစ်သားဂုဏ်ရည်ရှိပြီး ဝိညာဉ်ရေးရာအနှစ်သာရကို စုပ်ယူရန် နှစ်သက်သည်။ ထို့ကြောင့် ဝိညာဉ်သစ်ပင်များတွင် မကြာခဏ တွယ်ကပ်နေတတ်၏

ထို့ကြောင့် ဝိညာဥ်သစ်သားနှင့် ဝိညာဉ်ဆေးပင်များ ပေါက်ရောက်သည့်နေရာကို သူရှာသရွေ့ သူသည် မှော်အဆီအနှစ်သစ်သား ဝိညာဉ်ကို ရှာဖွေတွေ့ရှိနိုင်မည် ဖြစ်သည်။

"သနားစရာပဲ။ ဒါကို ငါသိရင် အိုက်ကို ဒီကို ခေါ်လာခဲ့ပါတယ်”

လင်းရှန်က သူ့ဘာသာ တွေးနေမိသည်။

အိုက်၏ သဘာဝဝိညာဉ်ရေးရာအနှစ်သာရအပေါ် စိတ်အားထက်သန်စွာ အာရုံခံစားနိူင်မှုသည် ဤအခါသမယအတွက် ပြီးပြည့်စုံပေသည်။

သူ့ခေါင်းကို ခါယမ်းရင်း  လင်းရှန်သည် အာရုံပျံ့လွင့်နေသော အတွေးများကို ထိန်းကာ ရှာဖွေရန် အာရုံစိုက်လာခဲ့သည်။

ရွှမ်တုတောင်ကို တောင်ဟု ခေါ်သော်လည်း အမှန်တကယ်အားဖြင့် ကီလိုမီတာထောင်ပေါင်းများစွာ လွှမ်းခြုံထားသည့် တောင်များအုပ်စုဖြစ်သည်။

ကျင့်ကြံသူ နှစ်ထောင်လောက် ရှိပေမယ့် ရွှမ်တုတောင်တပြင်လုံး ပြန့်ကျဲသွားပြီးနောက် ပင်လယ်ထဲကို ကျောက်ခဲနဲ့ ပစ်ချလိုက်သလိုပင်။ သူတို့သည် မည်သည့်တွေ့ဆုံမှုမျှ မဖြစ်ပေါ်ခဲ့ပေ။

လင်းရှန်သည် အချိန်အတော်ကြာအောင် လိုက်ရှာသော်လည်း မည်သူနဲ့မှ မတွေ့ပေ

All Chapters