← Chapters

ငါ့ကိုရှာနေတာလား။ (၃)

Vol. 18 Ch. 278

ငါ့ကိုရှာနေတာလား။ (၃)

Vol. 18 Ch. 278

သို့သော် သူသည် ထိုသို့မြင်ရတာကို ပျော်ပါသည်။

သူနှင့်ကိုယ်ပွါးခြောက်ယောက်သည် လူခွဲကာ  တစ်ချိန်တည်းတွင် ရှာဖွေခဲ့ကြသည်။ သူတို့သည် အလွန်လျင်မြန်ကြသည်။ ပျမ်းမျှအားဖြင့် သူတို့သည် နာရီဝက်လောက်နဲ့  တောင်တစ်ခုလုံးကို ရှာဖွေနိုင်သည်။

ဤနည်းလမ်းသည် အချိန်ကုန်ပြီး စွမ်းအင်ကုန်သော်လည်း လင်းရှန်အတွက် လက်တွေ့နှင့် အထိရောက်ဆုံးနည်းလမ်းဖြစ်သည်။

တောင်ဆယ်တောင်ကျော်ကို ဆက်တိုက်ရှာဖွေပြီးနောက် လင်းရှန်၏အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး တိကျသော ဦးတည်ရာသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။

ခဏအကြာတွင် သူသည် တောင်ကြီးတစ်ခု၏ ခါးနားသို့ ရောက်ရှိလာပြီး တောအုပ်တစ်ခုပေါ်သို့ ဆင်းသွားသည်။

သန့်စင်သောယန်စွမ်းအား ခန္ဓာကိုယ်နဲ့ ကိုယ်ပွါးသည် ဤနေရာတွင် စောင့်နေပြီဖြစ်သည်။

မီတာ ၅၀၀မှ ၆၀၀ ခန့်အကွာတွင် လူဆယ်ယောက်ထက်မနည်း လက်ချင်းချိတ်လို့ရသော   မီတာနှစ်ဆယ်ကျော်မြင့်သည့်ညောင်ပင်ကြီးတစ်ပင်သည် 

ခံ့ညားထည်ဝါစွာ  ရှိနေသည်။

အဝေးမှပင် ညောင်ပင်မှ ထုတ်လွှတ်သော တက်ကြွလန်းဆန်းမှုကို သူ ခံစားနိုင်သည်။ အဲ့တာက သိပ်သည်းလွန်းလို့ အံ့ဩဖို့ကောင်းလေ၏

“အနည်းဆုံး နှစ်ပေါင်း ၆၀၀ ကနေ ၇၀၀ လောက်ရှိပြီပဲ။ သူ့ရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို မကြာခင် နိုးထသင့်ပြီ”

လင်းရှန်သည် အံ့ဩလွန်းလို့ ပါးစပ်အဟောင်းသားဖြစ်သွားသည်။

လမ်းတစ်လျှောက်တွင် ရွှမ်တုတောင်ရှိ အပင်များသည် ဝိညာဉ်ရေးရာအနှစ်သာရဖြင့် အာဟာရပြည့်ဝနေပြီး ပြင်ပကမ္ဘာရှိ အပင်များထက် ပိုမိုသန်စွမ်းကြောင်း သူ သတိပြုမိခဲ့သည်မှာ ကြာချေပြီ။

ပုံမှန်အခြေအနေအရ ညောင်ပင်တစ်ပင်သည် ၎င်း၏ဉာဏ်ရည်ကို နိုးကြားစေလိုပါက အနည်းဆုံး နှစ်တစ်ထောင်အထိ ကြီးထွားရမည်ဖြစ်သည်။

သူ့ရှေ့ရှိ ညောင်ပင်ကြီးသည် တစ်နှစ်ပတ်လုံး ဝိညာဉ်ရေးအနှစ်သာရဖြင့် ပြည့်ဝနေသည်။ သက်တမ်း ၆၀၀မှ ၇၀၀သာရှိသေးသော်လည်း ဝိညာဉ်သစ်ပင် ဖြစ်လာသည့်လက္ခဏာများ ပြသနေပြီဖြစ်သည်။ အဲ့တာက ဤထူးခြားသော ပတ်ဝန်းကျင်ကို ကျေးဇူးတင်စရာပင်။ 

ထိုကဲ့သို့သော ဝိညာဉ်သစ်သားသည်  မှော်အဆီအနှစ် သစ်သားဝိညာဉ် ရှိရန် အခွင့်အလမ်းမြင့်မားသည်။

တကယ်တော့  ညောင်ပင်နားသို့ ချဉ်းကပ်လာသည်နှင့်အမျှ လင်းရှန်သည် ထိုအထဲတွင် ထူးဆန်းသော အရိပ်အယောင်ကို ယောင်ဝါးဝါး ခံစားနိုင်နေပြီဖြစ်သည်။ ၎င်းသည် စက္ကူဖြူတစ်ရွက်ပေါ်တွင် မှင်အစက်အပြောက်ကဲ့သို့ဖြစ်ပြီး အလွန်ထင်ရှားသည်။

တစ်ချိန်တည်းမှာပင် သူသည် ထူးဆန်းသောရနံ့ကို တဖြည်းဖြည်း ရှူရှိုက်မိခဲ့သည်။

ဤအရာအားလုံးသည် မှော်အဆီအနှစ် သစ်သားဝိညာဉ်တည်ရှိမှုကို ညွှန်ပြနေသည်။

လင်းရှန်က တုန်လှုပ်သွားပြီး သူ့လှုပ်ရှားမှုတွေက ပေါ့ပါးလာသည်။ တစ်ချိန်တည်းမှာပင် သူနဲ့ သန့်စင်သော ယန်စွမ်းအား ခန္ဓာကိုယ်ပေါ်တွင် ဖုံးကွယ်ခြင်းအဆောင်နဲ့ လွတ်မြောက်ခြင်းအဆောင်ကို ကပ်ထားသည်။ ထို့နောက် ညောင်ပင်ကြီးဆီသို့ ဂရုတစိုက် ချဉ်းကပ်လာသည်။

ညောင်ပင်၏ မီတာတစ်ရာအကွာအဝေးရောက်တော့ လင်းရှန်သည် ညောင်ပင်ထိပ်ရှိ ထူးဆန်းသော အသံတစ်ခုကြားလိုက်ရသည်။

သူ ကြည့်လိုက်တော့ ခေါင်းပေါ်မှာ ကျစ်ဆံမြီးနဲ့ လက်ဖဝါးအရွယ် ကလေးတစ်ယောက် ရပ်နေတာကို တွေ့လိုက်ရတယ်။ သူသည် သစ်ကိုင်းတစ်ခုပေါ်တွင်ထိုင်ကာ ကျေနပ်သောအမူအရာဖြင့် ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များကို စုပ်ယူနေသည်။ ရံဖန်ရံခါ ကခုန်ရယ်မောတတ်၏။

"မှော်အဆီအနှစ်သစ်သားဝိညာဉ်"

လင်းရှန် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ဒါကိုမြင်တော့ သူ မတုန်လှုပ်တော့ပေ။ သူသည် သစ်ပင်အနောက်ကနေ ပြေးထွက်လာပြီး ညောင်ပင်ထိပ်ပေါ်ရှိ မှော်အဆီအနှစ်သစ်သားဝိညာဉ်ဆီကို ခုန်ချလိုက်သည်။

သစ်ပင်ထိပ်ပေါ်ရှိ မှော်အဆီအနှစ်သစ်သားဝိညာဉ်သည် တုန်လှုပ်ချောက်ချားမှုကို ချက်ချင်းခံစားလိုက်ရသည်။ လှည့်ကြည့်လိုက်တော့ သူ့မျက်နှာက ချက်ချင်းဖြူဖျော့သွား၏။  ငိုသံနှင့်အတူ လှည့်ကြည့်ကာ သစ်ပင်ပေါ်မှ ပြေးဆင်းသွားသည်။

အပင်ဝိညာဉ်များကဲ့သို့သော နတ်ဆိုးများသည် အများအားဖြင့် မြေအောက်၌ ပုန်းနေခြင်းဖြင့် လွတ်မြောက်နိုင်စွမ်းရှိကြသည်။ ကျင့်ကြံသူသည် ၎င်းကို ခြေရာခံရန် ဝိညာဉ်ရေးရာအာရုံများကို အသုံးပြုသော်လည်း သာမန် ကျင့်ကြံသူများသည် ၎င်း၏ လမ်းကြောင်းကို ပျောက်သွားတတ်သည်။ 

လင်းရှန်ကတော့ သူ့၏ သားကောင်ကို လွယ်လွယ်နဲ့ လွတ်အောင် ထားမှာ မဟုတ်ပေ။ သူက  တွေးမနေဘဲ လက်ညိုးထိုးကာ လှမ်းအော်သည်။

“အေးခဲစမ်း”

ထိုအသံကြောင့် မှော်အဆီအနှစ်သစ်သားဝိညာဉ်သည် ချက်ချင်း ရပ်တန့်သွားခဲ့သည်။ သူသည် မတုန်မလှုပ်ဖြစ်နေပြီး သူ့မျက်လုံးများကသာ ကြောက်လန့်တကြား လှည့်ပတ်နေလေသည်။

ခွန်အားနှင့် ကျင့်ကြံမှုအရ မှော်အဆီအနှစ်သစ် သားဝိညာဉ်သည်  မှော်အဆင့်ဝိညာဉ်ရေးရာသားရဲနှင့် မနှိုင်းယှဉ်နိုင်သော်လည်း ၎င်း၏လွတ်မြောက်နိုင်စွမ်းမှာ မြင့်မားသည်။

သို့သော်လည်း လင်းရှန်၏ ပဉ္စမအဆင့် မရွေ့လျားစွမ်းအားသည် သူ့၏ရွေ့လျားနိုင်မှုအား ချက်ချင်း ရပ်တန့်သွားစေခဲ့သည်။

လင်းရှန်သည် လျှပ်စီးကဲ့သို့ ပြေးထွက်သွားခဲ့သည် ။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် မှော်အဆီအနှစ်သစ်သားဝိညာဉ်နှင့် ငါးမီတာအကွာတွင် ရှိနေသည်။

အရေးကြီးသောအခိုက်အတန့်တွင် အဆီအနှစ်သစ်သားဝိညာဉ်သည် အော်ဟစ်ပြီး နောက်ဆုံးမှာတော့ မှော်စွမ်းအားများမှ လွတ်မြောက်သွားသည်။

မြေအောက်ကို လွတ်မြောက်ဖို့တော့ အရမ်းနောက်ကျသွားပြီ။ သူသည် သူ့ဘေးနားရှိ ညောင်ပင်ကို တိုက်ချပြီး ခဏချင်းပင် ပျောက်ကွယ်သွားခဲ့သည်။

သူပြန်ပေါ်လာသောအခါ မီတာသုံးဆယ်ကျော်မြင့်သော သစ်ပင်ကြီးတစ်ပင်မှ ထွက်လာသည်။

"ဟား”

ဘေးအန္တရာယ်မှလွတ်မြောက်ခဲ့သော မှော်အဆီအနှစ်သစ်သားဝိညာဉ်သည် ကျယ်

လောင်စွာ ရယ်မောပြီး လင်းရှန်ကို ရင်ဆိုင်လိုက်သည်။ ထို့နောက် သူသည် မြေတွင်း၌ နစ်မြုပ်ကာ ထွက်ပြေးသွားခဲ့သည်။

သို့သော် ထိုအခိုက်အတန့်တွင် သစ်ပင်၏အရိပ်မှ လူတစ်ယောက် ရုတ်တရက်ထွက်ပေါ်လာပြီး သစ်သားဝိညာဉ်ကို အလွယ်တကူ ဖမ်းယူသွားခဲ့သည်။

"ဟာ”

သတိမမူမိသော မှော်အဆီအနှစ်သစ်သားဝိညာဉ်သည် ကြောက်လန့်တကြား အော်ဟစ်ကာ အရူးအမူးရုန်းကန်ခဲ့သည်။ ကံမကောင်းစွာနဲ့ သူ့လက်ဖဝါးအရွယ် ခန္ဓာကိုယ်က ခွန်အားသိပ်မရှိတော့ အားကောင်းလှသည့် လက်ဖဝါးနဲ့ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတာ ခံလိုက်ရသည်။

လက်ဖဝါးပိုင်ရှင်သည် အမှန်တကယ်ပင် သန့်စင်သော ယန်စွမ်းအား ခန္ဓာကိုယ်၏ ကိုယ်ပွားဖြစ်သည်။

မှော်အဆီအနှစ်သစ်သားဝိညာဉ်သည် လင်းရှန်ကို အာရုံစိုက်နေချိန်တွင် သူသည် အရိပ်ခိုခြင်းနည်းစနစ်ကိုအသုံးပြုပြီး မှော်အဆီအနှစ်သစ်သားဝိညာဉ်၏ နောက်ကွယ်မှ တွားသွားကာ ၎င်းကို တစ်ကြိမ်တည်းဖြင့် အောင်မြင်စွာ ဖမ်းယူနိုင်ခဲ့သည်။

ကိုယ်ပွားလက်ထဲက မှော်အဆီအနှစ်သစ်သားဝိညာဉ်ကိုကြည့်လိုက်တော့  လင်းရှန်က အံ့ဩသွားသည်။

သူ၏ခွန်အားနဲ့ဆို ထိုကဲ့သို့ အံ့အားသင့်ဖွယ် တိုက်ခိုက်မှုတစ်ခုဖြင့် မှော်အဆီအနှစ်သစ်သားဝိညာဉ်ကို မဖမ်းမိနိုင်ချေ။

ကိုယ်ပွါး၏အကူအညီကြောင့်မဟုတ်ပါက ထိုသူငယ်သည် အမှန်တကယ် လွတ်မြောက်သွားပေမည်။

ဒါက မှော်အဆီအနှစ်သစ်သားဝိညာဉ်ကိုဖမ်းယူရန် မည်မျှခက်ခဲတယ်ဆိုတာပင်။ ။

" ရှေးဟောင်းသစ်သားမြို့က မှော်အဆီအနှစ်သစ်သားဝိညာဉ်ကို နှစ်စဉ် များများစားစားရောင်းဝယ်တာမျိုးမလုပ်တာက  အံ့ဩစရာမရှိပါဘူး။ 

ကျင့်ကြံသူသခင် တစ်ဦးက  အရေးယူဆောင်ရွက်တာမျိုးမရှိရင် သာမန် တောက်ပသောဝင်ပေါက်အဆင့်ကျင့်ကြံသူတွေက  မှော်အဆီအနှစ်သစ်သားဝိညာဉ်ကိုဖမ်းယူဖို့ စွမ်းအင်နဲ့ အချိန်များစွာကို သုံးစွဲရမှာ”

မည်သည့်ဂိုဏ်းတွင်မဆို  ကျင့်ကြံသူသခင်များသည် အလွန်အရေးကြီးသော တိုက်ခိုက်ရေးအင်အားဖြစ်ပြီး အလွယ်တကူ မစုစည်းနိုင်ပေ။

ထို့အပြင် ကျင့်ကြံသူသခင်အများစုသည် ဂိုဏ်း၏အရေးကြီးသောရာထူးများကို တာဝန်ယူကြပြီး အလုပ်များကြသည်။ သူတို့ဘာသာ ကျင့်ကြံဖို့ အချိန်တောင် မလုံလောက်သည့်အတွက်  မှော်အဆီအနှစ်သစ်သားဝိညာဉ်ကို  ရှာဖွေဖမ်းယူဖို့ ဘယ်လိုအချိန်ဖြုန်းတီးနိုင်ပါ့မလဲ။

သူတွေးနေစဉ်တွင် လင်းရှန်သည် အော်ဟစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။

သူက ခေါင်းငုံ့ကြည့်လိုက်တော့ သူ့ကိုယ်ပွါးလက်ထဲက  မှော်အဆီအနှစ်သစ်သား

ဝိညာဉ်သည် မျက်ရည်တွေကို သူ့လက်သေးသေးတွေနဲ့ သုတ်နေတာ တွေ့လိုက်ရသည်။

လင်းရှန်ကရယ်လေ၏

သို့သော် လင်းရှန်သည် အလွန်လိမ္မာပါးနပ်ပြီး ဤထိုသူငယ်၏ သနားစရာကောင်းသော အသွင်အပြင်ကြောင့် သူလှည့်စားခံရမည်မဟုတ်ကြောင်း ကောင်းကောင်းသိသည်။ သူသည် သူ၏ကိုယ်ပွါးဆီမှ  မှော်အဆီအနှစ်

သစ်သားဝိညာဉ်ကိုယူကာ ကိုယ်ပွါးကို သစ်သားဝိညာဉ်များကို ရှာဖွေရန် ပြန်လွှတ်လိုက်သည်။

ထို့နောက် သူသည်  မှော်အဆီအနှစ်အရည်ကို ထုတ်ယူရန် ပြင်ဆင်ခဲ့သည်။

ဒါပေမယ့် သူဘာမှမလုပ်နိုင်ခင်မှာ ထိတ်လန့်သွားပြီး ဘယ်ဘက်ကို ကြည့်

လိုက်သည်။

အဲဒီကနေ စကားစမြည်ပြောသံ ထွက်လာသည်။ 

" အဲ့ဒီကောင် ဘယ်ရောက်သွားတာလဲ"

"အစ်ကိုရှီ၊ မင်းသံလိုက်အိမ်မြှောင်က တစ်ခုခုမှားနေပြီလား။ အဲ့တာက ဘာလို့နေရာစုံ လှည့်နေရတာလဲ"

“အဲဒါ မဖြစ်နိုင်ဘူး။ ဒီသံလိုက်အိမ်မြှောင်ကို အကြီးအကဲလျူက ငါ့ကို ပေးထားတာ။ အဲ့တာက အထူး လက်နက်တစ်ခုပဲ။ ဘယ်လိုပြဿနာရှိနိုင်မလဲ။ ကောင်လေးမှာ တစ်စုံတစ်ယောက်က သူ့ အရောင်အဝါကိုရှာမရအောင် ဟန့်တားနိုင်တဲ့ ရတနာတစ်ခု ရှိလို့ပဲနေမှာ ။”

"ဒါဆို ငါတို့ ဘာလုပ်ကြမလဲ"

“အလျင်မလိုပါနဲ့။  လမ်းတစ်လျှောက်မှာ အရောင်အဝါတွေရှိပါတယ် ။ ဒီသံလိုက်

အိမ်မြှောင်နဲ့ အရောင်အဝါတွေကို ပိုမိုစုဆောင်းလိုက်တဲ့အခါ  ပိုပြီး တိတိကျကျ ရှာဖွေနိုင်မှာပါ။  အဲဒီအချိန်မှာ ငါ သူ့ကို တွေ့ပြီပဲ…”

သူသည် စာကားအလယ်တွင် ရပ်လိုက်သည်။

အကြောင်းမှာ လျန်ရှီသည် ရှေ့မလှမ်းမကမ်းတွင် ရပ်နေသော လူတစ်ယောက်ကို ရုတ်တရက်တွေ့လိုက်ရသောကြောင့်

ဖြစ်သည်။ ရင်းနှီးသောမျက်နှာတစ်ခုက သူ့ကိုပြုံးပြနေသည်။

"ကျွန်တော်ကို ရှာနေတာလား"

All Chapters