← Chapters

အကန့်အသတ်ကို ဖြတ်ကျော်ခြင်း (၁)

Vol. 18 Ch. 279

အကန့်အသတ်ကို ဖြတ်ကျော်ခြင်း (၁)

Vol. 18 Ch. 279

လင်းရှန်က သူတို့နှစ်ယောက်ကို အပြုံးမပျက် ကြည့်နေသည် ။

ဒီကောင်နှစ်ကောင်က သူ့နောက်ကို လိုက်ဖို့ကြိုးစားနေသည်။  ရွှမ်တုတောင်မှာတောင် သူနောက်ကို လိုက်နေတုန်းပင်။

လောသန်းက အသံကိုကြားလို့ မျှော်ကြည့်တော့ လင်းရှန် ဖြစ်နေသည် ။ တုန်လှုပ်သွားပြီးနောက် သူ့လက်နက်ကို မဆိုင်းမတွ ထုတ်ယူလိုက်သည်။

ဒါကိုမြင်လိုက်သောအခါလျန်ရှီ၏မျက်လုံးထောင့်များ တုန်လှုပ်သွားသည်။ သူသည် လောသန်းကို စိုက်ကြည့်ကာ စိတ်ပျက်သွားသည် ။

မူလက သူသည် လင်းရှန်အပေါ် ပျူငှါချင်ယောင် ဟန်ဆောင်ပြီး ခိုးဝင်တိုက်ခိုက်ရန် စောင့်ဆိုင်းနေခဲ့သည်။ ယခုမူ လောသန်းသည် ထိုအကြံအစည်ကို ပျက်ပြားသွား စေသည်။

ဒီအချိန်မှာ သူတို့က တိုက်ရိုက် တိုက်ခိုက်မှုကိုပဲ လုပ်နိုင်တော့သည်။

လျန်ရှီက ရယ်မောလိုက်သည်။ သူစကားပြောခါနီးတွင် အကြည့်များသည်  လင်းရှန် လက်ဖဝါးပေါ်သို့ ကျရောက်လာသည်။ သူ့မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားသည်။

"မှော်အဆီအနှစ် သစ်သားဝိညာဉ်”

ထိတ်လန့်သွားပြီးနောက် လျန်ရှီသည် အလွန်ဝမ်းသာသွားပြီး အသံထွက်ရယ်လေသည်။

"ငါ အဲဒါကို ရှာနေခဲ့တာ။ အခုတော့ အားထုတ်မှု မရှိဘဲ ရှာတွေ့ပြီ”

"ငါက မှော်အဆီအနှစ် သစ်သားဝိညာဉ်ကို ဘယ်မှာရှာရမလဲလို့ တွေးနေတုန်း၊ ဒါပေမယ့် ငါ့တံခါးဝကို အဲ့တာက ရောက်လာပြီ”

ခဏလောက် ရယ်မောပြီးနောက် လျန်ရှီက ရယ်တာကို ရပ်လိုက်ကာ  လင်းရှန်ကို ရက်စက်စွာ စိုက်ကြည့်နေ၏

“မင်းက ကံကောင်းတဲ့ကောင်ပဲ။ မင်း မှော်အဆီအနှစ် သစ်သားဝိညာဉ်ကို မြန်မြန်ဖမ်းမိသွားတယ်။ ကံမကောင်းစွာပဲ မင်းက အဲ့တာကို ကြာကြာကိုင်မထားနိုင်တော့ဘူး။  မင်းအတွက်ကောင်းတဲ့အရာကို မင်းသိရင် အဆီအနှစ် သစ်သားဝိညာဉ်ကိုကို ငါ့ဆီ လွှဲပေးလိုက်။ အဲ့တာဆို  မင်းကို ထွက်သွားခွင့်ပေးမယ်”

လျန်ရှီ၏ မျက်လုံးများ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်

သူက လင်းရှန် ထွက်သွားခိုင်းဖို့ တကယ်မရည်ရွယ်ခဲ့ပေ။

သို့သော် မှော်အဆီအနှစ် သစ်သားဝိညာဉ်သည် လက်ရှိတွင် လင်းရှန်လက်ထဲတွင် ရှိနေသည်။ သူအရမ်းဖိအားပေးလျှင် လင်းရှန်က သစ်သားဝိညာဉ်ကို လွတ်မြောက်စေနိုင်သည်။ ထိုအခါ သူပြန်ဖမ်းဖို့ ခက်လိမ့်မည်ပင်။

ထို့ကြောင့် လင်းရှန်ကို ငြိမ်သက်စေရန် ဦးစွာ စီစဉ်ခဲ့သည်။ လင်းရှန်ထံမှ မှော်အဆီအနှစ် သစ်သားဝိညာဉ်ကို ယူပြီးမှဆို ကောင်လေးက နောက်ကျ သူ့ကိုအသနားခံရမည်ပင်။

လင်းရှန်သည် လျန်ရှီကို တစ်ချက်ကြည့်လိုက်ပြီး သူ့ရည်ရွယ်ချက်ကို ချက်ချင်း ခန့်မှန်းလိုက်သည်။ သူသည် ပြုံးလိုက်ကာ ပြင်ဆင်ထားသော သားရဲသိုလှောင်

အိတ်ထဲသို့ မှော်အဆီအနှစ်သစ်သားဝိညာဉ်ကို ထည့်ထားလိုက်သည်။

လျန်ရှီ၏အမူအရာသည် ချက်ချင်းပင် မဲမှောင်သွားခဲ့သည်။ သူက အေးစက်တဲ့လေသံနဲ့ "ကလေး၊ ကမ်းလှမ်းမှုကို လုပ်သင့်တယ်လေ”

"ဒါမှမဟုတ်ရင် ဘာလဲ?"

လင်းရှန်သည် မျက်မှောင်ကြုတ်လိုက်ပြီးမျက်လုံးထဲတွင် အေးစက်သော အရိပ်တစ်ခု ရှိနေသည်။

သူ သိပ်မလှုပ်ရှားသော်လည်း ဓားပုံစံ စွမ်းအင်ခုနစ်သွယ်သည် ရုတ်တရက် လေထဲတွင် စုစည်းကာ ၎င်း၏အမြီးကို ဖြန့်ထားသည့် ဒေါင်းတစ်ကောင်ကဲ့သို့ သူ့နောက်မှ ခွဲထွက်သွားသည်။

နောက်အခိုက်အတန့်တွင် စူးရှထက်မြက်သော လေကိုဖောက်ထွက်သွားသည့်အသံက ရုတ်တရက် ထွက်ပေါ်လာသည်။

လျှပ်စီးကြောင်းကဲ့သို့ စွမ်းအင်ခုနစ်ဆင့် ပေါက်ထွက်ကာ လျန်ရှီနှင့် လောသန်းဆီ ပစ်လွှတ်လိုက်သည် ။

စွမ်းအင်တွင်ပါရှိသော ကြောက်စရာကောင်းသော စွမ်းအားကို ခံစားလိုက်ရသဖြင့် လျန်ရှီနဲ့ လောသန်းနှစ်ယောက်စလုံး ထိတ်လန့်သွားကြသည်။

လျန်ရှီက အရင်တုံ့ပြန်လိုက်သည်။ သူသည် အော်ဟစ်ပြီး ဘေးနားသို့ ချက်ချင်း ရှောင်ထွက်သွားသည်။ တစ်ချိန်တည်းမှာပင် သူသည် အရိုးကျောက်ပြားတစ်ချပ်ကို ထုတ်ယူကာ လက်ကို မြှောက်ပြီး စိမ်းစိုနေသော မျက်နှာပြင်နှင့် အစွယ်များပါသော ဒိုင်းတစ်ခုအဖြစ်သို့ ပြောင်းလဲလိုက်သည်။

ကလန် ကလန်

ဓားစွမ်းအင်နှစ်သွယ်သည် အရိုးဒိုင်းကို တစ်ချိန်တည်းနီးပါး ထိမှန်သွားသည်။ မီးပွှါး များသည် နေရာတိုင်းသို့ ပျံ့သွားကာ ဒိုင်းမျက်နှာပြင်ပေါ်တွင် သိသာထင်ရှားသော အပေါက်နှစ်ခု ပေါ်လာသည်။

ဒါကို သူ့မျက်လုံးထောင့်ကနေ မြင်လိုက်တာနဲ့ လျန်ရှီက အံ့ဩသွားသည်။

အရိုးခေါင်းဒိုင်းကာသည် သူ့တွင် ရှိသည့်တစ်ခုတည်းသော သာလွန်အဆင့် မှော်လက်နက်ဖြစ်သည်။ ပျက်စီးမှုကနေ ပြန်မကောင်းခင် နှစ်ပတ်ကြာသည့်အထိ သူ၏ဝိညာဉ်ရေးရာအနှစ်သာရဖြင့် ကျင့်ကြံရပေမည်။

လင်းရှန်၏ တိုက်ခိုက်မှုစွမ်းအားကြောင့်လည်း သူ အံ့အားသင့်သွားခဲ့သည်။

ဓားစွမ်းအင် နှစ်ဆင့်ကတောင် သူ၏ သာလွန်အဆင့် ထူးဆန်းသော လက်နက်ကို ပျက်စီးစေနိုင်သည်။ ခုနစ်စင်းစလုံးသာထိမိပါက ဒိုင်းသည် လုံးဝပျက်စီးသွားနိုင်သည်။

ထိုအခိုက်တွင် လျန်ရှီသည် ကြီးမားသော အမှားတစ်ခုကို လုပ်မိကြောင်း သဘောပေါက်သွားသည်။

သူ့ရှေ့က လူငယ်လေးဟာ သူမျှော်လင့်ထားသလို ဝိညာဉ်မဏ္ဍိုင်သွေးကြော သုံးလေးခုပဲ ရှိတာ မဟုတ်ပေ။

အခု တိုက်ခိုက်မှုကို ကြည့်ရသလောက် သူ့မှာ အနည်းဆုံး ဝိညာဉ်မဏ္ဍိုင်သွေးကြော  သုံးဆယ်လောက် ရှိသည်။

လျန်ရှီသည် ခါးသီးစွာ ခံစားလိုက်ရသည်။

ဒီကလေးက အရမ်းသန်မာတယ်ဆိုတာသိသာသည် ။ အဲ့တာကို အရင်က သူဘာကြောင့် မပြခဲ့တာလဲ ။

သူသည် သူ၏ခွန်အားအနည်းငယ်ကို ထုတ်ပြပြီး လျန်ရှီကို ဆုတ်ခွါသွားအောင်လုပ်ခဲ့လျှင် ယနေ့အခြေအနေမျိုး ဖြစ်မလာပေ။

ကံမကောင်းစွာပဲ နောင်တရဖို့ အရမ်းနောက်ကျသွားချေပြီ။

ထိုအချိန်တွင် သနားစရာကောင်းသော အော်သံက ရုတ်တရက် ထွက်ပေါ်လာသည်။

လျန်ရှီသည် လောင်သန်းအသံမှန်းချက်ချင်း မှတ်မိသည်။ လှည့်ကြည့်လိုက်တော့ သူ့ဝိညာဉ်လွင့်မတတ် ကြောက်သွားသည်။

လောသန်းသည် လျန်ရှီကဲ့သို့ လျင်မြန်စွာ မတုံ့ပြန်ခဲ့ပေ။ သူတုံ့ပြန်ပြီး ရှောင်တိမ်းချင်သည့်အချိန်၌ နောက်ကျနေပြီဖြစ်သည်။ သူသည် ဓားစွမ်းအင်ကို တားဆီးရန်ရန် သူ့ကိုယ်သူ အားတင်းကာ ကြေးတူများကို လွှဲခဲ့သည်။

 ကလန်ဟူသော အသံနဲ့အတူ ကြေးနီတူနှစ်ချောင်းကို စွမ်းအင်နှစ်ခုက ရိုက်ချလိုက်ပြီး ကျန်သုံးချက်က သူ့ကို တိုက်ရိုက်ထိမှန်သည်။

မှိန်ဖျော့ဖျော့ အလင်းရောင်တစ်ခု လင်းလာပြီးမှိန်မသွားမီ တခဏမျှသာ ကြာသည်။

ဓားစွမ်းအင် ခုနစ်ခုရှေ့တွင် လောသန်း၏ အလယ်အလတ်တန်းစား ၀တ်စုံသည် မပျက်စီးမီ တခဏသာ ကြာခဲ့သည်။

အလင်းကွယ်သွားသည့်အခိုက်တွင် လောသန်းသည် လျှပ်စီးလက်သလို လွင့်ပျံသွားသည်။ သူ ပြုတ်ကျသောအခါ သူ့ရင်ဘတ်တွင် သွေးထွက်သံယို အပေါက်သုံးပေါက် ရှိနေပြီး တစ်ခုက နှလုံးတွင်ဖြစ်သည်။

ဒီမြင်ကွင်းကိုမြင်လိုက်ရတော့  လျန်ရှီသည် ကျောရိုးထဲတွင် အေးစိမ့်သွားပြီး ရေခဲလှိုဏ်ဂူထဲကို ကျသွားသလို ခံစားလိုက်ရသည်။

လောသန်းသည် လျန်ရှီထက် အားမနည်းသော်လည်း  လင်းရှန်၏ တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရသည်။ အကယ်၍ တိုက်ပွဲဆက်ဖြစ်နေပါက  လျန်ရှီသည် လောသန်း၏နောက်သို့  လိုက်ရမှာ သေချာသည်။

ယခုအချိန်တွင် လျန်ရှီသည် မှော်အဆီအနှစ်သစ်သားဝိညာဉ်နှင့် ပတ်သက်၍ မည်သည့် အတွေးအမြင်မှ မရှိတော့ပေ။ သူ့မှာ ရှိသမျှက လွတ်မြောက်ဖို့ပင်။

ထိတ်လန့်သောအမူအရာဖြင့် သူ့အင်္ကျီလက်မှ တစ်စုံတစ်ခုကို ထုတ်ယူကာ လင်းရှန်ဘက်သို့ ပစ်ချလိုက်သည်။ ထို့နောက် လှည့်မကြည့်ဘဲ အဝေးသို့ အမြန်ပြေးသွားခဲ့သည်။

အရာဝတ္ထုသည် ကြက်မောက်သီး အရွယ်မျှသာ ဖြစ်သည်။ ၎င်းသည် သံမဏိပုတီးစေ့ကဲ့သို့ ဝိုင်းနေသော်လည်း ၎င်း၏မျက်နှာပြင်သည် လျှပ်စီးကြောင်းပုံစံများဖြင့် ဖုံးအုပ်ထားသည်။

လမ်းတစ်ဝက်မှာ ပုတီးစေ့က ရုတ်တရက် မျက်စိစူးစေသည့် အလင်းရောင်ကို ထုတ်

လွှတ်လိုက်သည်။

လေကို လောင်ကျွမ်းစေသော ပေါက်ကွဲသံနှင့်အတူ အဖြူရောင် တောက်နေသော အလင်းတန်းတစ်ခုက ရုတ်တရက် နေရာကိုဖြတ်သွားကာ လင်းရှန်ဆီကို ပေါက်ကွဲသွားသည်  ။

ချက်ချင်းပင် အလင်းတန်းများသည် အရပ်ရပ်သို့ လွင့်စင်သွားကာ ပတ်ဝန်းကျင်သစ်ပင်များကို ထိမှန်သွားသည် ။

ပေါက်ကွဲမှုများကြားတွင် ထူထပ်သော သစ်ပင်ဆယ်ပင်ကျော်သည် တစ်ဝက်ခန့် ပြတ်သွားခဲ့သည်။ ထို့နောက် မျက်စိတစ်မှိတ်အတွင်း မီးလောင်ပြီး မီးသွေးအဖြစ်သို့ ပြောင်းလဲသွားကြသည်။

သို့သော်လည်း ဖုန်မှုန့်များ လွင့်စင်သွားသောအခါတွင် လျှပ်စီး၏ အလယ်ဗဟိုတွင်ရှိနေသည့် လင်းရှန်သည် ဒဏ်ရာလုံးဝမရရှိခဲ့ပေ။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်ချပ်ဝတ်တန်ဆာအလွှာက သူ့ကို ကာကွယ်ပေးခဲ့သည်။

All Chapters