အကန့်အသတ်ကို ဖြတ်ကျော်ခြင်း (၂)
Vol. 18 Ch. 280
မီတာရာနဲ့ချီအဝေးကို ပြေးလာသည့် လျန်ရှီက လှည့်ကြည့်လိုက်တော့ ဒီမြင်ကွင်းကို မြင်လိုက်ရသည် ။ သူ့မျက်လုံးတွေ ပြူးထွက်လုမတတ်။
ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ?
ထိုမိုးကြိုးပုတီးစေ့သည် သူ၏ အသက်ကယ်လှုပ်ရှားမှုဖြစ်သည်။ ခေါင်းကိုထိလိုက်
သည်နှင့် တစ်ပြိုင်နက် ဝိညာဉ်မဏ္ဍိုင်သွေးကြော သုံးဆယ်ကျော်ရှိသော တောက်ပသောဝင်ပေါက်အဆင့် ကျင့်ကြံသူသည် မသေပါက ပြင်းထန်စွာ ဒဏ်ရာရသွားမည်ဖြစ်သည်။ သို့သော် ထိုလူက ဒဏ်ရာတစ်စုံတစ်ရာမရှိဘဲ ပိတ်ဆို့နိုင်ခဲ့သည်။
ဘာတွေဖြစ်နေတာလဲ?
လျန်ရှီ၏နှလုံးမှာ နစ်မြုပ်သွားသည်။
အိုး
အဝတ်အစားတွေ တဖျပ်ဖျပ်ခတ်သံက သူ့နောက်ကနေ ရုတ်တရက် ထွက်ပေါ်လာသည်။လျန်ရှီ တချက်ကြည့်လိုက်တော့ လင်းရှန်က သူ့ကို ဖမ်းမိပြီဆိုတာ တွေ့လိုက်ရသည်။ သူ့အရှိန်က လျှပ်စီးလက်သည်ထက် ပိုမြန်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် လျန်ရှီ၏ မီတာတစ်ရာအတွင်း၌ ရှိနေသည်။
နောက်အခိုက်အတန့်တွင် မီတာတစ်ရာရှည်သော ကြက်သွေးရောင်လက်ဖဝါးသည် လေဖိအားနည်းရပ်ဝန်းမှ ထွက်ပေါ်လာပြီး အရာအားလုံးကို ကြေမွစေသော အရောင်အဝါဖြင့် လျန်ရှီကို ရိုက်ချလိုက်သည်။
တောင်ကြီးကဲ့သို့ ဖိအားတစ်ခုက ရုတ်တရက်ကျဆင်းလာပြီး လျန်ရှီကို ဖုံးအုပ်လိုက်သည်။
သူ့မျက်နှာသည် တခဏချင်း ဖြူဖျော့သွား၏။ သူက အသနားခံချင်ပေမယ့် အသံမထွက်ခင်မှာဘဲ နီမြန်းတဲ့ လက်ဖဝါးက ပြင်းပြင်းထန်ထန် ရိုက်ချလိုက်ချေသည်။
ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ လျန်ရှီနှင့် မီတာများစွာ အကွာအဝေးရှိသစ်ပင်များသည် ပြာများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
လင်းရှန်သည် အေးအေးဆေးဆေး ပျံဝဲကာ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ သိုလှောင်အိတ်တစ်လုံးသည် ပူလောင်သောမြေကြီးကို ဖောက်ထွင်းဝင်ရောက်ကာ သူ့လက်ဖဝါးပေါ်သို့ ကျသွားသည်။
သူက အိတ်ကိုဖွင့်ပြီး အကြမ်းဖျင်းကြည့်လိုက်သည်။ ဝိညာဉ်ပုံဖော်ခြင်းဆေး ခုနစ်လုံးမှလွဲ၍ ဘာမှတန်ဖိုးရှိတာ မရှိပေ။
လောသန်း၏ သိုလှောင်အိတ်သည်လည်း အတူတူပင်။
လင်းရှန်က ခေါင်းယမ်းလိုက်သည်။
သူတို့ နှစ်ယောက်က တကယ်ဆင်းရဲလေသည်။ ရွှမ်တုတိုကင်များ လဲလှယ်ရန် ၎င်းတို့၏ ကြွယ်ဝမှုအားလုံးကို အသုံးပြုခဲ့ကြတာများလား
လင်းရှန်သည် ပစ္စည်းကို သိုလှောင်အိတ်ထဲသို့ တိတ်တဆိတ် ပစ်ထည့်လိုက်ပြီး နောက်ပြန်လှည့်မကြည့်ဘဲ ထွက်သွားလေသည်။ သူသည် ဆိတ်ငြိမ်ရာအရပ်ကို ရှာဖွေရန် ပြင်ဆင်ပြီး သူ၏ ဝိညာဉ်မဏ္ဍိုင်သွေးကြောများကို ပေါင်းစည်းရန် မှော်အဆီအနှစ်အရည်ကို ယူခဲ့သည်။
လင်းရှန်ထွက်သွားပြီး နာရီဝက်ခန့်အကြာတွင် အဖြူရောင်ဝတ်စုံ ဝတ်စဆင် ထားသော အမျိုးသမီးတစ်ဦး ရုတ်ချည်းပေါ်လာသည်။
သူမသည် ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး သူမ၏ မှုန်ကုပ်နေသော မျက်လုံးများတွင် အံ့ဩမှုအရိပ်အမြွက် ပေါ်ထွက်လာသည်။
“အဲဒီလို ပြင်းထန်တဲ့ စွမ်းအား။ အဲ့လူမှာ အနည်းဆုံး ဝိညာဉ်မဏ္ဍိုင်သွေးကြော လေးဆယ်လောက် ရှိတယ်။ ရွှမ်တု အစည်းအဝေးမှာ ဒီလောက် အစွမ်းထက်တဲ့ ကျင့်ကြံသူ ရှိတာလား?"
ထိုအမျိုးသမီး၏ မျက်လုံးများက မှိတ်တုတ်မှိတ်တုတ် ဖြစ်နေပြီး ဆင်ခြင်တုံတရားရှိသော အမူအရာ ပေါ်လာသည်။
ခဏအကြာတွင် သူမသည် သတိပြန်ဝင်လာကာ နေရာတွင်ပင် ပျောက်ကွယ်သွားခဲ့သည်။
တောထဲမှာ ဂူတွေအများကြီးရှိလေ၏
မကြာခင်မှာပဲ လင်းရှန်က အစွန်အဖျားဘက်တွင် လှိုဏ်ဂူတစ်ခုကို တွေ့ရှိခဲ့သည်။ ပတ်ပတ်လည်ကို ကြည့်လိုက်တော့ အထဲမှာ သားရဲတွေ မရှိတာကို တွေ့လိုက်ရသည့်အတွက် ဂူကို သန့်စင်ဖို့ ရှင်းလင်းရေးအဆောင်ကို အသုံးပြုခဲ့သည်။ ထို့နောက် တင်ပျဉ်ခွေထိုင်ကာ မှော်အဆီအနှစ် သစ်သားဝိညာဉ်ကို ဖမ်းထားသည့် သားရဲထောင်ချောက်အိတ်ကို ထုတ်ကာ လွှတ်ပေးလိုက်သည်။
သားရဲထောင်ချောက်အိတ်ထဲက ထွက်လာတာနဲ့အမျှ မှော်အဆီအနှစ် သစ်သားဝိညာဉ်က ထွက်ပြေးချင်ပေမယ့် လင်းရှန်က သူ့ကို အလွယ်တကူ ဖမ်းမိသွားသည်။
“” မိတ်ဆွေ၊ ပြေးဖို့မစဉ်းစားပါနဲ့ ။ မဟုတ်ရင် ငါ မင်းကို ခက်ခဲအောင်လုပ်မိလိမ့်မယ်”
လင်းရှန်၏ စကားကို နားလည်သကဲ့သို့ မှော်အဆီအနှစ်သစ်သားဝိညာဉ်သည် သူ၏ လက်ဖဝါးများကို ဖိကာ တောင်းပန်သည့် အမူအရာ ပြုလုပ်ခဲ့သည်။ လင်းရှန်ကို သူက အသနားခံစွာ ကြည့်နေ၏။
လင်းရှန်က ရယ်ပြီးပြောလေသည် " မင်းအနေနဲ့ ကျင့်ကြံဖို့က မလွယ်ပါဘူး၊ အဲ့တော့ငါ မင်းကို မသတ်ချင်ဘူး။ ဒီလိုဆိုရင်ကော ဘယ်လိုလဲ။ မင်း ပေါင်းစပ်ထည့်ထားတဲ့ မှော်အဆီအနှစ်အရည်ကို လွှဲပေးရင် မင်းကို ငါလွှတ်ပေးမယ်။ အဲဒါဆို ဘယ်လိုလဲ?"
မှော်အဆီအနှစ်သစ်သားဝိညာဉ်သည် ဝိညာဉ်သစ်သားနှင့် ဝိညာဉ်ဆေးဖက်ဝင်
အပင်များမှ ထုတ်လွှတ်သော ဝိညာဉ်ရေးရာအနှစ်သာရကို စုပ်ယူခြင်းဖြင့် အသက်ရှင်ရသည်။ တစ်ချိန်တည်းမှာပင် ၎င်းသည် ၎င်းတို့၏ ကြီးထွားမှုကို မြှင့်တင်ရန်အတွက် ဝိညာဥ်သစ်သားနှင့် ဝိညာဥ်ဆေးဖက်ဝင် အပင်များထံသို့ ပေါင်းစပ်ထားသော မှော်အဆီအနှစ်အရည်ကို ကျွေးမွေးရမည်ဖြစ်သည်။
ထို့ကြောင့် မှော်အဆီအနှစ်အရည်ဆုံးရှုံးခြင်းသည် မှော်အဆီအနှစ်သစ်သားဝိညာဉ်ကို များစွာထိခိုက်စေမည်မဟုတ်ပေ။ အများစုမှာ အရည်ကို ပေါင်းစည်းရန် နောက်ထပ် နှစ်
အနည်းငယ်သာ ကြာနိုင်သည်။
လင်းရှန်၏ စကားကိုကြားတော့ မှော်အဆီအနှစ်သစ်သားဝိညာဉ်သည် အလွန်ပျော်ရွှင်သွားပြီး ထမင်းစေ့စားနေရသည့် ကြက်ကလေးကဲ့သို့ ခေါင်းညိတ်လိုက်သည်။
လင်းရှန်က သူ့ကို ငုံ့ကြည့်ကာ အပြုံးမပျက်ဘဲ “မင်း မလှည့်စားတာ ပိုကောင်းမယ်နော်။ တကယ်လို့ ငါတွေ့ရင် မင်းကို အဂ္ဂိရတ်အတွက် သုံးပစ်မယ်”
အဂ္ဂိရတ်ပညာ ဟူသော စကားလုံးကို ကြားသောအခါ မှော်အဆီအနှစ်သစ်သားဝိညာဉ်သည် ချက်ချင်းပင် တုန်လှုပ်သွားပြီး ခေါင်းကို ထပ်ခါတလဲလဲ ခါလိုက်သည်။
လင်းရှန်က ဒါကိုမြင်ပြီး စိတ်ထဲမှာ ရယ်လေ၏ သူက ကြွေပုလင်းကိုထုတ်ပြီး မှော်အဆီအနှစ်သစ်သားဝိညာဉ်ကို ပေးလိုက်သည်။
မှော်အဆီအနှစ်သစ်သားဝိညာဉ်၏ မျက်နှာသည် ခါးသီးသွားသည်။ သူသည် သူ့လက်ဖဝါးကို ဆန့်ထုတ်လိုက်ပြီး အခြားလက်တစ်ဖက်ကို အသုံးပြုကာ လက်ဖဝါးကို ဖြတ်လိုက်သည်။ သူ ပြင်းပြင်းထန်ထန် ညှစ်လိုက်သည်နှင့် ချက်ချင်းပင် တစ်ခုခု ထွက်လာသည်။
၎င်းသည် သွေးမဟုတ်သော်လည်း တောက်ပသော အလင်းရောင်ကို ထုတ်
လွှတ်ပေးသည့် ဖြူဖွေးသော နို့ရည်စက်ပင်။ ၎င်းသည် မှော်အဆီအနှစ်အရည် ဖြစ်သည်မှာ သေချာသည်။
ဒဏ်ရာမှ အရည်များ ထွက်မလာတော့သောအခါ ကြွေပုလင်းထဲတွင် မှော်
အဆီအနှစ်အရည် ငါးစက် ရှိနေပြီဖြစ်သည်။
လင်းရှန်ကို စိတ်အားထက်သန်စွာ စိုက်ကြည့်ရင်း မှော်အဆီအနှစ် သစ်သားဝိညာဉ်သည် မျက်မှောင်ကြုတ်ကာ နာကျင်မှုကို ခံနိုင်ရည်ရှိခဲ့ရသည်။
လင်းရှန် အနီးကပ်ကြည့်တော့ မှော်အဆီအနှစ်သစ်သားဝိညာဉ်၏ မျက်နှာသည် ဖြူဖျော့ပြီး မတက်ကြွတော့သည်ကို တွေ့လိုက်ရသည်။ သူငယ်ချင်းလေးက တကယ်ပဲ အစွမ်းကုန်ကြိုးစားနေမှန်း သူသိတော့ ကတိတည်ပြီး လွှတ်ပေးလိုက်သည်။
လွတ်မြောက်သွားသည်နှင့်တပြိုင်နက် မှော်အဆီအနှစ်သစ်သားဝိညာဉ်သည် ၎င်းကို မယုံကြည်နိုင်သေးပေ။ သူက ကြောင်တောင်တောင်ဖြစ်နေကာ အသိမဝင်ခင် ခဏလောက် မှိန်းနေသေးသည်။ သူသည် လင်းရှန်အား ကြိမ်ဖန်များစွာ ဦးညွှတ်ကာ ပျော်ရွှင်စွာဖြင့် မြေပေါ်သို့ မှောက်ချလိုက်
သည်။ မကြာမီမှာပဲ သူ့အငွေ့အသက် ပျောက်ကွယ်သွားသည်။
လင်းရှန်က ပြုံးပြီး သူ့၏ နားလည်မှုကိုယ်ပွားကို ပြန်ခေါ်လိုက်သည်။
သူသည် မှော်အဆီအနှစ်အရည်တစ်စက်ကိုထုတ်ပြီး ဝိညာဉ်မဏ္ဍိုင်သွေးကြောများကို မစုစည်းမီ သူ၏ကိုယ်ပွားသို့ ကျွေးခဲ့သည်။
ချက်ချင်းပင် လင်းရှန်သည် ကမ္ဘာကို အံ့ဩစေခြင်း ကိုယ်ပွားကိုခေါ်ကာ မှော်အဆီအနှစ်အရည်ကိုပေးပြီး ကျင့်ကြံစေခဲ့သည်။
လင်းရှန်ကတော့ ဂူထဲမှာပဲ နေပြီး ကိုယ်ပွားနှစ်ခုကို ကာကွယ်ခဲ့သည်။
တစ်ချိန်တည်းမှာပင် အခြားကိုယ်ပွားများသည် မှော်အဆီအနှစ်သစ်သား ဝိညာဉ်များကို ဆက်လက်ရှာဖွေခဲ့ကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ နှစ်ရက်ကြာသွားသည်။
မှော်အဆီအနှစ်အရည်နှစ်စက်၏ ဆေးစွမ်းအားကို ချေဖျက်ပြီးနောက် နားလည်မှုကိုယ်ပွါး၏ ဝိညာဉ်မဏ္ဍိုင်သွေးကြောသည် ဆယ့်ကိုးခုအထိ တိုးလာခဲ့သည်။
မှော်အဆီအနှစ်အရည်၏ ဆေးစွမ်းအားကို ဖြုန်းတီးတာမျိုး မဖြစ်စေရန်အတွက် လင်းရှန်သည် နားလည်မှုကိုယ်ပွါးအား မှော်အဆီအနှစ်အရည်ကို ဆက်လက်စားသုံးခွင့်မပြုတော့ပေ။ ယင်းအစား သူသည် ဝိညာဉ်ပုံဖော်ခြင်းဆေးကို အသုံးပြုခဲ့သည်။
ဝိညာဉ်ပုံဖော်ခြင်းဆေးပြား ၅ ပြားစားပြီးနောက် နောက်ထပ် ဝိဉာဉ်မဏ္ဍိုင်သွေးကြော တစ်ခုကို ဖန်တီးနိုင်ကာ စုစုပေါင်း အရေအတွက် နှစ်ဆယ်သို့ ရောက်ရှိခဲ့သည်။
ထို့နောက်တွင် သူသည် ဝိညာဉ်ပုံဖော်ခြင်းဆေး အများအပြားကို သောက်သုံးခဲ့သော်လည်း ဝိညာဉ်သွေးကြောကို ပေါင်းစည်းရန် အရိပ်အယောင်ပင် မတွေ့ရတော့ပေ။ ဝိဉာဉ်မဏ္ဍိုင်သွေးကြော နှစ်ဆယ်သည် နားလည်မှုကိုယ်ပွါး၏ ကန့်သတ်ချက်ဖြစ်ကြောင်း လင်းရှန် ချက်ချင်းနားလည်ခဲ့သည်။
“ထင်တဲ့အတိုင်း စတုတ္ထတန်း ဝိညာဉ်မဏ္ဍိုင်သွေးကြောပဲ…”
သူအရင်ကမှန်းဆထားပြီးသားဖြစ်တဲ့အတွက် လင်းရှန်သည် စိတ်ပျက်မသွားပေ။ ယင်းအစား သူသည် သူ၏ကိုယ်ပွားနှင့် ပေါင်းစပ်ရန် ပြင်ဆင်ခဲ့သည်။