ဒါက အဆိပ်ပဲ။
Vol. 146 Ch. 2032
“ သခင်မ ... ၊ ကျွန်တော်ရဲ့ သူတော်စင် နှစ်ပါး ခန္ဓာကို ပေါင်းစပ်ဖို့ အတွက်၊ နတ်ဘုရား အသွေးတော် လိုတာလား။ ”
လင်းယွန်က မေးမြန်း လိုက်သည်။
“ အဲလောက် မရိုးရှင်းဘူး၊ မိုးပြာ နဂါး နတ်ခန္ဓာက အစွမ်းထက်ပြီး၊ ကျင့်ကြံရ ခက်ခဲ တယ်၊ မွေးရာပါ မဟုတ်ရင် ... ဘယ်သူမှ မအောင်မြင် နိုင်ဘူး၊ ...
... လုံယွင် သွားတဲ့၊ နတ်နဂါး မုန်တိုင်း ပင်လယ်မှာ ကောင်းကင် ကြယ်တာရာ ကျွန်းလို့ ခေါ်တဲ့၊ နဂါး တံခါးရဲ့ အဓိက ပျက်စီး နယ်မြေ တစ်ခု ရှိတယ်။ ”
သတ်ဖြတ်ခြင်း မဟာ သူတော်စင်သည် နတ်နဂါး အင်ပါယာမှ ဆင်းသက် လာသူ ဖြစ် သဖြင့်၊၊ နဂါး တံခါး အကြောင်းကို အခြား သူများထက် ပို သိသည်။
“ နတ်ဘုရား အသွေးတော် အပြင်၊ နဂါး မျိုးရိုးရဲ့ ... ခန္ဓာကိုယ် သန့်စင်တဲ့ ... ၊ နည်းစနစ် အချို့လည်း လိုအပ်တယ် ။ ”
သတ်ဖြတ်ခြင်း မဟာ သူတော်စင်မှ ပြောကြား လာ၏။ မူလ နဂါး မဟာ သူတော်စင် သည်၊ သူ့အတွက် စွန့်စားမှုကြီး ပြုလုပ် နေ သဖြင့်၊ လင်းယွန် တစ်ယောက် ကြည်နူး သွားသည်။
“ ယွန်အာ ... မင်းမှာ အစွမ်းထက်တဲ့ ဓားပညာ တစ်ရပ် ရှိတယ်လို့၊ ငါ ကြားမိတယ်၊ မင်း ငါ့ကို ပြလို့ ရမလား။ ”
လင်းယွန်က သဘောတူ ခေါင်းညိမ့်ပြ လိုက်သည်။ သတ်ဖြတ်ခြင်း မဟာ သူတော်စင် ၏ အမြင်ဖြင့်၊ သူ့ အားနည်းချက် များကို ပြင်ပေးနိုင် ပေမည်။
“ ဒီဓားနာမည်ကို ... ၊ ကနဦး ဓားလို့ ခေါ်တယ်၊ သူ့မှာ ပုံစံ(၆)မျိုး ရှိတယ်၊ ပုံစံတစ်မျိုး စီက၊ အလှည့် အပြောင်း ရာနဲ့ချီတယ်၊ အလင်း မူလ၊ အတား အဆီး မရှိ၊ ဘုန်း ကျက်သရေ ...
... ထာဝရ အချိန်၊ အမှောင်နဲ့ နိဗ္ဗာန် ပါပဲ၊ အခု လူတွေ ပြောပြော နေတဲ့ ဓားကို၊ အလင်း မူလလို့ ... ခေါ်ပါတယ်။ ”
လင်းယွန်မှ ခြေလှမ်း အနည်းငယ် လှမ်းတက်ကာ၊ အလင်း မူလကို ဖြည်းညှင်းစွာ ထုတ်ဖော် လိုက်သည်။
“ ရွှပ် ... ။ ”
ဓားလွှဲ လိုက် သည်နှင့်၊ စကြာ ဝဠာ ပေါက်ကွဲမှု ဖြစ်စဉ် နှင့်အတူ၊ သတ္တ လောကကြီး မွေးဖွား လာ တော့၏။
လင်းယွန်မှ နှေးကွေးစွာ ထုတ်ဖော် လိုက်ခြင်း ဖြစ် သော်လည်း၊ ဓားသည် လျင်မြန် နေဆဲ ဖြစ်သည်။
“ ဝှစ် ... ။ ”
သတ်ဖြတ်ခြင်း မဟာ သူတော်စင်မှ ထိတ်လန့် တုန်လှုပ် သွား၏။ ထိုစဉ် အဖြူရောင် ဝတ်ဆင် ထားသော ပုံရိပ် တစ်ရိပ် ချက်ချင်း ရောက်ရှိ လာသည်။
ယင်းမှာ ကျောက်စိမ်းဓား သူတော်စင် ဖြစ်ချေ၏။ သူမကို မြင်သည်နှင့် သတ်ဖြတ်ခြင်း မဟာ သူတော်စင်မှ ဒေါသ ထွက်သွားသည်။
“ ပိုင်ဇီယွမ် ... ၊ နင် ဘာလာ လုပ်တာလဲ၊ အမှောင်ရိပ် ကနေပဲ စောင့်ကြည့် ရမယ်လို့ ... ၊ ငါ ပြောခဲ့တယ် မဟုတ်လား။ ”
သို့သော် ကျောက်စိမ်းဓား သူတော်စင်မှ သူမအား လျစ်လျူရှုလျက်၊
“ မင်းရဲ့ ဓားမှာ ... ၊ နိဗ္ဗာန် တာအို ပါနေတယ်၊ ဒါက အဆင့် တိုက်ပွဲမှာ သုံးခဲ့တုန်း ကထက်၊ ပိုအားကောင်း နေပြီ၊ ကြည့်ရတာ အနန္တ သင်္ချိုင်း တောင်ကြား ကနေ၊ အခွင့် အရေး တစ်ခု ရခဲ့ ပုံပဲ။ ”
-ဟု သုံးသပ် စကား ဆိုလိုက်တော့၏။
လင်းယွန်မှ ခေါင်းညိတ်ကာ ဝန်ခံ လိုက်သည်။ သူမအား မည်သို့ နာမ်စား သုံးရ မည်မှန်း မသိ သောကြောင့်၊ ချက်ချင်း စကား မပြောဝံ့ သေးချေ။ တိတ်ဆိတ် သွားသည်။
အဆုံးတွင် အံကြိတ်လျက်၊
“ သခင်မကို နှုတ်ခွန်း ဆက်ပါတယ်။ ”
-ဟု ပြောကြား လိုက်သည်။
“ ဒီလောက်လည်း ယဉ်ကျေး နေဖို့ ... မလိုပါဘူး။ ”
ကောင်းကင်ဘုံ ကျောက်စိမ်းဓား သူတော်စင်မှ ခေါင်းညိမ့် အသိအမှတ် ပြုသည်။
“ နင့်ကိုယ်နင် ... သခင်မလို့ ခေါ်ခံ ထိုက်တယ်များ ထင်နေလား။ ”
သတ်ဖြတ်ခြင်း မဟာ သူတော်စင်မှ ဘေးမှ နေပြီး၊ ဒေါသတကြီး အော်ဟစ် လိုက်၏။
“ နင်တောင် အရှက် မရှိ ... လက်ခံ နေသေးတာပဲ၊ ငါက ဘာလို့ ... မဝံ့ရ မှာလဲ။ ”
ကျောက်စိမ်းဓား သူတော်စင်မှ အေးတိအေးစက်ဖြင့် လှည့်ကြည့်ကာ တုန့်ပြန် လိုက်၏။
“ နင် ... ။ ”
သတ်ဖြတ်ခြင်း မဟာ သူတော်စင်မှ ချက်ချင်း ဒေါသ ထွက် လာပြီး လက်ဝှေ့ယမ်း ပြကာ၊
“ ထွက်သွား ... နင့်ကို မကြိုဆိုဘူး။ ”
-ဟု မောင်းထုတ် တော့၏။
“ ငါကရော ... ဒီနေရာကို လာချင်နေ တယ်များ ထင်နေလား၊ ဟမ့် ... ယဲ့ချင်းရှန်ကို ခေါ်မို့ ရောက်လာတာ ... ။ ”
ကျောက်စိမ်းဓား သူတော်စင်မှ ချက်ချင်း ပြန်ပြောသည်။ စကား အစွန်းတင် မခံ ခဲ့ချေ။
“ နင် ... ယွန်အာကို ခေါ်သွားခွင့် မရှိဘူး။ ”
မဟာ သူတော်စင် နှစ်ပါး ကြား၊ စကား မဆိုဝံ့ သောကြောင့်၊ လင်းယွန် တစ်ယောက် ငြိမ်သက် သွားသည်။
အချိန်မရွေး ထတိုက် တော့မည့် အခြေ အနေသို့၊ ရောက်ရှိ လာ၏။ ယင်းသည် ဆရာ သခင် သက်တံဓား သူတော်စင်၏ အပြစ် ဖြစ်သည်။
“ ဆရာနဲ့ ... သိုင်းအဒေါ်ကို လေးစား ပါတယ်။ ”
ရုတ်တရက် မြောင်ရင်မှ ပြုံးရွှင်သော အသွင်ဖြင့်၊ လျှောက်လှမ်း လာမှ သာလျှင် အနည်းငယ် ပြေလျော့ သွားကြသည်။
“ ဆရာ ... ၊ သိုင်းအဒေါ်က မောင်လေး အတွက် အကျိုးရှိ စေမယ့်၊ ဓားရေးကို လမ်းညွှန် ပေးမို့ပါ။ ”
မြောင်ရင်က သူမ ဆရာကို ချော့မော့ လိုက်သည်။
“ သူ ... သင်ပေးလို့ ရတယ်၊ ဒါပေမယ့် တော်ဝင် သမီးတော် ရင်ပြင် မှာပဲ ဖြစ်ရမယ်၊ ငရဲ သစ်ခွ ခြံဝင်းဆို ... ငါ မယုံဘူး၊ အရင်က သူ့ကို စော်ကားလို့ ဆိုပြီး၊ ယွန်အာကို အကျဉ်းချ ခဲ့တာ ငါ သိတယ်။ ”
“ ငါ ... သူ့ကို အကျဉ်း မချ ပါဘူး။ ”
“ ဘာကို အကျဉ်း မချ ရမှာလဲ ... ၊ ပိုင်ရှုရင်လို သာမန် မိန်းမ တစ်ယောက်က၊ ယွန်အာရဲ့ အာရုံကို ဖမ်းစား နိုင်မယ်လို့၊ နင်ထင်လား။ ”
သတ်ဖြတ်ခြင်း မဟာ သူတော်စင်မှ အထင်အမြင် သေးစွာဖြင့် ပြောကြား လိုက် သည်။ စကား ဝိုင်းကို နားထောင် နေသော လင်းယွန်မှာ၊ နှာခေါင်း ပွတ်လျက် ပြုံး၏။
ပိုင်ရှုရင်၏ အလှသည် သာမန် ဖြစ်ပါက၊ ကမ္ဘာ ပေါ်တွင် မိန်း မလှ လေးများ ရှိတော့မည် မဟုတ်ချေေ။
“ သိုင်းအဒေါ် ... ၊ တော်ဝင် သမီးတော် ခြံဝင်း ထဲမှာ၊ မောင်လေးကို သင်ပေးမှ ရလိမ့် မယ် ထင်တယ်။ ”
တော်ဝင် သမီးတော် မြောင်ရင်မှ ကျောက်စိမ်းဓား သူတော်စင်အား အပြုံးဖြင့် လှည့်ကာ၊ ညှိနှိုင်း ပေးတော့သည်။
“ အစ ထဲက ... ၊ ဒီလိုပဲ ငါတွေးထားတာ။ ”
ကောင်းကင်ဘုံ ကျောက်စိမ်း ဓား သူတော်စင်မှ လင်းယွန်ထံ လှည့်ကြည့်ပြီး၊ ‘ငါနဲ့ လိုက်ခဲ့၊’ -ဟု ပြောကြား လိုက်တော့သည်။
လက်သီး ဆုပ်လျက် အံကြိတ် ထားသော သတ်ဖြတ်ခြင်း မဟာ သူတော်စင်ကို တော်ဝင် သမီးတော် မြောင်ရင်မှ နှစ်သိမ့် ပေးနေ၏။
ကျောက်စိမ်းဓား သူတော်စင်က၊ လင်းယွန်အား ခေါ်ဆောင်ကာ၊ လေ့ကျင့်ရေး ရင်ပြင်သို့၊ ရောက်ရှိ လာသည်။
လေ့ကျင့်ရေး ရင်ပြင်၏ အစွန်းတွင်၊ ဧရာမ ဗုဒ္ဓ ရုပ်ပွားတော် မြတ်ကြီး တစ်ဆူ ထွင်းထုထား ပြီး၊ အဆုံးတွင် ခေျာက်ကမ်းပါး ဖြစ်၏။
ကျောက်စိမ်းဓား သူတော်စင်က၊
“ ဓားသမား ဆိုတာ ဘာလဲ ... ။ ”
-ဟု မေးမြန်း လာသည်။
“ အရိယာ ကောင်းကင်ဓား ... ဆုပ်ကိုင် နိုင်တဲ့ လူတွေကိုသာ ဓားသမားလို့ ယူဆတယ်၊ မဟုတ်ရင် ဓားကိုင် ကျင့်ကြံသူ တွေပဲ။ ”
“ မှန်တယ်၊ ဓားကို သုံးတဲ့ လူတွေက ဓားနှလုံးသား မရ-မခြင်း၊ ဓားသမား ဖြစ်လာမှာ မဟုတ်ဘူး။ ”
“ သခင်မ ... ဓားနဲ့ နှလုံးသား ဘာကွာ လို့လဲ။ ”
လင်းယွန်မှ စိတ်ဝင်တစား ပြန်မေးသည်။
“ ဓားဆိုတာ ... ကျင့်ကြံသူ တစ်ဦး အတွက်တော့၊ ကြားခံ ကိရိယာပဲ၊ ဒါကြောင့် တစ္ဆေ ဝိညာဉ် ပညာရပ် ... ဒါမှ မဟုတ် နဂါး ဝိညာဉ် ပညာ ရပ်ကို ... သုံးနိုင် ရင်တောင်၊ ဓားသမား ဖြစ်မလာ သေးဘူး၊
... တကယ့် ဓားသမား ဆိုတာ ... နှလုံးသားကို လေ့ကျင့် ပေးပြီး၊ ဓားတစ်လက် ရဲ့ ရည်ရွယ်ချက်တွေ ... ကိန်းဝပ် နိုင်မှသာ ဓားသမား ဖြစ်လာမှာ၊ ဓားနှလုံးသား ရဖို့ ဘယ်လို လေ့ကျင့် ရမလဲ သိလား။ ”
လင်းယွန်မှ ခေါင်းညိတ်ကာ၊
“ ဟုတ်ကဲ့ နည်းနည်းသိ ပါတယ်။ ”
-ဟု ဖြေကြားလိုက်သည်။
စီနီယာ အစ်ကို ယဲ့ကူဟန်မှ၊ သက်တံဓား မျိုးရိုး၏ လျှို့ဝှက်ချက် ဖြစ်သော အနန္တ ကြယ် တာရာ ကောင်းကင် ပညာရပ်ကို၊ သင်ပေး ထား၏။
“ ကောင်းပြီ ... ။ ”
ကျောက်စိမ်းဓား သူတော်စင်က ခေါင်းညိတ်ပြီး၊
“ ပိုးစုန်းကြူး နတ်ဓား ကလည်း ဓား နှလုံးသားကို သန်မာ စေတယ်၊ ဓားဘိုးဘေး ချန်ထား ခဲ့တဲ့ ... ဒီဓားမှာ၊ အပိုင်း သုံးပိုင်း ရှိတယ်၊ အခြေခံ ပုံစံ၊ သူတော်စင် ပုံစံနဲ့၊ ...
... တာအို ပုံစံပဲ၊ တတိယ အပိုင်းကို ရောက်သွား ရင်တော့ ... ဓားတာအိုကို ဆုပ်ကိုင် နိုင်ပြီ၊ ဒါက အုပ်စိုးရှင် တာအို ဖြစ်တာမို့ ဖြတ်လမ်း မရှိဘူး။
“ ဘာလို့ ဖြတ်လမ်းနည်း မရှိတာလဲ။ ”
လင်းယွန်မှ မေးသည်။ ကျောက်စိမ်းဓား သူတော်စင်က သက်ပြင်းချကာ၊
“ ပိုးစုန်းကြူး နတ်ဓားက ... ကျင့်ကြံရ ခက်တဲ့ အတွက်၊ မြင့်မားတဲ့ လိုအပ်ချက်တွေ ရှိတယ်၊ လူတိုင်း သူတော်စင် ဖြစ်နိုင် တာမှ မဟုတ်တာ၊ ဒါကြောင့် တတိယ ပုံစံက အခက်ဆုံးပဲ၊ ...
... ဒါပေမယ့် မင်းကတော့ ထက်မြက်တဲ့ ဓားသမား ဖြစ်ပြီး၊ ဓားနှလုံးသားကို ဆုပ်ကိုင်နိုင် ခဲ့တဲ့ အတွက်၊ သင်ယူ နိုင်တယ်၊ မဟုတ်ရင် မင်းလည်း သင်ယူ နိုင်မှာ မဟုတ်ဘူး ... ၊ ဒါကြောင့် ဖြတ်လမ်း မရှိဘူးလို့ ပြောတာ၊ ...
... ဒါပေမယ့် ဝါးနိုင် တာထက် ပို မဝါး ပါနဲ့၊ မင်းက အရှေ့ဘက် ပျက်စီးမြေမှာ .. ပါရမီရှင်လို့ ယူဆ နိုင်ပေမယ့်၊ ခွန်လွန်ကို မလွှမ်းမိုး နိုင် သေးဘူး။ ”
ကနဦးဓားအား ဖန်တီး နိုင်ခဲ့ သဖြင့်၊ လင်းယွန် တစ်ယောက် နစ်မျော သွားမည်ကို သူမ စိုးရိမ်သည်။ ဤသည်မှာ အစွမ်းထက် သော်မှ ဓားရေး တစ်ရပ် မျှသာ ဖြစ်၏။
လင်းယွန်သည် ဉာဏ်ကောင်းပြီး သက်တံဓား သူတော်စင်၏ မျှော်လင့်ချက် ကြီး မားသော တပည့် တစ်ယောက် ဖြစ်သည်။
“ ဒီနှစ် အသက် ဘယ်လောက် ရှိပြီလဲ။ ”
“ နှစ်ဆယ့် ငါးနှစ် ... ။ ”
“ အသက် (၂၅) နှစ်မှာ ... ဘုရင် အဆင့် ပထမ ဖြစ်လာတယ်၊ အံ့သြစရာပဲ၊ ဒါပေမယ့် ... ဒါဟာ ... အရှေ့ဘက် ပျက်စီးမြေရဲ့ အဆင့် လောက်ပဲ ဆိုတာ သတိရပါ။”
လင်းယွန် တစ်ယောက် အကြာကြီး ငေးငိုင်သွား လေသည်။ ထိုအမူ အရာကြောင့် ကျေနပ် သွားပြီး၊ သတ်ဖြတ်ခြင်း မဟာ သူတော်စင်ထံ လှမ်းကြည့်ကာ၊
“ သတ်ဖြတ်ခြင်း မဟာ သူတော်စင်က မင်းကို အရမ်း သဘောကျတယ်၊ နဂါး သူတော် စင် ဆေးလုံး အပါအဝင် အရင်းအမြစ်တွေ အများကြီး ပေးခဲ့ တယ်လို့ ကြားတယ်၊ ဒါတွေက အဆိပ်ပဲ ... မင်းကို ပိုပြီး ပျင်းရိ စေလိမ့်မယ်။ ”
အဖိုးတန်သော အရင်းမြစ်များ အပေါ်၊ ‘အဆိပ်၊’-ဟု ကင်ပွန်း တပ်သဖြင့်၊ လင်းယွန် တစ်ယောက် ကူကယ်ရာ မဲ့သွားသည်။
“ မင်းကို စည်းကမ်း တင်းကြပ် ရတဲ့ ... ၊ အကြောင်းရင်း ငါ့မှာ ရှိတယ်၊ တကယ်တော့ ဓားတစ်လက်ကို ... ဘယ်လို နည်းလမ်းနဲ့ သွေးပေး ရမလဲ ဆိုတာ ငါပဲ သိတယ်။ ”
ထိုစကားကို ကြားသော အခါတွင်၊ သတ်ဖြတ်ခြင်း မဟာ သူတော်စင်မှ ဒေါသ မထွက်ဘဲ မနေ နိုင်တော့ချေ။
ချက်ချင်း ခုန်လွှား တိုက်ခိုက်ရန် ပြင်ခဲ့ သော်လည်း၊ တော်ဝင် သမီးတော် မြောင်ရင်မှ တားလိုက် ရသည်။
“ ငါ့ကို မတားနဲ့ ... ဒီမိန်းမကို သင်ခန်းစာပေးရမယ်။ ”
ဆရာ သခင်သည် မဟာ သူတော်စင် တစ်ပါးဖြစ် လေရာ၊ ဆန္ဒ ရှိသော် သူမ တားနိုင် မည် မဟုတ်ချေ။ သို့တိုင် မြောင်ရင်မှ ပြုံးကာ နှစ်သိမ့်ပေး လိုက်ရသည်။
“ ဆရာ ... စိတ်အေးအေး ထားပါ၊ နောက်မှ သင်ခန်းစာ ပေးလဲ ရပါ သေးတယ်။ ”
ထိုအချိန်တွင် ကျောက်စိမ်ဓား သူတော်စင်မှ၊
“ အဲဒီ နေ့က မင်းကို ပိတ်လှောင် ခဲ့တဲ့ ပန်းချီကား (၃၆)ချပ် ထဲမှာ ... ဓားချက် ဘယ် နှစ်ချက် ပါလဲ။ ”
-ဟု မေးမြန်း လိုက်သည်။
လင်းယွန် တစ်ယောက် ငေးငိုင် သွား၏။ ယင်းကို သွေ့ရော်ဓား အဖြစ် ထင်ခဲ့ပြီး၊ အနည်း ငယ်မျှသာ၊ မှတ်ထား မိသည်။
ကျောက်စိမ်းဓား သူတော်စင်က ကျေနပ်သည့် အမူအရာဖြင့် လင်းယွန်ကို ကြည့် နေ၏။ ဤမေးခွန်းသည် မာနကို ချိုးနှိမ်ရန် ရည်ရွယ် ချေပြီ။
၎င်း၏ မာနကို နှိုက်နှိုက် ချွတ်ချွတ် ချေမှုန်း ရပေမည်။ မဟုတ်သော် အမည်ခံ သူတော်စင်ကို သတ်ခြင်းဖြင့်၊ မာန တလူလူ ထောင်လွှားနိုင် ပေမည်။
“ ဒီလောက် အထိ အလျင်လို နေစရာ မလိုပါဘူး၊ အဲဒီ တုန်းက အခက် အခဲတွေ တမင် တကာ တိုးပြီး၊ ပန်းချီကား (၃၆) ချပ်ကို ... ရှုပ်ပွ အောင် လုပ်ခဲ့တာ၊ ငါ့တုန်းက ဆိုရင်တောင် အမည်ခံ သူတော်စင် နယ်ပယ်နဲ့ ... ”
“ သခင်မ ... မှတ်မိပြီ၊ ဓားကိုးချက် ... ၊ ဓားကိုးချက်ပဲ၊ အားလုံး ကိုတော့ မမှတ် မိဘူး၊ ဓားချက် ကိုးချက် ဆိုတာတော့ သေချာတယ်။ ”
ရုတ်တရက် လင်းယွန်မှ သူ့နဖူးကို ပွတ်သပ်ကာ၊ မကျေ မနပ်ဖြင့် ပြောကြား လာ တော့သည်။
အကယ် ၍သာ ပိုးစုန်းကြူး နတ်ဓား၏ ဒုတိယအပိုင်း ဖြစ်မှန်း သိပါက၊ အလျင် အမြန် ထွက်ခွာ မိမည် မဟုတ်ချေ။
လင်းယွန် ပြောသည့် စကားကို ကြားသော အခါ ကျောက်စိမ်းဓား သူတော်စင် တစ်ယောက် ထိတ်လန့် သွားသည်။
ပါးစပ်ကို ချက်ချင်း ပိတ်ပြီး၊ ပြောမည့် စကားအား ချက်ချင်း မျိုချ လိုက်ရ၏။ ထိုစဉ်က သူမ သည်ပင် အမည်ခံ သူတော်စင် နယ်ပယ် ဖြင့်၊ ဓားသုံးချက်သာ မှတ်မိ နေခဲ့သည်။
သို့တိုင် ထက်မြက်သည့်၊ ဓားသမား တစ်ယောက် အဖြစ်၊ ဆရာ သခင်မှ ချီးကျူး စကား ဆိုခဲ့ ဖူး၏။
၎င်းသည် ဓားနှလုံးသားကို ၊ တိုးတက် စေသော ဓားပညာရပ် ဖြစ်သည်။ အဆုံးတွင် သူမ စကားပြော နှေးသွား သည်ကို၊ ကျေးဇူး တင်ရ ပေမည်။
မဟုတ်သော် ကိုယ့်အရှက် ကိုယ်ခွဲရာ ရောက်နိုင် ပေ၏။
“ မင်း သေချာလား။ ”
“ ဓား ကိုးချက် ... ၊ ဟုတ်တယ် ကိုးချက်ပဲ။ ”
လင်းယွန်က သတိထားပြီး ပြောကြား လိုက်သည်။
“ အဲဒီတုန်းက နားလည်အောင် အကြိမ် ကြိမ် ကြိုးစား နေရတော့၊ မှားကောင်း လည်း မှားနိုင် ပါတယ်။ ”
ကျောက်စိမ်ဓား သူတော်စင်မှ ခေါင်းညိတ်ပြီး၊
“ မဆိုးဘူး... ၊ မင်း ငါ့ကို မီဖို့ ... ဓား တစ်ချက်ပဲ လိုတော့တယ်။ ”
-ဟု ချီးကျူး စကားဆို လိုက်ရသည်။
ယင်းကြောင့် လင်းယွန်မှ ဝမ်းမြောက် သွား သော်လည်း၊ သတ်ဖြတ်ခြင်း မဟာ သူတော်စင် က နှာခေါင်းရှုံ့ လိုက်သည်။
“ သေလိုက် ပါလား ... ဒီလောက် အများကြီးကို ... နင်လား မြင်နိုင်မှာ၊ မရှက် မရှိ လိမ်နေတယ် ဆိုတာ ငါ အာမခံတယ်။ ”
ထိုရှုတ်ချသံကို ကျောက်စိမ်းဓား သူတော်စင်မှ ဂရုမစိုက်ချေ။
“ အစ ကတော့ ... မင်းထွက်လာ တာနဲ့ သင်ပေးဖို့၊ ငါ စီစဉ်ထား သေးတယ်၊ ဒါပေမယ့် မင်းကို ကောင်းကင် ရေကန်ထဲ သွားလိမ့်မယ် လို့တော့ ... ဘယ်ထင် မလဲ၊ ...
... အခု သင်ပေးလည်း၊ သိပ် နောက်ကျ လှတာ မဟုတ် ပါဘူး၊ ပိုးစုန်းကြူး နတ်ဓားရဲ့ ဒုတိယ အပိုင်းကို၊ ငါ ကစား ပြမယ်၊ မင်း လုပ်စရာ ရမှာက သေချာကြည့်၊ ... ”
ကျောက်စိမ်းဓား သူတော်စင်မှ လင်းယွန်အား အားလုံး မှတ်မိရန် မလိုကြောင်း ပြောရန် ဖြစ်သည်။ သို့သော် တစ်စုံ တစ်ရာကို တွေးမိပြီး၊
“ မင်း ... အားလုံးကို မှတ်မိ နေဖို့ လိုတယ်။ ”
-ဟု ပြင်ပြော လိုက်တော့သည်။
***