← Chapters

ရှင်းယန် ... ။

Vol. 146 Ch. 2033

ရှင်းယန် ... ။

Vol. 146 Ch. 2033

လင်းယွန်မှ ခေါင်းညိတ် လိုက်သည်။ ဓား(၉)ချက် သေချာ၏။ နောက်ဆုံး ဓား (၄) ချက်ကို မမှတ်မိ သော်မှ၊ သတိရ နေသေးသည်။

ကောင်းကင်ဘုံ ကျောက်စိမ်းဓား သူတော်စင်က၊

“ ပထမဓား၊- ပြန်လည် အသက်ရှင် လာသော သစ်ခြောက်ပင်။ ”

ကျောက်စိမ်းဓား သူတော်စင်က ဓားဆွဲလျက်၊ မြေပြင်ပေါ် သူမ ခြေဖျားကို ညင်သာစွာ ပုတ် လိုက်သည် ။

သစ်ပင် များ၌ အဖြူရောင်ပန်းများ ပွင့်လာပြီး၊ နှစ်ထောင်ပေါင်း များစွာ ကြာအောင် တည်ရှိနေ သကဲ့သို့၊ ခံစား လာရ၏။

( ဒီအပင်ကို ရင်းနှီး နေသလိုပဲ၊ ဖီးနစ် သစ်ပင် ဖြစ်မယ် ထင်တယ် … ။ )

လင်းယွန်က တွေးတော နေမိ၏။ ကျောက်စိမ်းဓား သူတော်စင်၏ ဓားပုံစံသည် ပိုင်ရှုရင်နှင့် လုံးဝ ကွဲပြားသည်။

ရုတ်တရက် ဓားရောင်ဝါ ပျံသန်း လာပြီး၊ ဖီးနစ် အော်သံ နှင့်အတူ၊ လေဟာနယ် အပေါက် တစ်ပေါက် ဖြစ်ပေါ် လာ၏။

လင်းယွန် တစ်ယောက် မကြည့် နိုင် လောက်အောင်၊ စူးရှ တောက်ပသော အလင်း ရောင်များ၊ ဖြာထွက် လာခဲ့သည်။

ကျောက်စိမ်းဓား သူတော်စင်မှ၊ သူမကိုယ် သူမ အမည်ခံ သူတော်စင် အဖြစ် ထိန်းထား သည်။

ဆိုလို သည်မှာ လင်းယွန် သည်လည်း ဤစွမ်းအားမျိုး ထုတ်ဖော် နိုင်မည်ဟု အဓိပ္ပါယ် ရချေ၏။

“ နေ ထွက် ခြင်း ... ။ ”

ကျောက်စိမ်းဓား သူတော်စင်က ဓားကို လျင်မြန်စွာ လှည့်ပတ် ကစား လိုက်လေသည်။ ဓားရောင်ဝါများ ကောင်းကင်ပေါ် ပျံတက် သွားပြီး၊ စူးရှသော နေမင်း အဖြစ် ထွက်ပေါ် လာ၏။

နဂါးငွေ့တန်း ကိုးခုသည် ကြယ်ရောင်စုံ ကောင်းကင် တစ်ခုလို နေမင်းအား လှည့်ပတ် လာတော့သည်။ ကြယ်ဓား ကို ဤနည်းဖြင့် သုံးနိုင် သည်ကို၊ မသိခဲ့ သောကြောင့် လင်းယွန်မှ အံ့သြ သွားသည်။

“ ဆန့်ကျင်ဘက် ဝင်ရိုးစွန်များ ... ။ ”

ကျောက်စိမ်းဓား သူတော်စင်က၊ မိုင်တစ်ထောင် အကွာ၌ ပြန်ပေါ် လာသည်။ ဤဓားသည် အာကာသ တာအိုနှင့် ဆက်နွယ် နေချေ၏။ သူမ ဓားကို လေဟာနယ် အတွင်း ခြေရာခံ၍ မရ တော့ချေ။

“ ငွေရောင် သစ်ပင်မှ ... မီးလျှံ ပန်းတစ်ပွင့်။ ”

“ လျှပ်စီး ထိန်းကြောင်းခြင်း ... ။ ”

“ ကောင်းကင်ကို လောင်မြိုက်မယ့် မီးလျှံ။ ”

“ ကောင်းကင်ဘုံ ကိုးပါးက လေရူးများ။ ”

“ ကောင်းကင် နှင်း ... ။ ”

“ ငြိမ်းချမ်းသော ပင်လယ် လေးစင်း ... ။ ”

“ လရောင် အလင်း ပြန်ခြင်း။ ”

“ အချိန်များ စီးဆင်း နေတယ်။ ”

“ ကာကွယ်ရေး သစ်ပင်။ ”

လင်းယွန် ရှေ့၌ ကျောက်စိမ်းဓား သူတော်စင်၏ ပုံရိပ် အမျိုးမျိုး ထင်ကျန် ရစ် ခဲ့၏။

ပုံရိပ်များ အားလုံး၊ ထပ်ကာ ထပ်ကာ ကွဲထွက် သွားပြီး၊ ဖြစ်စဉ်နှင့် လက်တွေ ကြား ခွဲခြား နိုင်ခြင်း၊ မရှိ တော့ချေ။

ကျောက်စိမ်းဓား သူတော်စင်မှ၊ လင်းယွန်အား မနှောင့်ယှက်ဘဲ၊ အသိစိတ် ပြန်ဝင် လာသည် အထိ၊ စောင့်ဆိုင်း နေခဲ့၏။

သတိ ပြန်ဝင် ချိန်မှသာ၊ ‘မှတ်မိပြီလား၊’-ဟု မေးမြန်း လိုက်သည်။

“ နည်းနည်း ပါ ... ။ ”

လင်းယွန်မှ ပြန်ဖြေသည်။

“ ဒါဆို မင်းကို မေးပါ ရစေ၊ ပိုးစုန်းကြူး နတ်ဓားရဲ့ ... ပထမ ပိုင်းနဲ့ ဒုတိယ အပိုင်းကြား ခြားနားချက်ကို သိလား။ ”

“ ခေါင်းတွေ ပေါက်ကွဲလု မတတ် ... ၊ ရှုပ်ယှက် ခတ်နေ တာပဲ၊ သိတာ တစ်ခုတော့ ရှိတယ်၊ ပထမ ဓားပုံစံ တစ်ခုစီက မြင်နိုင်တယ်၊ ဒုတိယ ပုံစံ ကတော့ ဦးတည်ချက်တွေ ပြန့်ကားပြီး၊ ရှုပ်ယှက် ထွေးနေတယ်။ ”

ထိုစကားကို ကြားသော အခါ ကျောက်စိမ်းဓား သူတော်စင်မှ ကျေနပ် အံဩ သွားသည်။

လင်းယွန်သည် တစ်ကြိမ် ကြည့်ရုံဖြင့် ထိုကဲ့သို့ နားလည် နိုင်စွမ်း ရှိခြင်းမှာ အံ့ဩစရာ ပေပင်။

ကောင်းကင်ဘုံကို စိန်ခေါ် နိုင်သော ပါရမီရှင်ဟု ခေါ်ဆို ထိုက်၏။ သတ်ဖြတ်ခြင်း မဟာ သူတော်စင်နှင့်၊ အချိန် ဖြုန်းနေခဲ့ သည်မှာ သနား စရာ ပေပင်။

“ မင်း ပြောတာ မှန်တယ် ... ၊ ပထမ ပုံစံတေွက စက်လုံး တစ်ခုလုံး ဖြစ်ပြီး၊ ဒုတိယ ပုံစံက လှေကား ထစ်ပဲ၊ တစ်ထစ်ကို ပေ တစ်ထောင် အထိ မြင့်တယ်၊ ...

... နောက်ဆုံး ဓားကို နားလည်ရင် ပေ တစ်သောင်းကျော် မြင့်တက် သွားလိမ့်မယ်၊ ဦးတည်ချက်တွေ ရှုပ်ယှက် ခတ်နေတော့ ...

... လွန်ခဲ့တဲ့ သုံးနှစ် အတွင်းတွင် အမည်ခံ သူတော်စင် နယ်ပယ် မရောက် ရှိမီ၊ ဘယ်သူမှ နား မလည် နိုင်ကြဘူး၊ ဒါပေမယ့် ... ဒီကမ္ဘာ ပေါ်က အစွမ်း ထက်တဲ့၊ ...

... ဓားရေး တိုင်းကို၊ မျိုးဆက် သစ်တွေ လက်ဆင့်ကမ်း သယ်လာတယ် ဆိုတာ မမေ့နဲ့၊ ဓားရေးတွေက အဲဒီ မျိုးဆက် သစ်တွေ လက်မှာ အားကောင်းပြီး၊ ကြောက်မက်ဖွယ် အမြင့်အထိ၊ ရောက်ရှိ ခဲ့ကြ ပေမယ့်၊ ဘယ်သူမှ တခြား လူတွေ ဆီကို၊ မလွှဲပြောင်း ချင်ကြဘူး။ ”

“ ဒါတော့ အမှန်ပဲ။ ”

လင်းယွန်မှ ခေါင်းညိမ့်၏။

“ ဓားဘိုးဘေးက မတူဘူး၊ သူ့အမွေကို လူသိရှင်ကြား ပျံ့ပွား စေခဲ့ပြီး၊ ဓားသမားတိုင်း အတွက်၊ အခွင့် အရေး ပေးခဲ့တယ်၊ မင်းမှာ လုံလောက်တဲ့ ...

... အရည်အချင်း ရှိနေ သရွေ့၊ သူ့ရဲ့ ပိုးစုန်းကြူး နတ်ဓား ပုံစံ (၃)မျိုးကို သင်ယူ နိုင်တယ်၊ ဒါကြောင့် ဓားသမား တိုင်းက ဓား ဘိုးဘေးကို ကျေးဇူး တင်ကြတယ်၊ ...

... မင်းလည်း ပိုးစုန်းကြူး နတ်ဓားကို သင်ယူပြီး၊ ဓားညီလာခံမှာ ကြယ်တစ်ပွင့်လို လင်းလက် အောင် ကြိုးစားပါ။ ”

“ သခင်မ ... ၊ ကျွန်တော် ဓားညီလာခံကို တက်ရမှာလား။ ”

လင်းယွန်က အံ့သြသော လေသံဖြင့် မေးလိုက်သည်။

“ မင်းရဲ့ ဆရာ အတွက် ... ဒီတစ်ခုကို ယူပေးရမယ်၊ သူ့ ကြောင့်သာ မဟုတ်ရင် .. ဒီလို ဓားညီလာခံ မျိုးကို ... ၊ ငါ အာရုံစိုက် လိမ့် မယ်လို့ ... မင်း ထင်လား။ ”

“ ကျွန်တော်က ဘာယူ ပေးရ မှာလဲ။ ”

“ ဓားတစ်လက် ... အပြင်၊ တခြား ဘာများ ရှိဦးမှာလဲ၊ မဟုတ်ရင် ဒီနေရာကို ခြေတစ်ဖဝါး တောင်၊ ငါ ခြေချမှာ မဟုတ်ဘူး၊ အရင်က ကျင့်ကြံမှု နိမ့်ပါး ခဲ့လို့၊ ...

... မင်းအပေါ် သိပ်ပြီး ... ၊ မျှော်လင့်ချက် မထား ခဲ့ဘူး၊ ဒါပေမယ့် ... အခု ဘုရင် အဆင့်မှာ မင်းက ပထမ ရလာတယ် ဆိုတော့၊ မင်းက လွဲပြီး သင့်လျော် တဲ့လူ မရှိ တော့ပါဘူး။ ”

လင်းယွင် ခေါင်းညိတ် လိုက်ပြီး၊ အိပ်မက် တစ်ခုလို ခံစား လာရသည်။ သူသည် စီနီယာ အစ်ကို ကျန့်ကျင်းရှန် အတွက်၊ အသေးစား ဓားညီလာခံကို တက်ရောက် ပေးခဲ့သည်။

ဤတစ်ကြိမ် တွင်မူ ပင်မ ဓားစံအိမ်၏ ပွဲဖြစ် သဖြင့် အမည်ခံ သူတော်စင် နယ်ပယ် အောက်ရှိ ထူးချွန်သော ဓားသမားတိုင်း တက်ရောက် လာ ပေမည်။

“ အဲဒီ ဓားကို ဘယ်လို ခေါ်လဲ ... ။ ”

“ ဓားစံအိမ်က နာမည်ကြီး ဓားပေါင်း များစွာကို သွန်းလုပ် ခဲ့ပေမယ့်၊ ထူးခြားတဲ့ ဓား နှစ်လက်ပဲ ... ဖန်တီးထား နိုင်သေးတယ်၊ တစ်လက်ကို ကောင်းကင်ဘုံလို့ ...

... ခေါ်ပြီး၊ နောက် တစ်လက်ကို ... ၊ ဒေါသအိုး-လို့ ခေါ်တယ်၊ သူတို့ နှစ်လက်သာ ပေါင်းစပ် လိုက်ရင်၊ နတ်ဘုရား လက်ရာကို ယှဉ်နိုင်ပြီ၊ ...

... ကောင်းကင်ဘုံက ထျန်ရွှမ်ဇီ လက်ထဲ ရှိနေပြီမို့၊ ဒေါသအိုးကို ... မင်း ရအောင် ယူပေး ရမယ်။ ”

“ ..... ။ ”

လင်းယွန် တစ်ယောက် မျက်လုံးပြူး သွားသည်။ ထိုလူသည် ဓားဂိုဏ်းကို ဖျက်ဆီး နိုင်သမျှ နည်းလမ်းတိုင်း အပေါ်၊ ဆုပ်ကိုင် ထားပုံ ရသည်။

“ ကျွန်တော် ဒေါသအိုးကို ရအောင် ယူခဲ့ပါ့မယ်။ ”

လင်းယွန်မှ ကတိ ပေး လိုက်သည်။ ကျောက်စိမ်းဓား သူတော်စင်က ခေါင်းညိတ်ပြီး၊

“ ငါ မင်းကို အများကြီး ... သင် မပေးနိုင် တော့လို့၊ မင်းကိုယ်တိုင် ကြိုးစားပါ၊ ပိုးစုန်းကြူး နတ်ဓားရဲ့ ... ဒုတိယ ပုံစံကို ကျွမ်းကျင် သွားရင်၊ ကျန်တာတွေ ... ငါ ဆက်ပြောပြ ပေးမယ်။ ”

ပိုးစုန်းကြူး နတ်ဓား၏ ဒုတိယ ပုံစံ ကျမ်းစာအုပ်အား၊ လင်းယွန်ထံ ပေးအပ် လိုက် သည်။ လင်းယွန်မှ လက်ခံ ယူပြီး၊

“ တတိယ ပုံစံကို ဘယ်မှာ ရှာရ မလဲ။ ”

-ဟု စပ်စု မိ၏။

“ ပိုးစုန်းကြူး နတ်ဓားကို ... ပုံစံ သုံးမျိုး ခွဲထားပြီး၊ နောက်ဆုံး ပုံစံကို ... ရုပ်တု အသွင်နဲ့ ထားရစ် ခဲ့တယ်၊ အဲဒီ ရုပ်တုက၊ ...

... လက်ရှိ ဓားဧကရာဇ် ယုချင်းဖန် ဆီမှာ ရှိတယ်၊ ဒါကြောင့် တတိယ ပုံစံကို လေ့လာချင် ရင်၊ သူ့ဆီ သွားရမယ်။ ”

အနာဂတ်တွင် အကြွင်းမဲ့ ကောင်းကင် မြို့တော်သို့၊ လင်းယွန် တစ်ယောက် ခရီးထွက် ရပေ တော့မည်။

“ ထျန်ရွှမ်ဇီက ဘယ်လောက် တောင် သန်မာလဲ၊ သခင်မ ခွန်အားနဲ့ ယှဉ်ရင် သူက ဘယ်လိုလဲ။ ”

လင်းယွန်မှ ရုတ်တရက် မေးလိုက်သည်။

ကျောက်စိမ်းဓား သူတော်စင်က သက်ပြင်းချကာ၊

“ မင်းက ... နှစ်ပေါင်း ငါးရာ ကျရင်၊ ဘယ်လောက် အထိ သန်မာ လိမ့်မယ် ထင်လဲ၊ ထျန်ရွှမ်ဇီရဲ့ ကျော်ကြားမှုက လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးရာ တည်းက၊ အရှေ့ဘက် ပျက်စီး မြေကို ပျံ့နှံ့ ခဲ့တယ်၊ သူ့အချိန် တုန်းက ...

... အောင်မြင်မှု တွေက ... ၊ လက်ရှိ မင်းထက် လုံးဝ မနိမ့်ကျ ခဲ့ဘူး၊ ဧကရာဇ် ကိုးပါး ကိုတောင် ... ယှဉ်နိုင် တယ်လို့၊ လူ အများက ယူဆ ကြတယ်။ ”

-ဟု ပြန်လည် ဖြေကြား လာခဲ့သည်။

“ ဒါတင် မက သေးဘူး၊ သူက အင်အားစု များစွာ နဲ့လည်း ဆက်ဆံရေး ရှိတယ်၊ သူ့အပေါ် ကျေးဇူး ပြန်ဆပ် စရာတွေ ရှိကြတဲ့၊ တန်ခိုးရှင်တွေ ရှိကြပြီး၊ ...

... သူ့ရဲ့ စကား တစ်ခွန်း ထွက်လာမဲ့ အချိန်ကို စောင့်နေ ကြတာ ... ၊ ရှေးဟောင်း ပျက်သုဉ်းမြေကို သိမ်းပြီးတဲ့ အခါ၊ အရှေ့ဘက် ပျက်စီးမြေရဲ့ ... ၊ ဘုရင် တစ်ပါး ဖြစ်လာမှာ သေချာတယ်။ ”

ထို့နောက် ကျောက်စိမ်းဓား သူတော်စင်မှ နှုတ်ဆက် ထွက်ခွာ သွားတော့သည်။ လင်းယွန် သည်သာ ငေးငိုင်ပြီး ကျန်ရစ် ခဲ့၏။

သူ့စိတ်တွင် ထျန်ရွှမ်ဇီနှင့်၊ ဓားနှစ်လက် အကြောင်းသာ ပြည့်နှက် နေပြီး၊ လေ့ကျင့်ရန် အာရုံ မရှိချေ။

“ ရွှပ် ... ။ ”

ထိုစဉ် အငွေ့အသက် တစ်ခုကြောင့်၊ ညာလက်ကို ဆတ်ခနဲ ခါပြီး၊ ဓား အလင်းအား ဖြတ်ခနဲ ပစ်ခတ် လိုက်သည်။

ခြေသံ တစ်စုံ ချဉ်းကပ် လာ သည်ကို ကြားလိုက် ရသဖြင့်၊ အလို အလျှောက် တုန့်ပြန် မိခြင်း ဖြစ်သည်။

ခြေသံရှင်သည် မြောင်ရင် ဖြစ်၏။ ဓား ရောင်ခြည်မှာ လျင်မြန်လွန်း သဖြင့်၊ ရှောင်တိမ်း ခဲ့သော်လည်း၊ လက်ကောက်ဝတ်အား လှီးဖြတ် သွားသေးသည်။

လင်းယွန်မှ အပြေး အလွှား ရောက်ရှိ သွားကာ၊ လက်ကောက် ဝတ်ကို ဆုပ်ကိုင်လျက် နောင်တ ရ သွားသည်။

ဤသည်မှာ ဗီဇအရ တုန့်ပြန်မှု တစ်ခု ဖြစ်သည်။ သို့သော် ၎င်းတွင် ကြယ်ဓား ပါ၀င် သောကြောင့်၊ သူမ အတွက် မလွယ် ခဲ့ချေ။

ကံကောင်း ထောက်မ စွာဖြင့် ဒဏ်ရာမှာ အပေါ်ယံ မျှသာ ဖြစ်သည်။

“ စီနီယာ အစ်မ ရှင်းယန် ... ၊ နည်းနည်းတော့ သည်းခံပါ၊ ဒဏ်ရာကို ငါ ပြန်ကု ပေးမယ်။ ”

လက်ကောက် ဝတ်ကို ဆုပ်ကိုင် ထားပြီး နဂါးပြာ စွမ်းအင်အား သူမ ခန္ဓာ ကိုယ်ထဲ ပေးပို့ လိုက်သည်။

“ ဂျူနီယာ မောင်လေး ... နင်ဘာတွေ စဉ်းစား နေတာလဲ၊ ငါ့ကို သတ်လု နီးပါးပဲ၊ ဒါ ... ။ ”

ရုတ်တရက် ‘စီနီယာ အစ်မ ရှင်းယန်’ -ဟု ခေါ်ဆိုခဲ့ သည်ကို သတိ ရလာပြီး စကားရပ်ကာ၊ လင်းယွန်ထံ ပြန်ကြည့် လိုက် မိသည်။

လင်းယွန် သည်လည်း ချက်ချင်း အသိ ပြန်ကပ် လာသဖြင့်၊ မြောင်ရင်အား မော့ကြည့် လိုက် မိ၏။ ထို့ကြောင့် နှစ်ယောက်သား အကြည့်ချင်း ဆုံသွား တော့သည်။

***

All Chapters