နောက်တစ်ဆင့် တက်ရန် ... ၊ ခြေတစ်လှမ်း အလို ။
Vol. 146 Ch. 2034
“ စောစောက ငါ့ကို ဘယ်လို ခေါ်လိုက် တာလဲ။ ”
မြောင်ရင်မှ တိတ်ဆိတ်မှုကို ချိုးဖျက်ပြီး လင်းယွန်အား မေးလိုက်သည်။
“ စီနီယာ အစ်မ ရှင်းယန် ... ။ ”
လင်းယွန်က ဆက်လက် ဖုံးကွယ်ရန် ဆန္ဒ မရှိ တော့ချေ။
“ ဟမ့် ... မင်းက ဘယ်လို ခေါ်ရ မလဲ ဆိုတာ တကယ် သိတယ်၊ ဘယ်မှာလဲ မင်းရဲ့ ‘သူငယ်ချင်း၊’ ဆိုတဲ့ လူ ... ။ ”
ရှင်းယန်မှ လင်းယွန်၏ ခေါင်းကို ခေါက်လိုက်သည်။
“ အစ်မ ရှင်းယန်... မင်း မှာလည်း သူငယ်ချင်း ရှိတယ်လို့ ပြောခဲ့ တာပဲ၊ မဟုတ် လား။ ”
လင်းယွန်မှ နှာခေါင်း ပွတ်ကာ ပြန်မေး လိုက်၏။
“ ဟမ့် ... ၊ ဆက်ပြော ကြည့်စမ်း ... ၊ ငါ မင်းကို ဘယ်လို သေအောင် ရိုက်မလဲ ဆိုတာ စမ်းကြည့်လိုက် ... ။ ”
ရှင်းယန်က လင်းယွန်အား စိုက်ကြည့် ခြိမ်းခြောက် တော့သည်။
“ (၆)ပါးသော မြို့တော်မှာ ထဲက၊ မင်းရဲ့ အထောက် အထားကို ငါ ခန့်မှန်း ပြီးပြီ၊ ငါ့ဆရာ စကား တွေကို ... ငါ ကြားလိုက် ရတော့ ...
... ပို သေချာ သွားတယ် ... ၊ မောင်လေး နင်က တကယ်ကို နက်နက် နဲနဲ ဖုံးကွယ်ထား တာပဲ။ ”
ရှင်ယန်မှ မကျေ မနပ်ဖြင့် ပြောဆို လာသည်။
“ တောင်းပန် ပါတယ် စီနီယာ အစ်မ။ ”
“ မင်း လူမိုက်လား၊ ဘာလို့ တောင်းပန် ရတာလဲ၊ ငါက မင့်ရဲ့ အစ်မပဲ၊ ငါ မင်းကို အပြစ် မြင်စရာလား၊ သွေးစွန်းသော ဧည့်ခံပွဲကို ငါ လာကြည့် ခဲ့သေးတယ်။ ”
“ ဘယ်လို ... ။ ”
လင်းယွန်မှ အံ့ဩသွားသည်။
“ မင်း မတွေး မိဘူး မဟုတ်လား၊ မင်းချန်ပီယံ ဖြစ်လာတာ မြင်ပြီးမှ၊ ငါ ထွက်လာ ခဲ့တာ၊ ဒါကြောင့် မင်း ... ဘာအမှားမှ မလုပ် ထားဘူး၊ ကိုယ့်ကိုယ်ကို အပြစ် မတင်နဲ့။ ”
ထိုကိစ္စကို မတွေးထား သောကြောင့် လင်းယွန်မှ တုန်လှုပ် သွားသည်။
“ ဒါနဲ့ ... ၊ ဒီမီဂေါ့ ဝိုင်ပုလင်းကို ထားခဲ့တာ ... မင်းလား။ ”
ရှင်းယန်မှ ပြုံးကာ မေးလာသည်။
“ ဟုတ်ကဲ့ ... ။ ”
လင်းယွန်က ခေါင်းညိမ့်၏။
“ ဂျူနီယာ မောင်လေး ... ၊ မင်းကို ငါ အပြစ် မတင် ပါဘူး ။ ”
“ စီနီယာ အစ်မ ဒါက ဘာလဲ။ ”
လက်ကောက်ဝတ် သွေးကြောမှ တဆင့် တံဆိပ် တစ်ခုကို ခံစားမိကာ မေးလိုက်သည်။
“ မဟာ ယင်-နတ်ခန္ဓာကို ငါ ပိုင်ဆိုင် ထားတယ်၊ မနိုးထ သေးဘူး၊ ဒါကြောင့် မဟာ ယင်-သူတော်စင် ခန္ဓာကိုယ် လို့ပဲ ယူဆ နိုင်တယ်၊ မဟာ ယင်-နတ်ခန္ဓာ၊ ...
... နိုးထ လာတဲ့ အခါ ... ၊ ဗုဒ္ဓ ဘာသာထဲ ဝင်ပြီး အမွေ ဆက်ခံဖို့ ဘိုးဘေးကို လိုက် ရှာရ လိမ့်မယ်။ ”
“ ဘိုးဘေးကို ရှာရ မှာလား။ ”
လင်းယွန်မှ မေးသည်။
“ ငါ့ဆရာ ပြောတာတော့ ... ၊ အဲဒီ လူက သိပ်ကို လျှို့ဝှက် ဆန်းကြယ်တဲ့ အတွက်၊ သူ့ကို တစ်ခါပဲ တွေ့ဖူး တယ်တဲ့ ... ။ ”
“ စီနီယာ အစ်မက ဗုဒ္ဓ ဘာသာထဲ ဝင်တော့ မို့လား။ ”
“ ဘာလို့လဲ ... ၊ မင်းက ငါ့ကို ဗုဒ္ဓဘာသာ ဝင် မဖြစ်စေချင် ဖူးလား။ ”
တော်ဝင် သမီးတော် ခြံဝင်းသည် ဗုဒ္ဓ ဘာသာ အမွေကို ဆက်ခံခြင်း ဖြစ် သော်လည်း တပည့်တိုင်း သီလရှင် ဝတ်စရာ မလိုချေ။
“ အဲဒါတွေ ခဏ ထားပါဦး၊ စောစောက မင်းဘာတွေ တွေးနေ တာလဲ၊ လေ့ကျင့်ရေး ကွင်းမှာ ဒီလောက် ဒေါသ ထွက်နေ စရာ လိုလို့လား။ ”
ရှင်းယန်သည် သီလရှင် ကိစ္စ အပေါ်၊ ဆွေးနွေး လိုစိတ် မရှိ သဖြင့်၊ ထိုကိစ္စအား ဘေးဖယ် ထားရန် ဆုံးဖြတ် လိုက်သည်။
လင်းယွန် ရှင်းပြသည် များကို ကြား ပြီးနောက် ရှင်းယန် တစ်ယောက် ခေတ္တမျှ တုံ့ဆိုင်း သွား၏။
“ မောင်လေး၊ မင်း သိပ် စိတ်ပူ နေစရာ မလိုပါဘူး၊ မင်းဆရာမှာ ထျန်ရွှမ်ဇီကို ရင်ဆိုင်ဖို့ ဝှက်ဖဲတွေ သေချာပေါက် ရှိပါတယ်၊ မဟုတ်ရင် ထျန်ရွှမ်ဇီရဲ့ ကိုယ်ရည် ကိုယ်သွေး အရ၊ ...
... ဓားဂိုဏ်းကို ဝင်တိုက် ခဲ့ပြီးတာ ကြာပြီပေါ့၊ သူက တစ်ခုခုကို စိုးရွံ့ နေလို့သာ ဒီအတိုင်း ရပ်ကြည့် နေတာပါ၊ ပြီးတော့ ငါ့ ဆရာနဲ့၊ ...
... သိုင်းအဒေါ်လည်း ရှိပါ သေးတယ်၊ ထျန်ရွှမ်ဇီက မင်းဆရာရဲ့ ဒုက္ခကို နှောက်ယှက် ဝံ့မှာ မဟုတ်ဖူးလို့၊ ငါ ယုံတယ်။ ”
ရှင်းယန် ပြောသည့် စကားများမှာ၊ အဓိပ္ပါယ်ရှိ သဖြင့်၊ လင်းယွန်မှ ခေါင်းညိတ် ပြ လိုက်သည်။
“ မင်းဆရာက မင်းကို ... ဒီလွှတ်လိုက် တည်းက၊ သူ့အတွက် စိုးရိမ် နေမယ့် ... အစား ကျင့်ကြံမှု အပေါ်ပဲ၊ အာရုံစိုက် စေချင်တာ နေမယ်၊ သူ့မှာ အောင်မြင်ဖို့၊ ...
... မျှော်လင့်ချက် ရှိနေ ပုံပဲ၊ ကောင်းကင် တာအို ဂိုဏ်းမှာ၊ မူလ နဂါး မဟာ သူတော်စင်၊ ငါ့ ဆရာနဲ့ သိုင်းအဒေါ်က မင်းကို ဂရုစိုက် ကြတယ်၊ ဒါက မင်းဆရာ၊ ...
... ဖြစ်ချင်တဲ့ ဆန္ဒပဲ၊ ဒါကြောင့် သူ့ကို စိတ်ပူပြီး အချိန်ဖြုန်း နေတာက၊ မင်းဆရာရဲ့ ရည်ရွယ်ချက်ကို ပျက်စီး စေလိမ့်မယ်။ ”
လင်းယွန်မှ ရုတ်တရက် နားလည် လာပြီး၊
“ အခုလို တည့်မတ် ပေးလို့ ကေျးဇူးတင်ပါတယ် စီနီယာ အစ်မ။ ”
“ ငါ့ကို ကျေးဇူး တင်စရာ မလို ပါဘူး၊ အချိန်ပေးပြီး တွေးကြည့် ရုံနဲ့ ဒါကို မင်းလည်း မြင်နိုင် ပါတယ်။ ”
ရှင်းယန်က လေးနက်စွာ ပြောသည်။
“ ကောင်းကင်ဘုံ ကျောက်စိမ်းဓား သူတော်စင်က၊ မင်းကို ပိုးစုန်းကြူး နတ်ဓား ပေးခဲ့တယ် မဟုတ်လား၊ စကြ ရအောင်။ ”
“ မစ သေးဘူး၊ ... ခဏလောက် အနား ယူချင် သေးတယ်။ ”
“ ကောင်းပြီ ... ။ ”
ရှင်းယန်က ခေါင်းညိမ့်ပြီး လင်းယွန်နှင့် အတူ ထိုင်ချကာ၊ အတွေ့ အကြုံများ ဝေမျှ နေ ခဲ့သည်။
ဓားနန်းတော်ရှိ သူတို့ အတွေ့ အကြုံ အကြောင်း၊ ပြောသည့် အချိန်တိုင်း ပြုံးကာ လွမ်းဆွတ် လာတတ်၏။
လင်းယွန်က စိတ်အေး လက်အေးဖြင့် ရှင်းယန် ပေါင်ပေါ် ခေါင်းအုံးကာ စကား စမြည် ပြောနေ မိသည်။
ရှင်းယန်မှ သူ့ဆံပင် များကို ပွတ်သပ် ပေးလာ သဖြင့်၊ လင်းယွန် ခမျာ အိပ်ပျော် သွား တော့သည်။ ပြန်နိုး လာသော အခါ ရှင်းယန် အား မတွေ့ရ တော့ချေ။
“ စီနီယာ ညီမ ... ။ ”
ချက်ချင်း ခုန်ထကာ လှည့်ပတ် ရှာဖွေ လိုက်မိ၏။ ယခင် အချိန်က ကဲ့သို့ ထွက်သွား မည်ကို ကြောက်နေ ခဲ့သည်။
ရှင်းယန် တစ်ယောက် ပြုံးရွှင် စွာဖြင့် ကိုယ်လက် သန့်စင် နေသည်ကို မြင်မှသာ သက်ပြင်းချ မိ၏။
“ ဂျူနီယာ မောင်လေး၊ ဒီနေ့တော့ ... မင်း ပျင်းနေလို့ မရဘူး။ ”
“ ကျွန်တော် မပျင်း ပါဘူး။ ”
လင်းယွန်က ပြန်ဖြေကာ၊ စာအုပ်ကို လှန်ကြည့် လိုက်သည်။ ပိုးစုန်းကြူး နတ်ဓား၏ ဒုတိယ အပိုင်းသည်၊ မြင့်မားသော လိုအပ်ချက် များ ရှိချေ၏။
အမည်ခံ သူတော်စင်သည် စတုတ္ထ သို့မဟုတ်၊ ပဉ္စမဓား ပုံစံကို ကျွမ်းကျင်သော် အထင် ကြီးစရာ ဖြစ်သည်။ နိဗ္ဗာန် အဆင့် ဖြင့်မူ၊ တတိယဓား ကိုသာ ကျွမ်းကျင်အောင် စွမ်းဆောင် နိုင်၏။
လင်းယွန်က ဓားညီလာခံ မတိုင်မီ သတ္တမ သို့မဟုတ် အဋ္ဌမမြောက် ဓားပုံစံကို ကျွမ်းကျင် ရန်၊ မျှော်လင့် ထားသည်။
သရုပ်ဖော် အဆင့်သို့ ရောက်ရန်၊ မခက်ခဲ သော်လည်း ခွဲခြမ်းစိတ်ဖြာခြင်း အဆင့် အတွက် မူ၊ မလွယ်ချေ။
ဤနည်းဖြင့် နေ့ခင်း ဘက်တွင် ဓားရေး လေ့ကျင့်ပြီး၊ ညဘက်တွင် ရှင်းယန် ပေါင်ပေါ်၌ အိပ်စက် ခဲ့၏။
မျက်စိ တစ်မှိတ် အတွင်း ရက်ပေါင်း သုံးဆယ်ကျော် ကုန်လွန် သွားသည်။ ဧရာမ ဗုဒ္ဓ ရုပ်ပွား တော်ရှေ့ ရင်ပြင်၌ ဖြစ်စဉ်များ ဖုံးလွှမ်း ထားသည်။
“ အသက် ပြန်ဝင် လာသော သစ်ခြောက်ပင်။ ”
“ နေထွက်ခြင်း ... ။ ”
“ ဆန့်ကျင်ဘက် ဝင်ရိုးစွန်းများ ... ။ ”
“ ငွေရောင် သစ်ပင်မှ၊ မီးလျှံ ပန်းတစ်ပွင့်။ ”
“ လျှပ်စီး ထိန်းကြောင်းခြင်း ... ။ ”
“ ကောင်းကင်ကို လောင်မြိုက်မယ့် မီးလျှံ။ ”
လင်းယွန်မှာ ဆဋ္ဌမမြောက် ဓားပုံစံ အထိသာ၊ စွမ်းဆောင် နိုင်ခဲ့သည်။ ကောင်းကင် မီးတောက်ကို ထုတ်ဖော် လိုက်သော အခါ အဖြစ် အပျက်များ ထပ်တူ ကျလာ၏။
“ ဘုန်း ... ။ ”
“ ခရစ် ... ။ ”
ဓားသည် မြေပြင်ပေါ် ကျရောက် သွားပြီး၊ အက်ကွဲ ကြောင်းများ ပျံ့နှံ့လျက်၊ ရင်ပြင် တစ်ခု လုံး တုန်ခါ သွားသည်။
အဝေးမှ ရပ်ကြည့် နေသော ကျောက်စိမ်းဓား သူတော်စင်နှင့် သတ်ဖြတ်ခြင်း မဟာ သူတော်စင် တို့မှာ၊ ဤမြင်ကွင်းကြောင့် ထိတ်လန့် သွားသည်။
“ သူ တကယ့်ကို တက်ကြွ နေတာပဲ၊ ဒါပေမယ့် ပြီးခဲ့တဲ့ လကတော့ အရမ်း ပင်ပန်းတဲ့ ပုံနဲ့ ... နွမ်းနေ ခဲ့တယ်။ ”
သတ်ဖြတ်ခြင်း မဟာ သူတော်စင်မှ ပြုံးကာ ပြောလိုက်သည်။
“ ဒီလို အသက် ငယ်ငယ်နဲ့ ... ၊ ဆဋ္ဌမ ဓားပုံစံကို ရဖို့ မလွယ်ဘူး၊ တကယ်ပဲ (၁၁) မြောက် လူ ဖြစ်လာပြီ။ ”
ကျောက်စိမ်းဓား သူတော်စင်မှ ဆိုသည်။ လွန်ခဲ့သည့် နှစ်ပေါင်း သုံးထောင် အတွင်း၊ လူ ဆယ်ဦးသာ ပိုးစုန်းကြူး နတ်ဓား၏ ဒုတိယ အပိုင်းကို ကျွမ်းကျင် ပိုင်နိုင် ခဲ့သည်။
၎င်းတို့ အားလုံးသည် ဓားသူတော်စင်များ ဖြစ်လာ ကြပြီး၊ တစ်ဦးမှာ ဓားဧကရာဇ် ဖြစ်လာ ခဲ့သည်။
“ သခင်မတို့ ရောက်နေ တာလား။ ”
လင်းယွန်မှ အမြန် လျှောက်လှမ်း လာ၏။ သူ့စိတ်နေ စိတ်ထားသည် လွန်ခဲ့သည့် လဖြင့် ယှဉ်က သိသိ သာသာ ပြောင်းလဲ သွားသည်။
ကြယ်ဓားကို ကောင်းစွာ ထိန်းချုပ် လာနိုင်ပြီး၊ နဖူးတွင် ဝှက်ထား ပါက မည်သူမျှ သတိ ထားမိ ကြမည် မဟုတ်ချေ။
“ မင်း ဒီတစ်လ လုံးလုံး ... အလုပ် ကြိုးစားနေပုံ ရတယ်။ ”
“ တစ်လ အတွင်း ... ဆဋ္ဌမမြောက် ဓားပုံစံကို ရလာတယ် ဆိုတော့ မဆိုးပါဘူး။ ”
သတ်ဖြတ်ခြင်း မဟာ သူတော်စင်နှင့် ကျောက်စိမ်းဓား သူတော်စင်မှ တစ်ပြိုင် နက် တည်း ပြောကြား လိုက်သည်။
ယင်းကြောင့် ချက်ချင်း တစ်ယောက်ကို တစ်ယောက်၊ မကျေ မနပ်နှင့် ပြန်ကြည့် လိုက် ကြသည်။
“ ဝါကြွား မနေနဲ့ ... နင်တောင် ဒီလောက် မလုပ်နိုင်ဖူး ဆိုတာ ... ငါ သိတယ်။ ”
သတ်ဖြတ်ခြင်း မဟာ သူတော်စင်မှ ပြောကြား လိုက်သည်။ ကျောက်စိမ်းဓား သူတော်စင်က ငြင်းခုံခြင်း မပြုဘဲ၊
“ ယဲ့ချင်းရှန် ... လဝက် နေရင် ... ၊ လျှို့ဝှက် ဓားစံအိမ်ကို မင်း သွားရမယ်။ ”
-ဟု ပြောကြား လိုက်သည်။
“ ဘယ်သူ နဲ့လဲ ... ။ ”
“ အမည်ခံ သူတော်စင် အကြီးအကဲ ... ၊ မရဏ မိုးကြိုးက မင်းနဲ့ အတူ လိုက်လိမ့်မယ်၊ မင်းက လွဲရင် ဘယ်သူမှ ... ၊ ဒီပွဲနဲ့ မသင့် လျော်ဘူး။ ”
“ ကျွန်တော့်ကို ယုံတဲ့ အတွက် ကျေးဇူး တင်ပါတယ်။ ”
“ ပိုင်ရှုရင်သာ အမည်ခံ သူတော်စင် နယ်ပယ် မရောက် သေးရင်တော့၊ မင်းနဲ့ အတူ လိုက်နိုင် မှာ။ ”
“ အစ်မပိုင်က အခု ဘယ်မှာလဲ။ ”
“ တစ်ယောက် ယောက်ကို ရှာဖို့ ထွက်သွားတယ်၊ ဘယ်သူ့ကို ရှာနေမှန်း ငါလည်း မသိဘူး။ ”
ယင်းသည် ပိုင်ရှုရင်ကို စွဲလမ်းစေ ခဲ့သော၊ ထိုလူ ဖြစ်မည်ဟု လင်းယွန် တွေးမိ လာသည်။ ၎င်း၏ ပြောကြားချက် များအရ၊ တစ်ကြိမ်သာ တွေ့ဆုံ ဖူးပြီး၊ သူမအား ဤသို့ ရူးသွပ်စေ သည်မှာ၊ ထူးဆန်း နေ၏။
ပိုင်ရှုရင်၏ စိတ်နေ စိတ်ထားသည် ကျောက်စိမ်း ဓားသူတော်စင်နှင့် တူညီကာ၊ တစ်ချိန်လုံး အေးစက် နေတတ်သည်။
“ ဘာတွေ တွေးနေ တာလဲ။ ”
“ ဘာမှ မဟုတ် ပါဘူး။ ”
လင်းယွန်မှ အတွေးများ ပြန်ရုတ် လိုက်၏။
“ ကောင်းပြီ ... ဒီလဝက် အတွင်း ပိုးစုန်းကြူး နတ်ဓားကို လေ့ကျင့်တာ ရပ်မယ်၊ ကောင်းကင် သန့်စင်ခြင်း တောင်ကို ... မင်း သွားသင့်တယ်၊ ...
... အဲဒီ စီနီယာက ... မင်းကို တွေ့ချင် နေတယ်၊ နောက်ဆုံး အဆင့် နှစ်ဆင့်ကို၊ မင်း ကျော်ဖြတ် နိုင်မယ် မဟုတ်လား။ ”
ထိုလူသည် ယုချင်းဖန် လက်၌ သေဆုံး ခဲ့သော ကောင်းကင် တာအို ဂိုဏ်း၏၊ ဂိုဏ်းချုပ် ဖြစ်မှန်း သိသဖြင့်၊ လင်းယွန် တစ်ယောက် တွေဝေ သွားသည်။
၎င်းဝိညာဉ်သည် နဝမတန်း ရှေးဟောင်း ဝိညာဉ် အဖြစ်နှင့်၊ ကောင်းကင် သန့်စင်ရေး တောင်၌၊ ရှင်သန် နေခဲ့၏။
မည်သို့ပင် ဆိုစေ ကာမူ၊ ကြယ်ဓား ပိုမို သန့်စင် လာစေရန်၊ ထိုအရပ်သို့ ခရီး ထွက်သင့် သည်မှာ၊ အမှန် ပေပင်။
၎င်းအား ကျွမ်းကျင် လာပါက အသွင် ကူးပြောင်းမှု တစ်ခုကို၊ ထပ်မံ ရရှိနိုင် မည်ဟု စီနီယာ အစ်ကို ယဲ့မှ၊ ပြောကြား ခဲ့သည်။
အနန္တ သင်္ချိုင်း တောင်ကြား၌၊ သွေးကျီးကန်း များစွာကို သတ်ဖြတ် နိုင်ခဲ့ပြီး ဖြစ်ရာ၊ ထိုအဆင့် သို့ တက်နိုင် မည်ဟု ယုံကြည် ချေ၏။
***