← Chapters

ထူးဆန်းသော လူငယ် ... ။

Vol. 146 Ch. 2035

ထူးဆန်းသော လူငယ် ... ။

Vol. 146 Ch. 2035

လင်းယွန် တစ်ယောက် လေ့ကျင့်ရေး ရင်ပြင်မှ ထွက်ခွာပြီး ကောင်းကင် သန့်စင်ခြင်း တောင်သို့ တစ်ယောက်တည်း တက်လာ ခဲ့ သည်။ ဤသည်မှာ တတိယ အကြိမ် ဖြစ်၏။

“ ယဲ့ချင်းရှန် ... မင်း ပြန်လာပြီ။ ”

အပြာရောင် အဝတ် အစားနှင့်၊ အမည်ခံ သူတော်စင် တစ်ပါး လင်းယွန် ရှေ့ ပေါ်လာ တော့သည်။

၎င်းသည် ကောင်းကင် သန့်စင်ရေး တောင်ကို စောင့်ကြပ်ရန်၊ တာဝန် ရှိနေသော အကြီးအကဲ ဖြစ်၏။

လင်းယွန်မှ နှုတ်ဆက် စကား ဆိုကာ၊ လက်သီးများ ဆုပ်လျက် အရိုအသေ ပေးလိုက် တော့သည်။

အပြာဝတ် လူငယ်က ပြုံးလျက်၊

“ ဘယ်သူမှ မသိအောင် ... ၊ သတ္တမ အဆင့်ကို တိတ်တိတ်လေး မင်း တက်ရောက် ခဲ့တယ်၊ ဒီရုန်းရင်း ဆန်ခတ်မှုက ဘယ်အထိ ရိုက်ခတ် ခဲ့လဲ မင်း သိလား။ ”

လင်းယွန် ခရီးထွက် နေစဉ်၊ ကောင်းကင် သန့်စင်ရေး တောင်မှ သတ္တမ အဆင့် ရောက်နေ ကြောင်း ပြသ ခဲ့သည်။

“ ကျွန်တော် တောင်ပေါ် တက်လို့ ရပြီ မဟုတ်လား။ ”

လင်းယွန်မှ ပြုံးပြီး ပြန်မဖြေဘဲ၊ ထပ် မေး လိုက်သည်။

“ သေချာ တာပေါ့၊ မင်း ... အချိန် မရွေး တက်နိုင်တယ်၊ ဒီတစ်ကြိမ် မှာရော နောက်ဆုံး အဆင့် နှစ်ဆင့်ကို၊ တက်လှမ်း နိုင်မယ်လို့ ယုံကြည်မှု ရှိနေ ပြီလား။ ”

“ စမ်းကြည့် ရမှာပဲ ... ။ ”

“ ဟား ဟား ဟား ... ကောင်းပြီ၊ သတင်းကောင်းကို ငါစောင့်မျှော် နေပါတယ်။ ”

အပြာဝတ် အမည်ခံ သူတော်စင်မှ ကောင်းကင် သန့်စင်ရေး တောင်ကို၊ ကာကွယ် ထားသည့် အတားအဆီးအား ဖွင့်လိုက်သည်။

လရောင် အောက်တွင် မြူခိုးများ ရစ်သိုင်းလျက်၊ ကောင်းကင်ဘုံ တစ်ခု သဖွယ် သာယာသော မြင်ကွင်းများ ပေါ် လာ၏။

ကြိုးကြာ တစ်ကောင်က၊ ကောင်းကင်မှ ဆင်းသက် လာပြီး၊ လင်းယွန်အား တောင်ထိပ် ပေါ်သို့ ခေါ်ဆောင် သွားသည်။

လမ်းတွင် နတ်ကျောက်စိမ်း ဝါးပလွေကို ထုတ်ယူကာ၊ ဖီးနစ် နှလုံးသား သီချင်းအား တီး မှုတ် နေမိသည်။ သီချင်းမှာ နားဝင်ချိုပြီး၊ သက်တောင့် သက်သာ ဖြစ်စေ၏။

သတ္တမ အဆင့်သို့ ရောက်သည်နှင့် ကောင်းကင် ကြိုးကြာက သူ့အား ချပေးကာ၊ ကောင်မလေး အသွင် ခံယူ လိုက်သည်။

“ မင်္ဂလာပါ ကြိုးကြာ နတ်သမီး။ ”

လင်းယွန်မှ ပြုံးပြီး၊ အနန္တ သင်္ချိုင်း တောင်ကြားမှ ရရှိ ခဲ့သော ရွှေပုတီး စေ့ကို ထုတ်ယူ ပေးလိုက်သည်။

“ ဟမ့် ... ရတနာ တစ်ခု ပါလား၊ ဒီပုတီးစေ့ကို သိုင်း ရည်ရွယ်ချက် အတွက် သုံးနိုင် တယ်လို့၊ ငါ့သခင် ပြောဖူးတယ်။ ”

ကြိုးကြာ နတ်သမီးက ဝမ်းမြောက် သွား၏။

“ ပြော ... နင် သိချင်တာ ဘာရှိလဲ။ ”

“ အဌမ အဆင့်နဲ့ နဝမအဆင့် အကြောင်း။ ”

လင်းယွန်မှ ပြုံးလျက် ပြောလိုက်သည်။

“ နင့်ရဲ့ လက်ရှိ ဓား ရည်ရွယ်ချက်နဲ့ ... ၊ အဌမ အဆင့် ရောက်ဖို့ လွယ်တယ်၊ ဒါပေမယ့် နဝမ အဆင့် ဆိုရင်တော့ ... ကွဲပြားတဲ့၊ ဇာတ်လမ်းပဲ၊ ...

... ဧကရာဇ် ဓားက နဝမ အဆင့်ကို ကြီးကြပ်ပြီး၊ ငါ့သခင်တောင် စမ်းသပ်မှု အပေါ်၊ ကြားဝင် စွက်ဖက်လို့ မရဘူး။ ”

“ ဧကရာဇ် ဓားက တကယ်ပဲ နဝမ အဆင့် မှာလား။ ”

“ မဟုတ်ဘူး၊ ဧကရာဇ် ဓားက ဒီမှာ မရှိတော့ဘူး၊ သူ ချန်ထားတဲ့ ဓားရောင်ခြည် တစ်ခုက မီးတောက် အဖြစ် ပြောင်းသွားပြီး၊ ကျန်နေတာ ဒေါသ ကြီးတယ်၊ ကိုင်တွယ်ရ ခက်တယ်။ ”

“ မင်း ... မြင်ဖူးလား။ ”

လင်းယွန်မှ မေးမိ၏။

“ အင်း ... မြင်ဖူးတယ်၊ နင့်အပေါ် စိတ် ကောင်းဝင် နေတာမို့၊ ငါ ပြောပြ နေတာ၊ ဘာပဲ ဖြစ်ဖြစ် နင် သတိ ထားရမယ်။ ”

ကြိုးကြာ နတ်သမီးမှ စိုးရိမ်သော အသွင်ဖြင့်၊ သတိပေး လာ၏။

“ ကောင်းပြီ ... ငါ စမ်းကြည့် လိုက်ဦးမယ်။ ”

လင်းယွန်က ပြုံးကာ ပြောလိုက်သည်။ ကြိုးကြာ နတ်သမီး ပြောသည့် အတိုင်း၊ အဋ္ဌမ အဆင့်ကို အောင်မြင်စွာ ကျော်ဖြတ် နိုင်ခဲ့၏။

နဝမ အဆင့်သို့ ရောက်သော အခါတွင် လူ တစ်ယောက် ရှိနေသည်ကို တွေ့လိုက် ရ သဖြင့်၊ အံ့အားသင့် သွားသည်။

ထိုလူက လက်နှစ်ဖက်ကို နောက်ပစ်ကာ၊ ရပ်နေ ခဲ့၏။ အဝတ် အစားမှာ အနည်းငယ် ညစ် ပေ နေပြီး၊ ထူးထူး ခြားခြား ဖြစ်ချေသည်။

၎င်း၏ မီးခိုးရောင် အဝတ်ကို မလျှော်ဘဲ၊ နေသည်မှာ၊ မည်မျှ ကြာပြီမှန်း မသိချေ။ နံစော် ကာ ဆံပင်၌ မြက်ပင်များ တွယ်ညိ နေ၏။

အဝတ် ပေါ်တွင် ဖုန်မှုန့် များဖြင့် ညစ်ပတ်နေ သော်လည်း၊ လက်များ မှာမူ၊ ပုလဲ အနှစ် အလား တောက်ပ နေ၏။

ထိုသူနှင့် ဆယ်ပေ အကွာ မှပင်၊ မီးဖိုကြီး ကဲ့သို့ တောက်လောင် နေသော ရောင်ဝါအား၊ ခံစား လိုက်ရသည်။

ဤလူသည် နေမင်း ကဲ့သို့ ပြင်းပျသော အပူလှိုင်းကို ပေးဆောင် နေသဖြင့်၊ အနားသို့ မည်သူမျှ ကပ်နိုင်မည် မဟုတ်ချေ။

“ စီနီယာ ... ။ ”

လင်းယွန်က စုံစမ်းရန် ကြိုးစားသည်။

“ ငါက ဘယ်လိုများ စီနီယာ ဖြစ်လာ ရတာလဲ။ ”

တည်ငြိမ်သော အသံဖြင့်၊ ထိုလူက လှည့်ကြည့် လာ၏။ သူ့ မုတ်ဆိတ်မွေး များက မျက်နှာကို၊ မြက်ရိုင်း များလို ဖုံးအုပ် နေသည်။

အရှည်မှာ အနည်းဆုံး မီတာဝက်ခန့် ရှိနေပြီး၊ အနက်ရောင် ဖြစ်၏။ မျက်ဝန်း များ၌ နုပျိုမှုကို ပြသ နေသည်။ လင်းယွန်မှ ၎င်းအား စစ်ဆေး နေ သကဲ့သို့၊ သူ သည်လည်း လင်းယွန်ကို စစ်ဆေး နေ၏။

ဤလူက သူ့ကို ကြည့်နေစဉ်၊ လူသတ် လိုသော ဆေးအိုးကြီး ကဲ့သို့၊ အငွေ့ အသက် များ ထွက်ပေါ် လာသည်။

လင်းယွန်မှ အနည်းငယ် ထိတ်လန့် သွားသည်။ ကောင်းကင် တာအိုဂိုဏ်း အတွင်း၊ သည်မျှ ကြောက်စရာ ကောင်းသူ တစ်ဦး ရှိနေ လိမ့် မည်ဟု မထင် ထားချေ။

“ စီနီယာ ... ဒီမှာ ဘာလုပ် နေတာလဲ။ ”

“ ဘာလုပ် ရမလဲ ... ၊ မင်းကို စောင့်နေ တာပေါ့၊ မဟုတ်ရင် ဒီလို ရှုခင်းမျိုးကို ငါ ရပ်ပြီး၊ ခံစားမယ် ထင်နေ လို့လား၊ ငါ ... အပြင်က ပြန်ရောက် လာတော့၊ ဂိုဏ်းမှာ ဓားသမား တစ်ယောက် ရှိနေပြီလို့ ကြားခဲ့တယ်၊ ...

... အဲဒီ လူက နဂါး မီးတောက် သုံးပါးကို ရရုံသာ မကဘူး ... ၊ ကောင်းကင် သန့်စင်ရေး တောင်ရဲ့ သတ္တမ အဆင့် ကိုလည်း၊ ရောက်ခဲ့ တယ်၊ မကြာ သေးခင် ကမှ ... သူက၊

... ဘုရင် အဆင့်ကို သိမ်းပိုက်ပြီး ... ၊ ဂိုဏ်းကို ပြန်လာ နေပြီတဲ့၊ ဒါကြောင့် အဲဒီ လူကို ကြည့်ဖို့ ... ငါ လာခဲ့တာ ... ။ ”

လင်းယွန်မှ မျက်မှောင်ကြုတ် လိုက်၏။ ဂိုဏ်းအတွင်း၌ ဝပ်နေသော ကျားများနှင့်၊ ပုန်း ကွယ်နေသော နဂါးများ၊ များစွာ ရှိကြောင်း၊ သိထားသည်။

၎င်းတို့မှာ ရွှေမျိုးဆက် ပါရမီရှင်များ ဖြစ်ကာ၊ အမည်ခံ သူတော်စင် နယ်ပယ်သို့ ရောက် သည်နှင့်၊ ဂိုဏ်း၌ မနေ တော့ချေ။

ဤလူသည် ကောင်းကင်ဓား သို့မဟုတ် တာအိုဓား ဆက်ခံသူ ဖြစ်နိုင်သည်။ သူ နဝမ အဆင့်ကို၊ မည်သို့ ဖြတ်ကျော် မည်အား၊ သိလို သဖြင့်၊ လာရောက် စောင့်ကြည့် နေခြင်း ဖြစ်ချေ၏။

ယင်းကြောင့် လင်းယွန်က စကား မပြော တော့ဘဲ၊ နဝမ အဆင့် ဖြေဆိုရန်၊ ခြေလှမ်း ပြင် လိုက်သည်။

နဝမအဆင့် ပထမ အကြိမ် စမ်းသပ်မှု ရှေ့တွင်၊ ပန်းချီကား တစ်ချပ် ရှိ၏။ ပန်းချီကား အတွင်း၌၊ ပါရှိသော ကြောက်မက်ဖွယ် စွမ်းအား များက၊ အဖြူဝတ် ဓားသမား အသွင် ထွက်ပေါ် လာသည်။

“ ဝှစ် ... ။ ”

၎င်းမှ ဓားကို မြှောက်လိုက် ရုံမျှဖြင့် လင်းယွန် အပေါ် ကြီးမားသော ဖိအားများ ပေးစွမ်း လာ၏။

“ ဒီစမ်းသပ်မှုကို ဖြေမယ် ဆိုရင် ... ငါ့ဆီလာပါ။ ”

“ ရွှမ်း ... ။ ”

အဖြူဝတ် ဓားသမားမှ စိန်ခေါ် လာသည်။ လင်းယွန်က တုန့်ဆိုင်း မနေဘဲ၊ ပန်းသင်္ချိုင်းကို ဆွဲထုတ်ကာ၊ နိဗ္ဗာန် ရောင်ဝါ သွန်းလောင်း ပစ်လိုက် တော့၏။

ထို့ကြောင့် ဓားရောင်ဝါ အချင်းချင်း လေထု အလယ် တိုက်မိကုန် တော့သည်။

***

All Chapters