ဓား တစ်ချက်တည်း ... ။
Vol. 146 Ch. 2036
လင်းယွန်နှင့် အဖြူဝတ် ဓားသမား၏ တိုက်ပွဲမှာ မြန်ဆန်၏။ နှစ်ဦးသား ပိုးစုန်းကြူး နတ်ဓားကို သုံးခဲ့သည်။
သို့သော် အဖြူဝတ် ဓားသမား၏ ဓား ရည်ရွယ်ချက်မှာ၊ ဧကရာဇ်ဓား ချန်ထား ခဲ့သော ရောင်ဝါကြောင့်၊ လင်းယွန်ထက် ပို သန့်စင်ပြီး ထက်ရှ၏။
ရလဒ် အနေဖြင့်၊ ၎င်း၏ ခွန်အားမှာ မိုးပြာ မူလ အဆင့်၊ အမည်ခံ သူတော်စင် တစ်ပါးနှင့် ညီမျှသည်။ သည့်အပြင် ကြယ်ဓား ကိုလည်း နားလည် ထား၏။
“ ဝှစ် ... ။ ”
ကြယ်ဓားသည် မည်မျှ ထိတ်လန့် စရာ ကောင်းမှန်း၊ သိသောကြောင့် ဝင်လာသော ဓား ချက် များကို၊ လင်းယွန်မှ ဂရုတစိုက် ကာကွယ် နေခဲ့ ရသည်။
“ နိဗ္ဗာန်-သတ္တမ အသွင် ကူးပြောင်းရေး အဆင့် လောက်နဲ့၊ နဝမ အဆင့်ကို စိန်ခေါ်တာ ... မင်း ဘယ်လောက် စွမ်းဆောင် နိုင်မလဲ ကြည့်ပါ ရစေ။ ”
မုတ်ဆိတ်မွေး ရှည်ရှည်နှင့် လူငယ်က၊ ကျောက်တုံး တစ်တုံးပေါ် တက်ထိုင် လိုက်ပြီး၊ တိုက်ပွဲအား ပြုံးကာ ပြောကြား လာ၏။
လှုပ်ရှားမှု ဆယ်ကြိမ် ပြည့်ပြီးနောက်၊ လင်းယွန် တစ်ယောက် ဆိုးရွားသော အနေ အထားသို့ ကျရောက် လာသည်။
လက်များ ထုံကျင် လာသဖြင့်၊ အသက် ပြင်းပြင်း ရှူပြီး၊ နက္ခတ်အား ဆင့်ခေါ် လိုက် ရ၏။
ခွန်ပန် ပေါ်လာသော အခါ၊ ရောင်ဝါ မြင့်တက် လာကာ၊ အဖြူဝတ် ဓားသမားနှင့် တူညီသော အဆင့်သို့၊ ရောက်ရှိ သွားသည်။
ဤမြင်ကွင်းကြောင့် မုတ်ဆိတ်မွေး ရှည်ရှည်နှင့် လူငယ်၏ မျက်လုံးများ တောက်ပ လာ၏။
“ ခွန်ပန်လား ... ၊ ဒါက ကမ္ဘာဦး သားရဲပဲ၊ စိတ်ဝင် စားစရာ ကောင်းလာပြီ ... ၊ ဒါပေမယ့် ပြီးပြည့်စုံပုံ မပေါ် သေးဘူး။ ”
ခွန်ပန်ကို မြင်လိုက် သည်နှင့်၊ လိုအပ်ချက်အား ထိုလူငယ်မှ တန်းပြော လာ၏။ ဆိုလို သည်မှာ ခွန်ပန်၏ စွမ်းအားကို အပြည့် အဝ မထုတ်နိုင်ဟု အဓိပ္ပါယ် ရ၏။
“ နက္ခတ် နှစ်လုံး ရှိနေတာ များလား ... ။ ”
မုတ်ဆိတ်မွေး ရှည်ရှည်နှင့် လူငယ် ခမျာ မျက်ဝန်းများ ပို၍ တောက်ပ လာသည်။ ရှားပါး သော မြင်ကွင်းမျိုး မြင်ရ နိုင်၏။
“ ထန် ... ထန် ... ။ ”
လင်းယွန်က အဖြူဝတ် ဓားသမားကို ပြင်းထန်စွာ ခုခံ တိုက်ခိုက် နေသည်။ မျက်စိ တစ်မှိတ် အတွင်း ဓားကွက် တစ်ရာ နီးပါး ဖလှယ်လိုက် ကြ၏။
ဓားနှစ်လက်ကို တစ်ယောက် ရင်ဘတ်ထံ၊ တစ်ယောက် ချိန်ရွယ်ကာ၊ ထိုးသွင်း လိုက်တော့ သည်။
အဖြူဝတ် ဓားသမား၏၊ ဓား ရောင်ဝါမှာ၊ ပို၍ ထူထဲ သောကြောင့်၊ ပန်းသင်္ချိုင် အရှိန်အား နှေးကျ သွားစေ၏။
ဆန့်ကျင်ဘက် အနေဖြင့်၊ လင်းယွန် တစ်ယောက် မျက်နှာ ဖြူဖျော့လျက်၊ ဓားဖျားမှ ပေါက်ကွဲ စွမ်းအားနှင့်၊ နောက်သို့ လွင့်စဉ် သွားတော့သည်။
“ မင်း ရှုံးပြီ ... ၊ မင်းမှာ အခွင့် အရေး နှစ်ကြိမ် ကျန်သေးတယ်။ ”
အဖြူဝတ် ဓားသမားက ပန်းချီကားထဲ လှည့်ဝင် သွား၏။ လင်းယွန် ခမျာ ကူကယ်ရာ မဲ့ဟန် ပြုံးလိုက် မိသည်။
ရင်ဘတ်ရှိ ဒဏ်ရာ အရ၊ အဖြူဝတ် ဓားသမားသည် သူ့အပေါ် ညှာတာ ပေးခဲ့မှန်း မြင်သာ နေ၏။
စွမ်းအား အပြည့် အသုံးချ ခဲ့ပါက၊ သူ့ ရင်ဘတ် အတွင်း၊ အလွယ် တကူ ထိုးဖောက် ဝင်ရောက် လာနိုင်သည်။
၎င်းနှင့် အမြန် နှုန်းခြင်း ယှဉ်ရန်၊ လောင်းကြေး ထပ်လိုက်ခြင်း ဖြစ်၏။ အဖြူဝတ် ဓားသမား အရှိန်မှာ၊ သူ့ထက် မနှေးကြောင်း သိရှိ လိုက်ရသည်။
ဒဏ်ရာကို ကုသရန် ထိုင်ချ လိုက်၏။ ဆယ့်ငါးမိနစ် ကုန်လွန် ပြီးနောက်၊ မျက်လုံးများ ပြန်ဖွင့် လိုက်သည်။
“ သူတော်စင် ရောင်ဝါက ... ၊ တကယ်ပဲ ကိုင်တွယ်ရ ခက်တာပဲ။ ”
ဒဏ်ရာများ ပြန်လည် သက်သာ လာ သော်လည်း၊ အဖြူဝတ် ဓားသမား၏ ရောင်ဝါ မှာ၊ ခန္ဓာကိုယ် အတွင်း ကျန်ရှိ နေသေး၏။
ယင်းထက် ပို၍ ဒုက္ခ အပေးနိုင် ဆုံးမှာ၊ ကြယ်ဓား ဖြစ်သည်။ သို့သော် ဖယ်ရှား ပစ်ရန်၊ နည်းလမ်း (၂)သွယ် ရှိ၏။
ထိုနည်းလမ်းမှာ၊ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဆေးအိုးဖြင့် ဝါးမျိုရန်၊ သို့မဟုတ် ငရဲပန်းအား လှည့်ပတ်ကာ၊ တိုက်စားခြင်း စသည်တို့ ဖြစ်သည်။
“ ဒါတော့ သေချာတယ်၊ သူတော်စင် တာအိုကို နားမလည် သေးပေမယ့်၊ သူတော်စင် လမ်းကြောင်းပေါ် ရောက်လာရင်၊ သူတို့က နိဗ္ဗာန် ရောင်ဝါကို၊ ...
... အလွယ် တကူ ... ချေမှုန်း နိုင်တယ်၊ သေမျိုး အဆင့်နဲ့၊ ထာဝရ အဆင့်က ဘယ်လို လုပ်ပြီး ... တူညီနိုင် မှာလဲ။ ”
ထိုင်ကြည့် နေသော မုတ်ဆိတ်မွေး ရှည်ရှည်ဖြင့် လူငယ်က၊ ပြုံးကာ ဝင်ပြော လာ သည်။ လင်းယွန်က ၎င်းအား ကျောပေးလျက်၊ လျစ်လျူရှု ထားလိုက်၏။
“ ဒါပေမယ့် ... မင်း ကိုယ်တိုင် ကလည်း မသန်မာ ပါဘူး၊ ဒီတိုက်ပွဲကို ကြည့်ပြီး၊ မြင်တာ ကတော့၊ (၆)ပါးသော မြို့တော်မှာ၊ မင်းက အမည်ခံ သူတော်စင်ကို၊ ...
... သတ်နိုင် ခဲ့တာ ဆိုတာ ... ၊ နိဗ္ဗာန် ရောင်ဝါ အစား ... ၊ ကြယ်ဓားကို ဝှက်ဖဲ အဖြစ် သုံးပြီး၊ အငိုက် ဖမ်းခဲ့တာ နေမယ်၊ ငါပြောတာ ဟုတ်တယ် မဟုတ်လား။ ”
ဤတစ်ကြိမ်တွင် လင်းယွန်မှ ၎င်းအား လျစ်လျူရှုခြင်းငှာ မတတ် နိုင်ဘဲ၊ ခေါင်းညိမ့် ပြလိုက် ရသည်။
“ အခုတော့ မင်းရဲ့ ပြိုင်ဘက်မှာ ကြယ်ဓားကို ပိုင်ဆိုင် ထားတာကြောင့် ကွဲပြား သွားပြီး၊ ဓားတာအို အောင်မြင်မှု ကလည်း ... ၊ မင်းထက် မနိမ့်ဘူး၊ ရောင်ဝါ အရ ...
... ဆိုရင်လည်း၊ ဧကရာဇ် ဓားက သူ့ကို အားကောင်း စေတယ် ... ၊ ဒါကြောင့် ပြိုင်ဘက် အပေါ်၊ ဓားရောင်ဝါနဲ့ မနှိမ်နှင်း နိုင်တော့ဘဲ၊ ကွာဟချက် ကြီးမား လာရ တာပဲ။ ”
ရုတ်တရက် မုတ်ဆိတ်မွေး ရှည်ရှည်ဖြင့် လူငယ်က၊ လက်ချောင်းမှ အလင်းတန်း တစ်စ တောက်ထုတ် လိုက်သည်။
“ ရွှပ် ... ။ ”
ထိုအလင်း တန်းတွင်၊ ပါရှိသော စွမ်းအားသည် ပြင်းထန် သော်လည်း၊ လူသတ် လိုသော ရည်ရွယ်ချက် မရှိချေ။
“ ဘုန်း ... ။ ”
ထို့ကြောင့် လင်းယွန်မှ ရှောင်တိမ်းခြင်း မရှိဘဲ၊ တစ်ဖက် လူသည် မည်သည့် အရာများ လုပ်ချင် နေသည်ကို သိချင် သဖြင့်၊ ခံယူ လိုက်သည်။
အလင်းက ကျောပြင်ပေါ် ထိမှန် လာ၏။ ခန္ဓာကိုယ် အတွင်းရှိ၊ သူတော်စင် ရောင်ဝါများ တွန်းထုတ် ခံလိုက် ရတော့သည်။ သို့မှသာ လင်းယွန်က လှည့်ပြီး၊
“ အကူအညီ အတွက် ကျေးဇူးတင်ပါတယ်။ ”
-ဟု ပြောကြား လိုက်သည်။
“ ကျေးဇူး တင်စရာ မလို ပါဘူး၊ မင်း ရှုံးနိမ့်တာကို ငါ မြင်ချင် သေးတယ်၊ အခုထိ မြင် နေရတဲ့ တိုက်ပွဲက စိတ်ဝင်စား စရာ မရှိ သေးဘူး၊ နောက်ဆုံးတော့ ဒီနေရာ ကနေ လာစောင့် နေရတာ၊ နှမျော စရာပဲ။ ”
လင်းယွန် မတ်တပ် ထရပ် လိုက်ပြီး၊ မုတ်ဆိတ်မွေး ရှည်ရှည်နှင့် လူငယ်ထံ စူးစူး ရဲရဲ စိုက်ကြည့် လိုက်သည်။
“ ဘာလဲ ... စိတ်ဆိုး သွားတာလား ... ၊ စိတ်ဆိုး တော့ရော ... ၊ မင်း ဘာလုပ်လို့ ရမှာလဲ၊ အရာရာမှာ ခွန်အား လိုအပ်တယ်၊ အရင်က ... ငါ သူ့ကို (၃)ကြိမ် တည်းနဲ့၊ အနိုင် ရခဲ့တယ်၊ စိတ် မပျက်နဲ့။ ”
မုတ်ဆိတ်မွေး ရှည်ရှည်နှင့် လူငယ်က၊ စုတ်ပြတ် နေသည့် အသွင် အပြင် ပုံသဏ္ဍာန် အောက်မှ နေ၍ မာန ကြီးစွာ ပြောကြား လာသည်။
ထို့ကြောင့် လင်းယွန်မှ စကား မပြော တော့ဘဲ၊ ထပ်ပြီး စိန်ခေါ်ရန်၊ ခြေလှမ်း ပြင် လိုက်သည်။ ဤတစ်ကြိမ်တွင် ဓား နှလုံးသား ထုတ်ဖော်ကာ၊ အဖြူဝတ် ဓားသမားကို (၁)ချက် တည်းဖြင့်၊ နှစ်ခြမ်းခွဲ ချပစ် လိုက်သည်။
“ ရွှပ် ... ။ ”
ပြီးသည်နှင့် ပြုံးလျက်၊ မုတ်ဆိတ်မွေး ရှည်ရှည်နှင့် ထိုလူငယ်ထံ လှည့်ကြည့် ပြလိုက် သည်။ ဤနေရာတွင် အပြင်လူ ရှိနေ သဖြင့်၊ သူ့ခွန်အားကို ဝှက်ထားခြင်း ဖြစ်သည်။
သို့သော် မုတ်ဆိတ်မွေး ရှည်ရှည်နှင့် လူငယ်သည်၊ အလွန် အမင်း မာန ထောင်လွှား နေလေရာ၊ ထိုရည်ရွယ်ချက်အား စွန့်လွှတ် လိုက်ခြင်း ဖြစ်ချေ၏။
***