← Chapters

နောက်ဆုံး စမ်းသပ်မှု ... ။

Vol. 146 Ch. 2037

နောက်ဆုံး စမ်းသပ်မှု ... ။

Vol. 146 Ch. 2037

မုတ်ဆိတ်မွေး ရှည်ရှည်နှင့် လူငယ်က အံ့သြသွားသည်။ ဤတစ်ကြိမ်တွင် အဖြူဝတ် ဓားသမားကို၊ တစ်ဖက်လူ အနိုင် ယူနိုင် မည်ဟု၊ ခံစားမိ သော်လည်း၊ တစ်ချက် တည်းဖြင့် မဟုတ်ချေ။

ထို့ကြောင့် မုတ်ဆိတ်မွေး ရှည်ရှည်နှင့် လူငယ်က၊ အသက် ပြင်းပြင်း ရှူကာ လင်းယွန် နောက်သို့ အမြန် ပြေးလိုက် ပြီး၊

“ ယဲ့ချင်းရှန် ... မင်းက ပါရမီရှင် ဓားသမား ဆိုတဲ့ အမည်နဲ့ ထိုက်တန် ပါတယ်၊ ဒါပေမယ့် မင်းမှာ ဒီလောက် ခွန်အား ရှိရဲ့နဲ့ ... ဘာလို့ ပထမ တိုက်ပွဲမှာ၊ ရှုံးခဲ့ ရတာလဲ။ ”

-ဟု မေးမြန်း တော့သည်။

လင်းယွန်က မုတ်ဆိတ်မွေး ရှည်ရှည်နှင့် လူငယ်ကို တစ်ချက် ပြန်ကြည့်ကာ၊

“ ပထမ အကျော့မှာ ... ၊ ဆိုးဆိုး ရွားရွား မရှုံးခဲ့ရင်၊ ဒုတိယ အကျော့မှာ ဒီလို လွယ်လွယ် နဲ့ ... ၊ ဘယ်လိုလုပ် အနိုင် ရမှာလဲ။ ”

-ဟု ဖြေကြား လိုက်သည်။

ဤသည်မှာ အမှန် တရား ဖြစ်သည်။ အကယ် ၍သာ ပထမ အကြိမ်၌ ဓားနှလုံးသား သုံးလိုက် လျှင်ပင်၊ ဓားတစ်ချက် တည်းဖြင့် အနိုင် ယူရန်၊ ယုံကြည်မှု မရှိချေ။

တောင်ပေါ်သို့ ဆက်၍ တက်လာစဉ်၊ ဧကရာဇ်ဓားနှင့် ကိုးရောင်ခြယ် ကောင်းကင် တိမ်လွှာ သစ်သီးများ ရောင်ဝါကို မြင်လာ ရသည်။ သို့သော် ရှာမတွေ့ သေးချေ။

( ငါ ဒီကောင့်ကို ... တကယ် လျှော့တွက် လိုက်မိတယ်၊ ရှုံးပွဲ မရှိရင် ... ဘယ်လိုလုပ် နိုင်ပွဲ ရယူ နိုင်မှာလဲ၊ ... ဒါက အရင် တုန်းက၊ ငါ့ပုံစံ မဟုတ်လား။ )

မုတ်ဆိတ်မွေး ရှည်ရှည်နှင့် လူငယ်က လင်းယွန် နောက်ကျောကို အပြုံးဖြင့် ကြည့်ကာ တစ်ကိုယ်တည်း တွေးနေ ခဲ့သည်။ တစ်ဖက်လူ မည်မျှ သွားနိုင် မည်ကို သူ သိချင် လာမိ၏။

ပြဿနာ တစ်စုံ တစ်ရာ မရှိဘဲ၊ ဒုတိယ စမ်းသပ်မှုကို၊ ချောချော မွေ့မွေ့ဖြင့် ထပ်မံ ဖြတ် ကျော်နိုင် ခဲ့ပြန်သည်။

သို့သော် ဒုတိယ အကျော့ အပြီးတွင်၊ ဧကရာဇ် ဓားရောင်ဝါမှာ၊ ပို၍ ကြောက်စရာ ကောင်း လာခဲ့သည်။

၎င်းမှ ထွက်သော ဖိအားကို ခံနိုင်ရည် မရှိတော့ဘဲ၊ နောက်ထပ် ခြေလှမ်း တစ်လှမ်း လှမ်းရန်ပင်၊ ခက်ခဲ လာ၏။

ကောင်းကင်နှင့် မြေကြီး ကြား ဓား ရောင်ဝါများ ပြည့်နှက် လာပြီး၊ သူ့ဝိညာဉ် ကြွေ လုနီးပါး ခံစားလိုက် ရသည်။

ဓားရောင်ဝါက သူ့ ကျောရိုးကို ခွဲထုတ် တော့မည့် အလား ပြင်းထန် နေ၏။ ခရမ်း-ရွှေ နှင့် ကျောက်စိမ်းပြာ နဂါး ရူရ်များက၊ တစ်ချိန် လုံး ဓား ရောင်ဝါကို ခံနိုင်ရည် ရှိအောင် ကူညီပေး နေသည်။

သို့တိုင် တတိယ အကြိမ် စမ်းသပ်မှု အနား မရောက်နိုင် သေးချေ။ ခြေတစ်လှမ်း ထပ်လှမ်း ရန်ပင်၊ တွေဝေ လာ၏။

ယင်းကြောင့် အသက် ပြင်းပြင်း ရှူပြီး၊ တင်ပျဉ်ခွေချိတ် ထိုင်ချကာ၊ နဂါး-ဖီးနစ် ကမ္ဘာ ဖျက် ဓားကျမ်းကို၊ လှည့်ပတ် လိုက်ရသည်။

ကိုယ်လုံး ကိုယ်ထည်ဖြင့်၊ ဓားရောင်ဝါကို ဖြေရှင်းရန်၊ နည်းလမ်းရှာ နေခြင်း ဖြစ်သည်။ မုတ်ဆိတ်မွေး ရှည်ရှည်နှင့် လူငယ်က၊ မီတာ တစ်ရာ အကွာ၌ ရပ်ပြီး၊ စောင့်ကြည့် နေ၏။

၎င်းမှ ပိုင်ရှုရင် ကဲ့သို့၊ ကြောက်မက်ဖွယ် ခံစားချက်မျိုး လင်းယွန်အား ပေးစွမ်း ချေသည်။ သို့သော် သူတော်စင် ရောင်ဝါ မရှိ သောကြောင့်၊ အမည်ခံ သူတော်စင် တစ်ပါး ဟုတ်ပုံ မရချေ။

သူတော်စင် ရောင်ဝါကို ဖုံးကွယ်ထား နိုင် သော်လည်း၊ ဤနေရာရှိ ဧကရာဇ်ဓား ရောင်ဝါ အား တွန်းလှန် ရန်မူ၊ သူတော်စင် ရောင်ဝါ၊ လိုပေသည်။

ကြည့်ရ သည်မှာ ဤလူငယ်သည် ကောင်းကင်ဓား သို့မဟုတ် တာအိုဓား ဆက်ခံ သူ ဖြစ်နိုင် ပေ၏။

နောက်ဆုံးတွင် ထိုမျိုးရိုး နှစ်ခု သည်သာ၊ ၎င်းတို့၏ အစွမ်း သတ္တိကြောင့်၊ လူ သိများခြင်း ဖြစ်ချေပြီ။

လင်းယွန် တစ်ယောက် တုန်လှုပ် သွား သကဲ့သို့၊ မုတ်ဆိတ်မွေး ရှည်ရှည်နှင့် လူငယ် သည်လည်း၊ အံ့ဩ နေခဲ့သည်။

နိဗ္ဗာန်-သတ္တမ အသွင် ကူးပြောင်းမှုဖြင့်၊ ဤအကွာ အဝေးသို့ ရောက်ရှိ နိုင်သည်မှာ မယုံ နိုင်စရာ ပေပင်။

ယင်းသည် တစ်ဖက် လူ၌၊ အစွမ်း ထက်သော ကိုယ်လုံး ကိုယ်ပေါက် ရှိနေ သည်ဟု၊ အဓိပ္ပါယ် ရ၏။

ထို့ပြင် ၎င်းထံမှ နဂါး ရောင်ဝါ ကိုလည်း၊ ခံစား နိုင်သဖြင့်၊ နဂါး ခန္ဓာ သန့်စင်ခြင်း ပညာ ရပ် ဖြစ်ရ မည်ဟု၊ သံသယ ဝင်လာ ခဲ့သည်။

( ဒီကောင့်ကို သတ်ဖြတ်ခြင်း မဟာ သူတော်စင်က၊ သင်ပေး ထားတာ များလား။ )

ထို့ထက် အရေးကြီး သည်မှာ၊ ဖိအား အောက်တွင် ရှိနေ သော်လည်း၊ မတုန် မလှုပ် ဆက်သွားရန် ကြံရွယ် နေခြင်း ဖြစ်သည်။ သူနှင့် တူညီသော အကျင့် စရိုက်မျိုး ဖြစ်၏။

ထိုအတွေးက မုတ်ဆိတ်မွေး ရှည်ရှည်နှင့် လူငယ်ကို ထိတ်လန့် စေသည်။ အဘယ်ကြောင့် ဆိုသော်၊ သူသည် ကောင်းကင် တာအို ဂိုဏ်း အတွင်း၊ အမြဲတမ်း ပထမ ဖြစ်ခဲ့ပြီ၊ မျိုးဆက်တူ အတွင်း အထူးချွန်ဆုံး ဖြစ်သည်။

အရှေ့ဘက် ပျက်စီးမြေ ၌ပင် ထိပ်ဆုံးရောက် ပါရမီရှင် တစ်ဦး အဖြစ် သတ်မှတ် ထားကြ၏။

ထို့ကြောင့် ယဲ့ချင်းရှန်၏ တည်ရှိမှုသည်၊ သူ့အား မနာလိုခြင်း မရှိစေဘဲ၊ ၎င်းအစား စိတ် လှုပ်ရှား တုန်လှုပ် လာခြင်း ဖြစ်သည်။ အဆုံး၌ ပြိုင်ဘက်ကောင်း တစ်ယောက် ရရှိ လာချေပြီ။

( မင်း ... ဘယ်အချိန် အကူအညီ တောင်းလာ မလဲ ဆိုတာ ကြည့်ရအောင်။ )

မုတ်ဆိတ်မွေး ရှည်ရှည်နှင့် လူငယ်က ရယ်မောချင်သော အပြုံးဖြင့် လင်းယွန်အား မတ်တပ် ရပ်စောင့် နေ ခဲ့သည်။

ဧကရာဇ်ဓား ချန်ခဲ့သော ဖိအားနှင့် လိုက်လျော ညီထွေ ဖြစ်စေရန်၊ ခြေလှမ်း (၁၀) လှမ်း ပြည့်ချိန်တိုင်း၊ လင်းယွန်မှ တရား ထိုင်ကာ ချိန်ညှိ အနားယူ ခဲ့သည်။

“ ဖျပ် ... ။ ”

အချိန် အတော်ကြာ ပြီးနောက် ခြေလှမ်း များမှာ၊ ပို၍ နှေးကွေး လေးလံပြီး၊ ဖြည်းဖြည်း ချင်းသာ ရွေ့နိုင် တော့၏။

တတိယ မြောက်နေ့တွင်၊ နေမင်းကြီး ကောင်းကင် ကောင်းကင်ပေါ် တက်လာ ပြန်၏။ ဤအချိန်၌ တတိယ အကြိမ် စမ်းသပ်မှုအား မြင်လာ ရပြီ ဖြစ်သည်။

လင်းးယွန်က ဆေးလုံး တစ်လုံးကို သောက်သုံး လိုက်သည်။ ထို့နောက် ခက်ခက် ခဲခဲ တိုက်ပွဲ ဝင်ပြီး၊ အဖြူဝတ် ဓားသမားထံ နှစ်ကြိမ် တိတိ၊ ရှုံးနိမ့် သွားတော့သည်။

ခေတ္တ အနားယူ ပြီးနောက်၊ တတိယ အကြိမ်တွင် အနိုင်ယူ နိုင်ခဲ့ကာ၊ တောင်ပေါ် ဆက်တက် လိုက်သည်။

တောင်ထိပ်သို့ ရောက်ရန် ခြေလှမ်း (၁၀၀) မျှသာ လိုတော့၏။ ခြေလှမ်းများ နှေးကွေးနေပြီ ဖြစ် သော်လည်း၊ ရွေ့လျား နေမြဲ ဖြစ်သည်။

“ ဂလု ... ။ ”

ယင်းကြောင့် မုတ်ဆိတ်မွေး ရှည်ရှည်နှင့် လူငယ်၏ မျက်နှာမှာ၊ တဖြည်းဖြည်း လေးနက် လာပြီး၊ တံတွေး တစ်လုတ် မျိုချ လိုက်မိ၏။

သူ ဟူသည် မာနကြီးပြီး၊ တခြား လူ တစ်ဦးထက်၊ ပျော့ညံ့ သည်ဟု မည်သည့် အခါ မျှ၊ မခံယူ ခဲ့ချေ။ သို့သော် တစ်ဖက် လူသည်၊ မယုံနိုင်စရာ ကောင်းလွန်း နေ၏။

“ နည်းနည်းတော့ သည်းမခံ နိုင်စရာဘဲ။ ”

နှုတ်ခမ်းကို လှှဖြင့်၊ သပ်လိုက်သည်။ ဤယဲ့ချင်းရှန်သည် အကြိမ်ပေါင်း များစွာ ကျရှုံး ခဲ့ သော်လည်း၊ ခေါင်းမာစွာ ဆက်သွား နေ၏။

တောင်ထိပ်နှင့် ဆယ်လှမ်း အကွာသို့ ရောက်ချိန်၌ ရုတ်တရက် ဒူးတစ်ဖက် ထောက် ကျသွားသည်။

ထိုမြင်ကွင်းကြောင့် မုတ်ဆိတ်မွေး ရှည်ရှည်နှင့် လူငယ်မှာ၊ ချက်ချင်း လန့်သွား၏။ တစ်ခုခု ပြောချင် သော်လည်း၊ တစ်ဖက် လူမှ ဓားကို ထုတ်ယူကာ အားပြုလျက် ထရပ် နေသည်ကို မြင်လိုက် ရသည်။

နေဝင်သွား ချိန်၌၊ ထိုဆယ်လှမ်းကို ဖြတ်ကျော်ကာ၊ တောင်ထိပ်သို့ ရောက်ရှိ သွား တော့သည်။

သို့တိုင် ကြယ်အလင်းများ တောက်ပ နေသောကြောင့်၊ အမှောင်ထုသည် တောင်ထိပ် အပေါ်၊ ဖုံးလွှမ်း နိုင်ခြင်း မရှိချေ။

ကြယ်ရောင် အောက်တွင် လင်းယွန်၏ အရေပြားများ အက်ကွဲကာ၊ သွေးအလိမ်းလိမ်း ပေကျံ နေသည်။

အသက် ပြင်းပြင်း ရှူလျက်၊ ပြုံးရွှင်သော အသွင်ဖြင့်၊ တင်ပျဉ်ခွေ ထိုင်ချ လိုက်ပြီး၊ ဒဏ်ရာ များကို၊ ပြန်လည် ကုသ တော့သည်။

နေထွက် လာသော အခါ မျက်လုံးများ ပြန်ဖွင့်ပြီး၊ လက်နှစ်ဖက်အား ဖြည်းညှင်းစွာ ဖြန့်ထုတ် လိုက်သည် ။

“ ဒီလို မခံစား ရတာ ကြာနေပြီ ... ။ ”

အရေးပြားပေါ် ကျရောက် လာသည့် နေရောင်ခြည် အငွေ့ အသက်ကို အရေပြားမှ တဆင့် ခံစားကာ၊ နေမင်းထံ မော့ကြည့် လိုက်သည်။

သက်တောင့် သက်သာ ရှိလာကာ၊ နာကျင်မှုများ အားလုံး ပျောက်ကွယ် သွားပြီ ဖြစ်၏။

“ အံ့ဩ စရာပဲ ... ။ ”

မုတ်ဆိတ်မွေး ရှည်ရှည်နှင့် လူငယ်က အကွာအဝေး တစ်ခု ထားကာ၊ လင်းယွန်ထံ လှမ်းကြည့် နေသည်။

လမ်း တစ်လျှောက် မြင်ခဲ့ ရသော လင်းယွန်၏ အပြုအမူများ အပေါ်၊ မည်သည့် မှတ်ချက်မျိုး ပေးရ မည်မှန်း၊ မသိ တော့ချေ။

***

All Chapters