← Chapters

သုံးနှစ်လောက် ရှိပြီ ထင်တယ်။

Vol. 146 Ch. 2038

သုံးနှစ်လောက် ရှိပြီ ထင်တယ်။

Vol. 146 Ch. 2038

“ ဓားရောင်ခြည်က ဘယ်မှာလဲ ... ။ ”

လင်းယွန်က ပတ်ပတ်လည်ကို လှည့်ပတ် ကြည့်ကာ ရေရွတ် မိသည်။ တာအို မီးတောက် အား မမြင် မိချေ။

တာအို မီးတောက် ဟူသည် ဧကရာဇ်ဓား ချန်ထား ခဲ့သော ဓားရောင်ဝါဖြင့် ဖွဲ့စည်းထား သော အရာ ဖြစ်သည်။

“ အဲဒီမှာ ... ။ ”

မုတ်ဆိတ်မွေး ရှည်ရှည်နှင့် လူငယ်က သူ့ရှေ့မှ နေမင်းကို ညွှန်ပြသည်။

“ နေမင်း လား ... ။ ”

လင်းယွန်မှ လှည့်ကြည့် လိုက်၏။

“ ဟုတ်တယ် ... အံ့သြ သွားလား၊ ငါ့တုန်းကလည်း မင်းလိုပဲ၊ ပထမ ဆုံးမို့ အံ့သြ သွားသေးတယ်။ ”

မုတ်ဆိတ်မွေး ရှည်ရှည်နှင့် လူငယ်က ပြုံးကာ ပြောကြား၏။

“ မအံသြ ပါဘူး ... ၊ ဒါက ဘာများ ထူးဆန်းလို့လဲ၊ ကြယ်ဓားနဲ့ ဓား ရည်ရွယ်ချက် ကို ... ကြယ်မီးတောက် အဖြစ် ပြောင်းလဲ နိုင် တာပဲ၊ ကြယ်မီးတောက် ... အထွတ် အထိပ် ရောက်ရင်၊ တာအို မီးတောက်နဲ့ ညီမျှတယ်။ ”

လင်းယွန်က နေမင်းကို ကြည့်လျက်မှ တုန့်ပြန် လိုက်သည်။ ‘နေ’ ပတ်လည်တွင် နဂါး ငွေ့တန်းများ ရှိပြီး၊ တစ်ခုစီသည် ပေထောင် ဂဏန်း အထိ၊ ရှည်လျား ပေ၏။

၎င်းနဂါး ငွေ့တန်း များမှာ၊ ကြယ်များ ပြည့်နှက် နေသော်လည်း ၊ နေမင်းကို ကျော်ကာ မတောက်ပ နိုင်ချေ။

လင်းယွန်က မုတ်ဆိတ်မွေး ရှည်ရှည်နှင့် လူငယ်ကို ပြန်လှည့် ကြည့်ကာ၊

“ မင်းက ဓားသမား မဟုတ်ဘူး ... မင်း ဘယ်သူလဲ။ ”

-ဟု မေးမြန်း လိုက်သည်။

“ ငါ ဘယ်သူလဲ ... မင်း မသိ ဖူးလား။ ”

မုတ်ဆိတ်မွေး ရှည်ရှည်နှင့် လူငယ်က ပြုံးကာ ပြန်မေး လာ၏။

“ အစကတော့ ကောင်းကင်ဓား ... ၊ ဒါမှမဟုတ် တာအို ဓားရဲ့ ဆက်ခံသူ ဖြစ်မယ်လို့ ထင်ခဲ့ သေးတယ်၊ ဒါပေမယ့် မင်းက ဓားသမား မဟုတ်တာ သေချာ သွားပြီ။ ”

“ အဲဒီ နှစ်ယောက်က ... ငါ မဟုတ်ဘူး၊ ဒါနဲ့ ငါဓားသမား မဟုတ်မှန်း၊ မင်း ဘယ်လို အတည် ပြု နိုင်တာလဲ။ ”

မုတ်ဆိတ်မွေး ရှည်ရှည်နှင့် လူငယ်မှ စိတ်ဝင်တစားဖြင့် လင်းယွန် ဘေးနား လျှောက် လှမ်းလာ တော့သည်။

“ မင်းသာ ဓားသမား ဆိုရင် ... ဒါကို အံဩမှာ မဟုတ်ဘူး၊ တကယ်ပဲ ... ဓားသမား ဆိုရင် တောင်မှ ... မင်းက ကြယ်ဓားကို နား မလည် သေးတဲ့ အတွက်၊ စိတ်ဝင် စားစရာ မရှိတော့ ပါဘူး။ ”

“ ယဲ့ချင်းရှန် ... ၊ မင်းက တကယ်ပဲ ... ကောလ ဟာလတေွ ထဲလို၊ မောက်မာ တာကိုး။ ”

တာအို မီးတောက်၏ လေးနက်မှု အပေါ်၊ အံ့ဩ ခဲ့သည် ဟူသော သူ့စကား အပေါ်၊ ပြန်၍ လှောင်ပြောင် လာသည့် အတွက်၊ မုတ်ဆိတ် မွှေး ရှည်ရှည်နှင့် လူငယ်မှ မကျေမနပ် ဖြစ် သွားသည်။

ထို့ပြင် တစ်ဖက် လူသည်၊ သူ့အား ကြယ်ဓားကို ဆုပ်ကိုင် မထားသော ဓားသမား တစ်ယောက်သည်၊ ဓားသမား မဖြစ်ကြောင်း ထုတ်ဖော် အသိ ပေးလာ ပြန်သည်။

လင်းယွန်က မုတ်ဆိတ်မွေး ရှည်ရှည်နှင့် လူငယ် ပြောသည်ကို လျစ်လျူရှုပြီး၊ ၎င်းမည်သူ မည်ဝါ ဖြစ်ကြောင်း၊ ခန့်မှန်း နေရာမှ ရပ်လိုက်သည်။

အနားယူ ထား သည်မှာ ကြာပြီ ဖြစ်သောကြောင့်၊ နောက်ဆုံး စမ်းသပ်မှုကို စိန်ခေါ်ရန် အချိန် ကျပြီ ဖြစ်၏။

“ မေ့လိုက်ပါ၊ မင်း ဘယ်သူ ဖြစ်ဖြစ် ငါ့အတွက် အရေး မကြီး တော့ပါဘူး၊ အခု မင်း အဲဒီ ကနေ ဖယ်ပေးလို့ ရမလား ... ၊ ငါ စမ်းသပ်မှုကို စိန်ခေါ် တော့မယ်။ ”

“ ဟမ့် ... စမ်းသပ်မှုကို ဘယ်လို ဖြတ်ကျော် ရမလဲ၊ မင်း သိပြိီလား။ ”

နာမည် ပြောကာ၊ တုန်လှုပ် သွားအောင် လုပ်ရန် စိတ်ကူးအား စွန့်လွှတ် လိုက်ရ သဖြင့်၊ မုတ်ဆိတ်မွေး ရှည်ရှည်နှင့် လူငယ်က စိတ် မချမ်း မသာ ဖြစ်သွားသည်။

“ ဟုတ်တယ် ... ၊ ငါ သိပြီ၊ မဟုတ်ရင် မင်းကို အခုလို ဖယ်ခိုင်း ပါ့မလား။ ”

မုတ်ဆိတ်မွေး ရှည်ရှည်နှင့် လူငယ်က ဖယ်မပေး သေးသောကြောင့်၊ လက် ဆန့်ကာ တွန်းဖယ် လိုက်သည်။

သူ့လက်ဖဝါးမှ မြူခိုးများ ထွက်လာ၏။ မီးဖိုကြီးကို ထိလိုက် သကဲ့သို့ ပူလောင် နေသော ခံစားချက်များ ရရှိ လာသည်။

ထို့ကြောင့် လက်ဖဝါးကို အမြန် ပြန်ရုတ် လျက် ငုံ့ကြည့် လိုက်မိသည်။ အပူလောင် သွား သကဲ့သို့ နီရဲ လာ၏။

“ တကယ် ရဲရင့် တာပဲ ... ၊ ငါ့ကို ဒီလို ထိဝံ့တဲ့ လူ မရှိ သေးဘူး၊ အခြား တစ်ယောက် ယောက်သာ ဆိုရင် ... ၊ မင်း ပြာ ဖြစ်သွားတာ ကြားပြီ၊ မေ့လိုက်ပါ၊ ငါ မင်းကို မနှောက်ယှက် တော့ဘူး၊ မင်း အလုပ် ... မင်းဆက်လုပ်ပါ။ ”

မုတ်ဆိတ်မွေး ရှည်ရှည်နှင့် လူငယ်က ပြုံးပြီး၊ နောက်ပြန် ခုန်ကာ မီတာ ရာဂဏန်း အကွာသို့၊ ဆုတ်သွား ခဲ့သည်။

ယဲ့ချင်းရှန် တစ်ယောက် စမ်းသပ်မှု ဖြေဆိုရန် အမှန် တကယ် ရှာဖေွ တွေ့ရှိ ခဲ့ခြင်း ရှိ-မရှိ သူ သိချင်၏။

တစ်ချိန်က နောက်ဆုံး စမ်းသပ်မှု ဆိုသည်မှာ၊ မည်သည့် အရာ ဖြစ်သည်ကို သိ ရှိရန်၊ သူပင် အချိန် အတော် ယူခဲ့ ရသည်။

လင်းယွန်က ခဏ ထိုင်ပြီး၊ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်း၏ ရောင်ဝါကို၊ ခန္ဓာကိုယ် အနှံ့ ဖြန့်ကျက် လိုက်သည်။

တစ်ချိန်တည်း မှာပင် နဖူးရှိ ကြယ်ဓား သည်လည်း တောင်လောင် လာ၏။ သူ့ဝန်းကျင် ၌ ဓားရောင်ခြည်များ ရစ်သိုင်းလျက်၊ တာအို မီးတောက်ထက် မနိမ့်သော အလင်းတန်း တစ်ခု ပြေးထွက် လာတော့သည်။

“ ..... ။ ”

ဓား ရည်ရွယ်ချက် နှစ်ခု၊ ထိပ်တိုက် တွေ့သော အခါတွင်၊ ကောင်းကင်ကြီး မှောင်ကျ သွား လေသည်။

ထိုဓားရည်ရွယ်ချက် နှစ်ခု သည်သာ အလင်း၏ ရင်းမြစ် အဖြစ်၊ တောက်ပစွာ ထွန်း လင်းနေ ခဲ့၏။

တစ်ခုသည် ကောင်းကင်၌ ရှိကာ၊ ကျန်တစ်ခုသည် မြေပြင်၌ ဖြစ်၏။ ကြယ်များ မှိတ်တုတ် မှိတ်တုတ် လင်းလက် လာပြီး၊ နေရာတိုင်း မည်းမှောင် သွားသည်။

လင်းယွန်က တာအို မီးတောက်ထံ စိုက်ကြည့်ပြီး၊ နောက်ဆုံး စမ်းသပ်မှု အပေါ်၊ သူ့ ခန့်မှန်းချက် မှန်ကန်ကြောင်း၊ နားလည် လာခဲ့သည်။

ရောင်ဝါများ အထွတ် အထိပ် ရောက် သည်နှင့်၊ ပန်းသင်္ချိုင်း ဓားအား ပျံသန်းစေကာ၊ နေမင်းကို တိုက်ခိုက် စေလိုက်သည်။

တာအို မီးတောက် ထံမှ၊ ဓားရှည် ကိုင်ဆောင် ထားသော အနီဝတ် ဓားသမား ပြေးထွက် လာပြီး၊ ပန်းသင်္ချိုင်းအား ပြန်၍ တိုက်ခိုက် တော့၏။

“ ထန် ... ၊ ထန် ... ။ ”

လင်းယွန်က ပန်းသင်္ချိုင်းကို အဝေးမှ ထိန်းချုပ် နေခဲ့သည်။ ဓားအလင်းများ တွေ့ဆုံ နေကြ သဖြင့်၊ ပတ်ဝန်းကျင် တစ်ခုလုံး လင်း တစ်လှည့်-မှောင် တစ်လှည့် ဖြစ်ပေါ် လာတော့သည်။

ထိုမြင်ကွင်းကြောင့် မုတ်ဆိတ်မွေး ရှည်ရှည်နှင့် လူငယ်မှ၊ သက်ပြင်း ချလျက် ခေါင်းညိမ့် လိုက်၏။

“ ဂိုဏ်းထဲမှာ ထူးချွန်တဲ့ ဓားသမား တစ်ယောက် ... တကယ် ပေါ်လာ တာပဲ။ ”

“ ဟိတ် ... ။ ”

“ ဖပ် ... ။ ”

“ အလင်း မူလ ... ။ ”

ထောင်သောင်း မကသော လှုပ်ရှားများ ဖလှယ်ကြ ပြီးနောက်၊ လင်းယွန်မှ ကောင်းကင် ပေါ် ခုန်တက်ကာ၊ ပန်းသင်္ချိုင်းကို ဖမ်းကိုင် လျက်၊ အလင်း မူလကို ထုတ်ဖော်သည်။

ပရမ်းပတာ အခြေ အနေမှ စတင်ကာ၊ အလင်းရောင် မွေးဖွား လာခဲ့ပြီး၊ အနီဝတ် ဓားသမားကို နှစ်ခြမ်း ခွဲပစ် လိုက်သည်။

တာအို မီးတောက်က ကောင်းကင်မှ ပြုတ်ကျ လာပြီး၊ အလင်းများ မှေးမှိန် သွား တော့၏။

“ ဝှစ် ... ။ ”

ကိုးစဉ် ကိုးသွယ် ထွက်ပေါ် လာရာ၊ ရုတ်တရက် လင်းယွန်က ထိုအရာအား ဖမ်းယူ လျက်၊ ပြန်လည် ဆင်းသက် လာသည်။

ဤသည်မှာ ကိုးရောင်ခြယ် ကောင်းကင် တိမ်လွှာ သစ်သီး ဖြစ်လေသည်။ မုတ်ဆိတ်မွေး ရှည်ရှည်နှင့် လူငယ်မှ မျက်ဝန်းများ မှေးစင်း သွားသည်။

လင်းယွန်က မြေပြင်သို့ ဆင်းသက်ပြီး၊ လက်ထဲရှိ ကောင်းကင် တိမ်လွှာ သစ်သီးအား စစ်ဆေး မိ၏။

“ ဒီသစ်သီးနဲ့ ... ငါ့ရဲ့ ကြယ်ဓားကို အလယ်အလတ် ကျွမ်းကျင်မှု အထိ ရောက် နိုင်မယ် ထင်တယ်။ ”

“ မင်း တကယ် မြန်တယ်၊ ငါ့တုန်းက ခဏလောက် စိတ်ရှုပ် နေခဲ့လို့ သစ်သီး ပျောက် သွားဖူးတယ်။ ”

မုတ်ဆိတ်မွေး ရှည်ရှည်နှင့် လူငယ်က လင်းယွန်၏ လက်ထဲရှိ သစ်သီးကို ကြည့်ပြီး ပြောကြား လိုက်သည်။

ထိုစဉ် ကြိုးကြာ တစ်ကောင်က ကောင်ကင်မှ ဆင်းသက် လာသည်။ မြေပြင်ကို ရောက်သည်နှင့် ကောင်မလေး အသွင် ပြောင်းလဲကာ၊

“ ယဲ့ချင်းရှန် ... နင်က အထင်ကြီး စရာပဲ၊ ဧကရာဇ် ဓားကို မြင်လိုက်လား။ ”

-ဟု မေးမြန်း တော့၏။

“ မြင်လိုက်တယ် ထင်တယ် ... သိပ်တော့ မသေချာဘူး။ ”

ကိုးရောင်ခြယ် ကောင်းကင် တိမ်လွှာ သစ်သီးကို လိုက်ဖမ်း နေရ သဖြင့် ဓားအလင်း ဖြတ်သွား သည်အား၊ မြင်လိုက် သော်လည်း အတည် မပြု နိုင်ခဲ့ချေ။

“ ဒါဆို ... မင်း မြင်လိုက် တာပေါ့၊ ငါ့ သခင်က တကယ် မမှား ခဲ့ဖူးပဲ ... ၊ သွားကြစို့ ငါ့ သခင်နဲ့ တွေ့ဖို့ လိုက်ခဲ့ ... ။ ”

“ နေဦး ... ငါ ဒီသစ်သီးကို အရင် သန့်စင်ချင်တယ်။ ”

“ ကောင်းပြီ ... ဒါဆို မြန်မြန် လုပ်ပါ။ ”

ကြိုးကြာ နတ်သမီးက သဘောတူ ခဲ့သည်။ ထို့နောက် သူမက မုတ်ဆိတ်မွေး ရှည်ရှည်နှင့် လူငယ်ကို သတိထား မိသွားကာ၊

“ လီတာ့ယန် ... နင် ဒီမှာ ဘာလုပ် နေတာလဲ၊ ကြည့်စမ်း ဘယ်လောက် တောင် ညစ်ပတ် နေလိုက်လဲ၊ နင် ... ရေ မချိုးတာ ဘယ်လောက် ကြာ ပြီလဲ ။ ”

-ဟု လှမ်းပြော လိုက်သည်။

( လီတာ့ယန် ... ၊ ဒါ ... ဒါက တာအို ယန်နန်းတော်ရဲ့ ... ၊ သန့်ရှင်းသော သားတော် နာမည် မဟုတ်လား။ )

လင်းယွန်က မုတ်ဆိတ်မွေး ရှည်ရှည်နှင့် လူငယ်ထံ ပြန်လှည့်ကြည့် လိုက်မိသည်။

လီတာ့ယန် ဆိုသော လူငယ်က၊ ဆံပင် များကို မျက်နှာပေါ် လာအောင် ပွတ်သပ်ပြီး ပြုံးလျက်၊

“ ငါ မေ့နေတာ ... သုံးနှစ်လောက် ရှိပြီ ထင်တယ်။ ”

-ဟု ဖြေကြားလာ တော့သည်။

***

All Chapters