← Chapters

မင်း ရှုံးရင် ... ဘာပေး မလဲ။

Vol. 146 Ch. 2040

မင်း ရှုံးရင် ... ဘာပေး မလဲ။

Vol. 146 Ch. 2040

လီတာ့ယန်က ရှုပ်ပွ နေသော ဆံပင် များကို ပွတ်သပ် ရှင်းလင်းပြီး၊

“ ပထမလား ... ဒါက ပျင်းစရာ ကောင်းတယ် မဟုတ်လား၊ ဆရာ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်၊ ဒါမှ မဟုတ် နှစ်တစ်ရာက ဓားညီလာခံမှာ ဘယ်သူက ပထမ ရခဲ့လဲ၊ ...

... တပည့် အမြင် အရ၊ ဆရာ့ အတွေး အခေါ်က နိမ့်လွန်းတယ်၊ ဆရာ ငယ်ငယ်ကရော အမြဲ ပထမ ရခဲ့လား၊ ထိပ်ဆုံး (၃) ယောက် စာရင်းတောင် မဝင် ခဲ့ဘူးလို့ ...

... လောင်းကြေး ထပ်ဝံ့တယ်၊ နောက်ဆုံးတော့ သက်တံဓား သူတော်စင်က အဲဒီ တုန်းက အမြဲ ပထမ မဟုတ်လား။ ”

ယဲ့ချင်းယွီ၏ နှုတ်ခမ်းများ တုန်ယင် သွားသော်လည်း၊ လီတာ့ယန်၏ သုံးသပ်ချက် မပြီး သေးသဖြင့်၊ ဒေါသကို ထိန်းထား လိုက်ရသည်။

“ ကျွန်တော် အတွက် ကတော့ ငယ်ငယ် တည်းက ပထမပဲ ရနေတာ ဆိုတော့ ပျင်းနေပြီ၊ ဒါကြောင့် ပထမ နေရာက စိတ်ဝင်စား စရာ မကောင်း တော့ဘူး၊ ဆရာရော ဘယ်လို ထင်လဲ။ ”

ယဲ့ချင်းယွီက သူ့တပည့် ခေါင်းကို ခေါက်လိုက်ပြီး၊ ဒေါသ တကြီးဖြင့်

“ မင်း ... ငါ့ရှေ့မှာ ရိုင်းစိုင်း နေတာလား။ ”

-ဟု အော်ငေါက် ပစ်မိ၏။

“ ခဏလေး ဆရာ ... တပည့် စကား မပြီးသေးဘူး၊ တကယ်တော့ ... ပထမ ဆိုတာ စိတ်ဝင် စားစရာ မဟုတ် ပါဘူး။ ”

လီတာ့ယန်မှ ခေါင်းကို ငဲ့ရှောင်ကာ၊ သူ့စကားကို ဆက်ပြောသည်။

“ မင်း ငါ့ကို ဒေါသ ထွက်အောင် လုပ်နေ တာလား။ ”

“ တပည့် မလုပ်ဝံ့ ပါဘူး၊ ပထမ နေရာက ဘာမှ မဟုတ် ဖူးလို့ ပြောချင် တာပါ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင် အတွင်း၊ ပထမ နေရာကို လူပေါင်း များစွာက ... ၊ နေရာပေါင်း ...

... များစွာမှာ ရယူ ထားတယ်၊ ဒါပေမယ့် သူတို့ အမည် တွေထက် ... လူတိုင်းက ဧကရာဇ် ကိုးပါး ကိုပဲ၊ သတိ ရကြတယ် မဟုတ်လား၊ သက်တံဓား သူတော်စင်တောင် ...

... ချွင်းချက် မရှိပဲ၊ ဒီဒုက္ခကို သူ ကျော်လွှား မနိုင်ရင်၊ အဲ့ဒီ ပထမ ဆိုတဲ့ လူတွေထဲ ပါသွားပြီး အချိန်ကြာလာ တာနဲ့အမျှ၊ မေ့သွား ကြမှာပါ။ ”

ဤသည်မှာ အမှန်တရား ဖြစ်သဖြင့် ယဲ့ချင်းယွီက သက်ပြင်းချ လိုက်သည်။

“ ဒါကြောင့် သူ ပထမ ဖြစ်-မဖြစ် ခန့်မှန်းရတာ ပျင်းစရာ ကောင်းတယ်၊ သူက အရှေ့ဘက် ပျက်စီးမြေရဲ့ ဓားတာအို ထွန်းကား လာအောင် လုပ်နိုင်ရင်၊ အနှစ် တစ်ထောင် ကုန်သွား ရင်တောင် ... ၊ လူတိုင်း သတိရ နေကြလိမ့်မယ်။ ”

“ မင်းရဲ့ အကဲဖြတ်မှုက အရမ်း မြင့်လွန်းတယ်။ ”

“ အရမ်း မြင့်နေ လို့လား၊ စောင့်ကြည့်ပါ တပည့်ရဲ့ အကဲ ဖြတ်မှုက နိမ့်တောင် နိမ့်နေ သေးတယ်။ ”

လီတာ့ယန်အား ကောင်းကင် သန့်စင်ခြင်း တောင်သို့ စေလွှတ် ရသည့်၊ အကြောင်း ရင်းကို ပြန် သတိရ သွားသည်။

“ မင်း သူ့ကို ဘယ်လို မြင်လဲ။ ”

လီတာ့ယန်မှ လေးလေး နက်နက် ပြုံးကာ၊

“ တပည့် သေရင် ကောင်းကင် တာအို ဂိုဏ်းကို၊ သူ့ ပခုံးပေါ် ... တင်ပေး လိုက်ပါ၊ ဆန္ဒ ရှိမယ် ဆိုရင်၊ သူ ဂိုဏ်းချုပ် လုပ်ပါစေ၊ ဘယ်လို နည်းနဲ့ပဲ ဖြစ်ဖြစ်၊ အဲဒီ ... အမျိုးယုတ် တွေကို သိမ်းပိုက်ဖို့ ... ခွင့်မပြု နိုင်ဘူး၊ ...

... သူတို့ကို ကိုင်တွယ်ဖို့ အချိန် တန်ပြီ၊ ဒါပေမယ့် ယဲ့ချင်းရှန် ဘယ်သူ ဆိုတာ အတည် မပြု နိုင်တာ နှမျော စရာပဲ၊ သူက ယဲ့ချင်းရှန် မဟုတ် တော့တာ သေချာတယ်။ ”

လီတာ့ယန်နှင့် ယဲ့ချင်းယွီမှာ ကောင်းကင် တာအို ဂိုဏ်း၏ ဂိုဏ်းချုပ် ရာထူးကို ဆွေးနွေး နေကြခြင်း ဖြစ်သည်။

ကောင်းကင် တာအိုကို ပခုံးပေါ် ထမ်းထား နိုင်သူ များသာ၊ ဤရာထူးနှင့် ကြာရှည် ခံမည် ဖြစ်၏။ သမိုင်း အရ၊ ကောင်းကင် တာအို ဂိုဏ်း ချုပ်သည်၊ ရလဒ် နှစ်ခုသာ ရှိသည်။

သူတို့၏ အမည် များကို ခွန်လွန်၌ ပျံ့နှံ့ သွား စေခြင်း၊ သို့မဟုတ် သေဆုံး သွားခြင်း စသည်တို့ ဖြစ်ချေ၏။

လီတာ့ယန်သည် ဂိုဏ်းချုပ် ရာထူးကို ဆက်ခံကာ၊ ကောင်းကင် တာအို ဂိုဏ်းအား ပြန်လည် ထူးထောင် ချင်သည်။

သို့သော် ကောင်းကင် တာအိုကို သူ ခံနိုင်ရည် ရှိမည်ဟု အာမ မခံဝံ့ သောကြောင့် အရံ အစီစဉ်များ ရှာဖွေနေခြင်း ဖြစ်သည်။

သူ သေဆုံး ခဲ့ပါက၊ ယဲ့ချင်းရှန်အား အစားထိုး ပေးလို၏။ ပြဿနာမှာ ယဲ့ချင်းရှန် မည်သူ ဖြစ်သည်ကို မသိခြင်း ဖြစ်သည်။

“ အဲဒါ ကိုတော့ ... စိတ်မပူနဲ့ ... ။ ”

ယဲ့ချင်းယွီမှ ယုံကြည်မှု အပြည့်ဖြင့်၊

“ ကျောက်စိမ်းဓား သူတော်စင်၊ သတ်ဖြတ်ခြင်း မဟာ သူတော်စင်နဲ့၊ မူလ နဂါး မဟာ သူတော်စင် တို့က သူ့ကို ချစ်ကြတယ်၊ ကြည့်ရတာ သူ ဘယ်သူလဲ ကောင်းကောင်း သိပုံ ရတယ်၊ အရေး ကြီးဆုံး ကတော့ ...

... ယဲ့ချင်းဟုန်၊ ရှောင်ချင်းယန်နဲ့ ကျန်းခွိုက်တို့ အနန္တ သင်္ချိုင်း တောင်ကြားမှာ ပျောက် သွားတယ်၊ သူတို့က ယဲ့ချင်းရှန်ကို သတ်ဖို့ သွားခဲ့တာ။ ”

ထိုစကားကို ကြားသော အခါ လီတာ့ယန် တစ်ယောက် ပြုံးရွှင် သွားပြီး၊

“ ဒါဆို အဆင်ပြေပြီ၊ ဟမ့် ... ဓား ရည်ရွယ်ချက်ကို နောက်ထပ် အောင်မြင်မှု ရယူ နေတာလား။ ”

-ဟု ရေရွတ် လိုက်သည်။

ယဲ့ချင်းယွီ သည်လည်း သူ့တပည့် စကားကို သတိ ပြုမိသည်။

“ ကြယ်ဓားကို အောင်မြင်မှု တစ်ခု ရယူဖို့ ဆိုတာ ခက်တယ်၊ သူ ဘယ်လို လုပ်ခဲ့ တာလဲ၊ ကိုးရောင်ခြယ် ကောင်းကင် တိမ်လွှာ သစ်သီး လောက်နဲ့ မဖြစ် နိုင်တာ။ ”

“ အခု ဖြတ်ကျော် နေပြီ ဆိုတော့ ဖြစ်နိုင်ခြင်း-မဖြစ်နိုင် ခြင်းက အရေး မကြီးတော့ ပါဘူး။ ”

ဆရာ တပည့် နှစ်ယောက် ရွှင်မြူးသော အပြုံးများဖြင့် အပြန် အလှန် ကြည့်မိ လိုက်ကြ သည်။

နိဗ္ဗာန် အဆင့်ဖြင့် ကြယ်ဓားကို ပိုမို ကျွမ်းကျင် လာခြင်းသည်၊ ကောင်းကင် တာအို ဂိုဏ်းအတွက် ရတနာ တပါး မွေးဖွားခြင်း မည်၏။

လင်းယွန်မှာ ကောင်းကင် တိမ်လွှာ သစ်သီးကို သန့်စင်ရန် အတွက်၊ နဂါး- ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းကို ဖြန့်ချီ ထားသည်။

မျက်ခုံး အတွင်းမှ ဓား ရည်ရွယ်ချက်များ သန့်စင်လာကာ ကမ္ဘာသစ် တစ်ခုကို ရောက်ရှိ နေသကဲ့သို့ ခံစား လာရ၏။

များ မကြာခင်၊ ပတ်ဝန်းကျင်၌ အဖြူ- အမည်း အရုပ်များ ပေါ်လာကာ၊ ပိုးစုန်းကြူး နတ်ဓားကို ကစား နေတော့သည်။

ကြယ်ဓားသည် အသက်ဝင် နေသော မီးတောင်နှင့် တူ၏။ ပေါက်ကွဲ လိုသော်လည်း တစ်စုံ တစ်ခုကြောင့် ပေါက်ကွဲ မရချေ။

ထိုမြင်ကွင်းအား ကြည့်ကာ၊ ယဲ့ချင်းယွီ၏ မျက်နှာ အမူအရာ လေးနက် လာပြီး၊ မုတ်ဆိတ် အား ပွတ်သပ်လျက်။

“ သူ အတား အဆီးက ... ၊ သန်မာ လွန်းတယ်၊ အောင်မြင်ဖို့ လွယ်မှာ မဟုတ်ဘူး။ ”

-ဟု မှတ်ချက် ပေးလိုက်သည်။

“ ကျွန်တော် စမ်းကြည့် ပါရစေ။ ”

လီတာ့ယန်က အသက် ပြင်းပြင်း ရှူပြီး သူ့လက်ဖဝါး ပေါ်သို့ ရှေးဟောင်း ရူရ် တစ်လုံး အား၊ ဆင့်ခေါ် လိုက်သည်။

ထို့နောက်တွင် သူ့တစ်ကိုယ်လုံး မီးလျှံ တစ်ခုလို နီရဲ လာပြီး၊ ရွှေရောင် အလင်းများ တောက်ပ လာ၏။

“ ဝေါ့ ... ။ ”

ပါးစပ် ဟကာ ရွှေရောင် ဓားငယ် တစ်လက်ကို၊ ထိုရူရ် ပေါ်သို့ ထွေးချ လိုက်သည်။ ဓားပေါ်လာ သည်နှင့် ပတ်ဝန်းကျင် လေထုမှာ လောင်ကျွမ်းစ ပြုလာပြီး၊ ကမောက် ကမ ဖြစ်ကုန် တော့၏။

“ သွား ... ။ ”

လက်ကို လွှဲပစ် လိုက်ရာ ရွှေရောင် ဓားငယ်က မိုးကုတ် စက်ဝိုင်းအား ဖြတ်ပြီး၊ လင်းယွန်ထံ ပျံသန်း သွားသည်။

ဤဖိအားကို ခံယူလျက်၊ လင်းယွန် ဓား ရည်ရွယ်ချက်သည် မီးတောင် ကဲ့သို့ ပေါက်ကွဲ လာတော့သည်။

“ ဟွား ... ။ ”

ဟောက်သံများ ထုတ်လွှင့်လျက် ထက်ရှသော ဓားရောင်ဝါက လင်းယွန် မျက်ဝန်း ထဲမှ ပြေးထွက် သွား၏။

“ ရွှပ် ... ။ ”

မြည်ဟည်း သံများ ပဲ့တင် ထပ်လျက်၊ ၎င်းဓားရောင်ဝါက ကောင်းကင် (၃၆)လွှာကို၊ဖြတ်သန်း သွားတော့သည်။

ဆံပင်များ တလူလူ လွင့်လာပြီး၊ တောင်ထိပ်တွင် ထရပ်ကာ၊ ကောင်းကင်ထံ မော့ကြည့် လိုက်၏။

ကောင်းကင် အလွှာ (၃၆) လွှာအား ကျော်လွန်လျက်၊ နဂါး ငွေ့တန်းကြီး တစ်ခုကို မြင်လိုက် ရသည်။

မရေ မတွက် နိုင်သော ကြယ်ပွင့်များ နဂါးငွေ့တန်း အတွင်း လင်းလက် တောက်ပ နေ၏။

“ တကယ့်ကို တုန်လှုပ် ချောက်ချားအောင် လုပ်လိုက် တာပဲ။ ”

လီတာ့ယန်မှ ပါးစပ် ဖွင့်ပြီး၊ ရွှေရောင် ဓားငယ်ကို ပြန်လည် မျိုချကာ၊ ကောင်းကင် ပေါ်၊ ထိတ်လန့်တကြား မော့ကြည့် မိ၏။

ဤလူငယ်သည် ဓားသမား စင်စစ် ဖြစ်ချေပြီ။ သူ့အား မနာလို ဖြစ်စေ၏။ ၎င်းမှ သုံးသပ်ခဲ့ သကဲ့သို့၊ သူသည် ဓားသမား တစ်ယောက် မဟုတ် ခဲ့ချေ။

ယန်-နန်းတော်၏၊ ဝါးမျိုခြင်း တာအို ဟူသော ပညာရပ်ကို လေ့ကျင့်ပြီး၊ ရုပ်ခန္ဓာ ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်သည်။

“ ငါတို့ အလောင်းအစား လုပ်ကြရအောင်၊ မင်းရှုံးရင် ဘာပေး မလဲ။ ”

ယဲ့ချင်းယွီက စကား ပြန်စ လာသည်။ ရုတ်တရက် သူတော်စင် ရောင်ဝါများ ရစ်သိုင်း နေသော တစ်စုံ တစ်ရာကို၊ လီတာ့ယန်မှ လက်ဖြင့် လုံးယူလျက်၊

“ ဒီဟာ ယူလိုက် ... ၊ သိမ်းထားတာ (၃)နှစ် ရှိနေပြီ။ ”

-ဟု ပြောကြား လိုက်သည်။

“ ဒါ ဘာလဲ။ ”

ယဲ့ချင်းယွီက မျက်မှောင်ကြုတ်လျက် ပြန်လည် မေးမြန်း၏။

“ ချိုင်းကြား ကနေ ... ဒီတပည့် လက်နဲ့ အခုပဲ ပွတ်ပြီး လုံးလိုက်တာ ... ၊ လတ်ဆတ် ပါတယ်။ ”

လီတာ့ယန်မှ ပြုံးစိစိဖြင့် ဖြေကြား လိုက်သည်။

“ မင်း ... ဘယ်လို သတ္တိ ရှိလဲ၊ ညစ်ပစ်တဲ့ ကောင်။ ”

ယဲ့ချင်းယွီမှ ရွံရှာ သွားပြီး၊ ရိုက်ချ လာ တော့သည်။ လီတာ့ယန် တစ်ယောက် မီတာ ထောင် ဂဏန်း အကွာသို့၊ လွင့်စဉ် သွား၏။

“ ဘုန်း ... ။ ”

တောင်ကုန်း တစ်ခုနှင့် တိုက်မိကာ ပါးစပ်မှ သွေးများ စီးကျ လာသည်။ သို့တိုင် ကုန်းထပြီး၊ ဖုန်သဲများ ရိုက်ခါလျက်၊

“ ဒါက မြင့်မြတ်သော မဟာ နေမင်း မီးတောက်ရဲ့ ... အနှစ် သာရပဲ ... ၊ ကြိုးကြား နတ်သမီး ကိုတောင်၊ ဒီတပည့်က ပေးခဲ့တာ မဟုတ်ဘူး၊ မေ့လိုက်ပါ ... ဆရာ မလို ချင်ဘူး ဆိုမှတော့၊ ကြိုးကြာ နတ်သမီး ကိုပဲ ... ၊ ပေးလိုက်မယ်။ ”

-ဟု ရေရွတ်ကာ၊ လှစ်ခနဲ နေရာ ရွေ့လိုက် သည်။

“ ဘုန်း ... ။ ”

ယဲ့ချင်းယွီ၏ ဒေါသ ထွက်နေသော လက်ဖဝါး တစ်ဖက်က၊ မူလ သူ ရပ်နေသော နေရာသို့၊ ဘုန်းခနဲ ထပ်မံ ကျရောက် လာ ညတော့သည်။

***

All Chapters