သူတို့ ... ရူးသွား လိမ့်မယ်။
Vol. 146 Ch. 2041
ဓားရည်ရွယ်ချက်မှ ကောင်းကင်ဘုံကို ဖြတ်သန်း သွားစဉ်၊ ဝိညာဉ်သည် နဂါးငွေ့တန်း တစ်ခုသို့ ရောက်ရှိ သွား၏။
ကြယ်တစ်ပွင့်နှင့် တစ်ပွင့်သည် များစွာ ဝေးကွာ လွန်းသောကြောင့်၊ အလင်း ရောင်မှာ မထင်ရှား တော့ချေ။
အမှောင်ထု အတွင်း၊ လှည့်ပတ် သွားလာ နေစဉ် မူးဝေပြီး၊ ဓားရည်ရွယ်ချက် ပြိုကျ မည့် အရိပ် အယောင်များ ပြသ လာ၏။
နဂါး ငွေ့တန်း ကြီးသည် ကြောက်စရာ ကောင်းလှ၏။ ဤနေရာ၌ အချိန် အကြာကြီး လှည့်လည် သွားလာ နေပါက၊ ဝိညာဉ် ကွယ်ပျောက် သွားနိုင်မည်။
စီနီယာ အစ်ကိုယဲ့ စကားကို ပြန် သတိ ရသွားကာ၊ အနန္တ ကြယ်တာရာ ကောင်ကင်း ပညာ ရပ်အား၊ အမြန် အသက် သွင်းမိ၏။
သူ့ဓား ရည်ရွယ်ချက်မှ ကြယ်မီးတောက် များကို ချက်ချင်း စုပ်ယူ တော့သည်။ ဤအနန္တ ကြယ်တာရာ ကောင်းကင် ပညာရပ် ရှိသည်မှာ ကံကောင်း ချေ၏။
မဟုတ်သော် ကျယ်ပြော လှသော နဂါးငွေ့တန်း၏ အမှောင်ထု အတွင်း၊ သူ့ဓား ရည်ရွယ်ချက် ပျောက်ကွယ် သွားနိုင်သည်။
ကြယ်ဓားကို ပိုမို ကျွမ်းကျင် လာသော အခါတွင်၊ ဓားရည်ရွယ် ချက်အား နဂါး ငွေ့တန်း အဖြစ်သို့၊ ပြောင်းလဲ နိုင်မည်ဟု ထင်၏။
နဂါး ငွေ့တန်း အားကောင်း လေလေ၊ ကြယ်ဓား အားကောင်းလာ လေလေ ဖြစ်သည်။ ယင်းက ဧကရာဇ် ဓားမှ ကျန်ရစ် ခဲ့သော တာအို မီးတောက်နှင့် အလား သဏ္ဍာန် တူ၏။
အချိန် ကြာလာသည် နှင့်အမျှ လင်းယွန် တစ်ဝိုက်တွင် ကြယ်ရောင်များ တိုးလာသည်။ သူ့ပန်းတိုင်မှာ စီနီယာ အစ်ကို ကျန့်ကျင်းရှန်၏ ကြယ်ဓား ကဲ့သို့၊ တောက်ပ နေရန် ဖြစ်သည်။
ဓားသမား အများစုသည် နေ သို့မဟုတ် လကို တုပကာ လေ့ကျင့် ရ၏။ ၎င်းနှစ်ခုသည် နဂါးငွေ့တန်း အတွင်း၊ အတောက်ပ ဆုံးသော ကြယ်ကြီးများ ဖြစ်သည်။
သူတို့နှင့် ယှဉ်နိုင်သော၊ အခြား ကြယ်ကြီးများ ရှိသော်လည်း၊ ရှာတွေ့ရန် ခက်ခဲ လှ၏။
ဓားပင်လယ် အတွင်းမှ ရွှေလူသားက ကြယ်ဓားနှင့် ပေါင်းစပ် သွားပြီး နေမင်းကြီး အဖြစ် ထွက်ပေါ် လာသည်။
ထို့ကြောင့် မျက်လုံး ပြန်ဖွင့် တော့မည့် အချိန်တွင်၊ ဓားပင်လယ် ထဲမှ မိုးပြာ နဂါးကြီး ပျံထွက် လာသဖြင့်၊ မဖွင့် လိုက်ရချေ။
ဤအရာက နောက်ထပ် ကြယ်တစ်ပွင့် အဖြစ် ပေါင်းစပ်ချင် သည်လောဟု တွေးမိလာ သောကြောင့် ဖြစ်၏။
လူအများစုသည် ဓားဝိညာဉ် တစ်ခု တည်းသာ ရှိကြ သဖြင့်၊ ကြယ် တစ်ပွင့် ကိုသာ ထင်ရှား ပေမည်။ ထို့ကြောင့် ကြယ် နှစ်ပွင့်၏ မှတ်တမ်း မှတ်ရာများ မရှိခြင်း ဖြစ်၏။
မိုးပြာ နဂါးကြီးက ကောင်းကင် (၃၆)လွှာ ဆီသို့ ပျံသန်း လာပြီး၊ ကြယ် တစ်ပွင့်ကို ထပ်မံ ဖန်တီး တော့သည်။
ကြယ်ဓား နှစ်လက် ဟူသည် ကြယ်ဓား ရည်ရွယ်ချက်၏ စွမ်းအား နှစ်ဆဟု အဓိပ္ပါယ် ရ၏။
သို့သော် လိုအပ်သည့် အရင်း အမြစ် များသည်လည်း တိုးလာမည် ဖြစ်သောကြောင့်၊ သဘာဝ အတိုင်း အန္တရာယ် ရှိသည်။
ယင်းက သူ့အား စိတ်အနှောင့် အယှက် ဖြစ်စေ၏။ သို့သော် ရွေးချယ် စရာ မရှိ လေရာ၊ ဆက်၍ လုပ်ဆောင် နေရသည်။
မျက်လုံး ပြန်ဖွင့် လိုက်ချိန်၌ မိုးချုပ် သွားပြီ ဖြစ်သည်။
“ နင် ... အောင်မြင် ပြီလား။ ”
ကြိုးကြာ နတ်သမီးမှ မေးမြန်း လာ၏။ လီတာ့ယန် သည်လည်း မျှော်လင့်ချက် အပြည့် ဖြင့် ရောက်ရှိ လာသည်။
လုပ်ငန်းစဉ်သည် အန္တရာယ် များလှပြီး၊ သတိ မထားသော်၊ ဝိညာဉ် ပျောက်ကွယ်ကာ၊ သေဆုံး နိုင်၏။
လင်းယွန်မှ ပြန်မဖြေ သဖြင့်၊
“ မအောင်မြင် ဖူးလား ... ၊ စိတ် မပျက်နဲ့ ဒါက ပုံမှန်ပဲ၊ နင့်မှာ ခိုင်မာတဲ့ အခြေခံ အုတ်မြစ် ရှိတာပဲ၊ ထပ် ကြိုးစားလို့ ရပါ သေးတယ်။ ”
ကြိုးကြာ နတ်သမီးက နှစ်သိမ့် ပေး၏။ လီတာ့ယန် မှလည်း ခေါင်းညိတ် လိုက်သည်။
“ အမည်ခံ သူတော်စင် နယ်ပယ် ... ကိုတောင်၊ မရောက် သေးတော့၊ သူတော်စင် ရောင်ဝါရဲ့ ပံ့ပိုးမှု မင်းမှာ မရှိဘူး၊ ဒီအတွက် ကျရှုံး သွားတာကို၊ နားလည် နိုင်ပါတယ်၊ ...
... အနာဂတ်မှာ အမည်ခံ သူတော်စင် နယ်ပယ်ကို ရောက်တဲ့ အခါ၊ ပြန် ကြိုးစားရင် အောင်မြင် မယ်လို့ ... ငါ ယုံကြည်တယ်။ ”
“ ဟမ် ... ၊ ငါ မအောင်မြင် ဖူးလို့ ပြောမိ လို့လား။ ”
ရုတ်တရက် လင်းယွန်၏ မေးခွန်းကြောင့် ကြိုးကြား နတ်သမီးနှင့် လီတာ့ယန်မှ မျက်လုံး ပြူးသွားသည်။
“ ဒါဆို မင်း ပုံစံက ... လင်းတ ကြီးလို ဘာလို့ ကူကယ်ရာမဲ့ နေရတာလဲ။ ”
“ ကြယ်ဓား နှစ်လက်တောင် ဖွဲ့စည်းမိ သွားတယ်၊ ဒါကြောင့် အနာဂါတ်မှာ ဘာဆက် လုပ်ရ မလဲ တွေးနေတာ၊ ကြယ်ဓား တစ်လက် နဲ့တင်၊ အရင်း အမြစ် ပမာဏက၊ ...
... ကြောက်စရာ ကောင်းလောက်အောင် လိုအပ်တာ၊ အခု ကြယ်ဓား နှစ်လက် ဖြစ်လာပြီ ဆိုတော့ ... ။ ”
နှစ်သိမ့်ပေးရန် အပြေး အလွှား ရောက်လာသော လီတာ့ယန်က ပါးစပ်ဟပြီး စကား လုံးများ ပျောက်ဆုံး သွား၏။
“ ကြယ်ဓားက နှစ်လက် တောင်လား။ ”
ပြစ်ပြစ် နှစ်နှစ် ကျိန်ဆဲ လိုက်ချင်၏။ သို့သော် သူသည် လီတာ့ယန် ဖြစ်သဖြင့် ပြန်၍ မျိုချ လိုက်ရသည်။ ကြိုးကြာ နတ်သမီး မှာမူ သည်းမခံနိုင် တော့ဘဲ၊
“ သေ လိုက် ပါ လား ... ။ ”
-ဟု ကျိန်ဆဲ ပစ်၏။
လီတာ့ယန်မှ သူမ ခေါင်းကို ခေါက်လိုက်ပြီး ပြုံးလျက်၊
“ ဒီလို ရိုင်းစိုင်းတဲ့ စကားတွေ မပြောနဲ့။ ”
-ဟု သွန်သင် လိုက်သည်။
“ ဟမ့် ... ၊ ငါက နင့်အစား ပြောပေးတာ။ ”
ကြိုးကြာ နတ်သမီးက၊ လီတာ့ယန် စိတ်ကို မြင်ရ ဟန်ဖြင့် ပြန်ဖြေပြီး၊ လျစ်လျူရှု သွားတော့ သည်။
“ မင်းမှာ ဓားဝိညာဉ် နှစ်ခုလား။ ”
လီတာ့ယန်မှ လင်းယွန်အား ကြည့်ကာ မေးသည်။ လင်းယွန်က ခေါင်းညိတ် ပြလိုက်၏။
“ မဆန်း တော့ပါဘူး။ ”
လီတာ့ယန်မှ ပြုံး၏။
“ ဓားနှစ်လက် ဝိညာဉ်က ရှားပါးတယ်၊ မင်းမှာ ကြယ်နှစ်ပွင့် ရှိနေတယ် ဆိုတာ .. မင်းရဲ့ စွမ်းအားက နှစ်ဆ တိုးသွာပြီ ဆိုတဲ့ ... ၊ အဓိပ္ပါယ် ပဲပေါ့။ ”
“ အိုင်းရစ်ဓား သူတော်စင် မှာလည်း၊ ဓားနှစ်လက် ဝိညာဉ် ရှိတယ်၊ ဒါကြောင့် သူက သူတော်စင် ဘဝနဲ့ ... နတ်ဘုရားကို သတ်နိုင် ခဲ့တာလို့ ... ၊ ငါ ကြားဖူးတယ်။ ”
ကြိုးကြာ နတ်သမီးမှ ဝင်ပြောသည်။
“ လူကြီးတွေ စကားပြော နေတယ်၊ ကလေးတွေ ဝင်မရှုပ် ရဘူး၊ အနှောင့် အယှက် ဖြစ်တယ်၊ ညီအစ်ကို ယဲ့ ... လာ၊ ငါ မင်းနဲ့ ဆွေးနွေးစရာ ရှိတယ်။ ”
လီတာ့ယန်မှ ကြိုးကြာ နတ်သမီးအား တွန်းထုတ် လိုက်ပြီး၊ လင်းယွန်ကို နွေးထွေး သော အမူအရာဖြင့်၊ ဆွဲခေါ် သွားသည်။
“ ညီလေး ... ၊ မင်း သန့်ရှင်းသော သားတော် ဖြစ်ချင်လား။ ”
ထိုမေးခွန်းကို ကြားသော အခါတွင်၊ လင်းယွန် တစ်ယောက် အံ့သြပြီး လီတာ့ယန်ထံ ပြန်ကြည့် လိုက်မိသည်။
“ မင်းမှာ ကြယ်ဓား နှစ်လက် မရှိ ဖူးလား၊ သန့်ရှင်းသော သားတော် တစ်ယောက် ဖြစ်လာ ရင် ... ၊ လိုအပ်တဲ့ အရင်းအမြစ်တွေ ... အကုန် ရလိမ့်မယ်။ ”
“ ကောင်းကင် တာအို ဂိုဏ်းမှာ ... ၊ သန့်ရှင်းသော သားတော် တစ်ပါး ရှိနေပြီ မဟုတ်လား၊ ပြီးတော့ ...
... သန့်ရှင်းသော ဝိညာဉ် တော် ခြံဝင်း မှာလည်း၊ သန့်ရှင်းသော သားတော် ရာထူးနဲ့ ညီမျှတဲ့၊ သားတော် တစ်ပါး ရှိတယ် မဟုတ်လား။ ”
လင်းယွန်မှ ပြန်ပြော လိုက်သည်။ သန့်ရှင်းသော သားတော် ရာထူးကို လူတိုင်း ရနိုင်သည် မဟုတ်ချေ။
မြင့်မြတ်မြေ များတွင်၊ သန့်ရှင်းသော သားတော် တစ်ပါး ပေါ်လာ ခြင်းသည်၊ ဂိုဏ်း၏ အရင်းမြစ်ကို သုံးစွဲကာ၊ သူတော်စင် တစ်ပါး ဖြစ်လာအောင် ပျိုးထောင် ပေးမည်ဟု ကြေငြာခြင်း ဖြစ်၏။
လက်ရှိ ကောင်းကင် တာအို ဂိုဏ်းတွင် လီတာ့ယန်သည် ထိုသို့သော အရည် အချင်းမျိုး ရှိ၏။ မဟုတ်သော် ၎င်အား အရှေ့ဘက် ပျက်စီး မြေ၏ ကြယ်နှစ်ဖော် အဖြစ်၊ သတ်မှတ်မည် မဟုတ်ချေ။
“ သူက အားနည်း နေသေးတယ်။ ”
လီတာ့ယန်မှ ပြုံးကာ ပြန်ဖြေသည်။
“ ကြယ်ဓား နှစ်လက်ကို ... ဖန်ဆင်း ပြီးမှတော့၊ မင်းက သန့်ရှင်းသော သားတော် ဘာလို့ မဖြစ်နိုင် ရမှာလဲ၊ ငါတို့မှာ သန့်ရှင်းသော သမီးတော် နှစ်ယောက် ရှိပြီး၊ နောက်ထပ် သန့်ရှင်းသော သားတော် တစ်ပါး၊ ...
... မွေးဖွား လာတာက၊ ကောင်းကင် တာအိုဂိုဏ်းကို ထိခိုက်မှု မရှိစေ ပါဘူး၊ ငါ့ထက် သာတဲ့ သန့်ရှင်းသော သားတော် တစ်ပါး ဂိုဏ်းမှာ ရှိသင့်တယ်။ ”
လီတာ့ယန် တစ်ယောက် အဘယ့်ကြောင့် စိတ်အား ထက်သန် နေရသည်ကို လင်းယွန်မှ နား မလည်ချေ။
သန့်ရှင်းသော သမီးတော် နှစ်ပါး ရှိသော်လည်း၊ ၎င်းတို့သည် လီတာ့ယန်အား ယှဉ်မရ သည်မှာ သဘာဝ ပေပင်။
“ မလို ပါဘူး။ ”
လင်းယွန်က ခေါင်းယမ်းပြီး၊
“ ကျွန်တော်သာ သန့်ရှင်းသော သားတော် တစ်ပါး ဖြစ်လာရင်၊ မျိုးနွယ်စု (၄)ခုလုံး ရူးသွပ် သွား လိမ့်မယ်။ ”
“ ယဲ့ချင်းဟုန်၊ ရှောင်ချင်းယန်နဲ့ ကျန်းခွိုက်တို့ အနန္တ သင်္ချိုင်း တောင်ကြားမှာ ပျောက်ဆုံး သွားတည်းက၊ သူတို့ မင်းကို သံသယ ဝင်နေပြီး သားပါ၊ မကြာခင် မင်းနောက် လိုက်လာ လိမ့်မယ်။ ”
လီတာ့ယန်မှ ပြုံးကာ ပြောလိုက်သည်။ ဤလီတာ့ယန်သည် ပေါ့ပေါ့ ပါးပါး နေတတ်ပုံ ရ သော်လည်း၊ စေ့စပ် သေချာ၏။
ကောင်းကင် သန့်စင်ခြင်း တောင်သို့ ရောက်လာ ခြင်းသည်၊ မည်သို့မျှ ရိုးရှင်းမည် မဟုတ်ကြောင်း၊ လင်းယွန် သိလိုက်သည်။
***