← Chapters

လီတာ့ယန်၏ အမြင် ... ။

Vol. 146 Ch. 2042

လီတာ့ယန်၏ အမြင် ... ။

Vol. 146 Ch. 2042

“ စီနီယာ အစ်ကို ... မင်းမှာ အထောက် အထား မရှိဘဲ၊ ငါ့ကို မစွပ်စွဲနဲ့။ ”

လင်းယွန်မှ ပြုံးကာ ပြောလိုက်သည်။

“ သူ့စကား နားမထောင်နဲ့၊ ‘ကောင်းကင် တာအို ဂိုဏ်းရဲ့၊ ဒီတာဝန်ကို လူတိုင်း ယူနိုင်တာ မဟုတ်ဘူး၊ သန့်ရှင်းသော သားတော် ရာထူးကို လက်ခံ လိုက်ရင်၊ နင် သေလိမ့်မယ်။ ”

ကြိုးကြာ နတ်သမီးက ယဲ့ချင်းရှန်အား တားသည်။

“ မင်းက မရဏ မိုးကြိုး တောင်ထိပ်က မဟုတ်လား၊ မင်းကို မရဏ မိုးကြိုး သန့်ရှင်း သော သားတော် ဘွဲ့ပေးလို့ ရတယ်၊ အဲဒါမှ မကြိုက် သေးရင် ... ငရဲ သစ်ခွ ခြံဝန်းရဲ့ ... သန့်ရှင်းသော သားတော် ဆိုရင်ရော၊ ...

... မင်းမှာ ငရဲ သစ်ခွ ခြံဝန်းရဲ့ ... ၊ သန့်ရှင်းသော သမီးတော်နဲ့ ဇာတ်လမ်း ရှိတယ် မဟုတ်လား၊ အိုး နေဦး ကောင်းကင်ဘုံ ယင် -နန်းတော်ရဲ့ ... သန့်ရှင်းသော သားတော် လုပ်ချင်လည်း ရတာပဲ။ ”

လီတာ့ယန် စကားကြောင့် လင်းယွန် တစ်ယောက် ကူကယ်ရာမဲ့ သွားသည်။

“ သူ့စကား နားထောင် မနေနဲ့ ... ၊ ရေ မချိုးတတ်တဲ့ လူ တစ်ယောက်ဟာ မကောင်းတဲ့ အကြံစည် တွေပဲ ရှိနေမှာ၊ ယဲ့ချင်းရှန် ငါ့သခင်နဲ့ တွေ့ဖို့ လိုက်ခဲ့ပါ။ ”

လင်းယွန်က ခေါင်းညိတ်ပြီး၊ လီတာ့ယန်အား လက်သီးဆုပ် နှုတ်ဆက်ကာ ထွက်ခွာ လာခဲ့သည်။

လီတာ့ယန်ကို သဘောကျ နှစ်ခြိုက် သော်လည်း၊ ၎င်းအကြံပြု ချက်သည် ယုံကြည် စိတ်ချ ရသော အရာမျိုး မဟုတ်ချေ။

“ ငါ့ စကား မပြီး သေးဘူး။ ”

လီတာ့ယန်က မီတာ တစ်ရာ အကွာသို့ ကျော်တက် လာပြီး၊ သူတို့ သွားရာ လမ်းကို ပိတ်ထား လိုက်၏။

သူ့ရောင်ဝါကို ထုတ်လွှတ် ထား သဖြင့်၊ မမြင် နိုင်သော တံတိုင်း တစ်ခုလို သူတို့အား ကာရံ ထားသည်။

၎င်းထံမှ လာသော အပူ ရှိန်ကြောင့် ကြိုးကြာ နတ်သမီးမှ ထိတ်လန့်စွာ လင်းယွန် နောက်သို့ ဝင်ပုန်း တော့၏။

“ သန့်ရှင်းသော သားတော် ... ၊ မင်း ဘာလိုချင် လို့လဲ။ ”

“ ငါ့ စကား နားထောင် ရမယ်၊ မဟုတ်ရင် ငါ့ကို နောက်တစ်လှမ်း ပြန်ဆုတ်အောင် လုပ်ပါ၊ ဒါဆို ငါ လက်လျော့ လိုက်မယ်။ ”

“ ယဲ့ချင်းရှန် ... အဲဒီ ရေ မချိုးတဲ့ ... ကောင်ကို သွားပြီး၊ သူ့စကား နား မထောင်နဲ့၊ သင်ခန်းစာ သင်ပေးလိုက်။ ”

ကြိုးကြာ နတ်သမီးမှ နောက်မှ နေ၍ တွန်းထုတ် တော့၏။ လင်းယွန်က အတွေးနက် သွားသည်။ လက်ရှိ ကြယ်ဓား၏ စွမ်းအားကို သူ သည်လည်း စမ်းသပ် လို၏။

“ ဒါဆိုရင် ကြိုပြီး ... ၊ တောင်းပန်ပါတယ်။ ”

ပန်းသင်္ချိုင်းကို ဆွဲလျက် ကြယ်ဓားအား သွန်းသောင်း လိုက်၏။ တစ်ဖက် လူမှ အမှန်ပင် အခွင့် အရေးကို အရယူ လိုက်သောကြောင့် လီတာ့ယန် ခမျာ ကူကယ်ရာ မဲ့စွာ ပြုံးမိသည်။

“ ရွှပ် ... ။ ”

လင်းယွန်က အနန္တဓားများ ပေါင်းစည်း ခြင်းကို ထုတ်ဖော်၏။ လင်းယွန် (၁၃) ယောက် မှ စက်ဝိုင်းပုံ သဏ္ဍာန် ရေွ့လျားကာ၊ ဓား ရောင်ခြည် များဖြင့်၊ ပစ်ခတ် တော့သည်။

တစ်ချိန်တည်း မှာပင် လီတာ့ယန် ထံမှ သိပ်သည်းသော ယန်-အငွေ့ အသက် ပေါက်ကွဲ ထွက်လာကာ၊ ပန်းသင်္ချိုင်းအား ကန်ထွက် သွားစေ၏။

လင်းယွန် တစ်ယောက် လွင့်စဉ် သွားကာ၊ လက်ဖဝါးမှ သွေးများ စီးကျ လာပြီး၊ ညာဘက် လက်မောင်း တစ်ခုလုံး အက်ကွဲသွားသည်။

“ မဆိုးဘူး၊ တာအို ယန်-ရောင်ဝါကို ထုတ်လွှတ် လိုက်ရတယ်၊ အမည်ခံ သူတော်စင် နယ်ပယ် အောက်မှာ ... မင်းက ပြိုင်ဘက် ကင်းပဲ။ ”

လီတာ့ယန် စကားကြောင့်၊ ညာလက်၏ နာကျင် ကိုက်ခဲမှုကို လျစ်လျူရှုပြီး၊

“ စီနီယာ လီ ... ၊ မင်းရဲ့ ကျင့်ကြံမှုက ဘာလဲ။ ”

-ဟု လင်းယွန် မေးမိ၏။

“ ငါက အမည်ခံ သူတော်စင် မဟုတ် သေးဘူးလို့ ပြောရင် ... ၊ မင်း ယုံမှာလား။ ”

“ ဒါက မဖြစ်နိုင်တာ ... ။ ”

သူ့တိုက်ခိုက်မှုတွင် ထိန်းထားခြင်း မရှိသဖြင့်၊ အမည်ခံ သူတော်စင်-မိုးပြာ မူလ အဆင့်မှ တစ်စုံ တစ်ယောက် သည်ပင်၊ ဒဏ်ရာ ရရှိ မည်ကို လင်းယွန် သိသည်။

လီတာ့ယန်က ပြုံးပြီး၊

“ မင်း ... ဒီအတွက် ထိတ်လန့် နေစရာ မလိုပါဘူး၊ ငါက မဟာ နေမင်း သူတော်စင် ခန္ဓာ ပိုင်ဆိုင် ထားတယ်၊ လွန်ခဲ့တဲ့ သုံးနှစ်က ကောင်းကင် ဝါးမျိုခြင်း ကျမ်းနဲ့၊ ...

... သူတော်စင် ရှေးဟောင်း ပစ္စည်း အများအပြားကို မတော်တဆ ဝါးမြိုမိ ခဲ့တယ်၊ အဲ့ဒါကြောင့် ငါ့ရဲ့ သူတော်စင် ကိုယ်လုံး ကိုယ်ပေါက်က၊ ဗီဇ ပြောင်းလဲမှု ကြုံပြီး၊ ...

... သူတော်စင် လက်ရာ တွေဟာ၊ ငါ့ရဲ့ ခန္ဓာကိုယ်နဲ့ လုံးလုံး မပေါင်းစပ် သွားဘဲ၊ ရလဒ် အနေနဲ့ ... ၊ အမည်ခံ သူတော်စင် နယ်ပယ်ကို မရောက် နိုင်ဘဲ၊ ထိန်းချုပ်မှု ဆုံးရှုံး သွားတယ်။ ”

“ သူတော်စင် လက်ရာ ဘယ်နှစ်ခုတောင် စားခဲ့လဲ။ ”

“ ဘုန်း သူတော်စင် လက်ရာ (၁၆)ခု။ ”

လီတာ့ယန်မှ ပြန်ဖြေသည်။ လင်းယွန် တစ်ယောက် ထိတ်လန့် သွား၏။ ယင်းသည် ယုတ္တိ မရှိဟု မြင်သည်။

“ ဒါကြောင့် ... စီနီယာ လီက ရေမချိုး တော့တာလား။ ”

လီတာ့ယန်မှ ခေါင်းညိတ်ပြီး ပြုံးကာ၊

“ ငါ့ခန္ဓာ ကိုယ်က ... မီးဖို ထက်တောင် ပူလာတယ်၊ ထိတွေ့ မိတဲ့ ရေတွေ အကုန်လုံး အငွေ့ပျံ သွားကြတယ်၊ ဒါပေမယ့် အဲဒါကို ...

... ကျင့်သား ရနေ ပါပြီ၊ တော်တော် အလုပ်ရှုပ် သက်သာတယ်၊ ဟား ဟား ဟား၊ မင်းလည်း စမ်းကြည့် ပါလား။ ”

“ နင့်လို ... အနံ့ ဆိုးတွေ ရအောင်လား။ ”

ကြိုးကြာ နတ်သမီးမှ ရွံရှာဟန် ပြောပြီး လင်းယွန်နောက် ဝင်ပုန်း ပြန်၏။

“ မင်း ဒဏ်ရာကို အရင် ကုလိုက်ဦး။ ”

လီတာ့ယန်မှ ပြုံးပြီး၊ သူမအား လျစ်လျူရှုကာ လင်းယွန်ကို မေးဆက်ပြ လာသည်။

လင်းယွန်က ဆေးလုံး တစ်လုံးအား မျိုချလျက်၊ နဂါးပြာ အရိုး အသက်သွင်း လိုက် သည်။ မိနစ် အနည်းငယ် ကြာ ပြီးနောက် ပြန်လည် ကောင်းမွန် လာခဲ့၏။

“ ကောင်းသွား ပြီလား ... ၊ ဒါဆို ငါတို့ ဆက်ပြော ရအောင်။ ”

လီတာ့ယန်မှ အကြောင်း အရာကို တည့်တည့် ပြောလာသည်။

“ ငါ သူတော်စင် သခင် ဖြစ်လာတဲ့ အခါ၊ ကောင်းကင် တာအိုကို ထမ်းဖို့ ... စိတ်ပိုင်းဖြတ် ထားတယ်၊ ဒီလို ပြောရင် ဘယ်သူမှ ယုံမှာ မဟုတ်ဘူး၊ ငါ သေရင်၊ ...

... ငါ့နေရာမှာ ... မင်းကို အစား ထိုးဖို့ အတွက် သန့်ရှင်းသော သားတော် ရာထူးပေး ထားချင်တာ၊ မင်းသာ ဆန္ဒ ရှိရင် ကောင်းကင် တာအိုကို ဆက်ထမ်း လို့လည်း ရတယ်၊ ငါ သေ သွားတဲ့ အတွက်၊ မင်း ခံနိုင်ရည် ရှိမှာပါ။ ”

ညစ်ပတ် နံစော် နေသော ဤလူငယ် လေးသည်၊ သည်မျှ ရည်မှန်းချက် ကြီးမား လိမ့် မည်ဟု၊ မထင်ထား မိချေ။

“ ဘာလို့ ... စိုးရိမ် နေရ တာလဲ၊ ကောင်းကင် တာအို ဂိုဏ်းမှာ ... သူတော်စင် သခင် ဖြစ်လာဖို့ ခက်ခဲ လို့လား။ ”

လင်းယွန် မေးခွန်းကြောင့်၊ လီတာ့ယန်မှ သက်ပြင်းချ လိုက်ပြီး၊

“ ရွှေခေတ် ရောက်လာပြီ ... ၊ ကြီးမားတဲ့ ကပ်ဘေးတွေ လာတော့မယ်၊ အဲဒီ ကပ်ဘေးနဲ့ အတူ ... ၊ ခွန်လွန်က ပြောင်းလဲ လာလိမ့်မယ်၊ ကောင်းကင် တာအို ဂိုဏ်းက စည်းလုံးတယ် ထင်ရ ပေမယ့်၊ ...

... အက်ကြောင်းတွေ ရှိတယ်၊ မျိုးနွယ်စု အသီးသီးမှာ၊ ကိုယ်ပိုင် အကြံတွေ ရှိနေတော့၊ ဂိုဏ်း အန္တရာယ် ကျရောက်တဲ့ အချိန်မှာ ... အားကိုးလို့ မရ နိုင်ဘူး၊ ...

... နည်းနည်းလောက် ထူးချွန် နေမှသာ၊ အင်အား စုတွေက ... ငါနဲ့ အတူ ရပ်ဖို့ စဉ်းစား ကြမှာ၊ အတိတ် တုန်း ကလည်း ဒီလို ဖြစ်ရပ် မျိုးတွေ ရှိဖူးတယ်၊ ဒါပေမယ့် လူတိုင်း၊ ...

... သေကုန် ကြတာ ပါပဲ၊ ဒီလိုမျိုး သူတို့ လုပ်နေတာ အခုမှ မဟုတ်ဘူး၊ အရမ်း နုံအတဲ့ လူမိုက် တွေပဲ၊ ငါ ဘာလို့၊ ...

... သူတော်စင် သခင် ဖြစ်ချင် ရတာလဲ ဆိုတော့၊ ‘ကောင်းကင် တာအို’ရဲ့ စာလုံးပေါင်း ကို ... ၊ သူတို့ အပေါ် ပြောပြချင် လို့ဘဲ။ ”

လီတာ့ယန်အား ကြည့်လျက် လင်းယွန် တစ်ယောက် နှလုံးခုန် လာ၏။ သတ်ဖြတ်ခြင်း မဟာ သူတော်စင်ပင်၊ ဤအရေးနှင့် ပတ်သတ် ပြီး သည်းခံ ထားရန် ပြောခဲ့သည်။

သို့သော် လီတာ့ယန်မှ သည်းခံရန်၊ စိတ်ကူးများ ရှိပုံ မရချေ။ သူ့ဒေါသနှင့် ဂုဏ် သတင်းမှာ လိုက်လျော ညီထွေ ချေပြီ။

လီတာ့ယန်မှ ပြုံးပြီး၊

“ အဲဒီ လူတွေကို ကိုင်တွယ်ဖို့၊ သက်သေ မလို ပါဘူး၊ အနန္တ သင်္ချိုင်း တောင်ကြားမှာ၊ မင်း သူတို့ကို လုပ်ကြံဖို့ ကြိုးစားတော့ သက်သေ ရှာခဲ့သေး လို့လား။ ”

လီတာ့ယန်မှ လင်းယွန်၏ အတွေး များကို မြင်ဟန်ဖြင့် ပြုံးကာ မေးခွန်း ထုတ်လိုက်သည်။ ဤလူငယ်သည် သူ့ကိုယ် သူနှင့်၊ ရန်သူများ အပေါ်၊ ပြတ်ပြတ် သားသား ပြုမူ တတ်သူ တစ်ဦး ဖြစ်ချေပြီ။

“ မင်း နှလုံးသား ထဲမှာ ... ၊ အဖြေ တစ်ခု ရှိနေပြီ မဟုတ်လား၊ ဒါက မင်းကို ရွေးချယ် ရတဲ့ အကြောင်း ရင်းပဲ၊ ငါတို့ နှစ်ယောက်မှာ၊ အတိုင်း အတာ တစ်ခု အထိ၊ တူညီတဲ့ ရပ်တည် ချက်တေွ ရှိတယ်။ ”

“ ဒါပေမယ့် ငါက ရေချိုးတယ်။ ”

“ ..... ။ ”

လင်းယွန်မှ ချက်ချင်း ငြင်းဆန်း သဖြင့်၊ လီတာ့ယန် တစ်ယောက် ကူကယ်ရာ မဲ့စွာ ပြုံး လိုက်မိသည်။

“ အခုတော့ ... သန့်ရှင်းသော သားတော် ဖြစ်ဖို့ ရည်ရွယ်ချက် မရှိ သေးဘူး၊ ဓား ညီလာခံ ကနေ ပြန်လာတဲ့ အခါ၊ တိကျတဲ့ အဖြေ ပေး ပါ့မယ်။ ”

လင်းယွန်မှ လီတာ့ယန်အား ကူညီကာ၊ ကောင်းကင် တာအို ဂိုဏ်းကို သန့်စင်ရန် ဆန္ဒ ရှိလေသည်။

“ မင်း ... ဂိုဏ်းထဲ မှာပဲ လေ့ကျင့် နေလို့ ရပါတယ်၊ သွားစရာ မလို ပါဘူး၊ ဓားညီလာခံ ဆိုတာ ... ဓားမဟာမိတ် အဖွဲ့ အတွက်၊ ပွဲငယ်လေး တစ်ပွဲ လောက်ပါပဲ၊ ...

... အဓိက ပွဲက ... ကောင်းကင်လမ်း ကိုးလမ်းရဲ့ ချန်ပီယံတွေ အပါ အဝင်၊ ခွန်လွန်က ပါရမီရှင်တွေ အားလုံး၊ တက်ရောက် ကြမဲ့၊ နဂါးပြာ မှတ်တမ်းပဲ၊ ...

... ဘယ်သူ မဆို ... ၊ သူတို့ နာမည် တွေကို နဂါးပြာ မှတ်တမ်းမှာ၊ ထားနိုင်ရင် ထာဝရ တည်ရှိ သွားမှာ။ ”

ထိုစကားကို ကြားချိန်၌ လင်းယွန်မှ တိတ်ဆိတ် မနေနိုင် တော့ချေ။

“ ငါ့မှာ ဓားညီလာခံ တက်ဖို့ ... အကြောင်းပြချက် ရှိတယ်။ ”

လီတာ့ယန်မှ သက်ပြင်းချ လိုက်ကာ၊

“ ဒါဆို ... မင်းရဲ့ သတင်း ကောင်းကို၊ ငါစောင့်နေမယ်၊ ကြိုးကြာ နတ်သမီး ... မင်း သခင်နဲ့ တွေ့ဖို့ သူ့ကို ခေါ်သွား နိုင်ပါပြီ၊ ဟမ့် မင်းက ငါ့ကို ကြောက်နေ တာလား၊ လာ ... ဘာလို့ ပုန်းနေ တာလဲ။ ”

လီတာ့ယန်မှ ပြုံးပြီး ကြိုးကြာ နတ်သမီးအား ဆွဲခေါ်ရန် ကြိုးစား လိုက်သည်။ များမကြာခင် လင်းယွန်တို့ ထွက်ခွာ သွား ပြီးနောက်၊ လီတာ့ယန်မှ သူ့ရင်ဘတ်ကို ထိလိုက်၏။

လက်ဖဝါး ပေါ်၌ သွေးစွန်း နေသည်ကို မြင်လိုက် ရသည်။

“ ငါ့သွေးကို မမြင်ရတာ ... ဘယ်လောက်တောင် ကြာနေ ပြီလဲ၊ မမှတ် မိနိုင် တော့ဘူး။ ”

-ဟု ပြုံးလျက် ရေရွတ် လိုက်၏။

ကြိုးကြာ နတ်သမီးဖြင့်၊ လျှောက်လှမ်း လာသော လင်းယွန်မှ တိုက်ပွဲ အပေါ်၊ ပြန်လည် သုံးသပ် နေမိသည်။

လီတာ့ယန်သည် အမည်ခံ သူတော်စင် မဖြစ်သေး သော်လည်း၊ ကြယ်ဓားကို ခံယူ နိုင် သည်မှာ၊ ယုံနိုင်စရာ မရှိချေ။

၎င်းသည်သာ အမည်ခံ သူတော်စင် ဖြစ်လာက၊ ကြောက်စရာ ကောင်းလာ ပေမည်။ အရှေ့ဘက် ပျက်စီးမြေ၏ ကြယ်နှစ်ဖော် ဟူသော ဂုဏ်သတင်းနှင့် ထိုက်တန်၏။

“ မင်း ... လက်ထဲက လာလဲ။ ”

အညိုရောင် ပုတီးစေ့ တစ်လုံးကို စော့ ကစား နေသည့်၊ ကြိုးကြာ နတ်သမီးအား ကြည့် ကာ၊ မေးလိုက် မိသည်။

ပုတီးစေ့ မည်မှောင်နေ သော်လည်း စွမ်းအင်များ သိပ်သည်းစွာ ပါ၀င်နေ သည်ကို ခံစား နိုင်၏။

“ လီတာ့ယန်ရဲ့ ရတနာပဲ ... ငါ့ကို ပေးခဲ့တာ၊ မဟာ နေမင်း သူတော်စင် သလင်း ကျောက်လို့ ခေါ်တယ်။ ”

ကြိုးကြာ နတ်သမီးမှ ပြုံးပြီး ပြန်ဖြေ၏။

“ သူက ညစ်ပတ် ပေမယ့် ... လူကောင်း တစ်ယောက်ပါ၊ ဒါပေမယ့် ငါ့သခင်မှာ ရတနာ တွေ အများကြီး ရှိလို့ ... ၊ ငါ ဒါကို မလိုအပ် ပါဘူး။ ”

“ မင်း မလိုရင် ... ငါ့ကို ဘာလို့ မပေး တာလဲ။ ”

လင်းယွန်မှ မေးသည်။ သူသည် အရင်းမြစ်များ လိုအပ် နေပြီး၊ ဤအညိုရောင် သလင်းကျောက်သည်၊ သာမန် မဟုတ်ကြောင်း ခံစား နိုင်၏။

၎င်းသည် ကြယ်ဓား အတွက် အကျိုးရှိ နိုင်ပေမည်။

“ ကောင်းပြီ ... သူ ငါ့ကို သတိ ရရင်ပဲ၊ ဝမ်းသာပါတယ်၊ နင် ကတော့ ... ကြယ်ဓား (၂) လက် ... ပိုင်ဆိုင် ထားလို့ ... ဒါကို လိုအပ် လိမ့်မယ်။ ”

လင်းယွန်မှ ခေါင်းညိတ် ပြီးနောက်၊ မလုံမလဲဖြင့် ပြုံးမိ၏။ ဤကောင်မ လေးသည် လိမ်လည်ရန် လွယ်ကူ ပေသည်။

***

All Chapters