← Chapters

ကြယ်တာရာ ဓားသင်္ချိုင်း တောင်ကုန်း ... ။

Vol. 146 Ch. 2044

ကြယ်တာရာ ဓားသင်္ချိုင်း တောင်ကုန်း ... ။

Vol. 146 Ch. 2044

အဖြူဝတ် အဖိုးအို ထွက်သွား ပြီးနောက်၊ လင်းယွန် အကြည့်က၊ တာအို မီးတောက်ထံ ကျရောက် သွားသည်။

၎င်းကို တိုက်ရိုက် ကြည့်ရန်၊ မဝံ့ သေးချေ။ ထိုဓားရှိ နေစဉ်၌ ခွန်လွန်၏ ဓား ဧကရာဇ်သည်၊ မည်သူ ဖြစ်မည်ကို သိချင် လာ၏။

တာအို မီးတောက် အနား၊ ဂရုတစိုက် ချဉ်းကပ် လိုက်သည်။ တာအို မီးတောက်သည် လင်းလက်လျက်၊ ရွှေရောင် အလွှာ တစ်ခုဖြင့်၊ လေထုကို သိုင်းခြုံ ထားချေ၏။

၎င်းရှေ့တွင် ရပ်လိုက် ချိန်၌၊ ဓား ရောင်ဝါကြောင့် အသက်ရှု ကြပ်လာ စေသည်။ ပေတစ်ထောင် မြင့်မားသော မီးတောင်ကြီး အနား၊ ရပ်နေ ရသလို ခံစား ရ၏။

ဤသည်မှာ ကြယ်ဓား အထွတ် အထိပ် ဖြစ်ပေမည်။ သူသည် ဤအဆင့်သို့ ရောက်ရှိရန် မလိုချေ။ သုံးပုံ တစ်ပုံ အထိသာ နားလည်ရန် လိုသည်။

“ စီနီယာ အစ်ကို ကျန့်ရဲ့ ... ဓား ရည်ရွယ်ချက်က၊ ဒီလို အထွတ် အထိပ်မျိုး၊ ရောက်ခဲ့တာ နေမယ်။ ”

ကျန့်ကျင်းရှန် အကြောင်း တွေးမိ လာ၏။ ထိုအချိန်က ၎င်း၏ ကြယ်ဓားသည် တောက်ပ လွန်းချေပြီ။

ဆယ့်ရှစ်နှစ်ကြာ စုဆောင်း ထား သောကြောင့်၊ ဤတာအို မီးတောက် အဆင့် နီးနီး မြင့်မား ၏။

လက်ရှိ အချိန်၌ စီနီယာ အစ်ကို ကျန့်ကျင်းရှန် တစ်ယောက်၊ နောက် တစ်ဆင့် တက်လှမ်း နိုင်နေ လောက် ချေပြီ။

အသက်ပြင်းပြင်း ရှူလျက် ညာလက်ကို ပန်းသင်္ချိုင်းပေါ် တင်ကာ၊ တာအို မီးတောက်ထံ ဆက်လျှောက် လာခဲ့သည်။

“ ဝှစ် ... ။ ”

သို့သော် ချက်ချင်း တွန်းထုတ် ခံလိုက် ရ၏။ ထို့ကြောင့် စီနီယာ အစ်ကို ကျန့်ကျင်းရှန်၏ ဓား သည်၊ ဤမျှ မသန်မာ ခဲ့ဟု သိလိုက် ရသည်။

( ဓားကရာဇ် ဓားကြောင့် လား။ )

ယင်းသည် ဧကရာဇ် ရောင်ဝါကြောင့် ဖြစ်ပေမည်။ သတိကြီး စွာဖြင့် ပြန် ဆုတ်ကာ၊ မီးတောက် သုံးပါးအား အသက် သွင်း၏။

များမကြာခင် မီးတောက် သုံးပါးမှ၊ ဒေါသ ထွက်နေသော သားရဲများ အလား၊ လောင်ကျွမ်း လာပြီး၊ အလင်းများ ဖြာထွက် လာ၏။

၎င်းတို့သည် ငါးနှစ်ကောင်မှ၊ တစ်ကောင် အမြီးနောက်သို့ တစ်ကောင် လိုက်နေ သည့်ပုံ သဏ္ဍာန် မျိုး၊ အရိပ်များ ပေါ်လာသည်။

“ ဘာတွေ ဖြစ်နေ တာလဲ။ ”

မြစ်ရေ အတိုင်း မီးတောက် များက ဒေါသတကြီး တောက်လောင် လာသဖြင့်၊ လင်းယွန်မှ မျက်လုံးဖွင့် ကြည့်မိသည်။

အချိန်တို အတွင်း မှာပင်၊ အရာ အားလုံး ရှုပ်ပွ ကုန်၏။ ခရမ်းရောင် နန်းတော် အတွင်းမှ မီးတောက် သုံးပါးမှာ၊ ထူးခြား သန့်စင် လာပုံ မပေါ်ချေ။

သူ့တွင် အရင်း အမြစ်များ မရှိ တော့ပြီ ဖြစ်ရာ၊ ကြယ်ဓားအား တိုးတက် လိုသော်၊ ဤ မီးတောက် (၃)ပါး ကိုသာ သန့်စင် ရပေမည်။

ထို့ကြောင့် လက် မလျော့ဘဲ၊ အသက် ပြင်းပြင်း ရှူကာ ထပ်မံ ကြိုးစား ကြည့်မိသည်။ ဓားညီလာခံနှင့် အရင်းအမြစ် အကြောင်း ခေါင်းထဲမှ ထုတ်ထား လိုက်၏။

စိတ်အာရုံကို မီးတောက် သုံးပါးထံ၊ သန့်စင်ရန် အတွက်သာ၊ နစ်မြုပ် ထားမိသည်။ နှလုံးသား တစ်ခုလုံး အညစ်အကြေး ကင်းစင် လာကာ၊ ကျောက်စိမ်းတုံး ကဲ့သို့ တဖြည်းဖြည်း ကြည်လင် လာ၏။

ဤအခြေ အနေဖြင့် မည်မျှ ကြာနေ ခဲ့မိ သည်ကို မသိချေ။ မျက်လုံးများ ပြန်ဖွင့်သော အခါတွင်၊ မှောင်မည်း နေသော ပတ်ဝန်းကျင် အား တွေ့ရှိ လိုက်သည်။

***

ကြယ်ရောင်စုံများ လင်းလက်လျက်၊ စကြဝဠာ တစ်ခု အတွင်း ရောက်ရှိ နေကြောင်း သိရှိ လာ၏။

သူ ရပ်နေရာ မြေပြင်သည်၊ စုတ်ပြတ် နေခဲ့ပြီး၊ ရှေးဟောင်း ဓားသင်္ချိုင်း တစ်ခု ဖြစ်နေ ချေ၏။

“ ဒါက ... ။ ”

ဤနေရာရှိ သတ်ဖြတ် လိုသော ရည်ရွယ်ချက်သည်၊ မည်သူ့ကို မဆို ကြောက်ရွံ့ ထိတ်လန့် စေမည်။

ထိုအရိုးစု များကို ထိုးဖောက် နေသော သံချေးတက် ဓားများဖြင့်၊ မြေပြင် တစ်ခုလုံး ဖုံးလွှမ်း နေ၏။

“ ဟူး ... ဟီး .. ဟီး .. ဟီး ... ။ ”

လေပြေ တိုက်ခတ် လာသော အခါ၊ တစ္ဆေအော်မြည် သံများ အလား၊ ပဲ့တင်ထပ် လာခဲ့သည်။

“ ဝှစ် ... ။ ”

ကြောက်ရွံ့စွာဖြင့် ထွက်ပြေးရန် ကြိုးစား လိုက်သည်။ သို့သော် လှုပ်ရုံ မျှသာ လှုပ်နိုင်၏။ ယင်းက ရွေ့သည် ဟုပင်၊ မဆို နိုင်ချေ။

“ ဝုန်း ... ။ ”

ထိုစဉ် ဦးခေါင်းခွံ များမှ၊ ဝါးမြို လိုသော ရောင်ဝါများ စိမ့်ထွက် လာစဉ်၊ ကျယ်လောင် သည့် ပေါက်ကွဲသံ ထွက်ပေါ် လာ၏။

သံချေး တက်နေသော ဓားတစ်လက်က ရောင်ဝါများ တောက်ပလျက် ဦးခေါင်းခွံ တစ်ခု အား၊ ဝါးမြို သွားခြင်း ဖြစ်သည်။

“ ဟူး ... ဟီး ဟီး ဟီ ။ ”

“ ရွှပ် ... ။ ”

ဤအခွင့် အရေးကို ယူပြီး၊ ပန်းသင်္ချိုင်း ဓားအား ဆွဲကာ၊ ဖြစ်ပေါ် လာသော လေမိစ္ဆာ အပေါ်၊ ခုတ်ပိုင်း လိုက်သည်။

တစ်ချိန်တည်း မှာပင်၊ ခန္ဓာကိုယ်မှ မီးတောက် သုံးပါး ထွက်ပေါ် လာပြီး တာအို မီးလျှံနှင့် အတူ ထွန်းတောက် လာ၏။

ပိုးစုန်းကြူး နတ်ဓား၏ ဒုတိယ ပုံစံသည် မီးတောက် သုံးပါး အောက်၌ အသက်ဝင် လာ တော့သည်။

လေမိစ္ဆာသည် ဦးခေါင်းခွံမှ လာသော ဆန္ဒဖြစ်သည်။ ၎င်းက ဓားတစ်လက်အား ကိုင် ဆွဲလျက်၊ ရွှေရောင် အဆင်း သဏ္ဍာန် များကို၊ သူ့ခန္ဓာကိုယ် ထဲသို့၊ ဆွဲငင်ကာ ကြီးထွား စေတော့၏။

“ ဟမ် ... ။ ”

၎င်းမြင်ကွင်းကြောင့်၊ တာအို မီးတောက် အတွင်းမှ အကြည့်က လင်းယွန်ထံ ရောက်လာ ပြီး၊

“ သူ အောင်မြင် သွားပြီ ... ၊ ဘိုးဘေးက အတိတ်တုန်းက ဘာမှ မထား ခဲ့လို့ ... အဲဒီလူ တွေ၊ မအောင် မြင်ခဲ့ ရတာ။ ”

မိနစ် အနည်းငယ် အကြာတွင်၊ မီးတောက် သုံးခု ရောယှက်ကာ၊ လင်းယွန်၏ နဖူးထဲ စီးဝင် လာတော့၏။ လင်းယွန် ရောင်ဝါမှာ ချက်ချင်း မြင့်တက် လာသည်။

ထို့နောက် ပိုးစုန်းကြုး နတ်ဓားဖြင့်၊ လေမိစ္ဆာ များကို တိုက်ခိုက် မိတော့သည်။ အချိန် မည်မျှ ကြာသွားသည် မသိ။

သူနှင့် အတူ၊ လေမိစ္ဆာ များကို၊ တိုက်ပွဲဝင် ပေးနေသော ဓားတစ်လက်အား မြင်လိုက်ရကာ၊ ပြုံးပြီး လှမ်းဆွဲ မိ၏။

သို့သော် တွန်းထုတ် ခံလိုက် ရပြီး၊ ပတ်ဝန်းကျင်သည် ရင်းနှီးသော မြင်ကွင်းများ အသွင်၊ ချက်ချင်း ပြောင်းလဲ သွားသည်။

( ငါ ဘယ်မှာလဲ ... ။ )

ဤသည်မှာ ကောင်းကင် တာအိုဂိုဏ်း အတွင်းမှ၊ ကောင်းကင် သန့်စင်ခြင်း တောင် ဖြစ်မှန်း၊ သတိ ထားမိ လာတော့၏။

“ ဓားသင်္ချိုင်းမှာ ... ငါ ဆယ်နှစ် ကြာခဲ့ တာလား။ ”

ထိုစဉ်က ပိုးစုန်းကြူး နတ်ဓားကို၊ ဓားတစ်လက်နှင့် အတူ၊ နေရော-ညပါ လေ့ကျင့် တိုက်ခိုက် နေခဲ့သည်။

ဤသို့ လေ့ကျင့်ခြင်းဖြင့်၊ ၎င်းနှင့် သူ့ကြားတွင် ပန်းသင်္ချိုင်း ထက်ပင် ပို၍ ရင်းနှီး သော ဆက်ဆံရေးမျိုး ရရှိ ခဲ့၏။

ထို့ကြောင့် ၎င်းကို ဆွဲရန် ပြင်လိုက် သော်လည်း၊ ဓားမှ တစ်စုံ တစ်ရာအား၊ ကြောက် ရွံ့ သွားကာ၊ သူ့အား မောင်းထုတ် ခဲ့သည်။

“ ဟမ့် ... ။ ”

မီးတောက် သုံးခုလုံး သူ့နဖူး အတွင်း ဝင်ခဲ့သည်ကို သတိ ရလာ၏။ ဓားပင်လယ်၌ နေ နှင့်လ ဖြစ်ပေါ် နေပြီ၊ နဂါး ငွေ့တန်း (၁၆) ခုမှ ဝိုင်းရံ နေချေပြီ။

“ ငါ အောင်မြင် သွားတာလား။ ”

အံ့ဩ သွား၏။ မီးတောက် များကို သန့်စင်ရာ၌ ကောင်းစွာ အောင်မြင်ပြီး၊ နဂါး ငွေ့တန်း (၁၆) ခုပင်၊ ထင်ရှား စေခဲ့သည်။

နေနှင့် လသည် အတွေး တစ်ချက် တည်းဖြင့်၊ ရောထွေး လာကာ၊ နဂါး ငွေ့တန်း (၃၆) လွှာ ပေါ်လာ၏။

ရုတ်တရက် တွေးမိ သဖြင့်၊ ခေါင်းမော့ ကြည့်လိုက်ရာ၊ တာအို မီးတောက် ဘေးတွင် နဂါး ငွေ့တန်းများ၊ ဖြည်းညှင်းစွာ လှည့်ပတ် နေကြောင်း၊ တွေ့လိုက် ရသည်။

ကြယ်များ ရေွ့လျား နေရာ လမ်းတွင်၊ အချိန်နှင့် အာကာသ ဖရိုဖရဲ ဖြစ်နေပြီး၊ အမျိုး မျိုးသော ဖြစ်စဉ်များ ထင်ဟပ် နေသည်။

“ စိတ်ဝင်စားဖို့ ကောင်းလိုက်တာ ... ငါ အခုမှ သိတယ်။ ”

ယုချင်းဖန်၏ စကား များကို ရုတ်တရက် နားလည် သွား၏။ ပထမ နေရာ အတွက် ပြိုင် စရာ မလိုအောင်၊ တစ်ချိန်လုံး ကြီးစိုး နေရ ပေမည်။

“ ဒါ ပိုးစုန်းကြူး ဓားရဲ့ ... စစ်မှန်တဲ့ အဓိပ္ပါယ် ဖြစ်နိုင်တယ်။ ”

အတွေးများ ရှင်းလင်း သွား သည်နှင့် ပိုးစုန်းကြူး နတ်ဓားအား ခင်းကျင်း လိုက်တော့ သည်။

“ ပထမဓား - သွေ့ခြောက် နေသော သစ်ပင် အသက် ပြန်ရှင် လာခြင်း။ ”

“ ဒုတိယဓား ... ။ ”

“ တတိယ ဓား ... ။ ”

ပိုးစုန်းကြူး နတ်ဓား၏ ဒုတိယ ပုံစံ (၁၃)မျိုးကို၊ ချက်ချင်း ထုတ်ဖော် ကစား လိုက် သည်။ ပြီးနောက် တအံ့တသြဖြင့်၊

“ ငါ ပိုပြီး ကျွမ်းကျင် လာပြီ၊ ဒါက မယုံနိုင် စရာပဲ။”

-ဟု ရေရွတ် လိုက်မိသည်။

တာအို မီးတောက်ထံ မော့ကြည့် လိုက်ရာ၊ ရင်းနှီးသော ခံစားချက်များ ရရှိ လာ၏။ တင်ပျဉ် ခွေချိတ် ထိုင်လျက်၊ အာရုံခံ လိုက်သော အခါ တွင်၊ တာအို မီးတောက်မှ၊ ကြောက်လန့် သွား သည်ကို ထင်ထင် ရှားရှား ခံစား ရသည်။

“ ဘာဖြစ် တာလဲ။ ”

တာအို မီးတောက်မှ သူ့အား ရှောင်တိမ်း နေသည့် အတွက် စိတ်ရှုပ် သွားသည်။

“ ယဲ့ချင်းရှန် ... သူ့ကို မင်း မြင်လိုက်လား။ ”

အဖြူဝတ် အဖိုးအိုက အလျင် အမြန် ရောက်ရှိ လာ၏။

“ ဟုတ်ကဲ့ ... ။ ”

လင်းယွန်မှ ပြန်ဖြေသည်။

“ ကောင်းတယ် ... သူ ဘယ်မှာလဲ ... ငါ့ကို ပြောပြဦး။ ”

“ ကြယ်တာရာ တစ်ခု ပေါ်က၊ ဓားသင်္ချိုင်း ထဲမှာ ... ၊ အဲဒီ နေရာက လူ သေကောင် တေွနဲ့၊ မိစ္ဆာတွေ မပြည့်ပဲ၊ ကျွန်တော် သေလု နီးပါး ဖြစ်နေတုန်း ... ၊ ဓားပေါ် လာပြီး ကယ်တင် ပေးခဲ့တယ်။ ”

“ ပြီးတော့ ဘာဆက် ဖြစ်လဲ ... ။ ”

“ လေမိစ္ဆာ တေွကို ... ၊ သူ သတ်ပစ် လိုက်တယ်။ ”

“ မင်း သူ့ကို ... မဆွဲခဲ့ဘူးလား။ ”

အဖြူဝတ် အဖိုးအို ခမျာ၊ မျက်လုံးများ ပြူးထွက် လုနီးပါး ဖြစ်လာ၏။

“ ဆွဲတယ် ... ၊ ဒါပေမယ့် သူက တွန်းထုတ် ပစ်တယ်။ ”

“ ဘယ်လဲဟ ... ၊ မင်းမှာ မီးတောက် သုံးပါ ရှိနေ တာကို ... သူ မသိဘူးလား။ ”

“ သူက ... ကျွန်တော့်ကို ကြောက်နေ တယ်လို့ ခံစား ရတယ်၊ သူ့ကို ဖမ်းကိုင်ဖို့ ကြိုး စား မိတော့၊ နှင်ထုတ် ခဲ့တယ်။ ”

“ ဒါ ... ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ ... ၊ ဧကရာဇ် ဓားက မင်းကို ... ကြောက် နေစရာ အကြောင်းမှ မရှိတာ။ ”

အဖြူဝတ် အဖိုးအိုမှ မယုံချင်ချေ။ ၎င်းနှင့် ပတ်သက်ပြီး၊ လုံးလုံး မသေချာ သောကြောင့်၊ လင်းယွန် ကလည်း၊

“ ဒါက ... ၊ ကျွန်တော် အထင်မှား နေတာလည်း ... ဖြစ်နိုင် ပါတယ်။ ”

-ဟု ပြောကြား လိုက်သည်။

လင်းယွန်က တာအို မီးတောက်ထံ ပြန် လှည့်ကြည့် လိုက်သော အခါ၊ အထင် မှားခြင်း မဟုတ်မှန်း၊ သေချာ နေ၏။

“ တကယ့်ကို မယုံနိုင်စရာ ပါပဲ။ ”

အဖြူဝတ် အဖိုးအို မျက်နှာ ပြောင်းလဲ သွားပြီး သက်ပြင်းချလျက် လေသံ ပုံမှန် ပြန် ဖြစ်လာ တော့သည်။

“ အခွင့် အရေး တစ်ခု ... လက်လွှတ် လိုက်ရပြန်ပြီ၊ နောက်တစ်ခါ ဒီဧကရာဇ် ဓားကို ပြန်ယူဖို့ အတွက် ... ၊ ဘယ်သူများ ထပ်ပြီး ကြိုးစား နိုင်ဦး မလဲ၊ ငါ မသိ တော့ဘူး။ ”

အဖြူဝတ် အဖိုးအို ခမျာ၊ ဧကရာဇ် ဓား အပေါ်၊ စွဲလန်း လွန်းနေ သဖြင့်၊ လင်းယွန်မှ မည်သို့ နှစ်သိမ့် ရမည်မှန်း မသိ တော့ချေ။

“ အဆင်ပြေ ပါတယ် ... ၊ ဒီအတွက် မင်းကိုယ်မင်း အပြစ်တင် နေစရာ မလို ပါဘူး၊ အနည်း ဆုံးတော့ သူဘယ်မှာ ရှိနေလဲ ဆိုတာ၊ ငါတို့ သိသွားပြီ။”

“ စီနီယာ ... ၊ ကျွန်တော် ... ရခဲ့တဲ့ မီးတောက် သုံးပါနဲ့ ... ဧကရာဇ်ဓား ကြားမှာ တစ်ခုခု ဆက်စပ် နေလား။ ”

လင်းယွန်မှ မေးမိသည်။

“ မဟုတ်ဘူး ... ၊ ဧကရာဇ် ဓားနဲ့ ... မီးတောက် သုံးပါး ပိုင်ရှင် ကြားမှာ ... ၊ ဘယ်လို ဆက်စပ် နေလဲလို့ ... မင်း မေးသင့်တာ။ ”

အဖြူဝတ် အဖိုးအိုမှ ပြုံးပြီး မေးခွန်းကို တည့်ပေး လိုက်တော့သည်။

All Chapters