အခန်း (၈၁၁)
Vol. 55 Ch. 811
လောချင်းချွမ်က ဆက်ပြောသည်။
“လက်ရှိရွှမ်းယွမ်မြို့တော်ရဲ့အရှင်သခင်က ရွှမ်းယွမ်ဝူမင်ရဲ့ မြေးဖြစ်သူ ရွှမ်းယွမ် ချန်ယွင်လို့ကျွန်တော်ကြားထားတယ်”
“အိုး. ရွှမ်းယွမ် ချန်ယွင်တဲ့လား”
ရှစ်ဖုန့်ကအနည်းငယ်အံ့အားသင့်သွားပုံပေါ်သည်။ ဤနမည်က ခံယူချက်အချို့ရှိပုံပေါ်သည်။
ရွှမ်းယွမ်မြို့သို့ သူရောက်လာသောအခါက အသက်နှစ်ဆယ်အရွယ်နှင့်ဧကရာဇ်နယ်ပယ်သို့ဝင်ရောက်ခဲ့သော ရွှမ်းယွမ်မြို့အတွင်းရှိ လူငယ်ပါရမီရှင်တစ်ယောက်ရှိခဲ့သည်။ ဤလူငယ်၏ ကာယခန္ဓာက ဒဏ္ဍာရီလာ မသေမျိုးခန္ဓာဖြစ်သည်ဟုပြောကြ၏။
အကယ်၍သူ၏ ခန္ဓာကိုယ်ဖျက်ဆီးခံရလျှင်တောင် လူသားကမ္ဘာအတွင်း၌သူ၏သွေးအဆီအနှစ်
တစ်စက်ကျန်သည်နှင့် သူကမသေမျိုးဖြစ်ပြီး ပြန်လည်မွေးဖွားလာနိုင်သည်ဖြစ်သည်။
“ရွှမ်းယွမ်ဝူမင်ရဲ့ သူရဲဘောကြောင်တဲ့သား ရွှမ်းယွမ် ကျိမင် ရောသေပြီလား. ဘာလို့သူ့သားက ရွှမ်းယွမ်မြို့အရှင်သခင်နေရာကို ဆက်ခံထားတာလဲ”
ရှစ်ဖုန့်ကမေးလိုက်သည်။
“ဟမ်”
လောချင်းချွမ်က ပြောလိုက်သည်။
“လွန်ခဲ့တဲ့ရှစ်နှစ်တုံးက ရွှမ်းယွမ်ကျိမင် ရုတ်တရက် သေသွားခဲ့တယ်.. ဘာကြောင့်သေသွားတယ်ဆိုတာကိုတော့မသိရဘူး.. ဒါပေမဲ့ ရွှမ်းယွမ်ကျိမင်က သူ့သားသတ်တာကိုခံလိုက်ရတာလို့ပြောကြတယ်”
“ရွှမ်းယွမ်မြို့ရဲ့အရှင်သခင်နေရာအတွက် သူက သူ့သွေးသားရင်းချာဖခင်ကိုသတ်ခဲ့တယ်ပေါ့..
စိတ်ဝင်စားစရာပဲ”
ရှစ်ဖုန့်၏နှုတ်ခမ်းထောင့်ကတတွန့်ကွေးသွားပြီး စိတ်ဝင်စားသောအပြုံးတစ်ခုပေါ်လာကာ
ပြောလိုက်သည်။
“မင်းစကားကိုကြားပြီးတဲ့နောက် ဒီသခင်လေးတကယ်ပဲ ဒဏ္ဍာရီလာမသေမျိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ ရွှမ်းယွမ်မြို့ရဲ့နံပါတ်တစ်ပါရမီရှင် ရွှမ်းယွမ်ချန်ယွင်နဲ့တွေ့ချင်မိတယ်”
“ကျွန်တော်တို့သူ့သားနဲ့ တွေ့နိုင်မှာပါ.. ဒါပေမဲ့ သူကပြောရဆိုရမလွယ်ကူဘူးလို့ပြောကြတယ်.”
လောချင်းချွမ်က ပြောလိုက်သည်။ ထို့နောက် လောချင်းချွမ်ကရှစ်ဖုန့်အား နားလည်ရခက်နေသောပုံစံဖြင့် မေးလိုက်၏။
“သခင်လေးဖုန့် သခင်လေးက ငရဲဘုံဘုံနန်းကိုသွားဖို့အတွက်ရွှမ်းယွမ်မြို့က နေရာကူးပြောင်းအစီအရင်ကို သုံးမလို့လား”
“အနောက်ပိုင်းဒေသကြီးအတွင်း ရွှမ်းယွမ်မြို့ဘေးက ပိုင်လုမြို့မှာ နေရာကူးပြောင်းအစီအရင်ရှိတာကိုကျွန်တော်မှတ်မိတယ်.. ပိုင်လုမြို့အရှင်သခင်က တတိယစီနီယာအကိုလန်အောင်းယွဲ့ရဲ့
နောက်လိုက်ငတိနဲ့ သူငယ်ချင်းကောင်းတွေဖြစ်တဲ့ ယွမ်ဝေ့ပဲ.. ကျွန်တော်သူ့ကိုအရင်ကတွေ့ဖူးတယ်.. ကျွန်တော့်ကြောင့်နဲ့သူ သူ့ရဲ့နေရာကူးပြောင်းအစီအရင်ကို ကျွန်တော်တို့ကို ငှားပေးမယ်ထင်တယ်”
“တို့တွေပိုင်လုမြို့ကတစ်ခုကိုသုံးလို့မရဘူး.. “
ရှစ်ဖုန့်ကခေါင်းခါယမ်းပြီးပြောလိုက်သည်။
“အနောက်ပိုင်းဒေသကြီးအတွင်းမှာ ရွှမ်းယွမ်မြို့အတွင်းက ရှေးဟောင်းနေရာကူးပြောင်းအစီအရင်ကပဲ အဲ့ကိုပို့ဆောင်ပေးနိုင်မှာ”
မြောက်ပိုင်းဒေသကြီးထဲမှာ မြောက်ပိုင်းနယ်မြေရဲ့တော်ဝင်မြို့တော်မှာလည်း ရှေးခေတ်အချိန်ကာလက ကျန်ရစ်ခဲ့တဲ့ နေရာကူးပြောင်းအစီအရင်ရှိတယ်.. ဒီသခင်လေးအရင်ကအဲ့တာကိုငှားဖူးပြီး အဲ့ကနေလည်း ငရဲဘုံဘုံနန်းကိုသွားလို့ရတယ်”
“တောင်ပိုင်းဒေသကြီးမှာက နဂါးကျဆုံးခြင်း ရှေးဟောင်းကုန်းမြေလို့ခေါ်တဲ့ ရှေးခေတ်အချိန်ကာလက တားမြစ်နယ်မြေတစ်ခုရှိတယ်.. အအဲ့မှာလည်းရှေးခေတ်အချိန်ကာလက ကျန်ရစ်ခဲ့တဲ့ နေရာကူးပြောင်းအစီအရင်တစ်ခုရှိတယ်”
“အလယ်ပိုင်းဒေသကြီးမှာတော့ ဒီသခင်လေး ရောင်စဉ်အလင်းဧကရာဇ်ရဲ့ ရောင်စဉ်နန်းတောက်က နေရာကူးပြောင်းအစီအရင်က သုံးနိုင်မလားဆိုတာကို သိဖို့အတွက် ရောင်စဉ်နန်းတော်ကို ဝင်ဖို့ကြိုးစားခဲ့တယ်.. အဆုံးသတ်မှာ အဲ့ကနေလည်းသွားလို့ရတယ်”
လွန်ခဲ့သောနှစ်နှစ်ဆယ်က ကမ္ဘာပေါ်၌ စွမ်းအားအကြီးဆုံးသူဖြစ်သော ငရဲဘုံကိုခု ဧကရာဇ် က ရောင်စဉ်နန်းတော်ကို ရုတ်တရက်ဝင်ရောက်ခဲ့သည်။ ကမ္ဘာပေါ်၌ ထိုကိစ္စနှင့်ပက်သက်၍ ကောလဟာလများစွာရှိသည်ဖြစ်၏။ ရောင်စဉ်အလင်းဧကရာဇ် က သေခြင်းဧကရာဇ်နှင့်အမြဲတမ်းရန်သူဖြစ်ပြီး ငရဲဘုံကိုးခုဧကရာဇ် က သူ၏ချစ်လှစွာသောတပည့်အတွက် ရောင်စဉ်အလင်းဧကရာဇ်ကို သတ်ချင်သည်ဟု အချို့ကပြောကြသည်။
ရောင်စဉ်အလင်းဧကရာဇ်နှင့်ငရဲဘုံကိုးခု ဧကရာဇ်တို့က ငယ်ကျွမ်းဆွေတွေဖြစ်ကြသည်ဟူသော ကောလဟာများလည်းရှိသည်။ ရောင်စဉ်အလင်းဧကရာဇ်က ငရဲဘုံကိုးခု ဧကရာဇ် အားသစ္စာဖောက်သွားချိန်တွင် ငရဲဘုံကိုးခု ဧကရာဇ် ယိုမင်က နှလုံးသားမဲ့သော ထိုလူအား အရမ်းဒေါသထွက်ပြီး သတ်ချင်ခဲ့သည်ဟုဆိုကြသည်။
မည်သို့ပင်ဆိုစေကာမူ ကောလဟာများစွာရှိသော်လည်း ငရဲဘုံကိုးခုဧကရာဇ်က ရောင်စဉ်နန်းတော်သို့ဝင်ရောက်ရခြင်းမှာ ရောင်စဉ်နန်းတော်အတွင်းရှိနေရာကူးပြောင်းအစီအရင်အား သုံးရန်ကြောင့်ဟု မည်သူကမှ မမျှော်လင့်ထားကြပေ။
ရှစ်ဖုန့်၏ ပြောကြားမှုအားကြားပြီးနောက် လောချင်းချွမ်ကငရဲဘုံဘုံနန်းရှိ အန္တရာယ်များသော လမ်းအကြောင်းနှင့်ပက်သက်ပြီးပို၍
သိချင်လာသည်။
ထိုနေရာသို့ရောက်ရှိရန်အတွက် တကယ်ကြီးရှေးခေတ်အချိန်ကာလက ကျန်ရစ်ခဲ့သော နေရာကူးပြောင်းအစီအရင်တစ်ခုကိုလိုအပ်သည်ဖြစ်သည်။ ထိုလမ်းအားဖြတ်သန်းပြီးနောက် ငရဲဘုံဘုံနန်းက မည်သို့သောကမ္ဘာမျိုးဖြစ်နိုင်မည်နည်း။
“ရွှမ်းယွမ် ချန်ယွင်ရဲ့လက်ရှိကျင့်ကြံမှုက ဘယ်လောက်လဲ’
ရှစ်ဖုန့်ကလောချင်းချွမ်အားမေးလိုက်သည်။
“လွန်ခဲ့တဲ့တစ်နှစ်ကတော့ ကြယ်ရှစ်ပွင့်ဧကရာဇ်နယ်ပယ်ထဲကို ဝင်ရောက်နေပြီလို့ကျွန်တော်ကြားခဲ့တယ်”
လောချင်းချွမ်ကပြန်ဖြေသည်။
“ကြယ်ရှစ်ပွင့်ဧကရာဇ်နယ်ပယ်လား”
ရှစ်ဖုန့်ကတီးတိုးရေရွတ်ပြီးပြောလိုက်သည်။
“ပါရမီရှင်တစ်ယောက်ဆိုတဲ့အတိုင်းပဲ….
ဒဏ္ဍာရီလာ မသေမျိုးခန္ဓာကိုယ်ပိုင်ရှင်ပါရမီရှင်ဆိုတဲ့အတိုင်းပဲ. . သူရဲ့ပါရမီစွမ်းရည်ကတကယ့်ကိုထူးခြားအံ့ဖွယ်ပဲ.. သူ့ရဲ့အသုံးမကျတဲ့အဖေ ရွှမ်းယွမ် ကျိမင် က သူ့နဲ့ယှဉ်လို့မရဘူး”
“ကြယ်ရှစ်ပွင့်ဧကရာဇ်နယ်ပယ်..
ဒါကနည်းနည်းတော့ခက်လိမ့်မယ်”
ရှစ်ဖုန့်ကပြောလိုက်သည်။
လောလောဆယ်တွင်သူ၏ကျင့်ကြံမှုက ကြယ်ငါးပွင့်ဧကရာဇ်နယ်ပယ်၌သာ
ရှိသည်ဖြစ်သည်။ ကြယ်ရှစ်ပွင့်ဧကရာဇ်နယ်ပယ်တစ်ယောက်ထက် ကြယ်သုံးပွင့်တောင်နိမ့်သည်ဖြစ်၏။ ယင်းကသူ့အတွက်ရွှမ်းယွမ် ချန်ယွင်ကို အနိုင်ယူရန်မဖြစ်နိုင်ပေ။
ရှစ်ဖုန့်၏ စကားအားကြားပြီးနောက် လောချင်းချွမ်က သက်ပြင်းချပြီးပြောလိုက်သည်။
“ဟုတ်တယ်.. အဲ့တာထက်ပိုတာက အဲ့ကလေးက ပြောရဆိုရခက်တယ်.. ဒီတစ်ကြိမ် ရွှမ်းယွမ်မြို့ထဲကနေရာကူးပြောင်းအစီအရင်ကိုသုံးဖို့က အရမ်းခက်လိမ့်မယ်”
“ဒီလိုဆိုရင်ရော”
ရုတ်တရက် လောချင်းချွမ်၏နှုတ်ခမ်းထောင့်က
တွန့်ကွေးသွားပြီး မကောင်းသောအပြုံးတစ်ခုပေါ်လာသည်။ သူကအကြံတစ်ခုကိုတွေးမိပြီးပြောလိုက်သည်။
“ရွှမ်းယွမ်ချန်ယွင် မှာ ရွှမ်းယွမ်ယန်ရို့လို့ခေါ်တဲ့ သမီးတစ်ယောက်ရှိတယ်လို့ကျွန်တော်ကြားထားတယ်.. သူမက ဆယ့်ငါးနှစ်ပဲရှိသေးပေမဲ့ သူမက ပန်းလေးတစ်ပွင့်လိုလှပပြီး ရွှမ်းယွမ် ချန်ယွင် တုန်နေအောင်ချစ်တယ်လို့ကြားတယ်.. ရွှမ်းယွမ်ချန်နင်က သူ့သမီးကို အမြဲတမ်းသူ့မျက်လုံးထဲမှာ ပန်းသီးလေးတစ်လုံးလိုမှတ်ယူထားတာ”
“သခင်လေးဖုန့် သခင်လေးကလည်း ပါရမီရှင်တစ်ဦးပဲ.. သခင်လေးရဲ့ပါရမီစွမ်းရည်ကပြောစရာကိုမလိုဘူး. သခင်လေးက သိုင်းတာအို၊ကာယခန္ဓာ၊နဲ့ ဝိညာဉ်ကိုကျင့်ကြံတယ်.. အဲတာထက်ပိုတာက သခင်လေးက သုံးခုလုံးမှာ ထူးချွန်တာပဲ. သခင်လေးက ရွှမ်းယွမ်ချန်ယွင်ထက်တောင်ပိုတော်သေးတယ်”
“သခင်လေး ရွှမ်းယွမ်ယန်ရို့ကိုလိုက်နိုင်ရင် ဒီနေရာကူးပြောင်းအစီအရင်က အလိုလို ရလာလိမ့်မယ်”
လောချင်းချွမ်က ပြောနေရင်းသူ၏အ
မူအယာကပိုပို ၍ ဆိုးယုတ်လာသည်။
“ချီးပဲ. မင်းကဒီသခင်လေးကို ရွှမ်းယွမ်ဝူမင်ရဲ့ မြစ်ကိုလိုက်ခိုင်းချင်တာလား.. မင်းဒါကိုဘယ်လိုတောင်တွေးနိုင်တာလဲ.. အရင်တုံးက ဒီသခင်လေးကိုယ်တိုင် သူ့အဘေးကိုသတ်ပစ်ခဲ့တာ.. အဲ့တာထက်ပိုတာက ကမ္ဘာကြီးကသာအနာဂတ်မှာဒီသခင်လေး
အဲ့လိုလုပ်ခဲ့တာကိုသိရင် ဒီသခင်လေးကို ဘယ်လိုတွေထင်ပြီးပြောကြမလဲ”
ရှစ်ဖုန့်က ပြတ်ပြတ်ပဲတုန့်ပြန်လိုက်သည်။
ရှစ်ဖုန့် ၏စကားများအားကြားသော်လည်း လောချင်းချွမ်ကဆက်ပြီးသွေးထိုးနေသည်။
“အကယ်၍ဒီကိစ္စကိုသာကောင်းကောင်းလျှို့ဝှက်ထားရင် ဘယ်သူမှသခင်လေးလုပ်တယ်ဆိုတာ
ကိုသိမှာမဟုတ်ဘူး.ပြီးတော့သခင်လေးရဲ့သရုပ်မှန်..သခင်လေးရဲ့သရုပ်မှန်ကဘာမျိုးလဲ.. ဘယ်သူကသခင်လေးကိုခန့်မှန်းနိုင်မှာတဲ့လဲ”
“အဲ့အချိန်ကြရင် ကျွန်တော်တို့က ရွှမ်းယွမ် ယန်ရို့ကိုနေရာကူးပြောင်းအစီအရင်နား
အောင်အောင်မြင်မြင်ချဉ်းကပ်နိုင်ဖို့အသုံးပြုပြီး ချက်ချင်းပဲ ရွှမ်းယွမ်မြို့ကနေအဲ့တာကိုသုံးပြီးထွက်သွားမှာပဲ”
လောချင်းချွမ်၏ စကားအားကြားပြီးနောက်ရှစ်ဖုန့်ကအနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။ သူကခေါင်းကိုလှည့်လိုက်ပြီး လောချင်းချွမ်ကိုကြည့်ကာပြောလိုက်သည်။
“အရင်တုံးကရိုးသားတဲ့မင်းက နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်အရမ်းကိုအကြံအစဉ်တွေပြည့်နှက်နေမယ်လို့ ဒီသခင်လေးမထင်ထားဘူး. ချင်းချွမ်. မင်းလဲဆိုးလာပြီ”
“အာ..”
ရှစ်ဖုန့်၏စကားအားကြားပြီးနောက် လောချင်းချွမ်ကြက်သေသေသွားသည်။
ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့ကလူအုပ်ကြီးနှင့်အတူ လျှောက်လှမ်းနေသည်။ ဖြည်းဖြည်းချင်း လမ်းမတစ်ဖက်ခြမ်းရှိ ရွှေရောင်မော်ကွန်းပြားပေါ်မှ ဝင့်ကြွားသောရွှေရောင်စာလုံးလေးလုံးက ရှစ်ဖုန့်၏ အာရုံကို ဆွဲဆောင်သွားသည်။
“ရတနာ တစ်ထောင် ကုန်သည် စံအိမ်”
“ရတနာ တစ်ထောင် ကုန်သည် စံအိမ်”
ရှစ်ဖုန့်ကဤစကားလုံးလေးလုံးအားရေရွတ်လိုက်သည်။အသင်္ချေရတနာကုန်သည်စံအိမ်က အရမ်းအင်အားကြီးပြီး ရွှမ်းယွမ်မြို့ကဲ့သို့မြို့ကြီးတစ်မြို့၌ စီးပွားရေးကိုလုပ်ကိုင်နိုင်လိမ့်မည်ဟု ရှစ်ဖုန့်မမျှော်လင့်ထားပေ။
“ရတနာ တစ်ထောင် ကုန်သည် စံအိမ်”
ထို့နောက် ရှစ်ဖုန့်၏ဘေး၌ရှိနေသောလောချင်းချွမ်က ရွှေရောင်မော်ကွန်းပြားအားရှစ်ဖုန့်စိုက်ကြည့်
နေသည်ကိုတွေ့ရသောအခါတွင် ရှစ်ဖုန့်ကိုပြောလိုက်သည်။
“ရတနာ တစ်ထောင် ကုန်သည် စံအိမ် က အမည်မသိစီးပွားရေးအင်အားစုတစ်ခုဖြစ်နေကြဆိုပေမဲ့ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်တုံးက ရုတ်ခြည်းလူတွေရဲ့မြင်ကွင်းကို ခုန်ဝင်လာခဲ့တယ်”
“အစတုံးက ထျန်းဟန်တိုက်ကြီးပေါ်မှာ အဓိကအင်အားစုကြီးခြောက်ခုသာရှိပေမဲ့ “ရတနာ တစ်ထောင် ကုန်သည် စံအိမ် ရုတ်တရက်ပေါ်လာတာကြောင့် မကြာခင်မှာ ကြီးမားတဲ့စီးပွားရေးအင်အားစုကြီး
တစ်ခုဖြစ်လာပြီး ထျန်းဟန်တိုက်ကြီးတစ်ခုလုံးရဲ့
အဓိကစီးပွားရေးအင်အားစုကြီး
ခုနှစ်စုဖြစ်လာခဲ့တယ်”
ဆက်ရန်……….
ဘာသာပြန်သူ-ARISE