အခန်း (၈၁၂)
Vol. 55 Ch. 812
ရွှမ်းဟွမ်မြို့အတွင်း၌ ရတနာတစ်ထောင်စံအိမ်အားရှစ်ဖုန့် မြင်တွေ့လိုက်ရသောအခါတွင် အရှေ့ပိုင်းဒေသကြီးအတွင်း စိတ်ရင်းကောင်းပြီး ဖြောင့်မတ်ရိုးသားသော သူ၏ သူငယ်ချင်းကောင်ဖြစ်သူ ရှစ်ကျင်းရွှိုက်ကို ရှစ်ဖုန့် ရုတ်ခြည်း အမှတ်ရလိုက်သည်။
သူထျန်းလျန်အင်ပါယာ၌ရှိစဉ်က ရှစ်ကျင်းရွှိုက်မှာ ရှားပါးသောသဘာဝရတနာများအား ထောက်ပံ့၍ တကယ့်ကိုသူ့အားတော်တော်လေး ကူညီခဲ့သည်ဖြစ်သည်။
ရှစ်ကျင်းရွှိုက်က သူ့အား ဘာမှပြန်လည်ပေးရန်တောင်းဆိုခြင်းမရှိဘဲ စိတ်ရင်းအတိုင်း ဆက်ဆံသည်ဟု ရှစ်ဖုန့်ပြောနိုင်သည်ဖြစ်သည်။
ရှစ်ကျင်းရွှိုက်က သူ့အား သူငယ်ချင်းတစ်ယောက်ညီအကိုတစ်ယောက်လို တကယ်ဆက်ဆံပြီး သူကလည်းရှစ်ကျင်းရွှိုက်ကို ထို့နည်းတူစွာပင်ဆက်ဆံသည်ဖြစ်သည်။
“သူ့ရဲ့ဌာနခွဲက ရွှမ်းယွမ်မြို့လို မြို့ကြီးတစ်ခုမှာ ရှိနေမှတော့ ဒီဆိုင်က တစ်ခုခုတော့ထူးခြားနေရမှာပဲ ဝင်ပြီးတော့တစ်ချက်ကြည့်တာပေါ့”
ရှစ်ဖုန့်ကတီးတိုးရေရွတ်လိုက်သည်။ ထို့နောက်သူကဘေးရှိ လောချင်းချွမ်အား ပြောလိုက်သည်။
“ရတနာတစ်ထောင်စံအိမ်ထဲကို ဝင်ကြစို့”
လမ်းတစ်လျှောက်လုံးတွင် သူတို့က လူများအားပို၍ပို၍သတ်ခဲ့သောကြောင့် ရှစ်ဖုန့်၌ သူ၏ သိုလှောင်လက်စွပ်အတွင်းတွင် ကမ္ဘာဦးကျောက်တုံးများနှင့် ဆေးလုံးများကပို၍ ပို၍ စုဆောင်းမိလာသည်။
ရတနာတစ်ထောင်စံအိမ်၌ ကောင်းမွန်သောတစ်စုံတစ်ခုနှင့် လဲလှယ်၍ရနိုင်မည်လားဆိုသည်ကို သူသိချင်မိသည်။
“ကောင်းပါပြီ”
လောချင်းချွမ်က ခေါင်းညိမ့်ပြီးပြန်ဖြေလိုက်သည်။ ထို့နောက် နှစ်ယောက်သား ရတနာတစ်ထောင် ကုန်သည်စံအိမ်ထဲသို့ အတူတကွ လျှောက်လှမ်းဝင်လိုက်ကြသည်။
ရတနာတစ်ထောင်စံအိမ်ထဲသို့ သူတို့ ဝင်ရောက်လိုက်သည့်အခိုက်အတန့်တွင် ဆူညံသံများနှင့်ပြည့်နှက်နေသော ကျယ်ဝန်းသည့် ခန်းမတစ်ခုအတွင်းရောက်လာကြောင်းကို တွေ့လိုက်ရသည်။ ရတနာတစ်ထောင် ကုန်သည်စံအိမ်တွင်းသို့ လူပေါင်းများစွာဝင်ထွက်နေကြသည်။ ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့ ဝင်လာသည်အား တွေ့ရသောအခါတွင် လှပသော အကူမိန်းကလေးက အလျှင်အမြန်လေးစားမှုအပြည့်ဖြင့်
ပြောလိုက်သည်။
“မင်္ဂလာပါ..တွေ့ရတာဝမ်းသာပါတယ်”
“မင်္ဂလာပါ. လူကြီးမင်းတို့ကို ကျွန်မဘာများကူညီပေးရမလဲရှင်”
“မင်းတို့ဆိုင်မှာ အဆင့်ကိုး ဧကရာဇ်နယ်ပယ် ပစ္စည်းတွေများရှိလား.. အဲ့တာတွေက လူတစ်ယောက်ရဲ့ကျင့်ကြံခြင်းကို တိုးမြှင့်ပေးနိုင်တဲ့ စိတ်ဝိညာဉ်ဆေးပင်တွေဆိုရင်အကောင်းဆုံးဖြစ်လိမ့်မယ်..”
အကူမိန်းကလေးအားတွေ့လိုက်ရသောအခါတွင် ရှစ်ဖုန့်က လိုရင်းကိုတည့်တည့်သွားလိုက်သည်။ လောလောဆယ်တွင် သာမန်စိတ်ဝိညာဉ်ဆေးပင်များက သူ့အတွက်များစွာအသုံးမဝင်တော့ပေ။
“ဟုတ်ကဲ့ရှင့်”
အကူမိန်းကလေးက ခေါင်းညိမ့်ပြီး ပြန်ဖြေလိုက်သည်။
“လူကြီးမင်းတို့နှစ်ယောက်စလုံး ..ကျွန်မနောက်ကို လိုက်ခဲ့ပေးပါ”
အကူမိန်းကလေး ၏ လမ်းညွှန်မှုအောက်တွင် ရှစ်ဖုန်နှင့်လောချင်းချွမ်တို့က ကောင်တာတစ်ခုသို့ရောက်လာသည်။ လှပသောအကူမိန်းကလေးက ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့အားလက်ဟန်
ခြေဟန်ဖြင့်တစ်ချက်ကြည့်ရန်ပြသပြီး လေးစားမှုအပြည့်ဖြင့် ထပ်မံပြောလိုက်သည်။
“ ကျေးဇူးပြုပြီး အချိန်ယူကာလူကြီးမင်းတို့ ကြည့်ကြည့်ပါအုံးရှင့်”
ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့က သလင်းကျောက်ကောင်တာကိုတစ်ချက်ကြည့်လိုက်သည်။ ထို့နောက်တွင် လက်ဝါးအရွယ်ရှိသော လေးထောင့်ကျောက်စိမ်းသေတ္တာဆယ်ခုအား ခင်ကျင်းပြသထားသည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။ ၎င်းတို့က အဖြူရောင်လေအေးအမျှင်တန်းတို့ကို
ထုတ်လွှတ်နေသည်။
ဤရေခဲကျောက်သေတ္တာအတွင်းရှိ ရေခဲကျောက်မှာ ရေခဲနှင်းတောင်တစ်ခုမှ စုစည်းထားခြင်းဖြစ်သည်။ မရေတွက်နိုင်သောနှစ်ပေါင်းများစွာကြာပြီးနောက်၎င်းတို့က ဤရေခဲကျောက်သေတ္တာများအဖြစ် ဖွဲ့စည်းသွားခြင်းဖြစ်၏။
ယေဘုယျအားဖြင့် ပစ္စည်းများကိုသိုလှောင်သည့် ဤကဲ့သို့ ရေခဲကျောက်သေတ္တာအမျိုးအစားမျိုးက စိတ်ဝိညာဉ်ဆေးပင်များ၊ စိတ်ဝိညာဉ်သစ်သီးတို့နှင့်စိတ်ဝိညာဉ်ဆေးလုံးများအတွက်လွန်စွာအဖိုးအနဂ္ဂထိုက်တန်သည်ဖြစ်၏။အချိန်ကြာမြင့်ပြီးသည့်တိုင် ရေခဲကျောက်သေတ္တာမထိခိုက်မပျက်စီးသ၍ ၎င်းတို့ကယိုယွင်းလာလိမ့်မည်မဟုတ်ပေ။
သူတို့ရှေ့၌ရေခဲကျောက်သေတ္တာဆယ်လုံးရှိနေပြီး အတွင်း၌ရှိသောအရာကိုမမြင်ရသော်လည်း ရေခဲကျောက်သေတ္တာတစ်ခုစီတိုင်းတွင် ပစ္စည်းနမည်နှင့် အထဲရှိပစ္စည်း၏ အဆင့်နှင့် အသုံးဝင်ပုံတို့ကို အသေးစိတ်တိတိကျကျဖော်ပြပေးထားသည်။
နဂါးသွေးမြက်ပင်မှာ အဆင့်ကိုးဧကရာဇ်နယ်ပယ် စိတ်ဝိညာဉ်ဆေးပင်တစ်ခုဖြစ်သည်။ ကောလာဟာများအရ ၎င်းမှာ စစ်မှန်သောနဂါးတစ်ကောင်၏သွေးတို့ ကမ္ဘာမြေပင်ပေါ်သို့ ဖြန်းပက်ကျဆင်းလာခြင်းမှ မွေးဖွားလာခြင်းဖြစ်သည်ဟုဆိုသည်။ စွန့်စားသူတစ်ယောက်က ၎င်းပစ္စည်းအား ကျဆုံးနဂါး ကုန်းမြေမှ ရရှိလာခဲ့ခြင်းဖြစ်သည်။ အဆင့်ဆင့်ဆန်းစစ်အကဲဖြတ်ပြီးနောက် ၎င်းက တကယ့်ကို အဆင့်ကိုး ဧကရာဇ်နယ်ပယ် စိတ်ဝိညာဉ်ဆေးပင်တစ်ပင်ဖြစ်နေခဲ့သည်။၎င်းက လူတစ်ယောက်အသက်ဓာတ်နှင့်ခန္ဓာကိုယ်ကို ပိုမိုသန်မာတိုးတက်လာစေရန် အကျိုးပြုသည်ဖြစ်သည်။
၎င်းက ခန္ဓာသန့်စင်ခြင်းကိုကျင့်ကြံသောသူများအတွက် သင့်တော်သည်ဖြစ်၏။
ရွှေရောင်ချီလင်သစ်သီးမှာ အဆင့်ကိုး ဧကရာဇ်နယ်ပယ်စိတ်ဝိညာဉ်သစ်သီးဖြစ်၏။ ၎င်း၏ပုံသဏ္ဍန်က ရွှေရောင်ချီလင်တစ်ကောင်ပုံစံရှိသောကြောင့်ဤနမည်တွင်ရခြင်းဖြစ်သည်။ ၎င်းအားမျိုချအသုံးပြုလိုက်လျှင် ခန္ဓာကိုယ်အတွင်း၌ ခမ်းနားသော ကောင်းကင်နှင့်မြေကြီး၏ယွမ်ချီများအဖြစ်ပြောင်းလဲသွားပြီး လူတစ်ယောက်၏ကျင့်ကြံမှုအချိန်ကာ
လကိုတိုတောင်းစေသည်ဖြစ်သည်။
ကောင်းကင်တိမ်ပန်းမှာ အဖြူရောင်တိမ်တိုက်တစ်ခုပုံစံရှိသော ပန်းဖြစ်သည်။ ၎င်းကအဆင့်ကိုးဧကရာဇ်နယ်ပယ် စိတ်ဝိညာဉ်ဆေးပင်တစ်ပင်ဖြစ်သည်။ ၎င်းအားမျိုချအသုံးပြုလိုက်လျှင် ခန္ဓာကိုယ်အတွင်းခမ်းနားသော ကောင်းကင်နှင့်မြေကြီး၏ ယွမ်ချီများအဖြစ်ပြောင်းလဲသွားလိမ့်မည်ဖြစ်သည်။
ရှစ်ဖုန့်က ရေခဲကျောက်သေတ္တာဆယ်လုံးပေါ်ရှိ မိတ်ဆက်မှုများအားကြည့်လိုက်သည်။ အခြေခံအားဖြင့် အဆင့်ကိုးစိတ်ဝိညာဉ်ဆေးပင်များမှာ လူတစ်ယောက်၏ ကျင့်ကြံခြင်းကို တိုးမြှင့်ပေးနိုင်သည်ဖြစ်သည်။ အထူးသဖြင့် လူတစ်ယောက်၏အသတ်ဓာတ်ကို
တိုးမြှင့်ပေးသော နဂါးသွေးမြက်ပင်ပင်ဖြစ်သည်။
ရှစ်ဖုန့်က ရေခဲကျောက်သေတ္တာတို့ကို ထပ်မံကြည့်လိုက်သည်။ အရိုးသားဆုံးပြောရလျှင် သူ့အနေဖြင့် ဤပစ္စည်းဆယ်ခုလုံးအား လိုချင်၏။
အကယ်၍သူသာ အဆင့်ကိုး ဧကရာဇ်နယ်ပယ်ဆေးပါးများကို ဝါးမျိုခဲ့လျှင် ကြယ်ငါးပွင့်ဧကရာဇ်နယ်၌ပယ်မှ ကြယ်ခြောက်ပွင့် ဧကရာဇ်နယ်ပယ်သို့ဝင်ရောက်နိုင်လိမ့်
မည်ဖြစ်သည်။ အကယ်၍သူသာ ကြယ်ခြောက်ပွင့် ဧကရာဇ်နယ်ပယ်သို့တကယ်ရောက်ရှိ ရွှမ်းယွမ်မြို့အရှင်သခင် ရွှမ်းယွမ်ချန်ယွင်အား အလောင်းတစ်သောင်းအစီအရင်နှင့်ငွေရောင်တံစဉ်တို့နှင့်အတူတိုက်ခိုက်နိုင်လိမ့်မည်ဟု ရှစ်ဖုန့်ကိုယ်ကိုယ်ကိုယ်ယုံကြည်သည်ဖြစ်သည်။
အကယ်၍ ရွှမ်းယွမ်ချန်ယွင်သာ လောချင်းချွမ်ပြောသကဲ့သို့ ကြယ်ရှစ်ပွင့်ဧကရာဇ်နယ်ပယ်၌သာရှိနေသေးသည်ဆိုလျှင် ပြဿနာရှိလိမ့်မည်မဟုတ်ပေ။
“ဘာလို့ဒီပစ္စည်းတွေမှာ ဈေးနှုန်းမသတ်မှတ်ထားတာလဲ”
ရှစ်ဖုန့်ကသူ၏ခေါင်းကိုလှည့်လိုက်ပြီး ဘေးရှိလှပသောအကူမိန်းကလေးအား မေးလိုက်သည်။
“အိုး..ကျွန်မတောင်းပန်ပါတယ်..ချစ်လှစွာသောဧည့်သည်တော်တို့ အစောပိုင်းက လူကြီးမင်းတို့ကိုကျွန်မဒါတွေနဲ့မိတ်ဆတ်ပေးဖို့မေ့သွားတယ်.. ဒီပစ္စည်းတွေအားလုံးက ကြယ်ကိုးပွင့် ဧကရဇ်နယ်ပယ်တွေဖြစ်တာကြောင့် သူတို့က ရိုးရှင်းစွာပဲ တန်ဖိုးဖြတ်မရပါဘူး.. အကယ်၍ တစ်ယောက်ယောက်ကသာ သူတို့ကို ကမ္ဘာဦးကျောက်တုံးတွေအသုံးပြုပြီးတော့ တိုင်းတာမယ်ဆိုရင် သူတို့ကိုပေးချေဖို့ဆိုတာက ရိုးရှင်းစွာပဲမဖြစ်နိုင်ပါဘူး.. “
အမျိုးသမီး အကူမိန်းကလေးကပြောလိုက်သည်။
“အကယ်၍ဒါတွေကို ကမ္ဘာဦးကျောက်တုံးတွေနဲ့ ဝယ်ဖို့မဖြစ်နိုင်ဘူးဆိုရင် မင်းတို့ဒါတွေကိုဘယ်လိုရောင်းလဲ”
လောချင်းချွမ်ကမေးလိုက်သည်။
“ဒီလိုပါ.. လေးစားရသော ဧည့်သည်တော်တို့.. ဒီပစ္စည်းတွေက အဖိုးအနဂ္ဂထိုက်တန်တဲ့ပစ္စည်းတွေဖြစ်ပါတယ်. ကျွန်မတို့က သူတို့ကိုအလဲအလှယ်ပဲလုပ်တာပါ မရောင်းပါဘူး”
အကူမိန်းကလေးက လေးစားမှုအပြည့်ဖြင့်ပြန်ဖြေသည်။
အကူမိန်းကလေးကထပ်မံပေါင်းထည့်ပြောဆိုသည်။
“ဒီလိုမျိုးပါ..လူကြီးမင်းက တူညီတဲ့အဆင့်ရှိတဲ့ပစ္စည်းတစ်ခုကို
ထုတ်နိုင်ပါတယ်.. ကျွန်မတို့ရဲ့ရာပြတ်တွေက အမှားအယွင်းမရှိကြောင်းကို အတည်ပြုပြီးရင် လဲလှယ်မှုပြီးပြည့်စုံပါပြီ.. ရတနာတစ်ထောင်ကုန်သည်စံအိမ်ကနေပြီးတော့ အဆင့်နှိမ့်ကမ္ဘာဦးကျောက်တုံး တစ်ဘီလီယံကို ဝန်ဆောင်ခကျသင့်ငွေအဖြစ်တောင်းခံပါလိမ့်မယ်”
ရတနာတစ်ထောင်ကုန်သည်စံအိမ်က အဆင့်တူပစ္စည်းနှစ်ခုလဲလှယ်မှုအတွက် ဝန်ဆောင်ခအဖြစ် အဆင့်နိမ့်ကမ္ဘာဦးကျောက်တုံး
တစ်ဘီလီယံကိုတောင်းခံသည်။ ယင်းကကမ္ဘားဦးကျောက်တုံးမိုင်းတွင်းအသေးလေးတစ်ခုစာနှင့်ညီမျှသည်ဖြစ်သည်။ ရတနာတစ်ထောင်စံအိမ်က စီးပွားရေးလုပ်ဆောင်ရာတွင် တကယ့်ကိုတော်လှ၏။
သို့သော်ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့မှာယင်းနှင့်ပက်သက်၍ ဘာမှမှားယွင်းသည်ဟု မခံစားရချေ။ သူတို့လိုအပ်သော ပစ္စည်းကို မပြောနှင့် အဆင့်ကိုး ဧရာဇ်နယ်ပယ် ပစ္စည်းများကထွက်ပေါ်လာဖို့ခဲ
ယဉ်းလှသည်ဖြစ်သည်။ ၎င်းတို့ကစီးပွားရေလုပ်နေခြင်းဖြစ်သောကြောင့် တစ်ဘီလီယံကမ္ဘာဦးကျောက်တုံးအား ဝန်ဆောင်ခအဖြစ် သတ်မှတ်ခြင်းက ကျိုးကြောင်းဆီလျော်သည်ဖြစ်သည်။
“သခင်လေးဖုန့်.. အကယ်၍ သခင်လေးဒီပစ္စည်းတွေကိုလိုအပ်တယ်ဆိုရင် ကျွန်တော့်မှာ အဆင့်ကိုး ဧကရာဇ်နယ်ပယ်ပစ္စည်းနှစ်ခုရှိသေးတယ်.. “
လောချင်းချွမ်ကရှစ်ဖုန့်ကိုပြောသည်။
လောချင်းချွမ်မှာရှေးဟောင်းအမွေ
အနှစ်ကမ္ဘာအတွင်းမှ အဆင့်ကိုး ဧကရာဇ်နယ်ပယ် အစိမ်းရောင်သစ်သီးတစ်လုံးနှင့် အဆင့်ကိုး ဧကရာဇ်နယ်ပယ် ခရမ်းရောင်သလင်းကျောက် သတ္တုရိုင်းတို့ကို ရရှိခဲ့သည်ဖြစ်သည်။
ဆရာတစ်ယောက်ဟူသည်ကားအဖေတစ်ယောက်ကဲ့သို့ပင်ဖြစ်သည်။ လောချင်းချွမ်မှာ သူ့ဆရာ၏ သူ့အပေါ်သင်ကြားပြသလမ်းညွှန်ပေးသည့် ကြင်နာမှုတို့ကို ဘယ်တော့မှမေ့မည်မဟုတ်ပေ။ သူ့ဆရာဖြစ်သူ၏ ကျေးဇူးများအားလုံးကြောင့်သာ ယနေ့သူရရှိနေသော အောင်မြင်မှုများကိုဆွတ်ခူးနိုင်ခြင်းဖြစ်သည်။ သူ့ဆရာကလိုအပ်သည်ဆိုသည်နှင့် သူ့တွင်ရှိသောအရာအားလုံးကို လောချင်းချွမ်တုန့်ဆိုင်းခြင်းမရှိပေး
အပ်မှာဖြစ်သည်။
သို့သော် လောချင်းချွမ်၏ စကားများကိုနားထောင်ပြီးနောက် ရှစ်ဖုန့်ကခေါင်းယမ်းပြီးပြောလိုက်သည်။
“အဲ့ပစ္စည်းနှစ်ခုကို မင်းအတွက်အရင်ဆုံးသိမ်းထားနိုင်တယ်.. အနာဂတ်မှာသူတို့ကမင်းအတွက် ကြီးမားတဲ့အသုံးပြုမှုဖြစ်လာနိုင်တယ်”
ထို့နောက်ရှစ်ဖုန့်က သလင်းကျောက်ကောင်တာနှင့်အဝေး
ကိုကြည့်လိုက်ပြီး ၎င်းနောက်ရှိကောင်တာသို့ လျှောက်သွားလိုက်သည်။ သူ့၌၎င်းတို့နှင့်လဲလှယ်ရန်မည်သည့်အဆင့်ကိုးဧကရာဇ်နယ်ပယ်ပစ္စည်းမှမရှိသောကြောင့် ဤနေရာ၌နေခြင်းကသူ့အတွက်အသုံမဝင်ပေ။
ရှစ်ဖုန့်လျှောက်လှမ်းထွက်သွားသည်
အားတွေ့ရသောအခါတွင် လောချင်းချွမ်ကအလျှင်အမြန်
နောက်မှလိုက်ပါလာပြီးပြောလိုက်သည်။
“ သခင်လေးဖုန့်.. အဲ့ပစ္စည်းနှစ်ခုက အခုချိန် ကျွန်တော့်လက်ထဲမှာသေနေသလိုပါပဲ.. သူတို့ကိုသုံးလို့မရဘူး. အခုချိန်မှာ သခင်လေးကိစ္စကပိုအရေးကြီးပါတယ်”
လောချင်းချွမ်က တိုက်တွန်းသောလေသံဖြင့်ပြောလိုက်သည်။
လောချင်းချွမ်၏ စကားများအားကြားပြီးနောက် ရှစ်ဖုန့်က လမ်းလျှော်ကနေရာမှရပ်တန့်လိုက်ပြီး ၎င်းထံထပ်မံလှည့်လိုက်သည်။
“အကယ်၍ မင်းမှာအဆင့်ကိုးဧကရာဇ်နယ်ပယ်ပစ္စည်းတွေရှိတယ်ဆိုရင် မင်းရဲ့ကျင့်ကြံမှုကိုတိုးတက်စေဖို့ ပစ္စည်းတွေကိုလဲလှယ်နိုင်တယ်.. အကယ်၍မင်းအဲ့တာကိုပစ္စည်းနှစ်ခုပဲလဲလှယ်နိုင်တယ်ဆိုရင်. သူတို့က ဒီသခင်လေးအတွက်အသုံးမဝင်ဘူး”
အကယ်၍ရှစ်ဖုန့်က အဆင့်ကိုးဧကရာဇ်နယ်ပယ်စိတ်
ဝိညာဉ်ဆေးပင်နှစ်ခုအား ဝါးမျိုလိုက်မည်ဆိုလျှင်တောင် သိုင်းတာအိုနယ်ပယ်ကိုချိုးဖျက်ပြီး လက်ရှိအခြေအနေအားပြောင်းလဲ
အောင်လုပ်ဆောင်နိုင်စွမ်းရှိလိမ့်မည်မဟုတ်ပေ။
လောချင်းချွမ်၏ပစ္စည်းနှစ်ခုအား
လဲလှယ်ရန်တကယ်မလိုအပ်ပေ။
ကြယ်ခြောက်ပွင့်ဧကရာဇ်နယ်ပယ်သို့သူရောက်ရှိမှသာလျှင် ရွှမ်းယွမ် ချန်ယွင်နှင့် သူ တိုက်ခိုက်နိုင်လိမ့်မည်ဖြစ်သည်။
ဆက်ရန်…………
ဘာသာပြန်သူ-ARISE