← Chapters

အခန်း (၈၁၃)

Vol. 55 Ch. 813

အခန်း (၈၁၃)

Vol. 55 Ch. 813

အဆင့်ကိုး ဧကရာဇ်နယ်ပယ် စိတ်ဝိညာဉ်ဆေးပင်နှစ်ပင်အား လဲလှယ်ခြင်းက အသုံးမဝင်ဟုရှစ်ဖုန့်ပြောသည်ကိုကြားသောအခါတွင် လောချင်းချွမ်က ခေါင်းညိမ့်လိုက်သည်။

“ဒါဆိုလည်းကောင်းပါပြီ”

ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့က အခြားသောသလင်းကျောက်ကောင်တာများကြားထဲ ဆက်လက်လျှောက်လှမ်းနေသည်။

“ဟမ်”

သို့သော်ထို့နောက်တွင်ရှစ်ဖုန့်၏မျက်လုံးတို့ မှေးသွားသည်။ သွေးနီရောင် လည်ဆွဲတစ်ခုက ရုတ်ခြည်းရှစ်ဖုန့်၏ အာရုံကိုဆွဲဆောင်လိုက်၏။

သွေးမိစ္ဆာလည်ဆွဲ- အားကောင်းသော သွေးမိစ္ဆာလက်နက်တစ်ခုဖြစ်သည်။

အသေးစိတ် အသုံးဝင်မှု- မသိပါ။

ကျသင့်တန်ဖိုး-အဆင့်နိမ့်ကမ္ဘာဦးကျောက်တုံး ဆယ်ဘီလီယံ

သွေးမိစ္ဆာလည်ဆွဲ၏ ဘေးတွင် များစွာသောသွေးနီရောင်ပစ္စည်းများ

ကိုရှစ်ဖုန့်တွေ့ရသည်။

သွေးမိစ္ဆာလက်ကောက်-အားကောင်းသောသွေးမိစ္ဆာလက်နက်

တစ်ခုဖြစ်သည်။

အသေးစိတ် အသုံးဝင်မှု-မသိပါ။

ကျသင့်တန်ဖိုး- အဆင့်နိမ့်ကမ္ဘားဦးကျောက်တုံး ဆယ်ဘီလီယံ

သွေးမိစ္ဆာနားဆွဲများ- အားကောင်းသောသွေးမိစ္ဆာလက်နက်

တစ်ခုဖြစ်သည်။

အသေးစိတ် အသုံးဝင်မှု-မသိပါ။

ကျသင့်တန်ဖိုး- အဆင့်နိမ့်ကမ္ဘားဦးကျောက်တုံး ဆယ်ဘီလီယံ

အကယ်၍ ရှစ်ဖုန့်သာမမှားယွင်းဘူးဆိုလျှင် ဤအရာများက သူ့သွေးသောက်ဓား ၏ အပိုင်းအစများဖြစ်ကြသည်။ သတ္တထုချင်းတွင် ၎င်းတို့ကသွေးသောက်ဓားနှင့်တစ်ထေရာတည်းတူညီသည်ဖြစ်သည်။

သွေးနီရောင်ပစ္စည်းများထားသာနေရာဖြစ်သည့် သလင်းကျောက်ကောင်တာပေါ်တွင် ကန့်သတ်မှုတစ်ခုထားထားသည်ကို ရှစ်ဖုန့်အာရုံခံမိသည်။ ဤကန့်သတ်မှု၏ စွမ်းအားအားအကဲဖြတ်ရသလောက် ဤကန့်သတ်မှုအားထားထားသောလူက အဆင့်ကိုးအစီအရင်ဆရာသခင်တစ်

ယောက်ဖြစ်လောက်သည်ဖြစ်သည်။

ဤကန့်သတ်မှုအစီအရင်ကြောင့် သူ၏သွေးသောက်ဓားက အနည်းငယ်မျှသောမူမမှန်ခြင်းကို မပြသခြင်းဖြစ်လောက်၏။ ၎င်းက အပိုင်းအစများအားအာရုံခံမိသည်နှင့်ယခင်ကကဲသို့တုန်ခါခြင်းမရှိတော့ပေ။

ဤပစ္စည်းသုံးခုလုံးက အဆင့်နိမ့်ကမ္ဘာဦးကျောက်တုံး စုစုပေါင်းသုံးဆယ်ဘီလီယံတန်ကြေး

ရှိသည်ဖြစ်သည်။ ရှစ်ဖုန့်ကအလျှင်အမြန်လှည့်လိုက်ပြီး သူ့ဘေးရှိ အကူမိန်းကလေးကိုပြောလိုက်သည်။

“ဒီပစ္စည်းသုံးခုလုံးကို ဒီသခင်လေးလိုချင်တယ်”

“ဒီပစ္စည်းသုံးခုလုံးကို ငါလိုချင်တယ်.. ငါ့အတွက်သူတို့အားလုံးကို ထုတ်ပိုးလိုက်”

ဤအချိန်တွင် ကြည်လင်ပြီး နှစ်လိုဖွယ်ကောင်းသောမိန်းမငယ်လေးတစ်ဦး၏ အသံက ရှစ်ဖုန့်၏နားထဲသို့ဝင်ရောက်လာသည်။

ဤမိန်းမငယ်လေး၏အသံက စိတ်ကျေနပ်ဖွယ်ဖြစ်သော်လည်း လေသံကတော့ တင်းမာလှ၏။သူမက မည်သူ့ကိုမှ ငြင်းဆန်ခွင့်မပြုသည့် အမိန့်ပေးလေသံကိုအသုံးပြုခြင်းဖြစ်သည်။

ဤအသံအားကြားပြီးနောက်ရှစ်ဖုန့်ရုတ်ခြည်းမျက်မှောင်ကြုတ်လိုက်ပြီး စိတ်မကျေနပ်သောအမူအယာတစ်ခု ဖြစ်ပေါ်လာသည်။ ဤပစ္စည်းသုံးခုအား ဝယ်ရန်အတွက်သူကပထမဆုံး ဖွင့်ဟပြောသည်မှာရှင်းလင်းသည်ဖြစ်သည်။ သို့သော် တစ်စုံတစ်ယောက်က တကယ်ကြီးသူ၏ ယခင်စကားများကိုလျစ်လျူရှုပြီး အတင်းအဓမ္မလေသံဖြင့် သူ့ဆီမှာ ၎င်းတို့အား ဖြတ်ခုတ်ရဲ၏။

ရှစ်ဖုန့်ကခေါင်းလှည့်လိုက်ပြီး ဘေးသို့ကြည့်လိုက်သည်။

ရှစ်ဖုန့်၏ရှေ့တွင် နှင်းဖြူရောင်သားမွှေးကုတ်တစ်ခုကို

ဝတ်ဆင်ထားသည့် မိန်းမငယ်လေးတစ်ဦးကို မြင်တွေ့လိုက်ရသည်။သူမ၏အသားရည်က လတ်ပြီး နှစ်လိုဖွယ်ကောင်းလှ၏။ သူမ၌ ဂရုတစိုက်သေသေချာချာ ထုဆစ်ထားသကဲ့သို့ လက်ရာမြောက်လှသော မျက်နှာသွင်ပြင်လက္ခဏာကိုပိုင်ဆိုင်ထားသည်။သူမကအလွန်ကြော့ရှင်းပြီး အထက်တန်းကျကာ ချောမောလှပသည်။

သူမဘေးရှိအစေခံမလေးမှာ တစ်ယောက်တည်းသာဆိုလျှင် လတ်ဆတ်သောပန်းလေးတစ်ပွင့်ကဲ့

သို့နှယ်ဖြစ်သည်။သို့သော် ဤမိန်းမငယ်လေး၏အသွင်အပြင်ကြောင့် ရုတ်တရက် အဖြည့်ခံသစ်ရွှက်စိမ်းလေး

တစ်ရွှက်ဖြစ်သွားရသည်။

သို့သော်ဤမိန်းကလေးကလှပသော်လည်း ရှစ်ဖုန့်၌သူမအပေါ် ကောင်းမွန်သောအမြင်မရှိပေ။ သူမ၏မျက်နှာကအေးစက်မောက်မာပြီး ရှစ်ဖုန့်ကို ကြည့်ပင်မကြည့်ပေ။

ဤအချိန်တွင် အကူမိန်းကလေးက တူညီသောလေးစားမှုအပြည့်ရှိသည့်

လေသံဖြင့်ပြောလိုက်သည်။

“ကျွန်မစိတ်မကောင်းပါဘူး ..ဂုဏ်သရေရှိ ဝယ်သူမိန်းကလေးရှင့်.. ဒီပစ္စည်းတွေကိုဒီဝယ်သူက အရင်ရွေးပြီးသွားပါပြီ.. ဒါကြောင့်မလို့ ရတနာတစ်ထောင်စံအိမ်တော်ရဲ့ စည်းမျဉ်းများအရ မိန်းကလေးကို ကျွန်မတို့ရောင်းချမပေးနိုင်ပါဘူးရှင့်.. ကျေးဇူးပြုပြီးနားလည်ပေးစေချင်ပါတယ်”

“ဟမ်”

အကူမိန်းကလေး၏ စကားတို့အားကြားပြီးနောက် အထက်တန်းလွှာ နှင်းဖြူရောင်အဝတ်အစားနှင့် မိန်းကလေး ၏ ဝံပုလွေကဲ့သို့သောမျက်လုံးတို့က ရုတ်ခြည်းကျဉ်းမြောင်းသွားသည်။ သူမက စိတ်မကျေနပ်သောအမူအယာကိုပြသပြီး ခေါင်းကိုလှည့်ကာ အကူမိန်းကလေးကိုပြန်ပြောလိုက်သည်။

“နင်က ငါ့ကိုပြန်ပြောရဲတယ်လား”

မိန်းမငယ်လေး၏ စကားများအားကြားရသော်လည်း အကူမိန်းကလေး၏အမူအယာကပြောင်း

လဲခြင်းမရှိပေ။ သူမက လေးစားမှုအပြည့်ဖြင့်နှိမ့်ချစွာ ဆက်လက်ပြောသည်။

“ မဟုတ်ပါဘူး. ဂုဏ်သရည်ရှိ အမျိုးသမီးဧည့်သည်တော်ရှင့် ကျွန်မ မိန်းကလေးကို ပြန်ပြောနေတာမဟုတ်ရပါဘူး. ကျွန်မကရတနာတစ်ထောင်စံအိမ်ရဲ့

စည်းမျဉ်းတွေကိုပဲ ပြောပြတာပါ. ကျွန်မတစ်ခြားဘာကိုမှမဆိုလိုပဘူး.. ကျေးဇူးပြုပြီးနားလည်ပေးပါ”

“ဖြန်း”

ရတနာတစ်ထောင်ကုန်သည်စံအိမ်၏ ခန်းမအတွင်း ကြွပ်ဆပ်သော အသံတစ်ခုကရုတ်ခြည်း ထွက်ပေါ်လာသည်။

ထိုမိန်းကလေး၏ လက်ဝါးက အကူမိန်းကလေး၏ ပါးပြင်ထက်သို့ကျဆင်းသွားပြီး မျက်နှာအားဖြတ်ရိုက်လိုက်သည်။

အကူမိန်းကလေး၏ မျက်နှာဖြူဖြူလေးထက်တွင် လက်ငါးချောင်းရာတစ်ခုကျန်နေခဲ့သည်။

ထို့နောက်တွင် မိန်းကလေးက အကူမိန်းကလေးအား အေးစက်စွာပြောလိုက်သည်။

“ဟမ့်.. နင်လိုအဆင့်နိမ့်စေခံကများ.. နင့်ကိုနင်ဘယ်သူထင်နေလဲ.. ဘယ်လိုတောင်ငါ့ကို ဒီလိုပုံစံနဲ့စကားပြောရဲတာလဲ..ငါ့ကိုဘယ်လိုတောင်ငြင်းဆန်ရဲတာလဲ.. နင်ရွှမ်းယွမ်မြို့ထဲမှာဆက်ပြီးတော့

မနေချင်တော့ဘူးလား”

“ရှင်”

မိန်းမငယ်လေး၏ရှင်းပြခြင်းမရှိ ပါးရိုက်ခြင်းကိုခံရပြီးနောက် အကူမိန်းကလေးကသူမ၏ပူထူသွားသော မျက်နှာကို ညာလက်ဖြင့် ထိလိုက်ပြီး မိန်းမငယ်လေးအား ဒေါသတကြီးစိုက်ကြည့်လိုက်၏။

သူမသည်လည်း သူမမိဘများ၏မျက်လုံးထဲတွင်ပန်းသီးလေးတစ်လုံးနှယ်ဖြစ်သည်။ သူမက ရတနာတစ်ထောင်စံအိမ်၌အသက်ရှင်

နေထိုင်ရပ်တည်ရေးအတွက်သာ

အလုပ်လုပ်ခြင်းဖြစ်သည်။ဘာမှမဟုတ်ပဲ ပါးရိုက်ခံရခြင်းကို သူ မဘယ်လိုလုပ်ပြီးသည်းခံနိုင်ပါမည်နည်း။ ထိုထက်ပိုသည်ကား သူမဘက်ကဘာမှမမှားယွင်းခြင်းပင်ဖြစ်သည်။

မိန်းမငယ်၏ ကျိုးကြောင်းဆီလျော်မှုမရှိဘဲနိုင်လိုမင်းထက်ပြုမူသည့်အပြုအမူအားမြင်တွေ့သောအခါတွင် ရှစ်ဖုန့်၏ အမူအယာကပို၍ အေးစက်သည်ထက်အေးစက်လာသည်။

အဆင့်နိမ့်အစေခံတစ်ဦးကသူမအား စိန်းစိန်းဝါးဝါးကြည့်ရဲသည်ကိုတွေ့ရသောအခါတွင် မိန်းမငယ်လေးကထပ်မံ

အေးစက်စွာပြောလိုက်သည်။

“ဘာလဲ နင်က မကျေနပ်တာလား.. နိမ့်ကျတဲ့အစေခံ”

စကားပြောရင်း မိန်းမငယ်လေးက သူမ၏လက်ကို ထပ်မံမြှောက်လိုက်ပြီး အကူမိန်းကလေး၏မျက်နှာ

ကိုဖြတ်ရိုက်လိုက်သည်။

“ဟင့်အင်း..မဟုတ်ဘူး”

မိန်းကလေးက အရမ်းခက်ထန်စွာဖြင့်သူမအားထပ်မံပါးရိုက်ရန်လက်ကိုမြှောက်လိုက်သည်ကိုတွေ့ရသောအခါတွင် အကူမိန်းကလေးကအလန့်တကြားအော်ဟစ်လိုက်သည်။

သူမရှောင်တိမ်းချင်သော်လည်း သူမ၏ကိုယ် ပါးရိုက်ခံရရန်အတွက်မြဲမြံစွာရှိနေပုံပေါ်သည်ကိုသူမသဘောပေါက်လိုက်သည်။

သူမလုံးဝလှုပ်ရှားနိုင်ခြင်းမရှိပေ။

အကူမိန်းကမှာ ယခင်ကတစ်ခါမှကျင့်ကြံဖူးခြင်းမရှိသော သာမန်မိန်းကလေးတစ်ဦးဖြစ်သည်။ သို့သော်မိန်းမငယ်လေးကတော့ ကြယ်ခုနှစ်ပွင့်သူတောင်စင်

နယ်ပယ်တစ်ယောက်ဖြစ်၏။ မိန်းမငယ်လေးက ပါးရိုက်ချင်သောအခါတွင် အကူမိန်းကလေး၏ကိုယ်က

မည်ကဲ့သို့လှုပ်ရှားနိုင်ပါမည်နည်း။

မိန်းမငယ်လေး၏ရှေ့တွင်အကူမိန်းကလေးမှာ ပုရွက်ဆိတ်တစ်ကောင်နှင့်ခြားနားခြင်းမရှိပေ။

မိန်းမငယ်လေး၏လက်က အကူမိန်းကလေး၏ ပါးအား ရိုက်မိတော့မည့်အချိန်တွင် ရုတ်တရက်သူမ၏လက်က မလှုပ်ရှားနိုင်ဖြစ်သွားသကဲ့သို့ရပ်တန့်သွားသည်။

သူမ၏ပါးရိုက်ချက်ရပ်တန့်သွား

သည်ကိုတွေ့ရသောအခါတွင် မိန်းမငယ်လေး၏ဖြူသောမျက်နှာထက်၌ နှင်းလွှာတစ်ခုဖုံးလွှမ်းခံလိုက်ရ

သကဲ့သို့ဖြစ်သွားသည်။ သူမ၏ခေါင်းအားအေးစက်စွာလှည့်လိုက်ပြီး အေးစက်သောမျက်နှာထားနှင့် လူငယ်တစ်ယောက်၏မျက်နှာ

ကိုတွေ့လိုက်ရသည်။

မိန်းမငယ်လေးကရှစ်ဖုန့်အားကြည့်လိုက်ပြီး အေးစက်စွာပြောလိုက်သည်။

“ နင်ကဘယ်လိုတောင်ငါ့ကိုလာပြီးရိုင်းစိုင်းနေတာလဲ.. ငါဘယ်သူလဲဆိုတာကိုနင်သိရဲ့လား.. ငါက ရွှမ်းယွမ် ချန်ယွင်ရဲ့သမီး ရွှမ်းယွမ် ယန်ရို့ပဲ.. “

ရွှမ်းယွမ် ယန်ရို့၏ နမည်အားကြားသောအခါတွင် ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့၏ မျက်နှာက တစ်ချိန်တည်းတွင် အနည်းငယ်ပြောင်းလဲသွားသည်။

သူတို့နှစ်ယောက်ကတစ်ချိန်တည်းတွင်ခေါင်းလှည့်လိုက်ပြီး တစ်ယောက်ကိုယ်တစ်ယောက်ကြည့်လိုက်ကြ၏။ ဘယ်လိုတောင်တိုင်ဆိုင်လှပါသနည်း။

ဤနမည်အားမကြာသေခင်းကမှ

သူတို့ပြောဖြစ်ခဲ့မည်ဟု မမျှော်လင့်ခဲ့ကြချေ။ လောချင်းချွမ်မှာရှစ်ဖုန့်ကိုပင် သူမအား ပရောပရည်လုပ်ပြီး သူမကိုအသုံးချ၍ ရွှမ်းယွမ်မြို့၏ရှေးဟောင်း နေရာကူးပြောင်းအစီအရင်ကိုသုံး

ရန်တိုက်တွန်းခဲ့သေးသည်ဖြစ်သည်။

ဤနေရာ၌သူမနှင့်ဆုံတွေ့လိမ့်မည်ဟု မမျှောင်လင့်ထားခဲ့ကြချေ။

သို့သော်ရွှမ်းယွမ် ယန်ရို့က အရမ်းမောက်မာပြီး အထက်စီးဆန်လှသည်ဖြစ်သည်။ အကယ်၍ ရှစ်ဖုန့်သာလောချင်းချွမ်၏ စကားအား တကယ်နားထောင်ခဲ့ပြီး သူမအား ပရောပရည်လုပ်ခဲ့လျှင်ယင်းကသူ့ကိုယ်သူ ကြီးစွာသောစော်ကားမှုတစ်ခု

ဖြစ်လိမ့်မည်ဖြစ်သည်။

ရွှမ်းယွမ်ယန်ရို့ကလည်း ရှစ်ဖုန့် ၏ အမူအယာနှင့်သူ့မျက်နှာထက်ရှိ

အံ့အားသင့်မှုတို့ကိုမြင်တွေ့လိုက်ရသည်။

သူမ၏အမြင်တွင် သူမ၏သရုပ်မှန်အားသိသွားပြီး

နောက်ဤလူကကြောက်သွား

ခြင်းဖြစ်ရမည်ဖြစ်သည်။

ရုတ်ခြည်း သူမ၏မျက်နှာထက်ရှိအေးစက်မောက်မာသော ပုံစံကပို၍ပြင်းထန်လာသည်။

ဆက်ရန်………….

ဘာသာပြန်သူ-ARISE

All Chapters