အခန်း (၈၁၄)
Vol. 55 Ch. 814
ရတနာတစ်ထောင်စံအိမ်၏ အတွင်း၌ဖြစ်သည်။
“ဟမ့်”
ရွှမ်းယွမ် ယန်ရို့က အေးစက်စွာနှာခေါင်းရှုံ့လိုက်ပြီး ရှစ်ဖုန့်ကို စိုက်ကြည့်လိုက်သည်။
သူမ၏ မာနကြီးမောက်မာသောမျက်နှာက ရှစ်ဖုန့်အား ကြည့်နေစဉ် လှောင်ပြောင်သောအမူအယာတစ်ခုလှစ်ဟာထွက်ပေါ်လာသည်။
သူမက တစ်ဖက်လူ၏ အမူအယာ ပြောင်းလဲမှုကို စောင့်ဆိုင်းနေသည်။
ရွှမ်းယွမ်ယန်ရို့၏ စိတ်ထဲတွင် ဤလူကပေါ်လာသည်။ထို့နောက်တွင် သူက လွန်စွာထိတ်လန့် ကြောက်ရွံ့မှု၊စိုးရိမ်ပူပန်မှုနှင့် နောင်တရမှု အမူအယာတစ်ခုဖြစ်လာလိမ့်မည်ဖြစ်သည်။
ဤလူကသူမ၏လက်ကောက်ဝတ်အားကိုင်ထားဆဲဖြစ်ရခြင်းမှာ ဤလူကဘာလုပ်ရမှန်းမသိအောင်ပင်အရမ်းကြောက်လန့်နေခြင်းကြောင့်ဖြစ်သည်ဟု ရွှမ်းယွမ်ယန်ရို့ ယုံကြည်သည်။
သို့သော် ရွှမ်းယွမ်ယန်ရို့အနေဖြင့် အလျှင်မလိုပေ။ သူတစ်ခါလောက်နားလည်သည်နှင့် သူက နောက်ထပ်ပြစ်မှုတစ်ခုကိုကျူးလွန်မိပြီး
ဖြစ်ကြောင်းကို သိလိမ့်မည်ဖြစ်သည်။
“ရွှမ်းယွမ် မြို့အရှင်သခင်ရဲ့ သမီး ရွှမ်းယွမ်ယန်ရို့”
ဤအချိန်တွင် ရတနာတစ်ထောင်စံအိမ်မှ အကူမိန်းကလေး၏ အမူအယာက ပြောင်းလဲသွားသည်။ ကြောက်လန့်မှု၊စိုးရိမ်ပူပန်မှု၊ တုန်လှုပ်မှုနှင့် နောင်တရမှုတို့ဖြစ်ပေါ်လာသည်။ ရွှမ်းယွမ်ယန်ရို့ စိတ်ကူးထားသော ရှစ်ဖုန့်၏မျက်နှာထက်ရှိပေါ်လာမည့် အမူအယာများက အကူမိန်းကလေး၏မျက်နှာထက်တွင်တစ်ခုပြီးတစ်ခုပေါ်လာသည်။
ရွှမ်းယွမ်ယန်ရို့မှာ ရွှမ်းယွမ်မြို့အရှင်သခင်ဖြစ်သူ ရွှမ်းယွမ် ချန်ယွင်၏ သမီးဖြစ်သည်။ ဤ နမည်အနည်းငယ်လေးက သူမကဲ့သို့ ပမွှား အကူမိန်းကလေးတစ်ဦးအတွက် တောင်များကဲ့သို့ကြီးမားလွန်းလှသည်ဖြစ်၏။ ၎င်းတို့ကသူအသက်ရှူခြင်းမပြုနိုင်သည်အထိ ဖိကျလာသည်ဖြစ်သည်။
သူမ၏အဆင့်လောက်နှင့်သူမက ရွှမ်းယွမ်မြို့အရှင်သခင်ကို စော်ကားခဲ့သည်။ အကယ်၍ သူမကိုသာ ၎င်းကသတ်ချင်လျှင် ပုရွက်ဆိတ်တစ်ကောင်အားနင်းခြေခြင်းထက်ပင်ပို၍လွယ်ကူလိမ့်မည်ဖြစ်သည်။
“ဒါကရွှမ်းယွမ်ယန်ရို့ပဲ.. ဟုတ်တယ်.. ဒါကရွှမ်းယွမ်မြို့အရှင်သခင်ရဲ့ မျက်လုံးထဲက ပန်းသီးလေးဖြစ်တဲ့ ရွှမ်းယွမ်ယန်ရို့ပဲ”
“အကယ်၍ ငါသာဒီလိုအမျိုးသမီးကို လင်ထပ်နိုင်ရင် သူမရဲ့အလှတရားကိုတင်ရရုံတင်မကဘူး အကြွင်းမဲ့အာဏာကိုပါရရှိမှာ.. အကယ်၍ ငါသာသူမကို လက်ထပ်နိုင်ရင် ငါရဲ့သက်တမ်းကိုဆယ်ဆလောက်တောင်လျှော့ပစ်ဖို့ဆန္ဒရှိတယ်.. မဟုတ်ဘူး. ငါ့ရဲ့သက်တမ်းနှစ်ဆယ်ကိုတောင် အဆုံးရှုံးခံဖို့ဆန္ဒရှိတယ်”
အခြေအနေများက ခန်းမအတွင်းရှိ အခြားသူများ၏ အာရုံကိုဆွဲဆောင်ပြီးဖြစ်သည်။ ရွှမ်းယွမ်ယန်ရို့က သူမ၏ သရုပ်မှန်ကိုထုတ်ဖော်ကြေညာပြီးနောက် ခန်းမတစ်ခုလုံး ဆူညံပွက်လောရိုက်လာသည်။
ရွှမ်းယန်ယန်ရို့မှာ လည်းသူမထံသို့တိုက်ရိုက်ကျရောက်လာသော အကြည့်များကိုသတိပြုမိပြီး ဆွေးနွေးပြောဆိုသံများကိုလည်း ကြားရသည်ဖြစ်သည်။ သို့သော် သူမ၏ သရုပ်မှန်အသားသိရှိပြီးနောက် အခြားသူများ တုန်လှုပ်အံ့အားသင့်ခြင်းကို သူမနှစ်သက်သဘောကျသည်ဖြစ်သည်။
ရွှမ်းယန်ယန်ရို့ မလှုပ်ရှားသည်ကိုတွေ့ရသောအခါတွင် ရှစ်ဖုန့်က သူမ၏လက်ကောက်ဝတ်ကို ဖြည်းဖြည်းချင်းလွှတ်ပေးလိုက်သည်။
ရွှမ်းယွမ်ယန်ရို့မှာ ဤလူက လွန်စွာထိတ်လန့်ကြောက်ရွံ့နောင်တရနေသည်ဟုတွေးလိုက်သည်။ ရှစ်ဖုန့်လွှတ်ပေးလိုက်သောလက်က ရုတ်တရက် ထပ်မံလှုပ်ရှားသွားသည်။
ဤတစ်ကြိမ်တွင် သူမက ပါးဖြတ်ရိုက်သည့်လှုပ်ရှားမှုတစ်ခုကို ပြုလုပ်လိုက်သည်။ ဤတစ်ကြိမ်တွင် သူမက ရှစ်ဖုန့်၏မျက်နှာထံသို့ရွယ်လိုက်ခြင်းဖြစ်၏။
“မင်းတော့သေချင်နေတာပဲ”
အမျိုးသမီးက သူ့အား တိုက်ခိုက်ရဲသည်ကို တွေ့ရသောအခါတွင် ရှစ်ဖုန့်ကအော်ပြောလိုက်သည်။
ထို့နောက်ရှစ်ဖုန့်၏ အစောပိုင်းကလွှတ်လိုက်သောလက်က ထပ်မံလှုပ်ရှားသွားသည်။ သူ၏လက်က ရွှမ်းယွမ်ယန်ရို့၏ လက်ထက်ပိုမြန်ပြီး သူမ၏မျက်နှာထံသို့ရည်ရွယ်လိုက်သည်။
ခန်းမအတွင်း ကြွပ်ဆပ်သော “ဖြန်း”ဟူသည့် အသံတစ်ခုထွက်ပေါ်လာသည်။
ကြွပ်ဆပ်သောအသံတစ်ခုထွက်ပေါ်လာသကဲ့သို့ ဤနေရာသို့စိုက်ကြည့်နေကြသော မျက်နှာများကလည်း ရုတ်ခြည်းလွန်စွာတုန်လှုပ်အံ့အားသင့်သွားသော အမူအယာများဖြစ်ပေါ်လာသည်။
ယင်းမှာ သူတို့အနေဖြင့် လွန်စွာစစ်မှန်မှုမရှိသော မြင်ကွင်းတစ်ခုအားမြင်နေရသကဲ့သို့ပင်ဖြစ်သည်။ သူတို့အနေဖြင့်စိတ်ဖောက်ပြန်ပြီးမှားယွင်း
စွာမြင်နေရသည်ဟုပင်သံသယဝင်မိ၏။
ရွှမ်းယွမ်ယန်ရို့အား စော်ကားသည့် လူငယ်ဖြစ်သင့်သည်ဖြစ်သော်လည်း ဤအချိန်တွင် ပါးရိုက်ခံလိုက်ရသူက ရွှမ်းယွမ် ယန်ရို့ဖြစ်နေသည်။ထိုလူ၏ပါးရိုက်မှုက ရွှမ်းယွမ်ယန်ရို့မျက်နှာပေါ်သို့ကျရောက်သွားသည်။
လူများစွာမှာ မထိန်းနိုင်ဘဲ သူတို့၏လက်များပင်ပြင်းထန်စွာလှုပ်ခါ
လိုက်ကြသည်။ အကယ်၍သာသူတို့၏လက်များကိုဤကဲ့သို့လှုပ်ခါလိုက်ကြလျှင် ကိစ္စများကသူတို့စိတ်ကူးထားသကဲ့သို့ ပြောင်းလဲသွားမည်ဟု ခံစားရ၏။
အရိုက်ခံမည့်သူမှာ ထိုလူငယ်ဖြစ်သင့်သည်ဟုခံစားကြရ၏။
သို့သော် ဖြစ်ပျက်နေမှုကဖြစ်ပျက်နေမှုသာဖြစ်သည်။ သူတို့မည်မျှပင် လက်သင့်ခံဖို့ခဲယဉ်းနေပါစေ ဖြစ်ပျက်နေမှုကသူတို့ထင်ထားသကဲ့သို့ သို့မဟုတ် ဖြစ်စေချင်သကဲ့သို့ပြောင်းလဲသွားမည်မဟုတ်ပေ။
ရွှမ်းယွမ် ယန်ရို့၏ဖြူဖွေး လှပသောမျက်နှာထက်တွင် ရှင်းလင်းသောလက်ဝါးရာတစ်ခု ကျန်ရစ်ခဲ့သည်။ သူမ၏ နှုတ်ခမ်းထောင့်မှ သွေးစအချို့ပင်စီးကျလာ၏။
“ရွှမ်းယွမ် ယန်ရို့ တကယ်ကြီးပါးရိုက်ခံလိုက်ရတယ်.. ဒီလူငယ်ကတကယ်ကြီး ရွှမ်းယွမ် ယန်ရို့ကို ပါးရိုက်တယ်”
“သူ..သူက နည်းနည်းမရက်စက်လွန်းဘူးလား.. သူမရဲ့ဒီလိုမျိုးလှပတဲ့မျက်နှာလေးကို မှတကယ်ကြီးဖြတ်ရိုက်ရဲတယ်.. ဒီလူကလူကောဟုတ်ရဲ့လား..
ဘယ်လိုဖြစ်ပြီးအလှလေးတစ်ယောက်ကိုဖျက်ဆီးရဲရတာလဲ”
“ဟုတ်တယ်.. ရွှမ်းယွမ်ယန်ရို့ရဲ့သရုပ်မှန်ကိုထည့်မပြောနဲ့အုံး ဘယ်သူကများ ဒီလိုလှပတဲ့မျက်နှာလေးကို ဖြတ်ရိုက်ချင်မှာလဲ”
“သူက ရွှမ်းယွမ်ယန်ရို့ကိုပါးရိုက်ရဲတယ်.. ဒီတစ်ကြိမ် သူသေချာပေါက်သေပြီပဲ”
ဤအချိန်တွင် ရွှမ်းယွမ်ယန်ရို့ကိုယ်တိုင်ပင် သူမ၌ဖြစ်ပျက်ခဲ့မှုအား ယုံကြည်နိုင်ရန်ခက်ခဲနေသည်။
“ဘယ်လိုဖြစ်ပြီးငါက ရွှမ်းယွမ်မြို့ထဲကလူအတွေအများကြီးရှေ့မှာ ပါးရိုက်ခံရတာလဲ”
ဤအခိုက်အတန့်တွင် ရွှမ်းယွမ်ယန်ရို့မှာ လုံးဝ ကြက်သေသေနေသည်။
“ကျွန်မ..ကျွန်မရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော် ရှင် အခုထွက်သွားတာပိုကောင်းမယ်.. အကယ်၍ရှင်အခုထွက်မသွားရင် အရမ်းနောက်ကျသွားလိမ့်မယ်”
ဤအချိန်တွင် ရတနာတစ်ထောင်စံအိမ်မှ အကူမိန်းကလေးက ရှစ်ဖုန့်အား ပြောဆိုသည်။
မည်သို့ပင်ဖြစ်စေ ရွှမ်းယွမ်ယန်ရို့အား စော်ကားခဲ့သူကသူမဖြစ်ပြီးသူကသူမကြောင့် ကြီးမားသောပြဿနာတစ်ခုဖြစ်ရခြင်းဖြစ်သည်။
သူမကရွှမ်းယွမ်ယန်ရို့အားစော်ကားခဲ့သော်လည်း ဤလူငယ်ဝယ်ယူသူအား ကာကွယ်ရမည်မှာ သူမ၏တာဝန်ပင်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေရွှမ်းယွမ်မြို့ကသူမအား လွှတ်ပေးလိမ့်မည်မဟုတ်ပေ။ သူမကဖြစ်လာသည့်အကျိုးဆက်အားလုံးကိုလက်ခံပြီး ဤလူငယ်အားဖြစ်နိုင်သမျှ အဝေးသို့ပြေးနိုင်အောင်လုပ်ပေးရမည်ဖြစ်သည်။
“နင်ကပြေးချင်တာလား”
ဤအချိန်တွင် ရွှမ်းယွမ်ယန်ရို့မှာလည်းသူမ၏နဂိုပုံစံကိုပြန်ရလာပြီဖြစ်သည်။ သူမ၏လှပသောမျက်နှာထက်တွင် ရုတ်ခြည်းခက်ထန်သောအမူအယာတစ်ခုဖြစ်ပေါ်လာသည်။
“နင်…..နင်ငါ့ကိုရိုက်တယ်.. နင်ငါ့ကိုရိုက်ရဲတယ်..ငါ့အဖေကသေချာပေါက်နင့်ကိုလွှတ်ပေးမှာမဟုတ်ဘူး. နင်အဆတစ်ထောင်..မဟုတ်ဘူး အဆတစ်သောင်းပြန်ပေးဆပ်ရမယ်..ငါ့အဖေကနင့်ကလန်တစ်ခုလုံးကိုမျိုးဖြုတ်လိမ့်မယ်..
နင်နဲ့ပက်သက်တဲ့သူမှန်သမျှ ဆိုးဆိုးဝါးဝါးသေရလိမ့်မယ်”
ရွှမ်းယွမ်ယန်ရို့ကခက်ထန်စွာအံကြိတ်ပြီး
ကြမ်းကြုတ်စွာပြောဆိုသည်။
ရွှမ်းယွမ်ယန်ရို့၏ ခြိမ်းခြောက်မှုအားကြားရသောအခါတွင် ရှစ်ဖုန့်ကအေးစက်စွာပြောလိုက်သည်။
“မင်းအဖေကဘာကောင်ဆိုတာကို ဒီသခင်လေး ဂရုမစိုက်ဘူး”
“ဖြန်း”
ရတနာတစ်ထောင်စံအိမ်ခန်းမအတွင်း
နောက်ထပ်ကြွပ်ဆပ်သောအသံတစ်ခု
ထွက်ပေါ်လာသည်။
အားလုံး၏အကြည့်များအောက်၌ပင် ရွှမ်းယွမ်ယန်ရို့မှာ ဤလူငယ်၏နောက်တစ်ကြိမ် ရက်ရက်စက်စက်ပါးရိုက်ခြင်းကိုခံလိုက်ရသည်။
ဤလူငဘ်ကသူသေရမည်ကိုသိနေ
သောကြောင့်များဖြစ်နိုင်မည်လော။သူက အက်နေသည့်ပုလင်းတစ်လုံးကိုခွဲပစ်ချင်
နေသည်လော။ရုတ်ခြည်းလူများ ပြဿနာတစ်ခုကိုသဘောပေါက်လိုက်ကြသည်။ အကယ်၍ ရွှမ်းယွမ်ယန်ရို့သာ ဤလူငယ်သတ်ခြင်းကိုခံရလျှင် ဤနေရာက….
ဤအရာအားတွေးမိသောအခါတွင် လူများစွာမှာ အသက်ကိုခပ်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။ ရွှမ်းယွမ်ယန်ရို့၌သူမအား
ကာကွယ်ရန်မည်သည့်ကျွမ်းကျင်
သူမှရှိနေသည့်ပုံမပေါ်ပေ။
ထိုသို့မဟုတ်ပါကသူမအနေဖြင့် ဤလူငယ်၏ပါးနှစ်ကြိမ်ရိုက်ခြင်းကိုခံရလိမ့်မည်မဟုတ်ပေ။
“နင်..နင်ငါ့ကိုထပ်ပြီးရိုက်တယ်.. ငါနင့်ကိုသေတဲ့အထိတိုက်မယ်.. ငါနင့်ကိုသေစေချင်တယ်”
တစ်ဆက်တည်းနှစ်ကြိမ်ပါးရိုက်ခံရပြီးနောက် ရွှမ်းယွမ်ယန်ရို့မှာအပေါက်ဆိုးသည့်
အမျိုးသမီးတစ်ဦးအဖြစ်ပြောင်းလဲပြီးဖြစ်သည်။ သူမကဝမ်းနည်းပူဆွေးဒေါသကြီးစွာဖြင့်အော်ဟစ်ပြောလိုက်သည်။ သူမ၏လက်များအားလည်သည်းအဖြစ်ပြောင်းပြီး ၎င်းတို့၏ဝန်းကျင်တွင် ခရမ်းရောင်အခိုးအငွေ့အမျှင်တန်းများ
ရစ်ခွေနေသည်။
“ချင်းချွမ်”
ရှစ်ဖုန့်က မကျယ်သောအသံဖြင့်အော်ပြောလိုက်သည်။
“နားလည်ပါပြီ”
အဖြူရောင်ပုံရိပ်တစ်ခုကဖျက်ခနဲရှစ်ဖုန့်၏ရှေ့တွင်ပေါ်လာသည်။
လောချင်းချွမ်က ရွှမ်းယွမ်ယန်ရို့၏တိုက်ခိုက်မှုအားရင်
ဆိုင်လိုက်သည်။ သူ၏ညာလက်အားဆီးလ်တစ်ခုပုံဖော်ပြီး ရွှမ်းယွမ်ယန်ရို့အားဖြတ်ရိုက်လိုက်၏။
“အား”
လောချင်းချွမ်၏ လက်ဝါးက ရွှမ်းယွမ်ယန်ရို့၏ ရင်ဘက်ပေါ်သို့ကျရောက်သွားပြီး
နာကျင်မှုအပြည့်ဖြင့်အော်သံတစ်ခု
ထွက်ပေါ်လာသည်။
ရွှမ်းယွမ်ယန်ရို့၏ကိုယ်က ရုတ်ခြည်း လေထဲ၌ရပ်တန့်သွားသည်။
“သွားစို့”
ရှစ်ဖုန့်ကမကျယ်သောအသံဖြင့်
အော်ပြောလိုက်သည်။ ထို့နောက်သူကရှေ့သို့တစ်ဟုန်ထိုးဦးတည်လိုက်၏။
ဤအချိန်တွင် လောချင်းချွမ်ကလည်းလှုပ်ရှားလိုက်သည်။ သူ၏လက်အားလှမ်းလိုက်ပြီး ရွှမ်းယွမ်ယန်ရို့၏လှပသောအနက်ရောင်ဆံပင်တို့ကိုဆုပ်ကိုင်လိုက်သည်။
ဆက်ရန်……………..
ဘာသာပြန်သူ-ARISE