အခန်း (၈၁၅)
Vol. 55 Ch. 815
“အား”
လောချင်းချွမ်က သူမ၏ဆံပင်ရှည်အား ဆုပ်ကိုင်လိုက်သကဲ့သို့ ရွှမ်းယွမ်ယန်ရို့ကလည်း စိတ်မချမ်းမြေ့ဖွယ်အော်ဟစ်လိုက်သည်။ ထို့နောက်တွင် သူမနှင့်ရှစ်ဖုန့်တို့က ရတနာတစ်ထောင်စံအိမ်အတွင်းမှပျံသန်း
ထွက်ခွာသွားသည်။
ရှစ်ဖုန့် ရတနာတစ်ထောင်စံအိမ်၏ ဝင်ပေါက်သို့ ရောက်ရှိကာနီးတွင် ရုတ်တရက် ကောင်းကင်ထက်မှ စွမ်းအားကြီးအော်ရာနှစ်ခုက ပင်မဝင်ပေါက်ထံသို့ဆင်းသက်လာသည်။
ပြောရလျှင် ရှစ်ဖုန့်က ရတနာတစ်ထောင်စံအိမ်အတွင်း၌ စွမ်းအားကြီးအော်ရာနှစ်ခု ရှိသည်ကို သူအာရုံခံမိပြီးဖြစ်သည်။ ဤလူနှစ်ယောက်က ရတနာတစ်ထောင်စံအိမ်အား စောင့်ကြပ်ကြသော ကျွမ်းကျင်သူနှစ်ယောက်ဖြစ်ကြသည်။ ထိုသို့သာမဟုတ်လျှင် ဤကဲ့သို့ လွန်စွာများပြားသော အမြင့်ဆုံးအဆင့်ရတနာများနှင့် ကုန်သည်အဆောက်အဦးတစ်ခုအား မည်သည့်ကျွမ်းကျင်သူမှစောင့်ကြပ်နေခြင်းမရှိပါက ယင်းက လူများစိတ်ကျေနပ်သလိုအလွယ်တကူ
ဝင်ထွက်သွားလာနိုင်ခြင်းရှိကြလိမ့်မည်ဖြစ်သည်။
ပြောရလျှင် သူတို့က ရတနာတစ်ထောင်စံအိမ်အတွင်း၌ လူများအားပြဿနာဖြစ်စေခြင်းကိုခွင့်ပြု
လိမ့်မည်မဟုတ်ပေ။
ရှစ်ဖုန့် က ဤအော်ရာနှစ်ခုအား အာရုံခံမိပြီးဖြစ်သည်။ ၎င်းတို့က ကြယ်ခြောက်ပွင့် ဧကရာဇ်နယ်ပယ်နှစ်ဦးဖြစ်သည်။
ဤအချိန်တွင် ပုံရိပ်နှစ်ခုဖြစ်သော အဘိုးအိုတစ်ဦးနှင့်သက်လတ်ပိုင်း
အရွယ်ယောက်ျားတစ်ဦးတို့က ဖြည်းညှင်းစွာမျောလွင့်ဆင်းလာပြီး ရှစ်ဖုန့်နှင့် လောချင်းချွမ်တို့၏ ရှေ့၌ဆင်းသက်လိုက်သည်။
“ငါတို့ရတနာတစ်ထောင်စံအိမ်က စီးပွားရေးကိစ္စအတွက် ဖွင့်ထားတာမို့ ဘယ်လိုလုပ်ပြီး ဒီနေရာမှာမင်းတို့ကို ပြဿနာဖြစ်ခွင့်ပြုနိုင်မှာလဲ.. မင်းတို့က ဘယ်လိုလုပ်ပြီးလူတစ်ယောက်ကို အလွယ်တကူ ခေါ်သွားနိုင်မှာလဲ”
အဘိုးအိုကပြောလိုက်သည်။ သူ၏အသံက ခေါင်းလောင်းသံကဲ့သို့ကျယ်လောင်ပြီး ထည်ဝါမှုတို့ပြည့်နှက်နေသည်။
ထို့နောက်အဘိုးအိုက ရေခဲတမျှအေးစိမ့်မှုကိုထုတ်လွှတ်နေသည့် ရေခဲဖြူရောင်မြူတို့ဝန်းရံနေသော သူ၏ညာလက်ကို ဆန့်ထုတ်လိုက်သည်။
ထို့နောက် သက်လတ်ပိုင်းအရွယ်လူ၏ ခြစ်ခြစ်တောက်ပူသောအပူတစ်ခုကိုထုတ်လွှတ်နေသည့် အစိမ်းရောင်မီးတောက်တို့ ထုတ်လွှတ်နေသည့်လက်သီးတစ်ခုက
လည်းထွက်ပေါ်လာသည်။
ရေခဲနှင့် မီး စွမ်းအားကြီးအော်ရာနှစ်ခုက ရှစ်ဖုန့်ထံသို့ စတင်သိမ်းကျုံးဦးတည်လာသည်။
အကယ်၍၎င်းတို့ကသာ သာမန်လူများဆိုလျှင် ရှစ်ဖုန့် ဂရုစိုက်လိမ့်မည်မဟုတ်ပေ။ သို့သော် ဤလူနှစ်ယောက်က ကြယ်ခြောက်ပွင့်ဧကရာဇ်နှယ်ပယ်ဖြစ်သည်။အားလုံးထက် ဤသည်ကားရှစ်ကျင်းရွှိုက်၏ ရတနာတစ်ထောင်စံအိမ်ဖြစ်၏။ ရှစ်ဖုန့်အနေဖြင့်၎င်းအား မျက်နှာသာပေးရန်လိုသည်ဖြစ်သည်။
ရှစ်ဖုန့်က ညာလက်အားဖျက်ခနဲလှုပ်ရှားလိုက်ပြီး ရွှေရောင်တိုကင်ပြားတစ်ခုက သူ၏လက်ထဲ၌ပေါ်လာသည်။ ထို့နောက်ရှစ်ဖုန့်က တိုကင်ပြားကို အဘိုးအိုထံသို့ ပစ်ပေးလိုက်သည်။ ၎င်းက ရွှေရောင်အလင်းတန်းအဖြစ်ပြောင်းသွားပြီး ရွှတ်ခနဲထွက်ခွာသွား၏။
“ဟမ့် …ရိုင်းပျလိုက်တာ.. ဒါကဘယ်လို လက်နက်ပုန်းမျိုးလဲ”
အဘိုးအို၏မျက်လုံးတို့က ခက်ထန်သွားသည်။ သူက ပျံသန်းလာနေသော ရွှေရောင်အလင်းတန်းကိုစိုက်ကြည့်ပြီး အေးစက်စွာအော်လိုက်သည်။ ချက်ချင်းပဲသူ၏ ရေခဲဖြူရောင်မြူတို့ဝန်းရံနေသည့် သူ၏ညာလက်ကို လှမ်းကာ ရွှေရောင်အလင်းတန်းကို ဆုပ်ကိုင်လိုက်သည်။
အဘိုးအိုကကြည့်လိုက်ပြီး သူ၏အမူအယာက ရုတ်တရက်ပြောင်းလဲသွားသည်။ ရွှေရောင်တိုကင်၏ထိပ်ဖျားတွင် ရတနာတစ်ထောင်ကုန်သည်စံအိမ်၏ အမှတ်အသားပါရှိသည်။ တိုကင်ပြား၏အောက်ခြေ၌ ရွှေရောင်စာလုံးဖြစ်သော “အမိန့်ပေးသူ” ဟူ၍ပါရှိ၏။
“ဟုတ်တယ်.ဒါက သခင်လေးရှစ်ကျင်းရွှိုက်ရဲ့တိုကင်ပြားပဲ”
ထိုနေ့က ထျန်းလျန်အင်ပါယာ၏ ပုလဲသင်္ဘောဆိပ်၌ ရှစ်ဖုန့်နှင့်ရှစ်ကျင်းရွှိုက်တို့လမ်းခွဲစဉ် ရှစ်ကျင်းရွှိုက်က ရှစ်ဖုန့်အား ဤတိုကင်ပြား
ကို ပေးခဲ့သည်။သူဤတိုကင်ပြားကို
ထုတ်လိုက်သည်နှင့် ရတနာတစ်ထောင်စံအိမ်မှလူများက သူ့အားကူညီလိမ့်မည်ဟုပြော၏။
တိုကင်ပြားပျံသန်းထွက်ခွာသွားပြီးနောက် ရှစ်ဖုန့်က ရှေ့သို့ဆက်လက်ပျံသန်းသွားသည်။ အဘိုးအိုမှာ တုန်လှုပ်အံ့အားသင့်သွား၏။ သို့သော် သက်လက်ပိုင်းအရွယ်လူကတော့ဘာမှမဖြစ်ချေ။ သူ၏အကြည့်က ရတနာတစ်ထောင်စံအိမ်အားပြဿနာဖြစ်ပွား
စေသောလူငယ်ပေါ်သို့ကျရောက်နေဆဲဖြစ်သည်။
လူငယ်ကသူတို့နှစ်ဦးရောက်ရှိလာ
သည်ကိုမြင်သောအခါတွင်ပင် သူတို့ထံသို့ပျံသန်းလာရဲသေးသည်။ သက်လတ်ပိုင်းအရွယ်လူကဒေါသ
ထွက်စွာအော်ဟစ်လိုက်၏။
“ရိုင်းစိုင်းလိုက်တာ”
အစိမ်းရောင်မီးတောက်တို့ တောက်လောင်နေသော သူ၏လက်သီးကရှစ်ဖုန့်ထံသို့
ရုတ်ခြည်းဝင်ရောက်သွား၏။
အရာအားလုံးအားလောင်ကျွမ်းပစ်နိုင်စွမ်း
ရှိသည့်စွမ်းအားတို့ပါရှိပုံရသော ပြင်းထန်သည့် အစိမ်းရောင်မီးတောက်တစ်ခုက ရှစ်ဖုန့်ထံသို့ သိမ်းကျုံးဝင်ရောက်လာသည်။
သက်လတ်ပိုင်းအရွယ်လူ၏ဘေးတွင်ရှိသောအဘိုးအိုမှာ သူ့ဘေးရှိ အားကောင်းသောစွမ်းအင်လှိုင်း
အတက်အကျတို့ကိုအာရုံခံမိလိုက်၏။ သူ၏အမူအယာက ရုတ်ခြည်းပြောင်းလဲသွားသည်။ သူကခေါင်းကိုမော့လိုက်ပြီး ဘေးသို့ကြည့်လိုက်သည်။ သက်လတ်ပိုင်းအရွယ်လူက သခင်လေး၏ တိုကင်ပြားအားကိုင်ဆောင်ထားသော လူငယ်ထံသို့ ပျံသန်းသွားသည်ကိုတွေ့လိုက်ရသည်။ ထိုထက်ပိုသည်ကားသတ်လတ်ပိုင်းအရွယ်လူမှာ သူ၏လက်သီးချက်၌ ခွန်အားအပြည့်သုံးထားခြင်းဖြစ်သည်။
“မဟုတ်ဘူး. ဝေ့တ ရပ်လိုက်”
အဘိုးအိုက လျှင်မြန်စွာအော်ပြောလိုက်သည်။
“အမ်”
အဘိုးအို၏အော်သံအားကြားလိုက်ရသောအခါတွင် သက်လတ်ပိုင်းအရွယ်လူ၏ မျက်နှာထက်၌ နားလက်ရခက်သော အမူအယာတစ်ခုဖြစ်ပေါ်လာသည်။ သို့သော်သူက ခွန်အားအပြည့်ကို ထုတ်သုံးထားပြီးဖြစ်၏။ ဘယ်လိုလုပ်ပြီးအလွယ်တကူ ရုတ်သိမ်းနိုင်ပါမည်နည်း။ အကယ်၍သူသာသူ၏လက်သီးအား ရုတ်ခြည်းရုတ်သိမ်းလိုက်လျှင် တန်ပြန်သက်ရောက်မှုတစ်ခုကိုခံစားရပြီး သူ၏အတွင်းပိုင်းအင်္ဂါများ ထိခိုက်ဒဏ်ရာရသွားလိမ့်မည်ဖြစ်သည်။
ကြယ်ခြောက်ပွင့်ဧကရာဇ်နယ်ပယ်တစ်ဦး၏ ကြမ်းတမ်းသောတိုက်ခိုက်မှုအား
ရင်ဆိုင်ရာတွင် ရှစ်ဖုန့်၏မျက်နှာက ပြောင်းလဲမှုမရှိပေ။
“ဟမ့်”
သူက အေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။
ရုတ်ခြည်းရှစ်ဖုန့်၏ကိုယ်ပေါ်မှ အဖြူရောင်အလင်းတစ်ခုလင်းလက်သွားသည်။ရှစ်ဖုန့်၏ကိုယ်မှ အဖြူရောင်ချီတစ်ခုရုတ်ခြည်းထိုးတက်လာည်။ဤစွမ်းအားက အဘိုးအို၏လက်သီးချက်ထက်ပို၍ပင် အေးစက်လှ၏။ ၎င်းကကြီးစိုးလွန်းသော မိစ္ဆာချီလက္ခဏာတစ်ခုကိုသယ်ဆောင်ထားသည်။
၎င်းကရှေ့ရှိလူနှစ်ယောက်ထံသို့ သိမ်းကျုံးဦးတည်သွားသည်။
“အာ”
“အမ်”
ရှစ်ဖုန့် ၏ကိုယ်မှာ တစ်ဟုန်ထိုးထွက်ပေါ်လာသည့် အန္တရာယ်ရှိသော ယင်ချီ တို့ကိုခံစားမိသောအခါတွင် အဘိုးအိုရော သက်လတ်ပိုင်းအရွယ်လူနှစ်ယောက်လုံးတို့၏ အမူအယာများက ပြောင်းလဲသွားသည်။ ယင်ချီ၌ မည်သည့်ဖျက်ဆီးခြင်းစွမ်းအားတို့မှ ပါဝင်ပုံမရသော်လည်း ၎င်းက သူတို့နှစ်ဦးလုံးထက်ပို၍ စွမ်းအားကြီးသောစွမ်းအင်တစ်ခုကိုခံစားရစေသည်။
သက်လတ်ပိုင်းအရွယ်လူ၏ လက်သီးတစ်ဝိုက်၌လောင်ကျွမ်းနေသော ပြင်းထန်သည့်အစိမ်းရောင်မီးတောက်များမှာ ယင်ချီတို့၏သက်ရောက်မှုအောက်တွင် ဘာသဲလွန်စမှကျန်ရစ်ခြင်းမရှိအောင်ကို ရုတ်ခြည်းပြိုလဲပျောက်ကွယ်သွားသည်။
ထို့နောက်ချက်ချင်း သက်လတ်ပိုင်းအရွယ်လူနှင့်အဘိုးအိုတို့၏ ခန္ဓာကိုယ်များက အဖြူရောင်ယင်ချီတို့ကြောင့် ဘေးသို့လွင့်သွားပြီး ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့ဖြတ်သန်းသွားရန်လမ်းကြောင်းတစ်ခုကိုဖန်တီးပေးလိုက်သည်။
ထို့နောက်ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့
၏ပုံရိပ်များက ဖန်တီးထားသော လမ်းကြောင်းအတိုင်း ဖြတ်သန်းသွားပြီး ရတနာတစ်ထောင်စံအိမ်ခန်းမအတွင်းမှ လျှင်မြန်စွာပျံသန်းထွက်ခွာသွားသည်။ ရှစ်ဖုန့်က ခေါင်းကိုလှည့်လိုက်ပြီး အဘိုးအိုထံသို့ အသံပို့လွှတ်လိုက်သည်။
“ခုဏကမင်းတို့တွေ ဒီသခင်လေးရဲ့လမ်းကြောင်းကိုပိတ်ပြီး ဒီသခင်လေးကိုတိုက်ခိုက်ရဲတယ်.. ရှစ်ကျင်းရွှိုက်အတွက် အလို့ငှာ ဒီသခင်လေး မင်းတို့အသက်တွေကိုချမ်းသာပေးလိုက်မယ်.. ဒါပေမဲ့ဒီသခင်လေးအတွက် သွေးမိစ္ဆာပစ္စည်းတွေကိုသီးသန်းဖယ်ထား
ပေးရမယ်..နောက်တစ်ကြိမ်ကြ ဒီသခင်လေး ကမ္ဘာဦးကျောက်တုံးတွေနဲ့ပေးချေပြီး ကောင်တာကနေအရင်ဆုံးယူမယ်. ပြီးတော့ အဲ့အကူမိန်းကလေးကိုလည်း ဘာမှခက်ခဲအောင်မလုပ်ကြနဲ့”
ထို့နောက်ချက်ချင်းရှစ်ဖုန့်နှင့်လောချင်းချွမ်
အပါအဝင် လောချင်းချွမ်လက်ထဲမှ ရွှမ်းယွမ် ယန်ရို့တို့က ရတနာတစ်ထောင်စံအိမ်ဝင်ပေါက်မှ ပျောက်ကွယ်သွားသည်။
“ဝှစ်ရှ်..ဝှစ်ရှ်”
လေထဲ၌တစ်စုံတစ်ခုအားထိုးခွင်းသည့်အသံနှစ်ခုကိုကြားရ၏။ ရတနာတစ်ထောင်စံအိမ်အတွင်းရှိ ဖြူဖျော့သော ယင်ချီစွမ်းအင်တို့က မှေးမှိန်ပျောက်ကွယ်သွားပြီးဖြစ်သည်။ အဘိုးအိုနှင့် ဝေ့တ ဟုခေါ်သော သက်လတ်ပိုင်းအရွယ်လူတို့မှာ သူတို့၏ယခင်ပုံစံများကိုပြန်ရလာသည်။ သူတို့ကလှည့်လိုက်ပြီး ဝင်ပေါ်ကထံသို့ကြည့်လိုက်ကြသည်။
“အကြီးအကဲ ခွေ့…ကျုပ်တို့ဘာလုပ်ကြမလဲ”
ဝေ့တက သူ့ဘေးရှိအဘိုးအိုအား လေးနက်သောအသံဖြင့်ပြော၏။ ထို့နောက်သူကဆက်ပြောသည်။
“ဒီလူရဲ့သိုင်းနယ်ပယ်က ဒီလိုအသက်ငယ်ငယ်လေးနဲ့ အကြီးအကဲနဲ့ကျုပ်ထက်မြင့်မားနေလိမ့်မယ်လို့ ကျုပ်မမျှော်လင့်ထားဘူး.. သူကတကယ့်ကိုကောင်းကင်ဘုံရဲ့ပါရမီရှင်ပဲ”
“သူသာတစ်ခြားသူကိုဖမ်းသွားရင် ကျုပ်တို့အတွက် ကိုင်တွယ်ရပိုလွယ်မှာဖြစ်ပေမဲ့သူဖမ်းသွား
တဲ့ကောင်မလေးက ရွှမ်းယွမ်မြို့အရှင်ခင် ရွှမ်းယွမ်ချန်ယွင်ရဲ့ အူတုံသည်းတုံ သမီး ပဲ”
ရတနာတစ်ထောင်စံအိမ်က ရွှမ်းယွမ်မြို့အတွင်း၌ စီးပွားရေးလုပ်နေခြင်းဖြစ်သည်။ အကယ်၍ သူတို့သာရွှမ်းယွမ်မြို့အရှင်သခင်ကိုစော်ကားခဲ့လျှင် ရွှမ်းယွမ်မြို့အတွင်း၌ရတနာတစ်ထောင်စံအိမ်အားဆက်လက် လည်ပတ်ရန်ကိစ္စကို မေ့ရနိုင်သည်ဖြစ်သည်။
“သူ့နောက်ကိုလိုက်မဖမ်းနဲ့.. အကယ်၍တို့တွေသူ့ကိုမှီရင်တောင် သူ့ကိုတားဖို့က ငါတို့တက်နိုင်စွမ်းမရှိဘူး”
အကြီးအကဲခွေ့က လည်း လေးနက်သောအသံဖြင့်ပြောလိုက်သည်။ ထို့နောက်သူကခေါင်းကိုလှည့်ပြီး ဝေ့တကိုကြည့်ကာပြောလိုက်သည်။
“ ပြီးတော့ လည်း ..ဒါကိုကြည့်လိုက်”
စကားပြောရင်း အကြီးအကဲခွေ့က ရှစ်ဖုန့်ပေးခဲ့သောသူ့လက်ထဲရှိတိုကင်ပြားကို ဝေ့တထံလွှဲပေးလိုက်သည်။
“ဒါက”
တိုကင်ပြားအားကြည့်၍ ဝေ့တ၏၏အမူအယာကသိသိသာသာ
ပြောင်းလဲသွားသည်။ သူကအံ့အားသင့်စွာရေရွတ်လိုက်၏။
“ဒါ..ဒါက . သခင်လေးရှစ်ကျင်းရွှိုက်ရဲ့တိုကင်ပြားပဲ”
“ဟုတ်တယ်”
အကြီးအကဲခွေ့၏အမူအယာကလေးနက်နေသည်။ သူကခေါင်းညိမ့်ပြီးပြောလိုက်သည်။
“ဒီတိုကင်ပြားက အဲ့လူငယ်လေးငါ့ကိုပစ်ပေးခဲ့တာ”
ဆက်ရန်…………………….
ဘာသာပြန်သူ-ARISE