← Chapters

အခန်း (၈၁၆)

Vol. 55 Ch. 816

အခန်း (၈၁၆)

Vol. 55 Ch. 816

ရတနာတစ်ထောင်စံအိမ်၏ ခန်းမအတွင်းတွင် အကြီးအကဲခွေ့နှင့် ဝေ့တတို့က လေထဲ၌လွင့်မျောနေကြဆဲဖြစ်ပြီး သူတို့ရှေရှိဘာမှမရှိတော့သော ဝင်ပေါက်ကို ကြည့်နေသည်။

ထို့နောက်အကြီးအကဲခွေ့က ပြောလိုက်သည်။

“ခုဏက အကယ်၍ သခင်လေးရှစ်ကျင်းရွှိုက်ကြောင့်သာမဟုတ်ရင် သူမင်းနဲ့ငါ့ကို သတ်မှာလို့ ငါ့ကို ပြောသွားတယ်”

ဤကဲ့သို့ပြောနေရင်း အကြီးအကဲခွေ့၏မျက်နှာထက်၌ ခါးသက်သောအပြုံးတစ်ခုပေါ်လာသည်။

“အကြီးအကဲနဲ့ကျုပ်ကိုသတ်မယ်”

ဤအရာအားကြားသောအခါတွင် ဝေ့တမှာ တုန်လှုပ်မှုရော မခံချိမခံသာဒေါသထွက်မှုရောနှစ်ခုလုံး

ကိုခံစားလိုက်ရသည်။ သို့သော် ဂရုတစိုက်တွေးတောပြီးနောက် အကယ်၍ ဤလူငယ်သာ သူတို့ကို တကယ်သတ်ချင်လျှင် သူတို့…………..

ဤအရာအားတွေးမိသောအခါတွင် ဝေ့တ တုန်လှုပ်သွားသည်။ ရတနာတစ်ထောင်စံအိမ်ကအင်အားကြီးမားပြီး စံအိမ်အတွင်းသူတို့သေဆုံးသွားခဲ့ပါက သူတို့အတွက်လက်စားချေပေးလိမ့်

မည်ဖြစ်သော်လည်း အကယ်၍ သူတို့သာ သေလျှင် သူတို့အတွက်ကတော့ သေသည်သာအဖက်တင်မည်ဖြစ်သည်။ သူ့၌က အသက်ကဤတစ်သက်သာရှိသည်ဖြစ်၏။

ရွှမ်းယွမ်မြို့ထဲတွင် ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့က မြို့အထက်လေထဲ၌ပျံသန်းနေပြီး ယင်းက တော်တော်များများ၏အာရုံများကို

စွဲဆောင်သွားသည်။

“ဒီ..ဒီလူနှစ်ယောက်က လေကိုထိုးခွင်းပျံသန်းရဲတယ်..ဒါက

ငါတို့ရွှမ်းယွမ်မြို့ကို ပေါ်တင်ရန်စတာပဲ…သူတို့တွေ

သေချင်နေကြတာလား”

“ကြည့်..ကြည့်လိုက်အုံး.. အဲ့လူလက်ထဲမှာကိုင်ထားတဲ့ကောင်မလေးကို . မိုးကောင်းကင်ရေ. ငါပဲ စိတ်အာရုံချောက်ချားပြီး ထင်ယောင်ထင်မှားတွေဖြစ်နေတာလား.. ငါတို့ရွှမ်းယွမ်မြို့ထဲမှာ ဒီလူက သူမရဲ့ဆံပင်ကို ဆွဲထားတယ်. သူက ငါတို့ရွှမ်းယွမ်မြို့ထဲမှာလေကိုတောင်ထိုးခွင်းပျံသန်းနေသေးတာလား”

“အဲ့တာ..ရွှမ်းယွမ်ယန်ရို့ပဲ.. ဟုတ်တယ်.. အဲ့တာရွှမ်းယွမ်ယန်ရို့ပဲ..ရွှမ်းယွမ်မြို့အရှင်သခင် ရွှမ်းယွမ်ချန်ယွင်ရဲ့ ချစ်လှစွာသောသမီး ရွှမ်းယွမ်ယန်ရို့ပဲ.. မိုးကောင်းကင်ရေ.. ဒီလူနှစ်ယောက်တော်တော်လေးကိုရူးနေကြတာပဲ”

“ရွှမ်းယွမ်ယန်ရို့..ရွှမ်းယွမ်ယန်ရို့ ပြန်ပေးဆွဲခံရတယ်”

ဤမြင်ကွင်းအားမြင်တွေ့သည်နှင့် ရွှမ်းယွမ်မြို့အတွင်းမှလူများမှာ တစ်ယောက်ပြီးတစ်ယောက် အံ့အားသင့်စွာအလန့်တကြားပြောဆိုနေကြသည်။ လူများစွာမှာ သူတို့မြင်တွေ့နေရသည်က အစစ်အမှန်ဖြစ်သည်ဟု ယုံကြည်နိုင်ခြင်းမရှိကြချေ။

“ငါ့ကိုလွှတ်..ငါ့ကိုလွှတ်စမ်း. ငါက ရွှမ်းယွမ်ချန်ယွင် ရဲ့ သမီး ရွှမ်းယွမ်ယန်ရို့ပဲ.. နင်တို့တွေသေချင်းဆိုးနဲ့သေရလိမ့်မယ်.. နင်တို့အသားတွေကိုငါ့အဖေက အပိုင်းပိုင်းဖြတ်ပြီး ဆားငန်ရေထဲမှာ ထာဝရစိမ်လိမ့်မယ်”

လောချင်းချွမ် ၏လက်ထဲ၌ ရွှမ်းယွမ်ယန်ရို့မှာ ရူးသွပ်နေသောမိန်းမတစ်ဦးကဲ့သို့ အော်ဟစ်နေပြီး ကြမ်းကြုတ်သောစကားလုံးများအားတစ်ခုပြီးတစ်ခု ပြောဆိုနေသည်။

“သောက်ပေါက်ပိတ်ထားစမ်း”

ဤအချိန်တွင် လောချင်းချွမ်ကအော်ငေါက်လိုက်သည်။ ထို့နောက် သူ၏ညက်လက်ကိုမြှောက်လိုက်ပြီး ဘယ်လက်အားလွှဲယမ်းလိုက်ကာ ရွှမ်းယွမ်မြို့အထက်၌ ကြွပ်ဆပ်သောအသံနှစ်ခု ရိုက်ခတ်ထွက်ပေါ်လာစေသည်။

ရှစ်ဖုန့်ပြီးသည့်နောက် ရွှမ်းယွမ်

ယန်ရို့မှာ လောချင်းချွမ်၏ ပါးနှစ်ချက်ရိုက်ခြင်းကိုခံလိုက်ရသည်။ ယခင်က ရတနာတစ်ထောင်စံအိမ်အတွင်း

ရှိလူများရှေ့၌ဖြစ်ပြီး ယခုက ရွှမ်းယွမ်မြို့အတွင်းရှိအားလုံး၏

ရှေ့မှောက်၌ဖြစ်သည်။

“အား..အား….”

ရွှမ်းယွမ်ယန်ရို့မှာ ထပ်မံရူးသွပ်စွာအော်ဟစ်နေသည်။

“သေစမ်း..ငါနေသေတာလိုချင်တယ်.. ငါနင်တို့နှစ်ယောက်လုံးကိုသေစေချင်တယ်.. ငါကနင်တို့နှစ်ယောက်လုံးကိုဒီကမ္ဘာပေါ်မှာ အနာကျရင်ဆုံးသေခြင်းမျိုးခံစားစေချင်တယ်”

“မင်းက မနာခံသေးဘူးပဲ”

“ဖြန်း..ဖြန်း”

လောချင်းချွမ်က အေးစက်စွာအော်ပြောလိုက်ပြီး ရွှမ်းယွမ်ယန်ရို့ကို ရက်ရက်စက်စက် ပါးနှစ်ချက်ဖြတ်ရိုက်လိုက်သည်။ ရွှမ်းယွမ်ယန်ရို့၏ လှပသောမျက်နှာက ရောင်ကိုင်းနေပြီဖြစ်သည်။

လောချင်းချွမ်မှာမူ ရွှမ်းယွမ်ယန်ရို့ သို့မဟုတ် ရွှမ်းယွမ်ချန်ယွင်အား လုံးဝဂရုစိုက်ခြင်းမရှိပေ။ သူ၏ရှေ့၌ရှိနေသူပုဂ္ဂိုလ်ကသာလျှင် သူ၏နှလုံးသားထဲ၌ လေးစားရဆုံးသောတည်ရှိမှုတစ်ခုဖြစ်သည်။

“မင်းတို့ကဘယ်ကနေလာတာလဲ. ငါတို့ရဲ့သခင်မလေးကိုမြန်မြန်လွှတ်လိုက်စမ်း”

ဤအခိုက်အတန့်တွင် ရွှမ်းယွမ်မြို့ထဲမှ အော်သံများကို ဆက်တိုက်ကြားလိုက်ရသည်။ ထို့နောက်လိုက်ပါ၍ ရွှမ်းယွမ်မြို့ထဲမှ တိုက်ပွဲဝင်ချပ်ဝတ်နှင့်ပုံရိပ်များပျံသန်းထွက်လာပြီး ရှစ်ဖုန့်ထံသို့ ဦးတည်လာကြသည်။

“ဟမ့်”

အလွန့်အလွန်ပြင်းထန်လှသော

သတ်ဖြတ်ချင်းအော်ရာများနှင့် ဤပုံရိပ်များကိုကြည့်ရင်းရှစ်ဖုန့်က အထင်သေးမှုအပြည့်ဖြင့် အေးစက်စွာကြည့်နေ၏။ ထို့နောက်တွင်သူ၏ကိုယ်ပေါ်မှ သွေးနီရောင်မီးတောက်တို့ ထွက်ပေါ်လာပြီး ဦးတည်ချက်ပေါင်းစုံသို့ ပျံ့နှံ့သွားသည်။ ထို့နောက် ပြင်းထန်သောသွေးနီရောင်မီးတောက်များက ရွှမ်းယွမ်မြို့၏ ဟင်းလင်းပြင်ထဲ၌ စတင်လောင်ကျွမ်းတော့သည်။

မကြာခင်တွင် ဤသွေးနီရောင်မီးတောက်များက ချဉ်းကပ်လာသော ပုံရပ်များကို လွှမ်းခြုံဝါးမျိုးသွားသည်။

၎င်းတို့စိတ်မချမ်းမြေ့ဖွယ်ကောင်းစွာအော်ဟစ်ချင်းကိုမပြုနိုင်ခင်မှာပင် သွေးနီရောင်မီးတောက်များက ၎င်းတို့အား အစအနပင်မကျန်အောင် မီးရှို့ပြာချပစ်လိုက်သည်။

၎င်းတို့မှာ မီးပုံထဲသို့ဝင်ရောက်တိုးနေသော ပိုးဖလံများကဲ့သို့ဖြစ်နေသည်။

ဤအချိန်တွင် ရှစ်ဖုန့်က သွေးနီရောင်မီးတောက်များအတွင်းမှလောချင်းချွမ်ကို ပြောလိုက်သည်။

“ချင်းချွမ်.. ဒီဖြစ်ရပ်က ရွှမ်းယွမ်တစ်မြို့လုံးကို တုန်လှုပ်စေပြီးပြီ.. မကြာခင်မှာ ရွှမ်းယွမ်ချန်ယွင် ပေါ်လာမှာပဲ. .အရှိန်တင်ပြီးတော့ ဒီမြို့ထဲကနေထွက်သွားကြစို့”

“နားလည်ပါပြီ”

လောချင်းချွမ်က ပြန်ဖြေလိုက်သည်။ထို့နောက် ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့က သူတို့ ၏ ခွန်အားအသားကုန်သုံးကာ ပြေးလိုက်ပြီး ဟင်းလင်းပြင်အတွင်းအရှိန်မြှင့်လိုက်သည်။

ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့ထံသို့ချဉ်းကပ်လာသောပုံရိပ်များအားလုံးမှာလည်း မကြာခင်တွင် ဦးတည်ချက်အနှံ့သို့ပျံ့နှံ့သွားသော သွေးနီရောင်မီးတောက်တို့၏ ဝါးမျိုခြင်းကိုခံလိုက်ရသည်။

မကြာခင်တွင် ရွှမ်းယွမ်မြို့ဟင်းလင်းပြင်အတွင်မှ စစ်သည်များအားလုံး ပျောက်ကွယ်သွားသည်။

ဤအချိန်တွင် သွေးနီရောင်မီးတောက်တို့က နောက်တစ်ကြိမ်တလိမ့်လိမ့်ဖြစ်လာပြီး အလယ်ဗဟိုသို့ကျုံ့ဝင်လာသည်။ စက္ကန့်ပိုင်းအတွင်း ရှစ်ဖုန့်၏ စုပ်ယူခြင်းကိုခံလိုက်ရပြီး ငယ်ရွယ်သောပုံရိပ်ထွက်ပေါ်လာသည်။

ဖြည်းဖြည်းချင်း ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့၏ရှေ့တွင် မြင့်မားသောမြို့တံတိုင်းတစ်ခုပေါ်လာသည်။ ဤမြို့တံတိုင်းအပေါ်မှ ပျံသန်းဖြတ်ကျော်သွားလိုက်သည်နှင့် ရွှမ်းယွမ်မြို့အတွင်းမှသူတို့ထွက်ခွာနိုင်လိမ်မည်ဖြစ်သည်။

“ဟမ်”

ထိုအခိုက်အတန့်တွင် ရှစ်ဖုန့်၏ မျက်နှာက အလျှင်အမြန်ပြောင်းလဲသွားသည်။ သူသည်သာမက သူ့ဘေးရှိလောချင်းချွမ်၏မျက်နှာကလည်း ကြီးစွာပြောင်းလဲသွားသည်။

ရွှမ်းယွမ်မြို့အလယ်ဗဟိုရှိ အရှင်သခင်၏အိမ်တော်ထံမှ သတ်ဖြတ်လိုစိတ်တို့ပြည့်နှက်နေသော စွမ်းအားကြီးချီတစ်ခုက မြင့်တက်လာသည်ကို သူတို့အာရုံခံမိလိုက်သည်။ တစ်ချိန်တည်းမှာပင် ခံ့ညားပြီးခက်ထန်သောဟိန်းဟောက်သံတစ်ခုက ရွှမ်းယွမ်မြို့အား ရိုက်ခတ်ဖြတ်သန်းထွက်ပေါ်လာသည်။ ဤဟိန်းဟောက်သံက စကားတစ်ခွန်းတည်းသာဖြစ်၏။

“ငရဲကိုသွားစမ်း”

“ဒီအသံ..ဒါက ရွှမ်းယွမ်မြို့အရှင်သခင် ရွှမ်းယွမ်ချန်ယွင်ရဲ့အသံပဲ”

“မြို့အရှင်သခင်ဒီကိုရောက်လာပြီ”

ခံ့ညားပြီးခက်ထန်သောဟိန်းဟောက်သံထွက်ပေါ်လာသကဲ့သို့ ရွှမ်းယွမ်မြို့အတွင်း၌လည်း စိတ်လှုပ်ရှားသံများကပို၍ ကျယ်လောင်လာသည်။

ဤအချိန်တွင်ရှစ်ဖုန့်က ပြင်းထန်သောသတ်ဖြတ်ချင်စိတ်တို့နှင့် ခရမ်းရွှေရောင်လက်ဝါးရိပ်တစ်ခုက သူ့ထံသို့တစ်ဟုန်ထိုးပျံသန်းလာသည်ကို ရှစ်ဖုန့် ရုတ်ခြည်းအာရုံခံမိလိုက်သည်။

“ကြယ်ရှစ်ပွင့် ဧကရာဇ်နယ်ပယ်တစ်ဦးရဲ့စွမ်းအားပဲ”

ခရမ်းရွှေရောင်လက်ဝါးပုံရိပ်၏ စွမ်းအားကိုအာရုံခံပြီးနောက် ရှစ်ဖုန့်အနေဖြင့်ထပ်မံအေးဆေးစွာ

မနေနိုင်တော့ပေ။ ရွှမ်းယွမ်မြို့၏ ယခင်နံပါတ်ပါရမီရှင်လူငယ်ဖြစ်သူ ရွှမ်းယွမ်ချန်ယွင်က ကြယ်ရှစ်ပွင့်ဧကရာဇ်နယ်ပယ်သို့ရောက်နှင့်နေပြီဟု လောချင်းချွမ်ကပြောခဲ့သည်။

“ချင်းချွမ်.. မင်းသွားတော့. ဒီသခင်လေးနောက်ချန်ခုခံမယ်..”

လက်ဝါးပုံရိပ်အားကြည့်နေသကဲ့သို့ရှစ်ဖုန့်ကလောချင်းချွမ်အား အမိန့်ပေးလိုက်သည်။

“ဒါပေမဲ့…”

ရှစ်ဖုန့်ကသူ့အား အရင်ဆုံးထွက်သွားရန်တောင်းဆိုသောအခါတွင် လောချင်းချွမ်မှာ တုန့်ဆိုင်းနေပုံရသည်။ သူက၎င်းအားနောက်ချန်ထားပြီး ဘယ်လိုလုပ်တစ်ယောက်တည်း

ထွက်ပြေးနိုင်ပါမည်နည်း။

ရှစ်ဖုန့်မှာ လောချင်းချွမ်၏ တုန့်ဆိုင်းမှုအားမြင်တွေ့လိုက်ရသောအခါတွင် အလျှင်အမြန်ထပ်မံအော်ငေါက်လိုက်သည်။

“မင်းအခုတော့ဒီသခင်လေးစကား

ကိုတောင်နားမထောင်တော့ဘူးလား. ဒီနေရာကနေဖြစ်နိုင်သမျှ ဝေးဝေးကိုထွက်သွား”

“သ..သခင်လေးဖုန့်..”

လောချင်းချွမ်မှာတုန့်ဆိုင်းမှုမှ ပူဆွေးမှုအဖြစ်ပြောင်းသွားသည်။ ထို့နောက်သူ၏မျက်လုံးတို့ကိုပိတ်လိုက်ပြီး အံကိုတင်းတင်းကြိတ်ကာ ရှစ်ဖုန့်ကိုမကျယ်သောအသံဖြင့်ပြောလိုက်၏။

“ကိုယ့်ကိုယ်ကိုယ် ဂရိုစိုက်ပါ”

ယခုလောချင်းချွမ်က ကိုယ့်စိတ်ကိုပိုင်းဖြတ်လိုက်ပြီး ထပ်မံတုန့်ဆိုင်းနေခြင်းမရှိတော့ပေ။ သူ၏ပုံရိပ်က ရှစ်ဖုန့်အား လျှင်မြန်စွာ ပျံသန်းဖြတ်ကျော်သွားသည်။

သူ၏ ခွန်အားဖြင့်ရှစ်ဖုန့်အားလုံးဝကူညီနိုင်ခြင်းမရှိပေ။ သူ၏ဆရာဖြစ်သူ လုံခြုံရန်အတွက် နှလုံးသားထဲမှ ဆုတောင်းပေးရန်သာတက်နိုင်သည်။

“အကယ်၍ ငါ့ဆရာမှာ တစ်ခုခုထပ်ပြီးဖြစ်လာခဲ့ရင်.. ငါအလယ်ပိုင်းဒေသကြီးကို သေချာပေါက်သွားပြီး အကြီးဆုံးစီနီယာအကိုကြီးကို ဒါကိုပြောမယ်”

လောချင်းချွမ်က စိတ်ထဲမှခက်ထန်စွာတွေးလိုက်သည်။

“ခွန်အား..ခွန်အား”

လောချင်းချွမ်မှာ သူ၏ခွန်အားက ရိုးရှင်းစွာပင် လွန်စွာအားနည်းလှသည်ကို သိလိုက်ရသည်။ တကယ်စွမ်းအားကြီးသောသူတစ်

ယောက်၏ရှေ့တွင် သူကလုံးဝကို အသုံးမဝင်ပေ။

“ပိုသန်မာလာရမယ်.. ငါပိုပြီးသန်မာလာရမယ်.. ငါ့ဆရာအတွက်အဟန့်အတားအတားအဆီးတွေအကုန်လုံးကိုငါရှင်းလင်းပစ်ရမယ်.

သူတောင်းစားတွေ”

ဆက်ရန်…………

ဘာသာပြန်သူ-ARISE

All Chapters