အခန်း (၈၁၇)
Vol. 55 Ch. 817
ရွှမ်းယွမ်မြို့၏ တံတိုင်းထက်တွင် ရှစ်ဖုန့်က လေထဲ၌ ဝင့်ကြွားစွာရပ်နေသည်။ သူ၏ ရှည်လျားသောဆံပင်တို့က လေနှင့်အတူ တဖျပ်ဖျပ်လူးလွန့်နေပြီး လာနေသော ခရမ်းရွှေရောင် လက်ဝါးရိပ်ကြီး အေးစက်စွာစိုက်ကြည့်နေသည်။ သူ၏ကိုယ်ပေါ်မှ သွေးနီရောင်လင်းတစ်ခုဖျက်ခနဲလင်းလက်လာပြီး သွေးနီရောင်ချပ်ဝတ်က သူ၏ကိုယ်ပေါ်တွင်ပေါ်လာသည်။ သူ၏ရှေ့တွင် ဧရာမချပ်ဝတ်ပုံရိပ်ကြီးတစ်ခုကပေါ်လာ၏။
“ဝုန်း”
ရှစ်ဖုန့်၏ ကိုယ်ပေါ်မှ သွေးနီရောင်မီးတောက်များ နောက်တစ်ကြိမ် ပေါက်ကွဲထွက်လာပြန်သည်။ ရှစ်ဖုန့်က ရှေ့သို့လောင်ကျွမ်းစေလိုက်ပြီး သွေးနီရောင်မီးတောက်ချပ်ဝတ်အား လောင်ကျွမ်းသွားသည်။ မကြာခင်တွင် မီးတောက်များက သွေးနီရောင်ချပ်ဝတ်နှင့်အတူ ပေါင်းစည်းသွား၏။
သွေးနီရောင်ချပ်ဝတ်၌ ပြင်းထန်သောမီးတောက်တို့တောက်
လောင်နေပြီး လွန်စွာအေးစက်လှသော အော်ရာတစ်ခုကို ထုတ်လွှတ်နေသည်။
တစ်ချိန်တည်းတွင် ရှစ်ဖုန့်၏နောက်မှသွေးနီရောင်ပုံရိပ်များ ဖျက်ခနဲထွက်ပေါ်လာသည်။ စွမ်းအားကြီးသော တိုက်ခိုက်မှုအား ရင်ဆိုင်ရင်း ရှစ်ဖုန့်က သွေးကျောက်ပြားအတွင်းမှ ယင်အလောင်းကောင် နှစ်ထောင့်ခြောက်ရာကို ထုတ်လွှတ်လိုက်သည်။ မကြာခင်တွင် ဤနေရာ၌ အလောင်းတစ်သောင်းအစီအရင်ကိုခင်းကျင်း
လိုက်ပြီးဖြစ်သည်။
သူ၏ဘယ်လက်ထဲတွင် ငွေရောင်အလင်းတစ်ခုကဖျက်ခနဲလင်း
လက်လာပြီး သူ၏လက်ထဲ၌ ငွေရောင်တံစဉ်တစ်ခုပေါ်လာသည်။
ရှစ်ဖုန့်က အလောင်းတစ်သောင်းအစီအရင်မှ စွမ်းအားနှင့် သူ၏ဒန်တန်အတွင်းမှ စွမ်းအင်တို့ကို ငွေရောင်တံစဉ်အတွင်းသွန်းလောင်းလိုက်သည်။ မကြာခင်တွင် ရှစ်ဖုန့်၏ လက်ထဲမှ ငွေရောင်တံစဉ်က စတင်တုန်ခါလာသည်။
ဤအချိန်တွင် ခရမ်းရွှေရောင်လက်ဝါးပုံရိပ်ကလည်းရှစ်ဖုန့်၏ ရှေ့သို့ရောက်ရှိလာပြီးဖြစ်သည်။ ခရမ်းရွှေရောင် လက်ဝါးပုံရိပ်၏ တိုက်ခိုက်မှုအောက်တွင် မီးတောက်ချပ်ဝတ် ပုံရိပ်မှာ ချက်ချင်းပြိုကွဲသွားသည်။
ခရမ်းရွှေရောင် လက်ဝါးပုံရိပ်က ရှစ်ဖုန့်ထံသို့ ပြင်းထန်စွာ ဆက်လက်တိုက်ခိုက်လာသည်။
“ခုတ်ပိုင်းစမ်း”
သူ၏ကိုယ်အားထိမှန်တော့မည့်ခရမ်းရွှေရောင်လက်ဝါးပုံရိပ်အားရင်ဆိုင်ရင်း ရှစ်ဖုန့်၏မျက်နှာက အေးစက်နေ၏။ သူက ကြုံးဝါးလိုက်ပြီး သူ၏ဘယ်လက်ထဲရှိ ငွေရောင်တံစဉ်နှင့် ရုတ်ခြည်း ခုတ်ပိုင်းလိုက်သည်။
“ဝုန်း”
ငွေရောင်တံစဉ်နှင့် ခရမ်းရွှေရောင်လက်ဝါးရိပ်တို့က ရုပ်ခြည်းပစ်ဆောင့်သွားပြီး ပြင်းထန်သောမြည်ဟိန်းသံတစ်ခုထွက်
ပေါ်လာသည်။ ၎င်းက မိုးချုန်းသံတစ်ခုကဲ့သို့ဖြစ်ပြီး ကောင်းကင်နှင့်မြေပြင်ကြားထဲ၌ တုန်ခါမှုတို့ကိုဖြစ်စေသည်။ ၎င်းက ရွှမ်းယွမ်မြို့တစ်ခုလုံးကိုပင် ပြင်းထန်စွာတုန်ခါသွားစေသည်။
“ဘန်း”
အောက်ဘက်ရှိမြို့တံတိုင်းမှာ အားကောင်းလှသော စွမ်းအင်အတက်အကျလှိုင်းတို့၏ သက်ရောက်မှုအောက်တွင် ပြိုကျသွားသည်။
ရှစ်ဖုန့်၏ ငွေရောင်တံစဉ်နှင့် ခရမ်းရွှေရောင် လက်ဝါးပုံရိပ်တို့က ရှေ့မတိုးသာနောက်မဆုတ်သာအခြေအနေ
တွင်ရှိနေပြီး ငွေရောင်တံစဉ်က ခရမ်းရွှေရောင်လက်ဝါးပုံရိပ်၏ ရှေ့တိုးလာမှုကို တားဆီးထားသည်။
အလောင်းတစ်သောင်းအစီအရင်နှင့် သူ၏လက်ထဲမှ ငွေရောင်တံစဉ်တို့က ကြယ်ရှစ်ပွင့်ဧကရာဇ်နယ်ပယ်တစ်ဦး၏ စွမ်းအားအောက်တွင် တုန်ခါနေဆဲဖြစ်သည်။
ရှစ်ဖုန်အားစိုက်ထုတ်နေရသည်မှာသိသာလှ၏။
ထိုထက်ပိုသည်ကား ရွှမ်းယွမ်ချန်ယွင်မှာ ကြယ်ရှစ်ပွင့်ဧကရာဇ်နယ်ပယ်တစ်
ယောက်ဖြစ်ပြီး အကွာအဝေးတစ်ခုမှတိုက်ခိုက်သည့် သူ၏တစ်ခုတည်းသောတိုက်ခိုက်မှုကပင် ရှစ်ဖုန့်အားဤကဲ့သို့အခြေအနေအဆုံးသတ်
အထိရောက်စေရန်လုံလောက်သည်ဖြစ်သည်။အကယ်၍ ရွှမ်းယွမ်ချန်ယွင်သာရောက်ရှိလာခဲ့ပြီး ရှစ်ဖုန့်က၎င်းအားရင်ဆိုင်တိုက်ခိုက်ခဲ့လျှင် ရှစ်ဖုန့်အနေဖြင့်၎င်း၏တိုက်ခိုက်မှုအောက်၌လုံးဝရပ်တည်နိုင်လိမ့်မည်မဟုတ်ပေ။
ရှစ်ဖုန့်ကလည်း သူထံသို့ မြင့်မားသောအမြန်နှုန်းဖြင့်ချဉ်းကပ်လာနေသည့် စွမ်းအားကြီးအော်ရာကိုအာရုံခံမိသည်။
“ရွှမ်းယွမ်…ချန်ယွင်…”
ရှစ်ဖုန့်ကနမည်အား အေးစက်စွာအော်ခေါ်လိုက်သည်။ ထို့နောက်သူကအေးစက်စွာပြောလိုက်သည်။
“ကောင်းတယ်..အရမ်းကောင်းတယ်.. မင်းကမင်းရဲ့အဘိုးရွှမ်းယွမ်ဝူမင်ထက်ပိုပြီးသိုင်းပါရမီရှိတာပဲ.. အရင်တုံးကလည်း ငါမင်းအဘိုးကိုသတ်ခဲ့ပြီး မင်းရဲ့အသက်ကိုယူဖို့လည်းသိပ်ပြီးတော့ကြာမှာမဟုတ်ဘူး”
“အသက်အဆီအနှစ်ချီ လောင်ကျွမ်းခြင်း.. ငရဲဘုံကိုးခု အလင်းပညာရပ်”
ရှစ်ဖုန့်ကမျက်နှာထက်ရှိခက်ထန်သောအမူအယာတစ်ခုနှင့်အတူ နောက်တစ်ကြိမ်ခက်ထန်စွာအော်ဟစ်လိုက်သည်။
“ဝေါ့”ဆိုသောသံတစ်ခုနှင့်အတူ ရှစ်ဖုန့်၏ပါးစပ်မှာ ပါးစပ်အပြည့်တောက်ပနီရဲသောသွေးတစ်ပွက်အန်ထွက်လာပြီး ၎င်းက ငွေရောင်တံစဉ်ပေါ်သို့ဖြန်းပက်ကျဆင်းသွားသည်။
“ဘန်း”
ကောင်းကင်နှင့်မြေပြင်ကြားထဲ၌ နောက်ထက်ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာသည်။ ရှစ်ဖုန့် အသက်အဆီအနှစ်ချီ လောင်ကျွမ်းမှုအောက်တွင် သူ၏ဘယ်လက်ထဲရှိငွေရောင်တံစဉ်က ရုတ်ခြည်းတုန်ခါလာသည်။ သိပ်သည်းများပြားလှသော ပင့်ကူအိမ်ကဲ့သို့အက်ကွဲကြောင်းများက ငွေရောင်တံစဉ်နှင့်ထိခတ်မိသော ခရမ်းရွှေရောင်လက်ဝါးပုံရီပ်ပေါ်တွင် ပေါ်လာသည်။
အက်ကွဲကြောင်းများက ဦးတည်ချက်အနှံ့သို့တစ်ဟုန်ထိုးပြန့်နှံ့သွားပြီး ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုနှင့်အတူ ခရမ်းရွှေရောင်လက်ဝါးပုံရိပ်တစ်ခုလုံး ရုတ်ခြည်းကွဲကြေသွားသည်။
တစ်ချိန်တည်းမှာပင် ရှစ်ဖုန့်၏နောက်၌ရှိနေသော ယင်အလောင်းကောင်နှစ်ထောင့်ခြောက်ရာ၌ သွေးနီရောင်အလင်းတို့ရုတ်ခြည်းတောက်ပလာသည်။ အချိန်တိုလေးအတွင်း ၎င်းတို့အားလုံးအား ရှစ်ဖုန့်က သွေးကျောက်ပြားနေရာလွတ်အတွင်းသို့ ပြန်လည်ခေါ်ယူလိုက်သည်။
ဤအချိန်တွင် ရှစ်ဖုန့်၏ကိုယ်ကလည်း အဖြူရောင်အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားသည်။ အဖြူရောင်ဥက္ကာပျံတစ်ခုကဲ့သို့ အဆက်မပြတ်တရိပ်ရိပ်နှင့်နောက်သို့ လွန်စွာမြန်ဆန်သောအမြန်နှုန်းတစ်ခုနှင့်အတူ နောက်ပြန်လွင့်သွားသည်။မျက်စိတစ်မှိတ်အတွင်း သူကဤကမ္ဘာမှပျောက်ကွယ်သွား၏။
ရှစ်ဖုန့်ပျောက်ကွယ်သွားပြီးအသက်ရှူသုံးချိန်ခန့်မကြာလိုက်ခင် ရွှေရောင်ပုံရိပ်တစ်ခုကရုတ်တရက်လေကို
ထိုးခွင်းပြီးရောက်ရှိလာကာ ရှစ်ဖုန့်ရှိနေခဲ့သောနေရာရှိ လေထုအလယ်၌ရပ်တန့်လိုက်သည်။
ဤလူ၌ ရေခဲတမျှအေးစက်သောမျက်နှာထားရှိပြီး အသက်သုံးဆယ်မကျော်သေးပေ။သူကရွှေရောင်နဂါးကိုးကောင်ဝတ်ရုံတစ်ခုကိုဝတ်ဆင်ထားပြီး ခေါင်းမှခြေဖျားအထိ ဧကရာဇ်တစ်ပါး၏ ခမ်းနားသောအရှိန်အဝါတို့ကိုထုတ်လွှတ်နေသည်။
ဟုတ်ပါသည်။ ဤလူကားအရှေ့ပိုင်းဒေသကြီးအတွင်းရှိ အကြီးမားဆုံးသောမြို့ကြီးများထဲမှ
တစ်ခုဖြစ်သော ရွှမ်းယွမ်မြို့နှင့်ပတ်ဝန်းကျရှိ ဒါဇင်နှင့်ချီသောမြို့များ၏ ဧကရာဇ်တစ်ပါးကဲ့သို့သော ပုဂ္ဂိုလ်ဖြစ်သည်။ သူက အရှိန်အဝါကြီးမားပြီးခံ့ညားကာ သူ့အား လူသန်းပေါင်းများစွာက မော်၍ကြည့်ရသည်ဖြစ်သည်။ သူ၌ သေခြင်းရှင်ခြင်းအား ထိန်းချုပ်နိုင်သောစွမ်းအားနှင့်အာဏာတို့ရှိ၏။ ဤနေရာ၌ရှိသော အသက်အားလုံးမှာ သူ၏ထိန်းချုပ်မှုအောက်၌ရှိသည်ဖြစ်သည်။ သူကလက်ရှိ ရွှမ်းယွမ်မြို့၏အရှင်သခင်ဖြစ်သူ ရွှမ်းယွမ်ချန်ယွင်ပင်ဖြစ်၏။
ကောလဟာလများအရ သူ၏ဘိုးဘေးဖြစ်သူ ရွှမ်းယွမ်မှာ လွန်ခဲ့သောနှစ်တစ်သောင်းကျော်ခန့်က အနောက်ပိုင်းဒေသကြီး၏ ပြိုင်ဘက်ကင်းအရှင်သခင်တစ်ပါးဖြစ်ခဲ့သည်ဟုဆိုသည်။သူက အနောက်ပိုင်းဒေသကြီး၏ နယ်မြေတစ်ဝက်လောက်ကို ဖြတ်သန်းပြီး အနောက်ပိုင်းဒေသကြီး၏ မျိုးနွယ်စုများစွာကို ဟန့်တားကာ ရွှမ်းယွမ်မြို့ကိုထူထောင်ခဲ့သည်။
သို့သော်နောက်ပိုင်းတွင် တဖြည်းဖြည်းနိမ့်ပါးလာခဲ့၏။ ကျွမ်းကျင်သူများနှင့်သူရဲကောင်းပေါင်းများစွာထွက်ပေါ်လာခဲ့ပြီး၎င်းတို့ကိုယ်၎င်းတို့က စစ်နယ်ရှင်များအဖြစ် သဘောထားကွဲလွဲခဲ့ကြသည်။
ရွှမ်းယွမ်ချန်ယွင်ရောက်ရှိလာပြီးနောက် သူ့နောက်ရှိ ရွှေရောင်ချပ်ဝတ်စစ်သည်များကလည်း နီးကပ်စွာလိုက်ပါလာသည်။ ရွှမ်းယွမ်ချန်ယွင်က လှုပ်ရှားခြင်းမရှိဘဲ ဟင်းလင်းပြင်ထဲ၌ဝင့်ကြွားစွာရပ်နေသည်ကိုတွေ့ရသောအခါတွင် ၎င်းတို့ကလည်း သူ့နောက်၌ ရပ်တန့်လိုက်ကြသည်။ တစ်ချက်ကြည့်ရုံဖြင့် ၎င်းတို့စုစုပေါင်းတစ်သိန်းခဲ့ရှိပြီး အားလုံးက ရွှမ်းယွမ်ချန်ယွင်၏အမိန့်ကိုစောင့်နေကြသည်။
ကောင်းကင်နှင့်မြေပြင်ကြားထဲ၌ရုတ်ခြည်း သတ်ဖြတ်ခြင်း စိတ်ဆန္ဒတို့ပြည့်နှက်သွားသည်။
ရွှမ်းယွမ်ချန်ယွင်၏ရေခဲတမျှအေးစက်
လှသောအကြည့်က အဖြူရောင်ဥက္ကာပျံပျံသန်းသွားရာ ဦးတည်ချက်သို့ကြည့်လိုက်သည်။ ခဏကြာပြီးနောက်တွင် သူက ပါးစပ်ကိုဖွင့်ဟ၍ ပြောလိုက်သည်။
“ငရဲဘုံကိုးခု အော်ရာ”
ရွှမ်းယွမ်ချန်ယွင်မှာ ငရဲဘုံကိုးခုအော်ရာနှင့်စိမ်းခြင်းမရှိပေ။ ယခင်က သူ့ဘဝ၌ အလေးစားရဆုံးပုဂ္ဂိုလ်ဖြစ်သော သူ ၏ အဘိုးဖြစ်သူက မိုးကောင်းကင်အောက်၌အသန်မာဆုံးပုဂ္ဂိုလ်ဟုသိကြသော ငရဲဘုံးကိုးခု ဧကရာဇ် ၏ လက်ထဲ၌သေဆုံးခဲ့ရသည်ဖြစ်သည်။
သူ့ဖခင်ဖြစ်သူက အသုံးမကျရုံသာမက သူ၏အဘိုးဖြစ်သူအတွက် ပြန်လက်စားချေရန်ကိုမစဉ်းစားပဲ ထိုလူအားမြင်သည်နှင့် ဦးညွှတ်ဂါရဝပင်ပြုသေးသည်။ သူကရွှမ်းယွမ်ဆိုသည့်မိသားစုနမည်ကို လုံးဝအရှက်ရစေခြင်းဖြစ်သည်။
ယခင်က လူငယ်ရွှမ်းယွမ်ချန်ယွင်မှာ သူအသက်ရှင်နေစဉ် ဤလူအား ကိုယ်တိုင်ကိုယ်ကျသတ်ပစ်မည်ဟု သန္နိဋ္ဌာန်ချခဲ့သည်။
သို့သော်ထိုလူက လွန်ခဲ့သောဆယ့်ခြောက်နှစ်ခန့်က ရုတ်တရက်ကြီးသေဆုံးသွားလိမ့်မည်ဟုတော့သူ မမျှော်လင့်ထားခဲ့ပေ။
ထိုလူ၏ အမွေဆက်ခံသူက ယနေ့တွင် သူ၏ရွှမ်းယွမ်မြို့ထဲ၌တကယ်ကြီး ရဲတင်းစိတ်ကြီးဝင်စွာပြုမူရဲပြီး ယန်ရို့ကိုပင် ပြန်ပေးဆွဲရဲသည်။ ဤလူကိုသတ်ကိုသတ်ရမည်ဖြစ်၏။
“ယန်ကျင်း”
ရွှမ်းယွမ်ချန်ယွင်က ရုတ်ခြည်းအေးစက်စွာအော်ပြောလိုက်သည်။
“ဒီစစ်သူကြီး ဒီမှာရှိပါတယ်”
ဤအချိန်တွင် ရွှေရောင်ချပ်ဝတ်စစ်သူကြီးတစ်ဦးက ရွှမ်းယွမ်ချန်ယွင်၏နောက်မှ လျှောက်လှမ်းထွက်လာသည်။ သူက လက်သီးတို့ကိုဆုပ်လိုက်ပြီး လေးနက်သောအသံတစ်ခုဖြင့်ပြန်ဖြေလိုက်သည်။
ဤလူက ရွှမ်းယွမ်မြို့၏နံပါတ်တစ်စစ်သူကြီးဖြစ်သူ ယန်ကျင်းပင်ဖြစ်သည်။ သူကကြယ်ခုနှစ်ပွင့်ဧကရာဇ်နယ်ပယ်ကျင့်ကြံသူတစ်ဦးဖြစ်ပြီး ရွှမ်းယွမ်ချန်ယွင်ထက် ကြယ်တစ်ပွင့်သာနိမ့်သည်ဖြစ်သည်။
“အဲ့လူက အပြင်းအထန်ဒဏ်ရာရသွားလောက်ပြီ. သူအဝေးကြီးမပြေးနိုင်ဘူး.. ရွှေရောင်ချပ်ဝတ်စစ်သည်သုံးသောင်းကိုဦးဆောင်ပြီး သူ့ကိုရှာ. မင်းသူ့ကိုတွေ့တာနဲ့ သနားညှာတာမှုမရှိသတ်ပစ်လိုက်”
ရွှမ်းယွမ်ချန်ယွင်က အေးစက်စွာပြောလိုက်သည်။
“ဒီစစ်သူကြီးနာခံပါ့မယ်”
ယန်ကျင်းကလေးနက်သောအသံဖြင့် ပြန်ဖြေလိုက်သည်။ ထို့နောက် သူက သူ၏ လက်ထဲမှ ရွှေရောင်လှံကို ရှေ့သို့ထိုးညွှန်ပြီးအော်ပြောလိုက်သည်။
“စစ်သည်တို့ ဒီလူကိုဖမ်းဖို့အတွက်ဒီစစ်သူကြီးနောက်ကိုလိုက်ခဲ့ကြ.. သူ့ကို ရှာတွေ့တဲ့ဘယ်သူမဆို ကမ္ဘာဦးကျောက်တုံး ဆယ်သန်းနဲ့ မိန်းမလှလေး အယောက်တစ်ရာကိုဆုလာဘ်အဖြစ်ရမယ်”
ယန်ကျင်း၏အသံကကောင်းကင်ထဲ၌ပဲ့တင်ထပ်သွားသည်။
ထို့နောက်ချက်ချင်း ကျယ်လောင်သောပြိုင်တူအော်သံတို့က ကောင်းကင်ထဲသို့ထိုးတက်သွားပြီးတိုက်ပွဲဝင်စိတ်တို့က ကောင်းကင်ထဲသို့ထိုးတက်သွားသည်။
“ဟုတ်”
ကောင်းကင်ထဲရှိကြီးမားသောအဖြူရောင်တိမ်
တိုက်ကြီးမှာ အော်သံများကြောင့်လှုပ်ခါသွားသည်။
ဆက်ရန်…………….
ဘာသာပြန်သူ-ARISE