အခန်း (၈၁၉)
Vol. 55 Ch. 819
မူးဝေနေသော ရှစ်ဖုန့်က သူ၏မျက်လုံးတို့ကို ဖွင့်လိုက်သည်။ အမြင်အာရုံကဝေဝါးနေကာ ပုံရိပ်ယောင်တို့ထပ်ကာဖြစ်နေသည်။
ဤအချိန်တွင် ကောင်မလေးက ရုတ်တရက်အော်ပြောလိုက်သည်။
“အဘိုး..အဘိုး.. သူနိုးလာပြီ.သူမျက်လုံးတွေပွင့်လာတယ်”
“ဟမ်”
ထိုအသံအားကြားသောအခါတွင် ရှစ်ဖုန့်က အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။ သူ၏အထပ်ထပ်ဖြစ်နေသော အမြင်အာရုံတို့ကလျှင်မြန်စွာတစ်တပ်တည်း
ပြန်ဖြစ်လာပြီး သူ၏အမြင်အာရုံကလည်း ဖြည်းဖြည်းချင်းကြည်လင်လာသည်။
ရှစ်ဖုန့်၏ရှေ့တွင် ပေါ်လာသည်က လုံးဝန်းသောမျက်နှာလေးနှင့်ချစ်ဖို့ကောင်းသော ကောင်မလေးတစ်ယောက်ဖြစ်သည်။ ရှစ်ဖုန့်၏စိတ်ထဲ၌ စကားနှစ်လုံးရုတ်ခြည်းဖြစ်ပေါ်လာသည်။
“လင်အာ”
“ဟမ်”
ရှစ်ဖုန့်၏ခေါ်သံအားကြားလိုက်ရသောအခါတွင် ကလေးမလေးကသူမ၏ဦးခေါင်းအားတိမ်းစောင်းကာနှုတ်ခမ်းလေးကိုဆူလိုက်သည်။ သူမ၏ သေးငယ်သောမျက်နှာလေးတွင် စိတ်ရှုပ်ထွေးသောအမူအယာတစ်ခုဖြစ်
ပေါ်လာပြီး နှာမှုတ်သောသံဖြင့် ပြောလိုက်သည်။
“ဘာကိုလင်အာလဲ. . သမီးကရှောင်ပု”
သူ၏အမြင်အာရုံကကြည်လင်လာသကဲ့သို့ ဤကလေးမလေးက တကယ်ပဲလင်အာမဟုတ်သည်ကို ရှစ်ဖုန့်ရှင်းလင်းစွာမြင်တွေ့လိုက်ရသည်။ သူမကသူ၏ ညီမဖြစ်သူ လင်အာနှင့် အသက်အတူတူလောက်ရှိပြီး ဝဖိုင့်ဖိုင့်မျက်နှာလေးတစ်ခုရှိသည်ဖြစ်သည်။
မကြာခင်တွင် ယခုသူရောက်ရှိနေသောနေရာကိုရှစ်ဖုန့်မြင်တွေ့လိုက်ရသည်။ ဤသည်ကား ရိုးရှင်းသောသစ်သားအိမ်တစ်လုံးဖြစ်ပြီး ရှို့လင်ရွာရှိသူ၏နေအိမ်နှင့်ခြားနားခြင်းမရှိချေ။
သူကိုယ်တိုင်ကမူ ဤသစ်သားအိမ်အတွင်းရှိ ကုတင်ကျိုးတစ်လုံးပေါ်၌ လဲလျောင်းနေခြင်းဖြစ်သည်။
ထို့နောက် ဆံပင်ဖြူနှင့်အဘိုးအိုတစ်ဦး အိမ်ထဲသို့ဝင်ရောက်လာသည်ကို ရှစ်ဖုန့်မြင်တွေ့လိုက်ရသည်။ ၎င်းကသူ့အားကြည့်လိုက်ပြီးပြောလိုက်၏။
“အရှင်.နိုးလာပြီပဲ”
ဤကမ္ဘာတွင် ကျင့်ကြံသူများမှာ အကြွင်းမဲ့ လေးစားခံကြရသူများဖြစ်ကြည်။ဤလူငယ်လေးက ကျင့်ကြသူ တစ်ဦးဖြစ်သည်ကို အဘိုးအိုသိသောကြောင့် ၎င်းအားအရှင်အဖြစ်ခေါ်သည်က သဘာဝကျသည်ဖြစ်သည်။
“အဘိုး”
သူမ၏အဘိုးဖြစ်သူအားတွေ့လိုက်ရ
သောအခါတွင် အဘိုးဖြစ်သူထံ အလျှင်အမြန်သွားလိုက်သည်။သူမက ပြေးသွားရင်း အော်ပြောလိုက်၏။
“အဘိုး. .ဒီလူကအရမ်းထူးဆန်းတယ်. သမီးကိုခုဏက လင်အာလို့ခေါ်တယ်”
ရှောင်ပု၏စကားအားကြားရသောအခါတွင် အဘိုးအိုကသူ၏ခေါင်းကိုငုံ့လိုက်ပြီး သူ့ထံသို့ပြေးလာပြီးဖက်လိုက်သော ရှောင်ပုကိုကြည့်လိုက်သည်။သူကပြောလိုက်၏။
“ ရှောင်ပု… ဧည့်သည်ရဲ့ရှေ့မှာ အရမ်းမရိုင်းရဘူး”
“လူကြီးမင်း. ကျွန်တော့ကိုလူကြီးမင်းကယ်တင်ခဲ့တာပါလား”
ရှစ်ဖုန့်က အဘိုးအိုအားကြည့်၍ မေးလိုက်သည်။
“ဟားဟား. တောအုပ်ထဲမှာ အရှင်မေ့မြောနေတာကို ကျုပ်တွေ့ခဲ့တယ်လေ.. အဲ့မှာဝံပုလွေတွေ.ကျားတွေနဲ့ ကျားသစ်တွေက ညဘက်ဆို တောအုပ်ထဲမှာ လှည့်လည်ကျက်စားကြတယ်.. ဒါကြောင့်အရှင့်ကို ကျုပ်အိမ်ကိုခေါ်လာခဲ့တာ”
အဘိုးအိုကပြောလိုက်သည်။
“ အိုး”
ရှစ်ဖုန့်က အနည်းငယ်ခေါင်းညိမ့်ပြီးပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်”
သူမမေ့မြောနေခင် ဘာတွေဖြစ်ပျက်ခဲ့သည်အား ရှစ်ဖုန့်ပြန်အမှတ်ရလိုက်သည်။ ရွှမ်းယွမ်မြို့ထဲတွင် ရွှမ်းယွမ်ချန်ယွင်၏ တိုက်ခိုက်မှုအားချိုးဖျက်ရန်အတွက် သူ၏စွမ်းအားအားလုံးကိုအသုံးပြုပြီး အသက်စွမ်းအင်အဆီအနှစ်ကို လောင်ကျွမ်းပစ်ခဲ့သည်။ ထို့နောက်တွင် သူက ငရဲဘုံကိုးခု လွတ်မြောက်ခြင်းအလင်းပညာရပ်ကိုအသုံးပြု၍ ထွက်ပြေးခဲ့သည်။
စွမ်းအင်ကုန်ခမ်းသွားခြင်းကြောင့်မသိလိုက်ပါဘဲသူမေ့သွားခဲ့သည်။
“ကောင်းပါပြီ.အရှင်အခုနှသတိရလာတာဆိုတော့ ကောင်းကောင်းအနားယူပါအုံး.. ကျုပ်ညစာအဆင်သင့်ဖြစ်ရင်ယူလာခဲပါ့မယ်.. ရှောင်ပု.သွားစို့.. အရှင်အနားယူတာကို အနှောင့်အယှက်မဖြစ်စေနဲ့”
“အိုး..ကောင်းပါပြီ..အဘိုး”
ရှောင်ပုဟုခေါ်သောကလေးမလေးက နာခံမှုရှိစွာ ခေါင်းညိမ့်ပြီး အဘိုးအိုနောက်မှလိုက်ပါကာ အခန်းအတွင်းမှ ထွက်ခွာသွားသည်။ မကြာခင်တွင် အခန်းအတွင်း၌ရှစ်ဖုန့်တစ်ယောက်တည်းသာကျန်ရစ်ခဲ့သည်။
“ရွှမ်းယွမ်…..ချန်ယွင်..”
ရှစ်ဖုန့်၏မျက်နှာကရုတ်တရက် အေးစက်မှုအဖြစ်ပြောင်းလဲသွားပြီး နမည်တစ်ခုကို ပြောလိုက်သည်။
ရွှမ်းယွမ်မြို့အတွင်း၌ သူ၏အသက်စွမ်းအင်အဆီအနှစ်ကို လောင်ကျွမ်းပြီး ငရဲဘုံကိုးခု လွတ်မြောက်ခြင်းအလင်း ပညာရပ်ကိုအသုံးပြုပြီးသာ ထွက်မပြေးခဲ့လျှင် သူ့အနေဖြင့်ဤသူတောင်းစား၏ သတ်ခြင်းကိုခံရလိမ့်မည်ဖြစ်သည်။
“ကြယ်ရှစ်ပွင့်ဧကရာဇ်နယ်ပယ်..
မသေမျိုးခန္ဓာကိုယ်.. ရွှမ်းယွမ်ချန်ယွင်”
“သူတောင်းစားလေး..မကြာခင်..ဒါမှမဟုတ်နောက်ပိုင်းကျရင်.. ဒီသခင်လေး မင်းအဘိုးကိုသတ်သလိုမျိုး မင်းကိုသတ်ပစ်မယ်..”
ရှစ်ဖုန့်က စိတ်ထဲမှပြောလိုက်သည်။
သို့သော် ယခုအရေးကြီးဆုံးသောအရာက သူ၏ကိုယ်အတွင်းမှ ယွမ်ချီအား ပြန်လည် ကောင်းမွန်အောင်ပြုလုပ်ရန်ဖြစ်သည်။
ငွေရောင်တံစဉ်အားအသုံးပြု၍ စွမ်းအားကြီး တိုက်ခိုက်မှုတစ်ခုအား ထုတ်ဖော်ရန်အတွက် သူ၏ကိုယ်မှ ယွမ်ချီအားလုံးကို ရှစ်ဖုန့် အသုံးပြုခဲ့ရသည်။ ထိုထက်ပိုသည်ကား သူ၏ အသက်အဆီအနှစ်အား လောင်ကျွမ်းလိုက်ရခြင်းကြောင့် ရှစ်ဖုန့်၏သိုင်းနယ်ပယ်က ကြယ်ငါးပွင့်ဧကရာဇ်နယ်ပယ်မှ အထွတ်အထိပ်ကြယ်လေးပွင့်ဧကရာဇ်နယ်ပယ်သို့ကျဆင်းသွားရသည်ဖြစ်သည်။
သို့သော်ရှစ်ဖုန့်က သူအသက်အဆီအနှစ်အား အများကြီး မလောင်ကျွမ်းပစ်ခဲ့ပေ။ သူ၏သိုင်းနယ်ပယ်ကကျဆင်းသွားသော်လည်း ရှစ်ဖုန့်၌ များပြားသော ယွမ်ချီပမာဏတစ်ခုရှိသည်ဖြစ်သည်။ သုံးရက်အတွင်း ကောင်းကင်နှင့်မြေကြီးကြားထဲမှ ယွမ်ချီတို့ကို စုပ်ယူပြီး ပြန်လည်ကောင်းမွန်အောင် ပြုလုပ်နိုင်သည်ဖြစ်သည်။
ထို့နောက်တွင် ရှစ်ဖုန့်က လက်သင်္ကေတဆီးလ်များကို ဆက်တိုက်ပုံဖော်လိုက်ပြီး အခန်းအတွင်းရိုးရှင်းသော အတားအဆီးတစ်ခုကို တပ်ဆင်လိုက်သည်။ အကယ်၍ တစ်စုံတစ်ယောက်က အခန်းအတွင်းဝင်လာခဲ့လျှင် သူအာရုံခံမိလိမ့်ဖြစ်သည်။
ထို့နောက် ရှစ်ဖုန့်၏ ဘယ်လက်ထဲမှသွေးကျောက်ပြားက ပျံသန်းထွက်လာသည်။ ထို့နောက် ရှစ်ဖုန့်၏ကိုယ်ကသွေးနီရောင်အလင်းတစ်ခုလင်းလက်သွားပြီး ရှစ်ဖုန့်ကပျောက်ကွယ်သွားသည်။
မြွေလူသားမျိုးနွယ်မှကောင်မလေး ဇီယာက ကြွယ်ဝသောကမ္ဘာဦးချီတို့ပြည့်နှက်နေသည့် ကျယ်ပြောလှသောဟင်းလင်းပြင်တစ်ခုတွင် တင်ပျဉ်ခွေထိုင်နေသည်။ သူမ၏အထက်တွင် အနီရောင်၊အပြာရောင်နှင့် ခရမ်းရောင်တို့အရောင်သုံးမျိုး ရောယှက်ထားသည့် ဦးခေါင်းသုံးလုံး မြွေတစ်ကောင်ရှိသည်။
သူမအနေဖြင့် အဆင့်များ ခုန်ပေါက်ပြီး ကျင့်ကြံခြင်းကိုပြုလုပ်နိုင်ခြင်းမှာ ညတိုင်းတွင်မြွေနတ်ဘုရား၏ကိုယ်ပွားမှ
ထုတ်လွှတ်သော ထူးခြားသည့်အလင်းကြောင့်ဖြစ်သည်ဟု သူ့အား ဇီယာကပြောပြဖူးသည်။ အလင်းအားသူမစုပ်ယူလိုက်သည်နှင့် သူမ၏ကိုယ်အတွင်းရှိ ယွမ်ချီတို့အားအားကောင်းလာအောင်ပြု
လုပ်နိုင်စွမ်းရှိသည်ဖြစ်သည်။
ထို့ကြောင့်ရှစ်ဖုန့်က ဦးခေါင်းသုံးလုံး မြွေအား သွေးကျောက်ပြားနေရာလွတ်အတွင်း၌
ထားထားခြင်းဖြစ်သည်။
ဤနေရာ၌ နေ့ညဟူ၍မရှိသော်လည်း ဦးခေါင်းသုံးလုံးမြွေက ပြင်ပကမ္ဘာရှိ ညအချိန်ကဲ့သို့ အနီရောင်၊အပြာရောင်နှင့် ခရမ်းရောင်အလင်းတို့ကို ထုတ်လွှတ်နေဆဲဖြစ်သည်။
ယခုဇီယာမှာ အရောင်သုံးမျိုး အလင်းတို့ကို စုပ်ယူနေသကဲ့သို့ ဤနေရာအတွင်းရှိ ပေါကြွယ်ဝသော ကောင်းကင်နှင့်မြေကြီး၏ ခမ်းနားသောချီတို့ကို စုပ်ယူနေသည်။ သူမ၏ ကျင့်ကြံခြင်းက ယခင်ကနှင့်နှိုင်းယှဉ်မည်ဆိုလျှင် ခုန်ပျံကျော်လွှားတက်လာခဲ့သည်။
ဤကျင့်ကြံနေသည့်အချိန်အတောအတွင်းသူမက ကြယ်ခုနှစ်ပွင့်အင်ပါယာနယ်ပယ်မှ အထွတ်အထိပ်ကြယ်ရှစ်ပွင့်အင်ပါယာနယ်ပယ်သို့ရောက်ရှိလာသည်။ မကြာခင်တွင် သူမက ကြယ်ကိုးပွင့်အင်ပါယာနယ်ပယ်သို့
ချိုးဖျက်ဝင်ရောက်နိုင်လိမ့်မည်ဖြစ်သည်။
ဤအချိန်တွင် သွေးနီရောင်အလင်းတစ်ခု ဖျက်ခနဲလင်းလက်လာသည်။ ကျင့်ကြံခြင်းအလယ်၌ရှိနေသော ဇီယာမှာ တစ်စုံတစ်ယောက်လာနေသည်ကိုအာရုံခံမိလိုက်သည်။ မသူ၏မျက်လုံးတို့အား ဖြည်းညှင်းစွာဖွင့်လိုက်ပြီး ပြောလိုက်၏။
“အကိုကြီးရှစ်ဖုန့်”
ထို့နောက်ဇီယာ၏ မြွေမြှီးက ရုတ်တရက်လွှဲယမ်းသွားပြီး ရှစ်ဖုန့်ရှေ့သို့ပျံသန်းသွားသည်။ ရှစ်ဖုန့်၏မျက်နှာကဖြူဖျော့နေပြီး စိုးရိမ်ဖွယ်ဖြစ်နေသည်။သူမက
နူးညံ့ပျော့ပျောင်းစွာပြောလိုက်သည်။
“ အကိုကြီးရှစ်ဖုန့်.. ဘာဖြစ်လို့လဲ. အကိုကြီးကြည့်ရတာ နေမကောင်းသလိုပဲ”
ဤနေရာ၌ကျင့်ကြံနေသော မြွေလူသားမလေးမှာ ပြင်ပ၌ဖြစ်ပျက်နေသည်ကို သိရှိခြင်းမရှိပေ။
ရှစ်ဖုန့်ကသူ့အားစိုးရိမ်ပူပန်နေသော လှပသောကောင်မလေးကိုကြည့်လိုက်ပြီး သူ၏ခေါင်းကိုခါယမ်း၍ ပြုံးလိုက်သည်။ သူကပြောလိုက်သည်။
“ငါအဆင်ပြေပါတယ်. နည်းနည်းဒဏ်ရာရသွားတာပါ. မကြာခင်ပြန်ကောင်းသွားမှာ. မင်းဆက်ပြီးကျင့်ကြံပြီး ဘိုးဘေးနယ်ပယ်ကို ဖြစ်နိုင်သမျှ အမြန်ဆုံး ချိုးဖျက်ချေ”
“အိုး..ဒါဆိုကောင်းတာပေါ့”
ရှစ်ဖုန့်အဆင်ပြေသည်ဟုပြောသည်
ကိုကြားရသောအခါတွင် ဇီယာက ဖြည်းညှင်းစွာ သက်ပြင်းချလိုက်ပြီး နောက် နာခံစွာဖြ်င့ ခေါင်းညိမ့်လိုက်သည်။
သူမကစိတ်ထဲ၌ပြောလိုက်၏။
“အကိုကြီးရှစ်ဖုန့်က အရမ်းစွမ်းအားကြီးတာပဲ..သူကအဆင်ပြေတယ်ပြောရင် ပြေမှာပါ”
ထို့နောက်ဇီယာကပြန်လည်ပျံသန်းသွားပြီး ဦးခေါင်းသုံးလုံးမြွေအောက်၌ တင်ပျဉ်ခွေထိုင်လိုက်သည်။ သူမ၏မျက်လုံးတို့ကို ပိတ်လိုက်ပြီး ဆက်လက်ကျင့်ကြံလိုက်သည်။
ရှစ်ဖုန့်က ဤနေရာရှိ ပေါက်ကြွယ်ဝသော ကောင်းကင်နှင့်မြေကြီးကြားထဲမှယွမ်ချီတို့ကို အာရုံခံလိုက်သည်။ သူ၏လက်တို့ဖြင့် ဆီးလ်တစ်ခုကိုပုံဖော်လိုက်ပြီး နောက်ရုတ်တရက်အော်ပြောလိုက်သည်။
“စုပ်ယူစမ်း”
ရှစ်ဖုန့်၏အော်သံနှင့်တူ နေရာတစ်ခုလုံး ပြင်းထန်စွာလှုပ်ခါသွားသည်။ ကောင်းကင်နှင့်မြေကြီး၏ ပေါကြွယ်ဝသောယွမ်ချီစီးကြောင်းများက မြစ်တစ်စင်းကဲ့သို့ ရှစ်ဖုန့်၏ ဆွဲယူမှုကိုရုတ်ခြည်းခံလိုက်ရသည်။
ဦးတည်ချက်ပေါင်းစုံမှ ယွမ်ချီများက ရှစ်ဖုန့်ထံသို့ ဒီရေအလား ဦးတည်လာသည်။ မကြာခင်တွင် ၎င်းတို့က ရှစ်ဖုန့်၏ ခန္ဓာကိုယ်ကိုထိတွေ့လာသကဲ့သို့ ရှစ်ဖုန့်၏ ဒန်တန်တွင်းစုပ်ယူခံလိုက်ရသည်။
ရှစ်ဖုန့်၏ကိုယ်က အကန့်သတ်မဲ့သောတွင်းကြီးကဲ့သို့ ဘယ်သောအခါမှ ပြည့်နိုင်ခြင်းမရှိပေ။ ကောင်းကင်နှင့်မြေကြီး၏ ကြွယ်ဝလှသောယွမ်ချီများက သွန်းလောင်းပြီးရင်းသွန်းလောင်းနေသည်။
များပြားလှသော ကောင်းကင်နှင့်မြေကြီး၏ ယွမ်ချီများနှင့်အတူ ရှစ်ဖုန့်၏ကိုယ်မှ အော်ရာကလည်းဖြည်းဖြည်းချင်းပြန်
လည်မြင့်တက်လာသည်။
ဆက်ရန်…………………
ဘာသာပြန်သူ-ARISE