← Chapters

အခန်း (၈၂၀)

Vol. 55 Ch. 820

အခန်း (၈၂၀)

Vol. 55 Ch. 820

လျိုကျားရွာဟုခေါ်သောလျှိုမြောင်ငယ်လေးတစ်ခုအတွင်းတွင် ငြိမ်သက်အေးချမ်းမှုကရုတ်ခြည်း ကျိုးပျက်သွားသည်။ ရုတ်ခြည်း ရာပေါင်းများစွာသော ချပ်ဝတ်တန်ဆာဝတ်စစ်သည်တို့က အဆက်မပြတ်ထွက်ပေါ်လာသည်။

ပုံမှန်အားဖြင့် အလုပ်များကြသောရွာသူရွာသူများအားလုံးမှာ တုန်လှုပ်သွားကြသည်။ လျိုကျားရွာအတွင်းသို့ အရမ်းကိုများပြားလှသော စစ်သည်များ တစ်ဟုန်ထိုးရောက်ရှိလာမည်ဟု သူတို့မမျှော်လင့်ထားခဲ့ကြပေ။

ကမ္ဘာကြီးတွင်ဘာတွေများဖြစ်ပျက်နေပါသနည်း။

ထိုအရာနှင့်ပက်သက်ပြီး ရွာသူရွာသားများမှာ ဆက်လက်တွေးတောရဲခြင်းမရှိပေ။ စိုးရိမ်တကြီးနှင့် အလျှင်အမြန်အိမ်များထဲသို့ပြေးဝင်ပြီး တံခါးများကိုတစ်ချပ်ပြီးတစ်ချပ်ပိတ်

လိုက်ကြသည်။

“ဘန်း..ဘန်း.ဘန်း.ဘန်း.ဘန်း..ဘန်း”

“ထွက်လာစမ်း..ဒီနေရာကိုထွက်လာကြစမ်း”

ဤအချိန်တွင် ဦးဆောင်လာသောသက်လတ်ပိုင်းအရွယ်စစ်တပ်အရာရှိတစ်ဦးက ရွာသားများ အဝေးသို့ထွက်ပြေးနေသည်ကိုတွေ့ရသောအခါတွင် ခက်ထန်သောမျက်နှာတစ်ခုနှင့်အတူ ဒေါသတကြီးအော်ဟစ်လိုက်သည်။

တင်းကျပ်စွာပိတ်ထားသော တံခါးများက ဖွင့်မည့်လက္ခဏာ မပြသည်ကို မြင်ရသောအခါတွင် သူကထပ်မံအော်ဟစ်လိုက်သည်။

“မင်းတို့အားလုံးဒီနေရာကိုထွက်လာကြစမ်း. မင်းတို့ထွက်မလာဘူးဆိုရင် မင်းတို့တစ်ရွာလုံးကို မီးလောင်တိုက်သွင်းပစ်မယ်”

“အား…မလုပ်ပါနဲ့လူကြီးမင်း”

“လူကြီးမင်း..ကျွန်တော်တို့အားလုံးက‌ ကောင်းကောင်းမွန်မွန်လုပ်ကိုင်စားသောက်ကြတဲ့ရွာသူရွာသားတွေပါ. ကျွန်တော်တို့ ဘာအမှားမှမလုပ်ထားကြပါဘူး လူကြီးမင်း”

“လူကြီးမင်း ကျွန်တော်တို့ရွာလေးကို မီးမရှို့ပါနဲ့”

စစ်တပ်အရာရှိ၏ ခြိမ်းခြောက်မှုအောက်တွင် ရွာသူရွာသားများမှာ ဝမ်းနည်းသောမျက်နှာများဖြင့် ၎င်းတို့၏ နေအိမ်တံခါးများကိုဖွင့်လိုက်ကြပြီး စစ်သည်များကို အသနားခံတောင်းပန်ကြသည်။

“ဟမ့်..မင်းတို့အားလုံးက စက်ဆုပ်ဖို့ကောင်းတယ်.. အကယ်၍ မင်းတို့ကိုသာငါသင်ခန်းစာမပေးရင် မင်းတို့ကနာခံမဲ့အမျိုးတွေမဟုတ်ဘူး.. “

ထပ်မံထွက်လာသောရွာသူရွာသားများကိုကြည့်၍ စစ်တပ်အရာရှိက အေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။

ထို့နောက် သူ၏လက်ထဲမှ ပုံတူပန်းချီနှစ်ခုကို ကိုင်ပြီး ရွာသားများကို အော်ပြောလိုက်သည်။

“ဒီလူနှစ်ယောက်ကို မင်းတို့အရင်က မြင်ဖူးကြလား.. အကယ် သိတဲ့သူဘယ်သူမဆို. ငါကမင်းတို့ကို ရက်ရက်ရောရောဆုချမယ်”

သူ၏လက်ထဲမှ ပုံတူပန်းချီများက ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့၏ ပုံတူပန်းချီများဖြစ်ကြသည်။

“ဟင့်အင်း. ကျွန်တော်သူတို့ကိုမမြင်ဖူးပါဘူး ..ဟုတ်ကဲ့”

“ကျွန်တော်လည်း မမြင်ဖူးပါဘူး”

“ကျွန်တော်သူတို့ကို မတွေ့ဖူးဘူး”

ရွာသားများမှာ ပုံတူပန်းချီနှစ်ခုအားကြည့်လိုက်ပြီး သူတို့၏ ခေါင်းများအားတစ်ယောက်ပြီး

၏တစ်ယောက်ခါယမ်းလိုက်ကြသည်။

ဤအချိန်တွင် ရွာအတွင်းမှ ထော့ကျိုးဖြစ်နေသောလူငယ်တစ်ယောက်ဖြစ်သူ နေ့နေ့ညညသောက်စားကာအပျင်းကြီးနေသော ရှောင်းယုက ပုံတူပန်းချီနှစ်ခုကို မြင်တွေ့လိုက်ရသောအခါတွင် အံ့အားသင့်သွားပြီး နောက်ဆုံးတွင် သူ၏မျက်လုံးတို့က လူငယ်ပုံတူပန်းချီပေါ်သို့ကျရောက်သွားသည်။

“ဆု”

အရာရှိ ၏ ပါးစပ်မှထွက်လာသည့် “ဆု”ဟူသော စကားလုံးက လူငယ်၏စိတ်ထဲ၌ပဲ့တင်ထပ်သွားသည်။

“လူကြီးမင်း..လူကြီးမင်း. ဒီလူငယ်ကို ကျွန်တော်အရင်က မြင်ဖူးတယ်”

ဤအချိန်တွင် ထော့ကျိုးရှောင်းယုက ထော့ကျိုးထော့ကျိုးနှင့် လျှင်မြန်စွာရှေ့သို့ထွက်လာပြီး ကြမ်းကြုတ်သော စစ်တပ်အရာရှိကိုပြောလိုက်သည်။

“မင်းသူ့ကိုအရင်က မြင်ဖူးလား. တကယ်လား.. သူအခုဘယ်မှာလဲ”

စစ်တပ်အရာရှိက သူ့ရှေ့ရှိ လူငယ်အား ကြည့်လိုက်ပြီး ကျယ်လောင်စွာမေးလိုက်သည်။

“ဟုတ်ကဲ့.. သူ့ပုံစံကအရမ်းရင်းနှီးနေတယ်.. မနေ့ကတုံးက ရွာ ရဲ့အဆုံးမှာနေတဲ့ အဘိုးအို လျိုက သူ့ရဲ့မြေးမလေးနဲ့အတူ ကျောပေါ်မှာ သတိမေ့နေတဲ့ လူငယ်တစ်ယောက်ကိုသယ်လာတယ်.. သူ့ပုံစံက ပုံတူပန်းချီထဲက လူနဲ တစ်ထေရာတည်းနီးပါးတူတယ်.. သူတို့က အိမ်ကိုခေါ်သွားကြတယ်.”

ထော့ကျိုးလူငယ်က ပြန်ဖြေလိုက်သည်။

“သူသတိမေ့နေတာလား.. အိုး .ကောင်းလိုက်တာ.. ငါ့ကိုအဲ့ကိုခေါ်သွားပေး”

စစ်တပ်အရာရှိက တိုက်တွန်းနှိုးဆော်လိုက်သည်။

“ဟုတ်ကဲ့..ကောင်းပါပြီ.. ကျွန်တော်အဲ့ ကို‌ခေါ်သွားပေးပါ့မယ်….လူကြီးမင်း.. ကြီးမားတဲ့ဆုလာဘ်ဆိုတာက..”

“ချီးပဲ”

ဤလူက ဆုလာဘ်ကြီးအကြောင်းပြောဆိုသောအခါတွင် စစ်တပ်အရာရှိက ဒေါသထွက်စွာဖြင့် အလျှင်အမြန် ပါးရိုက်လိုက်သည်။

“ဖြန်း”

ကြွပ်ဆပ်သောအသံတစ်ခုထွက်ပေါ်လာပြီး ထော့ကျိုးလူငယ်မှာ ပါးရိုက်ချက်ကြောင့် လွင့်ထွက်သွားသည်။

ထို့နောက် အရာရှိက မြေပြင်ထက်၌ ထိုင်နေသော လူငယ်ကိုလက်ညှိုးထိုးပြီး အော်ပြောလိုက်သည်။

“ ငါမင်းကိုအဲ့ကိုခေါ်သွားပေးလို့ပြောရင်..ခေါ်သွားလိုက် ..အဓိပ္ပါယ်မရှိတာတွေအများကြီးမပြောနဲ့. ယုံချင်ယုံမယုံချင်နေ.. ငါမင်းရဲ့ခေါင်းကိုအပိုင်းပိုင်းဖြစ်အောင်ကန်ပစ်မှာ”

“ဟုတ်..ဟုတ်ကဲ့ လူကြီးမင်း.. ကျွန်တော်လူကြီးမင်းကို အခုချက်ချင်း အဲ့ကိုခေါ်သွားပေးပါ့မယ်.. ကျွန်တော်အခုချက်ချင်းခေါ်သွားပေးပါ့မယ်.. “

ကြောက်လန့်နေသော ထော့ကျိုးလူငယ်မှာ ထရပ်လိုက်ပြီး မည်သည့်ဆုလာဘ်ကြီးအကြောင်းကိုမှ ဟရဲခြင်းမရှိတော့ချေ။

သူက ဤစစ်သည်များနှင့်အတူ ရွာ၏အဆုံးရှိ အဘိုးအိုလျိုရှိရာအိမ်သို့ ထော့ကျိုးထော့ကျိုးနှင့်သွားလိုက်သည်။

“ကောင်စုတ်. မြန်မြန်လုပ်စမ်း.. မင်းအရမ်းနှေးနေတယ်ဆိုရင် ငါမင်းကို ငှက်လိုကန်ထုတ်ပစ်မယ်”

ထော့ကျိုးလူငယ်က အရမ်းနှေးကွေးစွာ လျှောက်လှမ်းနေသည်ကို တွေ့ရသောအခါတွင် စစ်တပ်အရာရှိက စိတ်မရှည်စွာဖြင့် နောက်မှတိုက်တွန်းလိုက်သည်။

“ဟုတ်ကဲ့..လူကြီးမင်း.. ဟုတ်ကဲ့ပါလူကြီးမင်း”

ထော့ကျိုးလူငယ် ရှောင်းယုက သူ၏စိတ်ထဲမှ ထက်တွန့်တက်လိုက်သည်။

“ငါကထော့ကျိုးလေ.. ဘယ်လိုလုပ်ပြီး မြန်မြန်လျှောက်နိုင်မှာလဲ”

သို့သော် သူက ငှက်တစ်ကောင်ကဲ့သို့ အကန်မခံချင်သောကြောင့် သူ၏ကိုယ်အတွင်းမှ ခွန်အားအားလုံးကို အသုံးပြုပြီး သူ၏ထော့ကျိုးအမြန်နှုန်း ကို မြှင့်တင်လိုက်သည်။

ထိုအရာရှိ၏ အမူအယာကိုကြည့်ရုံဖြင့် သူ့အတွက်ဘာဆုလာဘ်မှ စဉ်းစားရန်မလိုအပ်တော့ပေ။ အကယ်၍ယနေ့သူရှင်သန်နိုင်လျှင်ပင် မိုးကောင်းကင်ကို ကျေးဇူးတင်ရမည်ဖြစ်သည်။

“ဟူး.ငါဘာတွေများ ကျူးလွန်မိပါလိမ့်”

“လူကြီးမင်း. အဘိုးကြီးလျိုရဲ့အိမ်က ဟိုမှာပါ.. အဲ့တာကအဘိုးကြီးလျိုပါ သူ့ဘေးက သူမြေးမလေး ပါ”

ရွာ၏အဆုံးသို့ရောက်ပြီးနောက် ထော့ကျိုးလူငယ်က အကွာအဝေးတစ်ခုရှိ သေးငယ်သောသစ်သားအိမ်လေးကိုထိုးညွှန်ပြပြီး အိမ်ရှေ့ရှိ အဘိုးအိုနှင့် မိန်းကလေးကိုလည်း ထိုးညွှန်ပြလိုက်သည်။

“အိုး”

သက်လတ်ပိုင်းအရွယ်စစ်မှုထမ်းအရာရှိ၏

အကြည့်ကကျရောက်သွားသကဲ့သို့ ခေါင်းညိမ့်လိုက်သည်။ထို့နောက်လိုက်ပါ၍ ရုတ်ရက်လက်သီးတစ်ချက်ကိုပစ်သွင်းလိုက်သည်။ ပေါက်ကွဲသံတစ်ချက်နှင့်အတူ ထော့ကျိုးလူငယ်၏ ခေါင်းကပေါက်ကွဲထွက်သွားပြီး ဦးခေါင်းမဲ့အလောင်းတစ်လောင်း

ဖြစ်သွားစေသည်။

ဖြည်းဖြည်းချင်းလဲပြိုကျသွားသော ဦးခေါင်းမဲ့အလောင်းအားကြည့်၍ ရက်စက်ကြမ်းကြုတ်သော စစ်တပ်အရာရှိက ကျယ်လောင်စွာဆဲဆိုပြောလိုက်သည်။

“မင်းကသေရမှာကိုကြောက်ပြီး ကိုယ်ရွာသားကိုယ် သစ္စာဖောက်တဲ့ သူရဲဘောကြောင်တဲ့ ငကြောက်ပဲ.. ငါမင်းကို သူတောင်းစားမျိုးတွေကို အမုန်းဆုံးပဲ.. အရင်တုံးက ငါလည်းရွာငယ်လေးက သူတောင်းစားတစ်ယောက်ရဲ့ သစ္စာဖောက်တာခံရပြီး သေလုနီးပါးဖြစ်ခဲ့ရတယ်”

ထိုသို့ပြောပြီးနောက် စစ်တပ်အရာရှိက သူ့နောက်ရှိ စစ်သည်ရာပေါင်းများစွာထံလက်ကိုဝေ့ယမ်းပြီး အော်ပြောလိုက်သည်။

“သူတို့ကိုဝိုင်းထားလိုက်.. သူတို့နှစ်ဦးကိုဖမ်း”

“ဟုတ်ကဲ့”

“ဟုတ်”

စစ်တပ်အရာရှိဖြစ်သူ၏ အမိန့်အောက်တွင် ရာပေါင်းများစွာသောစစ်သည်များက သေးငယ်သောသစ်သားအိမ်လေးထံသို့

အလျှင်အမြန် စုပြုံ၍သွားကြသည်။

မူလက စစ်တပ်အရာရှိမှာ အပြစ်သားနှစ်ယောက် ရှိရာနေရာကိုရှာဖွေပြီး အထက်သို့၎င်းတို့၏နေရာကိုရှာဖွေတွေ့ရှိမှုကိုတင်ပြရန်ရည်ရွယ်ခဲ့သည်။ အားလုံးထက် ၎င်းတို့ကရွှမ်းယွမ်မြို့အရှင်သခင် ရွှမ်းယွမ်ချန်ယွင်၏ အမိန့်ဖြင့်ဖမ်းဆီးရန်ဝရမ်းထုတ်ခံရသူများဖြစ်ကြသည်။

သို့သော်ယခုအခါတွင် ထော့ကျိုးလူငယ်ထံမှ လူငယ်ကသတိမေ့နေပြီး အဘိုးအို၏ ပြန်လည်ခေါ်ဆောင်လာခြင်းကိုခံရသည်ဟု ကြားခဲ့ရ၏။

အကယ်၍ထိုသို့ဆိုလျှင် ယင်းကသူ့အတွက် ပို၍ကောင်းသည်ဖြစ်သည်။ကောင်းကင်ဘုံကတကယ်ကိုသူ့ကိုကူညီနေသည်ဖြစ်သည်။ ဤလူနှစ်ယောက်အတွက် ထုတ်ထားသည့်ဆုလာဘ်က ကမ္ဘာဦးကျောက်တုံး သန်းနှစ်ရာဖြစ်၏။

တောင်လိုပုံနေမည့်ကမ္ဘာဦးကျောက်တုံးများကသူနှင့်သက်ဆိုင်သည်ဟု တွေးမိသောအခါတွင် စစ်တပ်အရာရှိ၏နှလုံးသားက စိတ်ထက်သန်ပြင်းပြမှုတို့ဖြင့် တောက်လောင်နေသည်။

“ရှင်တို့ဘာလုပ်နေတာလဲ..ရှင်တို့ဘာလုပ်တာလဲ”

“ရှင်တို့ဘာလုပ်ကြတာလဲ..ဘာလို့သမီးနဲ့သမီးအဘိုးကိုဖမ်းတာလဲ.. မြန်မြန်သမီးတို့ကိုလွှတ်ပေး. ရှင်တို့မကောင်းတဲ့လူတွေ”

ရုတ်ခြည်းအသက်ကြီးသူနှင့်ငယ်ရွယ်သူတစ်ဦးတို့၏ အော်သံများက သစ်သားအိမ်လေးရှေ့မှထွက်ပေါ်လာသည်။

အဘိုးအိုနှင့် ကလေးမလေးရှောင်ပုတို့က စုပြုံတက်လာသော ရာနှင့်ချီသည့်စစ်သည်တို့၏ဖမ်းဆီးခြင်းကိုခံလိုက်ရသည်။

“ကျုပ်တို့ကလုံ့လဝီရိယရှိပြီး ကြိုးစားနေထိုင်တဲ့ ဘာရာဇဝတ်မှုမကျူးလွန်ထားတဲ့အရပ်သားတွေပဲ..ဘာလို့ကျုပ်တို့ကိုဖမ်းတာလဲ.. ခင်ဗျားတို့လူမှားဖမ်းနေတာပဲဖြစ်ရမယ်”

အဘိုးအိုလျိုက စစ်သည်များကို အော်ပြောလိုက်သည်။

“ကျုပ်က လူမှားမဖမ်းဘူး. ခင်ဗျားတို့ကိုဖမ်းတာ သူတောင်းစားအိုကြီးရဲ့..ခင်ဗျားနဲ့ဒီသူတောင်းစားလေးကိုဖမ်းတာ”

ဤအချိန်တွင် စစ်တပ်အရာရှိက ရှေ့သိုလျှောက်လှမ်းထွက်လာပြီးဖြစ်ပြီး အဘိုးအိုလျိုနှင့် ကလေးမလေး၏ရှေ့တွင် ရပ်တန့်လိုက်သည်။ သူကအေးစက်စွာသရော်လိုက်၏။

ထို့နောက် စစ်တပ်အရာရှိက ပုံတူပန်းချီတစ်ခုကိုထုတ်ယူလိုက်ပြီး အဘိုးအိုလျိုကိုပြကာ ပြောလိုက်သည်။

“သူတောင်းစားကြီး.. ဒီလူကိုအရင်ကခင်ဗျားမြင်ဖူးလား”

“ဒီလူ”

ပုံတူပန်းချီအား မြင်လိုက်ရပြီးမကြခင် အဘိုးအိုလျိုတုန်လှုပ်အံ့အားသင့်သွားသည်။

“ဒီလူ..ဒီလူက.. မနေ့က တောင်ပေါ်ကနေကယ်လာခဲ့တဲ့ လူငယ်လေးမလား”

သို့သော် အဘိုးအိုလျိုက သူ၏ခေါင်းကိုခါယမ်းလိုက်ပြီး ပြောလိုက်သည်။

“ဟင့်အင်း.အရာရှိလူကြီးမင်း. ဒီအဘိုးအိုလေးက ဒီလူကိုအရင်ကမမြင်ဖူးပါဘူး. စစ်တပ်အရာရှိလူကြီးမင်း မြန်မြန်လေးကျုပ်တို့ကိုလွှတ်ပေးပါ”

“ဟမ်..မတွေ့ဖူးဘူးတဲ့လား”

စစ်တပ်အရာရှိက အဘိုးအိုလျိုပြောသည်အားကြားသောအခါတွင် သရော်ပြုံးတစ်ခုဖြင့်နှာမှုတ်လိုက်ပြီး နောက် သူ၏လက်ကိုမြှောက်ကာ အဘိုးအိုလျို၏ အိုမင်းသောမျက်နှာအားဖြတ်ရိုက်လိုက်သည်။

ဆက်ရန်…………….

ဘာသာပြန်သူ-ARISE

All Chapters