အခန်း (၈၂၁)
Vol. 55 Ch. 821
“ဖြန်း”
ဆိတ်ငြိမ်သော တောင်တန်းကျေးရွာလေးအတွင်းတွင် ကြွပ်ဆပ်သောအသံတစ်ခုထွက်ပေါ်လာသည်။
ရက်စက်ကြမ်းကြုတ်သော အရာရှိက အဘိုးအိုလျို၏ မျက်နှာကိုဖြတ်ရိုက်လိုက်ပြီး ၎င်းအား မြေပြင်ပေါ်သို့လဲကျသွားစေသည်။
“အဘိုး..အဘိုး. ဘာလို့ရှင်တို့ သမီးအဘိုးကိုရိုက်ရတာလဲ”
စစ်သည်တစ်ဦး၏ ကိုင်ထားခြင်းကိုခံရသောရှောင်ပုက သူမ၏အဘိုးဖြစ်သူအရိုက်ခံလိုက်ရသည်ကိုမြင်လိုက်ရသောအခါတွင် ကျယ်လောင်စွာအော်ဟစ်ပြောဆိုသည်။ သူမ၏ကိုယ်လေးကလည်းအပြင်းအထန်ရုန်းကန်နေ၏။
သို့သော် မည်မျှပင်သူမ အပြင်းထန်ရုန်းကန်ပါစေ သူမကဲ့သို့သောကောင်မလေးတစ်ယောက်က မည်ကဲ့သို့စစ်သည်တစ်ဦး၏လက်မှလွတ်မြောက်အောင်လုပ်နိုင်ပါမည်နည်း။
“အဘိုး..အဘိုး”
အရာရှိက အဘိုးအိုလျိုအားကြည့်လိုက်ပြီး ကြမ်းကြုတ်ခက်ထန်စွာပြောလိုက်သည်။
“သူတောင်းစားအိုကြီး.. ခင်ဗျားကမြို့အရှင်သခင်ရွှမ်းယွမ်ဖမ်းဆီးဖို့ အမိန့်ပေးထားတဲ့ ရာဇဝတ်သားကို တိတ်တဆိတ်ဖွက်ပေးထားရုံတင်မကဘူး.. ကျုပ်ကိုတောင်အဲ့တာကိုဖုံးကွယ်ရဲသေးတယ်.. ခင်ဗျားတော့အသက်ရှင်ရတာကို ပင်ပန်းနေပြီတဲ့တူတယ်”
“မင်းတို့နှစ်ယောက် သူ့ကိုရိုက်ကြစမ်း.. ဒီသူတောင်းစားကြီးကိုသေတဲ့အထိရိုက်ကြ”
အရာရှိက သူ့နောက်ရှိ စစ်သည်နှစ်ဦးကို အော်ငေါက်လိုက်သည်။
“မင်းရယ်.မင်းရယ်.. အထဲကိုဝင်ပြီးတော့ အဲ့ကောင်စုတ်ကိုသွားဖမ်းချေ”
ထို့နောက်တွင် အရာရှိက နောက်ထပ်အမိန့်ကိုပေးလိုက်သည်။ သူ့နောက်ရှိစစ်သည်နှစ်ဦးက မြေပြင်ထက်၌လဲကျနေသော အဘိုးအိုလျိုထံသို့လျှောက်လှမ်းထွက်လာသည်။စစ်သည်ခြောက်ယောက်ကလည်း ဟောင်းနွမ်းစုတ်ပြတ်နေသော သစ်သားအိမ်လေးထံသို့ လျှောက်လှမ်းသွားပြီး လျှင်မြန်စွာအထဲသို့ဝင်ရောက်သွားသည်။
မြေပြင်ထက်၌ စိုးရိမ်ဖွယ်အခြေအနေနှင့်လဲနေသော အဘိုးအိုလျိုမှာ သူ့ထံသို့ နီးကပ်သည်ထက်နီးကပ်စွာလျှောက်လှမ်းလာနေသော ခက်ထန်သည့် စစ်သည်နှစ်ယောက်ကိုကြည့်လိုက်သည်။
သူ၏မျက်နှာထက်တွင် ထိမ်းမနိုင်သိမ်းမရအောင်ကြောက်စိတ်ဝင်မှုတို့ဖြင့်ပြည့်နှက်နေပြီး သူ၏လက်တို့အားထပ်တလဲလဲဝေ့ယမ်းကာ အသနားခံတောင်းပန်နေ၏။
“ဆရာတို့..ကျုပ်ကိုမသတ်ပါနဲ့”
“ဟင့်အင်း. မဟုတ်ဘူး.. မလာနဲ့.မလုပ်နဲ့ မလုပ်ပါနဲ့ .”
အဘိုးအိုလျိုက ထပ်မံစူးစူးဝါးဝါးအော်ဟစ်လိုက်သည်။
“အဘိုး..အဘိုး”
“ဟမ်”
သွေးကျောက်ပြားနေရာလွတ်အတွင်းတွင် ကောင်းကင်နှင့်မြေကြီး၏ ပေါကြွယ်ဝသောယွမ်ချီတိုအား အရူးအမူးစုပ်ယူနေသော ရှစ်ဖုန်တစ်ယောက်ရုတ်ခြည်း မျက်မှောင်ကြုတ်လိုက်သည်။
ပြင်ပကမ္ဘာ၌သူတပ်ဆင်ထားခဲ့သော အတားအဆီးအား လာရောက်ထိတွေ့သည်ကို သူရုတ်တရက်ခံစားလိုက်ရ၏။ထို့နောက် ရှစ်ဖုန့်၏ကိုယ်ပေါ်၌သွေးနီရောင်အလင်းတစ်ခုရုတ်တရက်လင်းလက်လာပြီး ဟင်းလင်းပြင်အတွင်းမှ သူပျောက်ကွယ်သွားသည်။
ရိုးရှင်းပြီး ယိုယင်းနေသော သစ်သားအိမ်ထဲသို့ စစ်သည်ခြောက်ယောက် တစ်ဟုန်ထိုးဝင်လာသောအခါတွင် သစ်သားကုတင်ထက်၌လဲလျောင်းနေသော လူငယ်တစ်ယောက်ကိုသူတို့တွေ့လိုက်ကြရသည်။စစ်သည်များထဲမှတစ်ယောက်က လူငယ်အားမြင်တွေ့သောအခါတွင် အလျှင်အမြန်အော်ပြောလိုက်သည်။
“သူက ဝရမ်းထုတ်ထားတဲ့ ပုံတူပန်းချီထဲကနေ တစ်ထေရာတည်းတူတယ်.. အားလုံး ပဲ. အတူတူဖမ်းကြစို့”
ထိုသို့အော်ပြောလိုက်ပြီးနောက် လေးလံသောချပ်ဝတ်တို့ကိုဝတ်ဆင်ကာ လှံရှည်များကို ကိုင်ထားကြသော စစ်သည်ခြောက်ယောက်တို့က ချက်ချင်းပဲ ရှစ်ဖုန့်ထံသို့တစ်ဟုန်ထိုး ဦးတည်လာကြသည်။
“ဟမ့်”
ရှစ်ဖုန့်က စစ်သည်ခြောက်ယောက်တို့အား ရင်ဆိုင်ပြီး အေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။ ရုတ်ခြည်း စစ်သည်ခြောက်ယောက်တို့၏ ကိုယ်ပေါ်တွင် သွေးနီရောင်မီးတောက်ခြောက်ခု ထွက်ပေါ်လာသည်။
၎င်းတို့အနေဖြင့် အော်ဟစ်ငိုကြွေးရန်ပင်အချိန်မရလိုက်ပေ။ သွေးနီရောင်မီးတောက်ခြောက်ခု မှေးမှိန်ပျောက်ကွယ်သွားသောအခါတွင် ၎င်းတို့အားလုံး၏ အစအနပင်မကျန်ရစ်ခဲ့တော့ပေ။
“အား..အား…”
“အဘိုး.. အဘို…ငါ့အဘိုးကိုထပ်ပြီးမရိုက်ကြနဲ့တော့”
ထို့နောက် ရှစ်ဖုန့်၏နားထဲသို့ အော်သံနှစ်ခု ထပ်ပြီးဝင်ရောက်လာသည်။ရှစ်ဖုန့်၏မျက်နှာက ရုတ်ခြည်းအေးစက်မှုအဖြစ်ပြောင်းလဲသွားသည်။
အသံနှစ်ခုက သစ်သားအိမ်လေး၏ပိုင်ရှင်ဖြစ်သူ အဘိုးအိုနှင့် ကလေးမလေးတို့နှင့်ဆက်နွယ်သည်ဖြစ်သည်။
အစောပိုင်းက စစ်သည်များထံမှ ၎င်းတို့ဤနေရာသို့ရောက်လာရခြင်းမှာ သူ့အားဖမ်းဆီးရန်ဖြစ်သည်ဟု သိခဲ့ရသည်။
“သေးစမ်း..ဒီသခင်လေး မင်းတို့အကုန်လုံးကို သေစေချင်တယ်”
ရှစ်ဖုန့်ကရုတ်ခြည်း အော်ဟစ်ပေါက်ကွဲလိုက်သည်။အဘိုးအိုနှင့်ကလေးမလေးတို့က သူအား တောင်တန်းတောအုပ်အတွင်းမှကယ်တင်ခဲ့သောကြောင့် တကယ်ကြီး အရှက်တကွဲဒုက္ခခံစားနေရခြင်းဖြစ်သည်။ ရှစ်ဖုန့်အနေဖြင့်မည်ကဲ့သို့ မပေါက်ကွဲပဲနေနိုင်ပါမည်နည်း။
ထို့နောက်မကြာခင် ကြမ်းကြုတ်သောသားရဲကြီးတစ်ကောင်နိုးထလာသကဲ့သို့ မြေပြင်တစ်ခုလုံးနှင့် သစ်သားအိမ်တစ်ခုလုံးက ပြင်းထန်စွာတုန်ခါလာသည်။
“ဝုန်း..ဝုန်း”
အိမ်၏ပြင်ပရှိ မြေပြင်ကလည်း ပြင်းထန်စွာတုန်ခါလာသည်။ မြေပြင်၏ လှုပ်ခါလာမှုနှင့်အတူ ရာနှင့်ချီသောစစ်သည်များမှာလည်း စတင် ယိမ်းထိုးလာ၏။
“ဘာဖြစ်နေတာလဲ..ဘာသောက်ကျိုးနည်းတွေဖြစ်နေတာလဲ. ဘာလို့ ဒီမှာ မြေငလျှင်တစ်ခုလှုပ်ရတာလဲ.. ဒီသောက်လျှိုမြောင်ကတော့. ဆိုးလိုက်တဲ့ကံကွာ”
အခြားစစ်သည်များကဲ့သို့ ပြင်းထန်စွာယိမ်းထိုးနေသော အရာရှိမှာ ကျယ်လောင်စွာဆဲဆိုလိုက်သည်။ ထို့နောက် သူ၏ကိုယ်က လှုပ်ရှားသွားပြီး ကောင်းကင်ထဲသို့ ပျံတက်ကာ ယိမ်းထိုးလှုပ်ခါနေသောမြေပြင်ကိုချန်ထားခဲ့လိုက်သည်။
“ဟမ်..ဘာတွေဖြစ်နေတာလဲ”
ပျံသန်းတက်လိုက်သကဲ့သို့ အရာရှိက အောက်ဘက်မြေပြင်ရှိ အဘိုးအိုအား ရိုက်နှက်နေသောစစ်သည်နှစ်ယောက်အား အမှုမဲ့အမှတ်မဲ့ကြည့်မိလိုက်၏။ ရုတ်တရက်သွေးနီရောင်မီးတောက်များက ၎င်းတို့ကိုယ်ပေါ်တွင် ထွန်းလင်းလာပြီး ၎င်းတို့အား တိုက်ရိုက်ဝါးမျိုသွားသည်။
ဤအရာအားမြင်တွေ့ရသောအခါတွင် ရုတ်တရက် သူ၏နှလုံးသားထဲ၌ဆိုးရွားသောခံစားချက်တစ်ခုကိုခံစားလိုက်ရသည်။ သူ၏ ခေါင်းအားငုံ့ပြီး နောက်သို့ကြည့်လိုက်သောအခါတွင် ဤနေရာရှိသူ့နောက်သို့လိုက်လာသော ရာနှင့်ချီသည့်စစ်သည်များအားလုံးမှာ တစ်ယောက်ပြီးတစ်ယောက် သွေးနီရောင်မီးတောက်များအဖြစ်ပြောင်းသွားသည်ကို ရုတ်တရက် မြင်တွေ့လိုက်ရသည်။
“ချီးပဲ..”
အရာရှိမှာ တုန်လှုပ်အံ့အားသင့်သွားသည်။ ရုတ်ခြည်း အရှိန်တင်လိုက်ပြီး လေကိုထိုးခွင်းကာ ထွက်ပြေးလွတ်မြောက်ရန်ပြင် ဆင်လိုက်သည်။
ဤအချိန်တွင် အေးစက်သောအသံတစ်ခုက အရာရှိ၏နားတို့အတွင်းရုတ်တရက်
ဝင်ရောက်လာသည်။
“အဘိုးအိုတစ်ဦးနဲ့ ကလေးတစ်ယောက်ကို အရှက်ခွဲပြီးတဲ့ ဘိုးဘေးနယ်ပယ် ဆန်ကုန်မြေလေးတစ်ကောင်က အသက်ရှင်ချင်နေသေးတာလား”
တစ်ဟုန်ထိုးပျံသန်းနေသော အရာရှိမှာ သွေးနီရောင်ပုံရိပ်တစ်ခုနှင့် ရေခဲတမျှအေးစက်သောငယ်ရွယ်သည့်မျက်နှာတစ်ခုကို မြင်တွေ့လိုက်ရသည်။ ဤလူက သူ့အားကောင်းကင်ထဲ၌စောင့်ဆိုင်းနေသည့်ပုံပေါ်သည်။
“မင်းပဲ..မင်းပဲ”
အရာရှိမှာ လူငယ်အားမြင်တွေ့လိုက်ရသောအခါတွင် တုန်လှုပ်အံ့အားသင့်သွားသည်။ ဤလူငယ်က ရွှမ်းယွမ်မြို့အရှင်သခင်အလိုရှိနေသာ သူဖြစ်သည်။
ဤလူကယမန်နေ့ကသတိလစ်နေပြီး အဘိုးအိုက သယ်ဆောင်လာခဲ့ရသည်မဟုတ်လော။ သူတကယ့်ကိုဒဏ်ရာရနေသည်ဖြစ်လောက်သည်ဖြစ်သည်။ အဘယ်ကြောင့် ယခုလုံးဝအကောင်းအတိုင်းဖြစ်နေရပါသနည်း။
“ဟန်ဆောင်တာ.. သူအဆင်ပြေဟန်ဆောင်နေတာပဲဖြစ်ရမယ်.. သူကငါ့ကိုခြောက်ပြီးမောင်းထုတ်ချင်နေတာ. ဟုတ်တယ်. အဲ့လိုပဲဖြစ်ရမယ်”
အရာရှိမှာဤအရာအား သိသွားသောအခါတွင် သူ၏ညာလက်သီးကိုရုတ်တရက်ဆုပ်လိုက်သည်။ ၎င်းက တောက်သောမီးတောက်အလင်းတစ်ခုကိုထုတ်လွှတ်လာ၏။ သူကရုတ်တရက်သူ့ရှေ့ရှိ လူငယ်ထံသို့ ထိုးနှက်လိုက်သည်။
ရှစ်ဖုန့်က ဘိုးဘေးနယ်ပယ် ဆန်ကုန်မြေလေးတစ်ယောက်၏ တိုက်ခိုက်မှုကို လုံးဝဂရုစိုက်ခြင်းမရှိပေ။ သူ၏လက်ချောင်းထိပ်အားတောက်လိုက်ပြီး ရှစ်ဖုန့်၏လက်ထိပ်မှ စွမ်းအင်အမျှင်တန်းတစ်ခုထွက်သွားကာ အရာရှိ၏ဝမ်းဗိုက်ကိုတိုက်ခိုက်လိုက်သည်။
ထို့နောက်ရုတ်ခြည်း “ပွက်”ဟူသောအသံတစ်ခုထွက်ပေါ်လာသည်။ ၎င်းက ရေပူပေါင်းတစ်ခုကွဲထွက်သည့်အသံကဲ့သို့ဖြစ်သည်။
ရှစ်ဖုန့်၏ချိန်ရွယ်ခဲ့သောအရာရှိ၏ ညာလက်သီးမှာ ပစ်မှတ်ဆီသို့မရောက်လိုက်ခင် မီးတောက်အလင်းက ရုတ်ခြည်းမှေးမှိန်ပျောက်ကွယ်သွားသည်။
အစောပိုင်းက အသံအားကြားလိုက်ရသည့်အရာရှိမှာ သူ၏ လက်သီးမှအလင်းတို့မှေးမှိန်ပျောက်ကွယ်သွားသကဲ့သို့ သူ၏ဝမ်းဗိုက်မှလည်း စူးရှနာကျင်မှုတစ်ခုကိုခံစားလိုက်ရသည်။ သူ၏အမူအယာက ထပ်မံသိသိသာသာကိုပြောင်းလဲသွားသည်။ မည်သည့်ကျင့်ကြံသူမှအလိုမရှိသော တစ်စုံတစ်ခုကသူ့ထံ၌ဖြစ်ပျက်ခဲ့ပြီမှန်း သူနားလည်လိုက်သည်။
“ငါ့ဒန်တန်ကွဲသွားပြီး..ငါ့ဒန်တန်ကွဲသွားပြီ”
“မဟုတ်ဘူး”
အရာရှိက ဝမ်းနည်းကြေကွဲစွာအော်ဟစ်လိုက်သည်။ သူကဟင်းလင်းပြင်ထဲ၌ရှိနေသေးသည်ကို သူသိသည်ဖြစ်သည်။ ယခုသူကဒုက္ခိတတစ်ယောက်ဖြစ်လာ
သောကြောင့် ဟင်းလင်းပြင်အား ချိုးဖျက်နိုင်စွမ်းကိုဆုံးရှုံးလိုက်ရပြီမှန်းသူသိ၏။
“မဟုတ်ဘူး”
အရာရှိက ထပ်မံဟစ်ကြွေးအော်ဟစ်လိုက်သည်။ သို့သော် မည်မျှပင်သူကျယ်လောင်စွာအော်ဟစ်ပါစေ ထွက်လာသည့်ရလဒ်အားသူပြောင်း
လဲနိုင်ခြင်းမရှိပေ။ သူ၏ကိုယ်က အတောင်ကျိုးသွားသည့် ကြီးမားသောငှက်တစ်ကောင်ကဲ့သို့ မြေပြင်ထက်သို့ တစ်ဟုန်ထိုးပြုတ်ကျလာသည်။
“ဘန်း”ဟူသောအသံတစ်ခုနှင့်အတူ မြေပြင်နှင့်ပြင်းထန်စွာထိတွေ့သွားသည်။
“သူတောင်းစား..နင်ငါ့အဘိုးကိုရိုက်တယ်.. နင်ငါ့အဘိုးကိုရိုက်တယ်..”
အောက်ဘက်တွင် ကလေးမလေး ရှောင်ပုက ယုတ်မာသည့် သူပြုတ်ကျလာသည်ကိုတွေ့လိုက်ရပြီး အလျှင်အမြန်ကျောက်တုံးတစ်တုံးကိုကောက်ယူကာ အရာရှိထံသို့ပစ်လိုက်သည်။
“ဘန်း”ဟူသောအသံနှင့်အတူ ၎င်းက အရာရှိ၏ ဦးခေါင်းကိုထိမှန်သွားသည်။ အရာရှိ၏ကိုယ်မှာ ရုတ်တရက်တဆက်ဆက်တုန်နေသည်။ သူကယခင်ကဘိုးဘေးနယ်ပယ်တစ်ယောက်ဖြစ်ခဲ့သည်ဖြစ်သည်။နှစ်ပေါင်းများစွာကျင့်ကြံခဲ့ပြီးနောက်သူ၏ကိုယ်က သာမန်လူများထက်သာလွန်နေပြီဖြစ်သည်။ ဤကဲ့သို့အမြင့်မှ ကျဆင်းလာပြီးသည့်တိုင် သူကသေဆုံးခြင်းမရှိသေးပေ။
ဤအချိန်တွင် ရှစ်ဖုန့်၏ကိုယ်ကလည်းလေထဲမှဆင်းသက်
လာပြီး မြေပြင်ထက်၌လဲကာမေ့မြောနေသော အဘိုးအို လျို၏ဘေးတွင်ဆင်းသက်လိုက်သည်။
ဆက်ရန်………..
ဘာသာပြန်သူ-ARISE