အခန်း (၈၂၃)
Vol. 55 Ch. 823
လွီကျားကျေးရွာတွင်ဖြစ်သည်။
သေးငယ်သောသစ်သားတဲအိမ်လေးတစ်ခု၏ ဝင်ပေါက်၌ ရှစ်ဖုန့်က ကျောက်ထိုင်ခုံတစ်ခုပေါ်တွင်ထိုင်နေပြီး သူနှင့်သိပ်မဝေးသောနေရာ၌ ရွှံ့တို့ဖြင့် ကစားနေသည့် ရှောင်ပုထံသို့ကြည့်နေသည်။
အစောပိုင်းက ရှစ်ဖုန့်အနေဖြင့် လောချင်းချွမ်၏အော်ရာကို အာရုံခံမိခဲ့ပြီး လောချင်းချွမ်ကလည်းဤနေရာရှိသူ့ကိုအာရုံခံမိကာ သူ့ထံသို့အပြင်းလာနေသည်ဖြစ်သည်။ ၎င်းရောက်ရှိလာရန်မှာ သိပ်ကြာမည်မဟုတ်ပေ။
“အကိုကြီးက အရမ်းမိုက်တာပဲ”
ဤအချိန်တွင် ရွှံ့တို့ဖြင့် ကစားနေသော ရှောင်ပုက ရုတ်တရက် ရှစ်ဖုန့်ထံသို့ကြည့်လိုက်ပြီး အသံထွက်၍ပြောလိုက်သည်။
ထို့နောက် ရှောင်ပုက ပြောသည်။
“ခုဏက အကိုကြီးက ကောင်းကင်ထဲမှာ ငှက်တစ်ကောင်လိုမျိုးပျံသွားတာကို ရှောင်ပုတွေ့လိုက်တယ်.. ရှောင်ပုလည်း ကောင်းကင်ထဲမှာ ငှက်တစ်ကောင်လိုမျိုးပျံချင်ပေမဲ့ ရှောင်ပုက မပျံနိုင်ဘူး”
“မင်းကပျံသန်းချင်တာလား”
ရှစ်ဖုန့်ကပြောလိုက်သည်။
ရှစ်ဖုန့်၏စကားများအားကြားသောအခါတွင် ရှောင်ပု၏ဝဝလုံးလုံးမျက်နှာလေးက စိတ်ရှုပ်ထွေးသော အမူအယာကိုပြသလာပြီး ရှစ်ဖုန့်ကိုမေးလိုက်သည်။
“မပျံချင်တဲ့သူ ဘယ်သူရှိလို့လဲ”
ရှစ်ဖုန့်က ပြောလိုက်သည်။
“ရော့ဒါကိုယူလိုက်”
ရှစ်ဖုန့်က သူ၏သိုလှောင်လက်စွပ်အတွင်းမှ ကျောက်စိမ်းပြားတစ်ခုကိုထုတ်ယူလိုက်ပြီး ရှောင်ပုကိုလွှဲပေးလိုက်သည်။
ရှောင်ပုကထရပ်ပြီး ရှစ်ဖုန့်ရှေ့သို့လျှောက်လှမ်းလာသည်။ သူမကရှစ်ဖုန့်၏လက်ထဲမှ ကျောက်စိမ်းပြားကိုယူလိုက်ပြီး စိတ်ရှုပ်ထွေးမှု၊သိချင်စိတ်ပြင်းပြမှုနှင့်
မျှော်လင့်စောင့်စားသော အမူအယာတို့က သူမ၏မျက်နှာထက်တွင်ဖြစ်ပေါ်လာသည်။ သူမကရှစ်ဖုန့်ကိုမေးလိုက်သည်။
“အကိုကြီး ဒီဟာနဲ့ဆို သမီးပျံနိုင်မှာလား”
“ဘယ်ဟုတ်မလဲ”
ရှစ်ဖုန့်က ပြောလိုက်သည်။ထို့နောက်ဆက်ပြော၏။
“တို့လူသားတွေက အတောင်တွေမပါဘဲနဲ့မွေးလာကြတာ..
အဲ့တာကြောင့်မို့ တို့တွေကပျံသန်းချင်တိုင်းဘယ်လို
ပျံသန်းလို့ရမှာလဲ.. ဒါပေမဲ့ မင်းဒါလေးကို ဒီမှာထားလိုက်ဖို့လိုတယ်”
ဤသို့ပြောပြီးနောက် ရှစ်ဖုန့်က ရှောင်ပု၏နဖူးအားထိုးညွှန်ပြပြီးနောက် သူမကိုပြောလိုက်သည်။
“ဒီကျောက်စိမ်းပြားလေးကို ဒီနေရာမှာထားလိုက်ရင် ပျံသန်းနိုင်စွမ်းရှိလာလိမ့်မယ်”
“မင်းဒါကိုဒီမှာထားလိုက်ရင် မင်းရဲ့စိတ်ထဲကို ကျင့်ကြံခြင်းပညာရပ်က ကူးပြောင်းလာလိမ့်မယ်.. မင်းသာဒီကျင့်ကြံခြင်းပညာရပ်အတိုင်းကိုကျင့်ကြံလိုက်တာနဲ့ မကြာခင် ဒါမှမဟုတ် နောက်ပိုင်းကြ မင်းကောင်းကင်ကိုထိုးခွင်းပြီး အကိုကြီးလိုမျိုးပျံနိုင်လိမ့်မယ်”
“တကယ်လား”
ရှစ်ဖုန့်၏ စကားများအားကြားပြီးနောက် ရှောင်ပု၏ ချစ်ဖို့ကောင်းသောမျက်နှာ
လေးတွင် အလွယ်တကူ မယုံကြည်နိုင်သေးသော အသွင်အပြင်တစ်ခုဖြစ်ပေါ်လာသည်။
သို့သော် သူမကရှစ်ဖုန့်၏ ညွှန်ကြားမှုအတိုင်းလိုက်နာစဲဖြစ်ပြီး ကျောက်စိမ်းပြားအား သူမ၏ မျက်ခုံးနှစ်ခုကြားထဲသို့ထားလိုက်သည်။ ရုတ်ခြည်းကျင့်ကြံခြင်း ပညာရပ် အချက်အလက်တို့က ရှောင်ပု၏ စိတ်ထဲသို့ကူးပြောင်းလာသည်။
နှစ်ပေါင်းများစွာကြာပြီးနောက် အနောက်ပိုင်းဒေသကြီးတစ်ခုလုံးအား
လှုပ်ခတ်စေသော ဧကရီတစ်ပါးက ဤသေးငယ်သော လျှိုမြောင်လေးအတွင်းမှ တိတ်တဆိတ်မွေးဖွားလာခဲ့သည်။
“ဟမ်”
ဤအချိန်တွင် ရှစ်ဖုန့် က ဟင်းလင်းပြင်ထဲမှ စွမ်းအင်အတက်အကျတစ်ခုကို အာရုံခံမိလိုက်သည်။ သူကမော့ကြည့်လိုက်ပြီး အကွာအဝေးတစ်ခုအတွင်း၌ ကောင်းကင်အားထိုးခွင်းလာသော အဖြူရောင်ပုံရိပ်တစ်ခုအား မြင်တွေ့လိုက်ရသည်။၎င်းမှာ လောချင်းချွမ်ပင်ဖြစ်သည်။
လောချင်းချွမ်၏လက်ထဲတွင် ဖရိုဖရဲဖြစ်နေသောပုံရိပ်တစ်ခုရှိနေသည်။ ၎င်းက ရွှမ်းယွမ်ချန်ယွင်၏ သမီးဖြစ်သူ ရွှမ်းယွမ်ယန်ရို့ပင်ဖြစ်သည်။
မျက်စိရှင်သောရှစ်ဖုန့်က ရွှမ်းယွမ်ယန်ရို့၏ အဝတ်အစားများက အနည်းငယ်ဖရိုဖရဲဖြစ်နေသည်ကို သတိပြုမိလိုက်သည်။ ယမန်နေ့ညက သူမနှင့်လောချင်းချွမ်တို့၏ကြားထဲတွင် တစ်စုံတစ်ခုဖြစ်သွားခြင်းဖြစ်ရမည်ဖြစ်သည်။
“သခင်လေးဖုန့်”
လောချင်းချွမ်က ဆိတ်ငြိမ်စွာရှစ်ဖုန့်၏ရှေ့သို့ဆင်းသက်လာသည်။
“ချင်းချွမ်…”
ရှစ်ဖုန့်က တုန့်ပြန်ဖြေဆိုလိုက်သည်။ ထို့နောက်လောချင်းချွမ်ဘေးရှိ ရွှမ်းယွမ်ယန်ရို့ အား ကြည့်လိုက်သည်။
သူမ၏စိတ်ဝိညာဉ်အားဆုံးရှုံးကာ အနည်းငယ်အသက်မပါသောပုံစံဖြစ်နေသည့် ရွှမ်းယွမ်ယန်ရို့ကို တွေ့လိုက်ရသည်။ သူမအနေဖြင့် ယခင်ကဲ့သို့ မောက်မာသောဟန်ပန်များရှိမနေတော့ပေ။
သူမ၏ ကံကြမ္မာအား လက်သင့်ခံထားသကဲ့သို့ သူမကတိတ်ဆိတ်နေသည်။
ဤအချိန်တွင် လောချင်းချွမ်က ရှစ်ဖုန့်ကိုပြောလိုက်သည်။
“မနေ့ညက တစ်စုံတစ်ယောက်ကို ရွှမ်းယွမ် မြို့ထဲကိုသွားဖို့ကျွန်တော်ကြိုးကိုင်ပြီး ရွှမ်းယွှမ်ချန်ယွင်နဲ့ စေ့စပ်ဆွေးနွေးခဲ့တယ်..နေရာကူးပြောင်း
အစီအရင်ကို ငှားမလား ရွှမ်းယွမ်ယန်ရို့ကို သတ်ရမလားလို့မေးခဲ့တယ်..ရွှမ်းယွမ်ချန်ယွမ်က အပေါ်ယံအားဖြင့်သဘောတူညီခဲ့တယ်”
လောချင်းချွမ်၏ စကားတို့အားကြားပြီးနောက် ရှစ်ဖုန့်က သရော်လိုက်သည်။
“ရွှမ်းယွမ်ချန်ယွင်က ရည်မှန်းချက်ကြီးမားတဲ့သူပဲ..သူ့အဖေကိုတောင်သူကပြန်သတ်ရဲတယ်.. ပင်ကိုယ်အားဖြင့် သမီးတစ်ယောက်အတွက်နဲ့ငါတို့ကို သူက ညှိနှိုင်းသဘောတူမှာမဟုတ်ဘူး”
“သူက တို့ကို အပေါ်ယံသဘောတူညီမှုလုပ်ပြီးလှည့်စားချင်နေတာပဲ.အဲ့တာမှ တို့ကို သူသတ်နိုင်မှာ”
“ကျွန်တော်လည်းအဲ့လိုပဲထင်တယ်…”
လောချင်းချွမ်က ပြောလိုက်သည်။ ထို့နောက်သူကပြောသည်။
“ဒါဆို ကျွန်တော်တို့ ရွှမ်းယွမ်မြို့ကိုသွားမှာလား မသွားဘူးလား”
“သွားမှာပေါ့..ဒီသခင်လေးသွားမှာ”
ရှစ်ဖုန့်က စဉ်းပင်မစဉ်းစားပဲအဖြေပေးလိုက်သည်။
“ ငရဲဘုံဘုံနန်းရဲ့ လမ်းကိုသွားဖို့အတွက် တို့တွေ ရွှမ်းယွမ်မြို့က ရှေးဟောင်းနေရာကူးပြောင်းအစီအရင်
ကိုသုံးရအုံးမှာ.. ရွှမ်းယွမ်ချန်ယွင်ကတို့ကို လှည့်စားခေါ်ထုတ်ချင်တယ်.. ဘယ်လိုလုပ်ပြီးသူ့ကို တို့တွေအလွယ်တကူ အောင်မြင်ခွင့်ပေးနိုင်မှာလဲ.. သွားစို့.. တို့တွေရွှမ်းယွမ်မြို့အပြင်ဘက်ကို
အရင်သွားမယ်..အဲ့နောက် ရွှမ်းယွမ်ချန်ယွင်ဘယ်လိုမျိုးကစားချင်တာလဲဆိုတာကိုကြည့်ကြတာပေါ့”
“ကောင်းပါပြီ”
လောချင်းချွမ်က ခေါင်းညိမ့်လိုက်သည်။ ထို့နောက်သူနှင့်ရှစ်ဖုန်တို့က တစ်ချိန်တည်းတွင်လှုပ်ရှားလိုက်သည်။ သူတို့က ဟင်းလင်းပြင်အားထိုးခွင်းပြီး ရွှမ်းယွမ်မြို့ရှိရာဘက်သို့ တစ်ဟုန်ထိုးပျံသန်းသွားကြသည်။
သစ်သားတဲအိမ်လေး၏ရှေ့တွင် ရှောင်ပုတစ်ယောက်သာရပ်၍
ကျန်ရစ်နေခဲ့သည်။ သူမက ကျောက်စိမ်းပြားထံမှအချက်အလက်များအားသူမ၏စိတ်ထဲသို့လက်ခံနေဆဲဖြစ်သည်။
“ဘယ်အချိန်နင်တို့ငါ့ကိုလွှတ်ပေးမှာလဲ.. ငါ့အဖေရွှမ်းယွမ်ချန်ယွင်က နင်တို့ထင်တဲ့လူစားမျိုးမဟုတ်ဘူး. သူက ရွှမ်းယွမ်မြို့ရဲ့အရှင်သခင်ပဲ. သူက နင်တို့လိုချင်တာကို ပေးဖို့ကတိပေးထားတာမို့ သေချာပေါက်သူ့စကားကိုသူရုတ်သိမ်း
မှာမဟုတ်ဘူး”
လောချင်းချွမ်၏လက်ထဲ၌ဖမ်းဆီးခံထားရသော ရွှမ်းယွမ်ယန်ရို့က ရုတ်တရက်ပြောလိုက်သည်။
ယမန်နေ့ကကတည်းက ရွှမ်းယွမ်ယန်ရို့မှာ သူမ၏နှလုံသားအတွင်း၌ ဝမ်းနည်းကြေကွဲနေသည်ဖြစ်သည်။ ရွှမ်းယွမ်မြို့အတွင်း၌ ထိုအကြောက်အလန့်ကင်းမဲ့သောလူနှစ်ယောက်နှင့်တွေ့ရလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ ၎င်းတို့ကသူမအားရွှမ်းယွမ်မြို့အတွင်း၌ပြန်ပေးဆွဲ့ခဲ့ရုံသာမက သူမအားအသုံးချပြီး သူမ၏ဖခင်ဖြစ်သူအား ခြိမ်းခြောက်ရဲကြ၏။
သူမ၏ဖခင်က မည်သူနည်း။ သူကရွှမ်းယွမ်မြို့၏အရှင်သခင်ဖြစ်၏။ သူကအနောက်ပိုင်းဒေသကြီးတစ်ခုလုံး၌ ကျော်ကြားသောသူဖြစ်သည်။
ဤကဲ့သို့အိမ်မက်ဆိုးတစ်ခုအား ပက်ပင်းကြုံတွေ့ရလိမ့်မည်ဟု ရွှမ်းယွမ်ယန်ရို့ လုံးဝမထင်ထားခဲ့ပေ။
“မင်းကြည့်ရတာ မင်းအဖေကိုလုံးဝနားမလည်တဲ့ပုံပဲ”
ရွှမ်းယွမ်ယန်ရို့၏ စကားများအားကြားပြီးနောက် လောချင်းချွမ်ကသရော်လိုက်သည်။
“ငါတို့က သူ့သမီးကို ရွှမ်းယွမ်မြို့ထဲမှာ ဖမ်းဆီးခဲ့တယ်.. ဒါက သူ့မျက်နှာကိုဖြတ်ရိုက်လိုက်တာမျိုးပဲ.. အခုဆို သူကငါတို့ကိုသတ်ပြီး အလောင်းတွေကို မြို့တံတိုင်းမှာချိတ်ဆွဲကာ ရွှမ်းယွမ်ချန်ယွင်ဖြစ်တဲ့သူ့ကိုစော်ကားတဲ့ အကျိုးဆက်ကို အခြားသူတွေကိုသိစေချင်နေလောက်တယ်”
“မင်းကတော့ ဘာကိုလက်ဖဝါးထဲကပုလဲလဲ. မင်းရဲ့သေခြင်းရှင်ခြင်းကို ရွှမ်းယွမ်ချန်ယွင်က လုံးဝကိုဂရုမစိုက်တာ. မင်းကသူ့ကိုအရှက်ရစေလို့ လက်ဝါးတစ်ချက်ရိုက်ပြီးတောင်သူကမင်းကိုသတ်ချင်နေမှာ”
ရွှမ်းယွမ်ယန်ရို့က လောချင်းချွမ်၏ စကားတို့အား အလျှင်အမြန်ငြင်းချက်ထုတ်လိုက်သည်။
“အဓိပ္ပါယ်မရှိတာ. ဖခင်တစ်ယောက်က သမီးတစ်ယောက်ကိုဘယ်လိုလုပ်ပြီးသတ်ချင်မှာတဲ့လဲ”
သူမကသူမဖခင်၏လက်ထဲမှပုလဲလေး
တစ်လုံးဖြစ်ပြီး သူမဖခင်က သူမအား တုန်နေအောင်ချစ်သည်ဖြစ်သည်။ ဤသည်ကား ရွှမ်းယွမ်မြို့ရှိလူအားလုံးသိကြသောအရာဖြစ်၏။
“ကောင်းပြီ..ဒီမိန်းမက အရမ်း နုံတယ်..သူနဲ့ အဓိပ္ပါယ်မရှိတာတွေပြောပြီးလေကုန်ခံမနေနဲ့ “
ဤအချိန်တွင်ရှစ်ဖုန့်ကလည်းပြောလိုက်သည်။
“ဟားဟား”
လောချင်းချွမ်က ပြုံးလိုက်ပြီး ရွှမ်းယွမ်ယန်ရို့အားဘာမှထပ်မပြောတော့ချေ။ ရွှမ်းယွမ်မြို့နှင့်သူတို့နီးကပ်သည်ထက် နီးကပ်လာသကဲ့သို့ သူတို့ရှေ့ရှိမြေပြင်နှင့်ဟင်းလင်းပြင်ထဲမှ ကျင့်ကြံသူများ၏ အော်ရာများစွာကို ရုတ်တရက်အာရုံခံမိလိုက်သည်။
၎င်းတို့အနေဖြင့်ရွှမ်းယွမ်ချန်ယွင်ထံမှ သူတို့အားရှာဖွေရန် အမိန့်ကိုရရှိထားခြင်းဖြစ်ရမည်ဖြစ်သည်။
“ဒီမှာဆင်းကြတာပေါ့”
ရှစ်ဖုန့်က ခေါင်းကိုလှည့်၍လောချင်းချွမ်အား
ပြောလိုက်သည်။
တိုက်ဆိုင်စွာဖြင့် အောက်ဘက်တွင်တောအုပ်တစ်ခုရှိနေပြီး ၎င်းတို့ထဲကအချို့က ထိုနေရာတွင်ပုန်းနေကြသည်။
ရှစ်ဖုန့်ကထိုသို့ပြောပြီးနောက် လောချင်းချွမ်ကလည်းနောက်မှလိုက်ပါပြီး စတင်မျောလွင်းဆင်းလိုက်သည်။ မကြာခင်တွင် သူတို့က သိပ်သည်းထူထပ်လှသော သစ်ရွက်သစ်ခက်တို့ကို လွန်းထိုးခွဲပြီး တောအုပ်အတွင်းသို့ဆင်းသက်လိုက်ကြသည်။
လောချင်းချွမ်က သူ၏လက်ထဲမှရွှမ်းယွမ်ယန်ရို့အား
အသနားအညှာအတာမရှိ မြေပြင်ထက်သို့ပစ်ချလိုက်၏။
ဆက်ရန်……………
ဘာသာပြန်သူ-ARISE