အခန်း (၈၂၄)
Vol. 55 Ch. 824
တောအုပ်အတွင်းတွင် ရှစ်ဖုန့်က လောချင်းချွမ်အားပြောလိုက်သည်။
“ဒီမှာစောင့်ကြစို့ ..စစ်တပ်ရောက်လာဖို့သိပ်ပြီးတော့ ကြာမှာမဟုတ်ဘူး အဲ့အချိန်ကြရင် တို့တွေသူတို့ကို ချက်ချင်းထိန်းချုပ်ကြမယ်”
“ကျွန်တော်နားလည်ပါပြီ “
လောချင်းချွမ်က ခေါင်းညိမ့်လိုက်သည်။ ဤလူ၏တပည့်တစ်ဦးအနေဖြင့် သူက ဤလူလုပ်ချင်သောအရာများကို သိရှိပြီးဖြစ်သည်။ သူတို့ယခုပြုလုပ်ချင်နေသောအရာက ရွှမ်းယွမ်မြို့ အား ဖြစ်နိုင်သမျှ ပရမ်းပတာဖြစ်အောင်ပြုလုပ်လိုခြင်းပင်ဖြစ်သည်။
ထို့နောက် နှစ်ယောက်သား မြေပြင်ပေါ်တွင်ထိုင်ချလိုက်ပြီး ထိုလူများ ရောက်ရှိလာသည် ကို ဆိတ်ငြိမ်စွာစောင့်ဆိုင်းနေသည်။
လောချင်းချွမ်က ရွှမ်းယွမ်ယန်ရို့၏ အကြားအာရုံကို ဆီးလ်တစ်ခုဖြင့်ဆီးလ်ခတ်လိုက်ပြီး ရှစ်ဖုန့်ထံသို့ပြုံးပြလိုက်သည်။
“ရွှမ်းယွမ် ချန်ယွင်က ကျွန်တော်တို့ကို ဒီလိုမျိုးဖြစ်အောင် လုပ်လိမ့်မယ်လို့ ကျွန်တော်မမျှော်လင့်ထားခဲ့ဘူး.. အကယ်၍ သခင်လေးဖုန့်ရဲ့သရုပ်မှန်ကိုသာ သူသိခဲ့ရင် ဒီဘဝသူဘာနောင်တမှရတော့မှာ မဟုတ်တာတောင် ကြောက်မိတယ်”
သူ၏စိတ်ထဲတွင်တိတ်တဆိတ်တွေး
နေမိသည်ကားအကယ်၍ ဤနေရာ၌ရှိနေသူကသူ၏ယခင်ဆရာဖြစ်သူဆိုသည်ကိုသာသိမည်ဆိုလျှင် ရွှမ်းယွမ်ချန်ယွင်တစ်ယောက်အလွန်ပင်
ရူးသွပ်သွားလိမ့်မည်ဟူ၍ဖြစ်သည်။
“ဟမ့်…..ရွှမ်းယွမ်ချန်ယွင် “
ရှစ်ဖုန့်ကအေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။
“ဟမ့်သူက လူပျက်တစ်ယောက်ပါ.. ဒီသခင်လေး သူ့ကိုရက်နည်းနည်းလောက် မောက်မာခွင်ပေးအုံးမယ်…ငရဲဘုံဘုံနန်းကဒီသခင်လေး ထွက်လာပြီးတဲ့အချိန်ကြရင် အရင်ဆုံးဒီသခင်လေး သူ့ရဲ့ရွှမ်းယွမ်မြို့ကိုအရင်သွားမယ်.. အဲ့အချိန်ကြ သူ့ရဲ့အဘိုးရွှမ်းယွမ်ဝူမင်လိုမျိုး ဒီသခင်လေးကိုယ်တိုင် သူ့ကိုသတ်မယ်”
“သူတို့ရောက်လာကြပြီ”
ဤအချိန်တွင် ရှစ်ဖုန့်၏ မျက်လုံးတို့က ကျဉ်းမြောင်းသွားပြီး ရှေ့သို့ကြည့်လိုက်သည်။ အစောပိုင်းကသူအာရုံခံမိခဲ့သောအော်ရာက တောအုပ်အဝင်သို့ရောက်လာပြီဖြစ်သည်ကို အာရုံခံမိပြီးဖြစ်သည်။
ထို့နောက်တွင် များပြားလှသောကျင့်ကြံသူများက ဟင်းလင်းပြင်အားဖြတ်သန်းပျံသန်းလာကြသည်။
ရှစ်ဖုန့်က လောချင်းချွမ်အား လျှင်မြန်စွာပြောလိုက်၏။
“ချင်းချွမ် မင်းက တောအုပ်ထဲဝင်လာတဲ့ဒီလူတွေကို ကိုင်တွယ်လိုက် ..ကောင်းကင်ထဲမှာ ကြယ်လေးပွင့် ဧကရာဇ်နယ်ပယ်တစ်ယောက်ရှိတယ်.. တိုက်ပွဲကို မြန်မြန်အဆုံးသတ်ဖို့အတွက် ဒီသခင်လေးသွားလိုက်မယ်”
“နားလည်ပါပြီ”
လောချင်းချွမ်က ခေါင်းညိမ့်လိုက်ပြီးရှေ့သို့ဆက်လက်ပျံသန်းသွားသည်။
ရှစ်ဖုန့်ကလည်းလှုပ်ရှားလိုက်ပြီး ကောင်းကင်ထဲသို့ထိုးတက်လိုက်သည်။
ဟင်းလင်းပြင်ထဲတွင် ရွှေရောင်ချပ်ဝတ်ဗိုလ်ချုပ်တစ်ဦး၏ ဦးဆောင်မှုအောက်၌ ကျိုင်းကောင်အုပ်တစ်ခုကဲ့သို့ ရွှေရောင်ချပ်ဝတ်စစ်သည်တစ်အုပ်က ၎င်း၏နောက်မှလိုက်ပါလာသည်။ တစ်ချက်ကြည့်ရုံဖြင့် ၎င်းတို့တစ်သောင်းရှိသည်ကို သိနိုင်သည်ဖြစ်သည်။
၎င်းတို့တစ်ယောက်စီတိုင်းက အားကောင်းသော သတ်ဖြတ်ခြင်းအော်ရာတစ်ခုစီကို ထုတ်လွှတ်နေ၏။
၎င်းတို့၏ကိုယ်ပေါ်ရှိ ရွှေရောင်ချပ်ဝတ်များအရ ၎င်းတို့က ရွှမ်းယွမ်မြို့မှ စစ်သည်များ၏ ချပ်ဝတ်များဖြစ်ကြသည်။၎င်းတို့မှာ နမည်ကြားရုံနှင့်ပင် လူများအားကြောက်လန့်တုန်ယင်စေသော ရွှမ်းယွမ်တိုက်ပွဲဝင်စစ်သည်များဖြစ်ကြသည် ။
ရွှမ်းယွမ်မြို့အရှင်သခင် ရွှမ်းယွမ်ချန်ယွင်၏ အမိန့်အောက်တွင် ၎င်းတို့က ရွှမ်းယွမ်မြို့အတွင်း၌ ပြဿနာဖြစ်စေသော ပုံရိပ်နှစ်ခုအား ရှာဖွေနေခြင်းဖြစ်သည်။
ထိုအချိန်တွင် ရှေ့ဆုံးမှနေ၍ ပျံသန်းလာနေသော ကြယ်လေးပွင့်သူတော်စင်နယ်ပယ် ရွှမ်းယွမ်မြို့တိုက်ပွဲဝင်စစ်သည်ဗိုလ်ချုပ်ဖြစ်သူက ရုတ်ခြည်း တစ်ဟုန်ထိုးထိုးတက်လာသော အဖြူရောင်ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရသည်။ တစ်စုံတစ်ယောက်က တကယ်ကြီးသေချင်နေပြီး ရွှမ်းယွမ် တိုက်ပွဲဝင်စစ်သည်များ၏လမ်းကြောင်းကိုပိတ်ရဲနေသည်။
ထို့နောက်မကြာခင်တွင် ရွှမ်းယွမ်တိုက်ပွဲဝင်ဗိုလ်ချုပ်မှာ ဤလူအားယခင်ကတစ်နေရာရာ၌မြင်ဖူးနေသကဲ့သို့ ရင်းနှီးမှုရှိနေသည်ကို ခံစားလိုက်ရသည်။ ထို့နောက်မကြာလိုက်ခင် အလိုရှိသူ ပုံတူပန်းချီမှ ပုံရိပ်က သူ၏စိတ်ထဲ၌ပေါ်လာသည်။
“သူပဲ..အဲ့တာသူပဲ.ကမ္ဘာဦးကျောက်တုံး သန်းနှစ်ရာဆုကြေးထုတ်ခံထားရတဲ့ ရွှမ်းယွမ်မြို့အရှင်သခင် အလိုရှိနေတဲ့ ရာဇဝတ်သားပဲ”
ဤအရာအားတွေးမိသောအခါတွင် ရွှမ်းယွမ် တိုက်ပွဲဝင်စစ်သည်ဗိုလ်ချုပ်က သူ၏ရွှေရောင်ပုဆိန်ကို အောက်သို့ထိုးညွှန်ပြလိုက်ပြီး သူ့နောက်ရှိရွှေရောင်ချပ်ဝတ်စစ်သည်များကို အော်ပြောလိုက်သည်။
“ရပ်လိုက်စမ်း..”
“စစ်သည်တို့ တိုက်ပွဲအခင်းအကျင်းကို ပုံဖော်ပြီး သူ့ကိုသတ်ကြ .. ဒီလူက မြို့အရှင်သခင်ဖမ်းဆီးချင်နေတဲ့ ရာဇဝတ်သားပဲ”
“သတ်”
“သတ်”
“သတ်”
“သတ်”
“သတ်”
သက်လတ်ပိုင်းအရွယ်စစ်ဗိုလ်ချုပ်ဖြစ်သူ စကားပြောပြီးပြီးချင်း ရွှမ်းယွမ်တိုက်ပွဲဝင်စစ်သည်များက စတင်ပြိုင်တူသံပြိုင်အော်ဟစ်လိုက်ကြသည်။
လူပေါင်းတစ်သောင်း၏ အော်ဟစ်သံတို့က အရမ်းကိုကျယ်လောင်သကဲ့သို့ တောင်များကိုပြိုလဲစေပြီး ပင်လယ်များအားအငွေ့ပျံနိုင်စွမ်းရှိစေသကဲ့သို့ပင်ထင်ရသည်။ရွှေရောင်ချပ်ဝတ်စစ်သည်များက ရုတ်ခြည်းတိုက်ပွဲအခင်းအကျင်းတစ်ခုကို ခင်းကျင်းပုံဖော်လိုက်သည်။
ရှစ်ဖုန့်က အောက်ရှိတောအုပ်ထဲသို့ကြည့်နေစဉ်တွင် သူ၏အာရုံအား ရွှေရောင်ချပ်ဝတ်ဗိုလ်ချုပ်၏နောက်သို့ စူးစိုက်ထားသည်။ သူ၏ကိုယ်က ရွှေရောင်ချပ်ဝတ်ဗိုလ်ချုပ်၏ရှေ့သို့
လျှင်မြန်စွာရောက်ရှိသွားပြီး သူ၏ညာလက်သီးအားတင်းနေအောင်ဆုပ်လိုက်၏။ သူ၏လက်သီးတွင် အဖြူရောင်တိမ်တိုက်စီးကြောင်းတစ်ခုက ဝန်းရံနေသကဲ့သို့လက်သီးအား ရှေ့သို့ပစ်သွင်းလိုက်သည်။
“ ရိုင်းစိုင်းလိုက်တာ..မင်းကသေချင်နေတာပဲ”
ရောက်ရောက်ချင်းလူငယ်ရာဇဝတ်သားက သူ့ထံသို့လက်သီးတစ်လုံးအားပစ်သွင်းလာသည်ကိုမြင်တွေ့ရသောအခါတွင် ရွှေရောင်ချပ်ဝတ်ဗိုလ်ချုပ်က အောက်သို့ငုံ့ကြည့်ကာအော်ပြောလိုက်သည်။
ရွှေရောင်ချပ်ဝတ်ဗိုလ်ချုပ်က ရွှေရောင်ပုဆိန်အားသူ၏လက်နှစ်ဖက်
လုံးဖြင့်တင်းနေအောင်ဆုပ်ကိုင်လိုက်သည်။ပုဆိန်က ရွှေရောင်အလင်းတန်းကိုထုတ်လွှတ်ပြီး ရှစ်ဖုန့်ထံသို့တစ်ဟုန်ထိုးခုတ်ပိုင်းကျဆင်း
လာသည်။ ၎င်းက ဧရာမတောင်ကြီးတစ်လုံးအား ပိုင်းခြမ်းပစ်နိုင်သကဲ့သို့ စွမ်းအားကိုပိုင်ဆိုင်ထားပုံရပြီး ရှစ်ဖုန့်၏လက်သီးထံသို့ခုတ်ပိုင်း
လာခြင်းဖြစ်သည်။
“ဘန်း”
ထိတွေ့ပစ်ဆောင့်သည့်အသံက ကောင်းကင်နှင့်မြေပြင်ကြားထဲ၌ ရိုက်ခတ်ထွက်ပေါ်လာသည်။ အဖြူရောင်တိမ်တိုက်လက်သီးက ရွှေရောင်ချပ်ဝတ်ဗိုလ်ချုပ်၏ ပုဆိန်နှင့် ထိပ်တိုက်တွေ့သွားခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင် ရွှမ်းယွမ်တိုက်ပွဲဝင်ဗိုလ်ချုပ်မှာသူ၏နောက်သို့နှစ်ပေါင်းများစွာနေရာအနှံ့လိုက်ပါလာခဲ့သော ရွှေရောင်ပုဆိန်က တကယ်ကြီး ထိုလူ၏လက်သီးချက်ကြောင့် အစိတ်စိတ်အမွှာမွှာကွဲကြေသွားသည်ကို မြင်တွေ့လိုက်ရသည်။
“ဒါက..ဒါကဘယ်လိုဖြစ်နိုင်မှာလဲ. ငါ့လိုပဲသူကလည်းကြယ်လေးပွင့် ဧကရာဇ်နယ်ပယ်တစ်ယောက်ပဲဟာ ဘယ်လိုဖြစ်ပြီး သူကအရမ်းအားကောင်းနေရတာလဲ”
သူ၏ အစွမ်းကုန်တိုက်ခိုက်သမျှအားလုံးက ထိုလူ၏ဖိနှိပ်ခြင်းကိုခံလိုက်ရရုံသာမက သူ၏တိုက်ပွဲဝင်လက်နက်ဖြစ်သော ရွှေရောင်ပုဆိန်ကပါ ပျက်စီးသွားခြင်းဖြစ်ပြီး သူက ၎င်း၏လုံးလုံးလျားလျားဖိနှိပ်ခြင်းကိုခံလိုက်ရခြင်းဖြစ်သည်။ရွှမ်းယွမ်တိုက်ပွဲဝင်စစ်သည်ဗိုလ်ချုပ်၏ မျက်နှာထက်တွင် မယုံကြည်နိုင်သောအမူအယာ
တစ်ခုဖြစ်ပေါ်လာသည်။
သို့သော် မကြာခင် တိုက်ပွဲက မပြီးဆုံးသေးသည်ကို သူသဘောပေါက်သွားသည်။ ထိုလူ၏ လက်ကသီးက ပြင်းထန်စွာဖြင့် သူ၏ခန္ဓာကိုယ်အား ခြေမွဖျက်ဆီးပစ်ရန်လာနေဆဲဖြစ်သည်။
ရွှမ်းယွမ် ဗိုလ်ချုပ်၏ စိတ်ထဲတွင် ယခင်ကတစ်ခါမှမခံစားရဘူးသော အန္တရာယ်အသိအာရုံတစ်ခုကို ခံစားလိုက်ရသည်။
“ဟင့်အင်း..ငါမသေနိုင်ဘူး..
ငါဒီနေရာမှာမသေနိုင်ဘူး.. ငါ့မှာအသက်ရှင်ဖို့အချိန်အများကြီးကျန်သေးတယ်.. ငါကအကန့်သတ်မဲ့တဲ့ ကြွယ်ဝချမ်းသာမှုတွေနဲ့ စည်းစိမ်အာဏာကို ခံစားရအုံးမှာ”
“လွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲ ရွှမ်းယွမ်မြို့အရှင်သခင်ကို ငါ့ရဲ့အလှဆုံးသမီးလေးကို ဆက်သခဲ့တယ်..ရွှမ်းယွမ်မြို့အရှင်ကသူမကို တုန်နေအောင်ချစ်တာလို့ငါကြားထားတယ်.ငါ့ရဲ့သမီးလေးအပေါ်မှီခိုအားထားပြီးတော့ငါက မကြာခင် သမီးလေးနဲ့အတူ ထင်ပေါ်ကျော်စောလာတော့မှာ ဘယ်သူသိနိုင်မှာလဲ ငါ့ရဲ့လုပ်ပိုင်ခွင့်အာဏာက စစ်သူကြီး ယွမ်ကျန့်ထက် အနာဂတ်မှာပိုပြီး သာလွန်နိုင်မလားဆိုတာကို”
“ငါဒီနေရာမှာ မသေနိုင်ဘူး”
ရွှမ်းယွမ် စစ်သည်ဗိုလ်ချုပ်က သူ၏စိတ်နှလုံးအတွင်းလက်သင့်မခံနိုင်မှုများဖြင့် ကြုံးဝါးအော်ဟစ်လိုက်သည်။ သူကအလျှင်အမြန် နောက်သို့ဆုတ်လိုက်သည်။
သို့သော် သူ၏ဆုတ်ခွာခြင်းက မည်မျှပင်မြန်ဆန်စေကာမူရှစ်ဖုန့်၏ရွေ့လျားခြင်းပညာရပ်ထက်သူကမည်မျှမြန်ဆန်နိုင်ပါမည်နည်း။ ရှစ်ဖုန့်က ရွှမ်းယွမ်စစ်သည်ဗိုလ်ချုပ်အား လျှင်မြန်စွာဖမ်းမိသွားသည်။ မကြာခင်ရွှမ်းယွမ်စစ်သည်ဗိုလ်ချုပ်၏
မျက်နှာထက်၌လက်သင့်မခံနိုင်မှုနှင့်တုန်လှုပ်မှုတို့ဖြင့်ပြည့်နှက်နေပြီး ရှစ်ဖုန့်၏လက်သီးချက်က ရွှမ်းယွမ်စစ်သည်ဗိုလ်ချုပ်၏ရင်ဘက်အားထိမှန်သွားသည်။
လက်သီးချက်က ရွှမ်းယွမ်စစ်သည်ဗိုလ်ချုပ်၏ ကိုယ်အားထွင်းဖောက်သွားသည်။
“မဟုတ်ဘူး”
ပြင်းထန်လှသောနာကျင်မှုနှင့်အတူ ရွှမ်းယွမ်တိုက်ပွဲဝင်စစ်သည်ဗိုလ်ချုပ်မှာ ဝမ်းနည်းကြေကွဲစွာဖြင့် ဟစ်ကြွေးလိုက်သည်။ သူ၏ဟစ်အော်သံက ကောင်းကင်ထဲသို့ထိုးတက်သွား၏။
ထို့နောက်ချက်ချင်း ရွှမ်းယွမ်တိုက်ပွဲဝင်စစ်သည်ဗိုလ်ချုပ်မှာ သူ၏ကိုယ်အတွင်းရှိသွေးတို့က ပြင်းထန်စွာလည်ပတ်လာပြီး ပြောင်းပြန်ဆန့်ကျင်စီးဆင်းလာ
သည်ကိုခံစားလိုက်ရသည်။ သူ၏တစ်ကိုယ်လုံး၌ ဖော်ပြ၍မရနိုင်သော သက်တောင့်သက်သာမဖြစ်သည့် ခံစားချက်တစ်ခု က ပျံ့နှံ့လာသည်။
သူ၏ ခန္ဓာကိုယ်က လေလျော့သွားသောပူဖောင်းတစ်လုံးကဲ့သို့ တစ်ဟုန်ထိုး ရှုံ့တွသွားသည်။
“အိုး”
ဤအခိုက်အတန့်တွင်ရှစ်ဖုန့်မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ခေါင်းထက်ရှိ ကောင်းကင်ထဲ၌ ပြင်းထန်သောသတ်ဖြတ်ခြင်းအော်ရာတစ်ခု ရုတ်ခြည်းထိုးတက်လာသည်။ ရွှေရောင်ချပ်ဝတ်တိုက်ပွဲဝင်စစ်သည်တစ်သောင်းက တိုက်ပွဲအခင်းအကျင်းတစ်ခုကိုပုံဖော်လိုက်ပြီး ပြင်းထန်သောသတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့ ပြည့်နှက်နေသည့် ဧရာမလှံပုဆိန်တစ်ခုကို ပုံဖော်လိုက်သည်။ လှံပုဆိန်က အောက်ရှိ ရှစ်ဖုန့်ထံသို့ပြင်းထန်စွာကျဆင်းလာသည်။
ရွှမ်းယွမ်တိုက်ပွဲဝင်စစ်သည်တစ်သောင်း၏ ခွန်အားက ကြယ်တစ်ပွင့်ဧကရာဇ်နယ်ပယ်
တစ်ဦး၏တိုက်ခိုက်မှုနှင့်ညီမျှသည်ဖြစ်သည်။
“ချိုးဖျက်စမ်း”
ခုတ်ပိုင်းကျဆင်းလာသော လှံပုဆိန်အားရင်ဆိုင်ရင်း ရှစ်ဖုန့်ကလုံးဝကြောက်လန့်နေခြင်းမရှိပေ။ ရုတ်တရက်သူက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
ရွှမ်းယွမ်တိုက်ပွဲဝင်စစ်သည်ဗိုလ်ချုပ်က ရှစ်ဖုန့်၏သတ်ဖြတ်ခြင်းကိုခံခဲ့ရပြီးဖြစ်သည်။ ရှစ်ဖုန့်က၎င်း၏သွေးတို့အားရူးသွပ်စွာစုပ်ယူခဲ့၏။ တိုက်ပွဲအခင်းအကျင်းအမိန့်ပေးမှုမရှိဘဲ ထိုတိုက်ပွဲအခင်းအကျင်းက အခင်းအကျင်းတစ်ခုသက်သက်သာ
ဖြစ်လိမ့်မည်ဖြစ်သည်။
ရှစ်ဖုန့်၏ အော်သံအောက်တွင် အားကောင်းသောသတ်ဖြတ်ခြင်းအော်ရာတို့နှင့် ရွှေရောင်လှံပုဆိန်ကြီးမှာ ရုတ်ခြည်းပြိုလဲသွားသည်။
ဆက်ရန်……….
ဘာသာပြန်သူ-ARISE