← Chapters

အခန်း (၈၂၅)

Vol. 55 Ch. 825

အခန်း (၈၂၅)

Vol. 55 Ch. 825

ဟင်းလင်းပြင်ထဲတွင် ရှစ်ဖုန့်က အော်ပြောလိုက်ပြီး ကောင်းကင်ထဲမှ ခုတ်ပိုင်းကျဆင်းလာသော ရွှေရောင်လှံပုဆိန်ကြီးက ပြိုကွဲသွားသည်။ထို့နောက်ချက်ချင်း ရှစ်ဖုန့်က သူ၏လက်တို့ဖြင့်ဆီးလ်တစ်ခုအားပုံဖော်လိုက်၏။ အဖြူရောင်ဖားလောင်းကဲ့သို့သော စာလုံးလေးများက ရှစ်ဖုန့်၏ လက်သင်္ကေတဆီးလ်တို့ထံမှ စီးမြောထွက်လာသည် ။

ပြွတ်သိပ်များပြားလှသော အဖြူရောင်ရုန်းများမှာ ပြင်းထန်အုံကြွနေသောရေစီးကြောင်း သို့မဟုတ် တလိပ်လိပ်ထနေသော ပင်ယ်တစ်ခုကဲ့သို့ဖြစ်သည်။ ၎င်းတို့က ရွှေရောင်ချပ်ဝတ်စစ်သည်များထံသို့ လျှင်မြန်သောအမြန်နှုန်းဖြင့် ဦးတည်သွားပြီး မကြာခင်တွင် ၎င်းတို့ပေါ်သို့ကျဆင်းသွားသည်။

ထို့နောက်တွင် ရုန်းများက ၎င်းတို့၏ကိုယ်အတွင်း ရိုက်နှိပ်လိုက်သလိုဖြစ်သွားပြီး များပြားလှသော ရုန်းတို့၏ရိုက်နှိပ်လိုက်သည့်ပုံရိပ်များက ရုတ်ခြည်းပျောက်ကွယ်သွားသည်။

ဤအရာအားလုံးအားပြုလုပ်ပြီးနောက် ရှစ်ဖုန့်က ဝင့်ကြွားစွာရပ်နေပြီး သူ့ရှေ့ရှိ ရွှေရောင်ချပ်ဝတ် စစ်သည်တစ်သောင်းအား အေးစက်စွာစိုက်ကြည့်နေသည်။

“သတ်”

ဤအချိန်တွင် ရွှေရောင်ချပ်ဝတ်စစ်သည်တစ်သောင်းက ထပ်မံပြိုင်တူအော်ဟစ်လိုက်ကြသည်။ နောက်တစ်ဖန် တိုက်ပွဲအစီအရင်အခင်းအကျင်းကို အတူတကွ အသက်သွင်းဖို့လုပ်ဆောင်လိုက်ကြပြီး သူတို့ရှေ့ရှိ ရာဇဝတ်သားကို သတ်ရန်လုပ်ဆောင်ကြသည်။

နောက်တစ်ကြိမ် ဧရာမရွှေရောင်လှံပုဆိန်ကြီးတစ်ခုက ကောင်းကင်ထဲတွင်ပေါ်လာပြီး ရှစ်ဖုန့်ထံသို့ခုတ်ပိုင်းကျဆင်းလာသည်။

“မနာခံကြသေးဘူးပဲ”

အသက်သွင်းထားသောတိုက်ပွဲအစီအရင်အခင်းအကျင်းနှင့် သူ့ထံသို့ခုတ်ပိုင်းကျဆင်းလာသော ရွှေရောင်လှံပုဆိန်ကိုရင်ဆိုင်ရင်းရှစ်ဖုန့်က အေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် သူ၏လက်ကိုတစ်ချက်လှုပ်ရှားလိုက်၏။

ရှစ်ဖုန့်၏စိတ်အောက်တွင် ခုတ်ပိုင်းကျဆင်းလာသောရွှေရောင်လှံပုဆိန်မှာ ရုတ်တရက် ပြင်းထန်စွာတုန်ခါလာသည်။ ထို့နောက်ယခင်ကကဲ့သို့ပင် ၎င်းက သဲလွန်စတစ်ခုပင်ကျန်ရစ်ခြင်းမရှိဘဲ ပျောက်ကွယ်သွားသည်။ တစ်ချိန်တည်းတွင် သူ့ရှေ့ရှိ ရွှေရောင်ချပ်ဝတ်စစ်သည်များထံမှ နာကျင်စွာဖြင့်စူးစူးဝါးဝါးအော်ဟစ်သောအသံများထွက်ပေါ်လာသည်။

“အား..အား..အား..”

“နာတယ်.. နာလိုက်တာ.ဘာတွေဖြစ်နေတာလဲ”

“အား”

“အူး..ဒါကဘယ်လိုဖြစ်နိုင်မှာလဲ.ငါ့ကိုယ်က မထိန်းချုပ်နိုင်ဘဲသူ့ဖာသာသူထိခိုက်နေတယ်”

“အား.အား.အား”

ရွှေရောင်ချပ်ဝတ်စစ်သည်တစ်သောင်းတို့မှာ ရှစ်ဖုန့်၏ အမှတ်အသား ပြုလုပ်ခြင်းကိုခံခဲ့ရပြီးဖြစ်သည်။ ယခု ၎င်းတို့က ရုပ်သေးရုပ်များနှင်မခြားတော့ပေ။ ၎င်းတို့၏သေခြင်းရှင်ခြင်းက ရှစ်ဖုန့်၏လက်အတွင်း၌ရှိသည်ဖြစ်သည်။

ဤအချိန်တွင် ရှစ်ဖုန်က၎င်းတို့အားအကြွင်းမဲ့သစ္စာခံမှုအတွက်မတောင်းခင်အရင်ဆုံး သင်ခန်းစာပေးသည့်အနေဖြင့်အနည်းငယ် ဒုက္ခခံစေလိုသည်။

ရှစ်ဖုန့်ကဝေဒနာကိုခံစားနေကြရဆဲဖြစ်သော ရွှေရောင်ချပ်ဝတ်စစ်သည်များကိုကြည့်၍ ဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။

“အခုကစပြီး မင်းတို့က ဒီသခင်လေးရဲ့ကျွန်တွေပဲ.. မင်းတို့ရဲ့သေခြင်းရှင်ခြင်းက ဒီသခင်လေးရဲ့လက်ထဲမှာရှိတယ်.. ဒီသခင်လေးရဲ့အမိန့်ကိုမနာခံရဲတဲ့သူရှိရင် ဒီသခင်လေးကမင်းတို့ဆန္ဒအတိုင်းသေတွင်းပို့ပေးမယ်”

“ငါတို့က ရွှမ်းယွမ်တိုက်ပွဲဝင်စစ်သည်တွေပဲ.. ငါတို့ကရွှမ်းယွမ်မြို့အရှင်သခင်ကိုပဲသစ္စာရှိတယ်.. ဘာလို့မင်းပြောတာကိုငါတို့ကနားထောင်ရမှာလဲ.. မင်းက နေ့ခင်းကြောင်တောင်အိမ်မက်မက်နေတာပဲ..အား..အား”

ဤအချိန်တွင် ရွှေရောင်ချပ်ဝတ်စစ်သည်တစ်ဦးက မမြင်နိုင်သည့်ဝေဒနာကိုခံစားနေရသော်လည်း ရှစ်ဖုန့်၏စကားတို့အားကြားသောအခါတွင် အော်ဟစ်ပြောလိုက်သည်။

“ဟုတ်တယ်..အမှန်ပဲ. စစ်သည်တစ်ယောက်ကအရှက်ကွဲမှာထက်သေရတာကိုပဲတောင့်တတယ်.. အကယ်၍ငါ ရွှမ်းယွမ်ကျန့်ပမ်းသေရရင်တောင်ငါဂုဏ်ယူတယ်.. ဘယ်လိုလုပ်ပြီးငါကမင်းကိုအညံ့ခံနိုင်မှာလဲ”

“ငါရွှမ်းယွမ်ကျန့်ပမ်းက အညံ့ခံဖို့ထက် သေပဲသေလိုက်မယ်. ကံမကောင်းတာက ငါတို့က စစ်တလင်းမှာသေရတာမဟုတ်တာပဲ.. အား…အား”

ထို့နောက်တွင် “ငါတို့သေရင်တောင် အညံ့မခံဘူး”ဟူသည့် ပြတ်သားသည့်အော်သံများက ရာထူးမြင့်ရွှေရောင်ချပ်ဝတ်စစ်သည်များထံမှ တစ်ခုပြီးတစ်ခုထွက်ပေါ်လာသည်။

“တကယ်လား..အညံ့ခံတာထက် သေလိုက်မယ်တဲ့လား”

ရွှေရောင်ချပ်ဝတ်စစ်သည်များ၏ စကားများအားကြားရသောအခါတွင် ရှစ်ဖုန့်က သရော်လိုက်သည်။ အစောပိုင်းက ပြောဆိုခဲ့သော စစ်သားများအားသူမှတ်ထားခဲ့ပြီးဖြစ်၏။

၎င်းတို့စုစုပေါင်း တစ်ရာ့သုံးယောက်ရှိသည်ဖြစ်သည်။

ကြည့်ရသည်မှာ သူကအရမ်းကိုပျော့ပျောင်းသောနှလုံးသားရှိခဲ့မိပုံပေါ်၏။ ရုတ်ခြည်း ရှစ်ဖုန့်၏ အမိန့်အောက်တွင် တစ်ရာ့သုံးယောက်သော ရွှေရောင်ချပ်ဝတ်စစ်သည်တို့မှာ ကောင်းကင်ထဲသို့ပျံတက်သွားသည်။

ရှစ်ဖုန့်က လှောင်ပြုံးပြုံးပြီးပြောလိုက်၏။

“သေခြင်းကမင်းတို့ကိုမကြောက်လန့်စေဘူး.. ဒါပေမဲ့ ပုရွက်ဆိတ်တစ်သောင်းကိုက်ခဲခြင်းဆိုတဲ့ ခံစားချက်တစ်ခုရှိတယ်.. အသက်ရှင်လျက်သေရတာက လုံးဝသေသွားရတာထက်ကိုဆိုးတယ်.. မင်းတို့တစ်ရာ့သုံးယောက်က အရှုံးမပေးတဲ့သူတွေပဲ. ပုရွက်ဆိတ်တစ်သောင်းကိုက်ခဲခြင်းကနေ မင်းတို့ရှင်ကျန်နိုင်ပါ့မလားဆိုတာ ဒီသခင်လေးမသိဘူး. မင်းတို့တွေရှင်သန်နိုင်ဖို့ကိုဒီသခင်လေး မျှော်လင့်နေမယ်”

ရှစ်ဖုန့်၏အသံက မကျယ်သော်လည်း ၎င်းက ရွှေရောင်ချပ်ဝတ်စစ်သည်တစ်ယောက်စီတိုင်း၏နားထဲသို့ရောက်ရှိသည်ဖြစ်သည်။

“ပုရွက်ဆိတ်တစ်သောင်းကိုက်ခဲခြင်း” ဟူသောစကားက များစွာသောလူများ၏ ဆံပင်များကိုထောင်မတ်သွားစေသည်။ တွေးကြည့်ရုံဖြင့်ပင် သည်းမခံနိုင်လောက်အောင်နာကျင်သော ခံစားမှုကို သူတိုစိတ်ကူးကြည့်၍ရနိုင်သည်ဖြစ်သည်။

ထို့နောက်ရှစ်ဖုန့်က ၎င်းတို့၏ အရေမရအဖက်မရပြောဆိုခြင်းကို ရပ်တန့်လိုက်သည်။ သူ၏စိတ်အားနောက်ထပ်တစ်ချက်လှုပ်ရှား

လိုက်ပြီး ပုရွက်ဆိတ်တစ်သောင်း၏ ကိုက်ခဲမှုကိုစတင်လိုက်သည်။

“အား..အား..အား.အား”

“အား”

ရုတ်ခြည်း ရွှေရောင်ချပ်ဝတ်စစ်တပ်၏အထက်လေထဲရှိလူတစ်ရာ့သုံးယောက်တို့၏ စိတ်မချမ်းမြေ့ဖွယ်နာကျင်မှုအပြည့်ဖြင့်အော်ဟစ်သောအသံများထွက်ပေါ်လာသည်။

အချို့လူများက လေထဲ၌ ရူးသွပ်စွာအော်ဟစ်လူးလှိမ့်နေသည်။

“အား..ငါ့ကိုသတ်ပါ.. သတ်ပါ..အား..အား..အား..ငါ့ကိုသတ်လိုက်ပါ.. အား”

အစပိုင်းလေးပင်ရှိသေးသော်လည်း အချို့လူများမှာထပ်မံတောင့်ခံနိုင်ခြင်းမရှိတော့ဘဲ သေခြင်းတရားကိုပေးရန်တောင်းပန်ခယနေ၏။

အောက်၌ရှိနေသော ရွှေရောင်ချပ်ဝတ်စစ်သည်များမှာ ကောင်းကင်ထဲသို့မော့ကြည့်နေသည်။ လူပေါင်းတစ်ရာ့သုံးယောက်၏အော်သံတို့မှတစ်ဆင့် ထိတ်လန့်ဖို့ကောင်းသော ညှင်းပန်းနှိပ်စက်မှုဝေဒနာကို ၎င်းတို့ခံစားနေရကြောင်းကို ပြောနိုင်သည်ဖြစ်သည်။

အစောပိုင်းကလူတစ်ရာ့သုံးယောက်ကဲ့သို့ မရပ်တည်ခဲ့ခြင်းက ကံကောင်းသည်ဟု လူများစွာကစတင်ခံစားလာရသည်။ ရှစ်ဖုန့်ကလူတစ်ရာ့သုံးယောက်အား စတင်ကိုင်တွယ်ချိန်တွင် အခြားသူများ၏နာကျင်မှုမှာ ယခုအခါ၌ပျောက်ကွယ်သွားသည်။

“အား..ငါ့ကိုသတ်ပါ.. နာလိုက်တာ..အရမ်းကိုနာတယ်..အရမ်းယားလိုက်တာ.. အရမ်းနေလို့မကောင်းဘူ.. ကျေးဇူးပြုပြီးတောင်းပန်ပါတယ်..သတ်ပေးပါ”

ထို့နောက်မကြာခင် အော်သံများက ယခင်ကထက်ပို၍ စူးစူးဝါးဝါးထွက်ပေါ်လာသည်။ ရှစ်ဖုန့်ပုရွက်ဆိတ်တစ်သောင်းကိုက်ခဲခြင်းကို ၎င်းတို့၏အသားတွင်သာမက ၎င်းတို့၏အရိုးများ၊အကြောများ၊လျှာများနှင့်မျက်စံများကိုပါကိုက်ခဲစေခြင်းဖြစ်သည်။

၎င်းတို့ကခေါင်းအစခြေအဆုံး လူမဆန်သည့်ညှင်းပန်းနှိပ်စက်မှုမျိုးကိုခံစား

နေရခြင်းဖြစ်သည်။

“ကျွန်တော် သခင့်ကိုအညံ့ခံဖို့ဆန္ဒရှိပါတယ်.. ကျွန်တော်သခင့်ကို သခင်အဖြစ်မှတ်ယူပါ့မယ်.. ကျေးဇူးပြုပြီးသခင်ရပ်ပေးနိုင်မလား. ကျွန်တော်သခင့်ကိုသခင်အဖြစ်မှတ်ယူပါ့မယ်..အား.အား”

‌

နောက်ဆုံးတွင်အချို့သူများမှာ ထပ်မံတောင့်ခံနိုင်ခြင်းမရှိဘဲ ရှစ်ဖုန့်အား စတင်အညံ့ခံလာသည်။

အညံ့ခံသောအသံထွက်ပေါ်လာသောအခါတွင် များစွာသောအသံများကလည်းနောက်မှလိုက်ပါလာသည်။

“အား.. ကျွန်တော်ရောပဲ အညံ့ခံပါ့မယ်.သခင်..ကျေးဇူးပြုပြီးရပ်ပါတော့”

“ကျွန်တော်ရောပဲ.. ကျွန်တော်သေတဲ့အထိသခင်အပေါ်သစ္စာရှိပါ့မယ်..အား”

“ဟမ့်”

သို့သော် တောင်းပန်အသနားခံသံများအားကြားလိုက်

ရသောအခါတွင်ရှစ်ဖုန့်က အေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။ သူကသရော်ပြီးပြောလိုက်၏။

“မင်းတို့က အကျင့်ယုတ်တဲ့ကောင်တွေ.. ဒီသခင်လေးသာမင်းတို့ကိုသင်ခန်းစာမပေးရင် မင်းတို့ကဒီသခင်လေးဘယ်လောက်စွမ်းအားကြီးလဲဆိုတာကိုသိမှာမဟုတ်ဘူး”

“အခုမှလာပြီးဒီသခင်လေးကိုတောင်းပန်ဖို့နောက်ကျသွားပြီ”

“ဟစ်..ဟစ်..ဟစ်..ဟစ်..ဟစ်”

ရှစ်ဖုန့်၏စကားတို့ထွက်ပေါ်လာလာခြင်း ပင့်သက်ရှိုက်သောအသံများအစီအရီထွက်ပေါ်

လာသည်။ ဤအကြင်နာမဲ့ရက်စက်သောလူ၏ပုံစံက တကယ့်ကို အကြင်နာမဲ့ရက်စက်ခြင်းပင်ဖြစ်သည်။ ၎င်းတို့ကသူ့အား အညံ့ခံပြီး သနားညှာတာပေးရန်တောင်းပန်သည့်တိုင်၎င်းက လွှတ်ပေးခြင်းမရှိပေ။

သူကထိုလူများအားသေခြင်းနှင့်ရှင်ခြင်းခြားမသေမရှင်ဖြစ်သည်အထိညှင်ပန်းနှိပ်စက်နေသည်။ ထိုထက်ပိုသည်ကား သူက၎င်းတို့အားသေချင်စိတ်ပေါက်သည်အထိ

ညှင်းပန်းနှိပ်စက်ခြင်းဖြစ်သည်။ သူကမျက်တောင်တစ်ချက်ပင်ခက်ခြင်းမရှိပေ။

လူများစွာမှာစိတ်ထဲမှဝမ်းမြောက်နေကြသည်။ မိုးကောင်းကင်၏ကျေးဇူးတော်ပင်ဖြစ်သည်။ မိုးကောင်းကင်၏ကျေးဇူတော်ကြောင့်လိမ္မာပါးနပ်စွာဖြင့်အစောပိုင်းကသူတို့ မရပ်တည်ခဲ့မိခြင်းဖြစ်သည်။ အနာဂတ်တွင်ဤအကြင်နာမဲ့ရက်စက်သောလူအားမစော်ကားမိစေရန်သူတို့မှတ်ထားရမည်။ သူတို့နေဖြင့်၎င်းအားမနာခံဘဲမနေရဲပေ။

ထိုသို့မဟုတ်ပါက သူတို့အနေဖြင့် သေခြင်းထက်ဆိုးဝါးသောကံကြမ္မာကို ကြုံတွေ့ခံစားရလိမ့်မည်ဖြစ်သည်။

မူလက ဤကမ္ဘာတွင်အဆိုးဝါးဆုံးသောအရာကသေခြင်းတရားဖြစ်သည်ဟုသူတို့ထင်ခဲ့သည်။ သို့သော် ယနေ့ပြီးသည့်နောက် ဤလူများမှာဤကမ္ဘာတွင်သေခြင်းထက်ဆိုးဝါးသောအရာကိုသင်ယူခဲ့မိကြသည်ဖြစ်သည်။

ရှစ်ဖု့န်က ကောင်းကင်ထဲရှိလူတစ်ရာ့သုံးယောက်အားလျစ်လျူရှုထားပြီး ခေါင်းကိုဖြည်းညှင်းစွာငုံ့လိုက်သည်။ သူ၏အေးစက်သောမျက်လုံများဖြင့် ရှေ့ရှိ ရွှေရောင်ချပ်ဝတ်စစ်တပ်အားကြည့်လိုက်၏။

ရှစ်ဖုန့်၏မျက်လုံးတို့ဖြင့်သိမ်းကျုံးကြည့်ခံလိုက်ရသော ရှေ့ရှိရွှေရောင်ချပ်ဝတ်စစ်သည်များမှာ ရှစ်ဖုန့်၏အဓိပ္ပါယ်ပါသော ခြိမ်းခြောက်မှုအောက်တွင် ယခုအခါ၌ထိုနတ်ဆိုးအားကြည့်ရဲခြင်းမရှိဘဲ လျှင်မြန်စွာအဝေးသို့အကြည့်လွှဲလိုက်ကြသည်။

ဆက်ရန်………

ဘာသာပြန်သူ-ARISE

All Chapters