ဂုဏ်သတင်းကြီးမားသည့် မျိုးဆက်
Vol. 86 Ch. 1191
အားလုံးက ကောင်းကင်ယံကို ကြည့်လိုက်သည့်အခါ မဟာတာအို၏ မျက်လုံး ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။ ထိုအရာပေါ်ထွက်လာမှုကြောင့် သူတို့က အရေးကြီးသည့် တစ်စုံတစ်ခု ဖြစ်ပျက်လာသည်လားဟု စဉ်းစားနေကြ၏။ ပွဲအခမ်းအနားက ထိုအရာကိုယ်တိုင် ပေါ်ထွက်လာဖို့အတွက် အရေးကြီးဟန်မပေါ်ပေ။ စံပြတစ်ယောက်၏ ပေါ်ထွက်လာမှုကို ထည့်မတွက်သရွေ့ဖြစ်သည်။
“အခု ဆုချီးမြှင့်မယ်” ဒိုင်မေးရှင်းအနိမ့်တစ်လျှောက် ကျယ်လောင်သည့် အသံတစ်သံ ထွက်ပေါ်လာလေသည်။ ထိုအသံက အားကောင်းကာ မြင့်မြတ်သော်လည်း လူအားလုံးကို အံ့အားသင့်သွားစေသည့် အရာ မဟုတ်သေးပေ။ ကျင့်ကြံသူများက အစစ်အမှန် ကောင်းကင်တာအိုသည် စကားပြောနိုင်စွမ်းရှိကြောင်း မသိထားကြပေ။ ပုံသဏ္ဍာန် ထွက်ပေါ်လာခြင်းက ကိစ္စတစ်ခုဖြစ်သော်လည်း စကားပြောခြင်းကမူ နောက်ကိစ္စတစ်ခု ဖြစ်ပေသည်။
ဝမ်ဝေ့ ကိုယ်တိုင်ကပင် အနည်းငယ် အံ့အားသင့်သွားမိ၏။ သူ့အနေနှင့် အစစ်အမှန်ကောင်းကင်တာအိုသည် စကားပြောနိုင်ကြောင်း သိထားသော်လည်း အင်မတန် ရှားပါးလှသည်။ ထိုအရာက ဘဝတွင် တစ်ကြိမ်မျှသာ ဖြစ်ခဲ့ဖူးသည့်အတွက် သူက ဘာဖြစ်တော့မည်ကို ချက်ချင်းမှန်းဆမိလိုက်သည်။
“ဒီမျိုးဆက်ကို ဂုဏ်ကျက်သရေကြီးမားတဲ့ ဂုဏ်ပုဒ်ကို ချီးမြှင့်မယ်” အသံက ဆက်ပြောလိုက်သည်။
“မိုးမြေက အခု အောင်ပွဲခံမယ်”
အသင်္ချေအင်ပါယာကမ္ဘာမှ အဆုံးမဲ့လေဟာနယ်တစ်လျှောက် အမြင်ရုပ်လွှာများ ပျံ့နှံ့ကာ လွှမ်းခြုံသွားခဲ့သည်။ ထိုဂုဏ်ပုဒ်၏ သက်ရောက်မှုက လီကျွင်း၊ ယန်းလီလင်း၊ ယုယန်၊ ရှုရှစ်၊ ဖုန်းဟွမ်၊ ဟို့ဖုန်းဟွမ်၊ အောင်းရှန်၊ ထုံရို့ပင်း၊ မူလိန်၊ ကျိလန်ဖန်း၊ ယဲ့တာဖူ၊ ရှစ်ချီအန်း၊ နတ်ဆိုးဖိနှိပ်ရေးဧကရာဇ်၊ လူရိုင်းမောင်နှမ၊ ရှီရှန်းယန်၊ ဟုန်မိန်လင်း၊ ဒေါသ၊ သုံ့လီဖန်းနှင့် ဝမ်ထျန်းတို့ဖြင့် အစပြုလာသည်။
သူတို့၏ ရောင်စုံချီကံကောင်းမှုနဂါးက သူတို့ခေါင်းအထက် ထွက်ပေါ်လာကာ အဖြူရောင် ပြောင်းလဲသွားခဲ့သည်။ ဤပွဲအခမ်းအနား မတိုင်ခင် သူတို့က ထိုအရာ၏ ဆိုလိုရင်းကို နားမလည်ကြသော်လည်း ယခုအခါ ကွဲပြားသွားပြီ ဖြစ်၏။ ဤသည်မှာ ကောင်းကင်ဘုံအဆင့် ကံကောင်းမှုဟု ဆိုလိုနေခြင်း ဖြစ်သည်။ ထိုဂုဏ်ပုဒ်က သူတို့အား ကောင်းကင်ဘုံအဆင့် ကံကောင်းမှုကို ပေးခဲ့သည့်အတွက် အဆင့်(၁၁)လမ်းစဉ်က ပိုမိုစိန်ခေါ်မှုနည်းပါးလာသည်။
အစစ်အမှန်ကောင်းကင်တာအိုက တကယ်ကိုရက်ရောတာပဲ…
ဝမ်ပေါင်လဲ့က တွေးကာ တချို့သောသူများသည် ဤစာရင်းတွင် မရှိသင့်ကြောင်း ခံစားမိနေသည်။ သို့သော်လည်း ခေတ္တမျှ တွေးပြီးသည့်နောက်တွင် အကြောင်းအရင်း တစ်ခုရှိကြောင်း မှန်းဆမိ၏။ တစ်နည်းအားဖြင့် သူတို့က အဓိပ္ပာယ်တော့ ရှိပေသည်။
ရှစ်ချီအန်းက ဤခေတ်ကာလအတွင်း အလင်းမျိုးနွယ်ကို ပြန်လည်အသက်သွင်းနိုင်ခဲ့သည်။ နတ်ဆိုးဖိနှိပ်ရေးဧကရာဇ်က ဤမျိုးဆက်အတွင်း ပထမဦးဆုံး လူသားဧကရာဇ် ဖြစ်၏။ လူရိုင်းမောင်နှမက သမိုင်းကြောင်း၏ မှားယွင်းသော ဘက်ကို ရွေးချယ်ခဲ့မိသော်လည်း သမိုင်းကြောင်း၏ ထူးကဲသော အဖွဲ့ခွဲတစ်ခုကို ဖန်တီးနိုင်ခဲ့သည်။ ထို့ကြောင့် သူတို့က ဤကောင်းချီးနှင့် ထိုက်တန်ပေသည်။
ထိုအပြောင်းအလဲများ အဆုံးသတ်သွားသော်လည်း ကောင်းကင်ယံမှ အလင်းတချို့က လူငါးယောက်ဆီ ကျရောက်လာသည်။ ဟုန်မိန်လင်း၊ ယုယန်၊ ဝမ်ထျန်း၊ သုံ့လီဖန်းနှင့် ဖုန်းဟွမ်တို့ဆီ ဖြစ်၏။ ထိုသူအားလုံးက အသက်ရှည်အရင်းအမြစ် သို့မဟုတ် အပိုအသက် ချီးမြှင့်ခံလိုက်ရသည်။
အဲဒါဆိုတော့ ဟိုကြက်သီးထဖွယ် အရာကြီးကို စည်းပိတ်တုန်းက လူတွေကို ဆုလာဘ်ချီးမြှင့်ခံရတာပဲ။ ဝမ်ကျူလည်း သူ့နောက်ဘဝမှာ ဆုလာဘ်ရဖို့ မျှော်လင့်ပါတယ်…
ဝမ်ဝေ့က တွေးလိုက်သည်။
ထိုလူအားလုံးကို ဆုချီးမြှင့်သွားပြီးသည့်အခါ ဂုဏ်ပုဒ်၏ သက်ရောက်မှုက ဤခေတ်ကာလ၏ ဧကရာဇ်များနှင့် မသေမျိုးများကို အာရုံစိုက်လာခဲ့သည်။ အစစ်အမှန်ကောင်းကင်တာအိုက ဆုချရာတွင် အမှန်တကယ် ရက်ရောလှ၏။ လူအများစုက ကံကောင်းမှု ကောင်းချီးတချို့ကို လက်ခံရရှိပြီး ရုပ်ပိုင်းဆိုင်ရာ ဆုလာဘ်များပင် ရရှိလိုက်သည်။ နမူနာအနေဖြင့် ရှားပါးသော ဆေးလုံးများ၊ လက်နက်များ၊ အဆောင်များ၊ ကံအပြောင်းအလဲ အခွင့်အရေးနှင့် ပတ်သက်ပြီး သတင်းအချက်အလက်များနှင့် ကုသိုလ်ပင် ပါဝင်လေသည်။
ထိုစဉ် နတ်ဘုရားလမ်းစဉ်၏ တည်ထောင်သူဖြစ်သည့် လျန့်ရှစ်ရှန်းကလည်း သူ့ချီကံကောင်းမှုနဂါးသည် ငွေရောင်ပြောင်းလဲသွားလေသည်။ ထိုအရာက အဆင့်(၁၁)လမ်းစဉ်သည် တခြားသူများထက် ပူပန်မှုနည်းပါးသွားကြောင်း ညွှန်ပြနေလေ၏။ ဝမ်ဝေ့က တိတ်တဆိတ်သာ ခေါင်းခါလိုက်မိသည်။ ထိုအမျိုးသားက ဝိညာဉ်နှင့် ဧကရာဇ်လမ်းစဉ်နှစ်ခုလုံးကို လျှောက်လှမ်းပါက တောက်ပသည့် အနာဂတ် ရှိလိမ့်မည်။ ကောင်းကင်တာအိုသည် ထိုသူ့အား ထိုလမ်းစဉ်၏ တည်ထောင်သူအနေဖြင့် ခွင့်ပြုပေးထားလိမ့်မည်။ နှမြောစရာကောင်းလှစွာဖြင့် သူက ဧကရာဇ်လမ်းစဉ်ကို လုံးဝစွန့်ပယ်ထားပြီး ဝိညာဉ်ကိုသာ အာရုံစိုက်ထားသည့်အတွက် သူ့အနာဂတ်ကို ကန့်သတ်ထားသလို ဖြစ်နေလေသည်။ အနည်းဆုံးတော့ ဝမ်ဝေ့၏ အမြင်တွင် ဖြစ်၏။
စုယာက ထိုအရာအားလုံးကို အံကြိတ်ကာ ကြည့်နေလေ၏။ အားလုံးက ကောင်းချီးအနည်းနှင့် အများ ရရှိကြသည်။ သေမျိုးများနှင့် ဤခေတ်ကာလအတွင်း မမွေးဖွားခဲ့သည့်သူများတွင် အပါအဝင် ဖြစ်၏။ ပြောရမည်ဆိုလျှင် ဤခေတ်ကာလအတွင်း တစ်နည်းမဟုတ် တစ်နည်း ပါဝင်ဆင်နွှဲခဲ့သည့်သူများအတွက် ပေးအပ်ဟန်ပေါ်သည်။
ငါ့ရဲ့ ရွေးချယ်မှု မှားသွားပြီလား…
သူမက ကိုယ့်ဘာသာကိုယ် ပြန်မေးကြည့်လိုက်သည်။ သူမ၏ ရွယ်တူများက သူမထက် သာလွန်နေသည်ကို ကြည့်နေရသည်က ခက်ခဲနေပြီဖြစ်သော်လည်း ယခုအခါ ကောင်းကင်တာအိုက ဤမျိုးဆက်ကို မည်မျှချစ်မြတ်နိုးကာ ကောင်းချီးပေးထားကြောင်း တွေ့လိုက်ရသည်။ စုယာက ကောင်းချီးအများဆုံး ရရှိသည့် သေမျိုး ဖြစ်သည့် ချိုက်စုန့်ကို လှည့်ကြည့်လိုက်၏။
သူမ၏ မနာလိုအားကျမှုတို့က ပိုမိုပြင်းထန်လာ၏။ စုယာက ထိုဂုဏ်ပုဒ်သည် ထိုသူအပေါ် အဘယ်ကြောင့် သက်ရောက်မှုရှိကြောင်း သိလေသည်။ ချိုက်စုန့်က ရုပ်သေးရုပ်တာအိုအဖွဲ့အစည်းကို ဦးဆောင်နေစဉ် ယန်းလီလင်းနှင့် ထုံရို့ပင်းတို့က ဆေးဝါးပညာနှင့် အဆောင်အဖွဲ့အစည်းကို ဦးဆောင်နေကြသည်။ တစ်ခုတည်းသော ခြွင်းချက်ကမူ သူမက အရှက်အကြောက်ကြီး၍ သူမ၏ တည်ရှိမှုကို လျှော့ချသလို ဖြစ်ကာ သူမ၏ အောင်မြင်မှုများကို ထင်သာမြင်သာ မဖြစ်စေပေ။
တကယ်တော့ သူမ၏ အောင်မြင်မှုများက အံ့ဩဖို့ကောင်းသည်ဟုပင် ပြောရပေမည်။ ရုပ်သေးရုပ်တာအိုက အားနည်းကာ မဖွံ့ဖြိုးသေးသော်လည်း သူမက ဤအနေအထားအထိ တွန်းပို့နိုင်ခဲ့ပြီ ဖြစ်၏။
စုယာအပြင် ဝမ်ဝေ့ကလည်း ချိုက်စုန့်၏ ထူးကဲမှုက အသိသာဆုံးဖြစ်သည့်အတွက် စစ်ဆေးကြည့်နေလေ၏။ သူ ကောက်ချက်ချမှုအရ သူမသည် ခြွင်းချက်တစ်ခု ဖြစ်၏။ တာအိုကို သက်သေပြပြီးသည့်နောက်တွင် သူမက ရုပ်သေးရုပ်တာအိုကို လုံလုံလောက်လောက် ဖွံ့ဖြိုးအောင်လုပ်ပါက ကောင်းကင်ဘုံအဆင့် ကံကောင်းမှုကို လက်ခံရရှိနိုင်သည်။ အကယ်၍ မဟုတ်ပါက သူမ၏ ကောင်းချီးသည် သာမန်သာ ဖြစ်နေလိမ့်မည်။
မဟာတာအိုက ချိုက်စုန့်ရဲ့ အရေးပါမှုကို သတိထားမိပြီးတော့ သူမကို ကြံစည်နေတာလား…
ဝမ်ဝေ့က တွေးကာ သံသယဖြစ်လာလေသည်။ ချိုက်စုန့်က ကမ္ဘာ၏ စံပြအဆင့် ရုပ်သေးရုပ်များကို အမြောက်အများ ထုတ်လွှတ်နိုင်မည့် ကျင့်ကြံသူတစ်ဦးဖြစ်လာမည့် အလားအလာ ရှိလေသည်။
သူမ ဘက်ပြောင်းသွားတဲ့ဟာကို ဖြစ်နိုင်ချေအတွက် ကြိုတင်ပြင်ဆင်ထားသင့်တယ်…
ဝမ်ဝေ့က တွေးလိုက်သည်။ အကယ်၍ ချိုက်စုန့်သာ မဟာတာအိုဘက် ရောက်ရှိသွားပါက သူ့အတွက် ကပ်ဘေး ဖြစ်သွားနိုင်သည်။
သူမကို အစားထိုးတာက ဖြေရှင်းနည်းတစ်ခုဆိုပေမဲ့လည်း သူမရဲ့ အလားအလာနဲ့ ယှဉ်နိုင်တဲ့ အတွေးအခေါ် ဒါမှမဟုတ် သဘောတရားတစ်ခုကို ရှိတာက ပိုကောင်းလိမ့်မယ်။ အဲဒါဆိုတော့ ရုပ်သေးရုပ်အမြောက်အများ ထုတ်လုပ်နဲ့ ပတ်သက်လာရင် … စစ်ပွဲရဲ့ အလားအလာမှာ ဘယ်ဟာက ယှဉ်နိုင်မှာလဲ…
ဝမ်ဝေ့က ချက်ချင်းဆိုသလို အဖြေရလိုက်သည်။
ဇာဂ်ပဲ။ တကယ်လို့ အဲဒီအရာရဲ့ ကျင့်ကြံရေးပုံစံကို ဖန်တီးနိုင်မယ်ဆိုရင် ငါ့ကို တားဆီးလို့ရမှာ မဟုတ်တော့ဘူး။ ချိုက်စုန့်က ငါ့ဘေးမှာ ရှိနေတယ်ဆိုရင်တောင်ပေါ့…
ဝမ်ဝေ့က ထိုအတွေးကို သူ့ဝိညာဉ်အတွင်း အနက်ပိုင်းထဲ သိမ်းဆည်းထားလိုက်သည်။ သူက ထူးကဲသာလွန်မှုအဆင့်ကို မရောက်သရွေ့ ထိုအတွေးများကို ထုတ်ဖော်မည် မဟုတ်ပေ။
အစစ်အမှန်ကောင်းကင်တာအိုက လူအားလုံးကို ချီးမြှင့်ပြီးသည့်နောက်တွင် အဓိကလူဖြစ်သည့် ဝမ်ဝေ့ဆီ ကျရောက်လာသည်။ သူက လူတစ်ယောက်တည်းဖြင့် ဤမျိုးဆက်ကို ဤအနေအထားထိ တွန်းပို့နိုင်ခဲ့သည့်သူ ဖြစ်၏။ သူ လုပ်ခဲ့သည့်အရာက တမင်လား သို့မဟုတ် သူ့အပြုအမူနှင့် တည်ရှိမှုကြောင့် ဖြစ်လာသည်လား အရေးမကြီးပေ။
ရွှေရောင်အလင်းတန်းက ဝမ်ဝေ့ကို လွှမ်းခြုံသွားခဲ့၏။ ထိုဂုဏ်ပုဒ်က သူ့အား ကောင်းချီး ၃ခု သို့မဟုတ် လက်ဆောင် ၃ခုကို ပေးလာခဲ့သည်။ ပထမဦးစွာ ထိုအရာက နဂါးဇာမဏီ မြင့်တက်ရေး ဆေးလုံးကို ပေးခဲ့၏။ ထိုအရာက ဆိုးကျိုးမရှိဘဲ သူ့ကျင့်ကြံရေးကို မြှင့်တင်ပေးနိုင်သည့် သက်ရောက်မှု ရှိလေသည်။ ဝမ်ဝေ့က နဂါးဇာမဏီ ၉ဆင့်မြောက်တွင် ရောက်ရှိသည့်အခါ သောက်သုံးဖို့ ဆုံးဖြတ်လိုက်၏။
ဒုတိယကောင်းချီးကမူ သေမျိုးဧကရာဇ် တစ်ယောက်အနေဖြင့် သူ့အောင်မြင်မှုမှ ရရှိထားသည့် အသက်တစ်သက်သည် အဆင့်(၃)အဖြစ် ပြောင်းလဲသွားခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ စံပြတစ်ယောက်ဖြစ်လာပြီးသည့်နောက်တွင်ပင် ထိုအသက်က အသုံးဝင်နေပေလိမ့်မည်။ ဝမ်ဝေ့က အံ့အားသင့်သွားပြီး ထိုလက်ဆောင်အတွက် ကျေးဇူးတင်နေ၏။ သူက ကောင်းကင်ဘုံအဆင့် ဖြစ်လာတော့မည့်ဆဲဆဲတွင် သူ့အပိုအသက်များက သူသာ အဆင့်မမြှင့်တင်နိုင်သရွေ့ အသုံးဝင်တော့မည် မဟုတ်ပေ။ အဆင့်မြင့်လာလေလေ အစစ်အမှန်ကောင်းကင်တာအိုက အပိုအသက်များကြောင့် တင်းကြပ်လေလေဖြစ်၏။
ဝမ်ဝေ့အနေဖြင့် နောက်ဆုံးသော ရရှိလိုက်သည့် လက်ဆောင်က သူ နောက်အဆင့်ကို တက်လှမ်းသည့်အခါ အစစ်အမှန်ကိုယ်ကို နားလည်အောင်လုပ်ဖို့ အချိန်ပို ဖြစ်လေသည်။ ဝမ်ဝေ့က ထိုဆုလာဘ်နှင့် ပတ်သက်ပြီး ကျေနပ်နေလေ၏။ သူက အချိန်ပိုကို အဆုံးစွန်မဲ့စံပြဖြစ်လာသည့်အခါမှ အသုံးချဖို့ ဖြစ်နိုင်မလား စမ်းသပ်ကြည့်ချင်နေမိသည်။
ကြည့်ရတာ အစစ်အမှန်ကောင်းကင်တာအိုနဲ့ ပတ်သက်ပြီးတော့ ငါ့ရဲ့ဆက်ဆံရေးကို စိုးရိမ်စရာ မလိုလောက်ဘူးပဲ…
ဝမ်ဝေ့က ကောက်ချက်ချလိုက်သည်။ မရဏလောက ဖြစ်ပျက်ပြီးသည့်နောက်တွင် သူက မဟာတာအိုနှင့် ဆက်နွယ်နေသမျှ အရာအားလုံးကို သံသယဖြစ်လာမိသည်။ ထိုသံသရာသည် နည်းပါးအောင် လျော့ချထားသော်လည်း သတိကြီးကြီးထားထားဆဲသာ ဖြစ်သည်။ ထိုသူက သူ့ကို သတိလက်လွတ်ဖြစ်အောင် ကြံစည်နေခြင်းလည်း ဖြစ်နေနိုင်၏။
ဝမ်ဝေ့၏ ကောင်းချီး လက်ခံပြီးသည့်နောက်တွင် အစစ်အမှန်ကောင်းကင်တာအိုက မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။ သို့သော် အမြင်ရုပ်လွှာများက မိနစ်ပိုင်းကြာ ဆက်လက်တည်ရှိနေဆဲ ဖြစ်၏။ ဝမ်ဝေ့က အစစ်အမှန်ကောင်းကင်တာအို စကားပြောသည့် တစ်ခုတည်းသော အချိန်ကို ပြန်လည်တွေးတောလိုက်သည်။ ထိုအရာက သူ့ဘိုးဘေး၏ မျိုးဆက်အား ဒိုင်မေးရှင်းအမြင့်တွင် ရွှေရောင်မျိုးဆက် ဂုဏ်ပုဒ်ကို ချီးမြှင့်ခဲ့စဉ်အချိန်အခါ ဖြစ်၏။ ထိုအရာက ဤဂုဏ်ကျသရေကြီးမားသော မျိုးဆက်ဂုဏ်ပုဒ်ထက် တစ်ဆင့် မြင့်လေသည်။
ရှင် သတိထားမိလား
ထုံရို့ပင်းက မေးလိုက်သည်။
ဘာကိုလဲ
မူလိန်က တုံ့ပြန်လိုက်၏။
သူ ကံကောင်းမှု ကောင်းချီးမရဘူး။
အဲဒါဆိုတော့…
ထို့နောက် သူက ရုတ်ချည်းဆိုသလို သဘောပေါက်သွားလေသည်။
အဲဒါဆိုတော့ သူက မလိုဘူးလို့ ပြောချင်တာလား…
အဲဒါတင်မကသေးဘူး။ ကောင်းကင်ဘုံအဆင့်နဲ့ ယှဉ်နိုင်နေရင် ကံကောင်းမှုတချို့ပေးတာက အဓိပ္ပာယ် ရှိတယ်လေ။ ဒါပေမဲ့ ဘာမှ မပေးခဲ့ဘူး။ ဆိုလိုတာက တစ်ခုပဲရှိတယ်။ အစစ်အမှန်ကောင်းကင်တာအိုက သူ့ကို ဘယ်အကြောင်းအရင်းနဲ့ဖြစ်ဖြစ် ကံကောင်းမှုကို မချီးမြှင့်ချင်တာ။ ဒါမှမဟုတ်ဘူးဆိုရင်တော့
သူက မလိုအပ်တာပေါ့။ သူက စံပြအဆင့်ထိတောင် မလိုအပ်တာမျိုးပေါ့…
မူလိန်က စကားဆုံးအောင် ပြောလိုက်သည်။
စိတ်တိုဖို့ ကောင်းတယ်မလား။ သူက ကျွန်မတို့ထက် ပိုကောင်းတယ်ဆိုတာ သိပေမဲ့လည်း ကျွန်မတို့ရဲ့ ကိုယ်က မတိုက်ခိုက်ပဲနဲ့ အရှုံးကို လက်မခံနိုင်ဘူး။ အောင်မြင်မှုတစ်ခုချင်းစီ … သူ့အကြောင်း သတင်းထွက်လာတိုင်း ဒီယှဉ်ပြိုင်လိုစိတ်ကို ထိန်းသိမ်းထားဖို့ အတော်လေးကို ခက်ခဲတယ်…
မူလိန်က သူမလက်ကို ဆုပ်ကိုင်ထားလိုက်သည်။ ဤသည်က သူ တတ်နိုင်သည့် တစ်ခုတည်းသောအရာ ဖြစ်၏။ သူက သူမကို အကြိမ်များစွာ ပြောခဲ့ဖူးသော်လည်း သူမက ယှဉ်ပြိုင်လိုစိတ်ကို စွန့်ပယ်ဖို့ ငြင်းဆန်နေလေသည်။ ဤသည်က သူမ၏ ရွေးချယ်ထားသည့် အရာအတွက် တိတ်တဆိတ် ခံစားနေရရုံသာ တတ်နိုင်၏။
ကောင်းပြီလေ … သူက သူမဘေးတွင် ရှိနေပေး၍ တိတ်တဆိတ် တစ်ယောက်တည်း ကျိတ်မှိတ်ခံစားနေရခြင်းတော့ မဟုတ်ပေ။