← Chapters

နောက်ဆုံးသော ပြင်ဆင်မှုများ အပိုင်း(၂)

Vol. 86 Ch. 1193

နောက်ဆုံးသော ပြင်ဆင်မှုများ အပိုင်း(၂)

Vol. 86 Ch. 1193

“ငါ အကျဉ်းချုပ်ပြီးတော့ပဲ ပြောမယ် ” ဝမ်ဝေ့က ရှီရှန်းယန်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

“မင်းတို့ အာကာသမျိုးနွယ်က အလားအလာကောင်းတဲ့ ဧကရာဇ်ချီ ရောင်းချနေတယ်လို့ ကြားတယ် အမှန်ပဲလား ”

ရှီရှန်းယန်က မျက်မှောင်ကြုတ်လိုက်၏။

“မျိုးနွယ်က ကျွန်မကို သူတို့လှုပ်ရှားမှုတွေအကြောင်း မပြောပြဘူး။ ဒါပေမဲ့ အဲလိုမျိုး ဖြစ်ပုံပါပဲ။ သမိုင်းကြောင်းတလျှောက် ဖရိုဖရဲဖြစ်တဲ့အချိန်မျိုးမှာ  ဒီလိုနည်းလမ်းမျိုး သုံးခဲ့ဖူးတယ်။  ”

ကြည့်ရတာ သူမက အမှန်အတိုင်းပြောနေတာပဲ … အာကာသမျိုးနွယ်က ဒီလိုသတင်းမျိုးကို သူမဆီ ဘာလို့မပြောပြပါ့လိမ့် …

ဝမ်ဝေ့က တွေးလိုက်မိသည်။

ဒါက သူမကို ကာကွယ်ပေးဖို့အတွက်လား ဒါမှမဟုတ် သူမက အားနည်းလွန်းလို့ မျိုးနွယ်ရဲ့ ဗဟိုချက် မဟုတ်သေးတာများလား

ထို့နောက် ဒိုင်မေးရှင်းအမြင့်ရှိ ထိပ်တန်းအင်အားစုများတွင် မဟာဧကရာဇ်အဆင့်က ထိပ်တန်း အလယ်အလတ်မျှသာ ရှိသေးကြောင်း အမှတ်ရသွားလေသည်။

ရှီရှန်းယန်က အာကာသမျိုးနွယ်ဝင်ကြားမှာ အတော်လေး ပါရမီထူးကဲနေရင်တောင် ထူးကဲတဲ့ အခြေအနေမရှိသရွေ့ ခေါင်းဆောင်တစ်ယောက်အဖြစ် ဆက်ဆံခံရမှာ မဟုတ်ဘူး …

လက်ရှိ အင်အားစုတွေရဲ့ လက်ရှိ စွမ်းအားအမြင့်ဆုံးက ကောင်းကင်ဘုံအဆင့်ပဲ … အဲဆိုတော့ ဧကရာဇ်တွေကလည်း ပိုတန်ဖိုးရှိလာတယ်။ အာကာသမျိုးနွယ်က လက်ရှိအခြေအနေကို နေသားကျအောင် စိတ်သဘောထားကို မပြောင်းလဲနိုင်ရင် ပြဿနာ ဖြစ်လာနိုင်တယ် …

သို့သော်လည်း ဝမ်ဝေ့အနေနှင့် ရှီရှန်းယန်က ဒိုင်မေးရှင်းအနိမ့်တွင် ရှိနေသည့်အတွက် ဤကဲ့သို့ အဆင့်မြင့်သတင်းမျိုး မသိသေးသည်မှာ ဖြစ်နိုင်ချေရှိ၍ အာကာသမျိုးနွယ်အပေါ် အလွယ်တကူ ကောက်ချက်မချလိုပေ။

“ တက်လှမ်းပြီးတဲ့နောက်မှာ မဟာမိတ်ဆက်ဖွဲ့ဖို့ စိတ်ဝင်စားလား” ဝမ်ဝေ့က မေးလိုက်သည်။

“ ရှင့်ဆီကို ထူးကဲချီ တိုက်ရိုက် ရောင်းစေချင်တာလား”

“အမှန်ပဲ ”

“ကိစ္စမရှိဘူး” ရှီရှန်းယန်က တိုက်ရိုက် သဘောတူလိုက်သည်။ သူ ထုတ်မပြောလျှင်ပင် သူမက မဟာမိတ်အကြောင်း ပြောမိလိမ့်မည်။ သူမ၏ အဓိကရည်ရွယ်ချက်က ဤခေတ်ကာလကို အဆုံးသတ်ပစ်မည့် ကံကြမ္မာပါသူကို ရှာပြီး ထိုသူနှင့် အားကောင်းသည့် ဆက်နွယ်မှုရှိစေဖို့ ဖြစ်၏။

“မြန်သားပဲ”

“ ဒါက ကျွန်မတို့နှစ်ယောက်လုံးအတွက် အကျိုးရှိတာပဲလေ ”

“ဟုတ်တယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ ရှီရှန်းယန် ထွက်မသွားခင်အထိ သူတို့က စက္ကန့်ပိုင်းကြာ စကားပြောခဲ့ကြသည်။ အမှန်အတိုင်းပြောရလျှင် ဝမ်ဝေ့အနေနှင့် အာကာသမျိုးနွယ်၏ ချီအပေါ် စိတ်ဝင်စားမှု မရှိပေ။ သူ့ချီပန်းပွင့် စွမ်းရည်ဖြင့် သူသည်လည်း တူညီသည့် စီးပွားရေးကို လုပ်ဆောင်ကာ ဈေးကွက် ရယူနိုင်သည်။ သို့သော်လည်း သူ့အနေနှင့် အာကာသမျိုးနွယ်ကို သိဖို့ စိတ်ဝင်စားလာမိသည်။ ရောက်လာမည့် ဖြစ်ရပ်အတွက် သူတို့သည် မည်သည့်ကဏ္ဍမှ ပါဝင်မည်ကို ဆုံးဖြတ်ဖို့ သူတို့နှင့် နီးကပ်လိုသည်။

ဝမ်ဝေ့က ဂိုဏ်းတစ်ခုလုံး၏ တာအိုစည်းချက်များကို ကြည့်လိုက်သည်။ သူက ထိုအရာများဖြင့် ရုတ်တရက် အပြောင်းအလဲ ဖြစ်လာမည်ကို ခံစားမိသည့်အတွက် ဖြစ်စဉ်ကို ခဏရပ်တန့်ထားခဲ့သည်။ အားလုံးက တာအိုအခွင့်အလမ်းဂိုဏ်းသည် ဒိုင်မေးရှင်းအနိမ့်တွင် အားအကောင်းဆုံးနှင့် အံ့ဩဖို့အကောင်းဆုံး ဂိုဏ်းမှန်း သိကြသည်။ သို့သော်လည်း သူ့အနေနှင့် သူ့ဂိုဏ်း၏ အုတ်မြစ်အပေါ် လူအများ၏ မနာလိုစိတ်နှင့် တပ်မက်စိတ်တို့ကို လျော့ချလိုသည်။

သူက ထိုတာအိုစည်းချက်များ လျို့ဝှက်နယ်မြေထဲ ဝင်ရောက်သွားပြီး ကျင့်ကြံရေးအတွက် ပြီးပြည့်စုံသည့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးနေသည်ကို ကြည့်နေလိုက်သည်။ အထူးသဖြင့် မိုးမြေ၏ စည်းမျဉ်းများကို နားလည်ရာတွင် ဖြစ်၏။ သူက လျို့ဝှက်နယ်မြေကို လက်ညိုးထိုးကာ လှေကားအထစ် တစ်သောင်းပါရှိသည့် တောင်တစ်လုံးကိုပါ ဖန်တီးလိုက်သည်။ လှေကားထစ် မြင့်လေလေ တာအိုစည်းချက်များက ပိုမိုသိပ်သည်းလေလေ ဖြစ်သည်။

ထို့နောက် ဝမ်ဝေ့က တပည့်များကို စမ်းသပ်ဖို့ ဝိညာဉ်ဖိအားတစ်ခုကို ထုတ်လွှင့်ပေးမည့် အစီအရင်တစ်ခုပါ ထည့်ပေါင်းလိုက်သည်။ သူတို့က လှေကားထစ်များကို တက်ရင်း ဖိအားကို ကျော်လွှားခြင်းဖြင့် အကျိုးကျေးဇူး ရရှိနိုင်သည်။ ဝိညာဉ်ဖိအားက စိတ်၊ ဝိညာဉ်၊ စိတ်ဝိညာဉ်ကို အားကောင်းစေရုံသာမက  တာအိုနှလုံးသားအထိ သက်ရောက်မှု ရှိစေသည်။

“ နောက်ဆုံးအဆင့် …” သူက ရေရွတ်လိုက်ပြီးသည့်နောက် တာအိုတိုင်လုံး လေးခုအား ထိုလျို့ဝှက်နယ်မြေထဲ ပေါင်းထည့်လိုက်သည်။ ယခု တပည့်တစ်ယောက်ယောက် သို့မဟုတ် အကြီးအကဲတစ်ယောက်ယောက်က သေချာသည့် အနေအထားတစ်ခု ရောက်ပါက သူတို့သည် တိုင်လုံးလေးလုံး နားလည်အောင်လုပ်ဖို့ အာရုံစိုက်ထားနိုင်လေပြီ။

“ကောင်းတယ်” ဝမ်ဝေ့က ထိုအတွေးကို စဉ်းစားပြီးသည့်နောက် ရေရွတ်လိုက်မိ၏။ ထို့ကြောင့် သူက ထိုလျို့ဝှက်နယ်မြေကို ထပ်မံ လက်ညိုးဖြင့် ထိုးလိုက်သည်။ သူ သီးသန့်ကျင့်ကြံဖို့အတွက် ပြင်ဆင်မှုတစ်ခုက ကွဲပြားသည့် ကမ္ဘာ့အသိုက်အဝန်းများရှိ ကမ္ဘာတိုင်းမှ စည်းမျဉ်းများကို ကူးယူပြီး ကမ္ဘာကြားရှိ ကွဲပြားမှုကို နှိုင်းယှဉ်ခြင်းဖြင့် တာအိုကို ပိုမိုတိုးတက်စေရန် ဖြစ်သည်။ သူက ထိုကူးယူထားမှုကို လျို့ဝှက်နယ်မြေထဲ ပေါင်းထည့်လိုက်သည်။

တခြားနည်းဖြင့်ပြောရလျှင် ဤနေရာကို အသုံးပြုသူများက သူ့ဟောပြောပို့ချချက်ကို ခြုံငုံထားသည့် တာအိုတိုင်လေးလုံး၊ သာမန်စည်းမျဉ်းများ၊ ကျင့်စဉ်များ သို့မဟုတ် ဒိုင်မေးရှင်းအနိမ့်ရှိ ကွဲပြားသည့် ကမ္ဘာများ၏ စည်းမျဉ်းများကြား ကွာခြားချက်ကိုပါ လေ့လာဆင်ခြင်နိုင်လိမ့်မည်။

“ဒီနေရာကို တာအိုကောင်းချီး ချိုင့်ဝှမ်းလို့ ခေါ်တာပေါ့ ” ဝမ်ဝေ့က နာမည်နှင့် ပတ်သက်ပြီး ကျေနပ်နေသည်။ ထိုချိုင့်ဝှမ်းကို အသုံးပြုဖို့ လိုအပ်မည့် စည်းမျဉ်း၊ စည်းကမ်းများအတွက်မူ တခြားတစ်ယောက်၏ ကိစ္စသာ ဖြစ်၏။

“အခု ငါ ဒီရောက်နေပြီဆိုတော့ နောက်မှ လုပ်ဖို့ မလိုအောင် ကိစ္စလေးတချို့ကို အရင်ဖြတ်လိုက်တာပေါ့…

ဝမ်ဝေ့က ဂိုဏ်း၏ လျှို့ဝှက်မှတ်တမ်းခန်းကို အာရုံစိုက်ထားလိုက်သည်။ အတွေးတစ်ချက်ဖြင့် ဝမ်ဝေ့က ထိုနေရာကို အနည်းဆုံး အဆသန်းချီ ကျယ်ပြန့်အောင် လုပ်လိုက်ပြီး ဒိုင်မေးရှင်းအနိမ့်ရှိ ကျင့်စဉ်အားလုံး၏ ပုံပွားများကို ထားရှိလိုက်သည်။ သူက စာကြည့်ခန်းထဲ အတားအဆီးတချို့ပါ ထားရှိခဲ့ပြီး မည်သူကမှ ထိုနေရာတွင် ပါဝင်နေသည့် ဗဟုသုတများနှင့် တည်ရှိမှုကို အလွယ်တကူ မထုတ်ဖော်နိုင်အောင် လုပ်ဆောင်ခဲ့၏။

ဝမ်ဝေ့က လက်ဝါးကို ရှေ့တိုးလိုက်ပြီး ကံကြမ္မာမြစ်ကြောင်းအခွဲမှ ပုံရိပ်တစ်ခုကို ဆင့်ခေါ်လိုက်သည်။ သို့သော်လည်း ထိုအရာက ကံကြမ္မာမြစ်ကြောင်းခွဲ အသေးမျှသာ မဟုတ်ဘဲ ဒိုင်မေးရှင်းအနိမ့်ကို ထိန်းချုပ်နေသည့်အရာ ဖြစ်၏။

သူက ကြိုးမျှင်များဖြင့် ကစားရင်း တာအိုအခွင့်အလမ်းဂိုဏ်းအကြောင်း သတင်းအချက်အလက်တချို့ကို ဖျက်ပစ်ခဲ့သည်။

တောအုပ်ထဲမှာ အမြင့်ဆုံးသစ်ပင် ဖြစ်ခြင်းက ကောင်းသော်ငြား ထိုသစ်ပင်ကို မခုတ်နိုင်အောင် လူများအား တားဆီးလိုသည်။ သူ့အပြုအမူက ထိုသူများ၏ တပ်မက်မှုကို လျှော့ချပေးလိုက်နိုင်၏။ သူက အချိန်ကို လှုံ့ဆော်ကာ သမိုင်းကြောင်းကို ပြောင်းလဲခဲ့ကြောင်း မည်သူကမှ သတိထားမိမည် မဟုတ်ပေ။

နောက်ဆုံးတွင် သူက ပွဲအခမ်းအနားမှ ထွက်လာပြီး သူ့မိဘများကို သွားရောက်စစ်ဆေးကြည့်ပြီးသည့်နောက်တွင် သီးသန့်ကျင့်ကြံရေး ဝင်ရောက်ဖို့ ပြင်လိုက်သည်။ သူက ပွဲအခမ်းအနားတွင် စားပွဲများကို ရေတွက်ကာ ပိုက်ဆံဆုံးရှုံးမှု မရှိအောင် သေချာလုပ်ဆောင်နေသည့် ကြီးကြပ်ရေးမှူးနှင့်ပင် တွေ့လိုက်ရသည်။ ဝမ်ဝေ့အား ထိုသူ့အား သတင်းရောင်းချရာမှ ရရှိထားသည့် သူမလိုအပ်သော အရင်းအမြစ်တချို့ကို ပေးခဲ့၏။

ကြီးကြပ်ရေးမှူးက ထိုအခမ်းအနားသည် မည်မျှ ချဲ့ကားလွန်းကြောင်း၊ ထိုအခမ်းအနားမျိုးကို ကျင်းပဖို့ရာအတွက် အကြိမ်ရေ မည်မျှ ဖြစ်မလဲဆိုသည့်အကြောင်း တွေးမိသည့်အခါ မပျော်ရွှင်တော့ပေ။

ဝမ်ဝေ့က သူ့မိဘများ၊ လီကျွင်း၊ ယန်းလီလင်းတို့ဖြင့် ညစာစားပြီးသည့်နောက်တွင် နောက်ဆုံးအနိုင်ရရှိသူ ဟန်ရွှန်းအား စစ်ဆေးကြည့်လိုက်သည်။ ထိုသူက ဝမ်ကျူ၏ အတွင်းကမ္ဘာကို စုပ်ယူထားပြီး ကံကြမ္မာ(၁) အသစ် ဖြစ်လာခဲ့သည်။ သို့သော်လည်း ဝမ်ဝေ့က ဝမ်ကျူ၏ ကြိုးစားမှုများကို ထောက်ထားကာ ထိုသူ့အား ကံကြမ္မာ(၂) ဂုဏ်ပုဒ်ကို ပေးခဲ့သည်။

ဂိုဏ်း၏ စည်းမျဉ်းအရ ဝမ်ဝေ့က တက်လှမ်းသွားတော့မည့်ဆဲဆဲတွင် သူ့အနေဖြင့် သူ့အဖွဲ့အား နောက်ဂိုဏ်းချုပ်ဆီ လွှဲပေးဖို့ လိုအပ်ပေသည်။ ဝမ်ဝေ့က ထိုအရာနှင့် ပတ်သက်ပြီး ပြဿနာ မရှိပေ။ မည်သို့ပင်ဆိုစေကာမူ သူက ဒိုင်မေးရှင်းအမြင့်တွင် ပြန်လည်စတင်ဖို့ လိုအပ်နေ၍ ဖြစ်၏။ သို့သော်လည်း လက်ရှိပြဿနာက သူ့အဖေသည် တာအိုသက်သေပြပြီးသည့်နောက်တွင် ဂိုဏ်းချုပ်ရာထူးကို လက်ခံမည်လား စဉ်းစားနေရသည်။ သို့သော်လည်း ကောင်းကင်အလိုဆန္ဒတိုက်ပွဲမတိုင်ခင် သူက ဘာတာဝန်မှ မယူလိုပေ။

တခြားနည်းဖြင့် ပြောရပါက တခြားတစ်ယောက်သည် ထိုအချိန်အတွင်း သူ့အစား တာဝန်ယူထားရလိမ့်မည်။

ကံဆိုးစွာဖြင့် မည်သူကမှ နောက်ဂိုဏ်းချုပ်ကို မဆုံးဖြတ်နိုင်ကြသေးပေ။ အကောင်းဆုံးရွေးချယ်မှုက ချိုက်စုန့်နှင့် ကျင်းမုန်ယောင်တို့ ဖြစ်သော်လည်း သူတို့သည်လည်း တာအိုသက်သေပြဖို့ အချိန်ပြင်ဆင်နေသည့်အတွက် မည်သူကမှ တာဝန်မယူလိုကြပေ။

သုံ့လီဖန်းကို အကြံပြုခဲ့သော်လည်း သူမက တခြားသူများကဲ့သို့ တူညီသည့် အကြောင်းပြချက်ကြောင့် ငြင်းဆန်ခဲ့သည်။

အားလုံးအနေဖြင့် ဝမ်ဝေ့အား တစ်စုံတစ်ယောက်ကို ရွေးချယ်စေလိုသော်လည်း သူက ရွေးချယ်ဖို့ရာ စစ်ဆေးမှုကျင်းပဖို့ရာသာ ပြောခဲ့သည်။ ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်များက နောက်ဂိုဏ်းချုပ်ထံ သစ္စာရှိဖို့ရာသာ အာရုံစိုက်ထားခဲ့၏။ သူက ဒိုင်မေးရှင်းအမြင့်အတွက် လူတချို့ကို သူနှင့်အတူ ခေါ်ဆောင်မည် ဖြစ်သည်။

ဝမ်ဝေ့၏ နောက်ပစ်မှတ်က သတ်ဖြတ်ရေးစစ်ဆေးမှု ဖြစ်၏။

“မင်းက ဘယ်လိုလုပ် ဒီရောက်လာတာလဲ” ချန်းထုံက နားမလည်နိုင်စွာ မေးလိုက်သည်။

“ဟောပြောပို့ချမှုအတွက် လာပြီး ကျေးဇူးတင်တာပါ”

“အဲဒါအတွက် မလိုပါဘူး”

“မဟုတ်ဘူး။ အမှန်အတိုင်းပြောရရင် ခင်ဗျားက ကျုပ်ကို အချိန်၊ အားစိုက်ထုတ်မှုနဲ့ အရင်းအမြစ်တွေ အများကြီးကို သက်သာစေခဲ့တာတွေအတွက် အရမ်းကို ကျေးဇူးတင်ပါတယ်” ဝမ်ဝေ့က အလေးအနက် ပြောလိုက်သည်။

“ဒါပဲလား ကောင်းပြီလေ မင်းရဲ့ သဘောထားကို လက်ခံလိုက်မယ်” ချန်းထုံက ခေါင်းညိတ်လိုက်သည်။

“နှမြောစရာပဲ”

“ဘာလဲ” ချန်းထုံက ပိုမိုစိတ်ရှုပ်ထွေးသွားလေ၏။

“ခင်ဗျားရဲ့ တည်ရှိမှုက ပိုပြီးတော့ မျက်စိစူးစရာ ဖြစ်လာတယ်” ဝမ်ဝေ့က တည်ငြိမ်စွာ ပြောလိုက်စဉ် ချန်းထုံက တစ်စုံတစ်ခု မှားယွင်းကြောင်း ခံစားမိသော်လည်း နောက်ကျသွားခဲ့သည်။ သတ်ဖြတ်ရေးစစ်ဆေးမှု၏ ကုန်းမြေတစ်ခုလုံးက သင်္ကေတများအဖြစ် ပြောင်းလဲသွားသည့် လျှို့ဝှက်ဆန်းကြယ် စွမ်းအားတစ်ခုဖြင့် ထိန်းချုပ်ခံထားရ၏။

“ဒါက ဘာအဓိပ္ပာယ်လဲ”

“ကျုပ်တို့ကြားက အကြွေးကို လုံလုံလောက်လောက် ပေးပြီးပြီလို့ ထင်နေတာလား။ ထူးကဲသာလွန်မှုကို ရယူဖို့ အတွေးအခေါ် နှစ်ခု မဟုတ်သေးဘူး … သုံးခုလောက်အတွက် ပေးဖို့ရာပေါ့။”  ဝမ်ဝေ့က နှာခေါင်းရှုံ့ကာ ပြောလိုက်စဉ် ချန်းထုံ၏ အမူအရာက ပျက်ယွင်းသွားခဲ့သည်။

“မင်းက ဘာလိုချင်တာလဲ” ချန်းထုံက မေးလိုက်သည်။

“ခင်ဗျား ပြောလေ။ စံပြတစ်ယောက်က ကျုပ်ရဲ့ အကြံဉာဏ်အတွက် ဘာများ ပေးချင်တုန်း” ချန်းထုံက တိတ်ဆိတ်သွားလေ၏။ သူက ထိုအရာသည် အကြံဉာဏ်တချို့ဟုသာ ပြောလိုသော်လည်း အဓိပ္ပာယ်မရှိကြောင်း သိလေသည်။

“မင်း ဒီလိုလုပ်ဖို့ မလိုပါဘူး။ ငါလို စံပြအဆင့် တစ်ယောက်ကို ရန်သူလုပ်တာ ဘာများ အကျိုးရှိမှာလဲ”

“အဲဒါက အခု ခင်ဗျား အသက်ရှင်နေရတဲ့ တစ်ခုတည်းသော အကြောင်းအရင်းပေါ့” ဝမ်ဝေ့က ပြောလိုက်သည်။

“ဒါပေမဲ့ ကျုပ်သာ ခင်ဗျားအဆင့်လောက် ရောက်လာတာနဲ့ ခင်ဗျားရဲ့ မှတ်ဉာဏ်တွေကို ဖျက်ထားဖို့သာ ပြင်ဆင်ထားသင့်တယ်။ မဟုတ်ဘူး။ ကျုပ်က အဲ့လောက်ထိတောင် စောင့်မှာ မဟုတ်ဘူး။ ကျုပ်ရဲ့ ဘိုးဘေးတွေ ပြန်လာတာနဲ့ သူတို့ထဲက တစ်ယောက်မဟုတ် တစ်ယောက်ကတော့ ခင်ဗျားဆီက တန်ကြေးယူမှာပဲ”

ချန်းထုံ၏ အမူအရာက ပျက်ယွင်းသွားလေသည်။ သူ ခိုးယူထားသည့် အကြံဉာဏ်က ဤကဲ့သို့ ထိပ်တန်းမျိုးနွယ်အတွက် သူ့နောက်ကို စံပြ သို့မဟုတ် အဆုံးစွန်မဲ့ စံပြများကို စေလွှတ်ဖို့ရာအထိပင် ထိုက်တန်ပေသည်။

“အဲ့လောက်ထိ ဖြစ်စရာမလိုပါဘူး။ ငါတို့တွေ ကောင်းကောင်း ဆွေးနွေးတာပေါ့”

“ဘာမှ အချိန်ဆွဲနေစရာ မလိုဘူး” ဝမ်ဝေ့က ပြောလိုက်သည်။

“ကျုပ်ရဲ့ လောကသုံးပါးဧကရာဇ်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ကမ္ဘာရဲ့ ရန်သူကို ကြေညာမယ်။ အစစ်အမှန်ကောင်းကင်တာအိုက သူ့ကို ဖျောက်ဖျက်ဖို့ ကူညီပေးမှာပဲ။ ကျုပ်က ဒီဟာကို ယွမ်ခေတ်ကာလအနည်းငယ်မှာ တစ်ကြိမ်လောက်ပဲ အသုံးပြုနိုင်တယ်ဆိုပေမဲ့ ခင်ဗျားအပေါ် သုံးရတာတော့ ထိုက်တန်ပါတယ်။

ခင်ဗျားအတွက် ကံကောင်းသွားတာက ကျုပ်က အရင်းအမြစ်ချီ နေရာလွတ်ထဲမှာ ထည့်ပြီးတော့ နေမင်းနှစ်စင်းရဲ့ မြင်ကွင်းအောက်ကနေ ဖျောက်ဖျက်ထားပေးမှာ။ အဲဒါဆိုတော့ ဒီအခွင့်အရေးကို ယူပြီး ကောင်းကောင်းအသက်ပြန်ရှင်ပေါ့။ ပြီးရင် ကျုပ်ရဲ့ အကြံဉာဏ်အတွက် တန်ကြေးပေးဖို့ နည်းလမ်းရှာထား။ မဟုတ်ရင် ခင်ဗျားရဲ့ ဘဝက အတော်လေး ဆိုးရွားသွားလိမ့်မယ်”

“မဟုတ်ဘူး။ အဲ့လိုမလုပ်နဲ့။ ငါ ဝမ်ကျူအတွက် ဘာတွေလုပ်ပေးခဲ့လဲဆိုတာကို စဉ်းစားကြည့်ဦး” အရင်းအမြစ်ချီ နေရာလွတ်က အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာထက် အန္တရာယ်နည်းပါးသော်လည်း အပေါ်ယံမျှသာ ဖြစ်၏။ သူက ကံဆိုးပါက အင်မတန် ရှုပ်ထွေးသည့်နေရာသို့ ရောက်ရှိသွားနိုင်သည်။

“ကောင်းပြီလေ”

ချန်းထုံက ချက်ချင်းဆိုသလို အံ့အားသင့်သွား၏။ သူက ထိုသူသည် အလွယ်တကူ လက်ခံထားလိမ့်မည်ဟု ထင်မှတ်မထားပေ။ ထို့နောက် သူက မည်သူနှင့် ပြောနေရမှန်း အမှတ်ရသွားကာ ပြောလိုက်၏။

“မင်းက ဘာလိုချင်လဲ”

“ကျုပ်ဆီကနေ ခင်ဗျား ခိုးယူထားတဲ့ အကြံဉာဏ်တွေအားလုံးကို ဖျောက်ဖျက်ပစ်တာမျိုး ဒါမှမဟုတ်ဘူးဆိုရင် နာနာခံခံနဲ့ ဒိုင်မေးရှင်းအမြင့်ကို တက်လှမ်းတာမျိုးပေါ့။ အဲဒါဆိုရင် အားလုံးက အဆင်ပြေသွားလိမ့်မယ်” ဝမ်ဝေ့က အဆင်ပြေသော်လည်း ချန်းထုံက တိတ်ဆိတ်နေလေ၏။

“ဒါက အကျိုးအကြောင်းသင့်တဲ့ တောင်းဆိုချက်ပါပဲ။ ဒါပေမဲ့ ခင်ဗျား လက်မခံလို့တော့ မရဘူး” ဝမ်ဝေ့က ပုခုံးတွန့်ကာ ပြောလိုက်သည်။

“အဲဒါဆိုတော့ ကိုယ့်ကံကြမ္မာကိုယ်လက်ခံလိုက်တော့”

သူက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် မိုးမြေကြား၌ ကုန်းမြေက ပျောက်ကွယ်သွားခဲ့သည်။ သူက ချန်းထုံ၏ ဒေါသတကြီး အကြည့်ကို လျစ်လျူရှုထားပြီး ပြောလိုက်သည်။

“အခုမှပဲ ကောင်းကောင်းအသက်ရှူနိုင်တော့တယ်”

ဝမ်ဝေ့က ခုံရုံး၏ ကိစ္စများကို စစ်ဆေးကြည့်လိုက်သည်။ ထိုအသေးအဖွဲကိစ္စများကို စစ်ဆေးပြီးသည်နှင့် သီးသန့်ကျင့်ကြံရေး ဝင်ရောက်ခဲ့၏။ ပထမဦးဆုံး သူ့လှုပ်ရှားမှုက သူ့ဂိုဏ်း၊ ရှေးဟောင်းမျိုးနွယ်၊ မဟာအဆောင်မြို့တော်၊ မူလဆေးလုံးတာအိုဂိုဏ်း၊ မူလလက်နက်တောင်၊ မူလသင်္ကေတနန်းဆောင်နှင့် ခန္ဓာတာအိုချိုင့်ဝှမ်းတို့မှ ကံကောင်းမှုဖွဲ့စည်းရေး အသုံးအဆောင်ပစ္စည်းများမှ ကံကောင်းမှုများကို စုစည်းဖို့ ဖြစ်သည်။ သူက ဗုဒ္ဓဘာသာ၊ တာအိုဘာသာနှင့် ဤကမ္ဘာ၏ ဧကရာဇ်ဉာဏ်အလင်းပွင့်ကျောင်းတော်မှ ကံကောင်းမှုများဖြစ်သည့် ကွန်ဖြူးရှပ်ကံကောင်းမှုကိုပင် ထည့်ပေါင်းခဲ့သည်။

ဝမ်ဝေ့က ထိုအင်အားစုများ၏ ကံကောင်းမှု ပစ္စည်းများ မရှိသော်လည်း သူ ငှားယူဖို့ တောင်းဆိုသည့်အခါ မည်သူကများ ငြင်းဆန်ရဲမည်နည်း။

ထိုကံကောင်းမှု အသုံးအဆောင်ပစ္စည်းအားလုံးက ပေါင်းစည်းပြီးသည့်နောက်တွင် သူတို့က အဖြူရောင်အလင်းအဖြစ် ပြောင်းလဲသွား၏။ ဝမ်ဝေ့က ထိုကျင့်ကြံရေး အဖွဲ့အစည်းတစ်ခုလုံး၏ ကံကောင်းမှု ကောင်းချီးကို ခံစားမိသည့်အခါ အကြည့်များ တောက်ပလာသည်။

တကယ်ကို စွဲမက်စရာပဲ။ ကြည့်ရတာ ပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းအောင် လုပ်နိုင်တဲ့ပုံပဲ…

သူက တွေးလိုက်သည်။ ဝမ်ဝေ့က ဒိုင်မေးရှင်းအနိမ့်ရှိ အင်အားစုအားလုံးထံ သတင်းစကား ပို့ဆောင်လိုက်၏။

ငါ ဒါကို ငှားမယ်…

ထိုအတွေးဖြင့် သူက ကောင်းကင်အလိုဆန္ဒကမ္ဘာ ၃၈၀၀ ၏ ကျင့်ကြံရေးအဖွဲ့အစည်းကို ကိုယ်စားပြုသည့် ကံကောင်းမှု အသုံးအဆောင်ပစ္စည်းအားလုံးကို ယူကာ ငွေရောင်မီးတောက်အဖြစ် ပေါင်းစည်းခဲ့သည်။

“အသင်္ချေအင်ပါယာကမ္ဘာက ဒိုင်မေးရှင်းအနိမ့်ရဲ့ ဗဟိုချက်အဖြစ် သတ်မှတ်ခံထားရတယ်” သူက အဖြူရောင်မီးတောက်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။

“ဒီမီးတောက်က ခေတ်ဟောင်းနဲ့ ကျင့်ကြံရေးလောကရဲ့ သင်္ကေတ ပြယုဂ်ပဲ” သူက လက်ကို မြှောက်ကာ  ကောင်းကင် ဧကရာဇ်ခေတ်ကာလမှ ကံကောင်းမှုကို စုဝေးပြီး ရွှေရောင်မီးတောက်ကို ဖွဲ့စည်းလိုက်သည်။ ထို့နောက် ဝမ်ဝေ့က ထိုမီးတောက်သုံးခုဆီမှ ကံကောင်းမှုကောင်းချီးကို ခံစားမိလိုက်၏။

“ပြီးတော့ သေမျိုးလူမှုအဖွဲ့အစည်းလည်း ရှိသေးတယ်ဆိုတော့ အဆုံးသတ် မဟုတ်သေးဘူး။” သူက ဉာဏ်အလင်းပွင့် ဗိမာန်များဆီမှ ကံကောင်းမှုအားလုံးကို ကြေးနီရောင် မီးတောက်အဖြစ် ဖွဲ့စည်းလိုက်သည်။ ထိုမီးတောက်များက သူတို့၏ သက်ဆိုင်ရာ အရောင်အတိုင်း ကျောက်မျက်ရတနာအဖြစ် ပြောင်းလဲသွားကာ ဝမ်ဝေ့၏ ဦးခေါင်းအထက်ရှိ သရဖူထဲ ရောက်ရှိလာသည်။

ဝမ်ဝေ့အနေနှင့် သူ ကိုင်ဆောင်ထားသည့် စွမ်းအားကို ခံစားမိပြီး ပြုံးလိုက်သည်။

All Chapters