← Chapters

ရှေးရိုးနည်းလာ

Vol. 86 Ch. 1197

ရှေးရိုးနည်းလာ

Vol. 86 Ch. 1197

ဝမ်ဝေ့ရှေ့တွင် မဟာတာအိုအရင်းအမြစ် ထွက်ပေါ်လာသည်။ သူက သူ့တာအိုအမှတ်အသား ပြောင်းလဲသွားသည်ကို တည်တည်ငြိမ်ငြိမ် ကြည့်နေလေ၏။ သင်္ကေတများ များပြားလာသလို အမှတ်အသားကလည်း သူ့တာအိုထဲ ပိုမိုနစ်မြုပ်သွားသော်လည်း အပြောင်းအလဲများက အပေါ်ယံမျှသာ ဖြစ်သွား၏။

အခု အာရုံခံပြီး ဖျောက်ဖျက်ဖို့ ပိုပြီးခက်သွားပြီ…

ဝမ်ဝေ့က တွေးလိုက်သည်။

ပိုပြီးအရေးကြီးတာက အခု ရွေ့လျားစွမ်းရည် ရှိသွားပြီ…

ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူအားလုံးက မသေဆုံးခင် ရွေ့လျားစွမ်းအင်ကို အသက်သွင်းနိုင်သည်။ ထိုအခါ သူတို့၏ တာအိုအမှတ်အသားက သူတို့၏တာအိုမှ ကွဲထွက်ကာ မဟာတာအိုအရင်းအမြစ်ထဲ ရောက်ရှိသွားသည့်အတွက် ရန်သူအနေဖြင့် ထိုအရာကို ရှာတွေ့ပြီး ဖျောက်ဖျက်ပစ်ဖို့ ခက်ခဲစေလိမ့်မည်။

ထာဝရကောင်းကင်ဘုံအဆင့် ကျင့်ကြံသူများကမူ ထိုစွမ်းရည်ကို အသုံးပြုဖို့ မလိုအပ်ပေ။ အကြောင်းအရင်းကမူ သူတို့အတွက် ထိုအရာက အလိုအလျောက် အသက်ဝင်နေ၍ ဖြစ်၏။ သူတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ် ပျက်သုဉ်းသွားသည်နှင့် သို့မဟုတ် လုပ်ဆောင်မှု ရပ်တန့်သွားသည်နှင့် ထိုအရာက အလိုအလျောက် အသက်ဝင်လာလိမ့်မည်။

ထို့နောက် ဝမ်ဝေ့က သူ့တာအိုဆန္ဒကို ထုတ်ဖော်ပြီး အဆီအနှစ်အနည်းငယ် ပြောင်းလဲသွားမှုကို ခံစားလိုက်သည်။ ယခုအခါ သူက အဆင့်နိမ့် တာအိုဆန္ဒများကို ဖိနှိပ်နိုင်နေပြီ။ ယခုအခါ တာအိုအမှတ်အသားက ပိုမိုအားကောင်းလာပြီး တာအိုဆန္ဒကလည်း ထာဝရဧကရာဇ်နှင့် ထာဝရကောင်းကင်ဘုံအဆင့်များကို ချီးမြှင့်ပေးထားသည့် အဓိကရည်ရွယ်ချက်တစ်ခုဖြစ်သည့် အဆင့်နိမ့်ဧကရာဇ်များထက် အရေးသာချက် ရှိလာလေပြီ။

“ဇုန်ကဏ္ဍခွဲခြင်း” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ သူ့တာအိုဆန္ဒက ရွေ့လျားစွမ်းအင်ကို တုံ့ပြန်ဖို့ စွမ်းရည်အသစ် ရရှိလာကာ သူ့တာအိုဆန္ဒက လူတစ်ယောက်၏ တာအိုအမှတ်အသားကို မဟာတာအိုအရင်းအမြစ်ထဲတွင် ရှာတွေ့နိုင်လိမ့်မည်။ ဝမ်ဝေ့က သူ့အစစ်အမှန်ဆန္ဒကို ဖန်တီးကာ စမ်းသပ်ကြည့်လိုက်၏။ သူက ရလဒ်နှင့်ပတ်သက်ပြီး ချက်ချင်းကျေနပ်သွားသည်။ ပို၍အရေးကြီးသည်က ဇုန်ကဏ္ဍခွဲခြားခြင်း စွမ်းရည်သည် အတော်လေး တိုးတက်လာနိုင်သည်။ သူ့တာအိုကို ပေါင်းထည့်လိုက်သည်နှင့် လူများ၏ အမှတ်အသားကို ရှင်းထုတ်ဖို့ရာ ပိုမိုလွယ်ကူသွားလိမ့်မည်။

ထိုကဏ္ဍနှစ်ခု ပြီးဆုံးသွားသည့်အခါ ဝမ်ဝေ့က သူ့နိုးထအသက်ဝင်ခြင်းအဆင့်ကို လုပ်ဆောင်လိုက်သည်။ သူ ထိုအရာကို အသက်သွင်းလိုက်သည်နှင့် သူ့ခေါင်းအထက် ကံကြမ္မာနန်းဆောင် ၁၁ခု ပေါ်ထွက်လာသည်။ သူတို့က ကြီးကျယ်ခမ်းနားလှ၏။

“ဒါတွေက အရင်ကထက်ပိုပြီးတော့ ကြီးကျယ်လာတာပဲ။ ဒါက တန်ဆာဆင်ရုံသက်သက်ပဲ မဟုတ်တော့ဘူး။ တိုက်ပွဲမှာ သုံးနိုင်ပြီ” ဝမ်ဝေ့က သတိထားမိသွားသည်။ သူ့စိတ်ထဲ တွက်ချက်နေပြီး ထိုအရာများကို လက်နက်အဖြစ် အသုံးပြုရမည်လား သို့မဟုတ် ထိုနန်းဆောင်များနှင့် သင့်တော်သည့် နည်းစနစ်များကို ဖန်တီးရမည်လား စဉ်းစားနေ၏။

“ဘာမှမရှိတာထက်တော့ ပိုကောင်းမယ်ထင်တယ်” သူက ရေရွတ်ပြီးသည့်နောက်တွင် ကျန်ရှိနေသည့် မဟာတာအို အရင်းအမြစ်ဆေးကြောမှုကို အာရုံစိုက်လိုက်သည်။ ခန္ဓာကိုယ်ဆေးကြောမှု မတိုင်ခင်အထိ သိသိသာသာအပြောင်းအလဲ ဖြစ်ပျက်မလာပေ။

“တတိယ ကောင်းကင်ဘုံလား” သူက လက်သီးဆုပ်ကာ ရေရွတ်လိုက်၏။ သူ့ကျင့်ကြံဆင့်က နောက်တဆင့် တိုးသွားပြီဖြစ်ကာ အကျိုးကျေးဇူးများစွာ ရှိလာသည်။

“ဒါက ယွမ်တောက်အမြစ်ကြောင့်ပဲ ဖြစ်ရမယ်”

သူ့တွက်ချက်ထားမှုအရ  မဟာတာအိုဆေးကြောမှုသည် သူ့အင်အားကို ကောင်းကင်ဘုံအဆင့်တစ်ဝက်မျှ တိုးပေးနိုင်ရုံသာမကဘဲ သူ့ခန္ဓာကိုယ်သည် ၇၄ ရာခိုင်နှုန်းမှ တာအိုအရင်းအမြစ် ၇၅ရာခိုင်နှုန်းထိ ရောက်ရှိသွားလိမ့်မည်။ သို့သော်လည်း ယွမ်တောက်အမြစ်၏ သက်ရောက်မှုက နောက်တစ်ဝက်ကို ထည့်ပေါင်းလိုက်သလို ဖြစ်သွားသည်။

“ငါက အခု ကောင်းကင်ဘုံအဆင့် ဖြစ်သွားပြီ။ ဒါပေမဲ့ အဖြစ်အပျက်ကတော့ သိပ်အထင်ကြီးစရာမရှိဘူးပဲ” သူက ခေါင်းယမ်းလိုက်သည်။ ထိုသို့တွေးမိသော်လည်း သူ့စွမ်းအားနှင့် ပတ်သက်ပြီး ပျော်ရွှင်နေဆဲသာ ဖြစ်၏။ သူက ၁.၅ ယွမ်ခေတ်ကာလဖြင့် ဤအနေအထားအထိ ရောက်ရှိလာပြီဖြစ်ရာ  မဖျက်ဆီးနိုင်ဖွယ် ဧကရာဇ် ဖြစ်လာဖို့ အချိန်များစွာ မသုံးခဲ့ရပါက ပို၍ပင် စောလိမ့်မည်။

သူက စိတ်ငြိမ်အောင် ထိန်းပြီးသည့်နောက်တွင် အတွေးတစ်ခု ပေါ်လာမိ၏။ သို့သော် သတင်းအချက်အလက် တချို့လည်း လိုအပ်နေသေးသည်။ ထိုမတိုင်ခင် သူက သူ့အသစ်ရှာဖွေတွေ့ရှိထားသည့် စွမ်းအားကို အသားကျအောင် လုပ်ဆောင်လိုက်သည်။ သူက အိပ်မက်လောကအတွင်း ဝင်ရောက်ကာ ကောင်းကင်ဘုံအဆင့် ၅၀နှင့် ထပ်မံတိုက်ခိုက်ခဲ့သည်။ ဤတစ်ကြိမ် သူ့ခန္ဓာကိုယ်ကို မဟုတ်ဘဲ ကျင့်ကြံဆင့်ကို အသုံးပြုထား၏။ ထိုအရာက ဝမ်ဝေ့အနေဖြင့် သူ့စွမ်းရည်အများစုဖြင့် တိုက်ခိုက်ဖို့ရာ နေသားကျအောင်လုပ်ဖို့ အချိန်မရခဲ့ပေ။ မဟာမြူစက်ဝန်းကမူ ခြွင်းချက် ဖြစ်၏။

ထိုစက်ဝန်းကိုယ်တိုင်က ကောင်းကင်ဘုံအဆင့်ကြားတွင် အရွယ်အစား ကွဲပြားချက်ရှိသော်လည်း သိသာမှု မရှိပေ။ ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူတိုင်းတွင် ခြောက်ကျန်းမှ ကိုးကျန်းအထိ စက်ဝန်းရှိကြ၏။ ထာဝရကောင်းကင်ဘုံအဆင့်အတွက်မူ ၁၀ကျန်းမှ ၁၂ကျန်းအထိ ရှိလေသည်။ သို့သော်လည်း သူတို့၏ အရွယ်အစားက သူတို့၏ ကမ္ဘာနှင့် သက်ရှိကို ဖန်တီးဖို့ အရေးသာချက်ကို ညွှန်ပြခြင်း ဖြစ်၏။ အရှင်းဆုံးပြောရမည်ဆိုလျှင် စက်ဝန်းက ပိုမိုကြီးမားလေလေ ကျင့်ကြံနှုန်းက ပိုမိုမြန်ဆန်လေလေ ဖြစ်သည်။

(တစ်ကျန်း = 3.58 မီတာ )

မဟာမြူစက်ဝန်းကို အဆင့်ခွဲခြားထားသော်လည်း သက်ရှိအားလုံးက ဉာဏ်ရည်ရှိကာ ဖန်တီးဉာဏ်ရှိကြသည်။ ထို့ကြောင့် လူမှုအဖွဲ့အစည်း တိုးတက်လာမှုတစ်လျှောက်တွင် မဟာမြူစွမ်းအင်အတွက် တိုက်ခိုက်ခြင်းနှင့် အကူအညီဖြစ်လာစေဖို့ နည်းလမ်းများကို ဖန်တီးခဲ့၏။ အတွေ့ရဆုံး အများစုက ကမ္ဘာကို ပေါက်ကွဲရေး သို့မဟုတ် လက်နက်များအဖြစ် အသုံးပြုခြင်း၊ ဖန်တီးသူဘေးတွင် ယှဉ်တိုက်နိုင်မည့် ထူးကဲသော သက်ရှိများ ဖန်တီးခြင်း သို့မဟုတ် ပို၍ကောင်းမွန်သည်က ဖန်တီးသူဖြင့် ပေါင်းစည်းကာ သူတို့၏ စွမ်းအားကို မြှင့်တင်ခြင်းတို့ ဖြစ်သည်။ နောက်ဆုံးတွင် မဟာမြူစက်ဝန်းကို နောက်ဆုံးမဟာမြူအဖြစ် ပြောင်းပြန်လှန်ကာ လူများကို သတ်ဖြတ်ခြင်းတို့ ဖြစ်သည်။

ဝမ်ဝေ့က ထိုနည်းဗျူဟာများကို နားလည်ဖို့ရာ အချိန်လိုအပ်နေလေ၏။ ထို့ကြောင့် သူက ထိုအမှတ်အသားပြားများဖြင့် တိုက်ခိုက်ဖို့ အချိန်ယူခဲ့သည်။ သူက အချိန်များစွာ မဖြုန်းတီးခဲ့ပေ။ ထိုအယောက်ငါးဆယ်က ပြီးပြည့်စုံသည့် ဆရာများဖြစ်၏။ သူတို့အားလုံးက အခြေခံနည်းဗျူဟာများကို ကျွမ်းကျင်လာအောင် ကြာကြာအသက်ရှင်နေထိုင်ခဲ့ကြသူများဖြစ်သည်။

ဝမ်ဝေ့က မျက်လုံးဖွင့်လာသည့်အခါ အတွေးတစ်ခု ရောက်ရှိလာပြီး သတင်းအချက်အလက်တချို့ကို သိလိုက်ရသည်။

ရည်ရွယ်ချက်လား…

ကောင်းကင်ဘုံအဆင့်ကို ပိုမိုထူးကဲအောင် လုပ်ဖို့ရာအတွက် ဖြစ်၏။

သူက အတိုင်းအတာမဲ့ ဧကရာဇ်ဖြစ်လာကတည်းက ထင်မှတ်မထားသည့် တစ်စုံတစ်ခုကို တွေးထားခဲ့သည်။ ထိုသို့ဆိုလျှင်ပင် ဘာသံမှ ဖြစ်ပျက်မလာသေးပေ။ စွမ်းရည်အသစ် မရှိသလို ကောင်းကင်ဘုံမှ ချီးမြှင့်ခြင်းလည်း မရှိပေ။ အရှင်းဆုံးပြောရလျှင် ကုသိုလ် ချီးမြှင့်မှုပင် မရှိပေ။

အမည်မသိအချိန်တစ်ခု ကြာမြင့်ပြီးသည့်နောက်တွင် သူက မျက်လုံးကို စိတ်ပျက်လက်ပျက်ဖြင့် ဖွင့်လိုက်၏။

“ဒါက ဒီလိုကိုး။ ရှေးရိုးလမ်းစဉ်။ ငါက တာအိုအမှတ်အသား နှစ်ခု စမ်းသပ်ချက်ကို မအောင်မြင်တာ မထူးဆန်းတော့ပါဘူး”

မဟာတာအိုက သေမျိုးအဆင့် ( ၀ - ၉) တိုးတက်မှုများကို တီထွင်ဖန်တီးမှုများ အားပေးသည့်အတွက် လူများက ကျင့်စဉ်အသစ်များ ရရှိနိုင်သလို တုယီနယ်ပယ်အဆင့်လည်း ဝင်ရောက်နိုင်သည်။

သို့သော်လည်း အဆင့်(၁၀) မှ (၁၂)အတွက်မူ လူတိုင်း၏ ကျင့်ကြံဆင့်က ရှေးရိုးလမ်းစဉ်အတိုင်း လိုက်နာကြရသည်။ ဝမ်ဝေ့က ပုံစံခွက်ကို ချိုးဖောက်ကာ အတိုင်းအတာမဲ့ ဧကရာဇ်ဖြစ်လာခဲ့သော်လည်း သူ သွားနိုင်သည့် အလွန်ဆုံး နေရာသာ ဖြစ်၏။

မဟာတာအိုက အားလုံးက ရှေးရိုးလမ်းစဉ်အတိုင်း လိုက်စေချင်တာ။ အဲဒါဆိုတော့ သူတို့ရဲ့ တီထွင်ဖန်တီးဉာဏ်က ဆုံးရှုံးတာပဲ။ ဒါပေမဲ့ ထိပ်သီးစံပြအဆင့် ရောက်လာတာနဲ့ ကျင့်ကြံသူက အဲဒီစိတ်ဝိညာဉ်ကို ပြန်လည်ရဖို့ လိုတယ်။ အဲဒါမှသာ သူတို့က ထူးကဲသာလွန်မှုလမ်းစဉ်ကို ရောက်ရှိဖို့ တွေးမိသွားမှာ…

သူက တွေးလိုက်သည်။

ဝမ်ဝေ့က အတော်လေး ဆွံ့အနေမိသည်။ သူက သေချာသည့် အနေအထားမှ ကြည့်လျှင် ထိုနည်းလမ်းက ကျင့်ကြံသူ ၉၉.၉၉ ရာခိုင်နှုန်းကို ရှင်းထုတ်ပစ်ဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပေသည်။ မထိုက်တန်သည့် ကျင့်ကြံသူများကို ဖယ်ရှားပြီး အလားအလာကောင်းသည့် ထူးကဲသာလွန်မှုအဆင့် ကျင့်ကြံသူများကိုသာ ပြုစုပျိုးထောင်ဖို့ နည်းလမ်း ဖြစ်၏။ သို့သော်လည်း တစ်စုံတစ်ယောက်က ရှေးရိုးလမ်းစဉ်အတိုင်း နေဖို့ ဖိအားပေးခံရလျှင် သူ့အနေဖြင့် ပျော်ရွှင်မည် မဟုတ်ပေ။

“ကျင့်ကြံသူတွေက မသေနိုင်စွမ်းရတယ်ဆိုတော့ သူတို့ အချိန်အနှောင်အဖွဲ့ကနေ လွတ်မြောက်ပြီလို့ ထင်နေကြတာ။ တကယ်တမ်းတော့ အဲဒါက သူတို့ရဲ့ အကြီးမားဆုံးရန်သူပဲ” ဝမ်ဝေ့က အနည်းငယ် ဒေါသထွက်ကာ သက်ပြင်းချလိုက်သည်။ အကယ်၍ သူသာ သိပ္ပံနှင့် နည်းပညာကမ္ဘာကို ရရှိနေပါက မဟာတာအို၏ အတားအဆီးကို ကျော်ဖြတ်ဖို့ နည်းလမ်းကို ရှာလိုက်မည်။

“ပြီးသွားတဲ့ ကိစ္စတွေအတွက် ဝမ်းနည်းနေလို့ အလကားပဲ” သူက ရေရွတ်လိုက်သည်။

“ဘာပဲဖြစ်ဖြစ် ငါ ကစားပွဲကို အနိုင်မရခင် ဘယ်လိုကစားရမလဲဆိုတာကို သိထားတာပဲ”

သူက သူ့ကိုယ်သူ ချုပ်ထိန်းပြီးသည့်နောက်တွင် စွမ်းအားများကို ဆက်လက် လေ့ကျင့်လိုက်သည်။ ဝမ်ဝေ့က သူ့တာအိုအမှတ်အသားများကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် သူ့မဟာတာအို အားဖြည့်မှုများကိုပါ စစ်ဆေးကြည့်လိုက်သည်။

တိုက်ခိုက်ရေးနယ်ပယ်အဆင့်များကလည်း ရှေးဟောင်းမကောင်းဆိုးဝါး နတ်ဘုရားအဆင့်နှင့် အတူတူသာ ဖြစ်သည်။ စွမ်းအား နှစ်ရာခိုင်နှုန်းစီက တစ်ဆ ဖြစ်၏။ ဝမ်ဝေ့က သူ အားကောင်းလွန်းနေ၍ မိုးမြေဆီမှ သတိပေးချက်ရသည့်အခါ ငါးဆသို့ ရောက်ရှိနေပြီ ဖြစ်၏။ သူက လေဟာနယ်တိုက်ခိုက်ရေးအဆင့်ကို ပိတ်ဆို့ထားခဲ့သည်။ သူ့အနေဖြင့် အရင်းအမြစ်ချီနေရာလွတ်ထဲ ဝင်၍ ကျင့်ကြံရုံမှအပ ရွေးချယ်စရာမရှိပေ။

ထင်ထားသည့်အတိုင်း ဝမ်ဝေ့က ဆယ်ဆတိုက်ခိုက်ရေးအဆင့်သို့ ရောက်ရှိလာလေသည်။ သို့သော်လည်း တားမြစ်တိုက်ခိုက်ရေးအဆင့်ကို ချက်ချင်း မရောက်ရှိသေးပေ။ သူ့အနေဖြင့် သော့ချက်တစ်ခု လိုအပ်ခဲ့၏။ ထို့ကြောင့် သူက ဂမ္ဘီရကို တွက်ချက်ကာ အဖြေကို ရှာဖွေခဲ့သည်။

“ငါက ပြီးပြည့်စုံဖွယ် မျက်ရည်ကို စုပ်ယူဖို့လား ဒါမှမဟုတ်ဘူးဆိုလည်း အဲဒါနဲ့ ယှဉ်နိုင်တဲ့ ပြီးပြည့်စုံတဲ့ စွမ်းရည်ပေါ့” သူက တစ်စုံတစ်ခုကို အမှတ်ရသွားကာ ရှုံ့မဲ့သွား၏။

“ရှုကျင်းယောင် …  ကံကြမ္မာက သူနဲ့ တွေ့ဖို့ ငါ့ကို ကြံစည်နေပြီလား။”

သူက ပြီးပြည့်စုံဖွယ်မျက်ရည်သည် မည်မျှရှားပါးကြောင်း သိထားလေ၏။ ဒိုင်မေးရှင်းအမြင့်တွင် ရှုကျင်းယောင်က လွဲ၍ ပြီးပြည့်စုံသည့် စွမ်းရည် မည်သူကများ ရှိမည်နည်း။

ဝမ်ဝေ့က ကျိန်ဆိုလိုက်သည်။

“ထားလိုက်တော့။ ဒီတစ်ကြိမ် တားမြစ်တိုက်ခိုက်ရေးအဆင့်ကို ရဖို့ ဗလာနတ္ထိစွမ်းအားကိုပဲ သုံးတော့မယ်” သူက ဘယ်လိုလုပ်ရမလဲဆိုတာ အတွေးတစ်ခု ရှိထားပြီဖြစ်သည့်အတွက် ပြဿနာမရှိပေ။ သူ့ခန္ဓာကိုယ်က ရွှေရောင်အလင်းတန်း ထွက်ပေါ်လာကာ တည်တည်ငြိမ်ငြိမ်သာ ကြည့်နေလိုက်၏။

ဝမ်ဝေ့က သူ့သီးသန့်ကျင့်ကြံမှုနှင့် အဆင့်တက်လှမ်းမှုအတွင်း စိတ်ပျက်မှုအနည်းငယ်ကို တွေ့ကြုံခံစားခဲ့ရသည်။ နောက်တစ်ခုကမူ သူ့ထိပ်တန်းအဆင့် ကုသိုလ်ရွှေရောင်ခန္ဓာ ဖြစ်၏။ သူသည် ကျန်ရှိနေသည့် ကုသိုလ်များကို စုပ်ယူပြီးသည့်နောက်တွင် တတိယအဆင့်သို့ ရောက်ရှိလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း မှားယွင်းသွားခဲ့သည်။

တတိယအဆင့်နှင့် ဒုတိယအဆင့်ကြား ကွာဟချက်က ကျယ်ပြောလွန်းသည့်အတွက် ရရှိဖို့ရာ မဖြစ်နိုင်လုနီးပါး ဖြစ်၏။

ယခုအခါ သူသာ ထိုရွံရှာဖွယ်မကောင်းဆိုးဝါး၏ ခြိမ်းခြောက်မှုကြောင့်သာ မဟုတ်လျှင် သူသည် ထိပ်သီးဒုတိယအဆင့်သို့ပင် မရောက်ရှိနိုင်ကြောင်း နားလည်သွားခဲ့သည်။

“ငါက တတိယအဆင့်ကို ရောက်ချင်တယ်ဆိုရင် ငါ့ရဲ့ ကံကြမ္မာကို ပြီးပြည့်စုံအောင် လုပ်ပြီး ကပ်ပါးကို ရှင်းထုတ်ဖို့ လိုတယ်” ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။

“အဲဒါဆိုတော့ ငါက အမည်မသိ စတုတ္ထအဆင့်ထိ ရောက်နိုင်တာလား”

သူက သူ့အစီအစဉ်သည် အလုပ်မဖြစ်နိုင်ကြောင်း သဘောပေါက်သွားခဲ့၏။ ဆိုလိုသည်မှာ သူ့အနေဖြင့် ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်များဆီမှ ကာကွယ်ဖို့ နည်းလမ်း သို့မဟုတ် ပုန်းအောင်းဖို့ နည်းလမ်းလိုအပ်လာသည်။ ထို့နောက် သူ့စိတ်ထဲ တွက်ချက်လိုက်၏။

ကောင်းကင်လှည့်ဖျားရေးအစီအရင်က အလုပ်ဖြစ်လောက်တယ်။ ဒါပေမဲ့ အန္တိမသဟဇာတနဲ့ မေတ္တယျတို့က အစစ်အမှန်ကောင်းကင်တာအို မဟုတ်ဘူး။ သူတို့က စည်းမျဉ်းအတိုင်း လိုက်နာဖို့ မလိုဘူးဆိုတော့ သူတို့ထက် အားနည်းတဲ့သူတွေရဲ့ လှည့်စားမှုကို လက်ခံပါ့မလား။ ဒီနည်းလမ်းကို လုပ်ဖြစ်ချင်တယ်ဆိုရင် ဒီအစီအရင်ရဲ့ ဗဟိုချက်အနေနဲ့ အသုံးပြုဖို့ တူညီတဲ့ အနှစ်သာရကို သုံးဖို့လိုတယ်…

ဝမ်ဝေ့၏ အကြည့်များက တောက်ပလာသည်။

မိစ္ဆာဘိုးဘေး၏ ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့် လက်နက်…………

သူက ထိုအရာသည် အလုပ်ဖြစ်နိုင်ကြောင်း တွေးမိသည့်အခါ စိတ်လှုပ်ရှားမိလာ၏။ တစ်ခုတည်းသော ပြဿနာက ထိုသူနှစ်ယောက်ကို မသိစေဘဲ စမ်းသပ်ချက်ကို မည်သို့ ဖြတ်ကျော်ရမလဲဟူ၍ ဖြစ်သည်။ ဝမ်ဝေ့က  ယခုလုပ်ဆောင်ရမည့် ဦးတည်ချက်ရှိနေသည့်အတွက် များများစားစား မခက်ခဲတော့ပေ။

သို့သော်လည်း ပျော်ရွှင်မှုတို့ ငြိမ်ကျသွားသည့်အခါ ရုတ်ချည်းတစ်စုံတစ်ခုကို တွေးမိသွားပြီး သူ့အမူအရာက ပျက်ယွင်းသွားခဲ့သည်။

All Chapters