နတ်ဘုရားအဖြစ် ကစားခြင်း
Vol. 86 Ch. 1198
အနီရောင်မြူတားမြစ်နယ်မြေ
ကောင်းကင်စာအုပ်စံပြက မျက်လုံးကို ဖွင့်ကာ နောက်ထပ် အချိန်ဆက်နွယ်မှုတစ်ခုကို ခံစားမိလိုက်သည်။ သူက စာအုပ်ကို ဖွင့်လိုက်သည့်အခါ စာကြောင်းများ ထပ်မံပေါ်ထွက်လာ၏။ သူက စိတ်ရှည်လက်ရှည်ဖြင့် ဖတ်လိုက်ပြီးသည့်နောက်တွင် နှုတ်ခမ်းအထက် အပြုံးတစ်ပွင့်ပေါ်ထွက်လာသည်။
“ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့် လက်နက်ပျက်လား။ နောက်ဆုံးတော့ ဒီလိုကောင်းမွန်တဲ့ ကံအပြောင်းအလဲ အခွင့်အရေး ရလာပြီ” သူက ရေရွတ်လိုက်သည်။ သူက မဟာတာအိုသည် သတင်းအချက်အလက် ပို့ဆောင်ရေးမှာ ညံ့ဖျင်းပြီး မဟာတာအို၏ သားတော်က သူ့အား အကျိုးအမြတ်ပေးနိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်လာလိမ့်မည်ဟု စတင်တွေးတောလာမိသည်။
ကောင်းကင်စာအုပ်စံပြက တွေးတောလိုက်၏။
အခု နေရာအတိအကျက အကြမ်းဖျင်းပြောထားတာဆိုတော့ သိပ်ပြီးတော့ မသဲကွဲသေးဘူး။ ဒါပေမဲ့ လက်ထဲမှာရှိတဲ့ သတင်းအချက်အလက်နဲ့ မိစ္ဆာဘိုးဘေးရဲ့ သတင်းတွေအရဆိုရင်တော့ တည်နေရာအတိအကျကို ကောက်ချက်ချနိုင်လောက်တယ်…
သူက ကောင်းကင်ဘုံ မဟာတာအိုအရင်းအမြစ်ကို အသက်သွင်းလိုက်သည့်အခါ မျက်ဝန်းက အဖြူရောင်ပြောင်းလဲသွား၏။ သူ့အကြည့်က ဟွင်သွမ်းစကြဝဠာတစ်ခုလုံးမှ ဗဟုသုတဖြင့် မှတ်တမ်းတစ်ခုကို ကြည့်ရှုနေသလိုမျိုး စကြဝဠာ၏ လျှို့ဝှက်ချက်များကို ထိုးဖောက်သွားသည်။
“တွေ့ပြီ” ကောင်းကင်စာအုပ်က ကိုယ်ပွားတစ်ခုကို ဖန်ဆင်းပြီးသည့်နောက်တွင် ကမ္ဘာဦးဟွင်သွမ်းထဲရှိ စစ်ဆေးမှုတည်နေရာထံ ပို့ဆောင်လိုက်သည်။
“ဒါက အစကောင်းပဲ” သူက တည်တည်ငြိမ်ငြိမ် တွေးလိုက်၏။
ဒါပေမဲ့ သူ့ရဲ့ ကြီးထွားနှုန်းက ငါ ထင်ထားတာထက် ပိုပြီးတော့ မြန်နေတာပဲ…
ကောင်းကင်စာအုပ်စံပြက အပြည့်အဝသဘောမပေါက်သေးသည့် ဝမ်ဝေ့ သို့မဟုတ် မဟာတာအိုသားတော်နှင့် ရင်ဆိုင်ဖို့ လိုလားပေသည်။ သူက ထိပ်တိုက်တွေ့ဆုံရာ၌ မည်သူ့ကိုမှ မကြောက်သော်လည်း အပိုအလုပ်များကို သဘောမကျပေ။
ဒီနှစ်ယောက်ကို ရှင်းထုတ်ပစ်ဖို့ ထည့်စဉ်းစားရမဲ့ အချိန်ပဲ…
သူက မျက်မှောင်ကြုတ်ပြီး ခက်ထန်မှုကို ဖုံးကွယ်ထားလိုက်သည်။ ထိုသူနှစ်ဦးကို သတ်ဖို့ရာ မဖြစ်နိုင်ကောင်း မဖြစ်နိုင်သော်လည်း သူက ဝမ်ဝေ့ဆီ ယာယီရောက်နိုင်မည့် နည်းလမ်းက မဖြစ်နိုင်ခြင်း မဟုတ်ပေ။
ငါသာ အခွင့်အရေး လိုချင်တယ်ဆိုရင် ကတ်တွေကို မှန်မှန်ကန်ကန်ကစားဖို့ လိုတယ်…
ကောင်းကင်စာအုပ်ကို ပိတ်လိုက်ပြီးသည့်နောက်တွင် သူ့စိတ်ထဲ၌ တစ်စုံတစ်ခုကို ကြံစည်နေလေ၏။
…………………………………………………………..
အသင်္ချေအင်ပါယာကမ္ဘာ၊ လေဟာနယ်တိုက်ပွဲကွင်းပြင်
ကျစ်…
ဝမ်ဝေ့က တွေးလိုက်သည်။
အဲဒီခွေးကောင် ကောင်းကင်စာအုပ်က ငါ့ရဲ့ အနာဂတ်ကိုသိပြီး ကံအပြောင်းအလဲအခွင့်အရေးကို ယူသွားနိုင်ချေ ရှိတယ်။ အဲဒီလက်နက်လည်း ပါတယ်…
သူက ထိုအကြောင်းကို တွေးပြီးသည့်နောက်တွင် စိတ်အခြေအနေ ဆိုးရွားလာ၏။
ငါက သွက်သွက်လုပ်ဖို့ လိုတယ်…
ဝမ်ဝေ့က ထိုကပ်ပါးများ သို့မဟုတ် နေမင်းနှစ်စင်းကိုသာ အပြည့်အဝ အာရုံစိုက်ထားရမည်သာမကဘဲ ကောင်းကင်စာအုပ်ကိုလည်း စောင့်ကြည့်ရမည်ဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။ ထိုသူ၏ ရည်ရွယ်ချက်များက မသိသေးသလို ထိုသူ့အပေါ် သတင်းအချက်အလက် လိုအပ်နေမှုကလည်း သိပ်အဆင်မပြေလှပေ။
ငါသာ အဲဒီလက်နက်ကို အားကိုးလို့မရဘူးဆိုရင် အရန်အစီအစဉ်လိုလာပြီ…
သူက ညည်းတွားလိုက်သည်။ သူက နာရီပိုင်းကြာ တိတ်ဆိတ်နေပြီးသည့်နောက်တွင် ထရပ်လိုက်၏။
အခုတော့ လက်ရှိကိုပဲ အာရုံစိုက်ရအောင်…
ဝမ်ဝေ့က အပြာရောင်မြူခိုးကို ဆင့်ခေါ်လိုက်သည်။
ကဲ ပုံမှန်အတိုင်းပဲ လုပ်လိုက်ရမလား။ ထားလိုက်ပါတော့။ ဖန်ကူရဲ့ နည်းလမ်းအတိုင်းပဲ အတုခိုးရအောင်…
သူက အပြာရောင်မြူခိုးကို တိုက်ပွဲကွင်းပြင်တစ်လျှောက် ပျံ့နှံ့စေကာ ပုဆိန်တစ်လက်ကို ဖန်ဆင်းလိုက်သည်။ သူက အောက်ကို ဝှေ့ယမ်းချလိုက်သည်။ သူက မိုးမြေကို ဖွင့်လှစ်ဖို့ အတုခိုးသည့် ဖြစ်စဉ်ကို မရှက်ပေ။
ပထမရိုက်ချက်အပြီးတွင် အပြာရောင်မြူခိုးက ဗလာနတ္ထိကို လွှမ်းခြုံထားဟန်ပေါ်သည့် ကျယ်ပြောသည့် နေရာတစ်ခုကို ဖန်ဆင်းလာသည်။ ဝမ်ဝေ့က ပုဆိန်ကို ဒုတိယအကြိမ် ဝှေ့ယမ်းလိုက်၏။ ထိုစဉ် မိုးမြေက ပေါ်ထွက်လာသည်။ သို့သော်လည်း တိမ်တိုက်များက အပြာရောင် မဟုတ်ဘဲ မီးခိုးရောင်ဖြစ်ပြီး မြေကြီးကလည်း သွေးကြောများရှိနေသကဲ့သို့ အနီရောင်မျဉ်းများနှင့် နက်ပိတ်နေသည်။
“ဟွင်သွမ်းကာလ” ဝမ်ဝေ့က ထိုကမ္ဘာအသစ်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။ ထိုအရာက ပထမဦးဆုံး မဟုတ်သော်လည်း အနည်းငယ် စွဲမက်ဖို့ ကောင်း၏။
ဒီဆိုးဆိုးရွားရွားကမ္ဘာမှာ အသက်ရှင်နိုင်မဲ့ သက်ရှိတွေကို ဖန်ဆင်းလိုက်ရမလား။ ကောင်းပြီလေ…
သူက ထိုနယ်မြေရှိ ဖရိုဖရဲချီတို့ကို ထိန်းချုပ်ကာ ဧရာမသက်ရှိများကို ဖန်တီးလိုက်သည်။
ဝမ်ဝေ့က သူ့မဟာမြူစက်ဝန်းကို ထိန်းချုပ်၍ အရှိန်ကို မြှင့်တင်လိုက်ပြီး ကမ္ဘာ၏ ဖွံ့ဖြိုးတိုးတက်လာမှုကို စောင့်ကြည့်လိုက်၏။ ထင်ထားသည့်အတိုင်း ဖရိုဖရဲဖြစ်မှုကို လွှမ်းခြုံထားသည့်အရာများက တစ်ယောက်နှင့်တစ်ယောက် ပျက်သုဉ်းသည်အထိ တိုက်ခိုက်ကြလေသည်။
“ကောင်းပြီလေ။ အသိဉာဏ်မြင့်ပြီးတော့ သူတို့ကို ဦးဆောင်နိုင်မဲ့ ခေါင်းဆောင်တစ်ယောက်ကို ရွေးရအောင်” သူက အကြည့်ကောင်းဆုံးဖြစ်သည့် လူသားအသွင်ရှိသော မီးတောင်တစ်လုံးကို ရွေးချယ်လိုက်သည်။
“အခုကစပြီးတော့ မင်းက ယွမ်။ မင်းရဲ့ ကံကြမ္မာက မင်းရဲ့ လူတွေကို ဦးဆောင်ပြီး စုစည်းဖို့ပဲ”
ယွမ်၏ မျက်ဝန်းအထက် ရှင်းလင်းပြတ်သားသည့် အရိပ်အယောင်တစ်ခု ပေါ်ထွက်လာကာ ကီလိုမီတာသန်းချီမြင့်မားသည့် ခန္ဓာကိုယ်ကြီးက ဝမ်ဝေ့ရှေ့မှောက် ဒူးထောက်လာခဲ့သည်။ ထို့နောက် ယွမ်က အဝေးတစ်နေရာဆီ ပျံသန်းသွားပြီး စစ်ပွဲကို စတင်လိုက်သည်။ အသစ်ရရှိထားသည့်စွမ်းအားဖြင့် ယွမ်က သူ့မျိုးနွယ်ဝင်အားလုံးကို ဖိနှိပ်ချုပ်ကိုင်နိုင်ခဲ့သည်။ သူက သူတို့၏ ဖရိုဖြစ်တတ်သည့် သဘာဝကို ဖိနှိပ်ထားပြီး သူတို့၏ အသိဉာဏ်ကို အသက်ဝင်လာစေကာ ဟွင်သွမ်းနတ်ဘုရားတိုင်းပြည်ကို ဖန်တီးခဲ့သည်။
“မဆိုးဘူးပဲ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။
“ဒါပေမဲ့ မင်းရဲ့ခေတ်ကာလက အဆုံးသတ်သွားပြီ”
သူ့ထိန်းချုပ်မှုအောက်တွင် ကမ္ဘာပေါ်ရှိ ဟွင်သွမ်းစွမ်းအင်များက သိသိသာသာ လျော့ကျလာသည်။ ထို့နောက် ထိုဖရိုဖရဲချီများက မြေကြီးနှင့် ပေါင်းစည်းသွားကာ မိုးမြေကြားတွင် ရှင်းလင်းပြတ်သားသည့် ချီ ပေါ်ထွက်လာသည်။ ထိုဟွင်သွမ်းနတ်ဘုရားဟု ခေါ်ဆိုသည့်အရာများက သူတို့၏ အင်အားသည် သိသိသာသာ လျော့ဆင်းလာပြီး ဘာမှမလုပ်နိုင်ကြောင်း ခံစားမိလိုက်ကြသည်။
ကံကောင်းစွာဖြင့် သူတို့၏ ဧကရာဇ်က ဖန်တီးရှင်မှ သတိစကားကို ရရှိလိုက်ပြီး မိုးမြေနှင့် ပေါင်းစည်းကာ သူတို့ကိုယ်သူတို့ ကယ်တင်နိုင်ကြောင်း ပြောခဲ့သည်။ အများစုက ထိုသို့လုပ်ဆောင်ခဲ့သည့်အတွက် ထိုသက်ရှိများက တောင်တန်း၊ တောအုပ်၊ မြစ်၊ ပင်လယ်၊ မီးတောင်၊ လ၊ နေနှင့် ကြယ်များစွာအဖြစ် ပြောင်းလဲသွားကြသည်။
“စိတ်ဝင်စားစရာပဲ” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်၏။
“ငါ့ရဲ့ မဟာမြူစက်ဝန်းကို သုံးပြီးတော့ အဲဒီအရာတွေကို ဖန်တီးနိုင်တယ်ဆိုပေမဲ့ ဒီနည်းလမ်းက အတော်လေးကို အချိန်ကုန်သက်သာစေတာပဲ”
ဤကွဲပြားချက်အနည်းငယ်က သေးနုတ်ဟန်ထင်ရသော်လည်း တကယ်တမ်းတွင်မူ သူ့လိုမျိုး လူတစ်ယောက်အတွက် မဟာမြူစက်ဝန်းကို အသုံးချဖို့ အနှစ်သာရကို ထုတ်ဖော်ခဲ့သည်။
အဲဒါဆိုတော့ နောက်ထပ်ခေတ်ကာလအသစ်က ဘာများလဲ…
ဟော်သဲ့သက်ရှိကို မပြောင်းခင် ပင်ကိုသက်ရှိကနေ စလိုက်ရမလား။ ဒါမှမဟုတ်ဘူးဆိုရင် ဟော်သဲ့သက်ရှိကို တိုက်ရိုက်ကျော်လိုက်ရမလား။ ဒါမှမဟုတ်ဘူးဆိုရင် ပင်ကို သက်ရှိကိုပဲ ဖန်တီးလိုက်ရမလား။ ဒါမှမဟုတ် ကွဲပြားတဲ့ ဦးတည်ရာကို သွားလိုက်ရမလား…
ဝမ်ဝေ့က အတွေးနက်နေမိသည်။ သူက ထိုကမ္ဘာသည် သူစိတ်တိုင်းကျ ဖန်တီးနိုင်သည့်အတွက် အရာအားလုံးကို လုပ်ဆောင်နိုင်၏။ အကယ်၍ သူသာ အလိုရှိပါက ပြန်လည်စတင်နိုင်သည်။ သို့သော်လည်း သူက ဤကမ္ဘာကို ဖန်တီးဖို့ ရည်ရွယ်ချက်တစ်ခု လိုအပ်၏။
ငါ့ရဲ့ ရည်ရွယ်ချက်က ငါ့ရဲ့ ကျင့်ကြံနှုန်းကို တိုးမြှင့်ပြီးတော့ ဖန်ဆင်းမှုစမ်းသပ်ချက်မှာ ဖန်တီးနိုင်မဲ့ သက်ရှိတွေကို ဖန်ဆင်းဖို့ပဲ။ ဒီလိုဆိုရင်…
ဝမ်ဝေ့က ကောင်းကင်ကို လက်ညှိုးထိုးကာ သင်္ကေတများဖြင့် ဖွဲ့စည်းထားသည့် သံကြိုးတစ်ခုကို ဖွဲ့စည်းလိုက်သည်။ ထိုအရာက မဟာတာအိုအရင်းအမြစ်၏ ပုံသဏ္ဍာန်ပြမှု ဖြစ်၏။
သူက ထိုအရာကို ဤကမ္ဘာ၏ စည်းမျဉ်းဥပဒေသအုတ်မြစ်အနေဖြင့် အသုံးပြုပြီး မဟာတာအိုအရင်းအမြစ် ပုံစံအသစ်ကို ဖန်တီးခဲ့၏။ ဝမ်ဝေ့က ဤကမ္ဘာအပေါ် အကြွင်းမဲ့ ထိန်းချုပ်ခွင့်ရရှိထားသည့်အတွက် မဟာတာအိုအရင်းအမြစ်ကို သူ့စိတ်တိုင်းကျ လုပ်ဆောင်နိုင်သည်။ သို့သော်လည်း သူက တကယ့်လက်တွေ့ကမ္ဘာမှ တစ်ခုကို ပုံတူပွားခဲ့ပြီး ထိုသူများက ဖန်ဆင်းမှုစမ်းသပ်ချက်တွင် အသက်ရှင်ပြီး သူ့ကို ကျင့်ကြံနိုင်အောင် ကူညီဖို့ လုပ်ဆောင်ထားခဲ့သည်။ ဤနည်းလမ်းနှင့် ပတ်သက်၍ တစ်ခုတည်းသော ပြဿနာက သူ့ကျင့်ကြံဆင့်က ၇၀ ရာခိုင်နှုန်းသာရှိထားသည်။
“နောက်တစ်ခါကျရင် အသင်္ချေတာအိုရဲ့ ကံကြမ္မာကို အသုံးပြုပြီးတော့ တာအို ၃၈၀၀လုံးရဲ့ မဟာတာအိုအရင်းအမြစ်ကို ပုံတူပွားရမယ်”
သူ့စကားအဆုံးတွင် သံကြိုးမြောက်များစွာ ထွက်ပေါ်လာပြီး ဤကမ္ဘာ၏ တည်ရှိမှုထဲတစ်လျှောက် မြစ်ကြောင်းသဖွယ် ဖွဲ့တည်လာသည်။ ထိုတာအိုအများစုက မဟာတာအိုအရင်းအမြစ် ၅၀ ရာခိုင်နှုန်းနှင့် ယှဉ်နိုင်လေသည်။ ဝမ်ဝေ့၏ တာအိုအခွဲက အကောင်းဆုံး ၂၅ ရာခိုင်နှုန်းသာ ရှိသော်လည်း လုံလောက်သည်ထက် ပိုနေလေသည်။
“ဒီလူတွေက ဒီတာအိုကို ပြီးမြောက်အောင် လုပ်နိုင်တယ်” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ သူက ဟွင်သွမ်းတာအိုကို ကျင့်ကြံဖို့ရာအတွက် ယခုအခါ ဖြစ်နိုင်ကြောင်း နားလည်သွားခဲ့၏။ မဟာမြူစက်ဝန်းကို အသုံးပြုခြင်းက အသုံးချပစ္စည်းတစ်ခုဖြစ်လေသည်။ မဟုတ်ပါက မဟာတာအိုအရင်းအမြစ် ၃၈၀၀ လုံးကို ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အချိန်အရမ်းကြာလွန်းလိမ့်မည်။
“နောက်တစ်ခုက သက်ရှိတွေပဲ” ဝမ်ဝေ့က စဉ်းစားပြီးသည့်နောက်တွင် ကမ္ဘာကို ကုန်းမြေငါးခုအဖြစ် ပိုင်းခြားလိုက်သည်။ ပထမကုန်းမြေက ကံကြမ္မာကုန်းမြေဖြစ်ပြီး ထိုနေရာတွင်နေထိုင်ကြသည့် သက်ရှိများအားလုံးက ကံကြမ္မာတာအိုနှင့် သူ့ကံကြမ္မာလွှမ်းမိုးရေးတာအို ကဏ္ဍအားလုံးကို ကျင့်ကြံကြသည်။ ထိုကုန်းမြေက အလယ်တွင် ဖြစ်ကာ အကြီးမားဆုံးဖြစ်ပြီး ကံကောင်းမှုကို ကြမ္မာနှင့် အရင်းအမြစ် ပေါကြွယ်ဝဆုံး ဖြစ်လေသည်။
ဒုတိယကုန်းမြေကမူ သူ့ဝိညာဉ်တာအိုအခွဲကို ကျွမ်းကျင်အတတ်ပညာများနှင့်အတူ ကျင့်ကြံဖို့ ဖြစ်၏။ ထိုကုန်းမြေက ပေါကြွယ်ဝသည့် အရင်းအမြစ်တို့ ရှိလေသည်။ တတိယကုန်းမြေကမူ ဖျက်ဆီးခြင်း၊ ဓာတ်ငါးပါးနှင့် မိုးကြိုးကဲ့သို့ တာအိုအခွဲများကို ကျင့်ကြံဖို့ ဖြစ်၏။ စတုတ္ထအခွဲကုန်းမြေကမူ တခြားသောတာအိုအားလုံးကို ကျင့်ကြံဖို့ဖြစ်ကာ ပဉ္စမမြောက်ကုန်းမြေကမူ ခန္ဓာကိုယ်လေ့ကျင့်သူများအတွက် ဖြစ်သည်။
ဝမ်ဝေ့က လက်ဝှေ့ကာ ပထမဦးဆုံးသက်ရှိကို ဖန်တီးလိုက်၏။ သူက ပင်ကို သက်ရှိ သို့မဟုတ် ဟော်သဲ့သက်ရှိများကို မရွေးချယ်ခဲ့ပေ။ သူ့ဖန်တီးမှုက သက်တမ်း နှစ်တစ်သောင်းရှိမည်ဖြစ်သော်လည်း သူတို့က အားနည်းစွာ မွေးဖွားလာပြီး ကျင့်ကြံရလိမ့်မည်။ သူ့လက်ရာပြီးမြောက်သွားသည့်အခါ ဝမ်ဝေ့က ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်၏။
“မင်းကို ငါ့ပုံရိပ်အတိုင်း ဖန်တီးပေးထားတယ်ဆိုတော့ မင်းက ပြိုင်ဘက်ကင်း ပါရမီရှိတယ်လို့ ဆိုလိုနေတာပဲ” ဝမ်ဝေ့က ပြောလိုက်သည်။
“အရှင် ” ကြမ်းတမ်းသည့် အညိုရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသားက ဒူးထောက်လိုက်သည်။
“မင်းရဲ့ မျိုးရိုးက ဝမ်။ မင်းရဲ့ နာမည်က ပထမဖန်ဆင်းမှုလို့ အမည်ရတဲ့ ချွမ်းရှန် ဖြစ်လိမ့်မယ်။ ငါက မင်းအပေါ် မျှော်လင့်ချက် ကြီးကြီး ထားထားတယ်။ ငါ့ကို စိတ်မပျက်စေနဲ့”
“ဘယ်တော့မှ စိတ်မပျက်စေရပါဘူး”
ဝမ်ဝေ့က သက်ရှိ ၁.၂၆၉သန်းကို ဖန်တီးလိုက်သည်။ သူက မျိုးနွယ်ကွဲ၊ မျိုးစိတ်ကွဲများကို သေသေချာချာ လုပ်ဆောင်ထား၏။ နောက်ဆုံးတွင် သူက ကိုယ်ပွားတစ်ယောက်ကို ချန်ထားကာ အခြေခံအသက်ရှင်နိုင်မည့် နည်းလမ်းများနှင့် ကျင့်ကြံရေးနည်းလမ်းများအကြောင်းကို ဟောပြောပို့ချခိုင်းခဲ့သည်။ အဓိကခန္ဓာကမူ တခြားသော ကုန်းမြေများဆီ သွားလာပြီး သက်ရှိများကို ဖြန့်ဝေနေ၏။ သူက သံသရာ၊ ကံကောင်းမှုနှင့် ကံကြမ္မာအစရှိသည့် စနစ်များကို တည်ဆောက်ခြင်းဖြင့် သူ့ဖန်ဆင်းမှုကို အဆုံးသတ်လိုက်သည်။
“အခု စောင့်ကြည့်ရတော့မှာပဲ”
သူက အချိန်ကို ကျော်လိုက်သည်။ ထိုဖြစ်စဉ်က စိတ်ဝင်စားဖို့ကောင်း၏။ အားလုံးက အလျင်အမြန် ရွေ့လျားနေကြပြီး လူများစွာက မွေးဖွားကာ ပြန်လည်ဝင်စားခြင်းတို့ ဖြစ်တည်လာကြသည်။ ကုန်းမြေကြားရှိ အကာအရံများကလည်း ပြိုပျက်သွားပြီး စစ်ပွဲနှင့် ဖျက်ဆီးမှုများကလည်း ပျံ့နှံ့လာ၏။ ထို့နောက် ငြိမ်းချမ်းမှုကလည်း ပြန်လည်ဝင်ရောက်လာသည်။ ထိုသံသရာစက်ဝန်းက ထပ်ခါထပ်ခါ ဖြစ်နေလေ၏။
သို့သော်လည်း ဝမ်ဝေ့က နည်းနည်းလေးမှ သက်ရောက်မှု မရှိပေ။ သူက ရီမုကွန်ထရိုးလ်ကို ကိုင်ထားသလိုမျိုး သူ ကြည့်ချင်သည့်နေရာဆီ ပြောင်းရွှေ့ကြည့်နေသည်။
ယွမ်ခေတ်ကာလတစ်သန်းကျော် ကြာပြီးတဲ့နောက်မှာ ဝမ်ချွမ်းရှန်က ဖန်ဆင်းမှုစမ်းသပ်ချက်ကို ကျော်ဖြတ်ဖို့ ပြင်ဆင်နေပြီးတော့ ငါ့ရဲ့ ပထမဦးဆုံး ကောင်းကင်ဘုံအဆင့် လက်အောက်ခံ ဖြစ်လာလိမ့်မယ်…
ဝမ်ဝေ့က ပြုံးကာ တွေးလိုက်သည်။