သင်ခန်းစာများ သင်ယူခြင်း
Vol. 86 Ch. 1199
“အရှင် ” ဝမ်ချွမ်းရှန်က ဒူးထောက်ကာ ပြောလိုက်သည်။ သူက ကမ္ဘာ၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်၏။ ထိုသို့ဆိုလျှင်ပင် အရှင်ဖန်တီးရှင်က သူ့အတွက် ပြောမပြနိုင်လောက်အောင် နက်ရှိုင်းနေဆဲသာ ဖြစ်၏။
လက်နှက်ဖက်နောက်ပစ်ကာ လေထဲတွင် ရပ်နေသည့် ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။
“မင်းက ငါ့ကို စိတ်မပျက်စေဘဲနဲ့ ဒီကမ္ဘာက ပထမဦးဆုံး ကောင်းကင်ဘုံအဆင့် ဖြစ်လာခဲ့တာပဲ”
“ကျွန်တော်ကို ပေးတဲ့ ပါရမီနဲ့ ထိုက်တန်အောင် အကောင်းဆုံးကြိုးစားခဲ့ရုံပါ”
“မင်းရဲ့ ဘဝက စိန်ခေါ်မှုတွေနဲ့ ပြည့်နေတာ။ မင်းက ကိစ္စကြီးကို ဖြတ်ကျော်ရှင်သန်ခဲ့တယ်။ ငါ့ဆီမှာ ဒါတွေကို ရပ်တန့်နိုင်တဲ့ စွမ်းအားရှိရက်နဲ့ ဒီလိုကိစ္စတွေကို ဘာလို့ဖြစ်ပျက်ခွင့်ပေးထားလဲဆိုတာကို သိချင်လား”
“ကျွန်တော် မေးခွန်းမထုတ်ရဲပါဘူး” ဝမ်ချွမ်းရှန်က ပြန်ဖြေလိုက်သည်။ သူ ဖန်တီးခံရပြီးကတည်းက ကိစ္စများစွာကို တွေ့ကြုံခံစားခဲ့ရသည်။ ၁၂၆၉သန်း ဖန်တီးမှုများသည် မျိုးနွယ်ခွဲခြားမှုနှင့် သူတို့၏ မျိုးဆက်များ၊ မျိုးနွယ်စုများကို တည်ထောင်ကာ စစ်ပွဲများ စတင်လာကြသည်။ တိုက်ခိုက်မှုတစ်လျှောက်အတွင်း ဝမ်ချွမ်းရှန်က ဖြည်းဖြည်းချင်း မြင့်တက်လာကာ လူသားမျိုးနွယ်၏ ခေါင်းဆောင် ဖြစ်လာခဲ့၏။ နောက်ပိုင်းတွင် ကံကြမ္မာလွှမ်းမိုးရေး ကုန်းမြေ၏ အုပ်ချုပ်သူ ဖြစ်လာခဲ့သည်။
အချိန်တို ငြိမ်းချမ်းနေမှုအပြီးတွင် သူက ကုန်းမြေကြားစစ်ပွဲကို ရင်ဆိုင်ခဲ့ရသည်။ ကုန်းမြေငါးခုက ပထမဦးဆုံး ထိတွေ့စဉ်အခါက အရာအားလုံး အဆင်ပြေချောမွေ့ကာ ငြိမ်းချမ်းနေခဲ့၏။ သူတို့က ဗဟုသုတများနှင့် အရင်းအမြစ်များကို ဖလှယ်ကြသည်။ သို့သော်လည်း ထိုသို့ငြိမ်းချမ်းမှုမျိုးက ကြာရှည်မခံဘဲ စစ်ပွဲတစ်ခု ဖြစ်ပျက်လာသည်။
ထိုအရာအားလုံး ဖြေရှင်းပြီးသည်နှင့် ဖျက်ဆီးရေးသခင်က ကျူးကျော်မှုစဖို့ အချိန်သိပ်မကြာလိုက်ပေ။ ဖျက်ဆီးရေးကုန်းမြေက အားကောင်းသည့် ကျင့်ကြံသူတစ်ယောက် ပေါ်ထွက်လာပြီး နောက်ထပ် ကျူးကျော်မှုတစ်ခုကို စတင်ခဲ့၏။ ထိုအမျိုးသားက ကြမ်းတမ်းကာ သူ့စစ်သူကြီး သုံးယောက်အနက် တစ်ယောက်က မရဏတာအိုကျွမ်းကျင်သူဖြစ်သည့်အတွက် တစ်ကမ္ဘာလုံးကို အုတ်အော်သောင်းနင်းဖြစ်သွားစေသည့် မသေနိုင်သည့်တပ်ဖွဲ့ကို ဦးဆောင်လာခဲ့သည်။
ဝမ်ချွမ်းရှန်ကပင် ဖျက်ဆီးရေးသခင်နှင့် ရင်ဆိုင်ရင်း သေလုနီးပါး ဖြစ်ခဲ့ရသည်။ ကံကောင်းစွာဖြင့် သူက နောက်ဆုံးအနိုင်ရရှိသူဖြစ်လာကာ ကုန်းမြေထံ စည်ပင်ကြွယ်ဝမှုနှင့် ငြိမ်းချမ်းမှု ပြန်လည်ဆောင်ကျဉ်းပေးလာသည်။ အမြဲတမ်းဆိုသလို ထိုသို့သော ငြိမ်းချမ်းမှုမျိုးက ပျောက်ကွယ်လွယ်၏။ နောက်ထပ်ကပ်ဘေးကမူ သူတို့ကိုယ်သူတို့ ဖန်တီးရှင်၏ နာမည်ကို အသုံးပြုကာ ကမ္ဘာကို အုပ်စိုးဖို့ ကြိုးစားနေသည့် နတ်သူတော်စင်ဟု ခေါ်ဆိုသည့်သူများ ဖြစ်ပေသည်။
ထိုဖြစ်ရပ်က ဝမ်ချွမ်းရှန်၏ ဂုဏ်ကျက်သရေနှင့် ဒဏ္ဍာရီကို အစွန်းအထင်း ဖြစ်စေခဲ့၏။ သူက အရှင်ဖန်တီးရှင်၏ တမန်တော်ဟု ယုံကြည်ထားခဲ့သည့်အတွက် ထိုဘာသာရေးဘက်မှ အမွေခံသားတော်အနေဖြင့် ဝင်ရောက်ကာ သူတို့၏ လွှမ်းမိုးအုပ်ချုပ်မှုကို ကူညီပေးခဲ့သည်။ ကံကောင်းစွာဖြင့် ဝမ်ချွမ်းရှန်က အမှန်တရားကို သိလာကာ အရာအားလုံးကို အဆုံးသတ်ပစ်နိုင်ခဲ့၏။
ထိုအဖြစ်အပျက်အပြီးတွင် ဝမ်ချွမ်းရှန်က တစ်ကိုယ်တည်းသမားဖြစ်လာကာ ပြင်ပလောကကို အာရုံမစိုက်တော့ပေ။ ကံဆိုးစွာဖြင့် လူများက သူ့ကို ပြန်လာဖို့ တောင်းဆိုကြ၏။ အကြောင်းအရင်းကမူ ဟွင်သွမ်းနတ်ဘုရားတော်လှန်ရေးဟု အမည်ရသည့် အဖြစ်အပျက်ကြောင့် ဖြစ်ပသည်။ တစ်စုံတစ်ယောက်က ရှေးခေတ်အချိန်ကတည်းက အိပ်စက်နေခဲ့သည့် ဟွင်သွမ်းနတ်ဘုရားတစ်ယောက်ကို နိုးထစေခဲ့သည်။ ထိုသူက သတ်ဖြတ်ရေးစက်ယန္တရား တစ်ခု ဖြစ်လာခဲ့ကာ လူများ၏ အသွေးအသားနှင့် ဝိညာဉ်များကို စုပ်ယူပြီး စွမ်းအားကို ထိန်းသိမ်းကာ ပိုမိုအားကောင်းလာခဲ့သည်။
လူများက ဝမ်ချွမ်းရှန်၏ နေရာကို သိသွားသည့်အခါ ဟွင်သွမ်းနတ်ဘုရားက အင်မတန်အားကောင်းနေပြီဖြစ်သည့်အတွက် သူရဲကောင်းများစွာက ထိုကပ်ဘေးကို တားဆီးဖို့ ကြိုးစားရင်း သေဆုံးခဲ့ကြရသည်။ ယခု ဝမ်ချွမ်းရှန်က တာအို၏ လမ်းဆုံးသို့ ရောက်ရှိနေပြီး ဤကမ္ဘာတွင် အားအကောင်းဆုံးပုဂ္ဂိုလ် တစ်ယောက်ဖြစ်နေသည့်အတွက် ငြိမ်းချမ်းရေးကို ပြန်လည်ဆောင်ကြဉ်းပေးနိုင်ခဲ့သည်။
“မင်းက ဉာဏ်ကောင်းတဲ့သူဆိုတော့ မင်းမေးခွန်း မထုတ်တာကပဲ ထူးဆန်းနေလိမ့်မယ်” ဝမ်ဝေ့က ယုံကြည်မှုစစ်ပွဲသည် ဝမ်ချွမ်းရှန်၏ ယုံကြည်မှုနှင့် သူ့တည်ရှိမှုနှင့် ရည်ရွယ်ချက်တို့ကို မေးခွန်းထုတ်ခြင်းကြောင့် ဖြစ်ခဲ့မှန်း သိထားသည်။
“အရှင်”
“ငါက မင်းကို အပြစ်တင်နေတာ မဟုတ်ဘူး။ အဖြေကို လာပေးရုံပဲ” ဝမ်ဝေ့က ပြောလိုက်သည်။
“မင်းက ပိုပြီးခက်ခဲတဲ့ ဘဝမျိုး ရှိလာလိမ့်မယ်။ အခု ဖန်တီးမှု စမ်းသပ်ချက်ကို ခံယူဖို့ ပြင်ဆင်ထား”
“ဖန်ဆင်းမှု စမ်းသပ်ချက်လား”
“မင်းက ဒီကမ္ဘာကနေ ကန့်သတ်ခံထားရတယ်။ မင်းရဲ့ စွမ်းအားက ထပ်ပြီးမတိုးနိုင်တော့ဘူးဆိုတာ မင်းလည်း ခန့်မှန်းမိမှာပေါ့”
“ဟုတ်ပါတယ်”
“ တကယ်လို့ မင်းဒီနေရာက ထွက်သွားပြီးတော့ ငါ ရှိတဲ့ စကြဝဠာထဲမှာ ရှိချင်တယ်ဆိုရင် မင်းအနေနဲ့ ဒီကြောက်ဖို့ကောင်းတဲ့ စမ်းသပ်ချက်ကို ကျော်ဖြတ်ရလိမ့်မယ်။ ငါ ပြောတဲ့ ကြောက်ဖို့ကောင်းတယ်ဆိုတာက တကယ်ကို ကြောက်ဖို့ကောင်းတာ”
ဝမ်ချွမ်းရှန်က ထိုစကားများ၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်သွားသည့်အခါ နှလုံးခုန်မြန်လာမိသည်။ ယခင်က သူ တွေးခဲ့ဖူးသည့် ကိစ္စများစွာက ဤစကားဝိုင်းအတွင်း အမှန်တရား ဖြစ်လာခဲ့၏။
“မင်း နောက်ဆုံးပြင်ဆင်ဖို့ အချိန်လိုသေးလား။ ဒါမှမဟုတ်ဘူးဆိုရင် အခု ထွက်သွားချင်လား”
“ကျွန်တော် မိသားစုနဲ့ စကားနည်းနည်း ပြောချင်ပါသေးတယ်။ ပြီးတော့ ဒီစမ်းသပ်ချက်အကြောင်း နည်းနည်းပြောပြပေးလို့ရမလား”
“ကိစ္စမရှိဘူး” ဝမ်ဝေ့က သူ့စိတ်ထဲ သတင်းအချက်အလက်များကို ပို့ဆောင်ကာ ပြောပြလိုက်သည်။ ထို့နောက် ဝမ်ချွမ်းရှန်က သူ့ဇနီး၊ သားနှစ်ယောက်နှင့် သမီးတို့နှင့် စကားပြောဆိုပြီးသည့်နောက်တွင် သူ့မျိုးနွယ်နှင့် နောက်ဆုံး အစည်းအဝေး ကျင်းပခဲ့သည်။ သူက အမှန်တရားကို မပြောခဲ့သော်လည်း သူတို့ကို စိတ်ပြေအောင် ဖျောင်းဖျနိုင်ခဲ့သည်။
“ကောင်းပြီ။ သွားကြတာပေါ့” ဝမ်ဝေ့က ထိုသူကို သူ့မဟာမြူစက်ဝန်းမှ လေဟာနယ်တိုက်ပွဲကွင်းပြင်ထဲ ထုတ်လိုက်သည်။
“စိတ်ပျက်သွားတာလား”
ဝမ်ဝေ့က မေးလိုက်သည့်အတွက် ဝမ်ချွမ်းရှန်က အနည်းငယ် မျက်နှာပူကာ ပြုံးလိုက်မိသည်။
“မင်းရဲ့ စမ်းသပ်ချက်က တခြားသူတွေအပေါ် သက်ရောက်မှု မရှိအောင် ကာကွယ်ပိုင်းခြားပေးထားတဲ့ လေဟာနယ်ထဲမှာ ရောက်နေတာ။ ငါ့ရဲ့ ကမ္ဘာ ဒီလောက် လူသူမကင်းမဲ့ဘူး”
“ကျွန်တော် သိပါပြီ” ဝမ်ချွမ်းရှန်က လေဟာနယ်ထဲတွင် ထိုင်ကာ ပြင်ဆင်လိုက်သည်။ ဆယ်မိနစ်ကြာမြင့်ပြီးသည့်နောက်တွင် လေဟာနယ်ထဲ တိမ်တိုက်တစ်ခု စုဝေးလာ၏။
ဝုန်း
အနီရောင်မိုးကြိုးချက်က ကောင်းကင်အထက်မှ ဆင်းသက်လာကာ ဝမ်ဝေ့က ထိုမိုးကြိုးချက်ထဲတွင် အစစ်အမှန်ဆန္ဒ ကိန်းအောင်းနေသည့်အတွက် မျက်မှောင်ကြုတ်လိုက်သည်။
မိုးကြိုးချက်များက တစ်ချက်ပြီး တစ်ချက် ဆင်းသက်လာကာ ဝမ်ချွမ်းရှန်အား အသက်ရှူဖို့ အခွင့်အရေးပင် မပေးပေ။ သူက ခက်ခက်ခဲခဲတိုက်ခိုက်နေပြီး သူကျွမ်းကျင်ထားသည့် ကံကြမ္မာနည်းစနစ်အားလုံးကို အသုံးပြုခဲ့ကာ သူ၏ လက်နက်များကိုလည်း ကန့်သတ်ချက်ကျော်လွန်အောင် တွန်းပို့ခဲ့သည်။ သို့သော် ထိုမိုးကြိုးချက်များက အဆုံးမဲ့နေဟန်ပေါ်သည်။
ထိုစဉ် ဝမ်ဝေ့က ၁၀၃ ကြိမ်မြောက် မိုးကြိုးချက် ရောက်ရှိနေသော်လည်း ထိုအရာက ရပ်တန့်မည့်ဟန်မပေါ်သေးသည့်အတွက် စိုးရိမ်လာမိသည်။
သူ့အတွက် ကံဆိုးသွားသည်က သူ့စိုးရိမ်မှုများက မှန်ကန်နေ၏။ မိုးကြိုးချက် ၂၃၄ ချက်အပြီးတွင် ဝမ်ချွမ်းရှန်က သူ့ကိုယ်သူ မကာကွယ်နိုင်တော့ဘဲ မြူခိုးအဖြစ် ပျောက်ကွယ်သွားလေသည်။
“တစ်ခုခုတော့ မှားနေပြီ” ဝမ်ဝေ့က ရေရွတ်လိုက်၏။
“ငါက အထွတ်အထိပ်တားမြစ်တာအိုကို ကျင့်ကြံတဲ့ ကောင်းကင်ဘုံအဆင့်ကို ဖန်တီးဖို့ ကြိုးစားမိလို့လား။ ဒါမှမဟုတ်ဘူးဆိုရင်…”
သူက မျက်မှောင်ကြုတ်လိုက်သည်။ သူက မဟာမြူကမ္ဘာအတွင်း ဝင်ရောက်ကာ ဝမ်ချွမ်းရှန်အား စမ်းသပ်ချက်မှ မှတ်ဉာဏ်များနှင့်အတူ ပြန်လည်အသက်သွင်းလိုက်သည်။
“အရှင့်ကို စိတ်ပျက်စေမိတဲ့အတွက် ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော်ကို နောက်ထပ်အခွင့်အရေးတစ်ခုပေးပါ” ထိုအရာက သူပြန်လည်ရှင်သန်လာပြီးသည့်နောက်တွင် ပြောသည့် ပထမဦးဆုံး စကား ဖြစ်ပေသည်။
“အသုံးမဝင်ဘူး။”
“အရှင်”
“ငါ အသက်ရှင်နေသရွေ့ ငါ မသေမျိုးပဲ။ ဒါပေမဲ့ ဒီစမ်းသပ်ချက်က မင်း ကျရှုံးတဲ့ အရေအတွက်အပေါ် မူတည်ပြီးတော့ ပိုပြီး ခက်ခဲလာလိမ့်မယ်။ မင်းကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးနိုင်တယ်။ ဒါပေမဲ့ အခုတော့ မဟုတ်ဘူး” ဝမ်ဝေ့က ပြောလိုက်သည်။
“ကျွန်တော် နားလည်ပါပြီ”
“မင်းကိုယ်မင်း ဖိအားမပေးနဲ့” ဝမ်ဝေ့က သူ့ပုခုံးကို ပုတ်ပြီးသည့်နောက်တွင် ပျောက်ကွယ်သွားလေ၏။ ယခု သူက တားမြစ်ခံတာအို မဟုတ်သည့် လူတစ်ယောက်ကို လေ့ကျင့်ပေးဖို့ ဆုံးဖြတ်လိုက်သည်။ သူက မိုးကြိုးမျိုးနွယ်အသစ်ကို ဖန်တီးခဲ့သည်။ သူတို့၏ ခေါင်းဆောင်က ရွေးချယ်ထားခြင်း ဖြစ်၏။ ဝမ်လိန်ဟု အဖြေရသည့် အမျိုးသမီးက ကပ်ဘေးများကို ဖြတ်ကျော်ပြီးသည့်နောက်တွင် ဝမ်ချွမ်းရှန်၏ အနေအထားသို့ အလျင်အမြန် တိုးတက်လာခဲ့သည်။ ဝမ်ဝေ့က အချိန်ကို သူမ အဆင်သင့်ဖြစ်သည်အထိ ကျော်လိုက်သည်။
သူက သူမအား စမ်းသပ်ချက်အတွက် ပြင်ပသို့ ခေါ်ဆောင်သွား၏။ ထို့နောက် သူမက မိုးကြိုးချက် ၄၅၇ ချက်တွင် ပျောက်ကွယ်သွားသည်ကို တည်တည်ငြိမ်ငြိမ် ကြည့်နေလိုက်သည်။ သူက ယခုအခါ အဖြစ်အပျက်ကို နားလည်သွားသော်လည်း အလွယ်တကူ လက်လျှော့ဖို့ ငြင်းဆန်နေ၏။ ထို့ကြောင့် သူက ထပ်မံစတင်လိုက်သည်။
သူ့နောက်ထပ် ရွေးချယ်ထားသည့် သူကမူ မဟာတာအိုအရင်းအမြစ် ကျင့်ကြံထားသည့်သူ မဟုတ်သောသူ ဖြစ်၏။ ပြောရမည်ဆိုလျှင် သူက ဆန့်ကျင်ကောင်းကင်ဘုံအဆင့် တစ်ယောက်ကို ရွေးချယ်ခဲ့သည်။ သူက အဆီအနှစ်၊ ချီနှင့် စိတ်ဝိညာဉ်တို့အလိုက် သုံးမွှာကို ဖန်တီးခဲ့ပြီး တစ်ယောက်က သူတို့၏ ခန္ဓာကိုယ်ကို အထွတ်အထိပ်ထိ လေ့ကျင့်စဉ် ဒုတိယတစ်ယောက်ကမူ ချီကို ကျင့်ကြံခဲ့ပြီး နောက်ဆုံးတစ်ယောက်က သူတို့၏ ဝိညာဉ်များကို အလေးထားခဲ့သည်။ နောက်ဆုံးတွင် သူတို့က ကောင်းကင်ဘုံအဆင့် ရောက်သည့်အခါ တစ်သားတည်းအဖြစ် ပေါင်းစည်းသွားကြ၏။ နှမြောဖို့ကောင်းလှသည်က ဝမ်ရှန်သည် မိုးကြိုးချက် ၇၈၆ ချက် အပြီးတွင် သေဆုံးသွားလေသည်။
ဝမ်ဝေ့က တစ်ခု ထပ်မံကြိုးစားကြည့်လိုက်၏။ သူက ထိုသူများ ကျရှုံးနေရသည့် အကြောင်းအရင်းကို သိလေသည်။ အဖြေက ရိုးရှင်းလှ၏။ အစစ်အမှန်ကောင်းကင်တာအိုသည် ဒိုင်မေးရှင်းအနိမ့်အတွင်း ဖန်ဆင်းမှုသက်ရှိများကို ခွင့်ပြုမည် မဟုတ်ပေ။ သို့သော် ဝမ်ဝေ့က သူ့ဂိုဏ်းအတွက် တစ်ယောက်ကို ချန်ထားလိုသည်။ ဤဖြစ်ရပ်များက အနာဂတ်ဖန်တီးမှုအတွက် လေ့ကျင့်ရေးနည်းလမ်းအဖြစ် မှတ်ယူထား၏။
ထိုကြိုးစားမှုအပြီးတွင် သူက ဆဌမမြောက်ကုန်းမြေကို ဖန်တီးခဲ့သည်။ ထိုအရာက စွမ်းအင်ကုန်းမြေ ဖြစ်၏။ ဤကုန်းမြေတွင် လူများက မကျင့်ကြံကြပေ။ ထိုအစား သူတို့က စွမ်းရည်တစ်ခု နိုးထလာပြီး မြင့်မားသည့်အဆင့်အထိ တိုးတက်အောင် လုပ်ဆောင်နိုင်ကြသည်။ ထိုနည်းလမ်း၏ ကောင်းကျိုးကမူ စွမ်းရည်များသည် အားကောင်းကာ ထူးဆန်းပြီး မျှခြေချိုးဖောက်နိုင်သည်ဟုပင် မှတ်ယူနိုင်သည်။ တချို့ကမူ ထိုကုန်းမြေရှိ လူများက အားနည်းသည့် ခန္ဓာကိုယ်ရှိထားပြီး သက်တမ်းတိုကြသည်။
ဤတစ်ကြိမ် ဝမ်ဝေ့ ရွေးချယ်ထားသည့်သူကမူ ရှင်သန်နိုင်စွမ်းဟု ခေါ်ဆိုသည့် စွမ်းရည်ရှိထားသူ ဖြစ်၏။ ထိုစွမ်းရည် အိတ်စ်မန်း (X - men) ထဲမှ မည်သည့်အခြေအနေမဆို နေသားကျအောင် ဆင့်ကဲပြောင်းလဲနိုင်သည့် ဒါဝန်နှင့် တူလေသည်။
နှမြောဖို့ ကောင်းလှသည်က ဝမ်ဒါဝန်ပင် ကြာကြာအသက်မရှင်ခဲ့ပေ။ ပထမမိုးကြိုးချက်အပြီးတွင် သူက နေသားကျကာ ခံနိုင်ရည်ရှိလာခဲ့သည်။ ထို့ကြောင့် စမ်းသပ်ချက်က မိုးကြိုးချက်လေးချက်အပြီးတွင် မီးတောက်အဖြစ် ပြောင်းလဲသွား၏။ သို့သော် ငါးကြိမ်မြောက် မိုးကြိုးချက်တွင် တာအို ၃၈၀၀ လုံးမှ စွမ်းအားများ ပါဝင်နေသည့် ရောင်စုံမိုးကြိုးချက်အဖြစ် ကျဆင်းလာ၏။
ဝမ်ဒါဝင်၏ ခန္ဓာကိုယ်က ထိုစွမ်းအားပြင်းသည့် သဘောတရားအားလုံးကို အလျင်အမြန် နေသားကျအောင် မလုပ်နိုင်ဘဲ ပေါက်ကွဲထွက်ကာ သေဆုံးသွားခဲ့သည်။
ကောင်းပြီလေ။ အနည်းဆုံးတော့ သိလိုက်ရတာပေါ့…
ဝမ်ဝေ့က ခေါင်းအသာယမ်းကာ တွေးလိုက်သည်။ သူက ထိုအကျိုးမရှိသည့် ကြိုးပမ်းမှုများကို ရပ်တန့်လိုက်ပြီး သီးသန့်ပြန်လည်ကျင့်ကြံလိုက်သည်။ သူက မျက်လုံးကို အသာမှိတ်ကာ ကျင့်ကြံရေးသို့ ဝင်ရောက်သွား၏။
နှေးကွေးလိုက်တာ…
သူက တွေးလိုက်သည်။ ယခင် သူ့ကျင့်ကြံနှုန်းက အာကာသယာဉ်နှုန်းကဲ့သို့ မြန်ဆန်လှသည်။ သို့သော် ယခုတွင် ခြေထောက်တိုတိုလေးရှိသည့် ဝတုတ်တုတ် ကလေးငယ်သဖွယ် ဖြစ်နေ၏။ ကံကောင်းစွာဖြင့် ဤသည်က အခြေအနေမှန် ကျင့်ကြံနှုန်းသာ ဖြစ်သည့်အတွက် သူက အရေးသာချက်အားလုံးကို ထည့်ပေါင်းခဲ့သည်။ သို့သော် ထိုသို့ဆိုလျှင်ပင် ဝမ်ဝေ့က သူ့အမြန်နှုန်းသည် ဤကမ္ဘာရှိအမြန်ဆုံး ကျည်ဆန်ရထားလောက်သာရှိကြောင်း သိသည့်အတွက် သိပ်မကျေနပ်လှပေ။
ကုသိုလ်ကလွဲရင် အရာအားလုံးရဲ့ သက်ရောက်မှုက သိသိသာသာ လျော့ကျသွားပြီ။ အထူးသဖြင့် မဟာတာအိုအရင်းအမြစ်သစ်ပင်ပဲ။ ဒီပစ္စည်းက အသုံးမဝင်တော့ဘူး…
ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ တွေးလိုက်၏။
တကယ်လို့ ငါသာ ဗောဓိသစ်ပင်ကို အဆင့်(၁၁)အထိ မြှင့်တင်နိုင်ခဲ့မယ်ဆိုရင်…
သူက အရင်းအမြစ်ချီ နေရာလွတ်ထဲ သစ်ပင်၏ အရည်အသွေးကို တိုးမြှင့်ပေးနိုင်သည့် ချီ ရှာဖွေဖို့ ကိုယ်ပွားကို စေလွှတ်လိုက်သည်။ သို့သော်လည်း သစ်ပင်က ဆင့်ကဲပြောင်းလဲဖို့ အချိန်ကြာကြာယူမည်မှန်း သိထားလေသည်။
ဝမ်ဝေ့က သူ့မဟာမြူစက်ဝန်းထဲရှိ ဝိညာဉ်အားလုံးဖြင့် ဆက်နွယ်ကာ သူတို့၏ စွမ်းအားကို ငှားယူပြီး ကျင့်ကြံလိုက်သည်။ သူက မဟာမြူစက်ဝန်းထဲတွင် အချိန်ကို မမြှင့်တင်နိုင်တော့ကြောင်း သဘောပေါက်သွားခဲ့၏။ မည်သို့ပင် ဆိုစေကာမူ ယခု သူက မဟာမြူစက်ဝန်းအတွက် လိုအပ်ပုံကို အပြည့်အဝ နားလည်နေလေပြီ။ သူ့ကျင့်ကြံနှုန်းက မော်ဒန်ခေတ်မှ ဒုံးကျည်သဖွယ် ဖော်ညွှန်းနိုင်လေသည်။
သူက သူ့အခန်းထဲမှ အချိန်မြှင့်တင်ရေး အစီအရင်ကို ထပ်တိုးမြှင့်လိုက်သည်။ ခေတ္တမျှ ကြာမြင့်ပြီးသည့်နောက်တွင် သူက မျက်လုံးဖွင့်လိုက်၏။
“၇၇ ရာခိုင်နှုန်း … ငါက ၈၀ရာခိုင်နှုန်းလောက်တော့ ရောက်မယ်ထင်နေတာ” သူက သက်ပြင်းချလိုက်သည်။ ယခုအခါ ပိုမိုမြင့်မားသည့်အဆင့်တွင် ကျင့်ကြံရခြင်းက မည်မျှခက်ခဲကြောင်း နားလည်သွားခဲ့သည်။
“အခု ထွက်သွားရမဲ့အချိန်ပဲ”
ဝမ်ဝေ့က အပြင်ဘက်ကို စစ်ဆေးကြည့်လိုက်စဉ် ပွဲအခမ်းအနားပြီးကတည်းက နှစ်ပေါင်း သုံးသိန်းခွဲသာ ကုန်လွန်သွားသေးသည်။ ယခု သူက အသက်အရွယ်အားဖြင့် ယွမ်ခေတ်ကာလ နှစ်ရာကျော်ရောက်ရှိနေပြီ ဖြစ်၏။ ဒိုင်မေးရှင်းအမြင့်ရှိလူများက ထိုအကြောင်းကို သိသွားပါက ရူးသွပ်သွားနိုင်သည်။ နမူနာအနေဖြင့် ဧကရာဇ်ခုံသည် သုံးယွမ်ခေတ်ကာလဖြင့် ကောင်းကင်ဘုံအဆင့် ဖြစ်လာသော်လည်း ထိုအရာက အပြင်ဘက်တွင် ကုန်ဆုံးခဲ့သည့်အချိန် ဖြစ်၏။ သူ မည်မျှအချိန်ယူခဲ့ရမှန်း မည်သူကမှ မသိသလို သုံးယွမ်ခေတ်ကာလအတွင်း သူ့အောင်မြင်မှုက သူ့အချိန်မြှင့်တင်ရေး အစီအရင်သည် မည်မျှကောင်းမွန်ကြောင်း သက်သေ ဖြစ်ပေသည်။
ထိုစဉ် ဝမ်ဝေ့ကမူ သူ တာအိုသက်သေပြသည်မှာ တစ်ယွမ်ခေတ်ကာလပင် မကျော်သေးသည့်အတွက် ပိုမိုကြီးမားသည့် အောင်မြင်မှုရှိသည်ဟု ဆိုရပေမည်။