← Chapters

တက်လှမ်းခြင်း အပိုင်း(၁)

Vol. 86 Ch. 1200

တက်လှမ်းခြင်း အပိုင်း(၁)

Vol. 86 Ch. 1200

“အခု ငါ့ရဲ့ အစစ်အမှန် စိတ်ဝိညာဉ်သဏ္ဍာန်နဲ့ စလိုက်ရအောင်” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ သူက သူ့တည်ရှိမှု စုဝေးကာ ထူးကဲမှုအဖြစ် ဖွဲ့စည်းလိုက်သည်။ ထာဝရကောင်းကင်ဘုံအဆင့် ကျင့်ကြံသူများက အစစ်အမှန်စိတ်ဝိညာဉ် ၁.၂၆၉ ထရီလီယံရှိကြသော်လည်း ဝမ်ဝေ့ကမူ အားလုံးကို မဖန်တီးခဲ့ပေ။

အစစ်အမှန်စိတ်ဝိညာဉ်သဏ္ဍာန်များက ပြန်လည်ဝင်စားမှု တစ်ခုပြီးတစ်ခု ကြုံတွေ့ပြီးသည့်အခါတိုင်း သေမျိုးအဖြစ် ကျန်ရှိလိမ့်မည်။ သူတို့၏ ရည်ရွယ်ချက်က ပင်မခန္ဓာကိုယ်အတွက် နောက်ခံ သို့မဟုတ် အသက်ပြန်ရှင်နိုင်သည့် နည်းလမ်းအဖြစ် ဆောင်ရွက်ဖို့ရာ ဖြစ်၏။ မိုးမြေ၏ စည်းမျဉ်းများအရ အစစ်အမှန် စိတ်ဝိညာဉ်သဏ္ဍာန်၏ ကျင့်ကြံဆင့်က ပိုမိုမြင့်မားလေလေ သူတို့ကို သတိထားမိဖို့ ပိုမိုလွယ်ကူလေလေ ဖြစ်သည်။

ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူများက သူတို့၏ စိတ်ဝိညာဉ်သဏ္ဍာန်များအား ရှာဖွေတွေ့ရှိသွားမှုကို ကာကွယ်ဖို့အတွက် သေမျိုးအဖြစ်သာ ထားလေ့ရှိသည်။ သို့သော်လည်း သူတို့က တချို့သော စိတ်ဝိညာဉ်သဏ္ဍာန်များကို သေချာဖုံးကွယ်ပြီး ကျင့်ကြံခိုင်းကြသည်။ ထိုစိတ်ဝိညာဉ်သဏ္ဍာန်များက ကျင့်ကြံဆင့် ၆၉.၉၉၉ ရာခိုင်နှုန်းအထိ ရောက်ရှိနိုင်သည်ဖြစ်ကာ …  အကယ်၍ သူတို့သာ သေဆုံးသွားပါက စိတ်ဝိညာဉ်သဏ္ဍာန်သည် ချက်ချင်းဆိုသလို ပင်မခန္ဓာကိုယ်ဖြစ်လာပြီး ပင်မခန္ဓာကိုယ်၏ စွမ်းအားအားလုံးကို ဆက်ခံသွားလိမ့်မည်။

စိတ်ဝိညာဉ်သဏ္ဍာန်အများစုကို ဖွဲ့စည်းပြီးသည့်နောက်တွင် ဝမ်ဝေ့က သေခြင်းရှင်ခြင်းတာအိုကို ဆင့်ခေါ်ပြီး သူတို့ကို ကောင်းချီးပေးလိုက်သည်။ သို့သော်လည်း သူက တစ်စုံတစ်ခုကို သတိထားမိသွား၍ မျက်မှောင်ကြုတ်လိုက်၏။ သူက လောကသုံးပါးဧကရာဇ် ဂုဏ်ပုဒ်ကို အသက်သွင်းကာ ကောင်းချီးပေးလိုက်သော်လည်း ရလဒ်ကမူ အတူတူသာ ဖြစ်၏။

“စည်းမျဉ်းတွေ တစ်ခုပြီး တစ်ခုပဲ” သူက ညည်းတွားလိုက်သည်။ သူက အစစ်အမှန်စိတ်ဝိညာဉ်သဏ္ဍာန်တချို့ကို ဒိုင်မေးရှင်းအနိမ့်တွင် အပိုအနေဖြင့် ပြန်လည်မွေးဖွားစေလိုသည်။ သူ့လျှို့ဝှက် လုံခြုံရေးသေတ္တာကဲ့သို့ ဖြစ်၏။ ကံဆိုးစွာဖြင့် စည်းမျဉ်းများက သူတို့က ဒိုင်မေးရှင်းအမြင့်တွင်သာ ပြန်လည်ဝင်စားနိုင်ကြောင်း ဖော်ညွှန်းထား၏။

ဝမ်ဝေ့က လက်ကိုဝှေ့ကာ ထိုအရာများကို ပြန်လည်ဝင်စားခြင်းသို့ စေလွှတ်လိုက်သည်။ ထိုအခါ သူက ထပ်မံ အံ့အားသင့်သွားပြန်၏။ ထိုစိတ်ဝိညာဉ်သဏ္ဍာန်များ သံသရာဆီ ရောက်ရှိသွားသည်နှင့် သူတို့က ချက်ချင်း ပြန်လည်ဝင်စားသွားကြောင်း ခံစားမိလိုက်သည်။ ထိုဖြစ်စဉ်က အံ့မခန်းအမြန်နှုန်းနှင့် ဖြစ်၏။

“ကြည့်ရတာ စည်းမျဉ်းတွေက အရေးသာချက်တချို့တော့ ပေးထားတဲ့ပုံပဲ” သူက ရေရွတ်လိုက်သည်။ ထိုအရာက အင်မတန် သေးငယ်သော်လည်း ဘာမှမရှိခြင်းထက် ပိုမိုကောင်းမွန်သည်။ သူ၏ နောက်အဆင့်က တာအိုသက်သေပြပစ္စည်းကို သန့်စင်ဖို့ ဖြစ်၏။ သူက ရွှေရောင်အငွေ့အသက်များဖြင့် တောက်ပနေသည့် ကြိုးမျှင်များမှ ဖွဲ့စည်းထားသော ဘောလုံးတစ်ခုကို ဆင့်ခေါ်လိုက်၏။

ထိုပစ္စည်းက သူ့တစ်စိတ်တစ်ပိုင်းဖြစ်ကာ သူ့မဟာတာအိုအရင်းအမြစ်သည် ထိုအရာကို အားဖြည့်ပေးထား၏။ ထို့ကြောင့် ထိုပစ္စည်းသည် ယခုအခါ ကောင်းကင်ဘုံအဆင့် တစ်ပိုင်းအဖြစ် မှတ်ယူနိုင်သည်။ ဆိုလိုသည်မှာ သူ့အနေဖြင့် တူညီသည့် ပစ္စည်းများကို ပေါင်းစည်းပြီး အဆုံးသတ်ပစ်ဖို့သာ လိုအပ်တော့သည်။

လက်ရှိ ဝမ်ဝေ့က သူအသုံးပြုနိုင်သည့် ပစ္စည်းနှစ်ခုသာ ရှိလေသည်။ ထိုအရာက လူအိုကြီးငရဲဆီမှ ရရှိထားသည့် ဖန်ဆင်းမှုသက်ရှိများနှင့် အရင်းအမြစ်ချီနေရာလွတ်ထဲတွင် သူ့ကိုယ်ပွားတွေ့ခဲ့သည့် ရှေးဦးရွှေရောင်ချီတို့ ဖြစ်ပေသည်။ သူက ထိုအရာများကို ထည့်ပေါင်းဖို့ တုံ့ဆိုင်းနေခြင်းမရှိဘဲ ပစ္စည်း၏ နောက်ဆုံးပုံစံကို ပြီးမြောက်စေလိုက်သည်။

ဒီပစ္စည်းက တကယ်ကို နိမ့်ကျတာပဲ။ ငါ့ရဲ့ တိုက်ခိုက်ရေးနယ်ပယ်အဆင့်မှာ တစ်ဆတောင် ထပ်မတိုးနိုင်ဘူး…

ဝမ်ဝေ့က ညည်းတွားလိုက်သည်။ သို့သော်လည်း သူက အရင်းအမြစ် ကန့်သတ်ခံထားရ၏။ သူက လက်နက်ကို ပိုမိုကောင်းမွန်အောင်လုပ်ဖို့ ဒိုင်မေးရှင်းအမြင့်ဆီ တက်လှမ်းသည့်အချိန်အထိ စောင့်ဆိုင်းရလိမ့်မည်။

နောက်ဆုံးတွင် ဝမ်ဝေ့က ထိုင်ခုံပေါ်မှ ထလိုက်၏။ ထို့နောက် သူက လျှို့ဝှက်လုံခြုံရေးသေတ္တာဆီ ရောက်ရှိသွားသည်။ အကယ်၍ ထိုအရာကို မြင်ပါက သူတို့သည် သူ့ကို အတ္တပေမဝါဒီသမားဟု ထင်ကြမိလိမ့်မည်။ ထိုနေရာတွင် အခန်းတစ်ဖက်တွင် ပန်းချီကားများ ရှိပြီး သူ့ဘဝ၏ ကွဲပြားသည့်ဖြစ်ရပ်များကို ပြသထား၏။ တခြားတစ်ဖက်တွင်မူ သူ့နာမည်၏ လက်ရေးလှနှင့် သူ လက်ခံရရှိထားသည့် ဂုဏ်ပုဒ်အားလုံး ပါဝင်သည်။ ထို့အပြင် သူ့မှတ်ဉာဏ်များ၏ မှတ်တမ်းများလည်း ရှိသလို အခန်းအလယ်တွင် သူ့ဘဝတွင် ပြီးမြောက်ထားသည့် အရာအားလုံးကို ရေးသားထားသည့် စာအုပ်များစွာလည်း ရှိလေသည်။

ဝမ်ဝေ့က နောက်ထပ် စာအုပ်တစ်ခုကို ဖန်တီးပြီး အသေးစိတ်ကို ထည့်ပေါင်းလိုက်၏။ မိုးမြေက ဒိုင်မေးရှင်းအနိမ့်တွင် သူ့အား ပထမဦးဆုံး ထာဝရကောင်းကင်အဆင့် ဖြစ်လာသည်ကို အသိအမှတ်မပြုသလို သူက သမိုင်းကြောင်းတစ်လျှောက်တွင် အငယ်ဆုံးဖြစ်သည်ကိုလည်း အသိအမှတ် မပြုခဲ့ပေ။ ထိုအရာများက သိသာသည့် အောင်မြင်မှုများဖြစ်သည့်အတွက် သူက သူ့လျှို့ဝှက်လုံခြုံရေးသေတ္တာထဲ ထည့်သိမ်းခဲ့သည်။

ထိုအရာက ပြီးမြောက်သွားသည့်အခါ ဝမ်ဝေ့က သူ့လုံခြုံရေးသေတ္တာကို လောကသစ်ပင်ဗဟိုချက်ဆီ ထည့်သွင်းခဲ့၏။ ထိုနေရာထက် ဖုံးကွယ်ဖို့ ကောင်းသည့် နေရာဟူ၍ မရှိပေ။ အထူးသဖြင့် အားကောင်းသည့် အစောင့်အရှောက် ရှိနေသည့် အခါတွင် ဖြစ်သည်။ ထို့အပြင် သူက သစ်ပင်ကို အားကောင်းသည့် ရန်သူကို ရှာဖွေတွေ့ရှိသွားပါက လုံခြုံရေးသေတ္တာကို ပြောင်းရွှေ့ဖို့ပြောကြားခဲ့သည်။

ဘိုးဘေးရဲ့ လုံခြုံရေးသေတ္တာကိုပါ  ထည့်ပေါင်းလိုက်ရမလား…

ဝမ်ဝေ့က တုံ့ဆိုင်းသွားလေ၏။ ဧကရာဇ်များစွာက သူတို့၏ လျှို့ဝှက်လုံခြုံရေးသေတ္တာများနှင့် ပတ်သက်ပြီး ဝိရောဓိ ဖြစ်ကြသည်။ ထိုအရာက မိသားစုဝင်နှင့် တာအိုလက်တွဲဖော်များပင် အပါအဝင် ဖြစ်၏။ ထို့ကြောင့် သူ့အပြုအမူသည် သူ့ဘိုးဘေးများအတွက် မသင့်တော်နိုင်သည့် အနေအထားတစ်ခုရှိကြောင်း သိလေသည်။

ဒီလိုပဲ လုပ်လိုက်ရအောင်။ နောက်မှပဲ သူတို့ကို တောင်းပန်လိုက်မယ်…

ဝမ်ဝေ့က ပြောပြီးသည့်နောက်တွင် အံ့ဖွယ်အသိစိတ်ကို ဖြန့်ကျက်ကာ ရှာဖွေလိုက်သည်။ သို့သော်လည်း ဘာမှမတွေ့ရပေ။

ဘာမှမရှိဘူးလား…

သူက ဒိုင်မေးရှင်းအနိမ့်တွင် ဝှက်ထားသည့်အရာများကို တွေ့သော်လည်း သူတို့ဘိုးဘေးများ၏ ပိုင်ဆိုင်မှုကိုတော့ မတွေ့ရပေ။

ဖြစ်နိုင်ချေနှစ်ခုပဲ ရှိတယ်။ သူတို့က အရမ်းကြောက်ဖို့ကောင်းတဲ့ ဖြစ်ရပ်တစ်ခုကို ကြုံတွေ့ပြီးတော့ သူတို့ရဲ့ လျှို့ဝှက်လုံခြုံရေးသေတ္တာတွေ ဖျက်ဆီးခံလိုက်ရတာမျိုး ဒါမှမဟုတ်ဘူးဆိုရင် သူတို့က စံပြဖြစ်လာပြီးတဲ့နောက်မှာ ပုံရိပ်ယောင်ကို စေလွှတ်ပြီး ပိုမိုကောင်းမွန်တဲ့နေရာမှာ ဖုံးကွယ်လိုက်တာမျိုးပေါ့…

ဝမ်ဝေ့က ထိုအရာကို အာရုံမစိုက်တော့ဘဲ လောကသစ်ပင်အား နောက်ထပ် သန့်စင်မှုဖြင့် ဆေးကြောပေးလိုက်သည်။ ထို့နောက် သူ့ဦးတည်ရာက ဂိုဏ်း ဖြစ်၏။ အားလုံးက ဤမျိုးဆက်၏ ဂိုဏ်းချုပ်အတွက် နောက်ဆုံးတရားဝင်အစည်းအဝေးဖြစ်ကြောင်း သိသည့်အတွက် စုဝေးနေကြသည်။

“ ကိုယ်ပွားက မသေမျိုးစံအိမ်နဲ့ ထူးကဲတဲ့ချီတွေကို သန့်စင်ပြီးသွားပြီမလား” ဝမ်ဝေ့က တိုက်ရိုက် မေးလိုက်သည်။

“ဟုတ်တယ်” မူလအရှင်က ခေါင်းညိတ်ကာ ပြောလိုက်၏။ ဝမ်ဝေ့ သူတို့အတွက် ဖန်တီးထားသည့် စံအိမ်နှင့် စွမ်းအားပမာဏက ယခင်ဂိုဏ်း၏ ယခင်ဧကရာဇ်များထက် ငါးဆ ပိုမိုမြင့်မားပေသည်။ အကယ်၍ မျှခြေညီစက်ယန္တရားကြောင့်သာ မဟုတ်လျှင် ပို၍ပင် များပြားလေ၏။

“ကောင်းပြီ။ အခု တာအိုအရင်းအမြစ်မျိုးစေ့အတွက် အချိန်ပဲ” ဝမ်ဝေ့က မျိုးစေ့များကို ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် သန့်စင်လိုက်သည်။ ထို့အပြင် ထိုမျိုးစေ့များကို ကောင်းကင်ဘုံအဆင့်က သန့်စင်ပေးသည့်အတွက် ပိုမိုပင် အလားအလာ ကောင်း၏။ ရလဒ်ကမူ ယခင်ဧကရာဇ်များ ပေါင်းစည်းသည်ထက် နှစ်ဆ ဖြစ်ပေသည်။

ထို့ကြောင့် မသေမျိုးစံအိမ်များကဲ့သို့ ထိုမျိုးစေ့အများစုကိုလည်း စည်းပိတ်ပေးကာ အချိန်အတော်ကြာ ဖြန့်ဝေနိုင်သည်။ အများစုက ဂိုဏ်းက ကပ်ဘေးကို မကြုံတွေ့ရခြင်း အလင်းရောင်ကို မြင်ရမည် မဟုတ်ပေ။

“ဒါက မင်းအတွက်” ဝမ်ဝေ့က သုံ့လီဖန်း၏ ဆရာကို ထူးကဲသည့် မျိုးစေ့တစ်ခု ပေးလိုက်၏။

“ဒါက မင်းရဲ့ စွမ်းအားကို ဧကရာဇ်အထွတ်အထိပ်အဆင့်ထိ ရောက်အောင် တိုးမြှင့်ပေးနိုင်တဲ့ ထူးကဲတဲ့ ကံကြမ္မာမြစ်ကြောင်းတစ်ခု ပါဝင်တယ်။ ပြီးတော့ မင်းကို သက်ရှိတွေကို ဖန်တီးပြီး ကျင့်ကြံဆင့်ကို မြှင့်တင်ပေးနိုင်တဲ့  မဟာမြူစက်ဝန်းလည်း ပါဝင်တယ်”

ကောင်းကင်ဘုံအဆင့်၏ စက်ဝန်းက ၆မှ ၁၂ ကျန်းဖြစ်ကာ တာအိုအုပ်ချုပ်သူကမူ ၃ကျန်းမှ ၅ကျန်းအထိ ဖြစ်၏။

“ဒီစက်ဝန်းက မင်းအတွက်တင် မကဘူး။ မင်းက တခြားသူတွေနဲ့လည်း မျှဝေရလိမ့်မယ်။ ဘယ်လိုသုံးရမလဲဆိုတာကိုတော့ အချိန်ဇယားဆွဲထားပေါ့” ဝမ်ဝေ့က သက်ပြင်းချကာ ပြောလိုက်၏။

“ထပ်ပြီးတော့ ပေးချင်ပေမဲ့လည်း စည်းမျဉ်းတွေက ငါ့ဘက်မှာ မရှိဘူး”

“ဂိုဏ်းချုပ်ကို ကျေးဇူးတင်ပါတယ်” ယူစစ်ယွီက ပြောလိုက်သည်။

ထိုဝမ်ဝေ့က သူမသည် မျိုးစေ့နှင့် ပေါင်းစည်းသွားသည်ကို ကြည့်နေလိုက်၏။

“ကံကြမ္မာ(၁) ကြိုဆိုပါတယ်” လက်ရှိတွင် ရှိနေသည့် အားလုံးက ပြောလိုက်ကြသည်။

“အားလုံးကို ကျေးဇူးတင်ပါတယ်။ အခုကစပြီးတော့ ဂရုစိုက်ပေးပါဦး” သူမဘဝတွင် ဤနေအထားထိ ရောက်ရှိနေလိမ့်မည်ဟု တစ်ခါမှ ထင်မှတ်မထားခဲ့ပေ။ သူမက အရာအားလုံးသည် ဂိုဏ်းချုပ်နှင့် သူမ၏ တပည့်ကြောင့်သာ ဖြစ်ကြောင်း သိထားလေ၏။

“နောက်တစ်ခုက ဘာလဲ” ဝမ်ဝေ့က မေးလိုက်သည်။

“အစီအရင်နဲ့ လက်နက်တွေပါ။” အထွေထွေသောင်းပြောင်းအရှင်က ပြောလိုက်သည်။

“အဲဒါဆိုရင် လက်နက်တွေနဲ့ စလိုက်ရအောင်” တစ်စုံတစ်ယောက်က ကြိုးမျှင်များနှင့် ဖွဲ့စည်းထားသည့် ဘောလုံးနှင့်တူသည့် အရာတစ်ခုကို ယူဆောင်လာခဲ့သည်။

“ဒီလက်ရာက ပြောင်မြောက်တာပဲ” ဝမ်ဝေ့က ချီးကျူးလိုက်သည်။ ထိုအရာကို သန့်စင်ထားသည့်သူက သူတို့ပါဝင်ပစ္စည်း၏ ကန့်သတ်ချက်ကို ကျော်လွန်အောင် လုပ်ဆောင်နိုင်ခဲ့သည်။

“ဂိုဏ်းချုပ်ကို ကျေးဇူးတင်ပါတယ်။ ဒါက ကျုပ်ရဲ့ အကောင်းဆုံးလက်ရာတစ်ခုပါ” အထွေထွေသောင်းပြောင်းအရှင်က အပြုံးဖြင့် ပြောလိုက်သည်။

ဝမ်ဝေ့က ခေါင်းညိတ်ပြီးသည့်နောက်တွင် သင်္ကေတလေးသွယ်ကြေးမုံကို ဆင့်ခေါ်လိုက်၏။ အကြည့်တစ်ချက်ဖြင့် ကြေးမုံက အလင်းပြောက်များအဖြစ် ပြောင်းလဲသွားကာ ထိုကြိုးဘောလုံးအဖြစ် ပေါင်းစည်းသွားလေသည်။ နောက်ဆုံးတွင် သူက တာအိုသက်သေပြပစ္စည်းကို ဆင့်ခေါ်ပြီး ပုံရိပ်ယောင်တစ်ခုကို ဖန်တီးကာ သူ့ထိန်းချုပ်မှုအောက်တွင် ပြုပြင်လိုက်သည်။

လူအများစုက ထိုအရာကို မြင်သည့်အခါ အစစ်အမှန် ကောင်းကင်ဘုံအဆင့်လက်နက်သည် ဒိုင်မေးရှင်းအနိမ့်တွင် မရှိနိုင်ကြောင်း သိကာ သက်ပြင်းချလိုက်ကြသည်။ ပုံရိပ်ယောင်သည် ဂိုဏ်း၏ လက်နက်နှင့် ပေါင်းစည်းသွားသည်နှင့် ကြောက်မက်ဖို့ကောင်းကြောင်း အရှိန်အဝါတစ်ခု ထုတ်လွှတ်လာခဲ့သည်။ ဂိုဏ်းက ယခုအခါ သူတို့၏ ဆယ်ခုမြောက် လက်နက်အနေဖြင့် ကောင်းကင်ဘုံအဆင့် လက်နက်ပျက်ကို ပိုင်ဆိုင်သွားပြီဖြစ်၏။ ထိုအရာက အကောင်းဆုံးထဲမှတစ်ခု ဖြစ်ပေသည်။

သူ့နောက်ထပ်တာဝန်ကမူ မဟာတာအိုအရင်းအမြစ်အားဖြည့်မှုကို ဂိုဏ်း၏ ဆယ်ခုမြောက်ဧကရာဇ်အစီအရင်ဆီ ပေါင်းစည်းဖို့ ဖြစ်၏။ ထိုအရာက ကံကြမ္မာအစီအရင်နှင့် ကောင်းကင်လှည့်စားရေးအစီအရင်တို့ကို ပေါင်းစည်းထားခြင်း ဖြစ်သည်။ သူက ကောင်းကင်ကို လှည့်စားပြီး အဆင့်(၁၁) အစီအရင်ဖြစ်အောင် ကြိုးစားခဲ့သော်လည်း ခွင့်ပြုခြင်းမခံရပေ။ ထို့ကြောင့် သူက လက်နက်အတိုင်း တူညီသည့် နည်းဗျူဟာကို အသုံးပြုခဲ့၏။

သူ့တတိယတာဝန်ကမူ ဂိုဏ်းအတွက် အစစ်အမှန်ဆန္ဒလက်နက်ကို ထားရှိဖို့ရာ ဖြစ်သည်။ သူ့လက်ရှိအင်အားဖြင့် လူသားဧကရာဇ်၏ စစ်ဆေးမှုမှ အစီအရင်သည် ပျောက်ကွယ်သွားဖို့ အချိန်အတော်ကြာမြင့်လိမ့်မည်။ နှမြောစရာကောင်းလှစွာဖြင့် ထိုအရာသည် ထာဝရ မတည်ရှိနိုင်ပေ။ သို့သော်လည်း ဝမ်ဝေ့ကမူ လောကဆန္ဒဟုခေါ်ဆိုသည့် တာအိုဘိုးဘေးများအား သူတို့၏ အတွင်းကမ္ဘာမှ တာအိုဆန္ဒ၊ အစစ်အမှန်ဆန္ဒ၏ ပုံပွားကို ဖန်တီးနိုင်သည့် ဆန့်ကျင်ကျင့်စဉ် တစ်ခုကို ထားရှိခဲ့သည်။

နောက်ဆုံးအရာကမူ သူ့ကံကြမ္မာသာလွန်ကျမ်းကို အဆင့်မြှင့်တင်ခဲ့၏။ အစစ်အမှန်ကောင်းကင်တာအိုက ဤတစ်ကြိမ် ဝင်ရောက်မစွက်ဖက်ခဲ့ဘဲ ကျမ်းတစ်ခုလုံးကို ထားဖို့ ခွင့်ပြုပေးခဲ့သည်။ ဆိုလိုသည်မှာ ဂိုဏ်းအနေဖြင့် ယခုအခါ သူတို့၏ အခြေခံအုတ်မြစ်အနေဖြင့် ကောင်းကင်ဘုံအဆင့် ကျမ်းတစ်ခု ရှိသွားလေပြီ။

ဝမ်ဝေ့က ထိုအရာအားလုံး ပြီးမြောက်သွားသည့်အခါ ဂိုဏ်း၏ ခေါင်းဆောင်များနှင့် အထက်ပိုင်းအရာရှိများနှင့်အတူ ညစာစားပွဲ ကျင်းပခဲ့၏။ ပွဲ အဆုံးသတ်ခါနီးတွင် သူက ယန်းချန်နှင့် ဘိုးဘေး ဝမ်ဝူချန်တို့နှင့် တိတ်တဆိတ် သောက်သုံးခဲ့သည်။

“ဒါက ခင်ဗျားတို့နှစ်ယောက်ကို ဂုဏ်ပြုတာပါ။ ကျင့်ကြံရေးခရီးတစ်လျှောက်လုံးမှာ ခင်ဗျားတို့တွေက ကျုပ်အတွက် ကာကွယ်ပေးပြီးတော့ ကျုပ်အတွက်တောင် သေဆုံးခဲ့ကြရတယ်။ ခင်ဗျားတို့နှစ်ယောက်သာ မရှိရင် ကျုပ်ဒီနေရာထိ ရောက်မလာနိုင်ဘူး”

“အရှင်က ချီးကျူးလွန်းနေပါပြီ” ယန်းချန်က သက်ပြင်းချကာ ပြောလိုက်၏။ သူက တာအိုကာကွယ်သူအနေဖြင့် များများစားစား မလုပ်မိကြောင်း ခံစားမိလေသည်။ ထို့ကြောင့် သူက ပထမတန်းစား သို့မဟုတ် ထာဝရအဆင့် ဆန့်ကျင်ကျင့်ကြံသူဖြစ်လာဖို့ အရင်းအမြစ်များကို ဖြုန်းတီးပစ်မည့်အစား သာမန်တာအိုဘိုးဘေးအဖြစ်ကိုသာ လက်ခံခဲ့သည်။

“အဲ့ကောင်လေးကို လျှော့ပေးနေဖို့ မလိုဘူး။ သူ ပြောတဲ့အတိုင်း ငါက သူ့အတွက် သေခဲ့တာဆိုတော့ ငါ့တစ်ဘဝလုံး ဒါကို ကြွားလုံးထုတ်နေဖို့ လုံလောက်တယ်” ဝမ်ချန်က ပြောလိုက်သည်။

“အခု ကျွန်တော်က ခင်ဗျားထက် အသက်ကြီးသွားပြီ”

“အစီအရင်ထဲက အချိန်တွေကို ထည့်မတွက်ဘူး” ဝမ်ဝူချန်က အရှက်မဲ့စွာ ပြောလိုက်သည်။

“အမြဲတမ်း အဲလိုပဲ ” ဝမ်ဝေ့က ပြုံးကာ ပြောပြီး နှစ်ဦးသားက ညနက်သည်အထိ သေရည်သောက်သုံးလိုက်ကြသည်။

All Chapters