← Chapters

ကံကြမ္မာဖန်သည့်သူ ရောက်ရှိလာခြင်း

Vol. 86 Ch. 1203

ကံကြမ္မာဖန်သည့်သူ ရောက်ရှိလာခြင်း

Vol. 86 Ch. 1203

ပညာရှင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ဧကရာဇ်ခုံက လင်းဖန်၊ ရှုရှစ်နှင့် သူ့သားပိုင်ဟန်တို့ကို ဟောပြောပို့ချနေသည်။ ထိုအရာက ထိုသို့သော ကျင့်ကြံသူမျိုးမှ ဟောပြောပို့ချချက်ကို နားထောင်ရသည်မှာ ထိုသုံးဦးအတွက် အရေးသာမှုတစ်ခု ဖြစ်ပေသည်။ ထိပ်တန်းစံပြအဆင့်မှ ဟောပြောပို့ချချက်ကို နားထောင်ဖို့ရာ ကံကောင်းသည့် ရှုရှစ်ကမူ ခြွင်းချက် ဖြစ်၏။

ထို့နောက် ဧကရာဇ်ခုံက ရုတ်ချည်းဆိုသလို ရပ်တန့်ကာ မျက်မှောင်ကြုတ်ကာ အဝေးတစ်နေရာကို လှမ်းကြည့်လိုက်၏။

“အဖေ ဘာဖြစ်လို့လဲ”

“သူ ရောက်လာပြီ”

“ဘယ်သူလဲ”

“ဒီဆိုးရွားတဲ့ ခေတ်ကာလကို အဆုံးသတ်ပေးဖို့ ကံကြမ္မာဖန်တဲ့သူ”

“ဝမ်ဝေ့ကို ပြောနေတာလား” လင်းဖန်က မေးလိုက်သည်။

“အဲ့လိုဖြစ်ပုံပဲ” ဧကရာဇ်ခုံက ခေါင်းညိတ်လိုက်၏။ ဝမ်ဝေ့၏ အကြောင်း သူသိထားသည့် သတင်းအချက်အလက်အားလုံးက ထူးကဲသည့် ကြမ္မာသည် ထိုသူ့ဆီ ရောက်ရှိသွားကြောင်း ပြသနေသော်လည်း သူက လူကိုယ်တိုင် မတွေ့ရမချင်း ရာနှုန်းပြည့် အတည်မပြုနိုင်သေးပေ။

“သူ ဒီရောက်လာတယ်ဆိုတာ ဘယ်လိုသိတာလဲ” ပိုင်ဟန်က မေးလိုက်သည်။

“ကမ္ဘာရဲ့ ကြမ္မာက ပြောင်းလဲသွားတာကို ခံစားမိလိုက်တယ်။ အဲဒါက ကံကြမ္မာ … သူ့ရဲ့ စက်ယန္တရားကို စနေတဲ့ အရိပ်အမြွက်ပဲ”

“အဲ့လိုဆိုရင် ကျွန်တော်တို့ ဘာလုပ်ရမလဲ” ပိုင်ဟန်က မေးလိုက်သည်။

“အရင်ဆုံး မင်းဘယ်လိုထင်လဲဆိုတာ ပြောကြည့်”

“ကျွန်တော်တို့တွေ သူ့ကို တိတ်တဆိတ် ဆက်သွယ်ရမယ်။ ပြီးတော့ သူ ဘယ်လိုစီစဉ်နေတာလဲဆိုတာကို သိပြီးတော့မှ ပြန်လည်တုံ့ပြန်ရမယ်” ပိုင်ဟန်က အကြံပြုလိုက်စဉ် ဧကရာဇ်ခုံက ခေါင်းညိတ်ပြီး ထပ်ပြောလိုက်သည်။

“လင်းဖန်ကရော”

“ကျွန်တော်တို့ရဲ့ အဓိကဦးစားပေးက ရှိလာမဲ့ ဖရိုဖရဲအချိန်ပဲ။ သူ ရောက်ရှိလာတာကို သတိထားမိမဲ့ အင်အားစုတွေ ရှိမှာပဲ။ ပြီးတော့ သူတို့တုံ့ပြန်မှုက ဖြစ်နိုင်ချေ သုံးခုပဲ ရှိတယ်။ ကြားနေ၊ သူနဲ့ မဟာမိတ်ဖွဲ့ဖို့ ဒါမှမဟုတ်ဘူးဆိုရင် သူ့ကို သတ်ချင်တဲ့သူတွေ … အဲလူတွေထဲ ရန်သူတင်မကဘဲနဲ့ သူ့ဆီက ကြမ္မာခိုးဖို့ ရည်ရွယ်ချက်ရှိနေတဲ့သူတွေလည်း ပါလိမ့်မယ်။

ဒါပေမဲ့ အဲဒီအင်အားစုတွေက ဘယ်လိုပဲ တုံ့ပြန်ပြန် လက်ရှိ ဖရိုဖရဲအချိန်က ပြင်းထန်လာမှာပဲ။ အဲ့လိုဆိုတော့ ဒီဟာက ဖြေရှင်းဖို့ ပြင်ဆင်ထားသင့်တယ်”

ဧကရာဇ်ခုံက ခေါင်းညိတ်ကာ မှတ်ချက်မပေးပေ။

“ရှုရှစ်ကရော”

“သူတို့နှစ်ဦးလုံး ပြောတာ အဓိပ္ပာယ်ရှိတယ်ဆိုပေမဲ့ သူတို့က ပြဿနာရဲ့ အကြောင်းအရင်းကို မမြင်ကြဘူး။ ကျွန်မတို့ရဲ့ အဓိကဦးစားပေးက ဝမ်ဝေ့ကို ကျွန်မတို့အုတ်မြစ် ဝါးမျိုသွားတာကို ကာကွယ်ဖို့ပဲ”

လင်းဖန်က နားထောင်နေသော်လည်း ပိုင်ဟန်က မျက်မှောင်ကြုတ်လိုက်သည်။

“အဲဒါက အပိုတွေ ဖြစ်မနေဘူးလား။ ဒါက ဒိုင်မေးရှင်းအနိမ့်မှာ မဟုတ်ဘူးလေ။ ဒီနေရာက အခြေအနေတွေက ရှုပ်ထွေးတယ်။ သူက သူ့ဂိုဏ်းကိုလည်း အားကိုးလို့ရမှာ မဟုတ်ဘူး။ သူတို့က ပိတ်ဆို့ထားပြီးတော့ ဆက်တိုက်စောင့်ကြည့်ခံနေရတာ”

“အဲ့လိုဆိုရင် မင်း တွေးထားတာကို ပြောပါဦး” ဧကရာဇ်ခုံက ပြောလိုက်သည်။

“ဟုတ်ကဲ့ ကျောင်းအုပ်” ရှုရှစ်က ခေါင်းညိတ်လိုက်၏။

“ဝမ်ဝေ့ တက်လှမ်းလာပြီဆိုတော့ ဖြစ်နိုင်ချေတစ်ခုပဲ ရှိတယ်။ သူက ဒိုင်မေးရှင်းအနိမ့်မှာ ကောင်းကင်ဘုံအဆင့်ဖြစ်တာ အောင်မြင်သွားပြီပဲ”

ဧကရာဇ်ခုံက မျက်မှောင်ကြုတ်လိုက်၏။ ရှုရှစ်က သူ့အား ထိုသတင်းနှင့် ပတ်သက်ပြီး ပြောပြပြီးသား ဖြစ်သော်လည်း အစပိုင်းတွင် ထိုအရာက မဖြစ်နိုင်ဘူးဟုသာ တွေးခဲ့မိသည်။ သို့သော်လည်း ဝမ်ဝေ့ တည်ရှိသည့် အရေးသာချက်အားလုံးနှင့် ရှုရှစ်နှင့်အတူ ရောက်ရှိလာသည့် ကုသိုလ်အားလုံးကို မြင်တွေ့ပြီးသည့်နောက်တွင် သူက ယုံကြည်လာရသည်။

“သူက ဒိုင်မေးရှင်းအနိမ့်မှာ တားမြစ်တိုက်ခိုက်ရေးအဆင့်ကို ရောက်ရှိခဲ့တယ်။ ကောင်းကင်ဘုံအဆင့်တစ်ယောက်အနေနဲ့ သူက ဆယ်ဆတိုက်ခိုက်ရေးအဆင့်ကို ရောက်နေလောက်ပြီ။ တကယ်လို့ မရောက်ဘူးဆိုရင်တောင် သူ့အင်အားက အနည်းဆုံး ရှစ်ဆ၊ ကိုးဆတော့ ရှိနေပြီ။ ဆိုလိုတာက ဒီလက်ရှိအာဏာပိုင်းဆိုင်ရာ အထွတ်အထိပ် အပြောင်းအလဲကို ရောက်ရှိနေပြီလို့ ပြောတာပဲ”  ရှုရှစ်က ဆက်ပြောလိုက်သည်။

“ကျွန်မ သူ့စရိုက်နှင့် အပြုအမူကို သိထားသလောက် သူ့ဆီမှာ ရည်ရွယ်ချက် သုံးခု ရှိတယ်။ ပထမတစ်ခုခုက သူ့အင်အားကို တိုးမြှင့်ဖို့။ အဲဒါဆိုတော့ သူက ဆယ်ဆတိုက်ခိုက်ရေးအဆင့်ကို ရောက်ဖို့ ကြံစည်နေတာမျိုး ဒါမှမဟုတ်ဘူးဆိုရင် တားမြစ်တိုက်ခိုက်ရေးအဆင့်ထိ ဖြစ်နိုင်တယ်။

ဒုတိယတိုက်ခိုက်ရေးအဆင့်က သူ့ကြမ္မာကို တတ်နိုင်သမျှ ချောချောမွေ့မွေ့ ဖြည့်ဆည်းဖို့ပဲ။ တတိယအဆင့်ကတော့ သူ့အင်အားစုကို အကျိုးအမြတ်ရအောင် လုပ်ပေးဖို့။ ကျွန်မတို့တွေ အဓိက ဂရုစိုက်ရမှာက သူ့ရဲ့ တတိယရည်ရွယ်ချက်ပဲ”

ရှုရှစ်က ခေတ္တမျှ ရပ်တန့်ပြီးသည့်နောက်တွင် စကားလုံးများကို သေချာစီပြီး ပြောလိုက်သည်။

“ဝမ်ဝေ့က အတော်လေး ဩဇာတိက္ကမနဲ့ ပြည့်စုံတယ်။ ပြီးတော့ ကြောက်ဖို့ကောင်းလောက်တဲ့ အနေအထားအထိပဲ။ ဒိုင်မေးရှင်းအနိမ့်မှာ သူက မျှခြေညီစက်ယန္တရားကို စိုးရိမ်ရတော့ တာအိုအခွင့်အလမ်းဂိုဏ်းကို အချုပ်အနှောင် အဟန့်အတားမရှိဘဲ ချဲ့ထွင်နိုင်ခဲ့ဘူး။ ဒီနေရာမှာဆိုရင်တော့ အဟန့်အတား မရှိဘူးလေ။

သူက သူ့အင်အားကို ဖန်တီးပြီး မဟာမိတ်တွေနဲ့ သူ့ကြမ္မာကို ဖြည့်ဆည်းလိမ့်မယ်။ ဒါပေမဲ့ သူ့စရိုက်တွေအရ သူက အဲဒီမဟာမိတ်တွေကို ဝါးမျိုပြီးတော့ သူ့ကိုယ်ပိုင်အုတ်မြစ်အဖြစ် ပြောင်းလဲပစ်လိမ့်မယ်။ တကယ်လို့ ကျွန်မတို့သာ သူနဲ့ အတူတူ တွဲလုပ်ဖို့ ဆုံးဖြတ်မယ်ဆိုရင် ကျွန်မတို့ရဲ့ ဦးစားပေးက ကျွန်မတို့ရဲ့ အုပ်စိုးမှုကို ထိန်းထားပြီးတော့ သူ့ဆီ ဝါးမျိုမခံရဖို့ပဲ။ ဒီကိစ္စက ရှင်တို့ထင်ထားတာထက် ပိုပြီးခက်ခဲတယ်ဆိုတာကို ကျွန်မ ပြောတာ ယုံလိုက်ပါ”

အခန်းက တိတ်ဆိတ်သွားပြီး ဧကရာဇ်ခုံက အတွေးနက်နေသည်။ သူက ရှုရှစ်၏ စကားများကို အကြောင်းအရင်းနှစ်ခုကြောင့် အလေးအနက် မှတ်ယူထား၏။ ပထမဦးစွာ သူမက ဝမ်ဝေ့နှင့် မိတ်ဆွေ ဖြစ်ပြီး လက်ရှိအားလုံးအနက် သူ့ကို အကောင်းဆုံးသိသူ ဖြစ်သည်။ ဒုတိယအနေဖြင့် တာအိုနယ်ရှင်တစ်ယောက်က မည်မျှအချိန်အတွင်း မည်မျှပင် ကြောက်ဖို့ကောင်းကြောင်း နားလည်ထား၏။ ထိုသို့သော မတည်ငြိမ်မှုမျိုးက သူတို့အတွက် ကြီးထွားဖို့ရာအတွက် ပြီးပြည့်စုံသည့် မြေပြင် ဖြစ်ပေသည်။

“ကြည့်ရတာ ငါတို့တွေ စောစောစီးစီး ပြင်ဆင်ထားရမဲ့ပုံပဲ” ဧကရာဇ်ခုံက ရေရွတ်လိုက်သည်။

……………………………………………………………

မူလစည်းတံဆိပ်ကုန်းမြေ

ဝူဟုန်က မျက်လုံးဖွင့်လာကာ အဝေးတစ်နေရာကို ကြည့်ရင်း အတွေးနက်နေသည်။

“မင်းရဲ့ ခင်ပွန်းရောက်လာပြီဆိုတော့ ပျော်နေပြီလား”

အဝေးတစ်နေရာမှ အသံတစ်သံ ပဲ့တင်ထွက်လာသည်။ သူမက ခေါင်းအသာယမ်းပြီးသည့်နောက်တွင် အခန်းကို ပိတ်ဆို့ပြီးသည့်နောက် ဆက်လက် ကျင့်ကြံလိုက်သည်။

………………………………………..

ကောင်းကင်အလှတရား နန်းဆောင်က တိမ်တိုက်အတွင်း မျောလွင့်နေသည့် ဧရာမနန်းဆောင်ကြီးတစ်ခု ဖြစ်၏။ ထို့နောက် ဇာမဏီမျက်လုံးတစ်စုံ ပွင့်လာကာ အခန်းအတွင်းမှ လသာဆောင်ဆီ တစ်လှမ်းချင်း ထွက်ပေါ်လာသည်။

“အဲဒါဆိုတော့ ရှင် နောက်ဆုံးတော့ ရောက်လာပြီပဲ။ ရှင်က ဘယ်လိုလူမျိုးဖြစ်မလဲ။ ကျွန်မရဲ့ ပွဲအခမ်းအနားမှာ ရှင့်ကို တွေ့ခွင့်ရမလား” သူမက သူမ၏ ပွဲအခမ်းအနားသည် ရှေ့တိုးမည်ဖြစ်ကြောင်း သတင်းစကား ပို့ဆောင် ကြေညာလိုက်သည်။ အတိအကျပြောရလျှင် ယနေ့မှစ၍ နှစ်သန်းဝက်ကြာတွင် ဖြစ်၏။

……………………………………………..

တာအိုအခွင့်အလမ်းဂိုဏ်း

ရုပ်ထုများဖြင့် ပြည့်နှက်နေသည့် ဒိုင်မေးရှင်းတစ်ခုအတွင်း တပည့်လေး တစ်ဦးက အိပ်ငိုက်နေစဉ် တစ်စုံတစ်ခုကို ရုတ်ချည်းခံစားမိလိုက်သည်။ သူက မော့ကြည့်လိုက်ကာ စင်မြင့်ကို ကြည့်လိုက်မိသည်။ စင်မြင့်ကို လေးပိုင်းခွဲခြားထားပြီး အောက်ပိုင်းအလွှာက ရုပ်ထုအများဆုံး ဖြစ်ပြီး ထိပ်ဆုံးကမူ လေးယောက်သာ ရှိ၏။ တပည့်လေးက ဒုတိယအလွှာတွင် ရွှေရောင်ရုပ်ထုတစ်ခု အလျင်အမြန် ဖွဲ့စည်းလာသည်ကို ကြည့်လိုက်မိသည်။

ဒုတိယအလွှာမှာ ရွှေရောင်တဲ့လား။ အဲဒါဆိုတော့ ထာဝရကောင်းကင်ဘုံအဆင့်ပေါ့။ ဂိုဏ်းထဲမှာ ဘယ်သူက အဆင့်တက်သွားတာလဲ…

သူက ထိုအပြောင်းအလဲကို တင်ပြတော့မည့်ဆဲဆဲတွင် တပည့်က မူးဝေလာကာ မေ့မျောသွားခဲ့သည်။ ထို့နောက် အသက်အရွယ်ကြီးကြီး အမျိုးသားတစ်ဦးက ဒိုင်မေးရှင်းအတွင်း ပေါ်ထွက်လာကာ ရုပ်ထုကို ကြည့်လိုက်၏။

နောက်ဆုံးတော့ သူ ဒီရောက်လာပြီ…

သူက ရေရွတ်ပြီးသည့်နောက်တွင် ရုပ်ထုကို လက်ညှိုးထိုးကာ ပျောက်ကွယ်သွားစေလိုက်သည်။ ထို့နောက် သူက တပည့်လေးကို ကြည့်ရင်း အတွေးတစ်ချက်ဖြင့် သူ့မှတ်ဉာဏ်များကို ဖျောက်ဖျက်လိုက်၏။

ဝမ်ဝေ့၏ ရောက်ရှိလာမှုကို တစ်ကမ္ဘာလုံးက ခံစားမိသည့်အတွက် အသေးစား ရုတ်ရုတ်သဲသဲ ဖြစ်လာစေသည်။ ထိုစဉ် သူက အမည်မသိနေရာဆီ ရောက်ရှိလာပြီး သူ့ရထားလုံး ပျောက်ကွယ်သွားသည်ကို ကြည့်နေလိုက်သည်။

“တိုက်ခိုက်မှု မရှိဘူးဆိုတော့ သတင်းကောင်းပဲ။” ဝမ်ဝေ့က ရေရွတ်ရင်းဖြင့် ဘေးပတ်လည်ကို ကြည့်လိုက်သည်။ သူက ဤအဖြစ်အပျက်တစ်ခုလုံးအတွင်း သတိကြီးကြီး ထားထားခဲ့၏။ သူက ကောင်းကင်ကို မော့ကြည့်ကာ နှုတ်ခမ်းက တွန့်ချိုးသွားလေသည်။

ဒီကမ္ဘာရဲ့ ကြမ္မာကတော့ ပြောင်းလဲသွားပြီ။ ဆိုလိုတာက ကျင့်ကြံဆင့် မြင့်တဲ့သူအားလုံးက ငါရောက်လာပြီဆိုတာကို သိကြမှာပဲ။ ကောင်းပြီလေ။ ကံကြမ္မာဖန်တဲ့သူ ရောက်လာပြီဆိုတာကို သိကြပေါ့…

သူက ဘေးပတ်လည်ကို ကြည့်ကာ စစ်ဆေးကြည့်လိုက်သည်။

ငါက ဂြိုလ်တစ်ခုအပေါ်မှာလား။ မဟုတ်သေးဘူး။ နေရာတစ်ခုလုံးက ကြယ်တာရာကောင်းကင် စကြဝဠာပဲ။ ကောင်းပြီလေ။ ဒီနေရာမှာ အရင်ဆုံး နေသားကျအောင် လုပ်ကြတာပေါ့…

သူက အလင်းနှစ် ထရီလီယံ ဝေးကွာသည့် နေမင်းဆီ ဦးတည်ကာ ကျင့်ကြံရေးဂူတစ်ခုကို ဖန်တီးလိုက်သည်။

“ဒီနေရာရဲ့ အာကာပြင်က အရမ်းကို အားကောင်းလွန်းတယ်။ ပိုပြီးအရေးကြီးတာက ဒီနေရာက ငါ့ရဲ့ ကူးသန်းသွားလာမှုကို ကန့်သတ်ထားပြီး ဆက်တိုက် ဆန့်ကျင်နေတယ်”

ဝမ်ဝေ့က မှတ်ချက် ပေးလိုက်သည်။

“ပိုပြီးအရေးကြီးတာက အချိန်မြှင့်တင်ရေး အစီအရင်သက်ရောက်မှုက သိသိသာသာ လျော့ကျသွားပြီ”

သူက သက်ပြင်းချရင်း ကျင့်ကြံရေးအတွင်း ဝင်ရောက်ကာ ကွဲပြားမှုကို ချက်ချင်းခံစားမိလိုက်သည်။

ဒီပတ်ဝန်းကျင်မှာရှိတဲ့ တာအိုချီလို့ ခေါ်တဲ့ စွမ်းရည်က နားလည်မှုအတွက် အကောင်းဆုံးအားဖြည့်မှုပဲ။ ဒါက အချိန်မြှင့်တင်ရေးသက်ရောက်မှု နည်းပါးတာကို မျှခြေ ဖြစ်သွားစေတာလား…

အရှင်းဆုံးပြောရရင်တော့ ငါက ငါ့အစီအရင်ကိုပဲ ကြိုက်တယ်…

နေသားကျအောင် လုပ်သည့် ဖြစ်စဉ်က အင်မတန်တိုတောင်းလှသည့်အတွက် ဝမ်ဝေ့က အစီအရင်ပင် မလိုအပ်ပေ။ သူက ခဏတာမျှ နေသားကျအောင် လုပ်ခဲ့ပြီး အပြင်ဘက်တွင်မူ သုံးမိနစ်မျှသာ ကုန်ဆုံးသေး၏။

သတင်းကောင်းက ငါ့ကျင့်ကြံဆင့်က အခု ၇၈ ရာခိုင်နှုန်းကို ရောက်သွားပြီ။ ဒါက ပထမဦးဆုံးအကြိမ် တက်လှမ်းလာသူတွေအတွက် အကျိုးမြတ် ဖြစ်သင့်တယ်။ ငါ့ရဲ့ ခန္ဓာကိုယ်က အရမ်းအားကောင်းနေတော့ သက်ရောက်မှုမရှိတာ နှမြောစရာပဲ…

ဝမ်ဝေ့က ယခုအခါ အရွယ်ရောက် မကောင်းဆိုးဝါးနတ်ဘုရားအဆင့်၏ တတိယကောင်းကင်ဘုံအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူက စတုတ္ထအဆင့် ရောက်ရှိသည်နှင့် စမ်းသပ်ချက်ကို ဖြတ်ကျော်ဖို့ လိုအပ်လာလိမ့်မည်။ ယခုအခါ သူက မလိုအပ်သေးပေ။

ဝမ်ဝေ့က မတ်တတ်ရပ်ရင်းဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် ကြောက်မက်ဖို့ကောင်းသည့် အံ့ဖွယ်စွမ်းအားတစ်ခုက နေရာတစ်ခုလုံးကို စစ်ဆေးကြည့်နေ၏။

ဒီနေရာ မဟုတ်ဘူး။ ကမ္ဘာတစ်ခုလုံးပဲ…

ဝမ်ဝေ့က လေ့လာရင်း တွေးလိုက်သည်။ အံ့ဖွယ်အသိစိတ်က သူ့ကို မတည်ရှိသကဲ့သို့ ဖြတ်ကျော်သွား၏။ ဝမ်ဝေ့က ထိုအရာနှင့် ပတ်သက်ပြီး အံ့အားသင့်ခြင်း မရှိပေ။ သူက ကံကြမ္မာမဲ့ ဖြစ်သည့်အတွက် သူ့အကြောင်း သတင်းအချက်အလက်များကို ကောက်ချက်ချဖို့ အင်မတန် ခက်ခဲလိမ့်မည်။ ထို့အပြင် သူက ကောင်းကင်လှည့်ဖျားရေး အစီအရင်၏ ကာကွယ်မှု၊ စိတ်ဝိညာဉ်ပန်းပွင့်စွမ်းရည်၏ သက်ရောက်မှုနှင့်အပြင် ဆယ်ဆတိုက်ခိုက်ရေးအဆင့်က သူသည် စံပြအဆင့်နှင့် နီးကပ်နေပြီဖြစ်ကြောင်း ညွှန်ပြနေသည်။ ထို့အပြင် ကုသိုလ်ရွှေခန္ဓာ၏ ကာကွယ်မှုနှင့် ကံကြမ္မာ သို့မဟုတ် ကြမ္မာ၏ ကာကွယ်မှုလည်း ပိုင်ဆိုင်ထားသေး၏။

ဒီအံ့ဖွယ်အသိစိတ်က စံပြအဆင့်ကိုမှ နိမ့်တဲ့ သူတော့ မဟုတ်ဘူး။ ကြည့်ရတာ အချိန်စားသုံးသူ ဖြစ်မဲ့ပုံပဲ…

ဝမ်ဝေ့က သုံးသပ်လိုက်သည်။

သူ ပြန်လာတာလား ဒါမှမဟုတ်ဘူးဆိုရင် အပြင်ဘက်ကနေ သူ့အံ့ဖွယ်အသိစိတ်ကို သုံးလိုက်တာလား။ ဒါမှမဟုတ်ဘူးဆိုရင် သူ ဒီနေရာမှာ ချန်ထားခဲ့တဲ့ စက်ယန္တရားတစ်ခုလား…

ဝမ်ဝေ့က အဖြေမရသော်လည်း သူ့တွင် အချိန်များများစားစား မရှိကြောင်း သိလေသည်။

သတင်းကောင်းက မေတ္တယျတို့ အန္တိမသဟဇာတတို့က ရုတ်ချည်း ပေါ်ထွက်လာပြီး  ငါ့ကို သုတ်သင်မပစ်တာပဲ…

သူက တွေးလိုက်သည်။

ဒါပေမဲ့ ဒီထူးထူးဆန်းဆန်း ခံစားချက်က ဘာလဲ…

ဝမ်ဝေ့က မျက်လုံးမှိတ်ကာ အဝေးတစ်နေရာရှိ ဆက်နွယ်မှုကို ခံစားမိလိုက်သည်။ ပထမဦးစွာ သူတို့က သူ့ဇနီးနှင့် ဆက်နွယ်မှု ဖြစ်ကြောင်း တွေးခဲ့မိသော်လည်း ထိုအရာကို အာရုံစိုက်ကြည့်ပြီးသည့်နောက်တွင် ထိုဆက်နွယ်မှုက လက်လှမ်းမမှီနိုင်ကြောင်း သဘောပေါက်သွားခဲ့သည်။

ဒါက ငါ့ရဲ့ ကမ္ဘာမြေနဲ့ ဆက်နွယ်မှုလား…

သူက ကမ္ဘာဦးဟွင်သွမ်းအတွင်း သမိုင်းမတိုင်မီ ကမ္ဘာရှိရာနှင့်  နက်နက်နဲနဲဆက်နွယ်နေသည်ကို ခံစားမိသွားသည်။

ကြည့်ရတာ အရင်က ငါ အားနည်းနေခဲ့ပြီးတော့ ဒိုင်မေးရှင်းအနိမ့်ရဲ့ ပိတ်ဆို့မှုကလည်း အကူအညီ ဖြစ်ခဲ့တဲ့ပုံပဲ။

All Chapters