စတင်ကြစို့
Vol. 86 Ch. 1204
ဝမ်ဝေ့က ကမ္ဘာမြေမှ သူ့ဘဝအကြောင်း ပြန်လည်တွေးတောမိသွားသည်။ သူက နောင်တတချို့ရှိသောကြောင့် ပြန်လည်ကာမိအောင် လုပ်လိုသည်။ သို့သော်လည်း သူ့လက်ရှိဆက်နွယ်မှုက တကယ့်ရည်ရွယ်ချက်အစစ်အမှန် မရှိသလို စွမ်းရည်လည်း မရှိပေ။
ကြည့်ရတာ စံပြဖြစ်လာပြီးတဲ့နောက်မှာ ဆက်နွယ်မှုကနေ ဒီပုံရိပ်ယောင်ကို စေလွှတ်နိုင်လောက်တယ်။ ဘာပဲဖြစ်ဖြစ် ဟုန်ကျွင်းဆီကနေ အဖြေ လိုအပ်လောက်တယ်။ ငါ့ရဲ့ တကယ့်ခန္ဓာကိုယ် ပေါ်ထွက်လာဖို့ကတော့ အကြံကောင်း မဟုတ်ဘူး။
သူက နောက်အစီအစဉ်ကို မစီစဉ်ခင် ကိုယ့်ကိုယ်ကို ထိန်းသိမ်းလိုက်သည်။ သို့သော်လည်း တစ်စုံတစ်ခုက သူ့ကို အနှောင့်အယှက် ပေးနေ၏။ အန္တိမသဟဇာတ၏ လှုပ်ရှားမှုမရှိခြင်း ဖြစ်သည်။ သူက သူ့ကိုယ်သူ ထိန်းချုပ်ပြီး လက်ရှိကိစ္စကိုသာ အာရုံစိုက်ထားလိုက်၏။ ပထမဦးစွာ သူ့အနေဖြင့် ဘယ်နေရာရောက်နေလဲဆိုတာ သိဖို့ အခြေခံသတင်းအချက်အလက်လိုအပ်သည့်အတွက် သက်ရှိများရှိရာ ဂြိုလ်တစ်ခုဆီ ကူးသန်းလာလိုက်သည်။
ဝမ်ဝေ့က အနီးအနားမြို့ဆီ ရောက်ရှိလာသည့်နောက် လူများက သူ့ကို စိုက်ကြည့်နေသည်ကို သတိထားမိလိုက်၏။ သူက ရုပ်ရည်ပြောင်းလဲထားသော်လည်း လူများက သူ့ကို မှတ်မိနေသည်ဟု ထင်ထားခဲ့မိသည်။ နောက်ပိုင်းမှသာ ဤကမ္ဘာတွင် လူသားများက ရှားပါးကြောင်း သဘောပေါက်သွားခဲ့၏။ ထို့ကြောင့် သူက နတ်ဆိုးတစ်ယောက်၏ အငွေ့အသက်အဖြစ် ပြောင်းလဲလိုက်ရသည်။
ဒါက သွေးနဂါးရဲ့ ပိုင်နက်လား…
ဝမ်ဝေ့က ခေါက်ဆွဲ စားရင်း တွေးလိုက်သည်။
အစားအစာက အရသာရှိသော်လည်း ထိုနေရာက ချက်ပြုတ်ရေးနည်းစနစ် သို့မဟုတ် ထူးကဲသည့် အမွေးခတ်မှုန့်များ ပေါင်းစည်းမှုအစား ပါဝင်ပစ္စည်းကောင်းများကို မှီခိုထားကြောင်း ပြောနိုင်လေသည်။
ငါ သူကနေ စလိုက်ရမလား…
သူက ခေတ္တမျှ စဉ်းစားကြည့်ပြီးသည့်နောက်တွင် လက်လျှော့လိုက်၏။ သူက လှုပ်ရှားမှု မစတင်ခင် သတင်းအချက်အလက်များစွာ လိုအပ်နေသေးသည်။
ဘန်း
“မင်းက ဘာပြောလိုက်တာလဲ” အနက်ရောင်ဝတ်ဆင်ထားသည့် အမျိုးသားတစ်ယောက်က အော်ပြောလိုက်သည်။ သူ့ညာဖက်မျက်ဝန်းအထက် အမာရွတ်တစ်ခုရှိနေကာ ကျင့်ကြံဆင့် ၅၆ ရာခိုင်နှုန်းရှိသည့် ဧကရာဇ်တစ်ယောက်၏ အရှိန်အဝါကို ထုတ်လွှတ်နေသည်။ သူ့ခက်ထန်သည့် အကြည့်က သူ့စားပွဲနှင့် မျက်နှာချင်းဆိုင်ရှိ ရုပ်ချောချောလူငယ်လေးဆီ ကျရောက်လာသည်။
“ခင်ဗျားကို ပြောနေတာ မဟုတ်ဘူး” လူငယ်လေးက တည်ငြိမ်စွာ ပြန်ပြောလိုက်၏။
“မင်းက ငါ့ကို ညစ်ပတ်တဲ့ သွေးလို့ ပြောရဲတယ်။ မင်းက ဝန်ခံဖို့ သတ္တိတော့ မရှိဘူးပဲ” ထိုစကားကို ရေရွတ်လိုက်သည်နှင့် လူများစွာ၏ အကြည့်က လူငယ်လေးအပေါ် ကျရောက်လာသည်။
“ကျုပ် ပြောသလို ကျုပ်က ခင်ဗျားအကြောင်း မပါတဲ့ သီးသန့်စကားဝိုင်းတစ်ခုကို ပြောနေတာ”
“ပင်ကိုနတ်ဆိုးတစ်ကောင်ဆီကနေ ဒီလိုမျိုး ထင်မှတ်ထားပြီးသားပါ။ မင်းတို့တွေက တကယ်ကို မိုးမြေရဲ့ အကြီးမားဆုံး ကျရှုံးမှုပဲ”
“ခင်ဗျား ဘာပြောလိုက်တာလဲ” လူငယ်လေးက အံကြိတ်ကာ ပြောလိုက်သည်။ ထို့နောက် ကြယ်ငါးလုံးယွမ်ထီအဆင့် အရှိန်အဝါကို ထုတ်လွှတ်လာခဲ့၏။
“မင်းကြားတဲ့အတိုင်းပဲ” ထိုအမာရွတ်နှင့်လူကလည်း ပြောပြီးသည့်နောက်တွင် ကျောပေါ်တွင် မီးတောက်များရှိသည့် ကျားတစ်ကောင်အသွင် ပြောင်းလဲသွား၏။ လူငယ်လေးကလည်း ခရမ်းရောင်အစင်းများရှိသည့် အစိမ်းရောင်မြွေအဖြစ် ပြောင်းလဲသွားလေသည်။ သူတို့နှစ်ဦးက ပါးစပ်ဟကာ တိုက်ခိုက်တော့မည် ဖြစ်၏။
“တော်သင့်ပြီ” အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာပြီး အခန်းထဲတွင် လှပသည့် ကမ္ဘာ၏ ပုံရိပ်တစ်ခု ထွက်ပေါ်လာကာ ထိုသူနှစ်ဦးကို ဖိနှိပ်လိုက်၏။ ထိုသူနှစ်ဦးက ဤစားသောက်ဆိုင်သည် အားကောင်းသည့် တာအိုအုပ်ချုပ်သူတစ်ယောက်၏ အပိုင်ဖြစ်ကြောင်း အမှတ်ရသွားကြသည်။
“မင်းတို့တွေ တိုက်ချင်တယ်ဆိုရင် တခြားနေရာသွား” အေးစက်စက် အသံပိုင်ရှင်က ပြောလိုက်သည်။ နှစ်ဦးသား၏ အမူအရာက အတော်လေး ပြောင်းလဲသွား၏။ ထို့ကြောင့် သူတို့က လူသားအသွင်ပြောင်းသွားပြီး အချင်းချင်း စိုက်ကြည့်နေကြသော်လည်း မတိုက်ခိုက်ကြတော့ပေ။ သူတို့က သူတို့စားပွဲ သူတို့ပြန်ကာ ဆက်လက် စားသုံးလိုက်ကြသည်။ သို့သော်လည်း အားလုံးက လေထုထဲမှ တင်းမာမှုကို ခံစားမိကြ၏။
သွေးနဂါးအောက်က မျိုးနွယ်ကြားက တင်းမာမှုက အတော်လေးကို များတာပဲ။ ဒါပေမဲ့ အဓိပ္ပာယ်တော့ ရှိပါတယ်…
အတိတ်တုန်းက နတ်ဆိုးနှင့် ပင်ကိုနတ်ဆိုးနတ်ဘုရားများသည် ရန်သူများဖြစ်သော်ငြား … ယခုအခါ သူတို့က လူတစ်ယောက်အောက်တွင် ခစားဖို့ ဖိအားပေးခံထားရသည်။
ငါ ဒီမယုံကြည်မှုနဲ့ အမုန်းတရားကို အသုံးချလို့ ရလောက်တယ်။ ဝူယွီဇာမဏီကလည်း ဒီအလားအလာကောင်းတဲ့ သွေးမျိုးဆက်ရှိတဲ့သူတွေကို ထုတ်ဖို့ စိတ်ဝင်စားလောက်တယ်။ အဲဒါဆိုတော့ သူတို့ကြားက နောက်ထပ် အတွင်းရေးပဋိပက္ခတစ်ခုကို ဖန်တီးနိုင်တာပေါ့…
သူက ခေါက်ဆွဲစားသုံးပြီးသည့်နောက်တွင် စားသောက်ဆိုင်မှ ထွက်သွားလိုက်သည်။ သူက အကြည့်တစ်ခုကို အာရုံခံစားမိ၍ စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ထိုအရာက ဆိုင်ပိုင်ရှင်သည် သူ့ကို စစ်ဆေးကြည့်နေကြောင်း သဘောပေါက်သွားခဲ့သည်။ ထိုသူက ဆက်လက် လိုက်မလာသည့်အတွက် ဝမ်ဝေ့က သူ့ကို လျစ်လျူရှုထားလိုက်၏။
ဝမ်ဝေ့က မြို့ဝန်းကျင်သွားလာပြီး မျိုးနွယ်ခွဲကြားမှ တိုက်ပွဲများကို စောင့်ကြည့်ခဲ့သည်။ ထို့နောက် သူက လူသားဦးရေများပြားသည့် ဂြိုလ်တစ်ခုဆီ ကူးသန်းလာလိုက်၏။
ပတ်ဝန်းကျင်မှာရှိတဲ့ ကြွယ်ဝတဲ့စွမ်းအားနဲ့ဆိုရင် ကောက်ပဲသီးနှံတွေက ဖွံ့ဖြိုးပြီးတော့ ရောဂါတွေလည်း ရှားပါးလိမ့်မယ်။ သာမန်သက်တမ်းက နှစ်တစ်ထောင်ကျော်လောက် ရှိလောက်တယ်…
ဝမ်ဝေ့က တွေးလိုက်မိသည်။
သေမျိုးလူမှုအဖွဲ့အစည်းရဲ့ တစ်ခုတည်းသော အရေးသာချက်က စွမ်းအားကို အနည်းငယ်သုံးနိုင်ပြီးတော့ ဗဟုသုတရှိတာပဲ။ ဒါပေမဲ့ ဘာမှတော့ ကြီးကြီးမားမားတော့ မရှိဘူး။
ဉာဏ်အလင်းပွင့်ဗိမာန်တွေကို ပြန်လည်ဖန်တီးဖို့ ထိုက်တန်တယ်။ ဒါပေမဲ့ လက်ရှိအာဏာပိုင်းဆိုင်ရာအရဆိုရင်တော့ ဒီဟာက သေမျိုးတွေအတွက် ကပ်ဘေးတစ်ခု ဖြစ်လာနိုင်တယ်…
သူ့တွင် အကြွင်းမဲ့စွမ်းအား မရှိတော့ကြောင်း သိထားသည့်အတွက် ဤကမ္ဘာရှိ ကျင့်ကြံသူအားလုံးကို သူ့စိတ်တိုင်းကျ ဖိအားမပေးနိုင်ကြောင်း သိထားလေသည်။ ရှေးဦးစံပြ ဖြစ်လာပြီးသည့်နောက်တွင်ပင် သူက ထိုသို့စွမ်းအားမျိုးရှိမည် မဟုတ်ပေ။ ထို့ကြောင့် ဉာဏ်အလင်းပွင့်ဗိမာန်သည် ကမ္ဘာတစ်ဝှမ်း ဖြန့်ကျက်ဖို့ရာ မဖြစ်နိုင်ဖွယ်ရာ ရှိ၏။ အကယ်၍ လုပ်ဆောင်ခဲ့လျှင်ပင် သေမျိုးများက မျှခြေညီအောင် ကြိုးပမ်းရဲသည့် ကျင့်ကြံသူများဆီမှ လက်စားချေမှုကို ခံစားရလိမ့်မည်။
တကယ်လို့ ငါတို့သာ ငြိမ်းချမ်းနေတဲ့ ကမ္ဘာကြီးထဲမှာသာဆိုရင် ဂိုဏ်းနဲ့ မဟာမိတ်ပိုင်နက်ထဲမှာ ဖြန့်ဝေလို့ရတယ်…
ဝမ်ဝေ့က တွေးလိုက်ပြီးသည့်နောက်တွင် ကူးသန်းသွားလိုက်သည်။ သူက ဒိုင်မေးရှင်းအနိမ့်မှ သူ့အောင်မြင်မှုတချို့ကို ပြန်လည်ပုံတူပွားပြီး ကုသိုလ်ကို စုဆောင်းနိုင်မည့် နောက်ထပ်နည်းလမ်းတချို့ လိုအပ်နေသည်။
သူက ကိစ္စတချို့ကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ဂိုဏ်းက သူ့အတွက် ချန်ထားပေးသည့်အရာ ပစ္စည်းများဆီ ဦးမတည်ခင် လုတာ့ဆီမှ ကံအပြောင်းအလဲအခွင့်အရေးအတွက် သူ့ဆန္ဒကို ဖြည့်ဆည်းပေးရဦးမည် ဖြစ်သည်။ ဝမ်ဝေ့က အာကာပြင်တာအိုကို အသုံးပြုလျက် အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ ရှုပ်ထွေးလှသော အာကာပြင်တည်ဆောက်ပုံကို လေ့လာကြည့်လိုက်သည်။
သူက လက်ရှိနေရာမှ ထွက်လာပြီးသည့်နောက်တွင် နေရာများစွာကို ရပ်တန့်ပြီး သူ ကောက်ချက်ချထားသည့် ဦးတည်ရာသို့ ရောက်ရှိလာခဲ့သည်။ ဝမ်ဝေ့က သူ ရောက်ရှိနေသည့်နေရာကို လေ့လာရင်း ထူးထူးဆန်းဆန်း အမူအရာမျိုး ဖြစ်လာလေ၏။ ဤနေရာက ကုဗတုံးကမ္ဘာနှင့်တူပြီး မျက်နှာပြင်တစ်ဖက်ချင်းစီက ကြီးမားသည့် ကုန်းမြေတစ်ခုစီ ဖြစ်သည်။ သူ့ဦးတည်ရာက ကုန်းမြေ(၅)ဆီ ဖြစ်၏။
သူက အတော်လေးကောင်းမွန်သည့် လယ်ကွင်းဘေးရှိသည့် တဲလေးအထက် ရောက်ရှိလာသည်။ ထို့နောက် အသက်ကြီးကြီး အမျိုးသားတစ်ဦးက အားမာန်တက်ကြွစွာ အပင်စိုက်ပျိုးနေလေ၏။
“ဒါကို ခင်ဗျားရဲ့ တစ်ဦးတည်းသော ကျန်ခဲ့တဲ့ မျိုးဆက်”
လုတာ့၏ စွဲလမ်းမှုက ပြင်းထန်လာသည်။ သူက ထိုအသက်ကြီးကြီးအမျိုးသားကို ဝမ်းနည်းမှုဖြင့် ကြည့်လိုက်မိ၏။ သူ့မိသားစုက သေဆုံးသည်ဟု ထင်ထားခဲ့မိသော်လည်း ထိုလူကို မြင်တွေ့လိုက်ရခြင်းသည် သူတစ်ခါမှ မရရှိခဲ့သည့် မျှော်လင့်ချက်ကို အတည်ပြုလိုက်နိုင်သည်။
“ခင်ဗျားက မျိုးဆက်ရှိတာ သိရတယ်ဆိုတော့ ကံကောင်းတာပဲ” ဝမ်ဝေ့က ပြောလိုက်သည်။
“အခု ဘာလုပ်ပေးစေချင်လဲ။ သူ့ကို ကျင့်ကြံရေးခရီးလမ်း စဖို့ အရင်းအမြစ်တွေ ပေးစေချင်လား”
“အဲ့လိုမလိုတော့ပါဘူး” လုတာ့က ပြောလိုက်သည်။
“ဒီလောက်တောင် ကြာရှည်ပြီးတဲ့နောက်မှာ တစ်စုံတစ်ယောက် အသက်ရှင်နေတယ်ဆိုတာ သိရတာ ကံကောင်းလှပြီ။ သူ့ဘဝကို နှောင့်ယှက်နေဖို့ မလိုပါဘူး”
“ကောင်းပြီလေ။ သူ့ကို ချစ်ခြင်းမေတ္တာ ကံကြမ္မာနဲ့ ကောင်းချီးပေးပြီးတော့ ခင်ဗျားရဲ့ မျိုးဆက်ကို ဆက်လက် လက်ဆင့်ကမ်းအောင် လုပ်ပေးစေချင်လား”
လုတာ့က ခေတ္တမျှ တုံ့ဆိုင်းသွားပြီးသည့်နောက်တွင် ခေါင်းညိတ်လိုက်သည်။
“ကျေးဇူးပြုပြီး အဲ့လိုလုပ်ပေးပါ”
သူက လက်ညှိုးထိုးကာ ထိုအမျိုးသား၏ ကံကြမ္မာကြိုးမျှင်ကို ပြောင်းလဲလိုက်ပြီး သူက ငယ်ရွယ်သည့် ဇနီးလောင်းတစ်ယောက်ကို ရှာဖွေတွေ့ရှိသွားအောင် ပြုလုပ်လိုက်သည်။
“ကျေးဇူးပါ” လုတာ့က ဦးညွှတ်ပြီးသည့်နောက်တွင် ပျောက်ကွယ်သွားလေ၏။ ဝမ်ဝေ့က သော့ကို ယူကာ အသက်သွင်းခဲ့သည်။
အာကာပြင်မုခ်ဝက သူ့ကို ဝါးမျိုသွားပြီးသည့်နောက်တွင် အနက်ရောင်နှင့် ရွှေရောင် နန်းဆောင်ရှိသည့် သီးသန့် ဒိုင်မေးရှင်းတစ်ခုတွင် ရောက်ရှိနေသည်ကို မြင်လိုက်ရ၏။
တစ်ယောက်ယောက် ဒီမှာရောက်နေတာလား…
ပတ်ဝန်းကျင်ကို လေ့လာကြည့်ပြီးသည့်နောက်တွင် အခန်းတစ်ခန်းကလွဲ၍ ကျန်အရာအားလုံးက ဗလာကျင်းနေကြောင်း တွေ့ရှိသွားလေသည်။ အစီအရင်ဆရာများစွာက နောက်ဆုံးအခန်းကို ဖွင့်လှစ်ဖို့ ကြိုးစားခဲ့ကြသည်။ ဝမ်ဝေ့က ကိစ္စများစွာသည် ဤသို့ဖြစ်လောက်မည်မှန်း မှန်းဆထားပြီးသား ဖြစ်၏။
သော့ဖြစ်သူက အစီအရင်ကို ချိုးဖောက်ကာ နောက်ဆုံးအခန်းအတွင်း တိုက်ရိုက်ဝင်ရောက်လာသည်။ အခန်းထဲတွင် လက်ဝါးအရွယ်အစားရှိသည့် အပြာရောင်ကျောက်တုံးများဖြင့် ပြည့်နှက်နေသည့် ကမ္ဘာတစ်ခုနှင့် ကောင်းကင်အထက် ချိတ်ဆွဲထားသည့် အစီအရင်တစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။
“ဒါက တာအိုအရင်းအမြစ်တွေလား။ သူတို့အားလုံးက ဒုတိယအဆင့်တွေပဲ” ဝမ်ဝေ့က ဤကမ္ဘာကြီးကို ကြည့်ကာ ရေရွတ်လိုက်သည်။ သူက အစီအရင်ကိုပါ ကြည့်လိုက်၏။
“ဒီတာအိုချီ ကူးပြောင်းရေးအစီအရင်က ယွမ်ခေတ်ကာလအကြာကြီးတောင်မှဘဲ မရပ်တန့်သွားဘူးပဲ”
ဝမ်ဝေ့က ယခုအခါ အတော်လေးချမ်းသာနေပြီဖြစ်၍ ပျော်နေမိသည်။ အချိန်အတော်ကြာမြင့်ပြီးသည့်နောက်တွင် တာအိုအရင်းအမြစ် တစ်ခုကို ဖွဲ့စည်းဖို့ အချိန်အတော်ကြာယူရမည်ဆိုလျှင် ဤသည်က ကမ္ဘာကြီးတစ်ခုလုံး ရှိလေ၏။ ထိုချမ်းသာမှုဖြင့် ဝမ်ဝေ့က သူ့အင်အားစု သို့မဟုတ် သူ့အတွက် အရင်းအမြစ်များ ဝယ်ယူနိုင်သည်။
“အစကောင်းပဲ” ဝမ်ဝေ့က လက်ဝှေ့ပြီးသည့်နောက်တွင် အရာအားလုံးကို သိမ်းဆည်းလာခဲ့လိုက်သည်။ သူ့နောက်ဦးတည်ရာက ဂိုဏ်း၏ လျှို့ဝှက်နယ်မြေဆီ ဖြစ်၏။ သူက ကံကောင်းမှုအပေါ် မှီခိုပြီး လျှို့ဝှက်ဒိုင်မေးရှင်းကို ရှာဖွေလိုက်ရသည်။
“သူတို့ ချန်ထားခဲ့တဲ့ဟာကို ကြိုက်လိမ့်မယ်လို့ ခံစားမိနေတယ်” သူက ရေရွတ်ရင်းဖြင့် ဘေးပတ်လည်ကို ကြည့်လိုက်သည်။ သူက တံခါးတစ်ချပ်ရှိသည့် အခန်းငယ်လေးအတွင်း ရောက်ရှိလာလေ၏။ တံခါးကို မဖွင့်ခင် သူက ပတ်ဝန်းကျင်ကို အန္တရာယ် စစ်ဆေးကြည့်လိုက်သည်။
အခန်းလေးက စောစောလေးကအတိုင်း အတူတူသာဖြစ်ပြီး တာအိုအရင်းအမြစ်များဖြင့် ပြည့်နှက်နေသည်။ အရည်အတွက်ကမူ ယခင်ထက် ဆယ်ရာခိုင်နှုန်းမျှသာ ရှိ၏။ သို့သော် စံပြများက သူတို့၏ ကျင့်ကြံရေးအတွက် အသုံးပြုသည့် တာအိုအရင်းအမြစ်များဖြစ်သည့် တတိယအဆင့်ဖြစ်သော ခရမ်းရောင်ကျောက်တုံးများ ပါဝင်သည့်အတွက် ပိုမိုအဖိုးတန်လေသည်။
“မျိုးရိုးစဉ်ဆက် ချမ်းသာတာ တကယ်ကောင်းတာပဲ” ဝမ်ဝေ့က အပြုံးဖြင့် ရေရွတ်လိုက်သည်။ အရင်းအမြစ်အကြောင်း စိုးရိမ်စရာမရှိသည့်အတွက် သူက စိတ်တိုင်းကျ ကျင့်ကြံနိုင်မည် ဖြစ်၏။
“ဒီပထမအခန်းပဲဆိုရင် တခြားအခန်းထဲမှာ ဘာပါနေလဲဆိုတာကို မြင်ရဖို့ မစောင့်နိုင်တော့ဘူး”
သူက ဒုတိယအခန်းဆီ သွားလိုက်၏။ ဤအခန်းက အတော်လေး ဗလာကျင်းနေပြီး စည်းတံဆိပ်တစ်ခုနှင့် သတင်းအချက်အလက် အဆောင်တစ်ရွက်သာ ရှိလေသည်။ သူက စစ်ဆေးကြည့်ပြီးသည့်နောက်တွင် သတင်းစကားတစ်ခုကို မြင်တွေ့လိုက်ရ၏။
[ ဒီကောင်းကင်စည်းတံဆိပ်နဲ့ဆိုရင် မျက်နှာဖုံးမျိုးနွယ်ကို ထိန်းချုပ်နိုင်လိမ့်မယ်။ သူတို့က ဂိုဏ်းမှ နာမည်ရှိတဲ့ လျှို့ဝှက်သတင်းအချက်အလက် ထောက်လှမ်းရေးပဲ။ သူတို့က အခု မင်းရဲ့ ထိန်းချုပ်မှုအောက်မှာ ရောက်သွားပြီဆိုတော့ မင်းစိတ်တိုင်းကျ သုံးလို့ရတယ်။ ]
အဲ့လိုဆိုရင် ငါ့ရဲ့ ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်တွေအတွက် လူအင်အားအကြောင်း စိုးရိမ်ဖို့ မလိုတော့ဘူးပဲ…
ဝမ်ဝေ့က တွေးလိုက်သည်။