အခန်း (၁၁၄၉)
Vol. 83 Ch. 1149
ကောင်းကင်တစ်သောင်းတိုင်းပြည်၏ အင်မော်တယ်ဘုရင်က ရွှေကျီးကန်း၏ဝိညာဉ်ကို လိုချင်နေသည်။
အမှန်အတိုင်းပြောရလျှင် ရွှေကျီးကန်းလျှို့ဝှက်နယ်မြေတွင် ခြေသုံးချောင်းရွှေကျီးကန်း၏ ဝိညာဉ်များ ရှိနေသည်။ ထိုဝိညာဉ်များကို ပေးအပ်နိုင်သည်။
သို့သော် နတ်ဘုရားသားရဲများအတွက် ထိုအလဲအလှယ်မျိုးသည် ဂုဏ်သိက္ခာမဲ့စေသည်။
ကောင်းကင်တစ်သောင်းတိုင်းပြည်၏ လုပ်ရပ်များကို ရွှေကျီးကန်းက စောင့်ကြည့်နေရန် သဘောတူထားခြင်း ဖြစ်နိုင်သည်။
ကောင်းကင်တစ်သောင်းတိုင်းပြည်က ရွှေကျီးကန်းမျိုးနွယ်ကို ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်လာခဲ့သည်။
သို့သော် အဆုံးတွင် ဟန်မူယဲ့ပေါ်လာပြီး ထိုမျှချေကို ဖျက်ဆီးခဲ့သည်။
မဟာနေမင်းရွှေကျီးကန်းက ဟန်မူယဲ့ကို ရွေးချယ်လိုက်သောကြောင့် လျှို့ဝှက်နယ်မြေတွင် ပေါ်လာပြီး အစစ်အမှန်ဝိညာဉ်အရိုးများကို ယူသွားစေခဲ့သည်။
သူက ကောင်းကင်တစ်သောင်းတိုင်းပြည်၏ ဧကရာဇ်နှင့် အံ့ဖွယ်ဝိညာဉ်တိုင်းပြည်၏ ဧကရာဇ်ကို လက်လျော့လိုက်သည်။
ထို့အပြင် အံ့ဖွယ်ဝိညာဉ်ဧကရာဇ်က နတ်ဘုရားသားရဲသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည်။
သူက မဟာတောရိုင်းကမ္ဘာ၏ အပြင်ဘက်မှ ရောက်လာသော်လည်း နတ်ဘုရားသားရဲ သို့မဟုတ် ရှေးခေတ်သားရဲ၏ နောက်ခံကို ပိုင်ဆိုင်ထားသည်။
ဟန်မူယဲ့က ဖီးနစ်ဆယ့်လေးကို ကြည့်လိုက်သည်။
“မင်းပြောတာ မှန်တယ်။ ဒီခရီးမှာ မူလကမ္ဘာရဲ့ မိတ်ဆွေဟောင်းတွေနဲ့ မင်းကို မိတ်ဆက်ပေးမယ်”
“သူတို့က မင်းကို လက်ခံဖို့ လိုအပ်တယ်”
ဖီးနစ်ဆယ့်လေးက ပြုံးသည်။
“နတ်ဘုရားသားရဲအများစုက မင်းကို လက်ခံရင် အောင်မြင်ပြီ။ မင်းက အကျိုးအမြတ်တွေကိုလည်း ရမယ်လို့ ငါထင်တယ်”
နတ်ဘုရားသားရဲများသည် မူလကမ္ဘာကတည်းက ရှင်သန်ခဲ့သော ကျွမ်းကျင်သူများ ဖြစ်ကြသည်။
သူတို့က ရတနာများကို စုဆောင်းထားသည်။
ဟန်မူယဲ့ကလည်း ပြုံးလိုက်သည်။
ဤခရီးသည် ရတနာအမဲလိုက်ပွဲ ဖြစ်ပုံရသည်။
“ဘုန်း”
ရှေ့တွင် ပေတစ်ထောင်မြင့်မားသော ကျောက်ဆောင်တစ်ခုက ကုန်လှည်းများပေါ်သို့ ပြိုကျလာသည်။
ကုန်သည်အဖွဲ့က ပျံသန်းနိုင်သော်လည်း အမြင့်တစ်နေရာတွင် မရှိခဲ့ပေ။
“ခုခံမယ်”
ကုန်သည်အဖွဲ့၏ ရှေ့ဆုံးတွင်ရှိနေသော ဖုန်းချီက အော်ဟစ်လိုက်သည်။
“ဘုန်း”
မီးတောက်များ ပေါ်ထွက်လာပြီး ကျောက်တုံးအပိုင်းအစများကို လွှမ်းခြုံလိုက်သည်။
မီးတောက်များက အလွန်ပူပြင်းသောကြောင့် ကျောက်တုံးအပိုင်းအစများကို အရည်ပျော်သွားစေသည်။
တောင်စောင်း၏နောက်ကွယ်တွင် အနက်ရောင်ဝတ်စုံနှင့် မျက်နှာကို ဖုံးကွယ်ထားသော လူတစ်စုက ထိတ်လန့်သွားသည်။
ကျောက်တုံးများက လျင်မြန်စွာ အရည်ပျော်သွားသောကြောင့် သူတို့က ရှောင်တိမ်းရန် အချိန်မရှိခဲ့ပေ။ မီးတောက်နှင့် ချော်ရည်များက သူတို့ဆီသို့ ကျဆင်းလာသည်။
“မြန်မြန်ရှောင်ကြ”
“ရှောင်လို့မရတော့ဘူး။ တိုက်”
လူတချို့က ထိတ်လန့်စွာ အော်ဟစ်လိုက်ကြသည်။
ဖုန်းချီ၏အကြည့်က အေးစက်နေပြီး မီးတောက်နှင့် ချော်ရည်များကို နဂါးတစ်ကောင်အဖြစ် စုစည်းသည်။
“ဂါး ....”
မီးနဂါးက ထွက်ပြေးသွားသောလူများကို ဝါးမြိုလိုက်သည်။
သူက မည်သည့်အရာကိုမှ မမေးခဲ့ပေ။ အသက်ရှင်ကျန်ရစ်သူလည်း မရှိပေ။
မီးနဂါးက ဆယ်မိုင်ပတ်ဝန်းကျင်ကို လောင်ကျွမ်းသွားစေခဲ့သည်။
“သွားကြမယ်”
ဖုန်းချီက နှာမှုတ်လိုက်ပြီး ဖီးနစ်ခေါင်းနှင့် မြင်းပျံပေါ်တွင် ထိုင်သည်။ သူက လက်ထဲတွင်ရှိသော ကျိုင်းတုတ်ကို သိမ်းလိုက်ပြီး ရှေ့ဆက်သွားသည်။
ကုန်လှည်းများက ခဏသာ ရပ်တန့်ခဲ့သည်။
နာရီဝက်အကြာတွင် ပုံရိပ်များ စုစည်းလာသည်။
“တစ်ခါတည်း သတ်ပစ်လိုက်တာပဲ။ ဖီးနစ်ကလန်ရဲ့ လူငယ်က ရက်စက်လွန်းတယ်”
နဖူးတွင် ခြင်္သေ့အမှတ်အသားရှိနေသော လူအိုကြီးက တီးတိုးပြောသည်။
ရွှေခြင်္သေ့မျိုးနွယ်စုမှ ဖြစ်သည်။ သို့သော် ကလန်ခွဲကိုတော့ အတိအကျ မပြောနိုင်ပေ။
တခြားလူများ၏ မျက်လုံးများကလည်း တောက်ပနေကြသည်။
“သူက ရတနာတွေကို မကာကွယ်နိုင်ပါဘူး”
အနက်ရောင်ချပ်ဝတ်နှင့် အရပ်ရှည်သောလူက ပြောသည်။
“ထပ်ပြီး စမ်းသပ်ကြည့်တာပေါ့”
“အစစ်အမှန်ဝိညာဉ်အဆင့်တွေ မလှုပ်ရှားရင် ငါတို့ ကောင်းကင်ကြိုးကြာမျိုးနွယ်က အဲဒီရတနာတွေကို ယူမယ်”
လူသန်ကြီးတစ်ယောက်က ထိုသို့ပြောလိုက်ပြီး တောင်ပံဖြန့်၍ ပျောက်ကွယ်သွားသည်။
“ဟမ့်၊ ရတနာတွေကို ဘယ်သူရမှာလဲ မပြောနိုင်သေးပါဘူး”
“ကိုယ်ပိုင်စွမ်းရည်အပေါ်မှာပဲ မူတည်တယ်”
တခြားလူများက အဆီအနှစ်ဝိညာဉ်အလင်းကို ထုတ်လွှတ်လိုက်ပြီး ထွက်သွားကြသည်။
ဟန်မူယဲ့နှင့် ဖီးနစ်ဆယ့်လေးက လှည်းထဲတွင် ရှိနေသည်။
“ဖုန်းချီအတွက် လေ့ကျင့်ခန်းလို့ပဲ သဘောထားလိုက်တာပေါ့”
ဖီးနစ်ဆယ့်လေးက ခေါင်းခါလိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ဟန်မူယဲ့ကို ကြည့်သည်။
“မဟာတောရိုင်းကမ္ဘာရဲ့ အပြင်ဘက်က ဘယ်လိုမျိုးလဲ”
ဟန်မူယဲ့က ကုန်လှည်းနှင့် မဟာတောရိုင်းကမ္ဘာ၏ အတွင်းပိုင်းသို့ ဝင်ရောက်သွားသည်။ ရွှေကျီးကန်းမျိုးနွယ်နှင့် ကောင်းကင်တစ်သောင်းတိုင်းပြည်၏ စစ်ပွဲက ရပ်တန့်မသွားခဲ့ပေ။
ရွှေကျီးကန်းမျိုးနွယ်တွင် အစစ်အမှန်ဝိညာဉ်အဆင့်များ တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာသောကြောင့် ကောင်းကင်တစ်သောင်းတိုင်းပြည်က ရွေးချယ်စရာမရှိဘဲ စစ်တပ်ကို နယ်စပ်တွင် စုစည်းထားရသည်။
ရွှေကျီးကန်းမျိုးနွယ်က လျင်မြန်စွာ ရှေ့တက်လာသည်။ သူတို့က ရွှေကျီးကန်းခုံရုံးအဟောင်းသို့ ပြန်ရောက်တော့မည်ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်းငါးရာတွင် ရွှေကျီးကန်းမျိုးနွယ်စု၏ ကလန်ကြီးသုံးခုသည် ပိုမိုသန်မာလာသည်။
သူတို့က လုံလောက်သော အစစ်အမှန်ဝိညာဉ်အရိုးများကို ပိုင်ဆိုင်ထားသောကြောင့် ကလန်အသီးသီး၏ လက်ရွေးစင်များသည် ရှေ့တန်းသို့ ရောက်လာကြသည်။
စစ်မြေပြင်သည် လေ့ကျင့်ရန် အကောင်းဆုံးနေရာတစ်ခု ဖြစ်သည်။
ဟန်တောင်တန်းကလန်မှ ခေါင်းဆောင်ဟန်၏ လုပ်ကြံခံရသောသတင်း ပျံ့နှံ့လာသည်။ ခေါင်းဆောင်ဟန်က ဒဏ်ရာပြင်းထန်သောကြောင့် တံခါးပိတ်ကျင့်ကြံနေရသည်။
တခြားလူများက မည်သို့ပင်ထင်နေပါစေ ရှန်းယွဲ့တို့က ဟန်မူယဲ့၏ အခြေအနေကို သိထားလျှင် လုံလောက်သည်။
ထိုသတင်းနှင့်အတူ ဟန်တောင်တန်းကလန်၏ ချပ်ဝတ်တစ်သန်း ရောက်လာသည်။
မဟာတောရိုင်းရွှေကျီးကန်းချပ်ဝတ် ဖြစ်သည်။
အကောင်းဆုံးအမျိုးအစား မဟုတ်သော်လည်း ရွှေကျီးကန်းမျိုးနွယ်ဝင်များ၏ တိုက်ခိုက်နိုင်စွမ်းကို လှုံ့ဆော်ပေးနိုင်သည်။
ထိုချပ်ဝတ်သည် အဆီအနှစ်ဝိညာဉ် သတ္တမအဆင့်နှင့် အဌမအဆင့်တွင်ရှိသော ရွှေကျီးကန်းမျိုးနွယ်ဝင်များ၏ တိုက်ခိုက်နိုင်စွမ်းကို နှစ်ဆတိုးပေးနိုင်သည်။
ထို့အပြင် ထိုချပ်ဝတ်များက ဝင်္ကပါကို အလိုလျောက် ဖွဲ့စည်းနိုင်သည်။
ဟန်တောင်တန်းကလန်က လွန်ခဲ့သော နှစ်ပေါင်းငါးရာတွင် ဝင်္ကပါများကို အဓိကထား၍ လေ့လာခဲ့သည်။
မဟာတောရိုင်းကမ္ဘာ၏ မျိုးနွယ်စုများသည် စစ်ပွဲဝင်္ကပါကို ကျွမ်းကျင်စွာ အသုံးမပြုနိုင်ပေ။
သို့သော် စစ်ပွဲဝင်္ကပါသည် သာမန်စစ်သည်များ၏ တိုက်ခိုက်နိုင်စွမ်းကို အဆပေါင်းမရေမတွက်နိုင်အောင် တိုးမြှင့်ပေးသည်။
အဆီအနှစ်ဝိညာဉ် ဆဌမအဆင့် စစ်သည်တစ်ရာသည် ဝင်္ကပါဖွဲ့စည်းပြီး အဆီအနှစ်ဝိညာဉ် အဌမအဆင့်နှင့် နဝမအဆင့် ကျွမ်းကျင်သူကို သတ်ဖြတ်နိုင်သည်။
လူသားမျိုးနွယ်က ထိုနည်းလမ်းဖြင့် မဟာတောရိုင်းကမ္ဘာ၏ မျိုးနွယ်စုများကို လွှမ်းမိုးထားခဲ့သည်။
အကယ်၍ ရွှေကျီးကန်းချပ်ဝတ်က အမှန်တကယ် အလုပ်ဖြစ်လျှင် မဟာတောရိုင်းကမ္ဘာ၏ စွမ်းအားတည်ဆောက်ပုံတစ်ခုလုံးကို ပြောင်းလဲပစ်လိမ့်မည်။
လူသားမျိုးနွယ်သည် သန်မာသည်ဟု ထင်ရသော်လည်း မျိုးနွယ်စုများ၏ မညီညွတ်မှုကို အခွင့်ကောင်းယူထားခြင်းသာ ဖြစ်သည်။
ရွှေကျီးကန်းမျိုးနွယ်၏ ရှေ့တန်းတွင် ချပ်ဝတ်တစ်သန်းကို ခွဲဝေပြီး စစ်ပွဲဝင်္ကပါများကို တည်ဆောက်ထားသည်။
စစ်ပွဲဝင်္ကပါများ၏နောက်တွင် မျိုးနွယ်စုအသီးသီး၏ လူများက စောင့်ကြည့်နေကြသည်။
ဤတစ်ကြိမ်တွင် ရွှေကျီးကန်းခုံရုံးအဟောင်းသည် ချပ်ဝတ်များ၏ ပြပွဲနေရာ ဖြစ်လာသည်။
ကလန်ကြီးသုံးခု၏ အကြီးအကဲများနှင့် သောင်းချီသော အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူများ ရှိနေကြသည်။
လူသားမျိုးနွယ်သည် စစ်သည်သန်းသုံးဆယ်ကို စေလွှတ်ခဲ့သည်။
မဟာတောရိုင်းကမ္ဘာကို ပြောင်းလဲပစ်နိုင်သော စစ်ပွဲသည် စတင်တော့မည်။
ထိုအချိန်တွင် ဟန်မူယဲ့က မဟာတောရိုင်းကမ္ဘာ၏ အတွင်းပိုင်းသို့ ရောက်နေသည်။
လမ်းတစ်လျှောက်တွင် သူတို့က ဒါဇင်ချီသော တိုက်ခိုက်မှုများနှင့် ကြုံခဲ့ရသည်။
အန္တရာယ်အများဆုံးတိုက်ပွဲတွင် ဖုန်းချီက ဒါဇင်ချီသော အဆီအနှစ်ဝိညာဉ် အဌမအဆင့်၊ နဝမအဆင့်များနှင့် ရင်ဆိုင်ခဲ့ရသည်။
ထိုတိုက်ပွဲတွင် ဖုန်းချီက အဆင့်တက်ပြီး အစစ်အမှန်ဝိညာဉ်အဆင့်သို့ ရောက်သွားသည်။
ယခုအချိန်တွင် ကုန်သည်အဖွဲ့က စက်ဝိုင်းပုံဖွဲ့စည်းပြီး ပတ်ဝန်းကျင်ကို တားဆီးထားသည်။
အဘယ်ကြောင့်ဆိုသော် ထောင်ချီနေသော ဦးချိုနက်နွားသိုးများက လမ်းပိတ်ထားသောကြောင့် ဖြစ်သည်။
ဖုန်းချီက ကျိုင်းတုတ်ကိုမြှောက်လိုက်ပြီး မီးတောက်များကို ဖော်ထုတ်သည်။ သို့သော် ပေတစ်ရာကြီးမားသော နွားသိုး၏ ဦးခေါင်းဝှေ့ချက်ကြောင့် မီးတောက်များက ပျောက်ကွယ်သွားသည်။
ထိုတိုက်ခိုက်မှုသည် အစစ်အမှန်ဝိညာဉ်အဆင့်သို့ ဝင်ရောက်လာပြီး သူ၏ အသန်မာဆုံးတိုက်ခိုက်မှု ဖြစ်သည်။
သို့သော် နွားသိုး၏ တိုက်ခိုက်မှုကို မတားဆီးနိုင်ခဲ့ပေ။
ယခင်တိုက်ပွဲများနှင့် ယှဉ်လိုက်လျှင် ဤနွားသိုးက အလွန်အားကောင်းနေသည်။
“ငါလုပ်လိုက်မယ်”
ထိုအချိန်တွင် ဖုန်းချီက ဟန်မူယဲ့၏အသံကို ကြားရသည်။
အနက်ရောင်ချပ်ဝတ်နှင့် ဟန်မူယဲ့က ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်လာသည်။
“ဟန်မူယဲ့က မူလကမ္ဘာရဲ့ အကြီးအကဲတိမ်နွားသိုးကို လာတွေ့ပါတယ်”
ဟန်မူယဲ့က အနည်းငယ် ဦးညွတ်လိုက်ပြီး ကောင်းကင်ကို ကြည့်သည်။
လေထုထဲတွင် နွားအော်သံကို ကြားရသည်။
အောက်တွင် ထောင်ချီနေသော နွားသိုးများက ဟိန်းဟောက်လိုက်ပြီး အရှိန်အဟုန်ဖြင့် ဟန်မူယဲ့ဆီသို့ ပြေးဝင်လာကြသည်။
‘ဒါက ကြိုဆိုတာလား’
စမ်းသပ်မှုတစ်ခု ဖြစ်သည်။
ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးသည်။
ခြေတစ်လှမ်းသာ ဖြစ်သည်။
အလွန်ပြင်းထန်သော ဖိအားသည် ထိုခြေလှမ်းနှင့်အတူ အကြင်နာကင်းမဲ့စွာ ကျဆင်းလာသည်။
ထိုခြေလှမ်းကြောင့် ကမ္ဘာတစ်ခုလုံး တုန်ခါသွားသည်။
ဟန်မူယဲ့က ရုပ်ခန္ဓာချင်း ယှဉ်ပြိုင်ရာတွင် မည်သူ့ကိုမှ မကြောက်ပေ။
လွန်ခဲ့သောနှစ်များတွင် သူ၏ ရုပ်ခန္ဓာလေ့ကျင့်မှုနှင့် ခွန်အားစုဆောင်းမှုသည် နတ်ဘုရားသားရဲများနှင့် ယှဉ်နိုင်လိမ့်မည်။
အမှန်အတိုင်းပြောရလျှင် မူလကမ္ဘာ၏ နတ်ဘုရားသားရဲတချို့ကသာ သူ့ထက် ပိုမိုသန်မာလိမ့်မည်။
သူက အပျက်အစီးနယ်မြေမှ ထွက်လာပြီး သွေးစက်ကျချောက်ကမ်းပါးသို့ ပြန်သွား၍ နဂါးမိကျောင်း၏ခန္ဓာကိုယ်ကို သန့်စင်လိုက်လျှင် ရုပ်ခန္ဓာကြံ့ခိုင်မှုတွင် သူနှင့်ယှဉ်နိုင်သောလူများ သိပ်မရှိတော့ပေ။
မူလကမ္ဘာ၏ သားရဲများက သူနှင့် တန်းတူသာ ဖြစ်နေလိမ့်မည်။
ဟန်မူယဲ့က ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ကျယ်လောင်စွာအော်ဟစ်၍ လက်သီးဆုပ်သည်။
ကောင်းကင်ဖျက်ဆီးလက်သီး ....
ကောင်းကင်ဖျက်ဆီးလက်သီးတွင် လှုပ်ရှားမှု ၁၀၈ခု ရှိနေပြီဖြစ်သည်။ လက်သီးချက်တိုင်းသည် ကမ္ဘာလောကကို တုန်ခါသွားစေနိုင်သည်။
လက်သီးပုံရိပ် ပေါ်ထွက်လာပြီး သူ့ဆီသို့ ပြေးဝင်လာသော အနက်ရောင်နွားသိုးကို ထိုးနှက်လိုက်သည်။
ဖုန်းချီ၏ တိုက်ခိုက်မှုကို ခုခံနိုင်သော ထိုနွားသိုးသည် တစ်ကိုယ်လုံး တုန်ခါသွားပြီး နောက်ဆုတ်ပေးလိုက်ရသည်။
ဟန်မူယဲ့က ရယ်လိုက်ပြီး ပျံသန်း၍ နွားသိုး၏ဦးခေါင်းကို တက်နင်းသည်။
နွားသိုးက မြေပြင်တွင် ဒူးထောက်ကျသွားသည်။
ဟန်မူယဲ့က တစ်ဖက်သို့လှည့်ပြီး လေထုထဲတွင် လွင့်မျောနေသည်။ ထို့နောက် မြေပြင်ကို လက်သီးဖြင့် ထိုးချလိုက်သည်။
“ဘုန်း”
ဆယ်မိုင်မြေပြင်က နိမ့်ဆင်းသွားသည်။
အနက်ရောင်နွားသိုးများအားလုံးက မြေတွင်းထဲသို့ ပြုတ်ကျသွားကြသည်။ ဟန်မူယဲ့က ကောင်းကင်ထက်တွင်ရှိသော တိမ်တိုက်များကို ကြည့်သည်။
“အကြီးအကဲတိမ်နွားသိုး၊ သင်ပြပေးပါအုံး”
သူက စကားပြောလိုက်ပြီး ရွှေအလင်းစက်ကွင်းများကို ထုတ်လွှတ်၍ ပေသုံးဆယ်ကြီးမားသော ရွှေကျီးကန်းအဖြစ် အသွင်ပြောင်းသည်။
ရွှေကျီးကန်းက တောင်ပံဖြန့်ပြီး ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်။
“မူး ....”
ကောင်းကင်တွင်ရှိသော တိမ်တိုက်များသည် ပေသုံးထောင်ကြီးမားသော နွားသိုးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ နွားသိုးက ရွှေကျီးကန်း၏ဦးခေါင်းကို ခွာဖြင့် တက်နင်းရန် ကြိုးစားသည်။
ရွှေကျီးကန်းက အသံပေးလိုက်ပြီး တောင်ပံခတ်သည်။ ထို့နောက် ရွှေရောင်လျှပ်စီးကြောင်းကို ပစ်လွှတ်သည်။
‘လျှပ်စီးကြောင်းလား’
ဧရာမနွားသိုးကြီးက ကြောင်အသွားသည်။ ခြေထောက်ကို ပြန်မဆုတ်နိုင်ခင် လျှပ်စီးကြောင်းနှင့် ထိတွေ့သွားသည်။
“ဘန်း”
တိမ်တိုက်များက ပြိုကွဲသွားသည်။ အနက်ရောင်ဦးချိုနှင့် လူအိုကြီးတစ်ယောက်က သနားစရာကောင်းသောပုံစံဖြင့် ပေါ်လာသည်။