← Chapters

အခန်း (၁၁၅၀)

Vol. 83 Ch. 1150

အခန်း (၁၁၅၀)

Vol. 83 Ch. 1150

လူအိုကြီး၏ မျက်နှာသည် လျှပ်စီးကြောင့် မည်းနက်နေသည်။

“မင်းက ခွေနွားသိုးရဲ့ မိုးကြိုးစွမ်းရည်ကို ဘာဖြစ်လို့ ပိုင်ဆိုင်ထားတာလဲ”

လူအိုကြီးက ဟန်မူယဲ့ကို စိုက်ကြည့်နေသည်။

ရွှေကျီးကန်းက ပျောက်ကွယ်သွားပြီး ဟန်မူယဲ့က ပြန်ပေါ်လာသည်။ သူက လေထုထဲတွင် ရပ်နေပြီး လူအိုကြီးကို ဦးညွတ်လိုက်သည်။

လူအိုကြီးက နှာမှုတ်လိုက်ပြီး လှည်းကို ကြည့်သည်။

“ဖီးနစ်ဆယ့်လေး၊ ဒါက ဉာဏ်အလင်းသားရဲ ရှာတွေ့ထားတဲ့လူလား”

“အကြီးအကဲကိုလေးစားပြီး ငယ်ရွယ်တဲ့လူတွေကို သနားရမယ်ဆိုတာ နားမလည်ဘူးလား”

“သူတို့တွေကို ကြည်ပါအုံး။ အရမ်းကြောက်နေပြီ”

ဟန်မူယဲ့က ခေါင်းငုံ့ကြည့်လိုက်ပြီး အနက်ရောင်နွားသိုးများ၏ နာခံမှုရှိသောပုံစံကို မြင်လိုက်ရသောအခါတွင် မနေနိုင်တော့ဘဲ ပြုံးမိသည်။

မဟာတောရိုင်းကမ္ဘာသည် ခွန်အားကို လေးစားသည်။

သူ၏ လက်သီးချက်သည် ထိုနွားသိုးများကို ထိတ်လန့်သွားစေခဲ့သည်။

“အကြီးအကဲတိမ်နွားသိုးက ဆက်ပုန်းမနေတော့ဘူးလား”

ဖီးနစ်ဆယ့်လေးက ပြောလိုက်သည်။

သူက လူအိုကြီး၏ပုံစံကြောင့် ကျေနပ်နေပုံရသည်။

တိမ်နွားသိုး၏မျက်နှာက နီရဲသွားသော်လည်း ပြန်မပြောခဲ့ပေ။ အဆုံးတွင် သူက အေးစက်စွာ နှာမှုတ်လိုက်ပြီး အောက်ဆင်းလာခဲ့သည်။

ဟန်မူယဲ့ကလည်း နောက်မှ လိုက်လာသည်။

နတ်ဘုရားသားရဲများကြားတွင် ကွာခြားချက်ရှိသည်။

ဥပမာအနေဖြင့် သူ့ရှေ့တွင်ရှိသော တိမ်နွားသိုးသည် ရှေးခေတ်တွင် နတ်ဘုရားသားရဲအဖြစ် သတ်မှတ်ခံရသော်လည်း ခွန်အားသိပ်မကောင်းပေ။

ဖီးနစ်၊ ချီလင်တို့နှင့် ယှဉ်လိုက်လျှင် နတ်ဘုရားသားရဲတချို့သည် ဂုဏ်သတင်းနှင့် မထိုက်တန်ပေ။

သို့သော် နတ်ဘုရားသားရဲဟူသော နာမည်သည် ခွန်အားအပေါ်တွင်သာ မူတည်နေခြင်းမဟုတ်ပေ။ သူတို့၏ ထူးခြားသော သွေးမျိုးဆက်စွမ်းအားနှင့် အမွေဆက်ခံထားသော နတ်ဘုရားစွမ်းရည်များအပေါ်တွင် မှီခိုနေသည်။

ဥပမာအနေဖြင့် တိမ်နွားသိုးသည် တိမ်တိုက်များအဖြစ် ပြောင်းလဲပြီး မိုင်ထောင်ချီအကွာအဝေးကို ချက်ချင်းသွားလာနိုင်သည်။ ကောင်းကင်တွင်လည်း ပုန်းအောင်းနေနိုင်သည်။ ရန်သူက သန်မာလျှင်ပင် ရှာတွေ့မည်မဟုတ်ပေ။

“တိမ်တိုက်နွားသိုးမျိုးနွယ်က ကောင်းကင်ချပ်ဝတ်နွားသိုးရဲ့ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတယ်။ ဒါပေမဲ့ အခု သွေးမျိုးဆက်စွမ်းအားက ဖိနှိပ်ခံထားရတယ်။ ငါတို့မျိုးနွယ်စုက မဟာတောရိုင်းကမ္ဘာရဲ့ အတွင်းပိုင်းမှာ ပုန်းနေဖို့ပဲ တတ်နိုင်တယ်”

တောင်ထိပ်တွင် တိမ်နွားသိုးအကြီးအကဲက ပြန့်ကျဲနေသော အနက်ရောင်နွားများကို ကြည့်လိုက်ပြီး ညင်သာစွာ ပြောသည်။

သူက နွားကျောင်းသမား မဖြစ်ချင်ပေ။ သို့သော် မျိုးနွယ်စုက သွေးမျိုးဆက်ကို မနိုးထနိုင်သောကြောင့် အလွန်အားနည်းနေသည်။ သူက ထွက်မသွားဘဲ သူတို့ကို စောင့်ရှောက်နေရုံသာ တတ်နိုင်ခဲ့သည်။

ထိုသို့မဟုတ်လျှင် သူ၏ မျိုးနွယ်က တခြားသားရဲများ၏အစာ ဖြစ်သွားလိမ့်မည်။

“သွေးမျိုးဆက်စွမ်းအားကို မနိုးထနိုင်ဘူးလား”

ဟန်မူယဲ့က ဖီးနစ်ဆယ့်လေးကို ကြည့်လိုက်သည်။

ဖီးနစ်ဆယ့်လေးက ခေါင်းညိတ်လိုက်ပြီး ညင်သာစွာပြောသည်။

“အဲဒါက မဟာတောရိုင်းကမ္ဘာရဲ့ မျိုးနွယ်စုတွေအားလုံး ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး ပြဿနာပဲ”

“မဟုတ်ရင် ငါတို့က ခွန်းဝူကိုသွားဖို့ တွေးမှာမဟုတ်ဘူး”

မဟာတောရိုင်းကမ္ဘာ၏ ကောင်းကင်နှင့်မြေကြီးစွမ်းအားသည် လုံလောက်အောင် မသန်မာဘဲ အားနည်းနေသည်။

ထို့ကြောင့် မျိုးနွယ်စုများအတွက် သွေးမျိုးဆက်နိုးထရန် ခက်ခဲနေသည်။

“မင်းတို့ ရွှေကျီးကန်းမျိုးနွယ်စုကလည်း အချိန်အတော်ကြာတဲ့အထိ သွေးမျိုးဆက် မနိုးထနိုင်ခဲ့ဘူး”

“အတွင်းပိုင်းမှာ ဒီကိစ္စကြောင့် ပြဿနာတက်နေတဲ့ ရွှေကျီးကန်းတစ်ကောင် ရှိတယ်”

တိမ်နွားသိုးက ခေါင်းခါလိုက်ပြီး ပြုံးသည်။

ရွှေကျီးကန်းမျိုးနွယ်၏ သွေးမျိုးဆက်စွမ်းအားသည် နှစ်ထောင်ချီကြာသည်အထိ အလိုလျောက် နိုးထမလာခဲ့ပေ။

မဟာတောရိုင်းကမ္ဘာ၏ မျိုးနွယ်စုများကြားတွင် သွေးမျိုးဆက်အမွေအနှစ်ကို လက်ဆင့်ကမ်းပေးရန် အလွန်ခက်ခဲလာသည်။

ကံကောင်းစွာဖြင့် မျိုးနွယ်စုတိုင်းသည် ကျင့်ကြံခြင်းနည်းစနစ်အသစ်ကို ပိုင်ဆိုင်ထားပြီး အမွေအနှစ်စွမ်းအားကို အစစ်အမှန်အရိုးမှတစ်ဆင့် လွှဲပြောင်းပေးနိုင်သည်။

သို့သော် လူငယ်မျိုးဆက်များသည်လည်း ခွန်အားနည်းပါးလာပြီး လူအနည်းငယ်ကသာ အစစ်အမှန်ဝိညာဉ်အရိုး၏ အမွေအနှစ်ကို လက်ခံနိုင်သည်။

ကျွမ်းကျင်သူများ၏ ခန့်မှန်းချက်အရ နှစ်ပေါင်းသန်းခုနစ်ဆယ်၊ ရှစ်ဆယ်ခန့် အကြာတွင် မျိုးနွယ်စုအများအပြား၏ အမွေအနှစ်က ပျောက်ကွယ်သွားလိမ့်မည်။

“အမွေအနှစ်နည်းစနစ် အသစ်ကို အသုံးပြုဖို့ စဉ်းစားဖူးလား”

ဟန်မူယဲ့က ဖီးနစ်ဆယ့်လေးနှင့် တိမ်နွားသိုးကို ကြည့်လိုက်သည်။

“ဘယ်လိုမျိုးလဲ။ အစစ်အမှန်ဝိညာဉ်အရိုးလား”

ရှေးခေတ်တွင် နတ်ဘုရားအင်းကွက်များကို လက်ဆင့်ကမ်းပေးကြသည်။ သူတို့က အစစ်အမှန်ဝိညာဉ်အရိုးများကဲ့သို့ မှတ်သားရန်မလွယ်ပေ။

ဟန်မူယဲ့က ရွှေကျီးကန်းလျှို့ဝှက်နယ်မြေတွင် အစစ်အမှန်ဝိညာဉ်အရိုးနှင့် အင်းကွက်များကို မြင်ခဲ့သောကြောင့် နှစ်ခုလုံး၏ ကောင်းကျိုးဆိုးကျိုးကို နားလည်သည်။

အစစ်အမှန်အင်းကွက်များကို အမွေဆက်ခံရန်အတွက် နားလည်နိုင်စွမ်းနှင့် ခွန်အားကောင်းရန် လိုအပ်သည်။

အစစ်အမှန်ဝိညာဉ်အရိုးများ၏ အမွေအနှစ်က ပိုမိုရိုးရှင်းသည်။

ထိုနှစ်ခုထက် ပိုမိုရိုးရှင်းသောအရာသည် လူသားမျိုးနွယ်၏ ကျင့်ကြံခြင်းနည်းစနစ်များ ဖြစ်သည်။

လူသားမျိုးနွယ်က တစ်ဦးချင်းဆိုလျှင် အလွန်မသန်မာသော်လည်း အမျိုးမျိုးသော ကျင့်ကြံခြင်းအမွေအနှစ်များကို လက်ဆင့်ကမ်းပေးနိုင်သည်။

မဟာတောရိုင်းကမ္ဘာ၏ မျိုးနွယ်များကတော့ အမွေအနှစ် ပြတ်တောက်တော့မည့် ပြဿနာနှင့် ကြုံနေရသည်။

“ငါတို့က အမွေဆက်ခံတဲ့နည်းလမ်းကို ပြုပြင်ဖို့ စဉ်းစားဖူးတယ်”

ဖီးနစ်ဆယ့်လေးက သက်ပြင်းချလိုက်ပြီး ပြောသည်။

“ဒါပေမဲ့ သွေးမျိုးဆက်စွမ်းအားက အမွေအနှစ်နဲ့ ပေါင်းစပ်နေတဲ့အတွက် ငါတို့က မပြောင်းရဲဘူး”

သူတို့က မပြောင်းရဲပေ။

အကယ်၍ ပြောင်းလဲလိုက်လျှင် ပိုမိုများပြားသော မျိုးနွယ်စုများ ပျောက်ကွယ်သွားလိမ့်မည်။

နတ်ဘုရားသားရဲများ၏ အမွေအနှစ်တွင် စည်းမျဉ်းများ ပါဝင်နေသည်။

စည်းမျဉ်း ....

ဟန်မူယဲ့၏ မျက်လုံးများက တောက်ပသွားသည်။

နောက်ပိုင်းမျိုးဆက်တွင် ဖီးနစ်ငှက်များက ပြန်လည်မွေးဖွားခြင်းပုတီးစေ့ကို အသုံးပြုသည်။

မျိုးနွယ်စု၏ အသန်မာဆုံးစွမ်းရည်ကို အသုံးပြုပြီး စည်းမျဉ်းစွမ်းအားကို စုစည်းခဲ့သည်။

ကျန်အရာများကို စွန့်ပစ်နိုင်သည်။

ထိုသို့ဖြင့် မျိုးနွယ်စုများ ပျောက်ကွယ်သွားသော်လည်း အားကောင်းသော မျိုးနွယ်စုများက အမွေအနှစ်ကို လက်ဆင့်ကမ်းပေးနိုင်ခဲ့သည်။

ထိုသို့ဆိုလျှင် တခြားအရာများကို ပယ်ဖျက်ပြီး မျိုးနွယ်စုအတွက် တစ်ခုတည်းသော အမွေအနှစ်ကို မည်သို့ လက်ဆင့်ကမ်းပေးနိုင်မည်နည်း။

ဟန်မူယဲ့က ကောင်းကင်ထက်တွင်ရှိသော နေမင်းကို မော့ကြည့်သည်။ သူက တစ်ကိုယ်လုံး တုန်ခါသွားသည်။

“အမွေအနှစ်ကို ဆက်လက်ရှင်သန်စေဖို့ နည်းလမ်းရှိတယ်ဆိုရင်ရော”

ဟန်မူယဲ့က လက်သီးဆုပ်ထားသည်။ သူ၏ ပခုံးနှစ်ဖက်က အလိုလျောက် တုန်ခါနေသည်။

သူက ကိုယ်ပိုင်အတွေးကြောင့် ထိတ်လန့်သွားသည်။

သူက ထိုအကြောင်းကို မတွေးရဲပေ။

ဖီးနစ်ဆယ့်လေးနှင့် တိမ်နွားသိုးအကြီးအကဲက သူ့ကို ကြည့်လိုက်သည်။

“မင်းမှာ နည်းလမ်းရှိလား”

တိမ်နွားသိုးအကြီးအကဲ ယင်နျိုက ပြောလိုက်သည်။

“မင်းမှာ နည်းလမ်းရှိတယ်ဆိုရင် မဟာတောရိုင်းကမ္ဘာရဲ့ နတ်ဘုရားသားရဲမျိုးနွယ်တွေက မင်းကို ဒူးထောက်တောင်းပန်ဖို့ တန်းစီနေကြလိမ့်မယ်”

ဖီးနစ်ဆယ့်လေးကလည်း ပြုံးလိုက်သည်။

အကယ်၍ ဖြေရှင်းချက်ရှိလျှင် မျိုးနွယ်စုများက ကျဆင်းသွားသောအခြေအနေကို အကူအညီမဲ့စွာ ထိုင်ကြည့်နေမည်မဟုတ်‌ပေ။

မဟာတောရိုင်းကမ္ဘာတွင် မျိုးနွယ်စုများက ဟန်မူယဲ့ကိုသာ စောင့်နေရသည်။ ထိုမှသာ သူတို့က ခွန်းဝူသို့ ဝင်ရောက်ပြီး သွေးမျိုးဆက်ကို ဆက်လက်တည်ရှိစေလိမ့်မည်။

“ကျွန်တော့်ရဲ့ ဖြေရှင်းချက်က ရိုးရှင်းတယ်”

ဟန်မူယဲ့က သူတို့နှစ်ယောက်ကို ကြည့်လိုက်ပြီး လက်သီးဆုပ်ထားသည်။ ထို့နောက် ကောင်းကင်ကို ကြည့်သည်။

“ခင်ဗျားတို့ရဲ့ သွေးမျိုးဆက်စွမ်းအားကို ကောင်းကင်တာအိုဆီမှာ အပ်နှံလိုက်ပါ”

‘ကောင်းကင်ကို အပ်နှံရမှာလား’

အကြီးအကဲယင်နျိုက လမ်းပျောက်သွားသည်။

ဖီးနစ်ဆယ့်လေးက မျက်မှောင်ကြုတ်ထားသည်။ ထို့နောက် သူ့မျက်နှာထားက ဖြည်းဖြည်းချင်း ပြောင်းလဲလာသည်။

“မင်း၊ မင်းက ရူးနေတာပဲ”

“မင်းက ‌ရွှေကျီးကန်းမျိုးနွယ်ဝင်လေ။ မဟာနေမင်းရွှေကျီးကန်း ကျဆုံးသွားတာကို မြင်ချင်နေတာလား”

“မဟာတောရိုင်းကမ္ဘာရဲ့ ကောင်းကင်တာအိုက သူနဲ့ သက်ဆိုင်တယ်”

ဖီးနစ်ဆယ့်လေးက ဟန်မူယဲ့ကို စိုက်ကြည့်နေသည်။

“မင်းက ကောင်းကင်တစ်သောင်းဧကရာဇ်နဲ့ ပူးပေါင်းထားတာလား။ မင်းကလည်း မဟာနေမင်းရွှေကျီးကန်းကို ဖြုတ်ချချင်နေတာလား”

ကောင်းကင်တစ်‌သောင်းဧကရာဇ်သည် အသန်မာဆုံး ရွှေကျီးကန်းဝိညာဉ်ကို လိုချင်သည်။ ထို့ကြောင့် မဟာနေမင်းရွှေကျီးကန်းကို ပစ်မှတ်ထားသည်။

မဟာတောရိုင်းကမ္ဘာ၏ မျိုးနွယ်စုတိုင်းက ကောင်းကင်တစ်သောင်းဧကရာဇ်၏ ရည်ရွယ်ချက်ကို သိနေကြသည်။

“အကြီးအကဲဆယ့်လေး၊ တကယ်လို့ ဖီးနစ်မျိုးနွယ်ရဲ့ အဓိကအမွေအနှစ်စည်းမျဉ်းကို ကောင်းကင်တာအိုဆီ အပ်နှံလိုက်ပြီး ကောင်းကင်တာအိုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာမယ်ဆိုရင် ဖီးနစ်မျိုးနွယ်စုက ကျဆင်းသွားတော့မှာမဟုတ်ဘူး”

ဟန်မူယဲ့က ဖီးနစ်ဆယ့်လေးကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

သူ့စကားသည် မလွန်ဆန်နိုင်သော ဆွဲဆောင်မှုကို ပိုင်ဆိုင်ထားသည်။

ဖီးနစ်ဆယ့်လေး၏ မျက်နှာထားက ပြောင်းလဲသွားပြီး နေရာတွင် ရပ်နေသည်။

“အမွေအနှစ်စည်းမျဉ်းကို ကောင်းကင်နဲ့ ပေါင်းစပ်ပြီး ကောင်းကင်တာအိုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာရမှာလား”

အကြီးအကဲယင်နျိုက ဆုံးဖြတ်ထားသော မျက်နှာထားဖြင့် ပတ်ဝန်းကျင်ကို ကြည့်သည်။

“ငါကြိုးစားကြည့်မယ်”

ဖီးနစ်ဆယ့်လေး၏ မျက်နှာထားက ပြောင်းလဲသွားသည်။ သူက တားဆီးတော့မည့်အချိန်တွင် အကြီးအကဲယင်နျိုက ဧရာမနွားသိုးအဖြစ် ပြေင်းလဲပြီး ခေါင်းမော့၍ ဟိန်းဟောက်သည်။

ကောင်းကင်ထက်တွင် ပုံရိပ်ယောင်နွားသိုးတစ်ကောင် ပေါ်လာသည်။

ချက်ချင်းဆိုသလိုပင် ထိုနွားသိုးပုံရိပ်က ဆင်းသက်လာပြီး အကြီးအကဲယင်နျို၏ နွားသိုးနှင့် ပေါင်းစပ်သွားသည်။

တိမ်တိုက်နွားသိုးက အသံပေးသည်။ ရွှေရောင်သွေးစွမ်းအင်သည် ကောင်းကင်အထိ တိုးတက်သွားသည်။

“ဝီ”

ကောင်းကင်က နီရဲလာသည်။

အဆုံးမရှိသော ဖိအားသည် နွားသိုးကို ဖိချေတော့မည့်အတိုင်း ကျဆင်းလာခဲ့သည်။

ဖီးနစ်ဆယ့်လေး၏ မျက်နှာထားက ပြောင်းလဲသွားပြီး ဟန်မူယဲ့ကို လှည့်ကြည့်သည်။

“ဘာဖြစ်နေတာလဲ”

ဟန်မူယဲ့က တုန်ခါနေသော တိမ်တိုက်နွားသိုးကို ကြည့်လိုက်ပြီး ညင်သာစွာ ပြောသည်။

“ကောင်းကင်ကပ်‌ဘေးပဲ”

မူလကမ္ဘာနှင့် မဟာတောရိုင်းကမ္ဘာတွင် ကောင်းကင်ကပ်ဘေး မရှိပေ။

သို့သော် နောက်ပိုင်းမျိုးဆက်များတွင် ကျင့်ကြံဆင့် တိုးတက်လာသောအခါ ကပ်ဘေးနှင့် အမြဲရင်ဆိုင်ရသည်။

“ကောင်းကင်ကပ်ဘေးက ဒီလိုမျိုး ဖြစ်လာတာလား”

ဟန်မူယဲ့၏ မျက်လုံးများက တောက်ပနေပြီး ပျံသန်းသွားသည်။

သူက လက်မြှောက်သည်။ ရွှေရောင်လျှပ်စီးကြောင်းတစ်ခု ဆင်းသက်လာသည်။

တိမ်တိုက်နွားသိုးက မျက်လုံးပြူးသွားပြီး လျှပ်စီးကြောင်းအား ဆင့်ခေါ်လိုက်သော ဟန်မူယဲ့ကို ကြည့်သည်။

“ဟားဟား၊ ငါနားလည်သွားပြီ ....”

တိမ်တိုက်နွားသိုးက ကောင်းကင်ကို မော့ကြည့်ပြီး ကောင်းကင်တွင်ရှိနေသော ရွှေအလင်း၊ လျှပ်စီးကြောင်းများဖြင့် ပေါင်းစပ်သွားသည်။

ထိုရွှေအလင်းသည် သူ၏ အမွေအနှစ်၊ သွေးမျိုးဆက်စွမ်းအား ဖြစ်ပြီး နောက်ဆုံးတွင် စည်းမျဉ်းအဖြစ် စုစည်းသွားသည်။

ရွှေအလင်းက ဟန်မူယဲ့၏ လျှပ်စီးကြောင်းများနှင့် ပေါင်းစပ်လိုက်သောအခါ အဆုံးမရှိသော ပုံရိပ်များကို မြင်ရသည်။

တိမ်တိုက်နွားသိုး၏ ကျင့်ကြံခြင်းမှတ်ဉာဏ်များ ဖြစ်သည်။

‌သွေးမျိုးဆက်အမွေအနှစ် စည်းမျဉ်းများလည်း ပါဝင်နေသည်။

စည်းမျဉ်းက လျှပ်စီးကြောင်းနှင့် ပေါင်းစပ်သွားသောကြောင့် ဟန်မူယဲ့က အရာအားလုံးကို မြင်နေရသည်။

သူက တမင်သက်သက် ပုံရိပ်များကို ကြည့်နေခြင်း မဟုတ်ပေ။ သူက ထိုစည်းမျဉ်းများကို နားလည်ရန် လိုအပ်သည်။

ထိုစည်းမျဉ်းများကို မကျင့်ကြံလျှင်ပင် အပြည့်အဝသုံးသပ်ပြီး မိုးကြိုးကပ်ဘေးတွင် ဖုံးကွယ်ထားရမည်။

ယခုအချိန်တွင် သူ၊ ကောင်းကင်တာအိုနှင့် တိမ်တိုက်နွားသိုးက တိမ်တိုက်နွားသိုးမျိုးနွယ်၏ အမွေအနှစ်အတွက် ကပ်ဘေးကို ဖန်တီးနေသည်။

“ဝီ”

ကောင်းကင်ထက်မှ ပုံရိပ်များ ဆင်းသက်လာသည်။

“ဖီးနစ်ဆယ့်လေး၊ ဘာဖြစ်နေတာလဲ”

“နွားသိုးကြီးမှာ ဘာဖြစ်လို့ ကောင်းကင်တာအိုရဲ့အငွေ့အသက်ကို ခံစားမိနေတာလဲ”

“အဲဒီကလေးက ရွှေကျီးကန်းနဲ့ ဉာဏ်အလင်းသားရဲ ရွေးချယ်ထားတဲ့လူလား။ သူက ဘာလုပ်နေတာလဲ”

ထိုပုံရိပ်များက ပုံစံမတူညီသော်လည်း အလွန်အားကောင်းသည်။

သူတို့က ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို တွန်းထုတ်ပြီး နေရာတွင် ရပ်နေကြသည်။

သူတို့က အလွန်သန်မာသည်။ ကောင်းကင်တာအို၏ ထိန်းချုပ်မှုအောက်တွင် မရှိပေ။

“ငါလည်းမသိဘူး”

ဖီးနစ်ဆယ့်လေးက မှုန်မှိုင်းနေသော မျက်နှာထားဖြင့် ခေါင်းခါသည်။

“ကျွန်တော်သိတယ်”

ဖီးနစ်ဆယ့်လေး၏နောက်တွင် ရှိနေသော ဖုန်းချီက တောက်ပနေသော မျက်လုံးများဖြင့် ပြောလိုက်သည်။

All Chapters