← Chapters

အခန်း (၁၁၅၁)

Vol. 83 Ch. 1151

အခန်း (၁၁၅၁)

Vol. 83 Ch. 1151

ဖုန်းချီက ရွှေမီးတောက်ဖြစ်သည်။ သူက အနာဂတ်မှ ရောက်လာသောကြောင့် ကောင်းကင်ကပ်ဘေးအကြောင်းကို သိနေသည်။

ယခုအချိန်တွင် လျှပ်စီးကြောင်းများအပြင် ကောင်းကင်နှင့်ပေါင်းစပ်သွားသော တိမ်တိုက်နွားသိုး၏ သွေးမျိုးဆက်ကို မြင်လိုက်ရသောကြောင့် သူက အလိုလျောက် နားလည်သွားသည်။

“ဘိုးဘေး၊ အဲဒါက တိမ်တိုက်နွားသိုးရဲ့ သွေးမျိုးဆက်နဲ့ ကောင်းကင်တာအိုကို ပေါင်းစပ်နေတာပဲ။ ကောင်းကင်တာအို ပျောက်ကွယ်မသွားသ၍ သွေးမျိုးဆက်အမွေအနှစ်က ပြတ်တောက်သွားမှာမဟုတ်ဘူး”

ဖုန်းချီက ကျယ်လောင်စွာပြောသည်။

အမှန်အတိုင်းပြောရလျှင် ကောင်းကင်တာအို၏ စွမ်းအားပြောင်းလဲမှုနှင့် အမွေဆက်ခံခြင်းနည်းလမ်း၏ အားနည်းချက်များလည်း ရှိလာလိမ့်မည်။

ဥပမာအနေဖြင့် ကောင်းကင်တာအိုက အလွန်အားနည်းနေပြီး ကပ်ဘေးကို ထုတ်မပေးနိုင်ခြင်း သို့မဟုတ် မျိုးနွယ်စုက ကပ်ဘေးကို ခုခံနိုင်အောင် မသန်မာခြင်း စသည်ဖြင့် ဖြစ်သည်။

သို့သော် ဖုန်းချီနှင့် ဟန်မူယဲ့က ထိုအကြောင်းများကို မစဉ်းစားနိုင်ပေ။

ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို မည်သူမှ မပြောင်းလဲနိုင်ပေ။ မျိုးနွယ်စုကတော့ ကိုယ်ပိုင်ကြိုးစားမှုနှင့်သာ သက်ဆိုင်သည်။

“သွေးမျိုးဆက်ကို ကောင်းကင်တာအိုနဲ့ ပေါင်းစပ်တာလား”

ရွှေရောင်ဦးချိုနှင့် လူအိုကြီးတစ်ယောက်က မျက်မှောင်ကြုတ်သည်။

“အဲဒါဆိုရင် ငါတို့က ကောင်းကင်တာအိုနဲ့ ထိန်းချုပ်မှု‌အောက်ကို ရောက်သွားမှာလား”

သူတို့အားလုံးက ကောင်းကင်တာအို၏ အထက်တွင်ရှိသော နတ်ဘုရားသားရဲများ ဖြစ်ကြသည်။

ကောင်းကင်တာအို၏ ထိန်းချုပ်မှုကို လက်ခံရန် သူတို့အတွက် သက်တောင့်သက်သာမရှိပေ။

“ဒါက မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး”

ဦးချိုနှင့် လူအိုကြီး၏ဘေးတွင် ရောင်စုံအဝတ်အစားနှင့် သက်လတ်ပိုင်းအရွယ်လူက ပြောသည်။

“ကောင်းကင်တာအိုရဲ့ ထိန်းချုပ်မှု မရှိရင်တောင် ကလန်ရဲ့အမွေအနှစ်အတွက် ကြိုးစားနေရတယ်။ တစ်နည်းပြောရရင် ငါတို့က ကောင်းကင်တာအိုရဲ့ ထိန်းချုပ်မှုနဲ့ ပတ်သတ်နေတုန်းပဲ”

သူ့စကားကြောင့် တခြားလူများက ခေါင်းညိတ်လိုက်ကြသည်။

ကောင်းကင်တာအို၏ ထိန်းချုပ်မှု မရှိလျှင်ပင် ကလန်ကို မကယ်တင်နိုင်ခဲ့ပေ။

“ငါတို့က ခွန်းဝူကို သွားချင်ရင် တချို့အရာတွေကို ချန်ထားခဲ့ရလိမ့်မယ်”

“အခု ကောင်းကင်နဲ့မြေကြီးရဲ့ အပြောင်းအလဲက အကောင်းဆုံးပဲ”

ဖီးနစ်ဆယ့်လေးက တောက်ပနေသော မျက်လုံးများဖြင့် တီးတိုးပြောသည်။

သူ့စကားကြောင့် လူတိုင်းက တိတ်ဆိတ်သွားသည်။

သူတို့က ခွန်းဝူကို ထွက်သွားမည်ဆိုလျှင်ပင် ကလန်သားအားလုံးကို ခေါ်သွားရန် မဖြစ်နိုင်ပေ။

ကျန်ရှိနေသော လူများသည် သွေးမျိုးဆက်အမွေအနှစ် ပြတ်တောက်ခြင်းနှင့် ရင်ဆိုင်ရလိမ့်မည်။

သွေးမျိုးဆက်နိုးထရန်အတွက် အမွေအနှစ်ရတနာတချို့ကို မှီခိုနေရလျှင် မလုံလောက်ပေ။

‌ရွှေကျီးကန်းမျိုးနွယ်၏ ကျဆင်းမှုကို နမူနာကြည့်နိုင်သည်။

ရွှေကျီးကန်းမျိုးနွယ်စုက သွေမျိုးဆက်နိုးထရန် ခက်ခဲနေပြီး လူသားမျိုးနွယ်၏ အမဲလိုက်ခြင်းကို ခံခဲ့ရသည်။

‘ဘုန်း”

လျှပ်စီးကြောင်းသည် ကောင်းကင်ထက်မှ ဆင်းသက်လာသည်။

ဟန်မူယဲ့၏ လက်သီးချက်ကြောင့် ချိုင်ခွက်ဖြစ်သွားသောနေရာတွင် ပြုတ်ကျနေသည့် အနက်ရောင်နွားများက တစ်ကောင်ပြီးတစ်ကောင် ပျံတက်လာကြသည်။

လျှပ်စီးကြောင်းက သူတို့ကို ရိုက်ခတ်လိုက်ပြီး သွေးနှင့်ချီကို ဆက်တိုက် လှုပ်ရှားလာစေသည်။

ကောင်းကင်ထက်တွင် လျှပ်စီးကြောင်းများသည် ဆက်တိုက် ကျဆင်းလာသည်။

မိုင်သောင်းချီပတ်ဝန်းကျင်၏ ကောင်းကင်နှင့်မြေကြီးစွမ်းအားသည် စုစည်းလာခဲ့သည်။

ယခုအချိန်တွင် မဟာတောရိုင်းကမ္ဘာတစ်ခုလုံးက တုန်ခါနေသည်။

ကောင်းကင်နှင့်မြေကြီး၏စွမ်းအားက ပြောင်းလဲနေပြီး အားကောင်းလာသည်။

အောက်တွင် ဖီးနစ်ဆယ့်လေးနှင့် တခြားလူများက မျက်လုံးပြူးသွားကြသည်။

သူတို့က ထိုဖြစ်ရပ်ကို မျှော်လင့်မထားပေ။

မဟာတောရိုင်းကမ္ဘာ၏ စွမ်းအားသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် တိတ်ဆိတ်နေပြီး အားနည်းလာသည်။ သို့သော် ယခုအချိန်တွင် နိုးထလာခဲ့သည်။

“ငါနားလည်သွားပြီ”

ဦးချိုနှင့် လူအိုကြီးက စိတ်လှုပ်ရှားနေသည်။ ရွှေအလင်းသည် သူ့မျက်လုံးထဲတွင် ဖြတ်ပြေးသွားသည်။

သူက ကျယ်လောင်စွာ ရယ်လိုက်ပြီး ဧရာမမီးတောက်တစ်ခုအဖြစ် ပြောင်းသွားသည်။

သူက ကမ္ဘာဦးခေတ်တွင် မီးတောက်ကို ထိန်းချုပ်ခဲ့သော နတ်ဘုရားသားရဲ ဖြစ်သည်။

“ကောင်းကင်တာအိုကို ပြန်ပြီး အားဖြည့်ပေးမယ်”

“သူတို့က ကောင်းကင်တာအိုကို ထိန်းသိမ်းနေတာပဲ”

“ငါတို့ရဲ့ သွေးမျိုးဆက်စွမ်းအားနဲ့ ကောင်းကင်တာအိုကို လုံလောက်အောင် အားဖြည့်ပေးနိုင်လိမ့်မယ်”

“ဒီလိုဆိုရင် ကောင်းကင်နဲ့မြေကြီးက ပြန်ပြီး အသက်ဝင်လာလိမ့်မယ်”

ဖီးနစ်ဆယ့်လေးနှင့် တခြားလူများက မျက်လုံးပြူးသွားကြသည်။

‘ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ’

“ညီအစ်ကိုရွှမ်ရှီ၊ မဟာတောရိုင်းကမ္ဘာက အပျက်အစီးနယ်မြေအဖြစ် ပြောင်းသွားပြီမဟုတ်ဘူးလား”

အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်က မယုံကြည်နိုင်စွာ မေးသည်။

ဤနေရာသည် အပျက်အစီးနယ်မြေ ဖြစ်သည်။

မဟာတောရိုင်းကမ္ဘာသည် ကျဆုံးသွားပြီး ပုံရိပ်ယောင်ကမ္ဘာကိုသာ ချန်ရစ်ခဲ့သည်။

“တစ်ခါတလေမှာ အစစ်အမှန်နဲ့ ပုံရိပ်ယောင်က မျဉ်းတစ်ကြောင်းပဲ ကွာခြားတယ်”

လူအိုကြီးက ရွှေရောင်တောက်နေသော မျက်လုံးများဖြင့် ကောင်းကင်ထက်မှ ကျဆင်းလာသော လျှပ်စီးကြောင်းများကို ကြည့်သည်။

“ဒါက အပျက်အစီးနယ်မြေလို့ လူတိုင်းက ပြောကြတယ်”

“ဒီနေရာက ကပ်ဘေးကြောင့် ဖြစ်ပေါ်လာတာပဲ”

သူက လူတိုင်းကို ကြည့်လိုက်ပြီး နက်ရှိုင်းသောအသံဖြင့် ပြောသည်။

“ဒါပေမဲ့ ဒီနေရာက ကပ်ဘေးတွေ ပြန်လည်စတင်တဲ့နေရာလည်း ဖြစ်တယ်ဆိုတာကို မင်းတို့ သိသင့်တယ်”

“မဟာတောရိုင်းကမ္ဘာက နောက်ထပ်ကပ်ဘေးကို စတင်မှာလား”

ဖုန်းချီက ထိတ်လန့်စွာ ပြောသည်။

နောက်တစ်ကြိမ်ကပ်ဘေးတွင် မဟာတောရိုင်းကမ္ဘာက မရေမတွက်နိုင်သော ကမ္ဘာများကြားတွင် ပြန်ပေါ်လာလိမ့်မည်။

သူက မွေးစားအဖေ၏ လုပ်ရပ်ကို စိတ်ကူးမကြည့်နိုင်တော့ပေ။

သူက ကပ်ဘေးအသစ်ကို စတင်နေသည်။

ကောင်းကင်ထက်တွင်ရှိနေသော ဟန်မူယဲ့က နားလည်သွားသည်။

သူက ကပ်ဘေးအသစ်ကို အစပြုနေသည်။

ကပ်ဘေးသည် ကောင်းကင်နှင့်မြေကြီး၏ ပျက်စီးခြင်းသာမက ကောင်းကင်တာအို၏ ပြန်လည်ရှင်သန်ခြင်းကိုလည်း ကိုယ်စားပြုနေသည်။

ကပ်ဘေးသည် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများ ယှဉ်ပြိုင်ခြင်း ဖြစ်သည်။

ပြန်လည်ရှင်သန်လာသော ကောင်းကင်တာအို၏စွမ်းအားသည် ကောင်းကင်နှင့်မြေကြီးကို ရိုက်ခတ်ပြီး ကပ်ဘေးအသစ်ကို ဖြစ်ပေါ်စေလိမ့်မည်။

“ဘုန်း”

လျှပ်စီးကြောင်းတစ်ခုသည် ကောင်းကင်ထက်မှ ဆင်းသက်လာသည်။

ထိုလျှပ်စီးကြောင်းကို ဟန်မူယဲ့က ထိန်းချုပ်မထားပေ။ လောကကြီးက ပစ်လွှတ်လိုက်ခြင်း ဖြစ်သည်။

ထိုလျှပ်စီးကြောင်း ကျဆင်းလာသောအခါတွင် မဟာတောရိုင်းကမ္ဘာတစ်ခုလုံးက အာရုံခံမိသွားသည်။

မရေမတွက်နိုင်သော ကျွမ်းကျင်သူများက ခေါင်းမော့ကြည့်လိုက်ကြသည်။

အံ့ဖွယ်ဝိညာဉ်တိုင်းပြည်တွင် အစိမ်းရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က ပြုံးလိုက်သည်။

“နောက်ဆုံးတော့ ရောက်လာခဲ့ပြီ ....”

လူအိုကြီးက ကျယ်လောင်စွာရယ်သည်။ သစ်ပင်ကြီးတစ်ပင်၏ ပုံရိပ်သည် သူ့နောက်တွင် ပေါ်လာခဲ့သည်။

သစ်ပင်၏နောက်တွင် ကြက်သွေးရောင်ပုံရိပ်တစ်ခု လှုပ်ရှားနေသည်။

ကောင်းကင်တစ်သောင်းတိုင်းပြည်၏ နန်းတော်တွင် ရွှေရောင်ဝတ်စုံနှင့် လူအိုကြီး၏ မျက်လုံးများက တောက်ပသွားသည်။

ရွှေရောင်ချပ်ဝတ် စစ်သူကြီးများသည် သူ့ရှေ့တွင် ဦးညွတ်လျက် ရှိနေကြသည်။

“မဟာတောရိုင်းကမ္ဘာရဲ့ ပြောင်းလဲမှုက စတင်လာပြီ။ ငါတို့ရဲ့ အခွင့်အရေးကို ဖမ်းဆုပ်ရမယ်”

“မင်းတို့ကို အပျက်အစီးနယ်မြေကနေ ခေါ်ထုတ်သွားမယ်လို့ ငါကတိပေးခဲ့တယ်”

“မင်းတို့ ခံစားနိုင်လား။ အဲဒီနေ့က ရောက်လာတော့မယ်”

လူအိုကြီး၏အသံက ခန်းဆောင်ထဲတွင် ပဲ့တင်ထပ်သွားသည်။

ခန်းဆောင်ထဲတွင် လူတိုင်းက ဦးညွတ်လိုက်ပြီး အော်ဟစ်သည်။

“အရှင်မင်းကြီးကို အသက်စွန့်ပြီး အလုပ်အကြွေးပြုမယ် ....”

သူတို့၏အသံသည် ကောင်းကင်အထိ ထိုးတက်သွားပြီး မိုင်ထောင်ချီပတ်ဝန်းကျင်ကို တုန်ခါနေစေသည်။

မဟာတောရိုင်းကမ္ဘာ၏ အတွင်းပိုင်းတွင် နတ်ဘုရားသားရဲနှင့် အားကောင်းသော သားရဲများ နေထိုင်ကြသည်။

ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားသည် သူတို့၏ ပတ်ဝန်းကျင်တွင် တုန်ခါနေပြီး သူတို့၏ ခန္ဓာကိုယ်ကို ထိုးဖောက်တော့မည်ဟု ထင်ရသည်။

တချို့နတ်ဘုရားသားရဲများက ခဏတာ တိတ်ဆိတ်နေပြီး ခုခံမှုကို ဖြည်းဖြည်းချင်း စွန့်လွှတ်လိုက်ကြသည်။

တချို့သက်ရှိများ၏ မျက်နှာထားက ပြောင်းလဲသွားပြီး လျင်မြန်စွာ ထွက်ပြေးသည်။

အနက်ရောင်ဝတ်စုံနှင့် လူသန်ကြီးများသည် ဟန်မူယဲ့၏ရှေ့တွင် တစ်ယောက်ပြီးတစ်ယောက် ပေါ်လာကြသည်။

အသွင်ပြောင်းခြင်း ဖြစ်သည်။

တိမ်တိုက်နွားသိုးမျိုးနွယ်စုသည် မိုးကြိုးလျှပ်စီးမှတစ်ဆင့် အမွေအနှစ်ကို ရရှိပြီး ခန္ဓာကိုယ်နှင့် လျင်မြန်စွာ ပေါင်းစပ်နိုင်ခဲ့သည်။

ထို့ကြောင့် နှစ်ပေါင်းများစွာ ရုန်းကန်ရမည့် အခက်အခဲများကို ကျော်လွှားနိုင်ခဲ့သည်။

“ကံကောင်းလိုက်တာ ....”

ဖီးနစ်ဆယ့်လေးက ညင်သာစွာ ရေရွတ်လိုက်ပြီး အသွင်ပြောင်းလာသော တိမ်တိုက်နွားသိုးများကို ကြည့်သည်။

သူတို့က ပုံမှန်အတိုင်းဆိုလျှင် လုံလောက်သောအမွေအနှစ်ကို နားလည်ရန်အတွက် အနည်းဆုံး နှစ်တစ်သိန်းခန့် အချိန်ယူရလိမ့်မည်။

တိမ်တိုက်နွားသိုး အများစုသည် တစ်သက်လုံး သားရဲရိုင်းများကဲ့သို့ နေထိုင်သွားရသည်။

ယခုအချိန်တွင် သူတို့က မိုးကြိုးကပ်ဘေးစွမ်းအားဖြင့် အသိစိတ်နှင့် အမွေအနှစ်ကို ရရှိခဲ့သည်။ မျိုးနွယ်စု၏ ၉၀% ခန့်သည် အသွင်ပြောင်းသွားသည်။

“ဟားဟား၊ ကောင်းတယ်။ ကောင်းတယ်”

ကောင်းကင်ထက်တွင် အကြီးအကဲယင်နျိုက ရယ်မောလိုက်ပြီး ဆင်းသက်လာသည်။

မျိုးနွယ်စုအသီးသီး၏ နတ်ဘုရားသားရဲများက သူ့ကို အားကျစွာ ကြည့်လိုက်ကြသည်။

“လူငယ်လေး၊ မင်းဘာလိုချင်လဲ ပြောလိုက်ပါ။ ငါ့မှာရှိရင် တစ်ခါတည်း ထုတ်ပေးလိုက်မယ်”

လူအိုကြီးက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ပြောသည်။

‘ဘာလိုချင်လဲ ဟုတ်လား’

ဟန်မူယဲ့က အံ့အားသင့်သွားသည်။

သူက တိမ်တိုက်နွားသိုးမျိုးနွယ်စု၏ အမွေအနှစ်နှင့် စည်းမျဉ်းများကို ရရှိခဲ့သည်။

ထိုအရာမျိုးသည် ရှားပါးသည်။ သို့သော် အကြီးအကဲယင်နျိုက အကျိုးအမြတ် ထပ်ပေးချင်နေသည်။

‘ဒါက အရမ်းများမသွားဘူးလား’

“အဟမ်း။ အကြီးအကဲ၊ ကျွန်တော်က ယဉ်ကျေးမနေတော့ဘူး။ တိမ်တိုက်နွားသိုးမျိုးနွယ်ရဲ့ ရတနာတွေက အတော်လေးကောင်းတယ်လို့ ကြားထားတယ်”

ဟန်မူယဲ့က နှစ်ဝက်အကြာတွင် တိမ်တိုက်နွားသိုးမျိုးနွယ်မှ ထွက်လာခဲ့သည်။

သူနှင့် အကြီးအကဲယင်နျိုက ကောင်းကင်နှင့်မြေကြီး၏ ပြောင်းလဲမှုများကို တွက်ချက်ကြည့်ခဲ့သည်။ ထို့အပြင် သူက ရတနာအများအပြားကို ရလာသည်။

သူက လေ့လာရန်ရောက်လာသော နတ်ဘုရားသားရဲ မျိုးနွယ်စုများကို ကောင်းကင်ကပ်ဘေး၏ စွမ်းအားအကြောင်း ဖော်ပြခဲ့သည်။

သူက ကောင်းကင်ကပ်ဘေးကို လှုံ့ဆော်လိုက်သော အချိန်တိုင်းတွင် အကျိုးအမြတ်တချို့ ရလေ့ရှိသည်။

သူက အလကားလုပ်မပေးနိုင်ပေ။

တိမ်တိုက်နွားသိုးမျိုးနွယ်မှ ထွက်လာသောအခါတွင် မျိုးနွယ်စုတစ်ခုလုံးက သူ့ကို နှုတ်ဆက်ခဲ့ကြသည်။

ယခင်က ထောင်ချီနေသော အနက်ရောင်နွားများနှင့် မတူဘဲ အနက်ရောင်ဝတ်စုံနှင့် လူသန်ကြီးများက သူ့ကို လေးစားစွာ ဦးညွတ်ခဲ့ကြသည်။

သူတို့က အသွင်ပြောင်းသွားပြီး ဉာဏ်ရည်နှင့် နားလည်နိုင်စွမ်း တိုးတက်လာသည်။

သူတို့ထဲတွင် သန်မာသောလူများက အစစ်အမှန်ဝိညာဉ်အဆင့်သို့ ရောက်နေပြီး ကျန်လူများက အနည်းဆုံး အဆီအနှစ်ဝိညာဉ် သတ္တမအဆင့်တွင် ရှိနေကြသည်။

သို့သော် သူတို့က အစစ်အမှန်ဝိညာဉ်နှင့် အဆီအနှစ်ဝိညာဉ်ကို မဖွဲ့စည်းခဲ့ပေ။

သူတို့၏ ကျင့်ကြံခြင်းက မဟာတောရိုင်းကမ္ဘာ၏ ကျင့်ကြံခြင်းနှင့် မတူတော့ပေ။

အစစ်အမှန်ဝိညာဉ်အဆင့် တိမ်တိုက်နွားသိုးများက မှိန်ဖျော့သော အင်မော်တယ်အလင်းကို ထုတ်လွှတ်နေသည်။ သူတို့က အင်မော်တယ်သခင် အထွတ်အထိပ်အဆင့်တွင် ရှိနေကြသည်။

တခြားနွားသိုးများက မတူညီသော အင်မော်တယ်အလင်းကို ပိုင်ဆိုင်ထားကြသည်။

သူတို့၏ ကျင့်ကြံဆင့်သည် အနာဂတ်၏ ကျင့်ကြံခြင်းနည်းလမ်းနှင့် ကိုက်ညီသည်။

ကပ်ဘေးကို အစပျိုးလိုက်ပြီဖြစ်သောကြောင့် ကပ်ဘေး၏ ဖျက်ဆီးနိုင်စွမ်းကို အနည်းဆုံးအဆင့်အထိ လျော့ချပစ်ရမည်။

အကယ်၍ မဟာတောရိုင်းကမ္ဘာ၏ ကျင့်ကြံခြင်းနည်းစနစ်က ပြင်ပလောကနှင့် တူညီနေလျှင် ကပ်ဘေးက ထိုကမ္ဘာများကို မဖျက်ဆီးတော့ပဲ ပေါင်းစပ်လိမ့်မည်။

သို့သော် ကောင်းကင်စက်ဝန်းနတ်ဘုရားကမ္ဘာက မတူညီပေ။

‘နတ်ဘုရားနည်းစနစ်ကို ကျင့်ကြံနေတဲ့ နတ်ဘုရားမျိုးနွယ်တွေကရော ဘယ်လိုမျိုးလဲ’

ဟန်မူယဲ့က သိချင်နေသည်။

နတ်ဘုရားမျိုးနွယ်က ထိုအကြောင်းပြချက်ကြောင့် ကမ္ဘာအသီးသီးကို ဖိနှိပ်နေခြင်း ဖြစ်လိမ့်မည်။

နတ်ဘုရားကလန်၏ ကျွမ်းကျင်သူများက ကပ်ဘေး၏ မူလရင်းမြစ်ကို သိနေလိမ့်မည်။

သို့သော် လောက၏ ထူးခြားဆန်းကြယ်မှုများကို မည်သူမှ မခန့်မှန်းနိုင်ကြပေ။

ဟန်မူယဲ့က နှစ်တစ်ထောင်ကြာသည်အထိ မဟာတောရိုင်းကမ္ဘာတွင် လှည့်ပတ်သွားလာနေခဲ့သည်။

ဖီးနစ်ဆယ့်လေးနှင့် တခြားလူများက သူ့ကို အဖော်ပြုပြီး အမျိုးမျိုးသော နတ်ဘုရားမျိုးနွယ်များဆီသို့ သွားရောက်ခဲ့ကြသည်။

ထိုမျိုးနွယ်စုများက အမွေအနှစ် နည်းလမ်းအသစ်ကို လက်ခံလိုက်လျှင် ဟန်မူယဲ့က အကျိုးအမြတ်များကို ရလိမ့်မည်။

သူက ကောင်းကင်ကပ်ဘေးကို လှုံ့ဆော်လိုက်သောအခါ ထိုနတ်ဘုရားသားရဲများ၏ အမွေအနှစ်သာမက စည်းမျဉ်းများကိုလည်း နားလည်နိုင်လိမ့်မည်။

သူက ထိုစည်းမျဉ်းများကို လေ့လာပြီး ကိုယ်ပိုင်စွမ်းအားနှင့် ပေါင်းစပ်လိုက်သည်။

ထိုသို့ဖြင့် ဟန်မူယဲ့၏ အရှိန်အဝါက ပြောင်းလဲလာသည်။

All Chapters