← Chapters

အခန်း (၁၁၅၅)

Vol. 83 Ch. 1155

အခန်း (၁၁၅၅)

Vol. 83 Ch. 1155

“အဲဒါက ငါ့ဆရာရှာတွေ့ခဲ့တဲ့ ရွှေကျီးကန်းအရိုးစုပဲ”

ဝူကျန်းက ရှေ့တက်လာပြီး လက်ထဲတွင်ရှိသော ဓားဖြင့် ညွှန်ပြလိုက်သည်။

“အရိုးစုလား”

“နတ်ဘုရားသားရဲတစ်ကောင်ရဲ့ အရိုးစုလား”

ဝူကျန်း၏ စကားကြောင့် မရေမတွက်နိုင်သော ကျွမ်းကျင်သူများ၏ မျက်လုံးက တောက်ပသွားသည်။

ထိုရွှေကျီးကန်းက အားကောင်းသော အငွေ့အသက်ကို ထုတ်လွှတ်နေသော်လည်း မျက်လုံးများက အသက်မဲ့နေသည်။

ဝိညာဉ်မရှိသော အရိုးစုသာ ဖြစ်သည်။

ရတနာတစ်ပါးပင် ဖြစ်သည်။

မရေမတွက်နိုင်သော လူများက ရွှေကျီးကန်းကို တိုက်ခိုက်ရန်အတွက် ပျံသန်းလိုက်ကြသည်။

ရွှေကျီးကန်း၏ မီးတောက်များက ပြေးဝင်လာသော လူများကို လွှမ်းခြုံသွားသည်။

“ဘုန်း”

အင်မော်တယ်သခင်များမှလွဲ၍ ကျန်လူများအားလုံးက ပြာကျသွားသည်။

အင်မော်တယ်သခင်အဆင့် မဟုတ်လျှင် ကောင်းကင်တွင်ရှိသော ရွှေကျီးကန်းကို တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။

“ဝူဆယ့်နှစ်၊ ပူးပေါင်းရအောင်”

ကျူးဟွမ်၏ ကြာပွတ်က ရွှေအလင်းဖြင့် တောက်ပနေသည်။ သူက သိပ်မဝေးသောနေရာတွင်ရှိသည့် ဝူကျန်းကို လှည့်ကြည့်လိုက်သည်။

“ဆရာ့ရဲ့ရတနာတွေကို တခြားလူတွေယူသွားမှာ မဖြစ်စေချင်ဘူးမဟုတ်လား”

သူ့စကားကို ကြားလိုက်ရသောအခါတွင် ဝူကျန်းက အေးစက်စွာ နှာမှုတ်သည်။ သူက စကားပြောတော့မည့်အချိန်တွင် မျက်မှောင်ကြုတ်လိုက်သည်။

ကောင်းကင်တစ်သောင်းမြို့မှ တခြားအင်မော်တယ်သခင်များ၏ မျက်နှာထားကလည်း သူနှင့်အတူတူပင် ဖြစ်သည်။

လူတိုင်းက အဝေးတစ်နေရာတွင်ရှိသော ကောင်းကင်ကို လှမ်းကြည့်လိုက်ကြသည်။

ရွှေအလင်းတန်းများကို မြင်ရသည်။

‘စစ်တပ်တစ်ခု ရောက်လာတာလား’

“ငါတို့ ကောင်းကင်တစ်သောင်းမြို့ကို ဘယ်သူက တိုက်ခိုက်ရဲတာလဲ ....”

အင်မော်တယ်သခင်ကျူးဟွမ်က အော်ဟစ်လိုက်ပြီး မျက်လုံးပြူးသွားသည်။

ကောင်းကင်ထက်တွင်ရှိနေသော မရေမတွက်နိုင်သည့် ရွှေအလင်းများသည် မြို့ထဲသို့ တိုက်ရိုက်ဝင်လာကြသည်။

ရွှေရောင်လမ်းကြောင်း ပေါ်ထွက်လာပြီး ကောင်းကင်တစ်သောင်းမြို့၏ ပဥ္စမထပ်နှင့် တိုက်ရိုက် ဆက်သွယ်နေသည်။

‘ပဥ္စမထပ်ကို တိုက်ရိုက် ရောက်လာတာလား’

ကောင်းကင်တစ်သောင်းမြို့တွင် ထိုနည်းလမ်းကို ပိုင်ဆိုင်ထားသောလူ တစ်ယောက်သာ ရှိသည်။

ကောင်းကင်တစ်သောင်းမြို့၏ အင်မော်တယ်ဘုရင်ချန်ယွမ် ဖြစ်သည်။

“ဆရာပြန်လာပြီ”

ဝူကျန်းက လမ်းပျောက်နေသည်။

“ဆရာက ပြန်လာတာလား”

ကျူးဟွမ်က တစ်ကိုယ်လုံး တုန်ခါသွားသည်။

“အင်မော်တယ်ဘုရင်ချန်ယွမ် ပြန်လာနေပြီ”

တိုက်ခိုက်နေသော အင်မော်တယ်သခင်များက ထိတ်လန့်စွာ အော်ဟစ်လိုက်ပြီး နောက်ဆုတ်သည်။

သူတို့က ပဥ္စမထပ်ကို ချိုးဖောက်ဝင်ရောက်လာသည်။

ထိုအရာသည် အင်မော်တယ်ဘုရင်ကို စိန်ခေါ်လိုက်ခြင်း ဖြစ်သည်။

“ဘုန်း”

ရွှေရောင်လမ်းကြောင်းသည် ရေလှိုင်းတစ်ခုသဖွယ် ချီတက်လာသော စစ်တပ်ကြောင့် တုန်ခါသွားသည်။

အင်မော်တယ်သခင်များ၏ အငွေ့အသက်သည် ကောင်းကင်တစ်သောင်းမြို့၏ ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေသည်။

ကောင်းကင်တစ်သောင်းမြို့က ဝင်ရောက်လာသော အင်အားစု၏ သက်ရောက်ခြင်းကို ခံလိုက်ရသည်။

မြို့သည် ကျွမ်းကျင်သူများရှိလေ ပိုမိုသန်မာလေ ဖြစ်သည်။

အင်မော်တယ်သခင်များက ဆက်တိုက်ဝင်ရောက်လာသောကြောင့် ကောင်းကင်တစ်သောင်းမြို့၏ ခွန်အားက ခုန်ပေါက်တိုးတက်သွားသည်။

“အင်မော်တယ်သခင်တွေ”

“အများကြီးရှိနေတယ် ....”

ကျူးဟွမ်နှင့် ဝူကျန်းက မယုံကြည်နိုင်ပေ။

ပဥ္စမအလွှာသို့ ဝင်ရောက်လာသော လူများက ထိတ်လန့်သွားကြသည်။

စစ်တပ်က ရပ်တန့်မသွားပေ။ သူတို့က ပဥ္စမအလွှာသာမက အောက်ပိုင်းလေးလွှာကိုလည်း နေရာယူလိုက်ကြသည်။

ချက်ချင်းဆိုသလိုပင် ကောင်းကင်တစ်သောင်းမြို့ကို စစ်သည်တစ်သန်းက လွှမ်းမိုးလိုက်သည်။

အင်မော်တယ်သခင်များ၏ စွမ်းအားသည် အဆုံးမရှိသော အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး မြို့တစ်မြို့လုံးကို လွှမ်းခြုံထားသည်။

“ဘုန်း”

ပဥ္စမအလွှာ၏ အပြင်ဘက်တွင် ကျောက်စိမ်းပြားတစ်ခု ပေါ်လာသည်။ ကျောက်စိမ်းပြား၏ အလင်းရောင်သည် ကောင်းကင်တစ်သောင်းမြို့ကို ဖြည်းဖြည်းချင်း ကြီးထွားလာစေသည်။

အလွှာငါးခုရှိသော ကောင်းကင်တစ်သောင်းမြို့သည် မိုင်သုံးသိန်းကျယ်ဝန်းသွားသည်။

ရွှေအလင်းလွှာသည် တစ်မြို့လုံးကို ဖုံးလွှမ်းထားသည်။

အကယ်၍ အင်မော်တယ်ဘုရင်ဆယ်ပါး ပူးပေါင်းလိုက်လျှင်ပင် မြို့၏ အတားအဆီးကို ချိုးဖောက်နိုင်မည်မဟုတ်ပေ။

ကောင်းကင်တစ်သောင်းမြို့၏ အစစ်အမှန်စွမ်းအား ဖြစ်သည်။

မြို့ထဲတွင်ရှိသော အင်အားစုများက အံ့အားသင့်ပြီး ထိတ်လန့်နေကြသည်။

ကျူးဟွမ်နှင့် တခြားလူများက ဖြူဖျော့သွားသည်။

သူတို၏ဆရာက များပြားသော အင်မော်တယ်သခင်များနှင့် စစ်တပ်ကို ခေါ်ဆောင်ပြီး ပြန်ရောက်လာမည်ဟု မည်သူက ထင်ထားမည်နည်း။

လောကတွင် မည်သည့်အင်အားစုက ထိုသို့ များပြားသော အင်မော်တယ်သခင်များကို ပိုင်ဆိုင်နိုင်မည်နည်း။

နတ်ဘုရားကမ္ဘာကပင် ထိုကျွမ်းကျင်သူများ၏ တစ်ဝက်ကို ယှဉ်နိုင်မည်မဟုတ်ပေ။

ဟန်မူယဲ့က ကောင်းကင်တစ်သောင်းမြို့၏ ပဥ္စမအလွှာသို့ ရောက်လာသည်။ သူက ခြေသုံးချောင်းရွှေကျီးကန်းကို ကြည့်လိုက်သည်။

ထိုအရာသည် မဟာနေမင်းရွှေကျီးကန်း၏ အရိုးစု ဖြစ်သည်။

ထိုအချိန်တွင် ရွှေကျီးကန်းက ဟန်မူယဲ့ကို ကြည့်နေသည်။

လူသားနှင့်ငှက်က အချိန်အတော်ကြာအောင် ကြည့်နေခဲ့သည်။

“အကြီးအကဲ၊ ကပ်ဘေးစစ်မြေပြင်ကို ကျွန်တော်နဲ့အတူ သွားချင်လား”

ဟန်မူယဲ့က ညင်သာစွာ မေးသည်။

ရွှေကျီးကန်းက ဖြည်းဖြည်းချင်း ခေါင်းညိတ်သည်။

ဟန်မူယဲ့က လက်မြှောက်ပြီး အနက်ရောင်ဓားကို ထုတ်ယူသည်။

သူ၏ အစစ်အမှန်ဝိညာဉ်အရိုး ဖြစ်သည်။

ဓားက ပျံထွက်လာသည်။ ရွှေကျီးကန်းအရိုးစုက အသံပေးလိုက်ပြီး ဓားရှည်နှင့် ဝင်တိုက်သည်။ ထို့နောက် ရွှေအလင်းအဖြစ် ပြောင်းလဲပြီး ပျောက်ကွယ်သွားသည်။

ရွှေအလင်း ပျောက်ကွယ်သွားသောအခါ လက်ဝါးအရွယ်အစားရှိသော ရွှေရောင်ငှက်တစ်ကောင်သည် ဟန်မူယဲ့၏ရှေ့တွင် ကျန်နေခဲ့သည်။

သူက အစစ်အမှန်ဝိညာဉ်အရိုး၏ စွမ်းအားကို မခံစားမိလျှင် အစစ်အမှန်ဝိညာဉ်အရိုးက ပျက်စီးသွားသည်ဟု ထင်မိလိမ့်မည်။

“မင်းက ခြေသုံး‌ချောင်းရွှေကျီးကန်းတွေရဲ့ နတ်ဘုရားအင်းကွက်တစ်ရာကို ဘယ်လိုလုပ်ပြီး ရလာတာလဲ”

ရွှေရောင်ငှက်လေးက တောင်ပံဖြန့်လိုက်ပြီး ဟန်မူယဲ့၏ရှေ့တွင် ပျံသန်းနေသည်။

“လောကမှာ အသန်မာဆုံးလက်နက်က အစစ်အမှန်ဝိညာဉ်အင်းကွက် ၉၉ခုပဲ ရှိတယ်”

“မဟုတ်ဘူး။ ငါအခု ထွက်သွားလို့မရတော့ဘူး”

ငှက်ကလေး၏ တကျီကျီမြည်သံကို ဟန်မူယဲ့တစ်ယောက်တည်းကသာ နားလည်နိုင်သည်။

အင်းကွက်တစ်ရာကို အစစ်အမှန်ဝိညာဉ်အရိုးဖြင့် စုစည်းခဲ့ပြီး ငှက်တစ်ကောင်ဖြစ်သွားမည်ဟု ထင်မထားခဲ့ပေ။ သူက ပြုံးလိုက်ပြီး ခေါင်းခါရုံသာ တတ်နိုင်ခဲ့သည်။

သူက လက်မြှောက်ပြီး လက်သီးဆုပ်သည်။

ရွှေရောင်ငှက်လေးက တုန်ခါသွားသည်။ သူ၏ ခန္ဓာကိုယ်က ရွှေရောင်ဓားတစ်လက်အဖြစ် ပြောင်းလဲပြီး ဟန်မူယဲ့၏ လက်ထဲသို့ ရောက်လာသည်။

ဟန်မူယဲ့က ဓားကိုင်ထားပြီး မျက်လုံးပြူးသွားသည်။

ဓား၏ စွမ်းအားသည် မဟာတောရိုင်းကမ္ဘာ၏ ကောင်းကင်နှင့်မြေကြီးအား ထိုးခွဲခဲ့သော ဓားတိုလေးထက် အဆပေါင်းများစွာ အားကောင်းနေသည်။

“ငါမင်းကိုပြောလိုက်မယ်။ မင်းရဲ့ လက်ရှိစွမ်းအားနဲ့ဆိုရင် ဒီဓားရဲ့ စွမ်းအားတစ်သန်းပုံတစ်ပုံကိုတောင် ထုတ်မသုံးနိုင်ဘူး”

“ငါက မင်းအတွက် အသက်ရှူကြိမ်ဆယ်ခါလောက်ပဲ တောင့်ခံပေးထားနိုင်တယ်။ ငါ့ရဲ့စွမ်းအားကို ဖြည့်စွက်ဖို့လိုတယ်”

“အဲဒါကြောင့် လုံလောက်တဲ့ စွမ်းအားကို လိုအပ်တယ်။ ပျက်စီးခြင်းပုလဲလုံး၊ ချောက်နက်ပုလဲလုံး၊ နတ်စွမ်းအင်သလင်းကျောက်၊ အင်မော်တယ်ကျောက်တုံးနဲ့ အရသာရှိတဲ့ ဘာပဲဖြစ်ဖြစ် ငါ့အတွက် ယူလာပေးရင် ကောင်းလိမ့်မယ် ....”

ဓား၏စကားသံ မဆုံးခင် ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်သည်။ မရေမတွက်နိုင်သော နတ်စွမ်းအင်သလင်းကျောက်၊ ပျက်စီးခြင်းပုလဲလုံးနှင့် အင်မော်တယ်ကျောက်တုံးများက အပုံလိုက်ပေါ်လာသည်။

သူက မဟာတောရိုင်းကမ္ဘာမှ ထွက်လာသောအခါတွင် ပျက်စီးခြင်းပုလဲလုံးများကို ယူလာခဲ့သည်။

သူက လက်မြှောက်ပြီး ရတနာများအားလုံးကို ပြန်သိမ်းလိုက်သည်။

“ဖြည်းဖြည်းပေါ့ကွာ။ အခုအချိန်ကစပြီး ငါ့ကို လိုတဲ့အချိန်တိုင်း ထုတ်သုံးလို့ရတယ်”

ဓားက ရွှေရောင်ငှက်အဖြစ် ပြန်ပြောင်းလိုက်ပြီး ဟန်မူယဲ့၏ ပခုံးပေါ်တွင် နားနေသည်။

လဝက်အကြာတွင် ဟန်မူယဲ့က ကောင်းကင်တစ်သောင်းမြို့မှ ထွက်လာခဲ့သည်။

ကျောက်ချန်၊ ပိုင်စုကျန်းနှင့် အံ့ဖွယ်ကိုးပါးဓားစံအိမ်ကို စောင့်ရှောက်နေသောလူများက သူနှင့်အတူ လိုက်လာကြသည်။ အင်မော်တယ်သခင်သုံးရာလည်း ပါလာသည်။

ရှန့်လင်းရွှမ်းနှင့် တခြားလူများက ကောင်းကင်တစ်သောင်းမြို့တွင်နေပြီး ပါရမီရှင်စုဝေးပွဲ၊ ကမ္ဘာပေါင်းစုံပြိုင်ပွဲကို စောင့်နေကြသည်။

သူတို့က ကောင်းကင်တစ်သောင်းမြို့မှတစ်ဆင့် ထိုနေရာသို့ တိုက်ရိုက်သွားလိမ့်မည်။

ဟွမ်ကျစ်ဟူနှင့် ယွင်သွမ့်က ကောင်းကင်တစ်သောင်းမြို့ကို ထိန်းချုပ်ထားပြီး စီမံခန့်ခွဲနေသည်။

အင်မော်တယ်သခင်ငါးထောင်ခန့် ရှိနေသော ကောင်းကင်တစ်သောင်းမြို့သည် ကျူးကျော်ဝင်ရောက်ရန် မဖြစ်နိုင်ပေ။ လောက၏ အသန်မာဆုံးမြို့ ဖြစ်သည်။

ထိုအင်မော်တယ်သခင်များကို အင်မော်တယ်ဘုရင်ချန်ယွမ်က ပျိုးထောင်ပေးခဲ့သည်။ သူတို့က အင်မော်တယ်ဘုရင်ချန်ယွမ်နှင့်အတူ ကောင်းကင်တစ်သောင်းမြို့သို့ ရောက်လာမည်ဖြစ်သည်။

သို့သော် ယခုအချိန်တွင် အင်မော်တယ်ဘုရင်ချန်ယွမ်က ခွန်းဝူ၏ အပြင်ဘက်တွင် တိုက်ခိုက်နေသောကြောင့် သူတို့က ကောင်းကင်တစ်သောင်းမြို့ကို စောင့်ကြပ်ထားရမည်။

ကပ်ဘေးပေါ်ထွက်လာသောအခါတွင် သူတို့က မဟာတောရိုင်းကမ္ဘာ၏ စစ်သည်များ ဖြစ်လာလိမ့်မည်။

ဟန်မူယဲ့နှင့်အတူ လိုက်သွားသော အင်မော်တယ်သခင်သုံးရာက ဟန်မူယဲ့ကို ပါရမီရှင်စုဝေးပွဲတွင် ကူညီပေးလိမ့်မည်။

သူတို့က မဟာတောရိုင်းကမ္ဘာတွင် ကြီးပြင်းလာခဲ့သောကြောင့် ကျင့်ကြံခြင်းလောကကို မမြင်ဖူးပေ။ ထို့ကြောင့် ဟန်မူယဲ့နှင့်အတူ လိုက်လာပြီး တစ်ချက်ကြည့်ချင်သည်။

သင်္ဘောပျံက ကောင်းကင်တစ်သောင်းချောက်နက်မှ ထွက်လာခဲ့သည်။

ဟန်မူယဲ့က ဖြည်းဖြည်းချင်း ဝေးကွာသွားသော ချောက်နက်ကို ကြည့်လိုက်ပြီး ခံစားချက်များ ရှုပ်ထွေးနေသည်။

ကောင်းကင်တစ်သောင်းချောက်နက်၏ ခရီးစဉ်သည် ဉာဏ်အလင်းများဖြင့် ပြည့်နှက်နေသည်။

သူက အပျက်အစီးနယ်မြေများတွင် အမျိုးမျိုး တွေ့ကြုံခံစားခဲ့ရသည်။

ထိုဖြစ်ရပ်များသည် သူ၏ အနာဂတ်ကျင့်ကြံခြင်းအတွက် အကျိုးရှိလာလိမ့်မည်။

“ဘုန်း”

သင်္ဘောပျံသည် ကမ္ဘာအများအပြားကို ကျော်ဖြတ်ပြီး ဖူယွီအင်မော်တယ်ကမ္ဘာသို့ ရောက်လာခဲ့သည်။

ဟန်မူယဲ့က ဖူယွီအင်မော်တယ်ကမ္ဘာသို့ ရောက်လာသောအခါတွင် မျက်မှောင်ကြုတ်လိုက်သည်။

ရွှေအလင်းသည် ကောင်းကင်ထက်တွင် လှုပ်ရှားနေသည်။ အင်မော်တယ်အလင်းသည် သွယ်ယှက်နေပြီး တုန်ခါသံများကို ကြားရသည်။

“သင်္ချိုင်းအင်မော်တယ်မြို့တော်လား”

“တစ်ယောက်ယောက်က တိုက်ခိုက်နေတာလား”

ကျောက်ချန်က အဝေးတစ်နေရာသို့ ကြည့်လိုက်ပြီး ပြောသည်။

သင်္ချိုင်းအင်မော်တယ်မြို့သည် ဖူယွီအင်မော်တယ်ကမ္ဘာတွင် ဟန်မူယဲ့၏ အခြေခံအုတ်မြစ် ဖြစ်သည်။

“ဘယ်သူက ရဲတင်းနေတာလဲ”

ဟန်မူယဲ့က သတ်ဖြတ်လိုစိတ်ကို ထုတ်လွှတ်သည်။

သူ့နောက်တွင်ရှိသော အနက်ရောင်ချပ်ဝတ်နှင့် နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်က နှာမှုတ်လိုက်ပြီး ပျံထွက်သွားသည်။

“ဘုန်း”

ရုပ်သေးရုပ်က ပေတစ်ထောင်ကြီးမားသော ရွှေရောင်ချပ်ဝတ်စစ်သူကြီးအဖြစ် ပြောင်းလဲသွားပြီး သင်္ချိုင်းအင်မော်တယ်မြို့အား ဝိုင်းရံထားသော အလင်းတန်းများကို လက်သီးဖြင့် ထိုးသည်။

ရာချီနေသော ပုံရိပ်များက မရှောင်တိမ်းနိုင်ဘဲ သွေးမြူအဖြစ် ပြောင်းလဲသွားကြသည်။

သွေး၊ အင်မော်တယ်အလင်းနှင့် ပေါက်ကွဲသံများ ပေါ်ထွက်လာသည်။

“ဘယ်သူလဲ”

“ဘယ်သူက လုယန်အင်မော်တယ်တိုင်းပြည်ကို ရန်စရဲတာလဲ”

All Chapters