← Chapters

အခန်း (၁၁၅၇)

Vol. 83 Ch. 1157

အခန်း (၁၁၅၇)

Vol. 83 Ch. 1157

ယခုအချိန်တွင် သူက အင်မော်တယ်သခင် အထွတ်အထိပ်အဆင့်တွင် ရှိနေသည်။ အကယ်၍ အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းချင်လျှင် လောက၏ စည်းမျဉ်းများကို ပေါင်းစပ်ရမည်။

ထိုအရာသည် ကျင့်ကြံဆင့်တစ်ခုသာ ဖြစ်သည်။

ဟန်မူယဲ့အတွက် ခွန်အားသည် ကျင့်ကြံဆင့် မဟုတ်ခဲ့ပေ။

သူက မဟာတောရိုင်းကမ္ဘာတွင် ခန္ဓာကိုယ်ကို သန့်စင်ခဲ့ပြီး နတ်ဘုရားသားရဲများနှင့် ယှဉ်နိုင်သောအဆင့်သို့ ရောက်လာသည်။

သူက နဂါးမိကျောင်း၏ ခန္ဓာကိုယ်ကိုလည်း ကိုင်တွယ်ရဦးမည်။

ထို့အပြင် သူ၏ ဓားတာအိုကျင့်ကြံခြင်းကလည်း ကျင့်ကြံဆင့်ထက် ကျော်လွန်နေသည်။

ဤလောကတွင် သူနှင့်ယှဉ်နိုင်သော ဓားကျင့်ကြံသူများ မရှိလောက်ပေ။

အမျိုးမျိုးသော ဓားများ၏ မှတ်ဉာဏ်ထဲတွင် ဟန်မူယဲ့က အထင်ကြီးလောက်သော ဓားကျင့်ကြံသူမျိုးကို ရှာမတွေ့ခဲ့ပေ။

သူက ဓားတာအိုတွင် ပြိုင်ဘက်ကင်းသည်။

ယခုအချိန်တွင် မူလဝိညာဉ်ဓား သုံးလက်ကိုလည်း အသုံးပြုနိုင်သည်။

သူ၏ ဝိညာဉ်စွမ်းအားက အင်မော်တယ်ဘုရင်အဆင့်တွင် ရှိနေသည်။

သူက ခွန်းဝူကို ထိန်းချုပ်ထားပြီး မဟာတောရိုင်းကမ္ဘာကို အုပ်စိုးနေသည်။ ထို့အပြင် ထောင်ချီသော ဓားများ၏ အားဖြည့်မှုကြောင့် သူ၏ ဝိညာဉ်စွမ်းအားက ဆက်တိုက် တိုးတက်လာသည်။

ဤလောကတွင် အင်မော်တယ်ဘုရင်များကပင် ဝိညာဉ်ကို သူနှင့်ယှဉ်ပြိုင်၍ သန့်စင်နိုင်မည်မဟုတ်ပေ။

မူလဝိညာဉ်ဓားသုံးချောင်း၊ ဓားတာအိုနှင့် ဝိညာဉ်စွမ်းအား၊ ရုပ်ခန္ဓာကြံ့ခိုင်မှုနှင့် သွေးမျိုးဆက်စွမ်းအား ....

ဟန်မူယဲ့က အပြင်းထန်ဆုံး တိုက်ခိုက်မှုကို စိတ်ကူးမကြည့်နိုင်ပေ။

အကယ်၍ ထိုစွမ်းအားများက မလုံလောက်လျှင် သူက စည်းမျဉ်းလေးခုကို ထိန်းချုပ်ထားသည်။ ထို့အပြင် ဒါဇင်ချီနေသော တခြားစည်းမျဉ်းများကိုလည်း နားလည်သည်။

အရေးအကြီးဆုံးအနေဖြင့် သူက ကပ်ဘေးစွမ်းအားကို သယ်ဆောင်ထားသည်။

ထိုကပ်ဘေးစွမ်းအားသည် လောကကို ဖျက်ဆီးနိုင်သည်။

ဟန်မူယဲ့က အပျက်အစီးနယ်မြေတွင် နှစ်ပေါင်းများစွာကြာအောင် ကျင့်ကြံပြီး ကပ်ဘေးစွမ်းအားကို အောင်မြင်စွာ သန့်စင်ခဲ့သည်။

ဤလောကတွင် လူတစ်ယောက်က သန်မာလျှင်ပင် ကပ်ဘေးစွမ်းအားကို ထိန်းချုပ်ရန် ခက်ခဲသည်။

သူက တိုက်ဆိုင်ပြီး ကပ်ဘေးစွမ်းအားအမျှင်တန်းကို ထိန်းချုပ်နိုင်ခဲ့သည်။

ထိုစွမ်းအားက သူ၏ဝှက်ဖဲ ဖြစ်လာနိုင်သည်။

“ကောင်လေး၊ ကပ်ဘေးစွမ်းအားလား။ မင်းက မကောင်းဆိုးဝါးပဲ”

ဟန်မူယဲ့၏ လက်ထဲတွင်ရှိသော အစိမ်းရောင်စွမ်းအားကို မြင်လိုက်ရသောအခါတွင် ရွှေရောင်ငှက်ကလေးက တကျီကျီအသံပေးလိုက်သည်။

ထိုငှက်လေးက စကားများသော်လည်း ဟန်မူယဲ့၏ ဝှက်ဖဲတစ်ခု ဖြစ်နေသည်။

အင်းကွက်တစ်ရာ ပါဝင်နေသော အစစ်အမှန်လက်နက်ကို ကိုင်ဆောင်ပြီး နတ်ဘုရားလောက၏ အသန်မာဆုံးအင်အားစုများနှင့် ရင်ဆိုင်ရန် မျှော်လင့်နေသည်။

ဟန်မူယဲ့က ရွှေရောင်ငှက်လေးကို ဘေးဖယ်ထားလိုက်ပြီး လက်မြှောက်သည်။ ရွှေအလင်းနှင့် အင်မော်တယ်အလင်းများ ပေါ်ထွက်လာသည်။

နတ်စွမ်းအားသလင်းကျောက်နှင့် အင်မော်တယ်ကျောက်တုံးများ ဖြစ်ကြသည်။ သူက ပျက်စီးခြင်းပုလဲလုံးနှင့် ချောက်နက်ပုလဲလုံး အများစုကို မူဝမ်၊ ဟွမ်ကျစ်ဟူနှင့် တခြားလူများအတွက် ချန်ထားခဲ့သည်။

လွန်ခဲ့သော နှစ်များတွင် ယွင်လန်မြို့နှင့် သင်္ချိုင်းအင်မော်တယ်မြို့၏ အကျိုးအမြတ်က အလွန်များပြားသည်။

‌ရေတွက်ရန်ပင် မဖြစ်နိုင်တော့ပေ။

သန်းထောင်ချီနေသော ရတနာပစ္စည်းများအတွက် အရေအတွက်သည် အရေးမကြီးတော့ပေ။

အင်မော်တယ်ဘုရင်များကပင် သူ၏ ကြွယ်ဝမှုကို အားကျနေလိမ့်မည်။

အထူးသဖြင့် တခြားလူများ မသိနိုင်သော သင်္ချိုင်းအင်မော်တယ်မြို့၏ အရောင်းအဝယ် ဖြစ်သည်။

သင်္ချိုင်းအင်မော်တယ်မြို့သည် ကောင်းကင်ပြောင်းလဲခြင်းစံအိမ်ကြောင့် နေရာအနှံ့တွင်ရှိနေသော အင်အားစုများနှင့် အရောင်းအဝယ်လုပ်နိုင်သည်။

အမျိုးမျိုးသော ဝိညာဉ်သတ္တုနှင့် ရတနာများသည် သင်္ချိုင်းအင်မော်တယ်မြို့ကို ကြွယ်ဝလာစေသည်။

အင်မော်တယ်ကမ္ဘာတွင် ရှာဖွေရန်ခက်ခဲသော ရတနာများကို သင်္ချိုင်းအင်မော်တယ်မြို့တွင် လွယ်ကူစွာ ရနိုင်သည်။

ထို့အပြင် အရေအတွက် သန်းချီနေသော သွေးစက်ကျချောက်ကမ်းပါးမှ ပို့လိုက်သည့် သွေးမျိုးဆက်ပုတီးစေ့များလည်း ရှိနေသည်။

သွေးမျိုးဆက်ပုတီးစေ့သည် နဂါးမိကျောင်း၏ခန္ဓာကိုယ်ကို ဖိနှိပ်နိုင်သောကြောင့် နတ်ဘုရားကမ္ဘာက အသည်းအသန် လိုအပ်နေသည်။

နတ်ဘုရားကမ္ဘာ၏ နေရာတိုင်းတွင် ထိုပုတီးစေ့များကို လက်ခံသည်။

ထိုကြွယ်ဝမှုများအပြင် အင်မော်တယ်ရတနာနှင့် ထိပ်တန်းအဆင့် ရတနာများသည် အင်မော်တယ်သခင်အဆင့် ကျွမ်းကျင်သူများကို ဆွဲဆောင်နိုင်သည်။

မီးပြင်းဖိုများ၊ ဓားရှည်များ ....

အင်မော်တယ်ရတနာဓားရှည် ၂၃၂ချောင်း ရှိနေသည်။

ဓာတ်စင်ငါးပါးမီးပြင်းဖိုကို မပေါင်းစပ်ရသေးပေ။ ဟန်မူယဲ့က ပါးစပ်တစ်ပေါက်တိုးလာမည်ကို မလိုချင်သောကြောင့် ဖြစ်သည်။

ဒါဇင်ချီနေသော အင်မော်တယ်ရတနာနှင့် ထိပ်တန်းအဆင့်ရတနာများလည်း ရှိနေသည်။

ဟန်မူယဲ့က ရတနာများအားလုံးကို သိမ်းလိုက်ပြီး လက်ကို ဝှေ့ယမ်းသည်။

ကျောက်စိမ်းပေတံတစ်ချောင်းသည် သူ့ရှေ့တွင် ပေါ်လာသည်။

“ကောင်းကင်တိုင်းတာခြင်းပေတံ၊ ကျစ် ကျစ် ....”

ရွှေရောင်ငှက်က ခေါင်းထိုးကြည့်လိုက်ပြီး မျက်လုံးများ တောက်ပသွားသည်။

ကောင်းကင်တိုင်းတာခြင်းပေတံ ....

ထိုရတနာသည် ကမ္ဘာဦးခေတ်ကတည်းက တည်ရှိခဲ့ပြီး အင်မော်တယ်ဘုရင်ထုံထျန်း ပိုင်ဆိုင်ခဲ့သည်။

အင်မော်တယ်ဘုရင်ထုံထျန်းက ရတနာများကို နေရာတိုင်းတွင် ဖြန့်ကျဲပစ်လိုက်ပြီး နောက်ဆုံးတွင် ကောင်းကင်တိုင်းတာခြင်းပေတံက အင်မော်တယ်ဘုရင်ချန်ယွမ်ဆီသို့ ရောက်လာသည်။

ထိုပေတံသည် ကောင်းကင်နှင့်မြေကြီး၏ အတားအဆီးကို ဖျက်ဆီးနိုင်သည်။

ကောင်းကင်တိုင်းတာခြင်းပေတံသည် ချိုးဖောက်ခြင်းစည်းမျဉ်းကို ပိုင်ဆိုင်ထားသည်။

ခွန်းဝူကို လမ်းဖောက်နိုင်‌သော ရွှေရောင်ဓားတိုနှင့် မတူပေ။

ဉာဏ်အလင်းသားရဲ၏ စွမ်းအားသည် တည်နေရာ ဖြစ်သည်။ ဤပေတံက တည်နေရာကို ဖျက်ဆီးခြင်း ဖြစ်သည်။

လောကကို ချိုးဖောက်နိုင်သည်။

ကောင်းကင်တိုင်းတာခြင်းပေတံဖြင့် အတားအဆီးကို ချိုးဖောက်ပြီး နတ်ဘုရားကမ္ဘာသို့ ဝင်ရောက်ချင်လျှင် ဖြစ်နိုင်သည်။

ဟန်မူယဲ့က အရာအားလုံးကို စစ်ဆေးကြည့်လိုက်ပြီး စိတ်အေးသွားသည်။

သူက တစ်လှမ်းချင်းစီ ဆက်သွားနေလျှင် လောက၏ အထွတ်အထိပ်သို့ ရောက်ရှိပြီး ဂိတ်တံခါးထဲသို့ ဝင်နိုင်လိမ့်မည်။

ဟန်မူယဲ့က အခန်းထဲမှ ထွက်လာခဲ့သည်။

“အစ်ကိုကြီး၊ နတ်ဘုရားကမ္ဘာရဲ့ မဟူရာချပ်ဝတ်ဂိုဏ်းက တောင့်မခံနိုင်တော့ဘူး”

ကျောက်ချန်က ရှေ့တက်လာပြီး တီးတိုးပြောသည်။

ကျောက်ချန်နှင့် ပိုင်စုကျန်းက အရောင်းအဝယ်ကိစ္စရပ်များကို ကိုင်တွယ်မည်ဖြစ်သောကြောင့် သင်္ချိုင်းအင်မော်တယ်မြို့သို့ ပြန်လာခဲ့ကြသည်။

ကျောက်ချန်က သင်္ချိုင်းအင်မော်တယ်မြို့၏ အရောင်းအဝယ်ကို ထိန်းချုပ်ထားသည်။ ပိုင်စုကျန်းက ကျွမ်းကျင်သူများ၏မှတ်ဉာဏ် ပါဝင်နေသော ဓားများကို စုဆောင်းပြီး ဟန်မူယဲ့ဆီသို့ ပို့ပေးရသည်။

ထိုဓားများသည် အဆုံးမဲ့ညီညွတ်ခြင်းဓားအိမ်ထဲတွင် ဟန်မူယဲ့၏ ခွန်အားအဖြစ် ရှိနေလိမ့်မည်။

အစိမ်းရောင်ကံကြမ္မာဓားနှင့် ခရမ်းရောင်မီးတောက်ဓားတိုးသည် အင်မော်တယ်ထိပ်တန်းအဆင့် ရတနာများ ဖြစ်နေကြသည်။ ထိုဓားနှစ်လက်၏စွမ်းအားကို ခုခံနိုင်သော အင်မော်တယ်သခင်များ သိပ်မရှိကြပေ။

ဟန်မူယဲ့၏ နည်းလမ်းအများစုသည် အင်မော်တယ်ဘုရင်များနှင့် ရင်ဆိုင်ရန်အတွက် ဖြစ်သည်။

အင်မော်တယ်ကမ္ဘာတွင် သူနှင့် ယှဉ်နိုင်သောလူ မရှိတော့ပေ။

သူ၏ ရန်သူများက နတ်ဘုရားကမ္ဘာတွင် ဖြစ်ကြသည်။

ထို့အပြင် တခြားကပ်ဘေးများ ဖြစ်သည်။

“မဟူရာချပ်ဝတ်ဂိုဏ်းလား”

ဟန်မူယဲ့က ပြုံးသည်။

ရိုးရိုးသားသား ပြောရလျှင် မဟူရာချပ်ဝတ်ဂိုဏ်းသည် သူ့ကြောင့် ပြင်းထန်စွာ လှည့်စားခံလိုက်ရသည်။

သူတို့၏ အခြေခံအုတ်မြစ်ဖြစ်သော ဓာတ်စင်ငါးပါးမီးပြင်းဖိုနှင့် ကမ္ဘာဦးရုပ်သေးရုပ်များကိုလည်း သူက ယူလာခဲ့သည်။

ယခုဖြစ်ရပ်သည်လည်း သူနှင့် ပတ်သတ်နေသည်။

သွေးစက်ကျချောက်ကမ်းပါးတွင် ကမ္ဘာဦးရုပ်သေးရုပ်နှစ်ရုပ်က အစွမ်းပြခဲ့ပြီး နတ်ဘုရားကမ္ဘာ၏ စစ်တပ်ကို ရှုံးနိမ့်သွားစေသည်။

ယခုအချိန်တွင် နတ်ဘုရားကမ္ဘာ၏ အင်အားစုများက ကမ္ဘာဦးရုပ်သေးရုပ်ကို ထုတ်ပေးရန်အတွက် မဟူရာချပ်ဝတ်ဂိုဏ်းကို ဖိအားပေးနေကြသည်။

သို့သော် သူတို့က မည်သို့ ထုတ်ပေးနိုင်မည်နည်း။

ဟန်မူယဲ့က ရုပ်သေးရုပ်များကို ဝယ်ယူသွားပြီဖြစ်သည်။ ပြန်ရောင်းပေးတော့မည် မဟုတ်ပေ။

ကျောက်ချန်၏စကားအရ မဟူရာချပ်ဝတ်ဂိုဏ်းသည် ပျက်စီးတော့မည်ဖြစ်သည်။

“သူတို့ကို နတ်စွမ်းအားသလင်းကျောက်သုံးသန်း ပေးလိုက်ပါ”

ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းသည်။

“မဟူရာချပ်ဝတ်ဂိုဏ်းကို ဖြည်းဖြည်းချင်း ထိန်းချုပ်ထားဖို့ ကျူးချန်ကို ပြောလိုက်ပါ”

“လိုအပ်တဲ့အရာကိုလည်း သင့်တော်သလို ထောက်ပံ့ပေးလိုက်ပါ”

အနက်ရောင်ချပ်ဝတ်ဂိုဏ်းတွင် မီးပြင်းဖိုများရှိသည်။

ပန်းပဲပညာရှင်များလည်း ရှိနေသည်။

အထူးသဖြင့် သူတို့က အမျိုးမျိုးသော ချပ်ဝတ်နှင့် ရုပ်သေးရုပ်များကို ဖန်တီးနိုင်သည်။

လုံလောက်သော ဝိညာဉ်သတ္တုရှိလျှင် ကမ္ဘာဦးချပ်ဝတ်နှင့် ကမ္ဘာဦးရုပ်သေးရုပ်ကို သန့်စင်ရန် ပြဿနာမရှိပေ။

ဟန်မူယဲ့က မဟူရာချပ်ဝတ်ဂိုဏ်းကို ထိန်းချုပ်ချင်သောကြောင့် ကျဆင်းသွားအောင် လုပ်ခဲ့သည်။

“အစ်ကိုကြီး၊ စိတ်မပူပါနဲ့။ မဟူရာချပ်ဝတ်ဂိုဏ်းက အစ်ကိုကြီးရဲ့အပိုင် ဖြစ်လာမှာပါ”

ကျောက်ချန်က ပြုံးနေသည်။

သူက မဟူရာချပ်ဝတ်ဂိုဏ်းသို့ ဝင်ရောက်ပြီး နတ်ဘုရားကမ္ဘာတွင် စီးပွားရေးလုပ်ရန် ကြိုတွေးနေသည်။

ပန်းပဲပညာရှင်များ ရှိနေသောကြောင့် စီးပွားရေးမလုပ်လျှင် နှမြောစရာကောင်းနေလိမ့်မည်။

အံ့ဖွယ်ကိုးပါးဓားစံအိမ်သည် သင်္ချိုင်းအင်မော်တယ်မြို့နှင့် သိပ်မဝေးတော့ပေ။

ယခုအချိန်တွင် လေ့ကျင့်ရေးမှူးလင်းနှင့် တခြားလူများ မရှိသောကြောင့် ဓားစံအိမ်က တိတ်ဆိတ်နေသည်။

ပိုင်စုကျန်းက လဲလှယ်ထားသော ဓားများကို စီစဉ်နေသည်။ အရည်အသွေးကောင်းသော ဓားများကို ဟန်မူယဲ့ဆီသို့ ပို့ပေးလိမ့်မည်။

ပိုင်စုကျန်းက ဓားတစ်လက်ကိုင်ထားပြီး ဓားစံအိမ်ထဲမှ ထွက်လာသည်။

ထိုဓားသည် သုံးပေကျော်ရှည်လျားပြီး ရွှေရောင်သန်းနေသည်။

ဟန်မူယဲ့က ဓားရှည်၏ ဓားရိုးကို ညင်သာစွာ ဆုပ်ကိုင်သည်။

ဓား၏နာမည်သည် ကနဦး‌ကျောက်စိမ်းဖြစ်ပြီး သုံးပေနှင့်ငါးလက်မ ရှည်လျားသည်။ ပေါင်သုံးထောင့်ငါးရာ လေးသည်။

ဓားကို ဖန်တီးထားသော နည်းစနစ်သည် မထူးဆန်းပေ။

ဟန်မူယဲ့က အံ့အားသင့်သွားသည်။

ဓားက ထူးဆန်းသည်ဟု ပြောခဲ့သော ပိုင်စုကျန်း၏စကားကို နားလည်သွားသည်။

ဓားရှည်၏ အငွေ့အသက်သည် တခြားဓားများနှင့် မတူပေ။

ဓားက ယိုယွင်းနေသော်လည်း ပြန်လည်ရှင်သန်လာသည့် အရိပ်အယောင်တချို့ ရှိနေသည်။

ဟန်မူယဲ့က အင်မော်တယ်စွမ်းအင်ကို ဓားရှည်ထဲသို့ ထည့်သွင်းလိုက်သည်။ ပုံရိပ်များသည် သူ့စိတ်ထဲတွင် ပေါ်လာကြသည်။

ကောင်းကင်စက်ဝန်းနတ်ဘုရားကမ္ဘာ မဟုတ်ပေ။

ရွှေရောင်ချပ်ဝတ်များကို မြင်ရသည်။ ထို့အပြင် ကမ္ဘာတစ်ခုဖြစ်လာသော နတ်ဘုရားသားရဲများ၏ ခန္ဓာကိုယ်ကိုလည်း မြင်ရသည်။

‘အဲဒါက ဘယ်လိုကမ္ဘာမျိုးလဲ’

ဓားရှည်နှင့် တာအိုတန်ခိုးရှင်တစ်ပါးက ပျံသန်းနေသည်။ သူက ကျင့်ကြံနေပြီး နောက်ဆုံးတွင် ယိုယွင်းနေသော အလင်းဂိတ်တံခါးထဲသို့ ဝင်ရောက်လိုက်သည်။

ထိုအလင်းတံခါးမှတစ်ဆင့် သူက ကောင်းကင်စက်ဝန်းနတ်ဘုရားကမ္ဘာသို့ ရောက်လာပြီး ဇာတ်မြှုပ်နေထိုင်ခဲ့သည်။

သူက တည်နေရာကို ဆက်တိုက်ပြန်ပို့နေသော်လည်း တုံ့ပြန်မှုမရခဲ့ပေ။

“ငါက စကြဝဠာထဲမှာ တည်ရှိနေတဲ့ ကမ္ဘာတစ်ခုကို တကယ်ရှာတွေ့ခဲ့ပြီ ....”

လွန်ခဲ့သော နှစ်ပေါင်းတစ်သိန်းတွင် တာအိုတန်ခိုးရှင်က တီးတိုးရေရွတ်လိုက်ပြီး ဝမ်းနည်းစရာကောင်းအောင် သေဆုံးသွားခဲ့သည်။

ဟန်မူယဲ့က မြင်ကွင်းများကို ထပ်ကာတလဲလဲ ပြန်ကြည့်နေပြီး မျက်လုံးများကို မှေးကျဉ်းလိုက်သည်။

ထိုချပ်ဝတ်များသည် မူလကမ္ဘာကို ဖျက်ဆီးခဲ့သော ကမ္ဘာဦးချပ်ဝတ် ဖြစ်သည်။

နတ်ဘုရားသားရဲများ၏ ခန္ဓာကိုယ်က ဖမ်းဆီးခံလိုက်ရသော နတ်ဘုရားသားရဲများ ဖြစ်ကြသည်။

‘မူလကမ္ဘာကို ဖျက်ဆီးနိုင်အောင် သန်မာခဲ့တဲ့ ကမ္ဘာက ကျဆုံးသွားပြီလား’

ထိုကမ္ဘာတွင် လူအနည်းငယ်ကသာ ကမ္ဘာဦးချပ်ဝတ်ကို ထိန်းချုပ်ထားကြောင်း မြင်နိုင်သည်။

လူအများစုသည် သေဆုံးသွားသော နတ်ဘုရားသားရဲများ၏ ခန္ဓာကိုယ်ပေါ်တွင် နေထိုင်ပြီး နတ်ဘုရားသားရဲများ၏ စွမ်းအားကို မှီခို၍ ကျင့်ကြံရသည်။

ကမ္ဘာဦးချပ်ဝတ်အများအပြားသည် အသုံးပြုသူမရှိဘဲ အလွတ်ဖြစ်နေသည်။

ထိုကျင့်ကြံသူများက လူဆယ်ချီ၊ ရာချီကို အသုံးပြု၍ ချပ်ဝတ်ကို ထိန်းချုပ်နေရသည်။

ကမ္ဘာဦးရုပ်သေးရုပ်များကတော့ စွမ်းအားကုန်ဆုံးမှု များသောကြောင့် သိုလှောင်ရုံထဲတွင် သိမ်းဆည်းထားရုံသာ တတ်နိုင်သည်။

All Chapters