အခန်း (၁၁၅၉)
Vol. 83 Ch. 1159
တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါ၏နောက်တွင် မတ်တပ်ရပ်နေသော အင်မော်တယ်သခင်ဖူရွှယ်၏ မျက်နှာထားက ရှုပ်ထွေးနေသည်။ ဟန်မူယဲ့က လျှို့ဝှက်နယ်မြေထဲသို့ ဝင်သွားပြီး အက်ကွဲကြောင်းက ပြန်ပိတ်သွားသည်။
“ဒါက တကယ်ကို ကောင်းကင်နဲ့မြေကြီးရဲ့ ကောင်းချီးပေးခံရတဲ့လူပဲ ....”
အင်မော်တယ်သခင်ဖူရွှယ်က ခါးသီးစွာပြုံးလိုက်ပြီး ခေါင်းခါသည်။
မတတ်နိုင်ပေ။ လူတချို့က တခြားလူများမလုပ်နိုင်သောအရာကို လုပ်နိုင်ကြသည်။
ကောင်းကင်အလင်းဂိုဏ်းသည် လျှို့ဝှက်နယ်မြေကို နှစ်ရာချီလျှင်တစ်ကြိမ် သို့မဟုတ် နှစ်ထောင်ချီလျှင် တစ်ကြိမ်သာ ဝင်ရောက်နိုင်ကြသည်။
ဟန်မူယဲ့က လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်လာပြီး တောင်တန်းတစ်ခုနှင့်တူသော ဦးချိုနှစ်ချောင်းနှင့် နွားသိုးတစ်ကောင်ကို မြင်လိုက်ရသည်။
“ခွေ ....”
ရွှေရောင်ငှက်က တောင်ပံဖြန့်လိုက်သည်။ သူ့မျက်လုံးများသည် ရွှေအလင်းဖြင့် တောက်ပနေခဲ့သည်။
“ဟားဟား၊ နောက်ဆုံးတော့ မူလကမ္ဘာရဲ့ မိတ်ဆွေဟောင်းတစ်ယောက် ရောက်လာခဲ့ပြီ”
ခပ်ဟဟရယ်သံကို ကြားရသည်။
အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အဖြူရောင်မုတ်ဆိတ်နှင့် လူအိုကြီးတစ်ယောက်သည် ဟန်မူယဲ့၏ရှေ့တွင် ပေါ်လာသည်။
“မဟာနေမင်းပဲ”
လူအိုကြီးက ရွှေရောင်ငှက်ကို ညင်သာစွာ ဦးညွတ်လိုက်သည်။
“အခု ခွေကလန်က ရှားပါးနေပြီ”
ရွှေရောင်ငှက်က တောင်ပံခတ်လိုက်ပြီး ခေါင်းညိတ်သည်။
လူအိုကြီးက ခံစားချက်များဖြင့် ဟန်မူယဲ့ကို လှည့်ကြည့်သည်။
ခွေသားရဲပုံရိပ်သည် ဟန်မူယဲ့၏နောက်တွင် ပေါ်လာသည်။
ထိုပုံရိပ်ကို ကြည့်လိုက်ပြီး လူအိုကြီးက အတိတ်ကို သတိရသွားပုံပေါ်သည်။
“ခွေမျိုးနွယ်အတွက် အမွေအနှစ်မရှိတော့ဘူးလို့ ထင်နေတာ ....”
လူအိုကြီး၏နာမည်က ခွေချီဖြစ်သည်။ သူက ရှေးခေတ်ကတည်းက ရှင်သန်လာခဲ့သည်။
ပြင်ကလောက၏ ရန်သူများနှင့် တိုက်ပွဲတွင် သူ၏ ဝိညာဉ်က ပျက်စီးလုနီးပါး ဖြစ်သွားခဲ့သည်။ ထို့ကြောင့် သူက မူလကမ္ဘာအစိတ်အပိုင်း၏ စွမ်းအားကို အသုံးချပြီး အိပ်စက်နေခဲ့သည်။
ဟန်မူယဲ့နှင့် ရွှေကျီးကန်း၏ရှေ့တွင် ပေါ်လာသော လူအိုကြီးသည် လွန်ခဲ့သော နှစ်ပေါင်းများစွာတွင် စုစည်းထားခဲ့သော အကြွင်းအကျန်ဝိညာဉ် ဖြစ်သည်။
သူ၏ ခန္ဓာကိုယ်က ပြန်လည်နိုးထလာရန် မဖြစ်နိုင်တော့ပေ။
“မင်းက မဟာတောရိုင်းကမ္ဘာကို ရောက်ပြီးပြီလား”
“ခွန်းဝူလား”
“မူလကမ္ဘာက တကယ်ပျက်စီးသွားပြီပဲ”
ခွေချီက ဤကမ္ဘာ၏အကြောင်းကို အကြမ်းဖျင်းသိထားသော်လည်း မဟာတောရိုင်းကမ္ဘာနှင့် ခွန်းဝူ၏အကြောင်းကို မသိပေ။
ဟန်မူယဲ့က မဟာတောရိုင်းကမ္ဘာသို့ ရောက်သွားပြီး ခွန်းဝူကို ထိန်းချုပ်ထားသည်။
ရွှေကျီးကန်းကပင် သူ့နောက်သို့လိုက်ရန် ရွေးချယ်ခဲ့သည်။
မဟာတောရိုင်းကမ္ဘာသည် အဆီအနှစ်ဝိညာဉ်နှင့် အစစ်အမှန်ဝိညာဉ်ကို လေ့ကျင့်သည်။ ခွန်းဝူသည် လောကတွင်ရှိသော နတ်ဘုရားသားရဲများ၏ ရည်မှန်းချက် ဖြစ်သော်လည်း ချိပ်ပိတ်ခံထားရသော နယ်မြေတစ်ခုသာ ဖြစ်နေသည်။
ဟန်မူယဲ့၏ စကားကြောင့် ခွေချီက ခံစားချက်များဖြင့် ပြည့်နှက်နေသည်။
သူက ကမ္ဘာဦးခေတ်ကတည်းက အိပ်ပျော်နေခဲ့သောကြောင့် နောက်ပိုင်းခေတ်များကို မသိတော့ပေ။
အပျက်အစီးနယ်မြေ ....
မဟာတောရိုင်းကမ္ဘာ ....
ခွန်းဝူ ....
သူ့မျက်လုံးထဲတွင် တမ်းတမှုများ ပေါ်လာသည်။
ထိုနေရာသည် သူ၏အိမ် ဖြစ်သည်။
“အမှန်အတိုင်းပြောရရင် ကောင်းကင်စက်ဝန်းနတ်ဘုရားလောကမှာ မူလကမ္ဘာ ရှိနေသေးတယ်”
“အစိတ်အပိုင်းတစ်ခုပေါ့”
ခွေချီက လေးနက်သောမျက်နှာထားဖြင့် ဟန်မူယဲ့နှင့် ရွှေကျီးကန်းကို ကြည့်သည်။
‘နောက်ထပ် မူလကမ္ဘာတစ်ခုလား’
ဟန်မူယဲ့နှင့် ရွှေရောင်ငှက်က သိချင်နေသည်။
“ကောင်းကင်စက်ဝန်းလှောင်အိမ် ဒါမှမဟုတ် ကောင်းကင်စက်ဝန်းစစ်မြေပြင်”
“အဲဒီနေရာမှာ မရေမတွက်နိုင်တဲ့ မူလကမ္ဘာအစိတ်အပိုင်းတွေ ရှိနေတယ်”
“အဲဒီနေရာမှာရှိတဲ့ စွမ်းအားက ရှေးအကျဆုံးပဲ။ ကျွမ်းကျင်သူတွေအားလုံးက အဲဒီမှာ နေကြတယ်”
ခွေချီက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
“မင်းတို့မြင်နိုင်တဲ့အတိုင်းပဲ မူလကမ္ဘာမှာ ကပ်ဘေးမရှိဘူး”
မူလကမ္ဘာသည် ကပ်ဘေးကို ကျော်လွှားနိုင်သည်။
ထို့ကြောင့် အိပ်စက်နေသော ခွေချီက ယခုအချိန်အထိ ရှင်သန်နိုင်ခဲ့သည်။
ထိုသို့မဟုတ်လျှင် သူက မရေမတွက်နိုင်သော ကပ်ဘေးများကြောင့် ပျောက်ကွယ်သွားလိမ့်မည်။
“အဲဒါဆိုရင် ကောင်းကင်စက်ဝန်းစစ်မြေပြင်မှာ မရေမတွက်နိုင်တဲ့ ကျွမ်းကျင်သူတွေ ရှိနေမှာပေါ့”
ဟန်မူယဲ့က မျက်မှောင်ကြုတ်သည်။
‘ကပ်ဘေးကို ကျော်လွှားနိုင်တဲ့ အဲဒီလိုနေရာမျိုး တကယ်ရှိနေတာလား’
‘အဲဒါဆိုရင် နတ်ဘုရားကမ္ဘာက ဘာဖြစ်လို့ ကပ်ဘေးကို အစပျိုးနေတာလဲ’
“ကပ်ဘေးက ကမ္ဘာလောကကို ပြန်လည်စတင်တဲ့ စွမ်းအားတစ်မျိုးပဲ။ အဲဒါအတွက် ရွေးချယ်စရာမရှိဘူး”
“ကောင်းကင်စက်ဝန်းစစ်မြေပြင်လိုမျိုး နေရာတစ်ခုရှိနေရင် ကျွမ်းကျင်သူတွေက ကပ်ဘေးကိုရှောင်ရှားဖို့ ဖြစ်နိုင်တယ်”
“ဒါပေမဲ့ သူတို့က ကပ်ဘေးကို ရှောင်တိမ်းဖို့ပဲ မဟုတ်လောက်ဘူး”
ရွှေရောင်ငှက်၏အသံက အထင်သေးမှုများဖြင့် ပြည့်နေသည်။
သူတို့က ကပ်ဘေးကို ရှောင်လွှဲရုံသာမက ကပ်ဘေးကို စတင်နေကြသည်။
“မရေမတွက်နိုင်တဲ့ ကမ္ဘာတွေက သက်ရှိတွေရဲ့ သေဆုံးကြောင့် ဖြစ်ပေါ်လာတဲ့စွမ်းအားကို ကျင့်ကြံခြင်းအတွက် အသုံးပြုတယ်။ တကယ်ဆိုးဝါးတာပဲ”
ခွေချီက ညင်သာစွာ သက်ပြင်းချသည်။
သက်ရှိများအားလုံး၏ စွမ်းအားကို ကျင့်ကြံခြင်းအတွက် အသုံးပြုသည်။
ဟန်မူယဲ့က အံ့အားသင့်နေသည်။
ကျင့်ကြံခြင်းလောကတွင် သက်ရှိများအားလုံးသည် ကိုယ်ပိုင်ရည်ရွယ်ချက် ရှိကြသည်။
အကယ်၍ ကျင့်ကြံခြင်းလမ်းစဉ်က ပြတ်တောက်သွားလျှင်ပင် ရှင်သန်နိုင်ရန်အတွက် အစွမ်းကုန်သုံးရမည်။
သို့သော် အရာအားလုံးက ကြိုတင်သတ်မှတ်ထားပြီး ကြိုးစားအားထုတ်မှုများအားလုံးက အဆုံးတွင် ပျောက်ကွယ်သွားလိမ့်မည်။ ထိုသို့ဆိုလျှင် ကျင့်ကြံခြင်းက မည်သို့ ဖြစ်နေမည်းနည်း။
“အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူတွေက ဒါကို လိုလိုလားလား လက်ခံကြလား”
သူကရော လက်ခံနိုင်မည်လား။
လောက၏ ထိပ်တန်းအဆင့်ဖြစ်သော အင်မော်တယ်ဘုရင်တစ်ပါးဖြစ်လာအောင် အပြင်းအထန် ကြိုးစားခဲ့သည်။ သို့သော် တခြားလူများအတွက် အာဟာရဖြစ်သွားမည်ဆိုလျှင် မည်သူက လက်ခံနိုင်မည်နည်း။
“ဟားဟား၊ အဲဒါကြောင့် အဲဒီနေရာကို ကောင်းကင်စက်ဝန်းစစ်မြေပြင်လို့ ခေါ်တာပဲ”
“အဲဒီမှာ မရေမတွက်နိုင်တဲ့ အင်မော်တယ်ဘုရင်တွေ ကျဆုံးသွားတာကြောင့် ကောင်းကင်စက်ဝန်းစစ်မြေပြင် ဖြစ်လာခဲ့တယ်”
ခွေချီက ရယ်သည်။
သူမပြောလျှင် ဟန်မူယဲ့က ထိုအကြောင်းကို သိမည်မဟုတ်ပေ။
သူက ခွန်းဝူကို ထိန်းချုပ်ပြီး ကပ်ဘေးကို အစပျိုးခဲ့သည့်အတွက် အဆုံးမရှိသော တာဝန်ဝတ္တရားကို ထမ်းရွက်ထားသည်ဟု ခံစားခဲ့ရသည်။
သို့သော် ကောင်းကင်စက်ဝန်းစစ်မြေပြင်မှ ကျွမ်းကျင်သူများ၏အမြင်တွင် သူက သူတို့အတွက် အားဖြည့်ဆေးများ ပေါ်ထွက်လာအောင် ပြုလုပ်ပေးနေသော လူပြက်တစ်ယောက်သာ ဖြစ်သည်။
ယခင်က ရေမှင်စာ ဝူကျစ်ချီသည် ကောင်းကင်နှင့်မြေကြီးကို ထိုးခွဲပြီး ပြတ်သွားစွာ ထွက်သွားခဲ့သည်။ သူက ကောင်းကင်စက်ဝန်းစစ်မြေပြင်သို့ သွားရောက်ခြင်း ဖြစ်လိမ့်မည်။
ထိုလူများသည် သေခြင်းရှင်းခြင်းကို ဂရုမစိုက်ဘဲ လွတ်လပ်ခြင်းကိုသာ လိုချင်သည်။ သူတို့က ကျွန်ပြုမခံချင်ပေ။ ဟန်မူယဲ့က နားလည်သွားသည်။
“ကောင်လေး၊ မင်းက ငါ့ရဲ့ခန္ဓာကိုယ်ကို လွတ်လွတ်လပ်လပ် အသုံးပြုနိုင်တယ်”
“ဒီမူလကမ္ဘာအစိတ်အပိုင်းကိုလည်း သန့်စင်နိုင်တယ်”
ခွေချီက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
“မူလကမ္ဘာကိုသွားရင် ငါ့ကို ခေါ်သွားပါ”
ယခင်က တစ်ယောက်ယောက်သည် သူ့ကို ထိုသို့ ပြောခဲ့သည်။
ဟန်မူယဲ့က လက်ဖြန့်လိုက်သည်။ အစိမ်းရောင်သန်းနေသော သိုးဦးချိုတစ်ခုသည် ဟန်မူယဲ့၏ လက်ထဲတွင် ပေါ်လာသည်။
“ဝီ”
အစိမ်းရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်သည် ဦးချိုထဲမှ ထွက်လာခဲ့သည်။
“သိုးလား”
ခွေချီက အနည်းငယ် အံ့အားသင့်သွားသည်။
“ကြွယ်ဝမှုကို ဆာလောင်နေတဲ့ အဲဒီကောင်လား”
ရွှေရောင်ငှက်ကလေးက ရေရွတ်သည်။
“ဟားဟား၊ ခွေနဲ့ ရွှေကျီးကန်းပဲ”
အစိမ်းရောင်ဝတ်စုံနှင့် လူအိုကြီးက ဦးညွတ်လိုက်သည်။
သိုးဦးချိုသည် အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ သိုးငါးကောင်စံအိမ်မှ ဖြစ်သည်။
သိုး၏ အကြီးမားဆုံး ဂုဏ်သတင်းက ကြွယ်ဝမှုကို စုဆောင်းနိုင်ခြင်း ဖြစ်သည်။ ထို့အပြင် လောက၏ ဝိညာဉ်သတ္တုများကိုလည်း အာရုံခံစားနိုင်သည်။
“ဒါက မူလကမ္ဘာလား”
သိုးက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး စိတ်ပျက်သွားသည်။
“ဒါက အစိတ်အပိုင်းတစ်ခုပဲ”
ခန္ဓာကိုယ်များ ကျန်သေးသော ရွှေကျီးကန်း၊ ခွေတို့နှင့် မတူဘဲ သိုးသည် ဝိညာဉ်တစ်ခုသာ ဖြစ်သည်။
သူက အချိန်ကြာမြင့်စွာမနေဘဲ ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကိုသာ ပြောပြခဲ့သည်။
သူက လွန်ခဲ့သော ကပ်ဘေးခေတ်များတွင် သိုးငါးကောင်မီးပြင်းဖို၌ သန့်စင်ခံလိုက်ရသည်။
မီးပြင်းဖိုကို သန့်စင်ခဲ့သောလူက သိုး၏စွမ်းရည်ကို အသုံးပြုပြီး ကြွယ်ဝမှုကို ရှာဖွေချင်ခဲ့သည်။
“နတ်ဘုရားကမ္ဘာရဲ့လူတွေကို သတိထားပါ”
“သူတို့ရဲ့ နောက်ကွယ်မှာ စိတ်ကူးမယဉ်နိုင်တဲ့ ကျွမ်းကျင်သူတွေ ရှိနေတယ်”
သိုးက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ပျောက်ကွယ်သွားသည်။
အင်မော်တယ်ဘုရင်အဆင့်ကို ကျော်လွန်နေသော လူများသည် နတ်ဘုရားကမ္ဘာ၏ နောက်ကွယ်တွင် ရှိနေကြသည်။
ထို့ကြောင့် အင်မော်တယ်ဘုရင် ထုံထျန်းကပင် သတိထားနေရသည်။
မဟာပျက်စီးခြင်းကမ္ဘာ၏ နတ်ဘုရားသားရဲများသည် နောက်ကွယ်တွင်ရှိနေသောလူကို မသိသော်လည်း အာရုံခံနိုင်သည်။ ထို့ကြောင့် အပျက်အစီးနယ်မြေမှ ထွက်မလာကြပေ။
တူညီစွာပင် အပျက်အစီးနယ်မြေသည် ကျွမ်းကျင်သူများ၏ လက်ကျန်စိတ်ဆန္ဒ ဖြစ်သည်။
သူတို့က ကပ်ဘေးတွင် ကျဆုံးသွားသော်လည်း လက်မခံနိုင်ခဲ့ပေ။
သူက ထိုပုံရိပ်ယောင်ကမ္ဘာများကို ပြန်ပေါ်လာအောင်လုပ်ပြီး ကောင်းကင်စက်ဝန်းစစ်မြေပြင်၏ ကျွမ်းကျင်သူများနှင့် တိုက်ခိုက်လျှင် မည်သို့ ဖြစ်သွားမည်နည်း။
ဟန်မူယဲ့က တွေးကြည့်နေသည်။
သူက ခွေချီ၏ အကူအညီဖြင့် ခွေသားရဲရုပ်ခန္ဓာကို သန့်စင်လိုက်သည်။
ကမ္ဘာဦးချပ်ဝတ် ပေါ်လာသည်။ ရွှေအလင်းသည် ခွေသားရဲ၏ ရုပ်ခန္ဓာနှင့် မူလကမ္ဘာ၏ အစိတ်အပိုင်းကို လွှမ်းခြုံသွားသည်။
အဆုံးတွင် ကောင်းကင်၊ မြေကြီးနှင့် ခွေသားရဲက ပျောက်ကွယ်သွားသည်။ ခွေသားရဲ၏ ပုံရိပ်သည် ချပ်ဝတ်တွင် ပေါ်လာသည်။
ယခုအချိန်တွင် ကမ္ဘာဦးချပ်ဝတ်က အပြည့်အဝ ပြန်ကောင်းသွားရုံသာမက ပိုမိုသန်မာလာသည်။
ရွှေကျီးကန်း၏ စကားအရ မူလကမ္ဘာကို တိုက်ခိုက်ခဲ့သော ကျွမ်းကျင်သူများကြားတွင် ထိုချပ်ဝတ်ကို အဆင့်မြင့်ချပ်ဝတ်အဖြစ် ယူဆနိုင်သည်။
သူတို့က နတ်ဘုရားသားရဲများကို ဖမ်းယူပြီး တချို့ကို ချပ်ဝတ်နှင့် ရုပ်သေးရုပ်များအဖြစ် သန့်စင်လိုက်ကြသည်။
“ဘုန်း”
အနက်ရောင်ချပ်ဝတ်သည် ဟန်မူယဲ့၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည်။
သူ့နောက်ကျောတွင် ဓားအိမ်အတွက် နေရာတစ်ခု ရှိနေသည်။
သွေးရောင်အလင်းသည် ချပ်ဝတ်ပေါ်တွင် စီးဆင်းနေသည်။
သွေးစက်ကျချောက်ကမ်းပါး၏ ဖိနှိပ်နိုင်သော ဝင်္ကပါစွမ်းအား ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် နဂါးမိကျောင်း၏ ပြင်းထန်သောစွမ်းအားသည် ဟန်မူယဲ့၏ ခန္ဓာကိုယ်ထဲတွင် ဆက်လက်လှုပ်ရှားနေသောကြောင့် ဖြစ်သည်။
လျှပ်စီးကြောင်းများသည် ဟန်မူယဲ့၏ ခန္ဓာကိုယ်တွင် သွယ်ယှက်နေပြီး နဂါးမိကျောင်း၏စွမ်းအားကို ချေဖျက်၍ ကိုယ်ပိုင်စွမ်းအားအဖြစ် ပြောင်းလဲပေးသည်။
ခွေသားရဲ၏ လျှပ်စီးကြောင်းများကြောင့် နဂါးမိကျောင်း၏ စွမ်းအားက ဟန်မူယဲ့နှင့် ပေါင်းစပ်သွားသည်။
ဖြည်းဖြည်းချင်း သန့်စင်နေသော ဖြစ်ရပ်ထက် ပိုမိုလျင်မြန်သည်။
ဟန်မူယဲ့၏ ရုပ်ခန္ဓာက ဖြည်းဖြည်းချင်း တည်ငြိမ်သွားသည်။
သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် မဟာတောရိုင်းကမ္ဘာမှ နတ်ဘုရားသားရဲအများစုထက် သာလွန်နေသည်။
ခွန်အားသက်သက်ဖြင့် အင်မော်တယ်ဘုရင်ကို တိုက်ခိုက်နိုင်လိမ့်မည်။