← Chapters

ကမ္ဘာဦးဘုံ၏ ပြောင်းပြန်ဘက်ခြမ်း

Vol. 79 Ch. 1021

ကမ္ဘာဦးဘုံ၏ ပြောင်းပြန်ဘက်ခြမ်း

Vol. 79 Ch. 1021

ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နတ်အရှင်အတော်များများမှာ ဥခွံက ချင်မူ့လက်ထဲတွင် ရှိကြောင်း မသိကြပေ။ သူက ဥခွံ ခိုးခဲ့သည့်နေ့တုန်းက ကောင်းကင်နတ်အရှင်ယန်မှ လွဲ၍ ကောင်းကင်နတ်အရှင်အားလုံးနီးပါးကို အရူးလုပ်ခဲ့သည် မဟုတ်ပါ‌လော။

ကောင်းကင်နတ်ဧကရာဇ်၏ ဥခွံကို မည်သူခိုးသွားမှန်း ကောင်းကင်နတ်အရှင်ဆယ်ယောက် မသိလိုက်ြပေ။ သို့သော် ကောင်းကင်နတ်အရှင်ယန်၏ ကြောင်ဖြူလေး မည်မျှအစွမ်းထက်သည်ကိုတော့ သိကြ၏။ ကြောင်ဖြူလေးသည် ကောင်းကင်နတ်ဧကရာဇ် အယောင်ဆောင်၍ ဥခွံခိုးသွားသူကို မြင်ခဲ့ပြီး ထိုလူက မည်သူဖြစ်ကြောင်းလည်း ခန့်မှန်းနိုင်ခဲ့လိမ့်မည်။

ကြောင်ဖြူလေးအား သူတို့ စောင့်ကြည့်နေသရွေ့ သဲလွန်စများမှတစ်ဆင့် ကောင်းကင်နတ်ဧကရာဇ်၏ ဥခွံကို ခြေရာခံနိုင်သည်။

တစ်နည်းပြောရလျှင် ကောင်းကင်နတ်အရှင်ရှောင်နှင့် ကျန်ရှိသူများသည် ချင်မူ့ကို အမှန်တကယ် ထောက်လှမ်းစောင့်ကြည့်နေခြင်း မဟုတ်ဘဲ ကောင်းကင်နတ်အရှင်ယန်၏ ကြောင်ဖြူလေးကိုသာ ကြည့်ရှုနေခြင်း ဖြစ်၏။

ကြောင်လေး ချင်မူ့ကို လာရှာတုန်းက ညအမှောင်ကို အခွင့်ကောင်းယူကာ တိတ်တဆိတ် လှုပ်ရှားခဲ့သည်။ သို့သော် ကောင်းကင်နတ်အရှင်ရှောင်နှင့် ကျန်ရှိသူများ၏ ထောင်ချောက်ထဲကိုမှ တည့်တည့်ဝင်တိုးမိသွား၏။ ကြောင်ဖြူလေး အလျင်အမြန် ထွက်သွားသည့်အချိန်တွင် သူ့ကို ချောင်းနေသော ကောင်းကင်နတ်အရှင်များ ထလှုပ်ရှားသည်မှာ မထူးဆန်းပေ။

ကောင်းကင်နဂါး ရတနာရထားလှည်း၏ အပေါ်တွင် ချင်မူက ကောင်းကင်ထက်၌ ဖြစ်ပျက်နေသော တိုက်ပွဲကို ကြည့်နေသည်။ သူ မျက်မှောင်ကြုတ်သွားပြီး ခပ်တိုးတိုး ရေရွဝ်လိုက်၏။ “ငါ ကောင်းကင်နတ်ဧကရာဇ်ရဲ့ ဥခွံကို ကြောင်ဖြူလေးဆီ ပေးခဲ့ရမှာ... တကယ့်ဥခွံကပဲ ကောင်းကင်နတ်အရှင်ဆယ်ယောက်ကို အမှန်တကယ် ခွာပြဲသွားစေနိုင်တယ်... ကောင်းကင်နတ်အရှင်တွေ တိုက်ပွဲပြီးသွားရင် ကြောင်ဖြူလေးမှာ ဥခွံအစစ် မရှိမှန်း သိသွားမယ်... ဒါဆို ငါ့ကို သံသယဝင်လာမယ်.. ပြီးတာနဲ့ သူတို့ရဲ့ ဆက်ဆံရေးက အေးချမ်းသာယာတဲ့ အခြေအနေ ပြန်ဖြစ်သွားမယ်”

နတ်ဘုရင်လန်ဝူက ရယ်မောကာ ပြောသည်။ “အထွတ်အမြတ်ကလေးငယ်... အဲဒီလိုတွေးတာ မှားနေတယ်”

ချင်မူလည်း နှိမ့်ချစွာ မေးလိုက်မိ၏။ “မမကြီးနတ်ဘုရင်က ဘယ်လိုထင်ပါသလဲ”

“သူတို့ ကြောင်လေးကို လုပြီးသွားရင် ကြောင်ဖြူလေး အသက်ရှင်ရှင်၊ မရှင်ရှင်၊ ကောင်းကင်နတ်အရှင်ဆယ်ယောက် ကြိတ်တိုက်ခိုက်နေတာက ဘယ်တော့မှ ရပ်တန့်မှာ မဟုတ်ဘူး”

နတ်ဘုရင်လန်ဝူက ပြောသည်။ “အချက်အလက် အတိအကျရရင်တော့ နင့်ကို သံသယဝင်လိမ့်မယ်... ဒါပေမဲ့ အချက်အလက်က မသဲကွဲရင် တစ်ယောက်ကိုတစ်ယောက် သံသယဝင်မယ်... အခုဆို ကြောင်ဖြူလေးက ကောင်းကင်နတ်အရှင်လေးယောက်ကြားမှာ ဟိုလူ့လက်ထဲ ရောက်လိုက်၊ သည်လူ့လက်ထဲ ရောက်လိုက် ဖြစ်နေတယ်မဟုတ်လား... ဒီလိုအခြေအနေမှာ ဘယ်သူမဆို ကောင်းကင်နတ်ဧကရာဇ်ရဲ့ ဥခွံကို ယူသွားနိုင်တယ် ထင်ကြလိမ့်မယ်... ဒါကြောင့် တစ်ယောက်မှ ဥခွံမရလိုက်ပေမယ့် တစ်ယောက်ကိုတစ်ယောက် သံသယ ဝင်ကြဦးမှာပဲ... ဒါက ရိုးရိုးလေးနဲ့ ရှုပ်နေတယ် ခေါ်တာပေါ့လေ”

ချင်မူ မျက်တောင်ပုတ်ခတ်လိုက်မိ၏။

“အချက်အလက်တွေက ဖရိုဖရဲ ဖြစ်နေတဲ့အခါ တစ်ဖက်စောင်းနင်းပဲ သိကြလိမ့်မယ်.... အဲဒါက အချင်းချင်း သံသယဝင်စေတယ်”

နတ်ဘုရင်လန်ဝူသည် မနှေးမမြန် ပြော၏။ “ကောင်းကင်နတ်အရှင်ယန်ရဲ့ ကြောင်ဖြူလေးက နတ်ကောင်းကင်ခန်းမအဆင့် သိုင်းပညာရှင်တစ်ယောက်ဆိုပေမယ့် အထွတ်အမြတ်ကလေးငယ်ရဲ့ အသိစိတ်အလျဉ်နဲ့ ဖန်ဆင်းထားတာကို မမြင်ခဲ့ဘူး... သူက ရတနာကို ရသွားပြီလို့ ယုံကြည်ချက်ရှိရှိ တွေးထားတယ်... ကောင်းကင်နတ်အရှင်တွေ သူ့ကို လုနေတဲ့အချိန်မှာ အထွတ်အမြတ်ကလေးငယ်ရဲ့ အသိစိတ်အလျဉ်က ပျောက်ကွယ်သွားမှာပဲ... သူ့အမြင်မှာ ကောင်းကင်နတ်အရှင်တစ်ယောက် ယူသွားတဲ့ ပုံစံ ဖြစ်နေလိမ့်မယ်... သူ အသက်ရှင်ရင်တောင် သူ့ကိုယ်သူ ဘာဖြစ်သွားမှန်း သိမှာ မဟုတ်ဘူး... အထွတ်အမြတ်ကလေးငယ်က ဒီကိစ္စကနေ အလွတ်ကြီးပါ... ဒီတိုက်ပွဲကို ဘေးကနေ ရပ်ကြည့်နေရုံပါပဲ”

ချင်မူ အတွေးထဲ နစ်မျောသွားစဉ် ကောင်းကင်နဂါး ရတနာရထားလှည်းက အဝေးသို့ ဆက်လက်မောင်းနှင်သွားလေသည်။

“ကောင်းကင်နတ်အရှင်လေးယောက်အပြင် ကျန်တဲ့ ကောင်းကင်နတ်အရှင်တွေလည်း ဒီအရှုပ်ထဲ ပါလာပြီး ပိုရှုပ်ထွေးသွားလိမ့်မယ်... ကောင်းကင်နတ်ဧကရာဇ်ရဲ့ ဥခွံ ဘယ်သူ့လက်ထဲ ရှိနေလဲဆိုတာ အရေးမကြီးတော့ဘူး”

နတ်ဘုရင်လန်ဝူက ပြတင်းကာအပြင်သို့ ကြည့်ကာ ပြော၏။ “ငါးယောက်မြောက် ကောင်းကင်နတ်အရှင် စလှုပ်ရှားနေပြီ.... ဒီတိုက်ပွဲပြီးရင် ကောင်းကင်နတ်အရှင်တွေအကြားက မသင့်မြတ်မှုတွေဟာ ရင်ကြားစေ့နိုင်တဲ့ အတိုင်းအတာထက် လွန်သွားလိမ့်မယ်”

ကောင်းကင်တွင် အမှောင်ထု လွှမ်းခြုံသွားသည်။ ကောင်းကင်နတ်အရှင်ရှု လှုပ်ရှားလိုက်ဟန်တူ၏။

ထို့နောက် ဆဋ္ဌမကောင်းကင်နတ်အရှင်လည်း‌ ပေါ်လာပြီး ကြောင်လုပွဲ၌ ဝင်ပါလာသည်။

ကောင်းကင်နတ်အရှင်တစ်ယောက်က ကြောင်ဖြူလေးကို ရသွားသဖြင့် မိုးကုပ်စက်ဝန်း၌ ပျောက်ကွယ်သွားသည်။ ကျန်ကောင်းကင်နတ်အရှင်များလည်း ထိုကောင်းကင်နတ်အရှင်နောက် လိုက်သွားရင်း တစ်ယောက်ပြီးတစ်ယောက် ပျောက်သွားကြသည်။

ဤသည်ကား ကောင်းကင်နတ်အရှင်များ တရားဝင် ခွာပြဲသော တိုက်ပွဲ ဖြစ်ချေသည်။

ချင်မူ အကြည့်လွှဲကာ ပြောလိုက်သည်။ “ကမ္ဘာဦးဘုံက မမကြီးနတ်ဘုရင် ရှာနေတဲ့ ဘိုးဘိုးနန်းတော်လား”

နတ်ဘုရင်လန်ဝူလည်း အကြည့်လွှဲလိုက်ပြီး ခေါင်းယမ်းကာ ဖြေ၏။ “မဟုတ်ဘူး... ယွမ်တုက အမိကမ္ဘာမြေရဲ့ မွေးရပ်ဌာနေ၊ ဖန်ဆင်းရှင်တွေရဲ့ ဘိုးဘေးနန်းတော်မဟုတ်ဘူး.. ဖန်ဆင်းရှင်မျိုးနွယ်တွေရဲ့ မှတ်ဉာဏ်ထဲမှာ ဘိုးဘေးနန်းတော်က ပိုပြီး သယံဇာတ ပေါကြွယ်ဝတယ်.. ပါရမီရှင်တွေ၊ ရတနာတွေ ပေါများတယ်... ဒါပေမဲ့ ငါတို့မျိုးနွယ် ဖြတ်သန်းခဲ့ရတဲ့ ကပ်ဘေးဒုက္ခတွေကြောင့် လက်ဆင့်ကမ်းရခဲ့တဲ့ သတင်းအချက်အလက်တွေဟာ မစုံလင်တော့ဘူး”

ချင်မူ တခဏ စဉ်းစားကြည့်ကာ ပြောလိုက်သည်။ “ဒါဖြင့် ကမ္ဘာဦးဘုံရဲ့ ပြောင်းပြန်ဘက်ခြမ်းများ ဖြစ်နိုင်မလား... ဘယ်သူမှ အဲဒီကို မရောက်ဖူးပေမယ့် အဲဒီနေရာက အင်မတန်ကြီးမားကျယ်ပြောတယ်.... ကမ္ဘာဦးဘုံထက် မသေးဘူး”

နတ်ဘုရင်လန်ဝူက မေးသည်။ “အထွတ်အမြတ်ကလေးငယ်၊ ကမ္ဘာဦးဘုံရဲ့ ပြောင်းပြန်ဘက်ခြမ်းကို ရောက်ဖူးလား”

ချင်မူ ခေါင်းယမ်းကာ ရယ်လိုက်မိ၏။ “ကမ္ဘာဦးဘုံမှာ ကျွန်တော် အဝေးဆုံး ရောက်ဖူးတာဆိုလို့ အဆုံးသတ်မြို့ပျက်ပဲ ရှိတယ်... ကမ္ဘာဦးဘုံရဲ့ ပြောင်းပြန်ဘက်ခြမ်းမှာ ဘာရှိနေလဲ ကျွန်တော်မသိဘူး... ဒီကောင်းကင်နဂါး ရတနာရထားလှည်းက တော်တော်မြန်တယ်... အဲဒီကို တစ်ချက်လောက် သွားကြည့်ကြရင် မကောင်းဘူးလား”

နတ်ဘုရင်လန်ဝူလည်း ခေါင်းညိတ်ကာ သဘောတူ၏။

ချင်မူက ရထားလှည်းဆွဲနေသော ကောင်းကင်နဂါးခြောက်ကောင်ကို အရှေ့ပင်လယ်ဆီ သွားရန် ချက်ချင်း အမိန့်ပေးလိုက်သည်။

ရထားလှည်းသည် လျှပ်စီးကဲ့သို့ လေဟုန်စီးရင်း ပြိုင်ဘက်ကင်းသော အမြန်နှုန်းဖြင့် မောင်းနေ၏။ ၎င်း ဖြတ်သွားသည့်အခါ ကောင်းကင်ထက်တွင် တောက်ပနေသည့် အလင်းတန်းတစ်တန်း ကျန်ခဲ့သည်။ ဆယ်ရက်ကျော် ကြာ၍ ချင်မူ အပြင်သို့ ကြည့်လိုက်သည့်အခါ ပင်လယ်ပြင်မှာ အဆုံးမသတ်သေးကြောင်း မြင်လိုက်ရသည်။ သူ မစိုးရိမ်မိဘဲ မနေတော့ပေ။

ရတနာရထားလှည်းက သူ့ထက် လျင်မြန်စွာ မောင်းနှင်နိုင်သည်။ သူသာဆိုလျှင် ယနေ့ ရောက်နေသည့် နေရာအထိ ခြောက်လကြာလိမ့်မည်။ သို့သော် ကမ္ဘာဦးဘုံ၏ အဆုံးအား သူတို့ မမြင်ရသေးပေ။ ပင်လယ်ပြင်ထက် တစ်ပိုင်းတစ မြေထုများကိုသာ မြင်ရသည်။

‘မကြာခင် အဆုံးသတ်မြို့ပျက်ဆီ ရောက်သင့်နေပြီ’ ချင်မူ တွေးလိုက်မိသည်။

ရတနာရထားလှည်းက ရှေ့သို့ ဆက်သွားရင်း အဆုံးသတ်မြို့ပျက်ကို ကျော်ဖြတ်သွားသည်။ နောက်ထပ် ဆက်ရက်ကျော်ကျော် ကြာသည့်အခါ ချင်မူ အပြင်သို့ ကြည့်လိုက်၏။ အရှေ့တွင် မျက်စိတစ်ဆုံး ဆန့်တန်းနေသော မြေထုကြီးတစ်ခု ပေါ်လာသည်။ မြေပြင်ပေါ်၌ အလွန်မတ်စောက်သော တောင်တန်းများ ရှိနေလေသည်။

‘ဒါက ကမ္ဘာဦးဘုံရဲ့ အဆုံးသတ်များလား’

ချင်မူ ဝမ်းသာသွားသည်။ ကောင်းကင်နဂါး ရတနာရထားလှည်းက ဤတောင်များအပေါ်မှ ဖြတ်ကျော်သွား၏။ တောင်ထိပ်တွင် ဖြူဆွတ်နေသော နှင်းများ ဖုံးလွှမ်းနေလေသည်။ မြေတစ်ပြင်လုံး အေးခဲနေပြီး သတ္တဝါများ နေထိုင်နေသည့် အရိပ်လက္ခဏာ မတွေ့ရချေ။ နှင်းဖုံးတောင်တန်းများအပေါ်မှ ဖြတ်လာပြီးနောက်တွင် ချင်မူ အောက်သို့ ငုံ့ကြည့်လိုက်ပြီး အနောက်ကမ္ဘာမြေကို မြင်လိုက်ရသည်။

ချင်မူ မှင်သက်သွားသည်။ သူ နောက်လှည့်ကြည့်သည့်အခါ ကမ္ဘာဦးဘုံ၏ ပင်လယ်က ရေပြင်ညီအတိုင်း ပြန့်ပြူးလျက်ပင်၊ လုံးဝန်းမသွားပေ၊ သို့သော် သူတို့သည် ပင်လယ်ပြင်ကို ဖြတ်၍ အနောက်ကမ္ဘာမြေသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့၏။

ဤသည်ကား မဖြစ်နိုင်။

သူ ပိုင်ချွီအာနှင့်အတူ ကမ္ဘာဦးဘုံ၏ ကောင်းကင်များအထက်တွင် လျှောက်သွားဖူးသည်။ ကမ္ဘာဦးဘုံကို ကောင်းကင်အလွန်မှ ငုံ့ကြည့်ပါက မြေပြင်သည် ကမ္ဘာလုံးမဟုတ်ဘဲ ပြားကပ်နေသော မျက်နှာပြင်တစ်ခုသာ ဖြစ်၏။

ထိုသို့ဆိုလျှင် အရှေ့ပင်လယ်ဆီ ဦးတည်သွားခဲ့သော်လည်း ကမ္ဘာဦးဘုံ၏ အဆုံးသတ်သို့ ရောက်မည့်အစား အနောက်ကမ္ဘာမြေဆီ ရောက်လာခဲ့သနည်း။

“ကမ္ဘာဦးဘုံရဲ့ တစ်ဖက်ခြမ်းကို တစ်ယောက်ယောက် ဖွက်ထားတာပဲ ဖြစ်မယ်”

ချင်မူ စိတ်လှုပ်ရှားလာသည်။ “ကမ္ဘာဦးဘုံရဲ့ ပြောင်းပြန်ဘက်ခြမ်းကို ဖွင့်ဖို့ နေရာဟင်းလင်းပြင်ကို ခေါက်ထားရတယ်... ဒါကြောင့် ကမ္ဘာဦးဘုံရဲ့ အနားသတ်တွေဟာ ခေါက်ခံထားရလိမ့်မယ်... ဒီကိစ္စမှာ တကယ်ခက်တာက ကမ္ဘာဦးဘုံကို ခေါက်တာမဟုတ်ဘဲ ချုပ်ထားတဲ့အပိုင်းပဲ... ကောင်းကင်နတ်အရှင်ဆယ်ယောက် ဒါမှမဟုတ် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ပဲ ဒီလိုလုပ်နိုင်တယ်... ဒါဆို သူတို့က ဘာကြောင့် ကမ္ဘာဦးဘုံရဲ့ ပြောင်းပြန်ဘက်ခြမ်းကို ဖွက်ထားချင်တာလဲ”

နတ်ဘုရင်လန်ဝူသည် သူ့ကို စပ်စပ်စုစု ကြည့်နေ၏။ ချင်မူက ရထားလှည်းထဲမှ ထွက်၍ နှင်းဖုံးတောင်တန်းများအပေါ် ပျံတက်သွားကာ သံလိုက်ဆွဲအား ကောင်းကင်နတ်သိုင်း သုံး၍ ပိတ်လှောင်ထားခြင်း ရှိမရှိ သွေးတိုးစမ်းကြည့်နေသည်။ ထို့နောက် ခေါင်းယမ်းသည်။ “ပိတ်ထားတဲ့ အရိပ်အယောင်တွေ မတွေ့ဘူး... ပွင့်လိုက်”

သူ့မျက်ခုံးနှစ်ဖက်ကြားရှိ မျက်လုံး ပွင့်လာပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုသည်။ အချိန်တချို့ကြာသော် သူ့မျက်ခုံးနှစ်ဖက်ကြားရှိ မျက်လုံး ပိတ်သွား၏။ သူ၏ အံ့ဖွယ်တတိယမျက်လုံးဖြင့်ပင် ဤဧရိယာအတွင်း၌ နေရာဟင်းလင်းပြင် ချိတ်ပိတ်ခံထားရသော အရိပ်အယောင် ရှာမတွေ့ပေ။

“မူလဝိညာဉ် ထွက်လိုက်”

ချင်မူ၏မူလဝိညာဉ်က ပျံထွက်သွားပြီး မြေကြီးအောက်ထဲသို့ နက်နိုင်သမျှ နက်နက် ငုပ်လျှိုးသွားသည်။

ချိတ်ပိတ်ထားမှု၏ အရိပ်အယောင်အား မမြင်ရသဖြင့် မူလဝိညာဉ်သုံးကာ မြေကြီးထဲ ငုပ်လျှိုးသွားနေခြင်း ဖြစ်သည်။ ကမ္ဘာဦးဘုံ၏ ပြောင်းပြန်ဘက်ခြမ်းသို့ ရောက်ကောင်း ရောက်သွားနိုင်သည် မဟုတ်ပါလော။

အချိန်အတော်လေးကြာသော် ချင်မူ၏မူလဝိညာဉ်က မြေပြင်ထက်မှ ရုတ်တရက် ပျံတက်လာပြီး ဘေးဘီဝဲယာအား ဇဝေဇဝါ ကြည့်သည်။

နတ်ဘုရင်လန်ဝူက မေးလေသည်။ “အထွတ်အမြတ်ကလေးငယ်၊ ဘာမြင်လို့လဲ”

ချင်မူမှာ မူလဝိညာဉ်ကို ပြန်သိမ်းရင်း ထူးဆန်းသော မျက်နှာအမူအရာ ရှိနေသည်။ “ကျွန်တော် မြေကြီးအောက်ထဲ ဝင်သွားတုန်းက မြေအောက်မျိုးနွယ်တချို့ မြင်ခဲ့ရတယ်... သူတို့က မြေကြီးအောက်ထဲက နေရာဟင်းလင်းပြင်မှာ နေထိုင်ပြီး ချော်ရည်ဆီက အလင်းရောင်တွေနဲ့ အသက်ရှင်သန်နေကြတာ... ကျွန်တော် အောက်ဆက်ငုပ်သွားရင်း မိုင်ပေါင်းများစွာ သွားပြီးတော့ ကမ္ဘာဦးဘုံရဲ့ ပြောင်းပြန်ဘက်ခြမ်းကို ရောက်တော့မယ် ခံစားလိုက်ရတယ်... ဒါပေမယ့် မြေကြီးကနေ ဖောက်ထွက်လိုက်တော့ ဒီကို ပြန်ရောက်နေတာပဲ... ဒီကမ္ဘာဦးဘုံက...”

သူ၏မျက်နှာအမူအရာမှာ ပို၍ ထူးဆန်းလာသည်။ “ကမ္ဘာဦးဘုံမှာ တကယ်တော့ ပြောင်းပြန်ဘက်ခြမ်း မရှိဘူး”

နတ်ဘုရင်လန်ဝူလည်း မှင်သက်သွား၏။ သူမက မျက်ခုံးနှစ်ဖက်ကြားမှ မိုးမခသစ်ရွက်ကို ဖယ်လိုက်ပြီး အသိစိတ်အလျဉ်ဖြင့် မြေကြီးထဲ ထိုးဖောက်သွားသည်။ အချိန်တချို့ကြာသော် သူမ၏အသိစိတ်အလျဉ်က မြေကြီးထဲမှ ပျံထွဥ်လာသည်။

သူမ၏အသိစိတ်အလျဉ်လည်း တူညီသောအရာကို ခံစားလိုက်ရသည်။ မြေကြီးထဲ ငုပ်လျှိုးသွားပြီး တစ်ဖက်မျက်နှာသို့ ဖောက်ထွက်လာသည့်အခါ ကမ္ဘာဦးဘုံ၏ အတည့်ဘက်ခြမ်းသို့ ပြန်ရောက်လာ၏။

ဤသည်က နေရာဟင်းလင်းပြင် ပိတ်ထားခြင်းဖြစ်လျှင် သူတို့နှစ်ယောက်ပေါင်း၏ အသိအမြင်ထက် များစွာ အဆင့်မြင့်မားချေသည်။

ဤကဲ့သို့ ပိတ်ထားနိုင်ရန် ကမ္ဘာဦးဘုံတစ်ဘုံလုံး၏ နေရာဟင်းလင်းပြင်တစ်ခုလုံးအား အလုံးစုံ ခေါက်ထားရန် လိုအပ်သည်။ ထိုအခါ ပြောင်းပြန်ဘက်ခြမ်းမရှိတော့ဘဲ အတည့်ဘက်ခြမ်းသာ ရှိသော ကမ္ဘာတစ်ကမ္ဘာ ဖြစ်လာမည်။

‘ကောင်းကင်ကနေ ကမ္ဘာဦးဘုံရဲ့ ပြောင်းပြန်ဘက်ခြမ်းကို မြင်နိုင်မလား မသိဘူး....’

ချင်မူမှာ ဤသို့ တွေးလိုက်မိသော်လည်း တွန့်ဆုတ်သွားပြန်သည်။ သူနှင့် ပိုင်ချွီအာ ကမ္ဘာဦးဘုံ၏အပြင်သို့ ပြန်ထွက်ပြီး လျှောက်သွားခဲ့သော်လည်း ကမ္ဘာဦးဘုံ၏ ပြောင်းပြန်ဘက်ခြမ်းအား ရှာမတွေ့ခဲ့ပေ။ ထိုအချိန်တုန်းက မိုးမမြင်လေမမြင် ဖြစ်ခဲ့ကြသဖြင့် မည်သည်ကိုမှလည်း သတိမထားမိခဲ့ကြ။

ယခု ပြန်စဉ်းစားကြည့်သည့်အခါ သူတို့ ကမ္ဘာဦးဘုံ၏ ပြောင်းပြန်ဘက်ခြမ်းသို့ ပျံသန်းသွားလျှင် အတည့်ဘက်ခြမ်းကိုသာ မြင်ခဲ့ရလိမ့်မည်။ ၎င်းကား ထူးဆန်းလှသဖြင့် ချင်မူမှာ ကျောရိုးထဲ စိမ့်အေးသွားမိ၏။

“အထွတ်အမြတ်ကလေးငယ် ကောင်းကင်နတ်ဘုံရဲ့ ပြောင်းပြန်ဘက်ခြမ်းကို ရောက်ခဲ့ဖူးလား” နတ်ဘုရင်လန်ဝူက ရုတ်တရက် မေးသည်။

ချင်မူ မှင်သက်သွား၏။ သူက ငေးငေးကြောင်ကြောင်ဖြင့်‌ ခေါင်းယမ်းလိုက်လေသည်။

တွေးကြည့်တော့မှ အမှန်တကယ် ထူးဆန်းသည်။ ကောင်းကင်နတ်ဘုံတွင်လည်း ပြောင်းပြန်ဘက်ခြမ်း မရှိသည့်အလားပင်။

ထို့အပြင် ယိုတုထဲက မြေအောက်ဘုံအရှင်သခင်၏ ခြေထောက်အောက်က မြေထုကြီး၊ ကျောက်စိမ်းအကျဉ်းထောင်တံခါး ရှိသောနေရာတွင်လည်း ၎င်း၏တစ်ဖက်ခြမ်း၌ မည်သည့်အရာ ရှိမှန်း မည်သူမှ မသိကြပေ။

ကောင်းကင်နတ်ဘုံ၊ ယိုတုနှင့် ကမ္ဘာဦးဘုံတို့အားလုံးတွင် ပြောင်းပြန်တစ်ဖက်ခြမ်း မရှိပေ။

“ဘိုးဘေးနန်းတော်မှာ ပြောင်းပြန်ဘက်ခြမ်း ရှိလား” ချင်မူ ရုတ်တရက်‌ မေးလိုက်သည်။

နတ်ဘုရင်လန်ဝူက ခေါင်းယမ်းကာ ဖြေ၏။ “သတိမထားမိသလိုပဲ... ငါက နဂါးဟန်ခေတ်မတိုင်ခင်ကမှ မဟာလေဟာနယ်ထဲမှာ မွေးဖွားလာတဲ့ ဖန်ဆင်းရှင်တစ်ယောက်လို့ ပြောလို့ရတယ်... နတ်ဘုရင်ရှုကျွင်းကတော့ ရှေးကျတယ်ဆိုတော့ ဖြေတတ်မယ်ထင်တာပဲ”

ချင်မူလည်း သက်ပြင်းချပြီး ကောင်းကင်နဂါးခြောက်ကောင်ကို အနီးဆုံးရှိ စွမ်းအင်အကူးအပြောင်းတံတားသို့ သွားခိုင်းလိုက်သည်။ “အရပ်မျက်နှာကောင်းကင်ဘုံလေးခုဆီ သွားကြစို့... အဲဒီမှာ ဘိုးဘေးနန်းတော်ရဲ့ သဲလွန်စတွေ ရှာတွေ့ကောင်း ရှာတွေ့လောက်တယ်”

နတ်ဘုရင်လန်ဝူ ခေါင်းညိတ်လိုက်သည်။

ကောင်းကင်နဂါး ရတနာရထားလှည်းက အနီးဆုံး စွမ်းအင်အကူးအပြောင်းတံတားဆီ ပြေသွား၏။ ချင်မူက ဤတံတားကို အသုံးပြု၍ ကောင်းကင်နတ်ဘုံဆီ ပြန်သည်။ ထိုအခါ တခြားစွမ်းအင်အကူးအပြောင်းတံတားများမှတစ်ဆင့် အရှေ့နတ်မင်းချင်းလုံ၏ အရှေ့ဝင်ရိုးစွန်းသို့ ရောက်နိုင်မည်။ သို့သော် ထို့မတိုင်ခင် ချင်မူသည် ရထားလုံးကို တောင်ကောင်းကင်မုခ်ဝအပြင် မောင်းလိုက်ပြီး ကောင်းကင်နတ်မြစ်အောက်သို့ ငုပ်လျှိုးကာ ကောင်းကင်နတ်ဘုံတွင် ပြောင်းပြန်ဘက်ခြမ်း ရှိသည်လား သွားကြည့်၏။

သူက တောင်ကောင်းကင်မုခ်ဝကို ဆက်လက်စစ်‌ဆေးနေသည်။ ကောင်းကင်နတ်ဘုံတွင် ပြောင်းပြန်ဘက်ခြမ်း မရှိပေ။

‘ထင်ထားတဲ့အတိုင်းပဲ... ကောင်းကင်ယင်ကမ္ဘာမှာလည်း ပြောင်းပြန်တစ်ဖက်ခြမ်း မရှိဘဲနေလိမ့်မယ်... ထူးဆန်းတယ်.. ဒီကမ္ဘာအားလုံးရဲ့ ပြောင်းပြန်တစ်ဖက်ခြမ်းတွေ ဘယ်ရောက်ကုန်တာလဲ’

ချင်မူမှာ အလွန်ဇဝေဇဝါ ဖြစ်နေသော်လည်း သံသယများ မြိုသိပ်လိုက်ရင်း ကောင်းကင်နဂါး ရတနာရထားလှည်းအား အရှေ့ဝင်စွန်းသို့ ရောက်စေမည့် စွမ်းအင်အကူးအပြောင်းတံတားဆီ စေစားလိုက်သည်။

တံတားအလင်းရောင်အတွင်းတွင် ရထားလှည်း အရှေ့ဝင်ရိုးစွန်းသို့ မောင်းနေစဉ် ချင်မူက ဤပြဿနာကို ဆက်လက်စဉ်းစားနေ၏။ အတိတ်တုန်းက မတွေးမိခဲ့သော်လည်း ယခုတွင် တွေးလေလေ၊ ထူးဆန်းလေလေ ဖြစ်လာသည်။

အချိန်မည်မျှ ကြာမှန်းမသိ ကြာသွားသည့်အခါ ကောင်းကင်နဂါး ရတနာရထားလှည်းသည် ယဇ်ပလ္လင်ထဲမှ ထွက်လာပြီး ညင်ညင်သာသာ ရပ်လိုက်၏။ နောက်ဆုံးတော့ အရှေ့ဝင်ရိုးစွန်းသို့ ရောက်လာသည့်အတွက် ကောင်းကင်နဂါးခြောက်ကောင်စလုံး အလွန်စိတ်လှုပ်ရှားနေကြသည်။ နဂါးခေါင်း၊ လူခန္ဓာ ရှိသော နတ်ဘုရားများအဖြစ် တစ်ကောင်ပြီးတစ်ကောင် ပြောင်းကုန်ကြသည်။

ချင်မူက တွန့်ဆုတ်နေသော်လည်း နဂါးချီလင်နှင့် ယန်အာကို နဂါးများအတွက် ကြိုးဖြေခိုင်းလိုက်သည်။ ထို့နောက် သူတို့ကို လှည်းထဲ ဖိတ်ခေါ်လိုက်၏။ “ယန်အာ၊ နဂါးချီလင်ကို ကြိုးချည်ပေးပြီး နဂါးစိမ်းကောင်းကင်နန်းဆောင်ဆီ မြန်မြန်သွားခိုင်းလိုက်”

နဂါးချီလင်မှာ ပွစိပွစိ ညည်းညူနေသော်လည်း ကြိုးချည်ခံလိုက်ရသဖြင့် လှည်းဆွဲသွားရုံအပြင် ရွေးချယ်စရာမရှိပေ။

ချင်မူ ရထားလှည်းအပြင်ရှိ ရှုခင်းများကို လေ့လာကြည့်သည့်အခါ ဤအရှေ့ဝင်ရိုးစွန်း၏ အသွင်အနေအထားက သူ့အသွင်အနေအထားနှင့်သူ ရှိကြောင်း မြင်လိုက်ရသည်။ ကောင်းကင်ထက်တွင် လျှပ်စီးမိုးကြိုးသွားတို့က ကြယ်တရာများအသွင် ဖွဲ့တည်လျက် တဖျတ်ဖျတ် ဝင်းလက်တောက်ပနေသည်။

ထို့အပြင် မိုင်ပေါင်းထောင်ချီ ရှည်လျားသော လျှပ်စီးတန်းများလည်း ကောင်းကင်ထက်၌ ပျံဝဲနေ၏။ သို့သော် မိုးခြိမ်းသံ ညံ့မနေဘဲ ငြိမ်သက်တိတ်ဆိတ်နေကြသည်။ အရှေ့ဝင်ရိုးစွန်း၏ မြေပြင်တွင် နဂါးအသွင် သတ္တဝါများစွာ ရှိကြသည်။ နဂါးမျိုးနွယ်အတွက် စားကျက်မြေသဖွယ် ထင်ရ၏။ သူတို့က အရှေ့နတ်မင်းချင်းလုံ၏ မျိုးဆက်များ ဖြစ်လိမ့်မည်။

တစ်ချက်တွင် မိုင်ပေါင်းတစ်ထောင်ကျော် ရှည်လျားသော နဂါးကြီးတစ်ကောင် တောင်တန်းအကြား ကျိန်းစက်နေသည်ကို တွေ့မြင်ရသည်။ ၎င်း၏ ဟောက်သံများက မိုးခြိမ်းသံသဖွယ် ကျယ်‌လောင်လှပေသည်။

နဂါးသေးသေးလေးများက နဂါးကြီး၏ ခန္ဓာကိုယ်ပေါ် တက်လျက် ဆူညံနေကြသည်။ တချို့က မီးပန်းများ မှုတ်ထုတ်နေပြီး တချို့က ရေများ ထွေးထုတ်နေကြ၏။ အ‌ပေါင်းအဖော်များနှင့်အတူ လေဟုန်လျှပ်စီး စီးနေကြသူများလည်း ရှိသည်။

နဂါးကြီး၏ မုတ်ဆိတ်အပေါ် တွယ်တက်နေသော နဂါးပေါက်စလေးများလည်း ရှိသည်။ နဂါးကြီး အသက်ရှူထုတ်လိုက်လျှင် လေပြင်းစီးကြောင်းတို့ကြောင့် မုတ်ဆိတ်မွှေးများ မြောက်တက်သွားတတ်၏။ ထိုအခါ နဂါးပေါက်စလေးများမှာ လေပြင်းနှင့်အတူ လွင့်မျောသွားကြပြီး အလွန်စိတ်လှုပ်ရှားနေကြလေသည်။

တချို့နဂါးလေးများမှာ လွင့်ထွက်သွားပြီး မြေကြီးအပေါ် အားနှင့်ပြုတ်ကျသဖြင့် ကျယ်လောင်စွာ အော်ငိုကြသည်။

နဂါးကြီးက နိုးလာသည်။ ၎င်း မျက်လုံးဖွင့်၍ သမ်းဝေလိုက်သည်နှင့် နဂါးလေးများမှာ သွေးရူးသွေးတန်း ပြေးဆင်းကာ ပုန်းစရာနေရာ ရှာကြသည်။

နဂါးကြီးကမူ သဘောကောင်းလေသည်။ ၎င်းက မုတ်ဆိတ်မွှေးများ သုံး၍ ငိုနေသော နဂါးလေးများကို ကောက်ယူကာ ချော့မော့ပြီးနာက် ပြန်လည်အိပ်ပျော်သွား၏။

ကောင်းကင်နဂါး ရတနာရထားလှည်းကို ဆွဲနေသူမှာ နဂါးချီလင်သာ ဖြစ်သောကြောင့် အရှိန်နှေးသည်။ နဂါးစိမ်းကောင်းကင်နန်းတော်က သူတို့နေရာနှင့် မဝေး၍သာ တော်သေးသည်။ ထိုသို့ ရောက်ရန် ရက်အနည်းငယ်မျှသာ ကြာပေမည်။

သို့သော် နတ်နဂါးတချို့က ကောင်းကင်နဂါး ရတနာရထားလှည်းအား တားပြီး မည်သည့်အတွက်ကြောင့် နဂါးမျိုးဆက်က လူသားတို့အတွက် ရထားလှည်းဆွဲပေးရကြောင်း သိချင်နေကြသည်။ ဤနဂါးနတ်ဘုရားများမှာ အလွန်မကျေမနပ် ဖြစ်သွားကြ၍ ချင်မူမှာ နဂါးချီလင်ကို ရပ်ခိုင်းလိုက်ရသည်။

“ငါ ရထားလှည်း ဆွဲပေးမယ်လေ” ယန်အာက စိတ်လှုပ်တရှား ပြောသည်။

ချင်မူမှာ ခေါင်းယမ်းကာ တွေးလိုက်မိသည်။ ‘မမကြီးက အရှေ့နတ်မင်းချင်းလုံရဲ့ သမီးတော်လေ... မမကြီး ရထားလှည်း ဆွဲလာမှန်း သူသာ သိရင် ကျွန်တော့်ကို သတ်လိမ့်မယ်’

All Chapters