← Chapters

ခေါင်းမာသော တစ်ဖက်စောင်းနင်းသမား

Vol. 79 Ch. 1023

ခေါင်းမာသော တစ်ဖက်စောင်းနင်းသမား

Vol. 79 Ch. 1023

ချင်မူ တုန်လှုပ်သွားသဖြင့် အော်လိုက်မိသည်။ “သူ့အမေက ရှေး‌ဟောင်းနတ်ဘုရားမဟုတ်ဘူးဆိုရင် ဘာမျိုးနွယ်လဲ... သူ့အဖေကရော ဘယ်ရှေး‌ဟောင်းနတ်ဘုရားလဲ”

သူ ကောင်းကင်နတ်ဘုံသို့ ရောက်လာတုန်းက ချီကျုံရီနှင့် ယွင်မိသားစု၏ ဘွားဘွားကြီးသည် နတ်ဧကရာဇ်လန်ရွှမ်က ဤကမ္ဘာ‌ပေါ်တွင် နံပါတ်တစ် နတ်ဘုရားတစ်ပိုင်း ဖြစ်ပြီး မိဘနှစ်ပါးလုံးက ရှေးဟောင်းနတ်ဘုရားများ ဖြစ်သည်ဟု ပြောခဲ့၏။

အရှေ့နတ်မင်းက သူ့ကို ကြည့်ကာ ပြောသည်။ “မှော်ဝိဇ္ဇာရှင်က ဘာလို့ တခြားသူတွေရဲ့ အတွင်းရေးတွေကို စိတ်ဝင်စားနေတာလဲ”

ချင်မူ့မျက်နှာအမူအရာမှာ ထူးဆန်းနေသည်။ သူက မေးလေသည်။ “အရှေ့နတ်မင်းက မပြောချင်ဘူးဆိုတော့ မဟုတ်မှ နတ်ဧကရာဇ်လန်ရွှမ်က အရှေ့နတ်မင်းရဲ့,...”

အရှေ့နတ်မင်းက ခေါင်းယမ်းသည်။ “နတ်ဧကရာဇ်လန်ရွှမ်က ငါ့မျိုးဆက်မဟုတ်ဘူး... ကျုပ်ရဲ့မျိုးဆက်သာဆိုရင် သူ့မိဘတွေရဲ့ သရုပ်မှန်ကို လျှို့ဝှက်နေစရာ မလိုဘူးလေ... ငါက ချစ်တတ်တော့ မျိုးဆက်တွေအများကြီး ရှိပေမယ့် သူက ငါရဲ့ မျိုးဆက်သာဆိုရင် ဖုံးကွယ်နေစရာမလိုပါဘူး”

သူ့မှာ အနည်းငယ် ခေါင်းကိုက်နေသဖြင့် သူ့နဖူးသူ ကိုင်လိုက်သည်။ အမှန်တိုင်း ပြောရရင် ကျုပ်ကို သူတို့အဖေအဖြစ် အသိအမှတ်ပြုဖို့ နေ့တိုင်းနေ့တိုင်း တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြတယ်... ငါလည်း မတတ်နိုင်ဘူးလေ... သူက နဂါးမျိုးနွယ်ဆိုတော့လည်း အသိအမှတ်ပြုပေးရတာပေါ့.... ဒါပေမဲ့ အရေအတွက်က များလွန်းတယ်... ငါ့ကို အဖေအဖြစ် လာတင်မြှောက်တဲ့ ကြက်နဂါးတွေတောင် ရှိသေး”

ချင်မူမှာ ဒုက္ခိတိဘိုးဘွားကျေးရွာကို မောင်ပိုင်စီးထားသော ကြက်နဂါးများကို တွေးလိုက်မိသဖြင့် မျက်လုံးပြူးသွားသည်။ သူက သွေးတိုးစမ်းကြည့်လေသည်။ “ဒါဖြင့် အဲဒီကြက်နဂါးတွေက....”

အရှေ့နတ်မင်းမှာ ရယ်ရမလား၊ ငိုရမလား မသိတော့သဖြင့် ခေါင်းသာ ယမ်းလိုက်သည်။ “သူတို့မှာ ရေနဂါးသွေးပါတာ.. ငါနဲ့ ဘာမှမဆိုင်ဘူး... ရေနဂါးတွေကြားမှာ ကျုပ်ရဲ့ မျိုးဆက်တွေ ရှိပေမယ့် ကြက်နဂါးတွေကတော့ ငါနဲ့ ဘာမှမဆိုင်ဘူး”

သူက တခဏ ရပ်တန့်လိုက်ပြီး သူ၏ကိုယ်တွင်းရေးကိစ္စများအကြောင်း ပြောနေရသည်မှာ မကောင်းသလို ခံစားလိုက်ရသည်။ “နတ်ဧကရာဇ်လန်ရွှမ်ရဲ့ အမေက ဖန်ဆင်းရှင်တစ်ယောက်ပဲ... မှော်ဝိဇ္ဇာရှင်က မဟာလေဟာနယ်ဆီ သွားဖူးတယ်ဆိုတော့ ဖန်ဆင်းရှင်တွေနဲ့ ရင်းနှီးမှာပါ ဟုတ်တယ်မလား... မှော်ဝိဇ္ဇာရှင် မဟာလေဟာနယ်ဆီ ထွက်သွားတုန်းက ငါလည်း ငါ့ရဲ့ အိမ်ရှေ့မင်းသားတစ်ယောက်ကို အတူလိုက်သွားခိုင်းခဲ့တယ်... သူ အသက်ရှင်လျက် ပြန်ထွက်မလာနိုင်တာတော့ စိတ်မကောင်းစရာပဲ”

ချင်မူ အံ့အားသင့်သွားသည်။ “တာအိုနောင်တော်က အိမ်ရှေ့မင်းသားတစ်ယောက်ကို တကယ်ထည့်ပေးလိုက်တာလား”

မဟာလေဟာနယ်ခရီးစဉ်တွင် နဂါးမျိုးနွယ်များလည်း သင်္ဘောနှင့်အတူ လိုက်ပါလာခဲ့၏။ သို့သော် သူတို့ ဘယ်အချိန်က သေသွားမှန်း သူ မသိလိုက်ပေ။ သူနှင့် လော့ဝူရွှမ်နှစ်ယောက်သာ ထိုသင်္ဘောတွင် အသက်ရှင်ကျန်ခဲ့ကြသည်။

သင်္ဘောနှင့်အတူ လိုက်ပါလာသည့် လူအယောက်သုံးရာအနက် အယောက်နှစ်ရာကျော်က သူ့ကို ရန်လိုနေခဲ့ကြသည်မဟုတ်ပါလော။ ထို့ကြောင့် ချင်မူမှာ ရန်သူနှင့် မိတ်ဆွေ မခွဲခြားနိုင်ခဲ့ပေ။

“နတ်ဧကရာဇ်လန်ရွှမ်ရဲ့ အမေက ဖန်ဆင်းရှင်တွေရဲ့ နတ်ဘုရင်တစ်ပါးပဲ... နတ်ဘုရင်ကုန်းယွင်လို့ ခေါ်ကြတယ်... အဲဒီတုန်းက သူက ရှေးဟောင်းကမ္ဘာဦးကို အုပ်စိုးတာပေါ့လေ... သူ့အာဏာက အနှိုင်းမဲ့ပဲ... ပြီးတော့ သူ့အဖေကလည်း ပေါ့ပေါ့သေးသေး မဟုတ်ဘူး”

အရှေ့နတ်မင်းက သက်ပြင်းချသည်။ “သူ့အဖေက ကောင်းကင်နတ်ဧကရာဇ်”

“ကောင်းကင်နတ်ဧကရာဇ်ပဲလား”

ချင်မူ တုန်လှုပ်သွားသော်လည်း ယုတ္တိရှိကြောင်း ခံစားရသည်။ ကောင်းကင်နတ်ဧကရာဇ်သာ ဖန်ဆင်းရှင်တို့၏ နတ်ဘုရင်တစ်ပါးနှင့် တိတ်တိတ်ကလေး ဖောက်ပြန်ပြီး နတ်ဧကရာဇ်လန်ရွှမ်ကို မွေးဖွားပေးနိုင်သည်မဟုတ်ပါလော။

အရှေ့နတ်မင်းကမူ တွေ့ကရာနှင့် ဖြစ်တတ်သောကြောင့် နာမည်ဆိုးထွက်သည်။ သို့သော် ကောင်းကင်နတ်ဧကရာဇ်ကား မြင်တတ်၏။ တဏှာကြီးသော်လည်း အကောင်းတကာ့ အကောင်းဆုံးများနှင့်မှ ရွေးဖြစ်တတ်သည်။ သူ စိတ်ဝင်စားသည့် အမျိုးသမီးတိုင်းကာ ပြိုင်ဘက်ကင်းသော အလှပိုင်ရှင်များ ဖြစ်ကြလေသည်။

“ကုန်းယွင်နဲ့ ရှုကျွင်းနှစ်ယောက်စလုံးမှာ ‘ကျွင်း’ ဆိုတဲ့ စာလုံး ပါတယ်... ဒါက ဖန်ဆင်းရှင်တွေရဲ့ ဓလေ့ ဖြစ်နေမလားပဲ” ချင်မူ စဉ်းစားကြည့်ရင်း ပြောလိုက်မိသည်။

အရှေ့နတ်မင်းက ရှေ့သို့ ဆက်လျှောက်သွားရင်း ပြော၏။ “ရှု ဆိုတဲ့ စာလုံးက မိသားစုထဲမှာ ဝါစဉ်ကြီးတဲ့အကြောင်း ရည်ညွှန်းတယ်... မဟာဧကရာဇ်ရဲ့ ဦးရီးတော်လို့ ဆိုလိုတယ်... ရှုကျွင်းက မဟာဧကရာဇ်ထက် အရင်မွေးခဲ့တာဆိုတော့ မိသားစုရဲ့ဝါစဉ်အလိုက် မဟာဧကရာဇ်အနေနဲ့ သူ့ကို ဦးရီးတော်လို့ ခေါ်သင့်တယ်... ကုန်းက ဘယ်သူဘယ်ဝါဆိုတာ ကိုယ်စားပြုတာ... မဟာဧကရာဇ်ရဲ့ ဇနီးလို့ အဓိပ္ပါယ်ရတယ်”

ချင်မူ အော်လိုက်မိသည်။ “ခဏလေးးးးးးးးး..... နတ်ဘုရင်ကုန်းယွင်က မဟာဧကရာဇ်ရဲ့ မိန်းမပေါ့... ဒါဆို ကောင်းကင်နတ်ဧကရာဇ်နဲ့ မဟာဧကရာဇ်ရဲ့ မိန်းမက ဖောက်ပြန်ပြီး နတ်ဧကရာဇ်လန်ရွှမ်ကို မွေးခဲ့တာပေါ့လေ”

အရှေ့နတ်မင်းသည် မျက်တောင်ပုတ်ခတ်ပြီး မျက်လုံးများကျဉ်းမြောင်းသွား၏။ သူက ပြုံးလျက် ပြောသည်။ “ငါ မပြောဘူးနော် မင်းပြောတာ”

ချင်မူ မူးဝေလာသည်။ ဤအံ့ဩတုန်လှုပ်ဖွယ်သတင်းအား သေသေချာချာ သဘောပေါက်ရန် သူ့အတွက် အချိန်လိုအပ်သည်။

“နတ်ဧကရာဇ်လန်ရွှမ်က ‌ကောင်းကင်နတ်အရှင်ဟောင်ရဲ့ အစ်ကိုတော်ပဲ.. ဒါပေမဲ့ လန်ရွှမ်ပဲ သိတယ်... ကောင်းကင်နတ်အရှင်ဟောင်ကတော့ မသိဘူး”

အရှေ့နတ်မင်းက ခပ်တိုးတိုး ပြောသည်။ “ဒီနေ့ခေတ်မှာ အဲဒီအကြောင်း သိထားတဲ့ ရှေးဟောင်းနတ်ဘုရားတွေ များများစားစား မကျန်တော့ဘူး... ငါက သိထားတဲ့သူတစ်ယောက်ပဲ.... အတော်များများက လန်ရွှမ့်ကို ငါ့သားလို့ ထင်ကြတယ်... တကယ်တော့ သူက ငါနဲ့ ဘာမှကို မပတ်သက်တာ... ကောင်းကင်နတ်ဧကရာဇ်အစား ငါက အပြစ်တင်ခံပေးနေရုံပဲ”

သူသည် သက်ပြင်းချ၍ ပြော၏။ “ငါ သူများတွေအတွက် အပြစ်တင်ခံပေးနေတာ ကြာပြီဆိုတော့ သိပ်လည်း ဂရုမစိုက်ပါဘူး.. ဒါပေမဲ့ နတ်ဧကရာဇ်လန်ရွှမ်က သူ့ရဲ့ အမည်ခံ ဒီအဖေ၊ ငါ့ကို သတ်ချင်နေတယ်လေ”

သူက အံ့အားသင့်နေသော ဟန်ပန်ဖြင့် အေးစက်စက် ရယ်လိုက်သည်။ “ငါ ဒီကိစ္စကို တစ်လောကလုံး သိသွားအောင် ဖော်ထုတ်လိုက်မှာ သူ မကြောက်သရွေ့ပေါ့ကွာ ဟားဟား”

ချင်မူ့ဘေးရှိ နဂါးချီလင်က စပ်စု၏။ “အရှေ့နတ်မင်း ဒီကိစ္စကို ဘာလို့ တစ်ချိန်လုံး လျှို့ဝှက်ထားတာလဲ”

အရှေ့နတ်မင်းသည် သူ့ကို ကြည့်လိုက်သည့်အခါ နဂါးမျိုးနွယ်ဖြစ်နေကြောင်း မြင်လိုက်ရ၏။ သူ့မှာ ခေါင်းကိုက်လာကာ ပြောတော့သည်။ “မင်းက ငါ့သားမဟုတ်ဘူး... မင်းအဖေကို လာရှာတာလည်း မဟုတ်ဘူးမလား”

နဂါးချီလင်က တွန့်ဆုတ်သွားပြီး ပြန်ဖြေသည်။ “ကျွန်တော့်အမေကိုပဲ မှတ်မိတယ်... သူက ချီလင်တစ်ကောင်ပါ.... ကျွန်တော့်အဖေက ဘယ်သူမှန်းတော့ ကျွန်တော် မသိဘူး... လွန်ခဲ့တဲ့ နှစ်နှစ်ရာက ကမ္ဘာဦးဘုံထဲက မဟာမြို့ပျက်ဆီ အရှေ့နတ်မင်း သွားခဲ့သေးလား”

ထိုအခါမှ အ‌ရှေ့နတ်မင်းမှာ သက်ပြင်းချနိုင်သည်။ သူက ရယ်မောလိုက်ပြီး ပြော၏။ “မသွားခဲ့ဘူး... ငါ ဘာလို့ ဒီကိစ္စကို မထုတ်ဖော်လဲဆိုရင် အသတ်ခံရမှာ‌ ကြောက်လို့ပေါ့”

သူက သက်ပြင်းချပြီး မိုးကုပ်စက်ဝန်းရှိ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီဆီ လှမ်းကြည့်သည်။ “ကောင်းကင်နယ်စားမင်းနဲ့ မြေအောက်ဘုံအရှင်သခင်မှာ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ခုခံနိုင်တဲ့ အစွမ်းအစ ရှိပေမယ့် ငါကတော့ ငါ့အစွမ်းအစတွေအပေါ် ယုံကြည်ချက်မရှိဘူး... တကယ်တော့ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီမပါဘဲနဲ့တောင် ငါ ကောင်းကင်နတ်အရှင်တစ်ယောက်ကို ရင်ဆိုင်လိုက်ရင် ရှံးဦးမှာပဲ... သူ့ဘက်က ငါ့ကို သတ်ဖို့ အားစိုက်ထည့်ရမှာက လွဲလို့ပေါ့”

သူသည် မီးဝင်းဝင်းတောက်နေသော မျက်ဝန်းများဖြင့် ချင်မူ့ဆီ လှည့်ကြည့်၏။ ထို့နောက် လေးနက်တည်ကြည်စွာ ပြောသည်။ “မှော်ဝိဇ္ဇာရှင် ငါ့ကို လာမရှာရင်တောင် ငါ မင်းကို လာရှာမလို့ပဲ.... ငါ့မှာ မှော်ဝိဇ္ဇာရှင် ဖြေရှင်းပေးဖို့ လိုအပ်နေတဲ့ ကိစ္စလေးတစ်ခု ရှိတယ်”

ချင်မူ အလေးအနက် ပြန်မေးလိုက်သည်။ “အရှေ့နတ်မင်း၊ ပြောပါ”

“ကောင်းကင်နယ်စားမင်းနဲ့ မြေအောက်ဘုံအရှင်သခင် သေသွားရင် မင်းက မှော်ဝိဇ္ဇာ ဖြစ်နေဦးမှာလား”

အရှေ့နတ်မင်းက ချင်မူ့မျက်ဝန်းများကို စိုက်ကြည့်ကာ အလေးအနက် မေးသည်။ “အမှန်အတိုင်း ပြောရရင် ငါ ရလဒ်နှစ်ခုအတွက် ပြင်ဆင်ထားပြီးပြီ... မင်းအနေနဲ့ ရှေးဟောင်းနတ်ဘုရားတွေကို အသက်သွင်းပေးနိုင်ရင် ငါ မင်းကို ငါ့အသက်နဲ့လဲပြီး ကာကွယ်ပေးရင်း သေတဲ့အထိ တိုက်ခိုက်ပေးသွားမယ်... ကောင်းကင်နယ်စားမင်းနဲ့ မြေအောက်ဘုံအရှင်သခင် သေသွားလို့ မင်းမှာ အစွမ်းအစ မရှိတော့ဘူးဆိုရင်တော့ ကောင်းကင်နတ်အရှင်ဆယ်ယောက်ဆီမှာ အညံ့ခံပြီး မင်းကို သတ်မယ်... မင်းရဲ့ ခေါင်းကို ကောင်းကင်နတ်ဘုံဆီ ယူသွားပြီး ဆုကြေးထုတ်ယူမယ်”

ချင်မူ ရင်ထဲတွင် ပြင်းပြင်းထန်ထန် တုန်လှုပ်သွားမိ၏။ ဤအခိုက်အတန့်တွင် အရှေ့နတ်မင်း၏ သတ်ဖြတ်လိုစိတ်အား သူ ခံစားလိုက်ရလေသည်။

အရှေ့နတ်မင်းချင်းလုံက ခပ်ပြတ်ပြတ် ပြောသည်။ “ကောင်းကင်နတ်အရှင်မူကို သတ်တာက ပြစ်မှုကြီးဆိုပေမယ့် ငါက ရှေးဟောင်းနတ်ဘုရား နတ်မင်းလေးပါးထဲက တစ်ပါးပဲ... အရပ်လေးမျက်နှာကို စောင့်ရှောက်ဖို့ ကောင်းကင်နတ်ဧကရာဇ်ကိုယ်တိုင် ငါ့ကို အရပ်မျက်နှာနတ်မင်းတစ်ပါးအဖြစ် ခန့်အပ်ခဲ့တာ... ဒါကြောင့် ငါ မင်းကို သတ်လည်း ကွပ်မျက်ခံရမှာမဟုတ်ဘူး... အလွန်ဆုံး အချုပ်ခံရလိမ့်မယ်... ဒါပေမဲ့ အသက်ရှင်ဦးမှာပဲ... ကေင်းကင်နတ်ဘုံအနေနဲ့ မြေအောက်ဘုံအရှင်သခင်ကို သုတ်သင်ချင်ရင် ငါ့အင်အားကို လိုမှာမလို့ လွတ်ပေးလိမ့်မယ်”

ယန်အာ ဒေါသထွက်သွားသည်။ “အရှေ့နတ်မင်း၊ ရှင် ဘာလို့ ဒီလောက် အရှက်မဲ့ရတာလဲ”

အရှေ့နတ်မင်းချင်းလုံသည် သူမကို ကြည့်ပြီး ခေါင်းယမ်းကာ ရယ်မော၏။ “မိန်းကလေး၊ အားလုံးက ကိုယ့်အကျိုးအမြတ်အတွက်ပဲ အလုပ်လုပ်ကြတယ်... စီးပွားရေးဆိုတာ အဲဒါပဲ... ကောင်းကင်နတ်အရှင်မူနဲ့ ငါလည်း ငါတို့အကျိုးအတွက် ငါတို့ လှုပ်ရှားနေကြတာ... ငါတို့ကြားမှာ မိတ်ဆွေချင်းပတ်သက်မှု မရှိဘူး... ငါ့အတွက် အကောင်းဆုံးဆိုရင် ငါ ပူးပေါင်းမယ်... မဟုတ်လို့ကတော့ ကောင်းကင်နတ်အရှင်မူ သေသေရှင်ရှင် ငါ့အရေးမဟုတ်ဘူး. အဲဒီလိုပဲ ငါ ကောင်းကင်နတ်အရှင်မူကို ဆုကြေးအတွက် သတ်လိုက်ရင် ငါ အမြတ်ထွက်မယ်လေ”

ယန်အာမှာ ရင်ထဲတွင် အေးခဲသွားတော့သည်။

သူမသည် အရှေ့နတ်မင်းကို သူမ၏အဖေအဖြစ် တလေးတစား ခံယူသတ်မှတ်ထားခဲ့၏။ သူက သူမအပေါ် စိမ်းကားသော်လည်း သူမရင်ထဲတွင် သူက သူရဲကောင်းတစ်ယောက် ဖြစ်သည်။

ယခုတွင် အရှေ့နတ်မင်းနှင့် ကိုယ်တိုင်ထိတွေ့ ဆက်ဆံကြည့်သည့်အခါ သူမတည်ဆောက်ထားသော အဖေတစ်ယောက်၏ ပုံရိပ်မှာ ပျက်စီးသွားပြီး ကြောက်လန့်မှု၊ အံ့ဩမှုတို့သာ ကျန်ခဲ့သည်။ သူမအတွက် လက်ခံရန် အနည်းငယ် ခက်ခဲနေသည်။

ချင်မူက နဂါးစိမ်းကောင်းကင်နန်းတော်၏ မြင်ကွင်းကို ကြည့်ရှုရင်း ကောင်းကင်နန်းဆောင်၏ နဂါးသွဲ့ရေကန်အပေါ် အကြည့်ရောက်သွားသည်။ ထို့နောက် ခပ်ထေ့ထေ့ ပြုံးကာ ပြော၏။ “အရှေ့နတ်မင်း၊ တစ္ဆေသင်္ဘောအပေါ်က အဖြစ်အပျက်ကို မှတ်မိသေးလား”

နဂါးစိမ်းကောင်းကင်နန်းဆောင်တွင်လည်း နဂါးသွဲ့ရေကန်တစ်ကန် ရှိသည်။ ရေကန်သည် ကောင်းကင်နတ်ဘုံရှိ နဂါးသွဲ့ရေကန်ထက် များစွာမွန်မြတ်သည့်အလား ထင်ရ၏။

ဤနဂါးသွဲ့ရေကန်ထဲတွင် အသက်ဓာတ်တို့ ပြည့်ဝနေသည်။ ချင်မူသည် ဆေးပညာတွင် ကျွမ်းကျင်သည့်အလျောက် ဤနဂါးသွဲ့ရေကန်၏ ရေတို့က ထူးခြားပြီး ဆေးဖက်ဝင်ကြောင်း ပြောနိုင်၏။ ၎င်း၏ ဆေးဂုဏ်သတ္တိတို့က နဂါးချီလင်၏ သွားရည်ထက်ပင် မြင့်မားပေသည်။

ရေကန်တွင် ထူးခြားဆန်းကြယ်သော အခြားစွမ်းအင်တချို့လည်း ကိန်းဝပ်နေသည်။ ဝိညာဉ်များနှင့် မူလဝိညာဉ်ကိုလည်း ဆေးကုသပေးနိုင်လိမ့်မည်။

သိသိသာသာပင် အရှေ့နတ်မင်းချင်းလုံသည် နုံနုံအအ မဟုတ်ပေ။ သူ ဤနေရာတွင် ပိုင်ဆိုင်ထားသည့် ပါရမီရှင်များနှင့် ရတနာတို့သည် အမိကမ္ဘာမြေထက် များစွာများပြား၏။ နဂါးသွဲ့ရေကန်ဖြစ်စေ၊ နတ်ရတနာတောင်ဖြစ်စေ၊ ရှားမှရှားသော ရတနာများ ဖြစ်ပေသည်။

အရှေ့နတ်မင်းချင်းလုံက ခေါင်းညိတ်၍ ပြောသည်။ “မှတ်မိတာပေါ့... ကောင်းကင်နတ်အရှင်မူက ငါတို့နတ်မင်းလေးပါး လွတ်မြောက်အောင် ကူညီပေးခဲ့တာလေ... ဒါပေမဲ့ ငါတို့စွမ်းအားကို မင်းဆီ ငှားမပေးခဲ့ရင် မင်းလည်း လွတ်မြောက်မှာမဟုတ်ပါဘူး... ဒါကြောင့် တစ်ယောက်ကို တစ်ယောက် အသုံးချနေတာမလို့ ဘယ်သူ့အပေါ်မှ အကြွေးမတင်ဘူး.... ကျေးဇူးဆိုမှ မင်း ကောင်းကင်နတ်ဘုံကို ဝင်လာတုန်းက ငါတို့ရှေးဟောင်းနတ်ဘုရားတွေ မင်းကို ကာကွယ်ပေးခဲ့တာ မမေ့နဲ့... ငါလည်း မင်းကို ကာကွယ်ပေးတဲ့သူတွေထဲမှာ ပါခဲ့တယ်”

ချင်မူ နဂါးသွဲ့ရေကန်မှ အကြည့်လွှဲ၍ မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ “အရှေ့နတ်မင်း ကျွန်တော့်ကို ဘယ်လိုစမ်းသပ်ချင်လဲ”

“ကောင်းကင်နယ်စားမင်းနဲ့ မြေအောက်ဘုံအရှင်သခင်မပါဘဲ မင်း ကျန်တဲ့သူတွေကို ဘယ်လိုအသက်သွင်းပေးမှာလဲ... ဒါက မင်းအတွက် ငါ့ရဲ့စမ်းသပ်မှုပဲ”

အရှေ့နတ်မင်းချင်းလုံက ပြောသည်။ “အဲဒါကလွဲလို့ ငါ သိချင်တာက ရှေးဟောင်းနတ်ဘုရားအများစု တိုက်ပွဲမှာ ကျဆုံးသွားရင် မင်းမှာ မင်းကိုယ်မင်း ကာကွယ်နိုင်မယ့် အစွမ်းအစ ရှိသလား မရှိဘူးလားဆိုတာပဲ... ဒါက စမ်းသပ်မှုနှစ်ခုပေါ့... ပထမတစ်ခုက မင့်အစွမ်းအစတွေကို စမ်းသပ်မှာ.... ငှားယူထားတဲ့ စွမ်းအားတွေဆိုတာ မင်းရဲ့ ကိုယ်တိုင်စွမ်းအားမဟုတ်ဘူး... ငှားစရာစွမ်းအား မရှိဘဲ မှော်ဝိဇ္ဇာရှင် ဖြစ်နိုင်သေးရင် ရှေးဟောင်းနတ်ဘုရားတွေ မင်းကို အသက်နဲ့လဲပြီး ထောက်ခံကြလိမ့်မယ်”

“ဒုတိယစမ်းသပ်မှုကတော့ မင်းရဲ့ အလားအလာပဲ... အဆိုးဆုံးအခြေအနေမှာ မင်းကိုယ်မင်း ကာကွယ်နိုင်မယ့် အင်အားမရှိရင် ‌ကောင်းကင်နတ်ဘုံအနေနဲ့ ငါတို့ရှေးဟောင်းနတ်ဘုရားတွေရဲ့ လွတ်လမ်းကို ပိတ်ဆို့ဖို့ မင်းကို သတ်လိုက်ဖို့ပဲ လိုတယ်... ဒါကြောင့် ကောင်းကင်နတ်အရှင်မူမှာ ကောင်းကင်နတ်အရှင်နဲ့ ထိုက်တန်တဲ့ အရည်အချင်းရှိလား ငါ မြင်ချင်တယ်... မင်းအတွက် ငါ့အသက်ကို စတေးဖို့ ထိုက်တန်လား တွေ့ချင်မိတယ်”

ချင်မူလည်း ခေါင်းညိတ်၍ ပြောလိုက်သည်။ “နားလည်ပါပြီ”

အရှေ့နတ်မင်းသည် ပြုံး၍ လက်နှစ်ချောင်းအား အသာအယာ လက်ဖျောက်တီးလိုက်၏။ နဂါးသွဲ့ရေကန်ထဲတွင် လှေတစ်စင်း ရွက်လွှင့်လာပြီး သင်္ဘောပေါ်ရှိ နဂါးခေါင်း၊ လူကိုယ်နှင့် နတ်ဘုရားတစ်ပါးက ဦးညွှတ်အရိုအသေပေးသည်။ “ခမည်းတော်”

အရှေ့နတ်မင်းက ချင်မူ၊ နဂါးချီလင်နှင့် ယန်အာကို လှေပေါ် ဖိတ်ခေါ်ပြီးနောက် နဂါးသွဲ့ရေကန်၏အလယ်သို့ လှေအား စေစားလိုကသ်ည်။

ယန်အာမှာ စိတ်ပျက်လက်ပျက် ဖြစ်နေပြီး ငိုင်နေသည်။ သူမသည် လူအသွင်လည်း မပြောင်း၊ နဂါးစာကလေးအသွင်လည်း မပြောင်းဘဲ၊ အစိမ်းရောင်စာကလေးအသွင်ဖြင့်သာ နဂါးချီလင်၏ ခေါင်းအပေါ်၌ နားနေ၏။

အရှေ့နတ်မင်းက စောစောက နဂါးနတ်ဘုရားကို ဆင့်ခေါ်လိုက်သဖြင့် နဂါးနတ်ဘုရားက မေးလေသည်။ “ခမည်း‌တော်၊ ကျွန်တော့်ကို ဘာအတွက် အလိုရှိပါသလဲခင်ဗျာ”

အရှေ့နတ်မင်း၏ လက်ဖျောက်တစ်ချက်နှင့်အတူ ထိုနဂါးနတ်ဘုရား၏ ခေါင်းအတွင်းမှ အုန်းခနဲ ပေါက်ကွဲသံ ကြားလိုက်ရပြီး သူ၏မူလဝိညာဉ်မှာ မှုန့်မှုန့်ညက်ညက် ကြေသွားတော့သည်။ ချက်ချင်းဆိုသလို သူ့ဝိညာဉ်မှာ ပြန့်ကြဲသွားပြီး ဝိညာဉ်သဲမှုန်များ ပျောက်ကွယ်သွား၏။

ထိုနဂါးနတ်ဘုရားမှာ ငေးကြောင်နေသော မျက်လုံးများဖြင့် ကြမ်းပြင်ပေါ် ဘုန်းခနဲ လဲကျသွားသည်။

ချင်မူ၏မျက်ဝန်းထောင့်စွန်းများ တွန့်သွားပြီး ယန်အာမှာ ကြောက်လည်းကြောက်လန့် ဒေါသလည်း ထွက်နေသည်။ “ကိုယ့်သားကို ဘယ်လိုတောင် သတ်ရက်တာလဲ... မကောင်းဆိုးဝါးတွေတောင် သူတို့ကလေးကို အန္တရာယ်မပြုဘူး ရှင်ကတော့...”

အရှေ့နတ်မင်းက သူမကို ကြည့်ကာ မျက်မှောင်ကြုတ်သွား၏။ “ကောင်းကင်နတ်အရှင်မူ၊ မင်းရဲ့ စာကလေးကို ထိန်းပါ.... ငါ မင်းကို လေးစားပေမယ့် မင်းရဲ့ အစေခံတွေကို သည်းခံမယ် မဆိုလိုဘူး”

ချင်မူက ခေါင်းယမ်းကာ ပြောလိုက်သည်။ “ဒါက ယန်အာပါ... ကျွန်တော့် အစေခံမဟုတ်ဘူး... ကောင်းကင်နတ်အရှင်ယွဲ့ရဲ့ တပည့်ပါ”

အရှေ့နတ်မင်း၏အမူအရာ ပျော့ပျောင်းသွားသည်။ “ဪ ကောင်းကင်နတ်အရှင်ယွဲ့ရဲ့ တပည့်လား... ဒါဆိုလည်း ခွင့်လွှတ်ပေးလိုက်ပါ့မယ်... ဒါပေမဲ့ ကောင်းကင်နတ်အရှင်ယွဲ့တောင် ငါ့ကို အရှင်မင်းကြီးအရှေ့နတ်မင်းကို တလေးတစား ခေါ်ရတယ်... မင်း သိပ်လွန်ကျူးလို့တော့ မရဘူး”

ယန်အာမှာ ထပ်ပြောချင်နေသော်လည်း ချင်မူက လက်ကာပြသည်။ သူက ရယ်မောလျက် ပြောလိုက်၏။ “မမကြီးယန်အာ၊ ဆက်ပြောစရာမလိုပါဘူး... အရှေ့နတ်မင်း၊ ကျွန်တော့်အစွမ်းအစတွေကို မြင်တွေ့ချင်ရင် နတ်ရတနာတောင်မှာ ပြန့်ကြဲနေတဲ့ ဝိညာဉ်တစ်ကောင်ကောင် ဘာလို့ သွားမရှာတာလဲ... အဲဒီမှာ ရတနာရှာရင်း သေဆုံးသွားတဲ့ နတ်ဘုရားတွေ၊ မိစ္ဆာတွေနဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေမှ တစ်ပုံကြီးလေ... ဘာလို့ ကိုယ့်သားကိုယ် သတ်ရတာလဲ”

အရှေ့နတ်မင်းသည် အေးတိအေးစက် ရယ်၏။ “နတ်ရတနာတောင်မှာ သေသွားတဲ့ နတ်ဘုရားတွေ၊ မိစ္ဆာတွေနဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေက ကောင်းကင်နတ်ဘုံရဲ့ လူတွေပဲ... သူတို့ကို အသက်ပြန်သွင်းလိုက်ရင် မင်းရဲ့ အစွမ်းအစတွေကို ဖော်ပြရာ ကျလိမ့်မယ်... ဒါကြောင့် ငါ စိတ်ပူတယ်”

ချင်မူ မျက်မှောင်အနည်းငယ် ကြုတ်၍ ပြောလိုက်၏။ “အသက်ပြန်သွင်းပြီးရင် သတ်ပစ်လိုက်လို့ ရတာပဲဟာ”

အရှေ့နတ်မင်းက ကျောနောက် လက်ပစ်ကာ ပြောသည်။ “ငါ အပြင်လူတွေကို မယုံဘူး... ငါ့ကလေးတွေကိုတောင် အပြည့်အဝ မယုံဘူး... ကောင်းကင်နတ်အရှင်မူ ၊ စကားတွေ ထပ်ပြောစရာမလိုတော့ပါဘူး... လုပ်စရာရှိတာ ဆက်လုပ်ပါ”

ချင်မူ မျက်မှောင်ကြုတ်သွားပြန်သည်။

အရှေ့နတ်မင်းသည် တစ်ဖက်စောင်းနင်းသမား ဖြစ်ပြီး ခေါင်းမာသည်။ ချုပ်ကိုင်ချင်လိုစိတ် ပြင်းထန်သည်။ ထိုကဲ့သို့ လူတစ်ယောက်နှင့် ဆက်ဆံနေရသဖြင့် ချင်မူ သက်တောင့်သက်သာ မရှိပေ။

သူ ရောက်ရောက်ချင်းတုန်းက အရှေ့နတ်မင်းအား ခင်မင်စိတ် ဖြစ်ပေါ်ခဲ့သော်လည်း အကြောင်းသိလေလေ၊ ခင်မင်လိိုစတ်လည်း တစတစ ပျောက်ကွယ်သွားသည်။

အရှေ့ကောင်းကင်၏ မြစိမ်းနတ်မင်းသည်လည်း အ‌ရှေ့နတ်မင်းချင်းလုံအပေါ် ခါးခါးသီးသီး ဖြစ်ချေရာ အရှေ့နတ်မင်းသည် လူကောင်းမဟုတ်ကြောင်း သက်သေထူနေ၏။

ချင်မူ စိတ်အားတင်းကာ သင်္ဘောပေါ်ရှိ နဂါးနတ်ဘုရားအလောင်းကို ကြည့်လိုက်သည်။

ထိုနတ်ဘုရား၏ဝိညာဉ်မှာ ပြိုကွဲသွားချေပြီ။ ဝိညာဉ်ဆင့်ခေါ်ရန် ချင်မူအနေဖြင့် ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်၏ စွမ်းအားကို ငှားယူရန် မလိုအပ်သော်လည်း ဝိညာဉ်ပြန်တည်ဆောက်သည့်အခါတွင်တော့ လိုအပ်၏။

ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်၏ စွမ်းအားမပါလျှင် သူ ယုံကြည်ချက်အပြည့်အဝ မရှိပေ။

‘ငါ ဒီနှစ်တွေထဲ ကောင်းကင်နယ်စားမင်းရဲ့ ကောင်းကင်တာအို ၄၉ မျိုးနဲ့ မြေအောက်ဘုံအရှင်သခင်ရဲ့ ယိုတုမဟာတာအို ၆၄ မျိုးကို လေ့လာရင်း အချိန်ကုန်ခဲ့တယ်... ငါ့ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာက ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်နဲ့ အမိကမ္ဘာမြေတို့ရဲ့ နတ်ဘုရားအသွင်သဏ္ဍာန်တွေကိုတောင် ထုဆစ်ပုံဖော်ထားပြီးပြီ... သဘောတရားအရ ငါ သူတို့ရဲ့စွမ်းအားတွေကို ရရှိထားပြီပြီ ဒါပေမဲ့...”

ချင်မူမှာ အရှေ့နတ်မင်း၏ခန္ဓာကိုယ်မှ ထွက်လာနေသော လူသတ်လိုစိတ်က ပြင်းထန်လာနေကြောင်း ခံစားရသည်။

အရှေ့နတ်မင်းသည် ခေါင်းမာသော တစ်ဖက်စောင်းနင်းသမား ဖြစ်သည့်အလျောက် ဤနဂါးနတ်ဘုရားကို သူ အသက်မသွင်းနိုင်လျှင် သူ့အား သေချာပေါက် သတ်ပြီး သူ၏ခေါင်းနှင့် ဝိညာဉ်ကို ကောင်းကင်နတ်ဘုံဆီ ဆက်သကာ ကောင်းကင်နတ်အရှင်ဆယ်ယောက်၏ မျက်နှာသာပေးခံရအောင် လုပ်လိမ့်မည်။

အတိတ်တုန်းက မြေအောက်ဘုံအရှင်သခင်နှင့် ကောင်းကင်နယ်စားမင်းကြောင့် ရှေးဟောင်းနတ်ဘုရားများအပေါ် ချင်မူ ခင်မင်ခဲ့သည်။ ယခုတွင် သူ ထင်ထားသလို ဟုတ်မနေပေ။

အရှေ့နတ်မင်းက ရှည်လျားဖြောင့်တန်းသော မျက်ခုံးကို ပင့်လျက် ချင်မူ့အား လောနေသည်။ သို့သော် ချင်မူသည် ဝိညာဉ်လမ်းညွှန်ကို ထုတ်လွှတ်၍ ထိုနဂါးနတ်ဘုရား၏ အနက်ရောင်ဝိညာဉ်သဲမှုန်များအား ဆင့်ခေါ်ထားပြီးပြီ ဖြစ်၏။

All Chapters