← Chapters

ကောင်းကင်နတ်အရှင်မူကို ကိုးကြိမ်ကိုးခါ လိုက်ပို့ခြင်း

Vol. 79 Ch. 1026

ကောင်းကင်နတ်အရှင်မူကို ကိုးကြိမ်ကိုးခါ လိုက်ပို့ခြင်း

Vol. 79 Ch. 1026

နဂါးချီလင်နှင့် ယန်အာက ချင်မူ့အနောက်မှ ဂရုတစိုက် လိုက်လာသည်။ သူတို့မှာ ကောင်းကင်ထက်ရှိ နဂါးစိမ်းကောင်းကင်နန်းဆောင်၏ သိုင်းပညာရှင်များကို ကြည့်ရင်း ရင်တဒိန်းဒိန်း ခုန်နေကြ၏။

“ဖက်တီးနဂါး၊ ဒီအရှုပ်က ရှင်းလို့ရပါ့မလား”

ယန်အာမှာ စိုးရိမ်ကြောင့်ကြလာသဖြင့် အစိမ်းရောင်စာကလေးအသွင် ပြောင်းကာ နဂါးချီလင်၏ ‌ခေါင်းပေါ်တွင် နားလိုက်သည်။ သူမက လက်သည်းများဖြင့် သူ့ဦးရေပြားကို ကုတ်ခြစ်ရင်း ခပ်တိုးတိုး ပြောသည်။ “သခင်လေး အရှေ့နတ်မင်းချင်းလုံရဲ့ လူဝင်စားကို အနိုင်ယူလိုက်တာ ကြမ်းလွန်းသွားသလားလို့.....”

အဝေးမှ အုန်းခနဲ မြည်ဟည်းသံကြီး ထွက်ပေါ်လာသည်။ အရှေ့နတ်မင်း၏ လူဝင်စား ဝင်တိုက်သွားကြောင့် နန်းတော်ပြိုကျသွားသော အသံဖြစ်၏။

ထိုနန်းတော်နှင့်အတူ ကျန်နန်းဆောင်များလည်း လိုက်ပါပြိုကျကုန်သဖြင့် နဂါးမျိုးနွယ် အဆင့်မြင့်သိုင်းပညာရှင်များမှာ ကြောက်လန့်တုန်လှုပ်ကြသည်။

ယန်အာက စိုးရိမ်သထက် စိုးရိမ်လာသောကြောင့် နဂါးချီလင်၏ ဦးခေါင်းကို ခြေသည်းဖြင့် ခပ်ပြင်းပြင်း ကုတ်လိုက်သည်။

နဂါးချီလင်က စိတ်ကို ငြိမ်အောင် ထားကာ ပြန်ဖြေသည်။ “ဒီအရှုပ်ကို ရှင်းလို့ရပါ့မလား ပြောဖို့တော့ ခက်တယ်.... ဒါပေမဲ့ အရှေ့နတ်မင်းက ဂိုဏ်းသခင် အလည်လာတာကို အခွင့်ကောင်းယူပြီး နာမည်ရချင်တာ.. ဂိုဏ်းသခင်က သူ့ကို ပြန်တိုက်ခိုက်လိုက်ရုံပဲ ရှိတာပါ”

ယန်အာမှာ နားမလည်။

နဂါးချီလင်က အကြောင်းစုံ နားလည်သည်။

အရှေ့နတ်မင်းသည် ကောင်းကင်နတ်အရှင်မူ၏ နာမည်ကို ဆွဲချရန် ရည်ရွယ်ထား၍သာ သူ၏ကောင်းကင်နန်းတော်ထဲရှိ နဂါးအများစုအား ဆင့်ခေါ်ထားခြင်း ဖြစ်၏။

ချင်မူ့အင်အားတစ်ခုတည်းကိုသာ စမ်းသပ်လိုလျှင် နဂါးစိမ်းကောင်းကင်နန်းဆောင်၏ အရာရှိမှန်သမျှ ဆင့်ခေါ်နေစရာမလိုပေ။ အရှေ့နတ်မင်းတွင် မကောင်းသော အကြံအစည်တစ်ခုရှိကြောင်း ထင်ရှားသည်။

သူက ချင်မူ၏ ကောင်းကင်နတ်အရှင်ဘွဲ့ကို အသုံးချကာ သူ၏ဩဇာအာဏာအား စိုက်ထူလိုခြင်း ဖြစ်သည်။ ယင်းကား နားလည်ပေး၍ ရပေသည်။

ဤနှစ်များအတွင်း ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နတ်အရှင်ဆယ်ယောက် ဩဇာအာဏာ ကြီးမားလာသည်နှင့်အမျှ နဂါးစိမ်းကောင်းကင်နန်းဆောင်နှင့် ရှေးဟောင်းနတ်ဘုရားတို့၏ ဩဇာအာဏာမှာ ဆုတ်ယုတ်ကျဆင်းလာခဲ့သည်။ တစ်ခါတရံ ကောင်းကင်နတ်အရှင်များသည် သူတို့၏အရှင်သခင်က ရှေးဟောင်းနတ်ဘုရား ကောင်းကင်နတ်ဧကရာဇ် ဖြစ်နေသည့်အချက်ကိုပင် အဖက်မလုပ်ကြပေ။ သူတို့၏ဘွဲ့ဂုဏ်ထူးများကိုသာ သုံးတတ်ကြသည်။

ကောင်းကင်နတ်အရှင်များအတွက် ရှေးဟောင်းနတ်ဘုရားတို့၏ မိသားစုများကို သုတ်သင်ရှင်းလင်းပြီး ဖီဆန်သတ်ဖြတ်ရန် လွယ်ကူသည်။

နဂါးစိမ်းကောင်းကင်နန်းဆောင်၏ အန္တရာယ်အား အရှေ့ဝင်ရိုးစွန်းရှိ လူများ မြင်ကြသည်။ ကောင်းကင်နတ်အရှင်ဆယ်ယောက်က အပေါ်မှ ဖိအားပေးနေစဉ် အရှေ့ကောင်းကင်၏ အစိမ်းနတ်မင်းက အောက်မှ ဖိအားပေးနေသည်။ ယခုတွင် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကလည်း နတ်ဘုရားမြို့ ခြောက်မြို့ကို သယ်ဆောင်လျက် နတ်ဘုရား၊ မိစ္ဆာသန်းပေါင်းများစွာနှင့်အတူ ကောင်းကင်နတ်ဘုံမှ ဆင်းသက်လာခဲ့၏။

ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ မုဒြာသိုင်းကွက်က နဂါးစိမ်းကောင်းကင်နန်းဆောင်ဆီသို့ ပေါ်တင်ပင် ရွယ်ထားသေးရာ အ‌ရှေ့ဝင်ရိုးစွန်းရှိ နဂါးမျိုးနွယ်၏ ယုံကြည်ချက်အား ပြိုလဲသွားစေတော့သည်။

ရှေးဟောင်းနတ်ဘုရားတို့အနက် နတ်မင်းလေးပါးထဲမှ တစ်ပါးဖြစ်သော အရှေ့နတ်မင်းအနေဖြင့် သိက္ခာပြန်ဆယ်ရန် လိုအပ်ပေသည်။

ချင်မူ့ကို အနိုင်ယူလိုက်ခြင်းဖြင့် သူလည်း သူတို့၏ဘက်တော်သား ဖြစ်ကြောင်း ပြသကာ အမှတ်ယူနိုင်မည်။ ရှေးဟောင်းနတ်ဘုရားတို့၏ ထောက်ပံ့မှုမပါလျှင် ချင်မူက သာမန်ထက်မပိုပေ။

ရှေးဟောင်းနတ်ဘုရားတို့သည် ဆရာသခင်များ၊ ခေါင်းဆောင်များ ဖြစ်ကြပြီး ချင်မူက သူတို့၏အမိန့်အတိုင်းသာ ပြုမူလှုပ်ရှားရသော နောက်လိုက် ဖြစ်သည်။

ထို့အပြင် ကောင်းကင်နတ်အရှင်မူ၏ နာမည်သည် ယနေ့ခေတ် ကောင်းကင်နတ်အရှင်ဆယ်ယောက်၏ နာမည်နှင့် ယှဉ်လျှင် မှေးမှိန်သော်လည်း သူက ကောင်းကင်မဟာမိတ်အဖွဲ့၏ ဝါစဉ်အကြီးဆုံး အကြီးအကဲတစ်ယောက် ဖြစ်နေသေးသည်။ သူ့ကို အနိုင်ယူနိုင်လျှင် အရှေ့နတ်မင်းသည် သူ့လူများ၏ မျက်လုံးထဲ၌ ပြိုင်ဘက်ကင်းသွားလိမ့်မည်။

ထို့ကြောင့် အရှေ့နတ်မင်းက ချင်မူ ရောက်သည့်အချိန်တွင် နှစ်မျိုး စမ်းသပ်ခဲ့ခြင်း ဖြစ်ပေသည်။

“သူ မထင်မှတ်ထားတာက ကောင်းကင်နတ်အရှင်မူက ကောင်းကင်နတ်အရှင်တစ်ယောက် ဖြစ်နေသေးတာကိုပဲ”

နဂါးချီလင် ခေါင်းယမ်းလိုက်မိသည်။ အရှေ့နတ်မင်းသည် ချင်မူ့ကို ထိန်းချုပ်ပြီး အခွင့်ကောင်းယူနိုင်ပြီဟု တစ်ချိန်လုံး ထင်ထားခဲ့၏။ သူ ရွှေထီးဆောင်းခဲ့သော အချိန်မှာ မည်မျှဝေးကွာ၍ ကျန်ခဲ့ပြီမှန်း မမြင်တော့ပေ။ ရှေး‌ဟောင်းနတ်ဘုရားများက အင်အားအကြီးဆုံးဖြစ်တည်မှုများ မဟုတ်တော့သည် မဟုတ်ပါ၏လော။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှု၏ သူရဲကောင်းသုံးယောက်ထဲမှ တစ်ယောက်၊ ချင်မူတွင် ရှေးဟောင်းနတ်ဘုရားများကို ကျော်တက်ရမည်၊ အနိုင်ယူမည်ဆိုသော ရည်မှန်းချက်များ မရှိပေ။ သူ၏ရည်ရွယ်ချက်သည် ရှေးဟောင်းနတ်ဘုရားတို့ဖြစ်စေ၊ နတ်ဘုရားအသစ်တို့ဖြစ်စေ ပြည်သူပြည်သားများအား အလုပ်အကျွေးပြုရမည်ဟူ၍ ဖြစ်၏။

ထို့ကြောင့် ချင်မူနှင့် ရှေးဟောင်းနတ်ဘုရားတို့၏ ရည်ရွယ်ချက်မှာ ကွဲလွဲနေသည်သာမက ဆန့်ကျင်ဘက်ပင် ဖြစ်နေသည်။ ချင်မူက အရှေ့နတ်မင်းကို သူ့အား ထိန်းချုပ်ခွင့်ပြုပါမည်လော။

ထို့အပြင် ချင်မူသည် ကောင်းကင်နတ်အရှင်မူဟူသည့် အဆင့်အတန်းကြောင့် အာဏာတချို့ ရှိထား၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ကပ်ဘေးကလည်း သူ့အတွက် သင်ခန်းစာယူစရာ အတွေ့အကြုံတစ်ခု ဖြစ်ခဲ့ကာ သူ၏သိုင်းအဆင့်၊ အသိအမြင်နှင့် အတွေ့အကြုံတို့အား များစွာတိုးတက်စေခဲ့သည်။

မဟာလေဟာနယ်ခရီးစဉ်ကိုပါ ထည့်ပေါင်းလိုက်လျှင် ချင်မူအနေဖြင့် အဆင့်တူတွင် ကောင်းကင်နတ်အရှင်များကို အနိုင်မယူနိုင်သေးလျှင်တောင်မှ ရှေးဟောင်းနတ်ဘုရားတို့၏ လူဝင်စားကိုယ်ပွားတို့အား အလွယ်တကူ အနိုင်ယူနိုင်သည်။

ရုတ်တရက် ဂျိန်းခနဲ ထစ်ချုန်းသံသွား၏။ နဂါးကြေးခွံသဏ္ဍာန် ကျောက်တိုင်တစ်တိုင် လဲကျလာသည်။

ယန်အာမှာ စိတ်အေးနေရာမှ ကျောက်တိုင်လဲကျသံကြောင့် လန့်ဖျပ်သွားပြီး နဂါးချီလင်၏ ဦးခေါင်းကို ခြေသည်းများဖြင့် ခပ်တင်းတင်း ဆွဲကုပ်လိုက်မိသည်။

နဂါးချီလင်မှာ နာနေသော်လည်း အသံမထွက်ပေ။

ကောင်းကင်ထက်ရှိ နဂါးများမှာ ကျောက်တိုင်လဲကျသံကြောင့် ထိတ်လန့်သွားကြပုံပေါ်သည်။ ဤသည်က အရှေ့နတ်မင်း၏ အဆုံးသတ်ဖြစ်လိမ့်မည်ဟု တစ်ကောင်မှ မထင်ထားကြပေ။

သူတို့၏အကြည့်များက နဂါးကျွန်းအပေါ်ရှိ ချင်မူ့ဆီ ရောက်လာသည်။ ချင်မူက ဓားစက်လုံးကို သိမ်းထားပြီချေပြီ။ လူမုန်းများသော လူတစ်ယောက်သည် ရောဂါမရှိပါဘဲနှင့် သေနိုင်ပါသော်လည်း ချင်မူကမူ နဂါးသိုင်းပညာရှင်များ၏ အကြည့်စူးစူးများအောက်ဝယ် တည်ငြိမ်အေးအေးနေသည်။

“ညီတော်တို့ ဘာလုပ်ရမလဲ အစ်ကိုကြီး” နဂါးစိမ်းကောင်းကင်နန်းတော်ရှိ အရာရှိများက အိမ်ရှေ့မင်းသားထံ မေးမြန်းကြသည်။

အိမ်ရှေ့မင်းသားလည်း မကြံတတ်တော့ပေ။ သူ့မှာ တစ်ဦးတည်းသော ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင် ဖြစ်ပါသော်လည်း စောစောက ပြိုလဲကျသွားသည့် ကျောက်တိုင်သဖွယ် သူ၏ရာထူးသည် အရှေ့ဝင်ရိုးစွန်းတွင် ဟန်ပြသက်သက်သာ အသုံးဝင်၏။

အမှန်တကယ် အာဏာရှိသူမှာ သူ၏ခမည်းတော်၊ အရှေ့နတ်မင်း ဖြစ်နေဆဲပင်။ သူ့တွင်မူ အာဏာသိပ်မရှိပေ။

အရှေ့နတ်မင်းသည် သက်တော်ရှည် နဂါးတစ်ပါး ဖြစ်သည့်အပြင် အာဏာရူး၏။ အိမ်ရှေ့မင်းသားအနေဖြင့် ယွမ်လုံမှာ ချုံဧကရာဇ်ခေတ်တုန်းက ပဋိပက္ခအခြေအနေများကြောင့် ဧကရာဇ်ပလ္လင်အဆင့်အထိသာ ကျင့်ကြံခဲ့ရသည်။ ထိုသည်မှာလည်း အောက်ဆင်း၍ တိုက်ခိုက်ရသည့်အတွက် အရှေ့နတ်မင်း၏ လောင်းရိပ်အောက်မှ လွတ်မြောက်သွားသဖြင့်သာ ကျင့်ကြံနိုင်ခဲ့ခြင်းပင်။

ချုံဧကရာဇ်ခေတ် အဆုံးသတ်သွား၍ သူ ပြန်လာသည့်အခါ အရှေ့နတ်မင်း၏ လောင်းရိပ်အောက်သို့ ပြန်လည်‌ရောက်သွားပြန်သည်။

အဖေ၏ အရိပ်အောက်၌ အဘယ်သို့ပြု၍ အင်အားရှိပါတော့မည်နည်း။

ထိုအခိုက်အတန့်တွင် ရှေးကျသော အရှိန်အဝါတစ်ခု ပေါ်ထွက်လာပြီး အင်အားကြီးမားသထက် ကြီးမားလာသည်။ အရှေ့နတ်မင်း၏ ဧရာမခန္ဓာကိုယ်ကြီးက နဂါးစိမ်းကောင်းကင်နန်းဆောင်ကို ရစ်ခွေလျက် လှည့်ပတ်သွား၏။ နေရောင်အောက်တွင် သူ၏အစိမ်းရောင်အကြေးခွံများမှာ မှန်သားပြင်သဖွယ် ပြောင်လက်နေရာ ပတ်ဝန်းကျင်ရှိ နန်းတော်၊ နန်းဆောင်များလည်း ရောင်ပြန်ထင်ဟပ်နေသည်။

သူ၏ဦးခေါင်းကြီးသည် နတ်ကောင်းကင်ခန်းမထက်၌ ပျံဝဲနေပြီး အောက်သို့ငုံ့ကြည့်နေစဉ် နှုတ်ခမ်းမွှေးများက လေထဲတွင် လွင့်မျောလှုပ်ခတ်နေ၏။ သူက နဂါးသွဲ့ရေကန်ထဲရှိ နဂါးကျွန်းသို့ ငုံ့ဆင်းလာကာ ဧရာမလှိုင်းလုံးကြီးများ ထလာအောင် နှုတ်ခမ်းမွှေးများဖြင့် မွှေနှောက်လိုက်သည်။

ချင်မူလည်း ဤရှေးဟောင်းနတ်ဘုရားကို မော့ကြည့်ကာ ပြုံးလိုက်သည်။ “အရှေ့နတ်မင်း၊ ကျွန်တော် စမ်းသပ်မှုကို အောင်သွားပြီ ဟုတ်တယ်မလား”

အရှေ့နတ်မင်းက မျက်လုံးများမှေးကျဉ်းလျက် သူ့ကို စိုက်ကြည့်သည်။ တခဏကြာသော် သူက တဟားဟား ရယ်လေသည်။ “အေး အောင်သွားပြီ… ကောင်းကင်နတ်အရှင်မူ၊ မင်းက အလားအလာအများကြီး ရှိတယ်… နောင်တစ်ချိန်မှာ ကောင်းကင်နတ်အရှင်ဆယ်ယောက်အောက် နိမ့်ကျမှာမဟုတ်ဘူး”

ချင်မူ စိတ်အေးလက်အေး ဖြစ်သွားကာ ပြန်ဖြေလိုက်သည်။ “ကျွန်တော့်ကြောင့် စိတ်မပျက်ရဘူး ဆိုရင် တော်ပါသေးတယ်…. နတ်ရတနာတောင်ကိစ္စက…”

အရှေ့နတ်မင်းသည် ပါးစပ်ဟပြီးနောက် ပြုံးလိုက်၏။ “ငါ ကတိတည်မှာပါ…. နတ်ရတနာတောင်က လေးလွန်းတော့ မင်း မသယ်နိုင်မှာတစ်ခုပဲ”

ချင်မူကား အပြံးပန်းများ ဝေဆာနေသည်။ “စိတ်မပူပါနဲ့ အရှေ့နတ်မင်းရဲ့… ကျွန်တော့်မှာ သယ်နိုင်တဲ့ နည်းလမ်းတစ်ခု ရှိပါတယ်… ကျွန်တော် အရှေ့နတ်မင်းနဲ့ တွေ့ပြီးပြီ၊ အရှေ့နတ်မင်းကိုလည်း နှောင့်ယှက်ပြီးပြီဆိုတော့ ပြန်သင့်ပြီ ထင်ပါရဲ့”

အရှေ့နတ်မင်းက သူ့ကို ဆွဲထားရန် ကြိုးစား၏။ “ရက်ပိုင်းလောက် ထပ်နေပါ့ဦးလား ကောင်းကင်နတ်အရှင်မူ”

“မနေတော့ပါဦးဗျာ… မနေတော့ပါဘူး”

နှစ်ယောက်သား တစ်ယောက်နှင့်တစ်ယောက် လောကဝတ်ပြုပြီးနောက် ချင်မူက နဂါးချီလင်နှင့် ယန်အာကို ထွက်ခွာကြရန် အမိန့်ပေးသည်။ အရှေ့နတ်မင်းက နတ်ရတနာတောင်ဆီ သွားကာ တောင်ထွတ်တစ်ခု ဖြတ်ယူလိုက်၏။ ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားများနှင့် မိစ္ဆာများက ခါးခါးသီးသီး အဓွန့်တက်ကြသည်။ “အရှေ့နတ်မင်းက နတ်ရတနာတောင်ကို ရွှေ့ဖို့ ပြင်နေတာလား…. ရွှေ့လိုက်ရင် ကျုပ်တို့ နဂါးသွားဓားမတွေကို ဘယ်မှာ ရှာကြမတုံး”

ကံကောင်းထောက်မ၍ အရှေ့နတ်မင်းက တောင်ထွတ်တစ်ခုသာ ယူသွားသည်။ ရှစ်ခုကျန်ခဲ့လေသည်။

တောင်ထွတ်သည် အတိုင်းထက်အလွန် လေးလံ၏။ တောင်တစ်တောင်စလုံး မဟုတ်ပါသော်လည်း တောင်၏အစိတ်အပိုင်းအများစု ပါဝင်သည်။ အရှေ့နတ်မင်း ရွှေ့သယ်လာသည့်အခါ ၎င်း၏ သံလိုက်ဓာတ်က နေရာဟင်းလင်းပြင်ကို တွန့်လိမ်သွားစေသည်။

ချင်မူ မျက်လုံးလှုပ်သွားသည်။ တောင်သည် အရှေ့နတ်မင်းအတွက် မကြီးမားသော်လည်း သူ့အတွက်မူ ကြီးမားလွန်းသည်။ မ,သယ်နိုင်ရန် လေးလံလွန်း၏။

အရှေ့နတ်မင်းက အစိမ်းရောင်ဝတ်ရုံနှင့် နတ်မင်းတစ်ပါးအသွင် ပြောင်းသည်။ သူက လေလယ်တွင် ရပ်လျက် လက်တစ်ဖက်ဖြင့် တောင်ထွတ်ကို မ, ကာ ပြောသည်။ “ကောင်းကင်နတ်အရှင်မူ၊ ဒီမှာ တောင်ပါ…. ဖမ်းလိုက်ဦး” သူက စကားပြောပြီးသည်နှင့် တောင်ကို ချင်မူ့ကို လွှဲပစ်ပေးသည်။

နဂါးချီလင်နှင့် ယန်အာ ကြက်သီးတဖြန်းဖြန်း ထသွားကြသည်။ တောင်ထွတ်ကား ကြီးမားလွန်း၏။ သူတို့ ပျံသန်းလျှင်ပင် တောင်၏ဖိအားအောက်မှ လွတ်မြောက်နိုင်ကြမည်မဟုတ်ပေ။

ချင်မူက ပြုံး၍ တတိယမျက်လုံးကို ဆွဲထုတ်ကာ တောင်ဆီ ပစ်လွှတ်လိုက်သည်။

သူ၏တတိယမျက်လုံးက တောင်ဆီ တန်းတန်းမတ်မတ် ဦးတည်သွား၏။ ထိုစဉ် မျက်ဆံက လည်သွားကာ တောင်ဆီသို့ အလင်းတန်းတစ်တန်း ပစ်လွှတ်လိုက်သည်။

ထိုအလင်းတန်းသည် တောင်ကို ဝန်းရံပြီးနောက် ပျောက်ကွယ်သွားလေသည်။

နတ်မျက်လုံးက ချင်မူ့မျက်ခုံးနှစ်ဖက်ကြားသို့ ပြန်ရောက်လာပြီး ကွဲနေသော အသွေးအသားတို့သည် အလိုအလျောက် ပြန်ထွက်လာ၏။ သွေးကြောမများလည်း အလိုအလျောက် ပြန်ဆက်သွားသည်။

သူ၏တတိယမျက်လုံးကို ပုတ်ခတ်ကြည့်သည့်အခါ တောင်ထွတ်၏ သက်ရောက်မှုက သိပ်မသိသာကြောင်း သတိထားမိလိုက်သည်။ သူက ပြုံးလိုက်သည်။ “ကျေးဇူးအများကြီးတင်ပါတယ် အရှေ့နတ်မင်း… လိုက်မပို့ပါနဲ့တော့”

အရှေ့နတ်မင်းမှာ မှင်သက်နေပြီး အရာရှိများနှင့်အတူ ကောင်းကင်ထက်မှ ဆင်းသက်လာသည်။ “စိတ်ထဲ သိပ်မထားပါနဲ့ ကောင်းကင်နတ်အရှင်မူ… စမ်းသပ်မှုနှစ်ခုက ကစားပွဲလေးတစ်ခုသာသာပါပဲ”

ချင်မူက ဖြေကြားသည်။ “အရှေ့နတ်မင်းရဲ့ နန်းဆောင်တွေကို ကျွန်တော် ဖျက်စီးခဲ့မိတဲ့အတွက် စိတ်မကောင်းပါဘူး”

“ကိုယ့်ကိုယ်ကို အဲဒီလောက် အပြစ်မတင်ပါနဲ့ ကောင်းကင်နတ်အရှင်…. ငါ့မှာ ဆောက်လုပ်‌ရေးပိုင်း ကျွမ်းကျင်တဲ့ ကောာင်းကင်နဂါးတွေ တစ်ပုံကြီး ရှိတယ်… သူတို့နဲ့ ပြန်တည်ဆောက်လိုက်လို့ ရပါတယ်”

အရှေ့နတ်မင်းသည် စောစောကကဲ့သို့ နှုတ်ဆက်နေသော အခိုးအငွေ့မျိုး မထုတ်လွှတ်တောဘဲ အေးအေးလူလူဖြင့် ချင်မူ့နှင့် ဘေးချင်းယှဉ်ကာ လျှောက်နေ၏။ သူက ပြုံးရွှင်နေသည်။ “မင်း လာတုန်းက ငါ ကောင်းကောင်း မကြိုဆိုပေးခဲ့ဘူး…. အခု ပြန်မယ့်အချိန်မှာတော့ လိုက်ပို့ပေးရလိမ့်မယ်… ကောင်းကင်နတ်အရှင်၊ ငါတို့ တောင်ကောင်းကင်မုခ်ဝဆီ ရောက်ပါပြီ”

“နှုတ်ဆက်ပါတယ်” ချင်မူက လှည့်ပြီး အရိုအသေပေးသည်။

အရှေ့နတ်မင်းလည်း ထုံးစံအရ အရိုအသေပြန်ပေးကာ ပြော၏။ “ဂရုစိုက်ပါ ကောင်းကင်နတ်အရှင်”

ချင်မူ နဂါးချီလင်နှင့် ယန်အာ့ကို လှမ်းခေါ်ကာ လမ်းလျှောက်ထွက်လာသည်။

မိုင်တစ်ထောင်ဝန်းကျင် လျှောက်ပြီးသည့်နောက်တွင် ကောင်းကင်ထက်တွင် ကောင်းကင်အလင်းတန်းများ ကွန့်မြူးဖြာထွက်လာကာ အလင်းတန်းတို့အတွင်း၌ နဂါးများ ကခုန်နေကြ၏။ အရှေ့နတ်မင်းက သူ၏အရာရှိများကို ဤနေရာသို့ ခေါ်လာပြန်သည်။ သူက ရယ်မောပြီး ပြောသည်။ “စောစောက သေသေချာချာ လိုက်မပို့ပေးလိုက်ရလို့ ဒီတစ်ခေါက် သေသေချာချာ လိုက်ပို့ပေးတာပါ”

ယန်အာနှင့် နဂါးချီလင်မှာ တအံတဩဖြင့် တွေးမိကြသည်။ ‘အရှေ့နတ်မင်းက သူ အရှက်ခွဲခံခဲ့ရလို့ ငါတို့ကို နှုတ်ပိတ်ပြီး ရတနာပြန်ယူဖို့ ရောက်လာတာများလား”

ချင်မူက နဂါးချီလင်၏ကျောပေါ်မှ ခုန်ဆင်းသည်။ သူသည် သိသိသာသာ ရင်ထဲ ထိခတ်သွားပြီး သက်ပြင်းချကာ ပြောနေ၏။ “အရှေ့နတ်မင်း လိုက်ပို့ပေးခဲ့တာနဲ့တင် ကျေနပ်စရာကောင်းနေပါပြီဗျာ… အခုလို ထပ်လုပ်ရင် ကျွန်တော်တော့ ရှက်မိတော့မှာပဲ.. နတ်မင်း၊ နတ်မင်းရဲ့ စေတနာကို ကျွန်တော် အပြည့်အဝ ခံစားရပါတယ်… ကျေးဇူးပြုပြီး လိုက်မပို့ပါနဲ့တော့”

အရှေ့နတ်မင်းသည် သက်ပြင်းချ၏။ “မင်းနဲ့ ဆုံတွေ့ရတာက ငါ့ကိုယ်ငါ ပြန်လည်သုံးသပ်နိုင်စေခဲ့တယ်… ငါ မင်းကို လိုက်မပို့ရရင် စိတ်မကောင်းဖြစ်ရပါလိမ့်မယ်”

ချင်မူ ဦးညွှတ်အရိုအသေ ပေးသည့်အခါ အရှေ့နတ်မင်းကလည်း ပြန်လည်အရိုအသေပေးပြီးနောက် သူ့အား နဂါးချီလင်၏ ကျောအပေါ်သို့ ကိုယ်တိုင်ကိုယ်ကျ တင်ပေးသည်။ “လမ်းခရီး ဖြောင့်ဖြူးပါစေ”

“နှုတ်ဆက်ပါတယ် နတ်မင်း”

နဂါးချီလင်လည်း နောက်ပြန်လှည့်မကြည့်ဘဲ ခြေကုန်သုတ်တော့သည်။ သို့တိုင်အောင် အရှေ့နတ်မင်းချင်းလုံ ဦးဆောင်သော အရှေ့ဝင်ရိုးစွန်း၏ ကောင်းကင်နဂါးများ သူတို့အား အပေါ်မှ စောင့်ကြည့်နေကြသေးကြောင်း သတိထားမိ၏။

နဂါးချီလင် ချင်မူ့ကို ပြောပြတော့မည့်အချိန် ကောင်းကင်အလင်းတန်းများ တောက်ပလာသည်။ အရှေ့နတ်မင်းသည် ရှေ့သို့ ထွက်လာပြန်ကာ ဟစ်ကြွေးအော်ဟစ်၏။ “ကျေးဇူးပြုပြီး ရပ်ပါဦး ကောင်းကင်နတ်အရှင်မူ”

ချင်မူ နဂါးချီလင်အား ရပ်ခိုင်းလိုက်သည်။

အရှေ့နတ်မင်း၏ ဘေးတွင် နဂါးမယ်တစ်ယောက်သည် ဝိုင်အကောင်းစားနှင့် ရွှေခွက်များ တင်ထားသည့် လင်ဗန်းတစ်ချပ် ကိုင်ထား၏။ အရှေ့နတ်မင်းကိုယ်တိုင် ဝိုင်ငှဲ့ပေးပြီးနောက် ခွက်ကို မြှောက်လိုက်သည်။ “မင်း‌ ရောက်လာကတည်းက တူတူ မသောက်ရသေးဘူး ကောင်းကင်နတ်အရှင်… ဒါ ငါ့အမှားပါ…. ဒါကြောင့် မင်းနဲ့အတူ တစ်ခွက်လောက်တော့ သောက်ချင်ပါတယ် ကောင်းကင်နတ်အရှင်”

ချင်မူလည်း ခွက်ကို မြှောက်ကာ သူနှင့်အတူ သောက်လိုက်သည်။ သူက ပြုံး၍ ပြောလေသည်။ “ကျွန်တော်က သိပ်မသောက်နိုင်လို့ နည်းနည်း မူးနေပါပြီ… အရှေ့နတ်မင်းရဲ့ ဝိုင်တစ်ခွက်က အခြားဝိုင် ခရားတစ်ထောင်ကျော်ထက် ပိုကောင်းပါတယ်… နှုတ်ဆက်ပါတယ် နတ်မင်း”

အရှေ့နတ်မင်းသည် သူ နဂါးချီလင်ကို စီး၍ ထွက်သွားသည်ကို ကြည့်ရင်း လက်ပြနှုတ်ဆက်နေ၏။

နဂါးချီလင်က ချင်မူနှင့် ယန်အာကို ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီအနားသို့ ခေါ်သွားသည်။ အရှေ့နတ်မင်းက နဂါးစိမ်းကောင်းကင်နန်းဆောင်၏ အဆင့်မြင့်သိုင်းပညာရှင်များနှင့်အတူ သူတို့ဆီ ချဉ်းကပ်လာပြန်၏။ အရှေ့နတ်မင်းက သူတို့ထံ သစ်သီးဝလံများ ဆက်သရန် အမိန့်ပေးရင် အားတုံ့အားနာ ပြောသည်။ “ငါ မင်းကို ကောင်းကောင်းမွန်မွန် ဧည့်ခံပေးဖို့ ပျက်ကွက်ခဲ့မိတယ်….အဲဒီအတွက် ဒီသစ်သီးတွေ အစားပြန်ပေးပါရစေ”

ချင်မူက ယန်အာ့ကို လက်ခံခိုင်းလိုက်ပြီးနောက် ပြောသည်။ “နတ်မင်းကတော့ ကျေးဇူးတင်လွန်းနေပါပြီ”

အရှေ့နတ်မင်းသည် သူတို့ကို လက်ပြနှုတ်ဆက်ပြန်၏။

နောက်ထပ်မိုင်တစ်ထောင် ပြေးပြီးသည့်အခါ နဂါးချီလင်သည် နတ်ဘုရားမြို့နောက်တစ်မြို့၏ နယ်စပ်သို့ ရောက်လာ၏။ အရှေ့နတ်မင်းလည်း ရောက်ချလာပြန်ကာ မျက်ရည်များဖြင့် ပြောလေသည်။ “ငါတို့တွေ ဘယ်တော့မှ ပြန်ဆုံရမလဲ မသိဘူး… ငါ မင်းကို လိုက်ပို့ပေးပါရစေ”

ချင်မူကလည်း မျက်ရည်ဝဲနေပြီး ငိုသံဖြင့် ပြန်ဖြေသည်။ “အရှေ့နတ်မင်းရဲ့ ဧည့်ဝတ်ကျေပွန်မှုကို ကျွန်တော် ပြန်ဆပ်နိုင်မယ် မထင်ဘူးဗျာ”

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ဖက်ကာ မျက်ရည်သုတ်ပြီးနောက် နှုတ်ဆက်ကြသည်။

ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ အပေါ်ရှိ နတ်ဘုရားမြို့ခြောက်မြို့မှ နတ်ဘုရားများ၊ မိစ္ဆာများမှာ ဤမြင်ကွင်းကို မြင်လျှင် တိုးတိုးတိတ်တိတ် အတင်းတုပ်ကြ၏။

ချင်မူ နဂါးချီလင်ကို ဆက်စီးသွားပြီးနောက် နဂါးချီလင် သံသယများအား ထုတ်မမေးနိုင်ခင် သူတို့ကို လိုက်ပို့ရန် အရှေ့နတ်မင်း ရောက်လာပြန်သည်ကို မြင်လိုက်ရသည်။

အရှေ့နတ်မင်းနှင့် သူ၏အမှုထမ်းများက သူတို့ကို ကိုးကြိမ်တိုင်တိုင် လိုက်ပို့ပေးခဲ့သည်။ သူက သူတို့ကို ရတနာရထားလှည်းအနားအထိ လိုက်ပို့ပေးပြီး ကောင်းကင်နဂါးများကိုလည်း ကိုယ်တိုင်ချည်ပေးကာ ချင်မူ့ကို လှည်းထဲ ဝင်ထိုင်ခိုင်း၏။

“ကျေးဇူးပြုပြီး ပြန်ပါတော့ နတ်မင်း” ချင်မူသည် ပြတင်းကာကို ဖွင့်ကာ နီရဲနေသော မျက်လုံးများဖြင့် ပြောနေ၏။

အရှေ့နတ်မင်းက သက်ပြင်းချသည်။ “ငါတို့ ဘယ်တော့မှ ပြန်တွေ့ရတော့မလဲ”

သူတို့သည် ချင်မူတို့၏ ရထားလှည်း စွမ်းအင်အကူးအပြောင်းတံတားထဲ ဝင်ရောက်သွားမှန်း မြင်မှ ပြန်သွားကြ၏။

“အရှေ့နတ်မင်းချင်းလုံက အမှန်တကယ် အင်အားကြီးမားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ”

ချင်မူက တစ်ယောက်တည်း ပြောနေသည်။ “အရှေ့ကောင်းကင်ရဲ့ မြစိမ်းဧကရာဇ်အနေနဲ့ သူ့ကို ဘယ်လိုလုပ် ယှဉ်နိုင်ပါ့မလဲ… နတ်ဧကရာဇ်လန်ရွှမ်တစ်ယောက်ပဲ သူ့ကို နိုင်မယ်ထင်တယ်”

ရထားလှည်းထဲတွင် နတ်ဘုရင်လန်ဝူ၏ ပုံရိပ် ပေါ်လာ၏။ “သွေးသံချေးဇုန်စစ်ပွဲမှာ ငါတို့ကို ရင်ဆိုင်ပြီး အသက်ကျန်ခဲ့ဖို့ မလွယ်ဘူး… အထွတ်အမြတ်ကလေးငယ်၊ နင် သူ့ကို အထင်သေးနေမှာ ငါ စိတ်ပူမိတယ်”

ချင်မူ ပြုံးလျက် ပြောလိုက်မိသည်။ “သူက ကျွန်တော့်ကို အထင်သေးထားတာပါ… နည်းနည်းပါးပါးတော့ အရေးနိမ့်ခဲ့ပေမယ့် အဆုံးသတ်မှ ပြန်အခွင့်ကောင်း ယူနိုင်ခဲ့ပါတယ်”

နဂါးချီလင်မှာ အောင့်ထားရသည့် မေးခွန်းများအား ထုတ်မေးတော့သည်။ “ဂိုဏ်းသခင်၊ သူက အခွင့်အကောင်းယူခံထားရတာအောင် ဘာလို့ ဂိုဏ်းသခင်ကို စိတ်ရင်းထဲကအတိုင်း လိုက်ပို့ပေးသလို လုပ်နေသေးတာလဲ… ကိုးကြိမ်တောင်နော်.. ကောင်းကင်နတ်ဧကရာဇ် ဒီကို ရောက်လာရင်တောင် ကိုးကြိမ်ကိုးခါ လိုက်ပို့ခံရမှာမဟုတ်ဘူး”

ယန်အာလည်း နားမလည်သောကြောင့် ဝင်မှတ်ချက်ပေးသည်။ “အရှေ့နတ်မင်းက သဘောထားသေးတယ်… အဲဒီလို စိတ်ရင်းနဲ့ လုပ်မယ့်သူမျိုး မဟုတ်လောက်ဘူး”

ချင်မူ ပြုံးလိုက်၏။ “သူက သူနဲ့ ကျွန်တော် မဟာမိတ်ဖွဲ့ထားတဲ့အကြောင်း ကောင်းကင်နတ်ဘုံကို သိစေချင်နေတာပါ… ကျွန်တော့်ကို ဘယ်အရာမဆိုထက် တန်ဖိုးထားတဲ့အကြောင်းကိုလည်း ပြထားတာမျိုးပေါ့…. အဲဒီလိုလုပ်ရင် ရှေးဟောင်းနတ်ဘုရားတွေနဲ့ ရပ်တည်နေတဲ့အကြောင်း ဖော်ပြနိုင်သလို၊ ကောင်းကင်နတ်ဘုံ ကျွန်တော့်ကို တွန်းလှန်အောင် ဖိအားပေးဖို့ ရည်ရွယ်ထားတာပဲ”

သူက နားထင်ကို ပွတ်ရင်း ရှင်းပြနေသည်။ “ကျွန်တော်က သူ့ကို အရေးနိမ့်အောင် လုပ်ခဲ့တယ်… သူ့လူဝင်စားကိုယ်ပွားကို ရိုက်နှက်ပြီး သူ့မျိုးဆက်အားလုံးအရှေ့မှာ လောင်းကြေးအောင်နိုင်ခဲ့တယ်… သူ ရှုံးတုန်းက ဘာကြောင့် ကျွန်တော့်ကို ကလဲ့စားမချေဘဲ နေတာလဲ… သူ ကျွန်တော့်ကို ကိုးကြိမ်ကိုးခါ လိုက်ပို့ပေးတာက စိတ်ရင်းထဲက လာသလို ထင်ရပေမယ့် သူ ကျွန်တော့်ကို တန်ဖိုးထားတဲ့အကြောင်း လူတွေ သိစေချင်ရုံသက်သက်ပဲ … ဒါပေမဲ့ သူ တန်ဖိုးထားလေလေ၊ ကောင်းကင်နတ်ဘုံကလည်း ကျွန်တော့်ကို ဖယ်ရှားချင်လေလေပဲ မဟုတ်လား… သူ လုပ်နေတာတွေက ကျွန်တော့်ကို မီးပူပူနဲ့ လှော်နေသလိုပေါ့ဗျာ”

All Chapters