← Chapters

အစစ်အမှန်ဓားသိုင်းတက္ကသိုလ်

Vol. 79 Ch. 1029

အစစ်အမှန်ဓားသိုင်းတက္ကသိုလ်

Vol. 79 Ch. 1029

နတ်မင်းရွှမ်းသည် ချင်မူနှင့်အတူ မဟူရာလိပ်ကောင်းကင်နန်းဆောင်အတွင်းသို့ ဝင်၍ လိပ်ကျောခွံ ရှိသည့် နတ်ဘုရားတစ်ပါးအား ဆင့်ခေါ်လိုက်၏။ “မင်းသားယိုမင်က အလိုက်မသိ စကားများခဲ့တဲ့အတွက် ငါ မိုးကြိုးငါးသွယ်အိုး ၉၉ လုံး ဆုံးရှုံးလိုက်ရတယ်... ရော့ ကြာပွတ်ယူသွား... သူ့ကို ၉၉ ကြိမ် ကြာပွတ်နဲ့ ချချည်”

ထိုနတ်ဘုရားက ကြာပွတ်ကို ယူကာ ထွက်သွားသည်။

ချင်မူမှာ တားသင့်မတားသင့် တွေးနေသော်လည်း မင်းသားအတွက် အသနားခံပေးရန် မကြိုးစားတော့ပေ။

နဂါးချီလင်နှင့် ယန်အာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြသည်။ ယန်အာက ခပ်တိုးတိုး ပြောလေသည်။ “သခင်လေးက မင်းသားယိုမင်အတွက် ဘာလို့ အသနားမခံပေးနေတာလဲဟေ... မင်းသားက ငါတို့ကို လမ်းပြပေးခဲ့တဲ့သူလေ... စိတ်ထားလည်း ကောင်းပါတယ်... အခုတော့ ကြာပွတ်နဲ့ ၉၉ ကြိမ် ရိုက်ခံရတော့မယ်”

နဂါးချီလင်က ခပ်တိုးတိုး ပြန်ပြောသည်။ “ဂိုဏ်းသခင်က ရာထူးနိမ့်နေတော့ သူပြောလည်း အရာရောက်မှာ မဟုတ်ဘူးလေ”

ချင်မူ့အကြည့်က သူ့ဆီ ဒိန်းခနဲ ရောက်လာသဖြင့် နဂါးချီလင် အပေါက်ပိတ်သွားသည်။

သူတို့အရှေ့တွင် ကျောက်ရုပ်တုတစ်ရုပ် မြင်တွေ့ရပြီး ထိုကျောက်ရုပ်တုသည် ခိုင်ဧကရာဇ်ချင်ယဲ့၏ အသွင်သဏ္ဍာန် ရှိနေ၏။

ချင်မူက ရှေ့သို့‌လျှောက်သွားကာ ရုပ်တုကို လေ့လာသည်။ ရုပ်တုသည် ခိုင်ဧကရာဇ်၏ရုပ်တု ဖြစ်သော်လည်း လူငယ်ခိုင်ဧကရာဇ်၏ ပုံစံ ဖြစ်သည်။ ယနေ့ခေတ်၏ ခိုင်ဧကရာဇ်နှင့် မတူဘဲ အားမာန်တက်ကြွသော အငွေ့အသက်အား ထုတ်လွှတ်နေသည်။

“ခိုင်ဧကရာဇ်က ငါတို့နဲ့ သင့်မြတ်တယ်.... အစောပိုင်းခိုင်ဧကရာဇ်ခေတ်တုန်းကပေါ့ ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံကို မတည်ဆောက်ခင်တုန်းက သူ ဒီမှာ ရှိနေခဲ့တာ”

နတ်မင်းရွှမ်းက ပြောသည်။ “သူ့ရုပ်တုပတ်ဝန်းကျင်က နေရာက ဓားတက္ကသိုလ်တစ်ခုပဲ... သူက အဲဒီနေရာကို တည်ထောင်ခဲ့ပြီး အစစ်အမှန် ဓားသိုင်းတက္ကသိုလ်လို့ နာမည်ပေးခဲ့တယ်... ငါတို့ရဲ့ တပည့်ငယ်လေးတွေက သူ့လက်အောက်မှာ ဓားကို ‌လေ့လာခဲ့ကြတယ်... ငါတောင်မှ သူနဲ့ သိုင်းပညာချင်း ဖလှယ်ပြီး သူ့ဓားတာအိုကို သင်ယူခဲ့သေးတယ်... အပြန်အလှအနေနဲ့ ငါ့ရဲ့ ဝင်္ကပါအစီအရင်တွေကို သူ့ဆီ ပြန်သင်ပေးခဲ့တာပေါ့လေ.... အခုဆို နှစ်ပေါင်းလေးသောင်း ကြာခဲ့ပြီ.... ငါတို့မှာ အစစ်အမှန်ဓားသိုင်းဂိုဏ်းလို့ ခေါ်တဲ့ ဓားသိုင်းပညာရှင်တွေ အများကြီးရှိလာခဲ့ပြီ”

သူက ချင်မူကို ခေါ်သွားရင်း တက္ကသိုလ်၏ အကြွင်းအကျန်အုတ်ပုံများအား လိုက်လံပြသပေးသည်။ တက္ကသိုလ်သည် ကျယ်ဝန်းပြီး လိပ်နက်ဂိုဏ်းသားထောင်နှင့်ချီ ပညာသင်ကြားခဲ့မည့်ပုံ ရသည်။

“ဒါပေမဲ့ ခိုင်ဧကရာဇ်ခေတ် အဆုံးသတ်သွားတော့ ကောင်းကင်နတ်ဘုံက တက္ကသိုလ်ကို ဖျက်ဆီးဖို့ အမိန့်ပေးခဲ့တယ်.... ‌အဲဒါနဲ့ ဒီကျောက်တုံးရုပ်တုတစ်ခုပဲ ကျန်ခဲ့တာ”

နတ်မင်းရွှမ်းက ဆက်ပြော၏။ “အဲ့ဒီဂိုဏ်းသားတွေသာ မင်းရောက်လာမှန်း သိကြလို့ကတော့ အင်မတန် ၀မ်း‌သာသွားကြမှာပဲ... ချင်းယဲ့ကလည်း မိန်းကလေးနှစ်ယောက်နဲ့ သစ်ခုတ်သမားတစ်ယောက်ကို ခေါ်လာခဲ့တယ်... တိရီယွဲ့၊ ယန်ယွင်ရှစ်နဲ့ ဝမ်းတျန်းကဲတို့ပေါ့ကွာ...သုံးယောက်လုံးက တကယ် လိမ္မာကြတယ်.... တိရီယွဲ့က ငါ့ဆီကနေ လိပ်နက်မဟာတာအိုကို သင်တယ်... ယန်ယွင်ရှစ်က ဝင်္ကပါသိုင်းကို သင်တယ်... သစ်ခုတ်သမားကတော့ သင်္ချာသင်တယ်... သူတို့က တကယ် ဉာဏ်ကောင်းကြတော့ ငါ့ထက် ပိုထူးချွန်ကြတယ်... ငါလည်း သူတို့ဆီက အများကြီး သင်ယူနိုင်ခဲ့တယ်”

“ကောင်းကင်ဆရာသခင်ကျစ်ရှီနဲ့ ဆရာသစ်ခုတ်သမားလည်း ဒီကို ရောက်လာဖူးလာတာလား”

ချင်မူမှာ ရင်ထဲတွင် လှုပ်ခတ်သွားကာ မေးလိုက်သည်။ “ခိုင်ဧကရာဇ်က အရှေ့ဝင်ရိုးစွန်းကိုလည်း သွားခဲ့မှာပေါ့နော်”

“သွားခဲ့တာပေါ့”

နတ်မင်းရွှမ်းသည် ဆက်ပြော၏။ “ချင်ယဲ့က အရှေ့ဝင်ရိုးစွန်းမှာလည်း တက္ကသိုလ်တစ်ခု တည်ထောင်ခဲ့တယ်... အဲဒီတက္ကသိုလ်နာမည်က အစစ်အမှန်နဂါးလမ်းစဉ်တက္ကသိုလ်တဲ့... အဲဒီတက္ကသိုလ်လည်း နာမည်ကြီးတာပဲ... သူနဲ့အတူ ကျင့်ကြံခဲ့တဲ့တစ်ယောက်က ခိုင်ဧကရာနိုင်ငံတော်ရဲ့ နဂါးသွေးဆက်ကနေ ဆင်းသက်လာတဲ့ ချင်းဝမ်လို့ ခေါ်တဲ့ အစစ်အမှန်နဂါးတစ်ကောင်လို့ ကြားတယ်”

ချင်မူက တွေးကြည့်လိုက်မိသည်။ အရှေ့၀င်ရိုးစွန်းမှာတုန်းက ခိုင်ဧကရာဇ်နှင့် ပတ်သက်သည့် အရိပ်အယောင်တစ်ခုမှ မမြင်ခဲ့ရချေ။ အရှေ့နတ်မင်းမှ အပြောင်ရှင်းပစ်ထားခြင်း ဖြစ်မည်။

ဤအခြင်းအရာမှတစ်ဆင့် နတ်မင်းရွှမ်းနှင့် အရှေ့နတ်မင်းတို့၏ မတူညီကွဲပြားသော အုပ်ချုပ်ပုံအုပ်ချုပ်နည်းအား သိရှိနိုင်သည်။ အရှေ့နတ်မင်းသည် ပို၍ခေါင်းမာပြီး တစွတ်ထိုးဆန်သည်၊ တစ်ယူသန်သည်။ သူ့လက်ခုပ်ထဲမှ ထွက်သွားလျှင် သုတ်သင်ရှင်းလင်းပစ်မည့် လူစားမျိုး ဖြစ်သည်။

နတ်မင်းရွှမ်းမှာမူ ရင်းနှီးမှုကို ပိုမိုအလေးထားသည်။ ခိုင်ဧကရာဇ် ကျရှုံး၍ ခိုင်ဧကရာဇ်ခေတ် အဆုံးသတ်သွားသည့်တိုင် သူသည် ကျောက်ရုပ်ကို မဖျက်စီးခဲ့သလို၊ ကျန်ရစ်ခဲ့သော ဂိုဏ်းသားများစွာကိုလည်း ဓားသိုင်းဆက်လက်သင်ယူခွင့် ပေးထား၏။

ခိုင်ဇကရာဇ်က ဓားတာအိုကဲ့သို့ ကမ္ဘာခေတ်နှောင်း မဟာတာအိုများကို အဆုံးစွန်အထိ တွန်းတင်ပေးခဲ့ကာ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့သည်။ ဓားတာအိုအပြင် ၀င်္ကပါလမ်းစဉ်၊ ပန်းပဲလမ်းစဉ်နှင့် ဓားမလမ်းစဉ် အစရှိသော ကမ္ဘာခေတ်နှောင်းမဟာတာအိုများလည်း ခိုင်ဧကရာဇ်ခေတ်တွင် တိုးတက်ခဲ့၏။ ထိုအချိန်က ကမ္ဘာခေတ်နှောင်းမဟာတာအိုတို့၏ အရှိန်အမြင့်ဆုံးအချိန် ဖြစ်ခဲ့သည်။

ခိုင်ဧကရာဇ်ခေတ်က ကမ္ဘာခေတ်နှောင်းမဟာတာအိုများ ပေါ်ထွက်လာပြီး ကမ္ဘာခေတ်ဦးမဟာတာအိုများနှင့် ယှဉ်ပြိုင်လာနိုင်သည့်ခေတ်ဟုပင် ဆိုနိုင်ပေသည်။

နတ်မင်းရွှမ်းသည် ၀င်္ကပါနှင့် အက္ခရာသင်္ချာတွင် ကျွမ်းကျင်ပေရာ ကမ္ဘာခေတ်နှောင်းမဟာတာအိုအပေါ် လက်ခံကြောင်း ပြသနေ၏။ သူ၏ကမ္ဘာခေတ်ဦးမဟာတာအိုများက ကန့်သတ်ချုပ်နှောင်ထား၍သာ ဤကမ္ဘာဦးခေတ်နှောင်းမဟာတာအိုနှစ်ခုကို အဆုံးအစွန်အထိ မတွန်းပို့နိုင်ခြင်း ဖြစ်သည်။

သူတို့နှစ်ယောက်သား ရှေ့ဆက်လက်လျှောက်လာရင်း ချင်မူမှာ ခိုင်ဧကရာဇ် ချန်ရစ်ခဲ့သော အမှတ်အသားများအား ထပ်မံမြင်တွေ့နေရသည်။ ဓားသိုင်းဆွေးနွေးရာစင်မြင့်တစ်ခု၊ ဓားဆေးကန်တစ်ကန်၊ ယန်ယွင်ရှီ ထားခဲ့သော ကောင်းကင်မြေပြင်စစ်တုရင်ခုံ၊ တိရီယွဲ့ ထားခဲ့သော လိပ်နက်အရပ်ခြောက်မျက်နှာကျမ်းစာတို့ကိုလည်း မြင်တွေ့ရသည်။

“နတ်မင်းက ခိုင်ဧကရာဇ်နဲ့ သင့်မြတ်တယ်ဆိုရင် ခိုင်ဧကရာဇ်ခေတ်ကို အဆုံးသတ်မယ့် ကောင်းကင်လက်နက်ကို ဘာလို့ ငှားလိုက်ရတာလဲ” ချင်မူက မေးသည်။

နတ်မင်းရွှမ်းသည် ရှင်းပြ၏။ “အခြေအနေတွေကြောင့် ဖိအားပေးခံခဲ့ရတာပါ..... ခိုင်ဧကရာဇ်ခေတ်သာ ချုံဧကရာဇ်ခေတ်လို နှစ်ပေါင်းသုံးသိန်းအထိ ကြာခဲ့ရင် ကမ္ဘာခေတ်နှောင်းမဟာတာအိုတွေက နေရာဟင်းလင်းပြင်မှာ အရာထင်ကျန်ခဲ့လိမ့်မယ်... ခိုင်ဧကရာဇ်ခေတ်နတ်ဘုရားတွေက ခေတ်နှောင်းတာအိုကို အသုံးချရင်း ခေတ်ဦးတာအို ဖြစ်လာစေပြီး ရှေးဟောင်နတ်ဘုရားအသစ်တွေ ပေါ်ထွက်လာမယ်.... အဲဒါဆိုရင် ကောင်းကင်နတ်ဘုံကို တိုက်ခိုက်နိုင်ပြီ”

ချင်မူ ရင်ထဲတွင် လှုပ်ခတ်သွားမိသည်။ ရှေးဟောင်းနတ်ဘုရားများ ခိုင်ဧကရာဇ်ခေတ်ကို အားပေးထောက်ခံခဲ့သည့် အချက်က ရှေးဟောင်းနတ်ဘုရားအသစ်များ ဖန်တီးရန် ဖြစ်ချေသည်။

“ဒါဆို ခိုင်ဧကရာဇ်ရဲ့အမြတ်က ငါတို့အမြတ် ဖြစ်မယ်... သူတို့က ရှေးဟောင်းနတ်ဘုရားအသစ်တွေ ဖြစ်လာပြီး ငါတို့အတူတူ ပူးပေါင်းရင်း ကောင်းကင်နတ်ဘုံကို အမြစ်ဖြုတ်နိုင်ကြမယ်... အဆုံးသတ်မှာ ခိုင်ဧကရာဇ်က ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ် ဖြစ်လာမှာပေါ့ကွာ”

နတ်မင်းရွှမ်းသည် ပြော၏။ “ခိုင်ဧကရာဇ်ခေတ်အနေနဲ့ နှစ်တစ်သိန်းပဲ တည်တံ့ခဲ့ရင်တောင် လွတ်လွတ်လပ်လပ်နဲ့ ရပ်တည်နိုင်သေးတယ်... အဲဒီလို ရပ်တည်နိုင်ရင် ငါတို့တွေဟာ ကောင်းကင်နတ်ဘုံကနေ ခွဲထွက်လာပြီး ကောင်းကင်နတ်ဘုံ ငါတို့ရှေးဟောင်းနတ်ဘုရားတွေကို မတိုက်ခိုက်နိုင်အောင် ဟန့်တားနိုင်မယ်.... ဒါပေမဲ့ မထင်မှတ်စရာကောင်းတာက ကောင်းကင်နတ်ဘုံက ခိုင်ဧကရာဇ်ခေတ်ကို နှစ်နှစ်သောင်းပဲ အချိန်ပေးခဲ့တော့ ငါတို့လည်း သူတို့နဲ့ ပူးပေါင်းမလား၊ သေမလား အဲ့နှစ်ခုပဲ ရွေးချယ်စရာ ရှိတော့တယ်လေ”

သူက ကျောက်စိမ်းစင်မြင့်ဆီ လမ်းလျှောက်သွားပြီးနောက် သက်ပြင်းချကာ ခပ်တိုးတိုး ရေရွတ်လိုက်၏။ “နှစ်နှစ်သောင်းပဲတဲ့... ထာဝရငြိမ်းချမ်းရေးအင်ပါယာကတော့ အဟင်းဟင်း နှစ်ရှစ်ရာတဲ့လေ”

ချင်မူလည်း သူ့နောက်မှ လိုက်သွားရင်း တွန့်ဆုတ်စွာဖြင့် မေးလိုက်မိသည်။ “နတ်မင်းရွှမ်း၊ ကျွန်တော် မေးသင့်လား မသိတဲ့ဟာ တစ်ခု ရှိတယ်... နတ်မင်းဝူနဲ့ နတ်မင်းရွှမ်းက အဆင်မပြေသလိုပဲနော်... ဘာကြောင့်လဲ”

“မင်းလည်း မြင်တယ်ပေါ့”

နတ်မင်းရွှမ်းက သက်ပြင်းချသည်။ “ငါတို့က ကောင်းကင်နတ်မြစ်ကနေ မွေးဖွားလာတဲ့ သူတော်စင်တွေလို့ ပြောရမယ်... ငါတို့နှစ်ယောက်လုံး နတ်မြစ်ကို တစ်ယောက်တစ်ဝက်စီ အုပ်ချုပ်ပြီး တစ်ယောက်ကိစ္စ တစ်ယောက် ဝင်မစွက်ဖက်ကြဘူး... ဒါပေမဲ့ ရှေးဟောင်းနတ်ဘုရားတွေ တစတစ မွေးဖွားလာတဲ့နောက်မှာ ငါတို့တစ်ယောက်ချင်းစီရဲ့ ခွန်အားက နဂါးစိမ်းနဲ့ ကောင်းကင်နတ်ဧကရီလို ရှေးဟောင်းနတ်ဘုရားအောက် နိမ့်ကျလာတယ်... အတူတူ ပူးပေါင်းရင်တော့ သူတို့ထက် ပိုအင်အားကြီးတယ်”

သူသည် နှစ်ခြမ်းကွဲနေသော နဂါးသွဲ့ရေကန်ဆီသို့ ချင်မူ့အား ခေါ်သွား၏။

မဟူရာလိပ်ကောင်းကင်နန်းဆောင်မှာ ကောင်းကင်နတ်ဘုံနှင့် ယှဉ်လျှင် သေးငယ်သောကြောင့် ရှေ့ဆက်လျှောက်လျှင် နတ်ဘုရားစီရင်ရာစင်မြင့်ဆီ ရောက်လိမ့်မည်။

ချင်မူမှာ စပ်စုချင်နေသည်။ နတ်ဘုရားစီရင်ရာစင်မြင့်လည်း တိတိရိရိ နှစ်ခြမ်းကွဲနေသည်။ တာအိုနှစ်ခု ရစ်ပတ်နေသော နတ်ဘုရားစီရင်ရာဓားမသည်ပင် နှစ်ခြမ်းဖြစ်နေ၏။

နတ်မင်းရွှမ်းက ပြောသည်။ “ငါတို့က ငါတို့ကိုယ်ငါတို့ ကာကွယ်ဖို့၊ ငါတို့အဆင့်အတန်းကို ထိန်းသိမ်းဖို့ ပူးပေါင်းထားကြတာ.... အဲဒါကြောင့် လူတွေက ငါတို့ကို မြောက်နတ်မင်းရွှမ်းဝူလို့ ခေါ်ကြတယ်... ဒါပေမဲ့ အချိန်ကြာလာတော့ စိတ်သဘောထားချင်း မတိုက်ဆိုင်တာတွေ များလာပြီး သုံးရက်တစ်ခါ ရန်ဖြစ်တယ်... ငါးရက်တစ်ခါ ရန်သတ်တယ်... ဘဝဆိုတာ အဲဒီအတိုင်း ဆက်သွားလို့ ဘယ်ဖြစ်ပါ့မလဲကွာ... ငါတို့က နတ်မင်းလေးပါးထဲမှာ အင်အားအကြီးဆုံးလည်း ဖြစ်တော့ နှစ်ယောက်ခွဲနေရင်လည်း ပိုလည်း ဆိုးမှာမဟုတ်လား... အဲဒါကြောင့် နဂါးဟန်ခေတ်တုန်းက ကောင်းကင်နတ်ဘုံကနေ ခွဲထွက်လာရတာနဲ့ သီးသန့်စီ ခွဲနေလိုက်ကြတာပဲ”

သူက ရယ်သည်။ “အဲဒီစုန်းမက ကလေးကိုတောင် နှစ်ပိုင်းဖြတ်ချင်ခဲ့တာလေ ဟားဟား ... ကံကောင်းလို့ ယိုမင် အမှားလုပ်မိတာနဲ့ အပြစ်ပေးခံလိုက်ရလို့ပေါ့... နို့မိုဆို သူ တကယ် နှစ်ခြမ်းပြတ်နေမှာ”

ချင်မူမှာ သိသိသာသာ ဇဝေဇဝါ ဖြစ်သွားတော့သည်။ ကလေးကို နှစ်ခြမ်းပိုင်းချင်သော မိဘဟူ၍ ရှိပါသည်လော။

“နောက်ပိုင်း အမျိုးသားတွေက ငါ့ပိုက်နက်ထဲ ရောက်လာပြီး အမျိုးသမီးတွေက သူ့အပိုင် ဖြစ်သွားတယ်... အချိန်ကြာလာတာနဲ့အမျှ အဲဒါက မြောက်ဝင်ရိုးစွန်းရဲ့ ဓလေ့တစ်ခု ဖြစ်သွားတော့တာပဲ”

နတ်မင်းရွှမ်းက ပြောသည်။ “အဲ့ဒီစုန်းမ မတောင်းပန်သရွေ့ ငါလည်း မတောင်းပန်ဘူး... ဘယ်လိုပြောပြော အခုလို ခွဲနေတာနဲ့လည်း အသားကျနေပြီ”

လူငယ်များသည် နတ်ဘုရားစီရင်ရာစင်မြင့်ထက်ရှိ သွေးရောင်လေဓားသွားဖြင့် ဓားသိုင်းကျင့်နေကြ၏။ ကျင့်ကြံနေကြသည်။ သူတို့က ဓားချက်များ ပိုသွက်လာစေရန် မာယာများသော နတ်ဘုရားစီရင်ရာဓားမ၏ ဓားမရောင်ဖြင့် ရှောင်တစ်ဖန်၊ တိမ်းတစ်ဖန် ရင်ဆိုင်တိုက်ခိုက်နေကြလေသည်။ ‌

သူတို့ကျင့်ကြံနေသည့် နတ်ဓားတို့က ဓားစက်လုံး မဟုတ်ကြချေ။ ကောင်းကင်နတ်မြစ် ဓားအရှိန်အဝါ ထည့်ထားသော ဘူးသီးခြောက်များ လွယ်ထားကြခြင်း ဖြစ်သည်။ ဘူသီးခြောက်များ ပွင့်လာလျှင် အဆက်မပြတ် ပြောင်းလဲနေသည့် ဓားအရှိန်အဝါက အဟုန်ပြင်းပြင်း စီးဆင်းနေသော ကောင်းကင်နတ်မြစ်သဖွယ် ပျံထွက်လာတတ်သည်။ ထိုဓားအရှိန်အဝါကို ဝင်္ကပါသိုင်းကွက်များနှင့် တိရီယွဲ့၏ အရပ်ခြောက်မျက်နှာကျမ်းစာနှင့် ပေါင်းစပ်လိုက်သည့်အခါ ကြီးမားလှသည့် မှော်စွမ်းအင်ကြောင့် အတိုင်းထက်အလွန် အားကောင်းပြင်းထန်လာတော့သည်။

ချင်မူမှာ နတ်ဘုရားစီရင်ရာစင်မြင့်ဘေးမှ ရပ်ကြည့်နေမိသည်။

ဘူးသီးခြောက်ကို ဓားအိတ်သဖွယ် အသုံးပြုခြင်းမှာ မြောက်၀င်ရိုးစွန်း၏ ထူးခြားချက်ပင် ဖြစ်သည်။ ဓားချက်များနှင့် ဝင်္ကပါသိုင်းကွက်တို့၏ ပေါင်းစပ်မှုက နတ်မင်းဝူနှင့် နတ်မင်းရွှမ်း၏ ထူးခြားသော မဟာတာအိုနှင့် အံခွင်ဝင်ကျ ဖြစ်နေရာ ချင်မူ့အတွက် အသစ်အဆန်း‌ဖြစ်နေတော့သည်။

နတ်မင်းရွှမ်းက မေးလေသည်။ “ဘယ်လိုထင်လဲ ကောင်းကင်နတ်အရှင်မူ”

ချင်မူ ခေါင်းညိတ်ကာ ဖြေလိုက်သည်။ “မြောက်ဝင်ရိုးစွန်းရဲ့ ဓားတာအိုနဲ့ ပတ်သက်ပြီး ထူးခြားတာတွေ ရှိပါတယ်... ဒါပေမဲ့ ခိုင်ဧကရာဇ်ခေတ်ရဲ့ ဓားကွက်တွေလို ခေတ်နောက်ကျနေပြီ”

“ငါ သဘောတူပါတယ်”

နတ်မင်းရွှမ်းက ပြောသည်။ “ငါတို့က ကောင်းကင်နဲ့ မြေကြီးရဲ့ မဟာတာအိုအပြောင်းအလဲတွေနဲ့ ပတ်သက်လာရင် ချက်ချင်း တန်းသိကြတယ်... ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံရဲ့ ပြုပြင်ပြောင်းလဲမှုက အခြေခံဓားချက်သုံးချက်ကို ဖွင့်လှစ်ပြီး ခိုင်ဧကရာဇ်ခေတ်ဓားတာအိုကို အဆင့်သုံးဆင့် မြင့်တက်သွားစေခဲ့တယ်.... ကော်းကင်နတ်အရှင်မူက အခြေခံဓားချက် နောက်ထပ်နှစ်ချက် ဖွင့်လှစ်ပြီး နောက်နှစ်ဆင့် မြှင့်တင်ပေးတယ်... တလောကပဲ ဓားတာအိုရဲ့အရာက ပိုပြီးနက်ရှိုင်းပြီး ခိုင်မာလာတာ‌ တွေ့ခဲ့ရသေးတာဆိုတော့ တစ်ယောက်ယောက်က အခြေခံဓားချက်နောက်တစ်ချက် ထပ်ဖန်တီးခဲ့တာ ဖြစ်လိမ့်မယ်... ဒါကြောင့် အခုဆိုရင် ဓားတာအိုက ကမ္ဘာခေတ်ဦး မဟာတာအိုတွေနဲ့ ယှဉ်နိုင်နေပြီြီတော့ ငါတို့မြောက်ဝင်ရိုးစွန်းရဲ့ ဓားတာအိုက ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဓားတာအိုနဲ့ ယှဉ်ရင် အားနည်းနေပါပြီ”

ချင်မူက ပြောသည်။ “နှစ်ဆယ်ချက်မြောက် ဓားကွက်ကို ဖွင့်လှစ်‌ပေးခဲ့တာက ခိုင်ဧကရာဇ်ပါ.... သူ့ဓားတာအိုက အင်အားကြီးမားလွန်းတယ်... ကျွန်တော်က သူ့ဓားကွက်တွေ သုံးပြီး အရှေ့နတ်မင်းကို ရိုက်နှက်နိုင်ခဲ့တာလေ... ခိုင်ဧကရာဇ် ပြန်ရောက်လာခဲ့ပြီ”

နတ်မင်းရွှမ်းမှာ ရင်ထဲတွင် တုန်လှုပ်သွားကာ မေး၏။ “သူ ရွှင်ပျော်ပျော်ကျေးရွာမှာ နှစ်နှစ်သောင်း ပုန်းနေပြီးတော့ ကောင်းကင်နတ်ဘုံကို တွန်းလှန်နိုင်မယ့် အင်အား စုဆောင်းပြီးသွားပြီလား”

ချင်မူက ခေါင်းယမ်းကာ အေးစက်စက် ရယ်လိုက်သည်။ “အင်အားစုဆောင်းမိဖို့‌နေနေသာ... ကောင်းကင်နတ်ဘုံလိုတောင် ပျက်စီးနေသေးတယ်... နတ်မင်း ဓားတာအိုကို အဆင့်မြှင့်ချင်ရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ လူတွေလွှတ်လိုက်လို့ ရပါတယ်... ထာဝရငြိမ်းချမ်းရေးအင်ပါယာက ခိုင်ဧကရာဇ်ခေတ်ရဲ့ ပညာရေးစနစ်ကို ဆက်လက်ကျင့်သုံးနေတာဆိုတော့ အဲဒီမှာ မြောက်ဝင်ရိုးစွန်းရဲ့ ဓားပညာရှင်တွေ ကိုယ့်ကိုယ်ကို တိုးတက်အောင် လုပ်လို့ရတယ်”

နတ်မင်းရွှမ်း တွေဝေသွားသည်။ ရုတ်တရက် ရွှမ်နိုင်ငံတော်၏ နတ်ဘုရားများသည် ကောင်းကင်နတ်မြစ် ဓားအရှိန်အဝါတို့အား ရုပ်သိမ်း၍ နတ်ဘုရားစီရင်ရာစင်မြင့်ထက်မှ ခုန်ဆင်းလာကာ ချင်မူ့ထံ လှမ်းကြည့်၏။

လူငယ်တစ်ယောက်က ပြောသည်။ “ကျွန်တော်တို့ကို ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ပညာသင်စေချင်ရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဓားကွက်တွေက ကျွန်တော်တို့ ဓားကွက်တွေထက် ပိုအဆင့်မြင့်တဲ့အကြောင်း ကောင်းကင်နတ်အရှင်မူ သက်သေပြရမယ်”

နတ်မင်းရွှမ်းသည် ပြုံးလျက် ပြော၏။ “ကလေးတွေက ပြိုင်ဆိုင်လိုစိတ် သိပ်ပြင်းထန်ကြတယ်... ဗွေမယူပါနဲ့ ကောင်းကင်နတ်အရှင်”

ချင်မူ ရယ်မောလိုက်ပြီး နတ်ဘုရားစီရင်ရာစင်မြင့်အပေါ် တက်သည်။ နတ်ဘုရားစီရင်ရာဓားမသည် သူ့ဆီ လှမ်းခုတ်သော်လည်း သူ့ဓားကြောင့် နှစ်ခြမ်းကွဲသွား၏။ သို့သော် ဓားက လေအငွေ့အသက်ဖြစ်သည့်အတွက် အလိုအလျောက် ပြန်ဆက်သွားကာ သူ့ထံ ထပ်ခုတ်သည်။

ချင်မူ ဓားထပ်မြှောက်လိုက်သည်နှင့် နတ်ဘုရားစီရင်ရာဓားမမှာ အပိုင်း ၃၃ ပိုင်း ပြတ်တောက်သွားကာ ပြန်မဆက်နိုင်တော့ပေ။

“ကြမ်းလိုက်တဲ့ ဓားကွက်”

စင်မြင့်အောက်ရှိ နတ်ဘုရားများက အားပေးကြွေးကြော်ကြသည်။ “ဒါပေမဲ့ အဲဒါက ခိုင်ဧကရာဇ်ခေတ်ကပဲ... ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ မဆိုင်ဘူး”

ချင်မူသည် ဓားသွားကို ပြန်ရုတ်လိုက်ရာ နတ်ဘုရားစီရင်ရာဓားမက အလိုအလျောက် ပြန်ဆက်သွားပြီး သူ့ဆီ ထပ်ခုတ်၏။ ချင်မူက လက်ချောင်းတစ်ချောင်း ထောင်လိုက်သည့်အခါ သူ့လက်ထဲရှိ ဓားသည် လွန်ဓားချက် ဖြစ်လာကာ ဓားမကို နှစ်ခြမ်းထိုးဖောက်ပစ်လိုက်သည်။

ဓားက အလိုအလျောက် ပြန်ဆက်သွားပြီး ချင်မူက လက်ချောင်းများကို လှည့်လိုက်သည်။ ထိုအခါ ဓားရောင်သည် ဝဲကတော့ဓားချက်များအသွင် ဖွဲ့တည်သွားပြီး နတ်ဘုရားစီရင်ရာဓားမကို အစိတ်စိတ်အမြွှာမြွှာ ပိုင်းဖြတ်လိုက်၏။

နတ်ဘုရားစီရင်ရာဓားမမှာ ခက်ခက်ခဲခဲ ပြန်စုစည်းနေသည့်အချိန် ချင်မူ၏ဓားချက်သည် ကူးခတ်ဓားချက်ပမာ ဖြစ်လာကာ နတ်ဘုရားစီရင်ရာဓားမနှင့်အတူ ကူးခတ်နေ၏။ နတ်ဘုရားစီရင်ဓားမမှာ မည်သို့ပင် လိုက်လံခုတ်စေကာမူ ချင်မူ့အား အနည်းငယ်မျှပင် မထိနိုင်ပေ။

ချင်မူက ဆယ့်ရှစ်ချက်မြောက်ဓားကွက်ကို ထပ်မံပြောင်းလဲလိုက်ရာ နတ်ဘုရားစီရင်ရာဓားမသည် အားအင်မရှိတော့သော ပန်းပွင်များသဖွယ် ဖြစ်လာသည်အထိ ခုတ်ဖြတ်ခံလိုက်ရ၏။

၎င်း ပြန်ဆက်သွားသည့်အချိန်တွင် ချင်မူက ဆယ့်ကိုးချက်မြောက် ဓားကွက်ကို ထုတ်ဖော်ပြီး ဓားတစ်ချက်တည်းဖြင့် သွေးရောင်လေဓားသွားမှာ ပျောက်ကွယ်သွားတော့သည်။

တက္ကသိုလ်၏ နတ်ဘုရားတို့ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲကုန်ကြသည်။ သူတို့က တောင်းပန်တိုးလျှိုူးနေသော အမူအရာများဖြင့် နတ်မင်းရွှမ်းဆီ လှမ်းကြည့်ကြ၏။

နတ်မင်းရွှမ်းမှာ ဆုံးဖြတ်ရခက်နေသည့်အလား တွေဝေတွန့်ဆုတ်နေသည်။

ချင်မူက ဓားပြန်သိမ်းကာ ပြောသည်။ “နတ်မင်းရွှမ်းရဲ့ နတ်ဘုရားစီရင်ရာစင်မြင့်ထဲက ဓားမတာအိုက ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဓားမတာအိုနဲ့ ယှဉ်ရင် အားနည်းလွန်းတယ်... ဒါကို ပြန်သွန်းလုပ်ပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာက ဓားမသိုင်းပညာရှင်တစ်ယောက် ငှားလိုက်ရင်တော့ ကျွန်တော့်အတွက် နတ်ဘုရားစီရင်ရာဓားမကို ဖျက်စီးဖို့ လွယ်ကူမှာ မဟုတ်တော့ဘူး”

နတ်မင်းရွှမ်းသည် အံကြိတ်လျက် ခေါင်းယမ်းနေ၏။ “ငါ မဆုံးဖြတ်တတ်ဘူး... ခိုင်ဧကရာဇ်တုန်းက အဆုံးအဖြတ် မှားခဲ့တယ်.. ထပ်မှားရင် မြောက်ဝင်ရိုးစွန်း ပျက်သုဉ်းရလိမ့်မယ်... မင်းတို့အသက်တွေနဲ့ ငါ လောင်းကြေးမထပ်နိုင်ဘူး... ငါ အဲဒီအမှားမျိုးထပ်မလုပ်ချင်တော့ဘူး”

တက္ကသိုလ်မှ နတ်ဘုရားတစ်ပါးက ဒူးထောက်ကာ တောင်းဆိုသည်။ “လမ်းအမှန်က ဘာမှန်း သိရရင် နောင်တမရဘဲ သေရဲပါတယ်... ကျွန်တော်တို့ ဓားလမ်းကနေ ပြန်မလှည့်နိုင်တော့ဘူး... ရှေ့ဆက်လျှောက်ပြီး အမြင့်ဆုံးကိုပဲ တက်နိုင်ပါတော့တယ်... နတ်မင်း၊ ကျေးဇူးပြုပြီး ကျွန်တော်တို့ဆန္ဒကို ဖြည့်ဆည်းပေးပါ”

နတ်မင်းရွှမ်းမှာ မည်သို့‌ပြောရမည်မှန်း မသိတော့ပေ။

တက္ကသိုလ်၏ ကျန်နတ်ဘုရားများကလည်း ဒူးထောက်ကာ အော်ဟစ်ကြသည်။ “တောင်းဆိုပါတယ် နတ်မင်း”

နတ်မင်းရွှမ်း စိတ်ပိုင်းဖြတ်ပြီး ပြောလိုက်၏။ “မင်းတို့အားလုံး သွားလည်း ရတယ်... ဒါပေမဲ့ မြောက်ဝင်ရိုးစွန်းရဲ့ ဘေးကင်းလုံခြုံမှုအတွက် ငါ မင်းတို့ကို ငါ့မျိုးနွယ်ကနေ ထုတ်ပစ်ရလိမ့်မယ်... မင်းတို့က ငါ့မျိုးဆက်တွေဖြစ်မှာ မဟုတ်တော့ဘူး... မင်းတို့အားလုံး လိုချင်တာ ဒါလား”

တက္ကသိုလ်၏ ဓားနတ်ဘုရားများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ တွန့်ဆုတ်ကုန်ကြသည်။

ချင်မူက ကျောနောက်လက်ပစ်လျက် ရပ်နေသည်။ သူ့လက်ဖဝါး တုန်ရီနေသည်ကို နဂါးချီလင်နှင့် ယန်အာ မြင်နေရ၏။ ချင်မူမှာ နတ်ဘုရားစီရင်ရာဓားမကို လျှော့တွက်မိခဲ့သဖြင့် အခြေခံဓားချက်များဖြင့်သာ ဖျက်စီးခဲ့သည်။ ထို့ကြောင့် သူ့လက်မောင်းကြွက်သားများ ပြတ်တောက်လုနီးပါး နာကျင်နေလေသည်။

ချင်မူသည် မျက်နှာအမူအရာမပျက်ဘဲ အေးအေးလူလူ ပြော၏။ “ခိုင်ဧကရာဇ်က အခု ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ သွားနေတယ်... ခင်ဗျားတို့ အခု အဲဒီကို အမြန်သွားရင် သူနဲ့ တွေ့ရင် တွေ့နိုင်လောက်တယ်”

“ကျွန်တော်တို့ မျိုးနွယ်စုထဲက နှင်ထုတ်ခံရလည်း မမှုပါဘူး” ဓားနတ်ဘုရားအားလုံး တညီတညာတည်း ပြန်ဖြေကြ၏။

________________________________________

All Chapters